ခင်မြင့်မြင့်

ဝီကီပီးဒီးယား မှ
ခင်မြင့်မြင့်
မွေးဖွား၁၉၄၄
ဒိုက်ဦးမြိုန့ယ်
ကွယ်လွန်၁၉ စက်တင်ဘာ၊ ၂၀၀၉(2009-09-19) (အသက် ၆၄–၆၅)
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်၊ မြန်မာ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌ၊ အလှူရှင်
အိမ်ထောင်ဖက်(များ)မြတ်သင်းအောင်
သားသမီး
ရရှိသည့်ဆုများအဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့ ၊ လူမှုထူးချွန်ဘွဲ့ ပထမဆင့်၊
အာဆီယံဆု

ခင်မြင့်မြင့် (၁၉၄၄-၂၀၀၉) သည် မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင်၊ ကာယအလှမယ်နှင့် အလှူရှင် ဖြစ်သည်။ မြန်မာ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ပဲခူးတိုင်းဒိုက်ဦးမြို့နယ်၌ ၁၉၄၄ ခုနှစ်တွင် မွေးသည်။ အထက်တန်းကို မြို့မကျောင်း (ယခု အထက(၂)ဒဂုံ) တွင် တက်ခဲ့ပြီး လှံတံပစ်၊ သံပြားပစ်၊ သံချောင်းပစ် စသည့် အပစ်အားကစားများတွင် ထူးချွန်သည်။ ၁၉၅၉ ခုနှစ်တွင် မြို့မမယ်ဘွဲ့ ရရှိခဲ့သည်။[၁]

မယ်ဗမာ[ပြင်ဆင်ရန်]

၁၉၆၁ ခုနှစ်တွင် မယ်ဗမာပြိုင်ပွဲသို့ ဝင်ပြိုင်ရာ အနိုင်ရသဖြင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ လောင်းဘိချ်၌ ကျင်းပသော မယ်စကြဝဠာပြိုင်ပွဲသို့ သွားရသည်။ အမေရိကန် မီယာမီမြို့ ကမ္ဘာ့အဆင့် မယ်စကြဝဠာလောင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ [၁]

စီးပွားရေး လှုပ်ရှားမှု[ပြင်ဆင်ရန်]

မယ်ရွေးခံပြီးနောက် စီးပွားရေးလောကသို့ ဝင်ကာ ဆန်စက်နှင့် ဂျပန်မှ ကားသွင်းသည့်အလုပ်ကို လုပ်သည်။ ၁၉၈၈ နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသည့်အခါ စားသောက်ကုန်ဘက် ကူးသည်။ အေအေဆေးဝါးလုပ်ငန်း၏ ဒုနာယကအဖြစ်လည်း လုပ်ကိုင်သည်။

လူမှုရေး လှုပ်ရှားမှု[ပြင်ဆင်ရန်]

မြန်မာအမျိုးသမီးများ ရိုးရာအားကစား အသင်း၊ မြန်မာ ကာယဗလနှင့် ကာယအလှ အဖွဲ့ချုပ်၊ မြန်မာ မသန်စွမ်းသူများ အားကစား အသင်းတို့တွင် ပါဝင်ခဲ့သည်။

မြန်မာ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

အိမ်ထောင်ဖက်မှာ ဦးမြတ်သင်းအောင်ဖြစ်၍ သားသမီး (၆) ဦး ထွန်းကားသည်။

ဘွဲ့များ ဆုတံဆိပ်များ[ပြင်ဆင်ရန်]

ကျပ် သိန်း (၃၀၀၀) ကျော် လှူဒါန်းခဲ့ရာ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့ ၊ လူမှုထူးချွန်ဘွဲ့ ပထမဆင့်[၁] ချီးမြှင့်ခံရသည်။

၂၀၀၈ ခုတွင် ဗီယက်နမ်မှပေးသော အာဆီယံဆု ရခဲ့သည်။ [၂]

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၀၉ ခု၊ စက်တင်ဘာလ ၁၉ ရက်တွင် နှလုံးဖောက်ကာ ကွယ်လွန်သည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မြို့မကျောင်းရာပြည့်သဘင်အကြိုစာစောင်။ ဦးမျိုးသန့်။ နိုဝင်ဘာ ၂၀၁၉။ p. Page 15။
  2. https://iccwbo.org/media-wall/news-speeches/vietnam-chamber-hosts-womens-global-summit/
  3. ငြိမ်းအိအိထွေး (၂၈ စက်တင်ဘာ ၂၀၀၉) "Former 'Miss Burma' Winner Passes Away Archived 21 March 2019 at the Wayback Machine."။ မြန်မာတိုင်းစ်။