ဂြိုဟ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကြည်လင်သော ညအချိန်မှာ မိုးကောင်းကင်ကို မော့ကြည့်လျှင် ရှည်လျားသော နဂါးငွေ့တန်းနှင့်အတူ မှိတ်တုတ်မှိတ်တုတ် ကြယ်မျိုးစုံနှင့် ဥက္ကာပျံများ စသည်ဖြင့် မြင်တွေ့ရမှာ ဖြစ်သည်။ ၄င်းတို့အထဲတွင် သေချာ ကြည့်ပါက မှိတ်တုတ်မှိတ်တုတ် မဟုတ်ပဲ holaကြယ်အဖြစ် ထင်မှတ်မှားနိုင်သော အရာများကို ဂြိုဟ်များ ဟုခေါ်သည်။ ကြယ်များနှင့် ဂြိုဟ်များ၏ ထူးခြားချက်မှာ - ကြယ်များသည် မှိတ်တုတ်မှိတ်တုတ်နှင့် ကိုယ်ပိုင်အလင်းရောင်ရှိကြသော်လည်း၊ ဂြိုဟ်များမှာမူ မှိတ်တုတ်မှိတ်တုတ် မဟုတ်ပဲ နေမှ ရသောအလင်းရောင်ကို တန်ပြန် ထင်ဟပ်ကြသည်။

နေစကြဝဠာနှင့် ဂြိုဟ်များ[ပြင်​ဆင်​ရန်​]

ကျွန်ပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည် ဂြိုဟ်အမျိုးအစားဖြစ်ပြီး၊ တနှစ်တကြီမ်ကျ နေကို လှည့်ပတ်လျက်ရှိသည်။ ကျွန်ပ်တို့ မြင်နေရသော နေသည် ကိုယ်ပိုင်အရောင်ရှိသော ကြယ်အမျိုးအစားပင် ဖြစ်သည်။ ကျွန်ပ်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးနှင့်အတူ နေကို လှည့်ပတ်လျက်ရှိသော ဂြိုဟ်များလည်း ရှိကြသည်။ ၄င်းတို့မှာ -

  1. မာကျူရီဂြိုဟ်(ဗုဒ္ဓဟူးဂြိုလ်)
  2. ဗီးနပ်စ်ဂြိုဟ်(သောကြာဂြိုလ်)
  3. ကမ္ဘာဂြိုဟ်
  4. မားစ်ဂြိုဟ်(အင်္ဂါဂြိုလ်)
  5. ဂျူပီတာဂြိုဟ်(ကြာသာပတေးဂြိုလ်)
  6. စေတန်ဂြိုဟ်(စနေဂြိုလ်)
  7. ယူရေးနပ်စ်ဂြိုဟ်
  8. နက်ပကျွန်းဂြိုဟ်
  9. ပလူတိုဂြိုဟ်

တို့ ဖြစ်ကြသည်။

မှတ်ချက်။ ပလူတိုဂြိုဟ်မှာမူ လွန်ခဲ့သော မကြာသေးသောအချိန်၌ နက္ခဗေဒပညာရှင်များက ဂြိုဟ်များ စာရင်းမှ ထုတ်ပယ်ထားကြောင်း သိရှိရသည်။

ဂြိုဟ်[ပြင်​ဆင်​ရန်​]

စာလုံးပေါင်း အမှန်သည် ဂြိုဟ် ဖြစ်သည်။ မှားတတ်သော အမှား တစ်ခုဖြစ်သည်။