အမှတ်(၁)ကာကွယ်ရေးပစ္စည်းစက်ရုံ

ဝီကီပီးဒီးယား မှ

အမှတ်(၁)ကာကွယ်ရေးပစ္စည်းစက်ရုံသည် နေပြည်တော် ပြည်ထောင်စုနယ်မြေတပ်ကုန်းမြို့နယ်တွင် တည်ရှိပြီး ဝန်ထမ်းအင်အား (၆၀၀) ကျော်ဖြင့် လည်ပတ်လျှက်ရှိသော စက်ရုံဖြစ်သည်။ ယခင်က ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်ရှိ အင်းလျားလိတ်ဟိုတယ် ဘေးတွင်ရှိသော ကထပနှင့် တဝန်းတည်းတွင် တည်ရှိခဲ့သည့် စက်ရုံဖြစ်သည်။ ကပစ(၁၁)မှ ထုတ်လုပ်သော ရိုင်ဖယ်အမျိုးအစား လက်နက်ငယ်များဖြစ်သည့် “အမ်အေ- ၁အမ်အေ- ၂အမ်အေ- ၃အမ်အေ- ၄” စသည့် လက်နက်များအား အပြီးသတ် တပ်ဆင်ထုတ်လုပ်သော စက်ရုံဖြစ်သည်။