ကြာသပတေးဂြိုဟ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Jupiter Astronomical symbol of Jupiter
An image of Jupiter taken by the Hubble Space Telescope
ဟာဘယ် အာကာသ တယ်လီစကုပ်မှ ရိုက်ကူးထားသော ဂျူပီတာဂြိုဟ် ၂၁ ဧပရယ် ၂၀၁၄။
အသံထွက် /ˈpɪtər/ ( )[၁]
ပါဝင်အရာဝတ္ထုများ Jovian
ပတ်လမ်း ဂုဏ်အင်များ[၅]
Epoch J2000
အဝေးဆုံးပတ်လမ်း 5.45492 AU (816.04 Gm)
အနီးဆုံးပတ်လမ်း 4.95029 AU (740.55 Gm)
ဆီမီး မေဂျာ ဝင်ရိုး
5.20260 AU (778.299 Gm)
ပတ်လမ်း ဗဟိုကျမှု 0.048498
ပတ်လမ်း ကာလ
  • 11.8618 yr
  • 4,332.59 d
  • 10,475.8 Jovian solar days[၂]
ပတ်လမ်း ကာလ
398.88 d[၃]
ပျမ်းမျှ ပတ်နှုန်း
13.07 km/s[၃]
ပျမ်းမျှ မူမမှန်မှု
20.020°
ပတ်လမ်း တိမ်းစောင်းမှု
Longitude of ascending node
100.464°
Argument of perihelion
273.867°
သိရသည့် ဂြိုဟ်ရံလများ 67 (as of 2014)
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ
ပျမ်းမျှ အချင်းဝက်
69,911±6 km
အီကွေတာ အချင်းဝက်
  • 71,492±4 km
  • 11.209 Earths
ဝင်ရိုးစွန်း အချင်းဝက်
  • 66,854±10 km
  • 10.517 Earths
ပြားချပ်မှု 0.06487±0.00015
မျက်နှာပြင် ဧရိယာ
  • 6.1419×1010 km2[၆]
  • 121.9 Earths
ထုထည်
  • 1.4313×1015 km3[၃]
  • 1,321 Earths
အရွယ်အစား
  • 1.8986×1027 kg[၃]
  • 317.8 Earths
  • 1/1047 Sun[၇]
ပျမ်းမျှ သိပ်သည်းဆ
1.326 g/cm3[၃]
မျက်နှာပြင် ဒြပ်ဆွဲအား
24.79 m/s2[၃]
2.528 g
လွတ်မြောက်အလျင်
59.5 km/s[၃]
ဘေးဘက် လှည့်ပတ်ကာလ
9.925 h[၈] (9 h 55 m 30 s)
အီကွေတာ လည်ပတ်မှု အလျင်
12.6 km/s
45300 km/h
ဝင်ရိုးတိမ်းစောင်းမှု
3.13° (to orbit)[၃]
မြောက်ဝင်ရိုးစွန်း ညာဘက် နိမ့်ဆင်းမှု
268.057°
17° 52′ 14″
မြောက်ဝင်ရိုးစွန်း တိမ်းစောင်းမှု
64.496°[၉]
Albedo 0.343 (Bond)
0.52 (geom.)[၃]
မျက်နှာပြင် အပူချိန် min mean max
1 bar level 165 K (−108 °C)[၃]
0.1 bar 112 K[၃]
မြင်သာသော အရွယ်အစား
−1.6 to −2.94[၃]
ထောင့်ဖြတ်အချင်း
29.8″ to 50.1″[၃]
လေထု[၃]
မျက်နှာပြင် လေထုဖိအား
20–200 kPa[၁၀] (cloud layer)
အမြင့
27 km
လေထု၌ ဓာတုပါဝင်နှုန်း

ထုထည်အားဖြင့်:

89.8±2.0% ဟိုက်ဒရိုဂျင် (H2)
10.2±2.0% ဟီလီယမ် (He)
≈ 0.3% မီသိန်း (CH4)
≈ 0.026% အမိုးနီးယား (NH3)
≈ 0.003% ဟိုက်ဒရိုဂျင် ဒူတာရိုက် (HD)
0.0006% အီသိန်း (C2H6)
0.0004% ရေ (H2O)

ရေခဲများ:

ကြာသပတေးဂြိုဟ် (အင်္ဂလိပ်: Jupiter)သည် နေမှစတင်ရေတွက်လျှင် ၅ ခုမြောက်ဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် အကြီးဆုံးဂြိုဟ်လည်း ဖြစ်သည်။ ထိုဂြိုဟ်မှာ အလွန်ကြီးမားသည့်အတွက် အခြားဂြိုဟ် ၇ လုံးကို ပေါင်းစပ်ထားသော ဒြပ်ထုထက်ပင် ပို၍ ကြီးမားသေးသည်။ ကြာသပတေးဂြိုဟ်သည် ဓာတ်ငွေ့များဖြင့် ပေါင်းစပ်ထားသော ဓာတ်ငွေ့ အစိုင်အခဲကြီးတစ်ခုဖြစ်သည်။

ထိုဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာ၏ဆွဲငင်အားထက် အဆပေါင်းမြောက်များစွာ ကြီးမားသည်။ ဂြိုဟ်၏ လေထုထဲတွင် ဟီလီယမ်ပါဝင်သော်လည်း ဟိုက်ဒရိုဂျင်ပမာဏ အများဆုံးဖြစ်သည်။ ကြာသပတေးဂြိုဟ်၏ အင်္ဂလိပ်အမည် ဂျူပီတာမှာ ရောမဒဏ္ဍာရီထဲမှ နတ်ဘုရား ဇုစ်နတ်မင်းကြီးကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။[၁၁]

၂၀၀၃ ခုနှစ်အထိ ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလ ၆၂ စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ လ ၁၆ စင်းမှာ ကြီးမားသော လများဖြစ်သည်။အကြီးဆုံးဂြိုဟ်ရံလ ၄ လုံးမှာ လို (Io)၊ ယူရိုပါ (Europa)၊ ဂေနီမိဒ်(Ganymede) နှင့် ကယ်လီစတို(Callisto) တို့ဖြစ်ပြီး ဂယ်လီလီယန်လများ (Galilean moons) ဟုခေါ်သည်။ ထိုလများကို အီတလီလူမျိုး အာကာသပညာရှင် ဂယ်လီလီယို ဂယ်လီလီ(Galileo Galilei)က ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ကြာသပတေးဂြိုဟ်၏ လေထုနှင့် အရွယ်အစားတို့ကြောင့် မြေပြင်ဖိအားမှာ အလွန်ပင်ကြီးမားသည်။ အကယ်၍ အာကာသယာဉ်တစ်စင်းကို ကြာသပတေးဂြိုဟ်သို့ ပို့လွှတ်မည်ဆိုပါက စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်စီးသွားနိုင်သည်။ ထို့အကြောင်းအရာသည် ကြာသပတေးဂြိုဟ်၏ လေထုအောက်တွင် မည်သည့်အရာများရှိသည်ကို အနည်းငယ်သာ သိနိုင်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ ကြာသပတေးဂြိုဟ်တွင် ပါးလွှာသော ခါးပတ်လမ်းကြောင်း(ring) ၃ ခုရှိသည်။


တနင်္ဂနွေဂြိုဟ်ဟု ခေါ်တွင်သော နေမှလွဲလျှင် ကြာသပတေးဂြိုဟ်သည် ဂြိုဟ်များတွင် အကြီးဆုံး ဖြစ်သည်။ ထိုဂြိုဟ်ကို အနောက်တိုင်း နက္ခတ်ဆိုင်ရာတွင် ဂျူပီတာဟု ခေါ်သည်။ ထိုဂြိုဟ်ကြီးသည် ကျွန်ုပ်တို့ကမ္ဘာမှ မိုင်ပေါင်းကုဋေ ၆ဝ ကွာဝေး၍ ထုထည်အားဖြင့် ကမ္ဘာထက် အဆပေါင်း ၁၃ဝဝ ပို၍ ကြီး၏။ သို့ရာတွင် အလေးချိန်အားဖြင့် ၃၁၇ ဆ သာ ပိုသည်။ ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ အချင်းမိုင်ပေါင်း ၈၂၉ဝဝ ရှိ၍၊ အီကွေတာ၌ အချင်းမိုင်ပေါင်း ၈၈၇ဝဝ ရှိသည် ဟု ဆိုသည်။ ဂျူပီတာသည် ဗီးနပ်ခေါ် သောကြာဂြိုဟ်မှ တစ်ပါး အထွန်းလင်းဆုံး ဂြိုဟ်ကြီးဖြစ်၍ တောက်ပသော အရံ ဂြိုဟ်ငယ် ၁၁ လုံး ခြံရံလျက်ရှိသည်။ နေမှ အကွာအဝေး အလိုက် ဂျူပီတာသည် ပဉ္စမမြောက် ဂြိုဟ်ကြီးဖြစ်၍ နေကို ၁၂ နှစ်ခန့်တွင်မှ တစ်ပတ်ပတ်မိအောင် လှည့်လည်ရသည်။ ကြာသပတေးဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်ဖြစ်သော နေမှ မိုင်ပေါင်း ၄၈၃၂ဝဝဝဝဝ ကျော်မျှ ကွာဝေးသည်။ ကမ္ဘာနှင့် နေ၏အကွာအဝေး ၅ ဆကျော်မျှ ဖြစ်သည်။ ထိုဂြိုဟ်သည် မိမိဝင်ရိုးပေါ်တွင် အလိုအလျောက် လှည့်ပတ်နေရာ ၉ နာရီ နှင့် မိနစ် ၅ဝ တွင် တစ်ပတ်ပြည့်သည်။

ကြာသပတေးဂြိုဟ်သည် မြန်မာကျမ်းဂန်များအရ ဂြိုဟ် ကြီး ၉ လုံးတွင် ၅ လုံးမြောက် ဂြိုဟ်ဖြစ်သည်။ ကြယ်ငယ် အရံ ၄ လုံးရှိသော ကြယ်ကြီးဖြစ်၍ အချင်း ၁၇ ယူဇနာ ရှိသည်ဟု ဝေါဟာရလိနတ္ထဒီပနီ (လှေ သင်းအတွင်းဝန်)က ဆိုသည်။ ယင်းကြာသပတေးဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ် ၏ ၅ ရက်မြောက်နေ့ကို ကြာသပတေးနေ့ဟု ခေါ်သည်။ မြန်မာပြက္ခဒိန်ကျမ်းများအရ ကဆုန်တော်သလင်းပြာသိုတပို့တွဲလများတွင် ကြာသပတေးနေ့များမှာ ရက်ရာဇာ ဖြစ်၍ တန်ခူးဝါခေါင်နတ်တော်လများတွင် ပြဿဒါးရက်များ ဖြစ်သည်ဟု မှတ်ယူကြသည်။ မြန်မာတို့သည် ကြာသပတေး ဂြိုဟ်ကို ပညာဂြိုဟ်အဖြစ် မှတ်ယူကြ၍ 'စာသင်ကြာသပတေး၊ စာရေးသောကြာ'ဟူ၍ ကြာသပတေးနေ့တွင် စတင်ကျောင်းအပ်လေ့ ပြုကြသည်။ ကြာသပတေး ဂြိုဟ်နတ်မင်း စီးသော ဂြိုဟ် ကောင်မှာ ကြွက်ဖြစ်၍ 'ကြာသပတေးကြွက်၊ ဆယ့်ကိုးသက်၊ နေချက် ပစ္ဆိမ'၊ ဆိုသော ဂြိုဟ်လင်္ကာအရ ကြာသပတေးဂြိုဟ် သက်မှာ ၁၉ နှစ်ပြီးလျှင်၊ ကြာသပတေး ဂြိုဟ်တည်ရာ အရပ်မှာ အနောက်အရပ်ဖြစ်သည်။ ဗေဒင် ဝေါဟာရအားဖြင့် ကြာသပတေးဂြိုဟ်ကို 'ဂုရု'ဟု ခေါ်မှတ်လေ့ ရှိသည်။ မြန်မာအက္ခရာအားဖြင့် ပ၊ ဖ၊ ဗ၊ ဘ၊ မ ဟူသော ပဝဂ်ဂြိုဟ်အက္ခရာ ၅ လုံးကို ကြာသပတေးနံဟု ခေါ်သည်။ [၁၂]

ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလများ[ပြင်ဆင်ရန်]

ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်ကြီးဟာ ကျနော်တို့ နေအဖွဲ့အစည်းမှာတော့ အရွယ်အစား အကြီးမားဆုံးသော ဂြိုဟ်ကြီးတစ်ခုပင် ဖြစ်ပါတယ်။ ဆွဲငင်အားလည်း အကြီးမားဆုံးဖြစ်ပြီး ဂြိုဟ်ရံလများလည်း အများဆုံးဖြစ်သည်။ ဂြိုဟ်ရံလပေါင်း (၆၇) စင်းရှိသည်။ ထို လများထဲတွင် ကြီးမားသော လမင်း (၁၆) စင်းရှိသည်။ ထိုအထဲမှာမှ အကြီးမားပြီး ထင်ရှားသော ဂြိုဟ်ရံလကြီး (၄) ခုရှိသည်။ ထို လများကို သိပ္ပံပညာရှင် ဂယ်လီလီယို မှ ၁၆၁၀ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး “ဂယ်လီလီယို၏ လများ”ဟု တင်စား ခေါ်ဝေါ်ခဲ့ကြသည်။ ထိုလမင်းကြီး ၄ စင်းမှာ ဂန်မီဒီ၊ ကယ်လီစတို၊ အိုင်အို၊ ယူရိုပါ တိုဖြစ်ကြသည်။

ဂန်မီဒီ(သို့) နေအဖွဲ့အစည်း၏ အကြီးဆုံးသော ဂြိုဟ်ရံလ[ပြင်ဆင်ရန်]

နေအဖွဲ့အစည်းမှာ အကြီးဆုံး လ ကတော့ ဂျူပီတာဂြိုဟ်ရဲ့ဂြိုဟ်ရံလ ဂန်မီဒီ (Ganymede) ပဲဖြစ်ပါတယ်။

အီကွေတာအချင်း ၅၂၆၈ ကီလိုမီတာရှိပြီး မာကျူရီဂြိုဟ် နဲ့ ပလူတိုဂြိုဟ်များထက် ကြီးမားပါတယ်။ ကမ္ဘာဂြိုဟ်ရဲ့‘လ’ ထက် သုံးဆ ပိုကြီးပါတယ်။ နာဆာမှ ပြောပြချက်အရဆိုလျှင် ဂန်မီဒီ ကို ဂျူပီတာဂြိုဟ်ကသာ ဆွဲငင်မထားရင် သူ့ကို ဂြိုဟ်တစ်ခု အနေနဲ့တောင် သတ်မှတ်လို့ ရပါတယ်။

ဂန်မီဒီ အတွင်းပိုင်းကို သံမဏိ ကျောက်သားများဖြင့် ဖွဲ့စည်းထားပြီး သံလိုက်စက်ကွင်းများလည်း ပစ်လွှတ်လျှက် ရှိပါတယ်။ ၎င်းကိုယ်တွင်းပိုင်းကို ကျောက်သားများဖြင့် ထပ်မံဖုံးအုပ်ထားပြီး အပေါ်မှာတော့ ရေခဲနှင့် ကျောက်စောင်များ တည်ရှိပါတယ်။ ဟာဘယ် တယ်လီစကုပ်နှင့် ရိုက်ကူးထားသော ပုံများအရ ဂန်မီဒီ မှာ ပါးလွှာပြီး အောက်ဆီဂျင်ပါသော လေထုတစ်ခု ရှိပါတယ်။ ဒါပေမယ့် သက်ရှိတွေ နေနိုင်လောက်တဲ့အထိတော့ အထောက်အကူ မဖြစ်နိုင်ပါဘူး။

ဂန်မီဒီ ‘လ’ မှာ မြေအနေအထား နှစ်မျိုး ရှိပါတယ်။ လေးဆယ် ရာခိုင်နှုန်း လောက်က မဲနက်သော မြေသားနေရာများ ဖြစ်ပြီး၊ ကျန်မြေနေရာများမှာ သေးငယ်သော ချိုင့်မြောင်းများအဖြစ် တည်ရှိနေပါတယ်။ ဂန်မီဒီ ကို ၁၆၁၀ ခုနှစ် ဇန်နဝါရီလက ဂယ်လီလီယိုမှ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကဲ့သို့ အခြားသော ဂြိုဟ်များမှာ ဂြိုဟ်ရံလရှိကြောင်း ပထမဆုံး တွေ့ရှိခဲ့ခြင်းလဲ ဖြစ်ပါတယ်။

ကယ်လီစတို (သို့) နေအဖွဲ့အစည်း၏ တတိယအကြီးဆုံးဂြိုဟ်ရံလ[ပြင်ဆင်ရန်]

ဂျူပီတာဂြိုဟ်၏ ဒုတိယအကြီးဆုံး ဂြိုဟ်ရံလဖြစ်သော ကယ်လီစတို (Callisto) မှာ နေအဖွဲ့အစည်း၏ တတိယမြောက် အကြီးဆုံး ဂြိုဟ်ရံလလည်း ဖြစ်သည်။ မာကျူရီဂြိုဟ်နှင့် အရွယ်အစား ၉၉% တူညီပါသည်။ သို့သော် သိပ်သည်းဆမှာ မာကျူရီ၏ သုံးပုံ တစ်ပုံသာ ရှိသည်။ အတွင်းပိုင်းမှာ ဂန်မီဒီ ဂြိုဟ်ရံလကဲ့သို့ ကျောက်စိုင်ကျောက်သားများ တည်ရှိပြီး မျက်နှာပြင်မှာ အခြားသော ဂျူပီတာဂြိုဟ်၏ ဂြိုဟ်ရံလများထက် ပိုပြီး မှောင်မိုက်သည်။ မည်သို့ပင်ဆိုစေ၊ ကျနော်တိုကမ္ဘာမှ လမင်းကြီးထက်တော့ နှစ်ဆ ပိုလင်းပါသေးသည်။ ကယ်လီစတိုသည် ဂြိုဟ်သေတစ်ခုလည်း ဖြစ်သည်။ ဂြိုဟ်၏သက်တမ်းမှာ နှစ်ပေါင်း ၄ ဘီလီယံခန့်ရှိပြီ ဖြစ်ပြီး နေအဖွဲ့အစည်းတွင်တော့ သက်တမ်းအရင့်ဆုံး ဂြိုဟ်ရံလ တစ်ခုပင် ဖြစ်ပေတော့သည်။

အိုင်အိုဂြိုဟ်ရံလ[ပြင်ဆင်ရန်]

ဘယ် မှညာသို့ ကြာသပတေး ဂြိုဟ်မှဝေးသော အကွားအဝေး အတိုင်း (အိုင်အို၊ ယူရိုပါ၊ကယ်လီစတို၊ ဂန်မီဒီ)

အိုင်အိုဟာ ဂျူပီတာရဲ့ တတိယမြောက် အကြီးဆုံးလဖြစ်ပြီး နေအဖွဲ့အစည်းမှာတော့ စတုတ္ထမြောက် အကြီးဆုံး ဂြိုဟ်ရံလ ဖြစ်ပါတယ်။ အချင်း ၃၆၄၂ ကီလိုမီတာ (၂၂၆၃ မိုင်) ရှည်လျှားပြီး အခြားဂြိုဟ်ရံလများထက် အတွင်းပိုင်းကျသော (ဂျူပီတာနှင့် ပိုမိုနီးကပ်သော) နေရာမှာ တည်ရှိပါတယ်။

အိုင်အိုမှာ မီးတောင်ရှင်ပေါင်း ၄၀၀ ကျော်ရှိတယ်။ နေအဖွဲ့အစည်းမှာတော့ လှုပ်ရှားတုန်ခါမှု အများဆုံးဂြိုဟ်ရံလ တစ်ခုပါဘဲ။ အချို့သော မီးတောင်များမှ ဆာလဖာ နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ၊ အရည်များဟာ မျက်နှာပြင်မှ ကီလိုမီတာ ၅၀၀ ခန့်အထိ ပန်းထွက်လို့နေပါတယ်။ မီးတောင်များပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တောင်ပူစာပေါင်းကလည်း ၁၀၀ ကျော်လောက် ရှိပါတယ်။ အချို့တောင်များဟာ ကမ္ဘာပေါ်က ဧဝရတ်တောင် ထက်တောင် မြင့်မားကြပါတယ်။ ရေ တို့ ရေခဲတို့ မရှိပါဘူး။ သံရည်ပူများနဲ့ ချော်ရည်များသာ ပြည့်နက်လို့ နေပါတယ်။ ဆာလဖာ၊ ချော်ရည်များ စီးဆင်းခြင်းကြောင့် အိုင်အို ရဲ့ အရောင်ဟာ အဝါ၊ အနီ၊ အဖြူ၊ အနက် နဲ့ အစိမ်းရောင်များ ရောလျှက်နေကာ ဆေးရောင်ခြယ်ထားသလို ဖြစ်နေပါတယ်။ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်များမှာတော့ ဂယ်လီလီယို အာကာသယာဉ်ဟာ အိုင်အို အနီးကို ဖြတ်သန်းလို့ မှတ်တမ်းများ ရယူနိုင်ခဲ့ပါတယ်။

ယူရိုပါဂြိုဟ်ရံလ[ပြင်ဆင်ရန်]

ယူရိုပါ ဂြိုဟ်ရံလသည် ကြာသပတေးဂြိုဟ် (ဂျူပီတာဂြိုဟ်) ၏ စတုတ္ထမြောက်အကြီးဆုံး ဂြိုဟ်ရံလတစ်ခုဖြစ်ပြီး ကမ္ဘာ၏ ဂြိုဟ်ရံလ (လမင်းကြီး) ထက် အနည်းငယ် သေးငယ်ပါသည်။ ကမ္ဘာကဲ့သို့ပင် ယူရိုပါ၏ အတွင်းပိုင်းအနှစ်မှာ သံ၊ နီကယ် များဖြင့် ဖွဲ့စည်းထားပါသည်။ မျက်နှာပြင်တွင် တောင်များရှိပြီး ဆားငံရေပါသော သမုဒ္ဒရာတစ်ခုလည်း ရှိသည်။ ကမ္ဘာနှင့် မတူသည်ကား ထို သမုဒ္ဒရာသည် ယူရိုပါ၏ မျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်နိုင်သည်အထိ နက်ရှိုင်းလွန်းလှသည်။ နေမှလည်း အလွန် ဝေးကွာသောကြောင့် သမုဒ္ဒရာမျက်နှာပြင် အပေါ်ယံ နေရာတော်တော်များများ (တခုလုံးနီးပါး) သည် ရေခဲများအဖြစ် ဖုံးအုပ် တည်ရှိလျှက်ရှိသည်။ ရေခဲပြင်များ၏ အောက်တွင်မူ ရေများ စီးဆင်းလျှက်ရှိပါသည်။ သမုဒ္ဒရာကြီးသည် အနက် (၆၄) မိုင် အထိ ရှိသည်။

ယူရိုပါသည် ဂျူပီတာဂြိုဟ်အား ၃ ရက်ခွဲလျှင် တစ်ကြိမ် လှည့်ပတ်နေသည်။ ကမ္ဘာ၏ လကဲ့သို့ပင် ၎င်း၏ ဝင်ရိုးပေါ်တွင် လှည့်ပတ်နေခြင်း မရှိသည့်အတွက် ဂျူပီတာကို တစ်ဖက်ထဲကသာ မျက်နှာမူထားသည်။ ယူရိုပါသည် စက်ဝိုင်းပုံစံ အတိအကျ မရှိသောကြောင့် ဂျူပီတာနှင့် နီးကပ်ချိန်တွင် ဆွဲအားများကြောင့် ရေစီးဆင်းမှု ပို၍ မြင့်တက်တတ်သည်။ ရေခဲပြင်အောက်ရှိ ရေများ ထိုကဲ့သို့ စီးဆင်းသောအရှိန်ကြောင့် အပေါ်ယံရေခဲပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာတတ်ပါသည်။ ရေခဲပြင်အောက်တွင် ထိုကဲ့သို့ စီးဆင်းနေသော သမုဒ္ဒရာရေကြောင့် ယူရိုပါတွင် အနွေးဓာတ်တစ်ခုကို ဖြစ်ပေါ်စေပါသည်။ ၎င်း အနွေးဓာတ်သည်ပင်လျှင် သမုဒ္ဒရာအတွင်းရှိ သက်ရှိသတ္တဝါများ နေထိုင်နိုင်ရန် လမ်းစပင် ဖြစ်ပါသည်။[၁၃]

သက်ဆိုင်သော ဆောင်းပါးများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Jupiter, entry in the Oxford English Dictionary, prepared by J. A. Simpson and E. S. C. Weiner, vol. 8, second edition, Oxford: Clarendon Press, 1989. ISBN 0-19-861220-6 (vol. 8), ISBN 0-19-861186-2 (set.)
  2. Seligman၊ Courtney။ Rotation Period and Day Length။ August 13, 2009 တွင် ပြန်စစ်ပြီး။
  3. ၃.၀၀ ၃.၀၁ ၃.၀၂ ၃.၀၃ ၃.၀၄ ၃.၀၅ ၃.၀၆ ၃.၀၇ ၃.၀၈ ၃.၀၉ ၃.၁၀ ၃.၁၁ ၃.၁၂ ၃.၁၃ Williams၊ David R. (November 16, 2004)။ Jupiter Fact Sheet။ NASA။ August 8, 2007 တွင် ပြန်စစ်ပြီး။
  4. The MeanPlane (Invariable plane) of the Solar System passing through the barycenter (April 3, 2009)။ April 10, 2009 တွင် ပြန်စစ်ပြီး။ (produced with Solex 10 written by Aldo Vitagliano; see also Invariable plane)
  5. "Numerical expressions for precession formulae and mean elements for the Moon and planets" (February 1994). Astronomy and Astrophysics 282 (2): 663–683. Bibcode1994A&A...282..663S. 
  6. Solar System Exploration: Jupiter: Facts & FiguresNASA (May 7, 2008)။
  7. Astrodynamic Constants။ JPL Solar System Dynamics (February 27, 2009)။ August 8, 2007 တွင် ပြန်စစ်ပြီး။
  8. Seidelmann, P. K. (2001)။ Report of the IAU/IAG Working Group on Cartographic Coordinates and Rotational Elements of the Planets and Satellites: 2000။ HNSKY Planetarium Program။ February 2, 2007 တွင် ပြန်စစ်ပြီး။
  9. "Report of the IAU/IAG Working Group on cartographic coordinates and rotational elements: 2006" (2007). Celestial Mechanics and Dynamical Astronomy 98 (3): 155–180. doi:10.1007/s10569-007-9072-y. Bibcode2007CeMDA..98..155S. 
  10. Anonymous (March 1983). "Probe Nephelometer". Galileo Messenger (6). NASA/JPL. Retrieved on February 12, 2007. 
  11. Stuart Ross Taylor (2001). Solar system evolution: a new perspective : an inquiry into the chemical composition, origin, and evolution of the solar system, 2nd, illus., revised, Cambridge University Press, 208. ISBN 0-521-64130-6 
  12. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  13. Curiosity Science magazine in Myanmar(Issue 002)