လက်ျာ-ဖရီးမင်းစာချုပ်
လက်ျာ-ဖရီးမင်းစာချုပ်သည် အောင်ဆန်း-အက်တလီ စာချုပ်မှ ပူးတွဲဖြစ်ပေါ်လာသော ဩဂုတ်လ ၂၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့တော်၌ ဗြိတိသျှအစိုးရကိုယ်စား ဂျွန်ဒဗလျူဖရီးမင်းနှင့် မြန်မာနိုင်ငံ ယာယီအစိုးရကိုယ်စား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန် ကြီး ဗိုလ်လက်ျာတို့နှစ်ဦး သတောတူချုပ်ဆို၍ လက်မှတ်ရေးထိုးကြသည်။၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဗြိတိသျှ အောက် လွှတ်တော်၌ ဗြိတိသျှနန်းရင်းဝန် ကလီမင့် ရစ်ချတ် အက်တလီသည် မြန်မာ ပြည်အား အာဏာလွှဲပြောင်း ပေးအပ်ရေးကို ဆွေးနွေးရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို ဖိတ်ခေါ်ခဲ့လေသည်။ ထိုဖိတ်ခေါ်ချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့်ဖဆပလအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ကိုယ်စားလှယ်တော်အဖွဲ့ ခေါင်းဆောင်အဖြစ်ဖြင့် လန်ဒန်မြို့တော် သို့သွားရောက်၍ ဗြိတိသျှအစိုးရ နှင့် ဆွေးနွေးခဲ့လေသည်။
ထိုဆွေးနွေးပွဲများအပြီးတွင် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက်နေ့၌ ဗြိတိန်နိုင်ငံဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာ နိုင်ငံဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်တို့ ဆွေးနွေးတိုင်ပင်ရာ မှ ရောက်ရှိခဲ့သော အဆုံးသတ်ချက်များ ပါဝင်သည့် အောင်ဆန်း-အက်တလီ စာချုပ်ကို လန်ဒန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နန်းရင်းဝန် အက်တလီတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုစာချုပ်တွင်ပါဝင်သော အဆုံးသတ်ချက်များအနက်
ကာကွယ်ရေး အဆုံးသတ်ချက်များလည်း ပါဝင်ရကား
ယင်းအဆုံးသတ်ချက်များကို အကောင်အထည်ဖော်ရန်
ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ျာနှင့် ဂျွန် ဒဗလျူဖရီးမင်း
တို့သည် အောက်ပါကာကွယ်ရေးစာချုပ်ကို သဘောတူလက်
မှတ်ရေးထိုး ချုပ်ဆိုကြခြင်းဖြစ်လေသည်။ စာချုပ်၏မူရင်းမှာ
ဤသို့ဖြစ် သည်။
ပူးတွဲစာ[ပြင်ဆင်ရန်]
၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့တော်၌ လက်မှတ်ရေးထိုးသော ကာကွယ်ရေး သဘောတူညီချက်။
အရပ်ရပ်ကိစ္စ[ပြင်ဆင်ရန်]
၁။ မြန်မာနိုင်ငံအစိုးရနှင် ဗြိတိသျှနိုင်ငံအစိုးရတို့ ချုပ်ဆိုသော ဤကာကွယ် ရေးသဘောတူညီချက်ကို နှစ်တိုင်းနှစ်နိုင်ငံတို့ သည် လွတ်လပ်စွာ ချုပ်ဆိုပြီး စီးသည်။ ဤသဘောတူညီ ချက်သည် မြန်မာနိုင်ငံအစိုးရနှင့် ဗြိတိသျှနိုင်ငံ အစိုးရတို့ နောင်အခါတွင် ဖွဲ့နိုင်ကြမည်ဖြစ်သော စစ်မှုမဟာမိတ်ဖြစ်ရေးကို မထိခိုက်ချေ။ ဤသဘောတူညီချက်ကို အာဏာလွှဲပြောင်းရေး စာချုပ်နှင့် ဆက်စပ်ကာ စေ့စပ်ချုပ်ဆိုပြီးဖြစ်သည်။
စာချုပ်ချုပ်ဆိုသူတို့၏ ပြည်ထောင် အချင်းချင်း ဝတ္တရားများနှင့်လည်းကောင်း၊ အငြင်းဖြစ်မှု ဖြေရှင်းရေးနှင့် လည်းကောင်း၊ အလားတူ အမှုကိစ္စများနှင့်လည်းကောင်း စပ်လျဉ်းသော အာဏာလွှဲပြောင်းရေးစာချုပ်ရှိ ပြဋ္ဌာန်းချက်များသည်ထိုစာချုပ်ပါ ပြဋ္ဌာန်း ချက်များနှင့် မဆန့်ကျင်စေဘဲဤသဘောတူညီချက်နှင့် သက်ဆိုင်လိမ့်မည်။
ဗြိတိသျှစစ်တပ်များ ထွက်ခွာရေး[ပြင်ဆင်ရန်]
၂။ ဤသဘောတူညီချက်ရှိ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ဗြိတိသျှ နိုင်ငံအစိုးရသည် ဗြိတိသျှနိုင်ငံအစိုးရ စစ်တပ်များကို မြန်မာနိုင်ငံသို့ အာဏာလွှဲပြောင်းပေးပြီးသည်နှင့် တစ်ပြိုင်နက် လျင်မြန်နိုင်သမျှလျင်မြန်စွာမြန်မာနိုင်ငံမှရွှေ့ယူထွက်ခွာစေလိမ့်မည်။ ထိုသို့ အပြီးတိုင် ရွှေ့ယူထွက်ခွာ စေမှုအတွက် လိုအပ်သော စပ်ကြားအချိန်ကာလအပိုင်းအခြားနှင့် စပ်လျဉ်း၍ နှစ်တိုင်း နှစ်နိုင်ငံအစိုးရတို့လည်း သင့်မြတ်အောင် စေ့စပ်စီမံလိမ့်မည်။ ဗြိတိသျှနိုင်ငံအစိုးရ စစ်တပ်များကို မြန်မာနိုင်ငံမှ ရွှေ့ယူထွက်ခွာစေရာ၌ မြန်မာနိုင်ငံအစိုးရသည် ဘုရင်မင်းမြတ်၏ စစ်တပ်များအား တတ်နိုင်သမျှ ကူညီကာကွယ်စောင့်ရှောက် ရန်သဘောတူသည်။
ဗြိတိသျှနိုင်ငံအစိုးရ၏ ငွေကြေးဆိုင်ရာ ခွင့်ပြုချက်များ[ပြင်ဆင်ရန်]
၃။ ဗြိတိသျှနိုင်ငံအစိုးရသည် -
(က) ၁၉၄၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံအတွက် ကုန်ကျ ခဲ့သော ကာကွယ်ရေးစရိတ်များနှင့်
စပ်လျဉ်း၍ ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါရီလ ၂၂ ရက်က
ဘဏ္ဍာရေးနှင့် အခွန်တော်ဌာနသို့ ပေး ပို့သောစာအရ
မြန်မာနိုင်ငံအစိုးရထံမှ တောင်းဆိုအပ်သော ငွေများ
ကို စွန့်လွှတ်ရန် သဘောတူသည်။
(ခ) သဘောတူခဲ့သော အဆင့်အတန်းအထိ မြန်မာနိုင်ငံ
စစ်တပ်များ အား ကနဦး စစ်အသုံးအဆောင်များကိုလွှဲပြောင်း
ပေးသည့်အတွက် စရိတ်များကို မတောင်းမဆိုရန် သဘော
တူသည်။
(ဂ) သဘောတူခဲ့သော အဆင့်အတန်းအထိ မြန်မာနိုင်ငံ
စစ်တပ်များ အား ကနဦး အထောက်အပံ့ အရံပစ္စည်းများကို
လွှဲပြောင်းပေးသည့် အတွက် စရိတ်များကို မတောင်းဆိုရန်
သဘောတူသည်။
(ဃ) အာဏာလွှဲပြောင်းပေးသည့်နေ့ရက်တွင် စစ်တပ်များနှင့်
ဘုရင့်လေ တပ်တို့၏ မြန်မာနိုင်ငံ၌ ကျန်ရှိရစ်မည့်
မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို မြန်မာနိုင်ငံအစိုးရအား
အခမဲ့ လွှဲပြောင်းပေးရန် သဘောတူသည်။
သို့ရာတွင် အထက်ပါ (ခ)(ဂ)(ဃ) အပိုဒ်များတွင်
ဖော်ပြခဲ့သော လွှဲပြောင်းပေးသည့်ပစ္စည်းများတွင် ချေးငှားရေး
ဆိုင်ရာ ပစ္စည်းများမပါချေ။
ဗြိတိသျှနိုင်ငံ အမှုထမ်း မစ်ရှင်အဖွဲ့များ[ပြင်ဆင်ရန်]
၄။ မြန်မာနိုင်ငံအစိုးရ၏ ဆန္ဒနှင့်အညီ ဗြိတိသျှနိုင်ငံအစိုးရသည် -
(၁) ရေတပ်၊ ကုန်းတပ်၊ လေတပ်ဆိုင်ရာ မစ်ရှင်အဖွဲ့တစ်ခုကို မြန်မာ နိုင်ငံ၌ထားရှိရန် သဘောတူသည်။
(၂) အပျော်အမှုထမ်းများကို ရရှိပါက ထိုမစ်ရှင်အဖွဲ့တွင်
မြန်မာနိုင်ငံ တပ်ဖွဲ့များအတွက် ပညာသင်ပေးသော
ရာထမ်းမှုထမ်းများနှင့် အခြားရာထမ်းမှုထမ်းများကိုပါ
ဝင်စေရန်သဘောတူသည်။
(၃) မြန်မာနိုင်ငံ တပ်ဖွဲ့များ၏ ရာထမ်းမှုထမ်းများအတွက်
ဗြိတိသျှနိုင်ငံ ရှိ ဘုရင်မင်းမြတ်၏ ဌာနများတွင် စစ်ပညာ
သင်ယူနိုင်သော အခွင့် အရေးများကိုထားရှိရန်သဘောတူသည်။
မစ်ရှင်အဖွဲ့ ဖွဲ့စည်းပုံနှင့် တာဝန်များ၊ စစ်ပညာသင်ပေးသော
ရာထမ်းမှုထမ်းနှင့် အခြားရာထမ်းမှုထမ်းများ ဖွဲ့စည်းပုံနှင့်
တာဝန်များ၊ ဗြိတိသျှနိုင်ငံ ရာထမ်းမှုထမ်းများ၏ ရာထူးအ
လုပ်ဆိုင်ရာ စည်းကမ်းချက် များ၊ ထို့ပြင် စစ်ပညာသင်ယူနိုင်သော အခွင့်အရေး အသေးစိတ်ကိစ္စများ
နှင့်စပ်လျဉ်း၍ နှစ်တိုင်း နှစ်နိုင်ငံအစိုးရတို့သည် တစ်သီးတခြား
စေ့စပ်ပြော ဆိုကြရလိမ့်မည်။
ဤသဘောတူညီချက် ဖြစ်ပေါ်လာအောင် ဖန်တီးကြသောအ ကြောင်းခြင်းရာကိစ္စတို့ကို ချောမောနိုင်စေရန် အထူးစီမံချက် အဖြစ်ဖြင့် ဗြိတိသျှနိုင်ငံအစိုးရသည် အထက်ပါအပိုဒ်ခွဲ ၂ အရ ဆိုထားသည့် စစ်ပညာ သင်ပေးသော ရာထမ်းမှုထမ်း များ မပါဝင်သော မစ်ရှင်အဖွဲ့အတွက် ကုန်ကျ သည့်စရိတ်ကို မတောင်းမဆို စွန့်လွှတ်ရန်အသင့်ဖြစ်သည်။ ထို့ပြင် အာဏာလွှဲပြောင်းပေးပြီးသည့်နောက် သုံးနှစ်ကာလ အပိုင်းအခြားအတွက် ဗြိတိသျှနိုင်ငံရှိ ဘုရင်မင်းမြတ်၏ ဌာနများတွင် စစ်ပညာသင်ယူနိုင်သော အခွင့်အရေးများ ထားရှိသဖြင့် ကုန်ကျသော စရိတ်ကိုလည်းမတောင်းမဆို စွန့်လွှတ်ရန် အသင့်ဖြစ်သည်။ ဗြိတိသျှနိုင်ငံအစိုးရသို့ပေးသွင်း ရန်ရှိသော ငွေများနှင့် ပင်ရှင်များ၊ ဆုငွေများမှတစ်ပါး မြန်မာနိုင်ငံ စစ်တပ်များ၏ အကျိုးငှာ အမှုထမ်းရွက်ကြသော စစ်ပညာသင်ပေးသည့် ရာထမ်းမှုထမ်းနှင့် အခြားရာထမ်းမှုထမ်း များအတွက် ကုန်ကျသောစရိတ်ကို မြန်မာနိုင်ငံအစိုးရ က ကျခံရလိမ့်မည်။
ရေတပ်ဆိုင်ရာ[ပြင်ဆင်ရန်]
၅။ ဗြိတိသျှနိုင်ငံအစိုးရသည် မြန်မာနိုင်ငံအစိုးရအား ဤ
သဘောတူညီချက်ရှိ နောက်ဆက်တွဲ၌ ဖော်ပြထားသော
ရေတပ်ဆိုင်ရာ သင်္ဘောများကို အခမဲ့ လွှဲပြောင်းပေးရန်
သဘောတူသည်။လေကြောင်းဆိုင်ရာ အထောက်အပံ့များ
၆။ ဤသဘောတူညီချက်ရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်
စေဘဲ ဗြိတိသျှ နိုင်ငံအစိုးရသည် -
(က) နှစ်တိုင်းနှစ်နိုင်ငံအစိုးရတို့ သဘောတူညီသော
မင်္ဂလာဒုံလေယာဉ်ပျံ ကွင်း ထားရှိရေးစရိတ်၏ တစ်စိတ်တစ
်ဒေသကို ပေးဝေရန် သဘောတူသည်။ ထိုစရိတ်တွင်
ကျွမ်းကျင်လိမ္မာမှုဆိုင်ရာ ရာထမ်း
မှုထမ်းများအတွက် စရိတ်ပါဝင်သည်။
(ခ) မြန်မာနိုင်ငံအစိုးရအား မိမိကိုယ်တိုင်တာဝန်ယူ၍
ဆောင်ရွက်နိုင်စေ ရန် အချိန်ပေးအပ်သော တစ်နှစ်ထက်မပို
သည့် ကာလအပိုင်းအခြား အတွက် အစိုးရနှစ်ခုတို့
သဘောတူသော သင့်လျော်သည့် အဆင့် အတန်းများနှင့်အညီ
မင်္ဂလာဒုံလေယာဉ်ပျံကွင်းကို ထားရှိနိုင်ရန်နှင့် အသုံးပြုနိုင်ရန
်အလို့ငှာ လိုအပ်သော ကျွမ်းကျင်လိမ္မာမှုဆိုင်ရာ ရာထမ်း
မှုထမ်းများကို ပေးအပ်ရန်သဘောတူသည်။
(ဂ) အစိုးရနှစ်ခုတို့ သဘောတူညီသော အဆင့်အတန်းများနှင့်
အညီ စစ် တွေနှင့် မြိတ်မြို့များတွင် လေယာဉ်ပျံကွင်းများ
ထားရှိနိုင်ရန် ငွေပေါင်း ၄ဝဝဝဝ ထက်မပိုသောငွေကို
နှစ်စဉ်တိုင်း သုံးနှစ်ကာလ အပိုင်းအခြားအတွက်ပေးရန်
သဘောတူသည်။
စစ်ပစ္စည်းထောက်ပံ့ရေး[ပြင်ဆင်ရန်]
၇။ ဤသဘောတူညီချက်ကို ချုပ်ဆိုပြီးစီးသောကြောင့် ထင်ရှား
လာသော နှစ်ပြည်ထောင် ချစ်ခင်ရင်းနှီးမှုကို ထောက်ထားငဲ့ညာ
သောသဘောဖြင့် ဗြိတိသျှနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံ
အစိုးရက စစ်ပစ္စည်းများ ဝယ်ယူ သောအခါတွင် လျော်ကန်သင့်မြတ်သော အခွင့်အရေးများကိုပေးရန် သဘောတူသည်။
မြန်မာနိုင်ငံအစိုးရ ဆောင်ရွက်အပ်သော တာဝန်များ
၈။ မြန်မာနိုင်ငံ အစိုးရသည် -
(က) ဗြိတိသျှနိုင်ငံအစိုးရက လွှတ်သော ရေတပ်၊ ကုန်းတပ်၊
လေတပ် ဆိုင်ရာ မစ်ရှင်အဖွဲ့ကို လက်ခံရန်သဘောတူသည်။
ဗြိတိသျှ အကျိုး တူနိုင်ငံစု အပြင်အပရှိ အစိုးရများထံမှ
စေလွှတ်သော မစ်ရှင်အဖွဲ့ များကို လက်မခံရ။
(ခ) ဘုရင်မင်းမြတ်၏ ရေတပ်နှင့် မြန်မာနိုင်ငံအစိုးရရေတပ်တို့ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမှု ရှိသည်ကို ရှေးရှုငဲ့ညာသောသဘောဖြင့် လည်းကောင်း၊ မိတ်ဆွေနိုင်ငံများနှင့်ဆက်ဆံရာ
တွင် ပြုမူလိုက်နာ အပ်သော စစ်မက်ငြိမ်းချမ်းဆဲ ထုံးစံများနှင့်
လျော်ညီစွာလည်း ကောင်း၊ ဤစာချုပ်ကို ချုပ်ဆိုကြသောနှစ်
တိုင်းနှစ်နိုင်ငံ၏ ရေတပ် ဆိုင်ရာ သဘေ‡ာများတွင်
ရောက်လေရာအရပ်ရှိ ရေတပ်ဆိုင်ရာအာဏာပိုင်အချင်းချင်း
တိုက်ရိုက်ဆက်ဆံ အကြောင်းကြားရုံမျှဖြင့်တစ်ဦး၏ဆိပ်ကမ်းသို့
တစ်ဦးဝင်ရောက်နိုင်သောအခွင့် အရေးရှိရ မည်ဟု
သဘောတူသည်။
(ဂ) ဗြိတိသျှနိုင်ငံ အစိုးရလေတပ်နှင့် မြန်မာနိုင်ငံအစိုးရလေ
တပ်တို့ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမှုကို ရှေ့ရှုငဲ့ညာသော
သဘောဖြင့် လည်းကောင်၊ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံရာ
တွင် ပြုမူလိုက်နာ အပ်သော စစ်မက်ငြိမ်းချမ်းဆဲ ထုံးစံများနှင့်
လျော်ညီစွာလည်း ကောင်း ဤစာချုပ်ကို ချုပ်ဆိုကြသောနှစ်တိုင်း နှစ်နိုင်ငံ၏ စစ်လေယာဉ်ပျံများတွင် လေတပ်ဆိုင်ရာ
အာဏာပိုင်အချင်းချင်းတိုက်ရိုက် ဆက်ဆံအကြောင်းကြားရုံမျှဖြင့်
တစ်ဦး၏နယ်မြေအပေါ်သို့ တစ်ဦး ပျံသန်း သွားလာနိုင်သော
အခွင့်အရေးမျိုး ရှိရမည်ဟု သဘောတူ သည်။ ထို့ပြင်
အချက် ၆ ၌ ပြညွှန်းထားသော သဘောတူချက်များ
လည်း ပါဝင်သည့် အစိုးရနှစ်ခုတို့၏ သဘောတူချက်ဖြင့်
အခါ ကာလအားလျော်စွာ ပြဋ္ဌာန်းသတ်မှတ်အပ်သော
လေယာဉ်ပျံကွင်းတွင် စခန်းချရပ်နားနိုင်သော အခွင့်အရေးများ
ရှိရမည်ဟုလည်း သဘောတူသည်။
(ဃ) မြန်မာနိုင်ငံအစိုးရ၏ သဘောတူမှုဖြင့် မြန်မာနိုင်ငံသို့
အထောက်အပံ့ အကူအညီ ယူဆောင်လာသော ဘုရင်မင်း
မြတ်၏ စစ်တပ်များ အား၊ သို့တည်းမဟုတ် မြန်မာနိုင်ငံအစိုးရ၏ သဘောတူမှုဖြင့်လည်း ကောင်း၊ ဗြိတိသျှအကျိုးတူ
နိုင်ငံစုအဝင်အပါသက်ဆိုင်ရာ နိုင်ငံသို့ အထောက်အပံ့
အကူအညီယူဆောင်လာသော ဘုရင်မင်းမြတ်၏ စစ်တပ်များအား
သင့်မြတ်လျော်ကန်သော ကူညီမှုကိုပေးမည်ဟု သဘောတူသည်။
ထိုတူညီမှုတွင် မြန်မာနိုင်ငံသို့ လေကြောင်း၊
ကုန်းကြောင်း၊ ရေကြောင်းတို့ဖြင့် ချဉ်းကပ်နိုင်သောဝင်ရောက်နိုင်
သော အခွင့်အရေးများပါဝင်သည်။
နောက်ထပ် စေ့စပ်ခြင်းများ[ပြင်ဆင်ရန်]
၉။ ကာကွယ်ရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ အစိုးရအချင်း ချင်း နောက်ထပ် စေ့စပ်ခြင်းမပြုရဟု ဤသဘောတူညီချက ်မတားမြစ်ရ။ သို့ရာ တွင် ထိုစေ့စပ်ချက်များသည် နှစ်ဦးနှစ် ဖက်၏ သဘောတူမှုကို မရရှိလျှင် ဤသဘောတူညီချက်အရ နှစ်ဦးနှစ်ဖက်တို့ ပြုအပ်သော ဝတ်တရားများကို မထိခိုက်စေရ။
ကာလ အပိုင်းအခြား[ပြင်ဆင်ရန်]
၁၀။ ဤသဘောတူညီချက်ရှိ ပြဋ္ဌာန်းချက်များသည် အစကန ဦးတွင် အာဏာ လွှဲပြောင်းပေးပြီးနောက် သုံးနှစ်ခန့် အတည်ဖြစ်နေရမည်။ သုံးနှစ်ကုန်လွန်ပြီးသောအခါ၌မူကား တစ်ဦးဦးက တစ်ဆယ့်နှစ်လ ကြိုတင်အကြောင်း မကြားမခြင်း အတည်ဖြစ်နေရမည်။ ဗိုလ်လက်ျာ ဂျွန် ဒဗလျူဖရီမင်း ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက် ။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)