ဦးထင်ကျော်အစိုးရ
ဦးထင်ကျော်အစိုးရ | |
---|---|
အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ | |
အစိုးရအဖွဲ့အကြီးအကဲများ | |
ဖွဲ့စည်းရက်စွဲ | ၃၀ မတ် ၂၀၁၆ |
ဖျက်သိမ်းရက်စွဲ | ၃၀ မတ် ၂၀၁၈ |
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ | |
နိုင်ငံတော်ခေါင်းဆောင် |
|
အစိုးရခေါင်းဆောင် |
|
ဒုတိယ ခေါင်းဆောင် | |
ဝန်ကြီး ဦးရေ | ၂၄ |
အဖွဲ့ဝင် ပါတီ | အန်အယ်ဒီ-တပ်မတော် |
အတိုက်အခံ ပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
သမိုင်း | |
ရွေးကောက်ပွဲ | အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ |
ယခင် | ဦးသိန်းစိန် အစိုးရ |
ဆက်ခံ | ဦးဝင်းမြင့်အစိုးရ |
ဦးထင်ကျော် အစိုးရသည် သမ္မတ ဦးထင်ကျော် ကို အမှူးထား၍ အတိုင်ပင်ခံပုဂ္ဂိုလ်ခေါင်းဆောင်သော အစိုးရအဖွဲ့ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ မှစ၍ ၂၀၁၈ခုနှစ် မတ်လ ၃၀ရက်နေ့ထိ အာဏာရသောအစိုးရ ဖြစ်သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေမှ တစ်ပတ်တာဝန်ယူခဲ့ပြီး သမ္မတအသစ်အဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ကြောင်း ကြေငြာချက်ထုတ်ပြန်ကာ အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့သည်။
ခြုံငုံသုံးသပ်ချက်
အန်အယ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာမည်ဖြစ်သော်လည်း သူ၏ခင်ပွန်းနှင့်သား ၂ ယောက်မှာ ဗြိတိန်နိုင်ငံသား ခံယူထားသောကြောင့် ၂၀၀၈ အခြေခံဥပဒေအရ သမ္မတဖြစ်မလာပေ။
အခြေခံဥပဒေအရ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့မှ ဝန်ကြီးများကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တိုက်ရိုက်ခန့်အပ်သည်။ ကျန် ဝန်ကြီး ၁၅ဦးကို သမ္မတမှ ခန့်အပ်သည်။အများစုမှာ အန်အယ်ဒီမှဖြစ်ကာ ၂ ဦးမှာ ပြည်ခိုင်ဖြိုးနှင့် အချို့မှာ ပြင်ပမှ ဖြစ်သည်။
နိုဝင်ဘာ ၂၄၊ ၂၀၁၇ တွင် ဝန်ကြီးဌာနအသစ် ၂ခုဖြစ်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ကို ဖွဲ့စည်းခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ၂၁ ရက်နေ့တွင် ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေမှ တစ်ပတ်တာဝန်ယူခဲ့ပြီး သမ္မတအသစ်အဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့သည်။၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့ပြင်ဆင်ကြောင်း ကြေငြာချက်ထုတ်ပြန်ကာ အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပါတီ၏ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် အစိုးရအဖွဲ့အတွင်း မြင့်မားသောနေရာရရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုသည်မှာ ဝန်ကြီးချုပ်ပင် ဖြစ်သည်။
အစိုးရအဖွဲ့ ဖွဲ့စည်းမှု
အဖွဲ့ဝင်များမှာ အန်အယ်ဒီပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်၊ မွန်ပါတီနှင့် အန်အယ်ဒီပါတီနှင့် နီးစပ်သူများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရစတင်ဖွဲ့စည်းချိန်၌ အဓိကဝန်ကြီးဌာန ၄ ခု ကိုင်တွယ်ခဲ့သည်။ ၂၀၁၆ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ပညာရေးနှင့် လျှပ်စစ်တို့ကို ဝန်ကြီးအသစ် ၂ ဦးကို လွှဲပေးခဲ့သည်။ ထို့အပြင် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်၏ အသုံးစရိတ်များလျော့ချရန် ဝန်ကြီးဌာနများ ပူးပေါင်းဖွဲ့စည်းကာ ဒုဝန်ကြီးများကို ခန့်အပ်ခြင်းမရှိခဲ့ပေ။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ တွင် စိုက်ပျိုးရေးဒုဝန်ကြီး ဦးထွန်းဝင်းနှင့် ဝန်ကြီးဒေါက်တာအောင်သူတို့အကြား ပဋိပက္ခကြောင့် ဒုဝန်ကြီးနုတ်ထွက်ခဲ့ရသည်။ ၂၀၁၇ ဩဂုတ်လ၂ ရက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့သည်။
၂၀၁၇ နိုဝင်ဘာ ၂၇ တွင် ဝန်ကြီးဌာနအသစ် ၂ ခု ဖြစ်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့၍ ဝန်ကြီးဌာန ၂၄ ခု ရှိလာခဲ့သည်။ နောက်ပိုင်းတွင် ဝန်ကြီးဌာနအသစ်များအပြင် ဒုဝန်ကြီးအမြောက်အမြား ခန့်အပ်ခဲ့၍ လူပြောစရာဖြစ်ခဲ့သည်။[၁]
အစိုးရအဖွဲ့ (၂၀၁၆-၂၀၁၈)
စတင်ဖွဲ့စည်းမှု
စဉ် | ဝန်ကြီးဌာန | ပြည်ထောင်စုဝန်ကြီး |
(၁) | နိုင်ငံခြားရေးဝန်ကြီးဌာန | ဒေါ်အောင်ဆန်းစုကြည် |
(၂) | သမ္မတရုံးဝန်ကြီးဌာန | ဒေါ်အောင်ဆန်းစုကြည် |
(၃) | ပြည်ထဲရေးဝန်ကြီးဌာန | ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ |
(၄) | ကာကွယ်ရေးဝန်ကြီးဌာန | ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း |
(၅) | နယ်စပ်ရေးရာဝန်ကြီးဌာန | ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် |
(၆) | ပြန်ကြားရေးဝန်ကြီးဌာန | ဒေါက်တာဖေမြင့် |
(၇) | သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန | သူရဦးအောင်ကို |
(၈) | စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန | ဒေါက်တာအောင်သူ |
(၉) | ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန | ဦးသန့်စင်မောင် |
(၁၀) | သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန | ဦးအုန်းဝင်း |
(၁၁) | လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန | ဒေါ်အောင်ဆန်းစုကြည် |
(၁၂) | အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန | ဦးသိန်းဆွေ |
(၁၃) | စက်မှုဝန်ကြီးဌာန | ဦးခင်မောင်ချို |
(၁၄) | စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန | ဒေါက်တာသန်းမြင့် |
(၁၅) | ပညာရေးဝန်ကြီးဌာန | ဒေါ်အောင်ဆန်းစုကြည် |
(၁၆) | ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန | ဒေါက်တာမြင့်ထွေး |
(၁၇) | စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | ဦးကျော်ဝင်း |
(၁၈) | ဆောက်လုပ်ရေးဝန်ကြီးဌာန | ဦးဝင်းခိုင် |
(၁၉) | လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန | ဒေါက်တာဝင်းမြတ်အေး |
(၂၀) | ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန | ဦးအုန်းမောင် |
(၂၁) | တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန | နိုင်သက်လွင် |