ယူရေးနပ်စ်ဂြိုဟ်၏ ဂြိုဟ်ရံလများ

ဝီကီပီးဒီးယား မှ
ယူရေးနပ်စ်နှင့် အကြီးဆုံး ဂြိုဟ်ရံလ ၆ စင်း၊ ဘယ်မှ ညာသို့ - ပတ်ခ် မီရန်ဒါအဲရီယယ်အမ်ဘရီယယ်တိုက်တေနီးယား နှင့် အိုဘရွန်

ယူရေးနပ်စ်ဂြိုဟ်သည် နေအဖွဲ့အစည်း၏ ၇ ခုမြောက်ဂြိုဟ်ဖြစ်ပြီး ဂြိုဟ်ရံလ ၂၇ စင်း တည်ရှိကာ အားလုံးကို ဝီလီယံ ရှိုက်စပီးယားနှင့် အလက်ဇန္ဒားပုဒ်တို့၏ ဇာတ်ကောင်အမည်ဖြင့် အမည်ပေးထားသည်။[၁] ယူရေးနပ်စ်၏ ဂြိုဟ်ရံလများကို ၃ ပိုင်းခွဲထားသည်။ ၁၃ စင်းအား အတွင်းပိုင်း လများ၊ ပင်မ ဂြိုဟ်ရံလ ၅ စင်းနှင့် ပုံမှန်မဟုတ်သော ဂြိုဟ်ရံလ ၉ စင်းတို့ဖြစ်ကြသည်။ အတွင်းပိုင်း ဂြိုဟ်ရံလများသည် နက်မှောင်သော အရောင်အဆင်း၊ သေးငယ်သော အရွယ်အစားများဖြင့် ဂုဏ်အင်လက္ခဏာများ ဆင်တူကြသည်။ ပင်မဂြိုဟ်ရံလ ၅ စင်းမှာ hydrostatic equilibrium အဖြစ်ရောက်ရှိလောက်အောင် ကြီးမားကြပြီး မျက်နှာပြင်၌ မီးတောင်များရှိသည့် လက္ခဏာအား တွေ့ရှိရသည်။[၂] အကြီးဆုံးများထဲမှ တိုက်တေနီးယားသည် အချင်းအားဖြင့် ၁၅၇၈ ကီလိုမီတာရှိပြီး နေအဖွဲ့အစည်းတွင် ၈ ခုမြောက် အကြီးဆုံးဖြစ်ကာ လကမ္ဘာ၏ ၂၀ ပုံ ၁ ပုံရှိသည်။ ပုံမှန်မဟုတ်သော ဂြိုဟ်ရံလများမူကား ယူရေးနပ်စ်နှင့် ဝေးကွာသော ပတ်လမ်းကြောင်း၌ တည်ရှိကြသည်။[၃] ဝီလီယံ ဟာရှယ်က ၁၇၈၇ ခုနှစ်တွင် တိုက်တေနီးယားနှင့် အိုဘရွန်တို့အား ရှာဖွေတွေ့ရှိခဲ့ပြီး William Lassell က ၁၈၅၁ ခုနှစ်တွင် အဲရီယယ်အမ်ဘရီယယ်နှင့် ၁၉၄၈ ခုနှစ်တွင် Gerard Kuiper က မီရန်ဒါတို့အား အသီးသီး ရှာဖွေတွေ့ရှိခဲ့သည်။[၁] ကျန်သော ဂြိုဟ်ရံလများကိုမူ ၁၉၈၅ ခုနှစ်တွင် ဗွိုင်ယေဂျာ ၂ အာကာသယာဉ် သို့မဟုတ် ကမ္ဘာအခြေစိုက် မြေပြင်တယ်လီစကုပ်များ၏ အကူညီဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။[၂][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Planet and Satellite Names and DiscoverersGazetteer of Planetary Nomenclature။ USGS Astrogeology (July 21, 2006)။ 2006-08-06 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ "Voyager 2 in the Uranian System: Imaging Science Results" (4 July 1986). Science 233 (4759): 43–64. doi:10.1126/science.233.4759.43. PMID 17812889. Bibcode1986Sci...233...43S. 
  3. ၃.၀ ၃.၁ "An Ultradeep Survey for Irregular Satellites of Uranus: Limits to Completeness" (2005). The Astronomical Journal 129: 518–525. doi:10.1086/426329. Bibcode2005AJ....129..518S.