သန်းကြွယ်၊ ဦး (မြို့မ)

ဝီကီပီးဒီးယား မှ
(မြို့မ-ဦးသန်းကြွယ် မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြို့မ-ဦးသန်းကြွယ်
Burmese Politician Myoma U Than Kywe (1924-1983).jpg
မွေးဖွားသန်းကြွယ်
(1924-12-26)၂၆ ဒီဇင်ဘာ၊ ၁၉၂၄
သုံးခွမြို့ဗြိတိသျှဘားမား
ကွယ်လွန်၂၂ စက်တင်ဘာ၊ ၁၉၈၃(1983-09-22) (အသက် ၅၈)
ရန်ကုန်မြို့
နိုင်ငံလူမျိုးဗမာလူမျိုး
နိုင်ငံသားမြန်မာ
ပညာရေးဝိဇ္ဇာဘွဲ့
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်ဖဆပလ ဗဟိုအမှုဆောင်ကော်မတီဝင်၊ နိုင်ငံရေးသမား၊ နိုင်ငံတော် စီးပွားကုန်သွယ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဥက္ကဋ္ဌ
ကျော်ကြားမှုအရင်းခံမြန်မာ့လွတ်လပ်ရေး အတွက် စွန့်စားကြိုးပမ်းခဲ့သူ၊ မျိုးချစ်ပုဂ္ဂိုလ်
အိမ်ထောင်ဖက်(များ)ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ
သားသမီးဒေါ်ခင်မာကြွယ်၊ ဦးဌေးကြွယ်၊ ဒေါ်မြမြသန်း၊ ဦးမြင့်ကြွယ်
မိဘ(များ)မြေပိုင်ရှင်သူဌေး ဦးစိန်၊ ဒေါ်စိန်ကျော့

မြို့မ-ဦးသန်းကြွယ် (၂၆ ဒီဇင်ဘာ၊ ၁၉၂၄ –၂၂ စက်တင်ဘာ၊ ၁၉၈၃) သည် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာပြည်မကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့သူတစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော အာဇာနည်နေ့ အခမ်းအနားကို စတင်ဦးဆောင်ကျင်းပခဲ့သော ဗကသ၊ တကသ ခေါင်းဆောင်၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးလည်းဖြစ်သည်။ သူသည် တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်သန်းကြွယ်၊ သခင်သန်းကြွယ်၊ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) အမည် ဖြင့်ထင်ရှားသည်။ ၁၉၃၈ ကျောင်းသားသပိတ်၊ ၁၉၄၆ အထွေထွေသပိတ်အပါအဝင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၄၇ ခုနစ်တွင် မူလတန်းပညာ မသင်မနေရ ဥပဒေ နှင့် အခမဲ့ ပညာရေးစနစ်ကို ပညာရေးဝန်ကြီး ဗိုလ်မှူးဖိုးကွန်းနှင့် အတူ စတင် အကောင်အထည် ဖော်ခဲ့သူ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မြေပိုင်ရှင်သူဌေး အဖဦးစိန်၊ အမိ ဒေါ်စိန်ကျော့ တို့မှ ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့ သုံးခွမြို့ရန်ကုန်တိုင်း တွင် မြို့မ-ဦးသန်းကြွယ်ကို မွေးဖွားခဲ့သည်။ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်သည်။ မွေးချင်းမောင်နှမ ၇ ဦး (ဦးမောင်မောင်၊ သခင် သိန်းထွန်း (ဗိုလ်သိန်းထွန်း)၊ ဒေါ်ညွန့်ခင်၊ မြို့မ-ဦးသန်းကြွယ်၊ ဦးမျိုးမြင့်၊ ဦးမျိုးသန့် နှင့် ဦးတင်ထွဋ်) တို့တွင် မြို့မ-ဦးသန်းကြွယ် သည် စတုတ္ထ ဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဝံသာနု အမျိုးသားရေးခေတ်တွင် ငွေအားလူအားဖြင့် ပါဝင်ခဲ့သော ရွှေတိဂုံဘုရား အရှေ့ဘက် စောင်းတန်း အလှူရှင်သူဌေးကြီး ဦးဘကျော်၊ ဦးဘရှင်၊ ရုပ်ရှင်မင်းသား (ဦး)ဘမြင့်၊ ဒေါ်သန်းခင်၊ ဒေါ်သန်းရင်တို့၏တူဖြစ်သည်။ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့သည်။

နိုင်ငံရေးလုပ်ဆောင်ခြင်း[ပြင်ဆင်ရန်]

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုခေတ် ၁၉၄၆ မှ ၁၉၄၈တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယဥက္ကဋ္ဌ၊ မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ နှင့် ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။[၁] တက္ကသိုလ်ကျောင်းသား သံမဏိတပ်နှင့် မြို့မရဲခေါင်တပ်ဖွဲ့တွင် ခေါင်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ) ဥက္ကဋ္ဌ ဦးဗဟိန်း နှင့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အတွင်းရေးမှူး ဦးဗဆွေဦးကျော်ငြိမ်းဗိုလ်အောင်ကျော် စသော ကျောင်းသားခေါင်းဆောင်များနှင့်အတူ ၁၃၀၀ ပြည့် အရေးတော်ပုံ (၁၉၃၈ - ၃၉) ကျောင်းသားသပိတ်တွင် ပါဝင်လှုပ်ရှားခဲ့သည်။[၂]

ဂျပန်ခေတ် အာရှလူငယ် အစည်းအရုံးကာလ[ပြင်ဆင်ရန်]

မြို့မ-ဦးသန်းကြွယ်၏ နိုင်‌ငံရေးဘဝသည် ဟံသာဝတီခရိုင် သုံးခွမြို့ အာရှလူငယ် အစည်းအရုံး ပြန်ကြားရေးမှူးနှင့်ဥက္ကဋ္ဌတာဝန်‌ကို ရယူခဲ့ချိန် ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ကာလမှ စတင်‌ခဲ့သည်‌။ စာရိတ္တ‌ကောင်းမွန်ပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်၊ ပရဟိတလုပ်ငန်း‌ဆောင်ရွက်လို‌သော စိတ်ဓာတ်‌ တောင့်တင်းခိုင်မာလာ‌အောင် စည်းရုံးလျက် တိုင်းပြည်အတွက် လူ‌တော်လူ‌ကောင်း လုပ်သားကောင်းများပေါ်ထွက်လာ‌စေရန် လုပ်ဆောင်နိုင်ခဲ့သူဖြစ်သည်။ ၁၉၄၂ ခုနှစ် (ဒုတိယကမ္ဘာစစ်အတွင်း) အာရှလူငယ်အစည်းအရုံးဌာနချုပ်ဥက္ကဋ္ဌ ပုဂံ ဦးဘဂျမ်းဦးကျော်မြင့်ကလေးဦးဇော်ဝိတ်သခင်ခင်အောင်သခင်ညီလေး စသောပုဂ္ဂိုလ်များနှင့် အတူလူငယ်များ ဗလငါးတန်ပြည့်ဝရေး၊ စေတနာ့ဝန်ထမ်း၊ လူမှုရေး၊ ပညာရေး လုပ်ငန်းများနှင့် ဖက်ဆစ်ဆန့်ကျင်ရေးလျှို့ဝှက်လုပ်ငန်းများကို အများအပြား လုပ်ဆောင်ခဲ့သည်။

မြို့မ-ဦးသန်းကြွယ် သည် ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ဂျပန်ခေတ်တွင် ရန်ကုန်ခရိုင်နှင့် ဟံသာဝတီခရိုင်တို့ တွင် ဆရာကြီး မင်းသုဝဏ်၊ ပုဂံ ဦးဘဂျမ်း တို့နှင့်အတူ ပညာရေး၊ သမိုင်း၊ မျိုးချစ်စိတ်ဓာတ် နှင့် လွတ်လပ်ရေးကြိုးပမ်းမှု အမျိုးသားရေး စာပေများပို့ချခဲ့သည်။ ကျောင်းအုပ်အဖြစ် ဦးဆောင်တာဝန်ယူခဲ့သည်။ ကျောင်းသားလူငယ်များအား ပညာရေးကိုသာမက မျိုးချစ်စိတ်ဓာတ်၊ ဖက်ဆစ်ဆန့်ကျင်ရေး စိတ်ဓာတ်ကိုပါသွတ်သွင်းပေးလေ့ရှိသည်။ ဂျပန်ခေတ် တွင်တစ်နိုင်ငံလုံးရှိလူငယ်များအား သိုင်းဆရာကြီး ဦးပြည်သိမ်း နှင့် သိုင်းဆရာကြီးဦးချစ်သန်း တို့နှင့်အတူ မြန်မာ့သိုင်းပညာ သင်ကြားပေးခဲ့သည်။ မြို့မ-ဦးသန်းကြွယ်သည် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ လမ်း (၅၀) ရှိ သူ၏၂ ထပ် နေအိမ်နှင့် ခြံဝင်းထဲတွင် လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကျောင်းသားလူငယ်များအား အခမဲ့ပညာသင်ကြားပေးခဲ့သည်။ မိမိကိုယ်ပိုင်ငွေဖြင့် ကျွေးမွေးထောက်ပံ့ခဲ့သည်။ လူတိုင်းအပေါ်စေတနာထားတတ်သူဖြစ်၍ လူအများ၏ချစ်ခင်လေးစားမှုကိုခံရသူဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးသည် ၁၉၄၂ခုနှစ်စတွင် ဂျပန်အင်ပီးရီးယယ် တပ်မတော်ကြီးနှင့်အတူ စစ်သုံးကြောင်း ဖြန့်ကာ ယိုးဒယား မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာခဲ့သည်။ ရေး၊ မြိတ်၊ ထားဝယ်နှင့် မော်လမြိုင်မြို့တို့ကို အပြီးအပိုင်စီးနိုင် သိမ်းနိုင်သည်။ ထိုအချိန်တွင် မြို့မ-ဦးသန်းကြွယ် သည် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး ပြန်ကြားရေးမှူး နှင့် ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော် နိုင်ငံရေးမှူး နှင့်စည်းရုံးရေးမှူးဖြစ်လာခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် နယ်ချဲ့တို့၏ ဖိနှိပ်မှုအမျိုးမျိုးကြားမှ စွန့်စွန့်စားစား လုပ်ကိုင်ခဲ့သည်။ သူ၏ကိုယ်ပိုင်ဂျစ်ကား အမှတ် -/၇၅၅ ကိုတော်လှန်ရေးကာလ လွတ်လပ်ရေးကြိုးပမ်းမှုကာလစစ်ဆင်ရေးများတွင် အသုံးပြုစေခဲ့သည်။ [၃][၄]

တို့ဗမာအစည်းအရုံး[ပြင်ဆင်ရန်]

ဗြိတိသျှ ကိုလိုနီ ဆန့်ကျင်ရေးအသင်းကြီးဖြစ်သည့် တို့ဗမာအစည်းအရုံး သုံးခွမြို့ ဥက္ကဋ္ဌ အစ်ကို ဖြစ်သူ သခင်သိန်းထွန်း(ဗိုလ်သိန်းထွန်း)နှင့် အတူ သခင် သန်းကြွယ်အမည်ဖြင့် တို့ဗမာအစည်းအရုံးအဖွဲ့ဝင်၊ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း အစ်ကို ဖြစ်သူ ဦးမောင်မောင်၊ သခင်သိန်းထွန်း(ဗိုလ်သိန်းထွန်း)၊ ညီဖြစ်သူ ဗိုလ်မျိုးမြင့် နှင့် ဗိုလ်မျိုးသန့် တို့ကလည်း မြို့မ-ဦးသန်းကြွယ် နှင့်အတူ စွန့်စွန့်စားစား ပါဝင်ဆောင်ရွက်ခဲ့၏။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ကို စတင် တော်လှန်ကြကုန်သည်။[၅]

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ[ပြင်ဆင်ရန်]

မြို့မ-ဦးသန်းကြွယ်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ (ဗကသ) ဥက္ကဋ္ဌနှင့် ထင်ရှားသော မြန်မာနိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ မြို့မ-ဦးသန်းကြွယ်သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) တွင် ၁၉၄၂ မှ ၁၉၄၈ အထိ အဖွဲ့ဝင် နှင့် ဗဟိုအမှုဆောင်ကော်မတီဝင် အဖြစ် ဦးဆောင် တာဝန်ယူပါဝင်ခဲ့သည်။ ၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီး (1946 General Strike of Burma) တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကောင်စီ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပါဝင်ခဲ့သည်။

၁၉၄၆ ခုနစ် အထွေထွေ သပိတ်[ပြင်ဆင်ရန်]

၁၉၄၆ ခုနှစ် အထွေထွေ သပိတ်တွင် မြို့မ-ဦးသန်းကြွယ်သည် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံကျောင်းသားထု တစ်ရပ်လုံးအား ဦးဆောင်ပြီး ရန်ကုန်မြို့ ဝန်ကြီးများရုံး အပြင်ဘက်တွင် သာမက ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) အတွင်းဝင်၍ ဦးဆောင်ဆန္ဒပြ ရဲရဲတောက် အရေးဆိုခဲ့သည်။[၆]

ဗိုလ်ချုပ်အောင်ဆန်း က"လမ်းနှစ်ခွ" မိန့်ခွန်းတွင် ချီးကျူးခဲ့သည်[ပြင်ဆင်ရန်]

၁၉၄၇ ခုနစ် ဧပြီလ(၅) ရက် ညနေ ၆ နာရီ ၃၃ မိနစ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က ရေဒီယိုအသံလွှင့်ဌာနမှ သမိုင်းဝင် "လမ်းနှစ်ခွ" မိန့်ခွန်းပြောကြားရာတွင် မြို့မ-ဦးသန်းကြွယ် ဦးဆောင်သော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ကိုထည့်သွင်းချီးကျူးဂုဏ်ပြုပြောဆိုခဲ့သည်။[၇][၈]

မြို့မ-ဦးသန်းကြွယ် ပင်လုံစာချုပ် နှင့် ပင်လုံညီလာခံ[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ ပင်လုံစာချုပ် နှင့် ပင်လုံညီလာခံ

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့မ-ဦးသန်းကြွယ်သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၊ ဆာမောင်ကြီးဗိုလ်မှူးအောင် ဦးအောင်ဇံဝေဦးတင်ထွဋ်(အိုင်စီအက်စ်)ဗိုလ် ခင်မောင်ကလေးသခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်ကိုယ်စားလှယ် [၉]အဖြစ် ပါဝင်ခဲ့သည်။[၁၀] တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး၊သက်ကြီးတက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး၊ တက္ကသိုလ်ကျောင်းသားရေးရာ ဌာနမှူး၊ ရန်ကုန်မြို့တော်ပညာရေးအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး၊လူငယ် နှင့် ကျောင်းသားလူငယ်ရေးရာ ဌာနမှူး၊ [၁၁] မြို့မကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးနှင့်သုံးခွမြို့နယ် အသင်းနာယကကြီး ဖြစ်ခဲ့သည်။

မြို့မ-ဦးသန်းကြွယ် ဦးဆောင်ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနား[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြဒီးဒုတ် ဦးဘချိုဦးရာဇတ်ဦးဘဝင်းမန်းဘခိုင်မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့သည် တိုင်းပြည်၏တာဝန်ကို ထမ်းဆောင်လျက်ရှိနေစဉ် ခေါင်းဆောင်ကြီးများ၏ အောင်မြင်မှုကို မနာလိုဝန်တိုဖြစ်လျက်ရှိကြသော လူမသမာတစ်စု၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။ ထိုအာဇာနည်ပုဂ္ဂိုလ်ကြီးတို့နှင့်အတူ တိုင်းပြည်၏ တာဝန်ဝတ်တရားနှင့် အမှုကိစ္စတို့ကို သစ္စာရှိစွာ ထမ်းရွက်နေသော အတွင်းဝန် ဦးအုန်းမောင်နှင့် ကိုယ်ရံတော် မောင်ထွေးတို့လည်း ကျဆုံးခဲ့ရလေသည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူး ပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်စကွဲယား (ယခု) မဟာဗန္ဓုလ ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် မြို့မ-ဦးသန်းကြွယ်သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းကျော်ကိုဦးဆောင်ပြီး "လူသတ်ဝါဒရှုတ်ချပွဲ" ကို စတင်ဦးဆောင် ကျင်းပခဲ့သည်။[၁၂] ထိုနေ့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနားဖြစ်သည်။ ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့အဖြစ် နှစ်စဉ် အခမ်းအနားကျင်းပကြသည်။

နိုင်ငံ့ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

နိုင်ငံတော် စီးပွားကုန်သွယ်ရေးအဖွဲ့ချုပ် (စပကသ) ဌာနချုပ် အထွေထွေ အတွင်းရေးမှူးချုပ် (ညွှန်ကြားရေးမှူးချုပ်) နှင့် ဥက္ကဋ္ဌ ( ပြည်ထောင်စုဝန်ကြီး) အဖြစ် ၁၉၄၈ခုနှစ် မှ ၁၉၆၃ခုနှစ် အထိ တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ရန်ကုန်မြို့တော် မြူနီစီပယ်လူကြီး နှင့် ရန်ကုန်မြို့တော် မြူနီစီပယ်အုပ်ချုပ်ရေးကောင်စီ Rangoon Municipal Committee ဌာနမှူး၊၊ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအစည်းအရုံး (ဗတလစ) ဌာနချုပ်၊ ရန်ကုန်ခရိုင် နှင့် ဟံသာဝတီခရိုင်တို့ တွင် ဦးစီး ဦးဆောင်ခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်The Anti-Fascist People's Freedom League (ဖဆပလ) တွင် ၁၉၄၂ခုနှစ် မှ ၁၉၄၈ ခုနှစ်အထိ အဖွဲ့ဝင်၊ ဗဟိုဦးစီး ကော်မတီဝင် နှင့် ဖဆပလဌာနချုပ် ဗဟိုအမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ [၁]နိုင်ငံတော်အစိုးရက ပြည်သူပိုင်သိမ်းခဲ့ရာတွင် မြို့မ-ဦးသန်းကြွယ် ပိုင်ဆိုင်သော လယ်ဧက (၈၀၀) ကျော် ပြည်သူပိုင် အသိမ်းခံခဲ့ရသည်။

အိမ်ထောင်ရေး[ပြင်ဆင်ရန်]

၁၈.ဇူလိုင်လ.၁၉၅၃ ခုနှစ်တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ကရိလမ်း(ဗိုလ်မြတ်ထွန်း လမ်း) နေ ဟင်္သာတမြို့ ဆန်စက်ပိုင်ရှင် ဥက္ကလာဦး စေတီဘုရားတကာ ဦးဘဦး နှင့် ပေါင်းတည်မြို့ ဆန်စက်ပိုင်ရှင် ဒေါ်တင်လှ (ပန်းကန်စက်ဦးသော် ၏ညီမအရင်း) တို့၏သမီးဖြစ်သူ မြို့မကျောင်းသူဟောင်း ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ နှင့် ထိမ်းမြှားလက်ထပ်ခဲ့သည်။ ဒေါ်တင်လှသည် မြန်မာ့သမိုင်းတွင်ထင်ရှားသော ဆင်ဖြူရှင်မင်းနှင့် မြန်မာစစ်သူကြီး မင်းကြီးမဟာသီဟသူရ[၁၃] တို့၏ (၂) ဆက်မြောက် မြေးတော် ဖြစ်သည်။ ဇနီးဖြစ်သူမှာ ဗုဒ္ဓဘာသာကို အထူးကိုင်းရှိုင်း သော အမျိုးသမီးကောင်းတစ်ဦး ဖြစ်သည်။ ချမ်းသာကြွယ်ဝပြီး ဆွေကြီးမျိုးကြီးဖြစ်သော်လည်း မည်သူ့ကိုမျှ မောက်ကြွားဝင့်ဝါခြင်းမရှိ၊ မာန်မာနထားခြင်းမရှိ၊ ခြိုးခြံစွာကျင့်သုံးနေထိုင်၍ လှူသင့်လှူထိုက် ပေးသင့်ပေးထိုက်သူအား ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်သည်။ လူကြီး-လူငယ်မရွေး၊ ဆင်းရဲ-ချမ်းသာမရွေး၊ လူမျိုး-ဘာသာမရွေး လူအားလုံးကို မေတ္တာစိတ်ဖြင့် လှိုက်လှဲပျူငှာစွာ ဆက်ဆံပြောဆိုလေ့ရှိသည်။ အထူးသဖြင့် မြတ်ဗုဒ္ဓ ၏ အဆုံးအမ တရားတော်တို့ကို ပုံပြင်ဝတ္တုများဖြင့် သားသမီးများကိုသာမက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား မကြာခဏ ရှင်းလင်းပြောပြလေ့ရှိသည်။ ဘာသာရေးသာမက မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ များ၊ မျိုးချစ်စိတ်ဓာတ် မြင့်မားရေးဆိုင်ရာများ၊ လူမှုရေးဆက်ဆံရေးဆိုင်ရာ ဝတ္တရားများ၊ မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းနှင့် ကိုယ်ကျင့်သီလဆိုင်ရာများ ရှင်းလင်းသင်ပြလေ့ ရှိသည်။ မိုးကုတ်ဝိပဿနာ တရားကို ၁၉၈၀ ပြည့်နှစ် ခန့်မှ ကွယ်လွန်ချိန် ၂၂ စက်တင်ဘာ ၂၀၁၂ ထိ နှစ်ပေါင်း ၃၀ ကျော် ကျင့်ကြံအားထုတ်လျက်သော ဝိပဿနာယောဂီ ဖြစ်သည်။

မြို့မ-ဦးသန်းကြွယ် သည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူဖြစ်သည်။ အလွန်ရိုးသားဖြောင့်မတ်သူအဖြစ် နာမည်ကောင်း ရှိသည်။ ဆဋ္ဌမအကြိမ် သင်္ဂါယနာ ပွဲ အတွက် ကမ္ဘာအေးစေတီနှင့် မဟာပါသဏလိုဏ်ဂူတော်တို့ကို တည်ဆောက် ရာတွင် ဝန်ကြီးချုပ် ဦးနု နှင့်အတူ ဦးဆောင်ပါဝင်ခဲ့ပြီး ( ၃) နှစ် တိတိ အဓိဋ္ဌာန်ဖြင့် အသက်သတ်လွတ်စားခဲ့သည်။ ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်းကို အောင်မြင်စွာ ကျင်းပခဲ့ ရာတွင် ဝန်ကြီးချုပ် ဦးနု နှင့်အတူ ပါဝင် ဦးဆောင် ခဲ့သည်။ ဗိုလ်တစ်ထောင်ဘုရား ပြုပြင်ခဲ့ ရာတွင် ဝန်ကြီးချုပ် ဦးနု နှင့် ဥက္ကဋ္ဌကြီး ဆာဦးသွင်နှင့်အတူ ပါဝင် ဦးဆောင်ခဲ့သည်။ ဦးဗဆွေ ဦးစီး တည်ထား ကိုးကွယ်ခဲ့သော သင်္ဃန်းကျွန်းမြို့နယ်ရှိ ရန်မျိုးအောင်စေတီ တည်ဆောက်ရေး နှင့် ထီးတော်တင်လှူရေးတွင် ဝန်ကြီးချုပ် ဦးဗဆွေ နှင့်အတူ ပါဝင် ဦးဆောင်ခဲ့သည်။

မြို့မ-ဦးသန်းကြွယ် သည် အသက် ၅၉ နှစ် ၁၉၈၃ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ဇနီး ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ နှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။ သားသမီးများမှာ ဒေါ် ခင်မာကြွယ်၊ ဦးဌေးကြွယ်၊ ဒေါ်မြမြသန်း၊ စာရေးဆရာ-မြန်မာ့သမိုင်းပညာရှင် ဦးမြင့်ကြွယ် (မြို့မ-မြင့်ကြွယ်) တို့ ဖြစ်ကြသည်။

ဓာတ်ပုံများ[ပြင်ဆင်ရန်]

အဆိုအမိန့်များ[ပြင်ဆင်ရန်]

  • ဒုတိယကမ္ဘာစစ်အတွင်းတို့ဗမာအစည်းအရုံးဝင် လူငယ်များအား မြို့မ-ဦးသန်းကြွယ် ဟောပြောဆုံးမလေ့ရှိသော သံပေါက် (၁၁) ချက်
  1. မိခင် ဖခင်၊ ကျေးဇူးရှင်၊ မြဲပင်နိစ္စ ချစ်ပါကြ။
  2. နှမရင်းလို၊ ညီအကို၊ ကြည်ညိုရွှင်ပျ ကြင်နာကြ။
  3. အများသူငါ၊ ဆက်ဆံရာ၊ ကိုယ်နှုတ်နှလုံးယဉ်ကျေးကြ။
  4. မယားနှင့်လင်၊ စိတ်ပျော်ရွှင်၊ အစဉ်ထာဝရ ကြည်သာကြ။
  5. မိတ်ဆွေရင်းချာ၊ ပေါင်းသောအခါ၊ သစ္စာဓမ္မ စောင့်ထိန်းကြ။
  6. ဣန္ဒြေ သိက္ခာ၊ စောင့်စည်းပါ၊ လိုရာဆန္ဒ ဆင်ခြင်ကြ။
  7. အားလုံးသတ္တဝါ၊ ကိုယ်ချင်းစာ၊ မေတ္တာဝေငှ၊ သနားကြ။
  8. အတတ်ပညာ၊ သင်ကြားခါ၊ ကျင့်စာရိတ္တ၊ ကောင်းမွန်ကြ။
  9. အများကောင်းရာ၊ သယ်ပိုးကာ၊ မြဲစွာလုံ့လ၊ ပြုပါကြ။
  10. ပြည်သူ့ဥပဒေ၊ အထွေထွေ၊ ရိုသေစွာပ၊ လိုက်နာကြ။
  11. လူမျိုးတွက်တာ၊ ကြုံကြိုက်လာ၊ ညီညာဖျဖျ၊ စွန့်စားကြ။

ဆက်စပ်လေ့လာရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြို့မ-မြင့်ကြွယ် (၁၀-၂-၂၀၁၉). "ထင်ရှားသောမြို့မဟောင်းကြီးများ". မြန်မာတိုင်းမ် MYANMAR TIMES DAILY အတွဲ (၃) (မြို့ပြသမိုင်းကြောင်း). 
  2. မြို့မ-မြင့်ကြွယ် (၁၂-၂-၂၀၂၀). "သမိုင်းဝင်ပင်လုံစာချုပ်နှင့် မြို့မ-ဦးသန်းကြွယ်". မြန်မာတိုင်းမ် MYANMAR TIMES DAILY အတွဲ (၄): စာမျက်နှာ ၁၄၊ ၁၅၊ ၁၆. 
  3. ၁၉၉၅၊ မြို့မ မဂ္ဂဇင်း။ မြို့မ မဂ္ဂဇင်း ၁၉၉၅။ မဂ္ဂဇင်းအတွင်းရေးမှူး ဆရာမဒေါ်ခင်ဆွေ။CS1 maint: numeric names: authors list (link)
  4. ၁၉၉၆၊ မြို့မ မဂ္ဂဇင်း။ မြို့မ မဂ္ဂဇင်း ၁၉၉၆။ မဂ္ဂဇင်းအတွင်းရေးမှူး ဆရာမဒေါ်ခင်ဆွေ။CS1 maint: numeric names: authors list (link)
  5. ၁၉၉၃-၂၀၀၀၊ မြို့မ မဂ္ဂဇင်း။ မြို့မ မဂ္ဂဇင်း ၁၉၉၃-၂၀၀၀။ မဂ္ဂဇင်းအတွင်းရေးမှူး ဆရာမဒေါ်ခင်ဆွေ။CS1 maint: numeric names: authors list (link)
  6. Burma - The Struggle for Independence, 1944-48: From General Strike to Independence, August 31, 1946 to January 4, 1948 v. 2: Documents from Official and Private Sources book ...
  7. လမ်းနှစ်ခွမိန့်ခွန်း
  8. သန်းဝင်းလှိုင် (၁၁ မတ် ၂၀၁၂)။ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများအား စစ်တမ်းထုတ်ကြည့်ခြင်း။ 20 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 November 2016 တွင် ပြန်စစ်ပြီး။
  9. Aung San - Alchetron, The Free Social Encyclopedia
  10. ၂၀၀၂-၂၀၀၃၊ မြို့မ မဂ္ဂဇင်း။ မြို့မ မဂ္ဂဇင်း ၂၀၀၂-၂၀၀၃။ မဂ္ဂဇင်းအတွင်းရေးမှူး ဆရာမဒေါ်ခင်စန်းမြင့်။CS1 maint: numeric names: authors list (link)
  11. သန်းဝင်းလှိုင် (၂၀၁၆၊ ဩဂုတ်လ)။ နှစ် ၃၀ဝ မြန်မာ့နိုင်ငံရေး အဘိဓာန် (တတိယအုပ်)။ စိတ်ကူးချိုချိုစာပေ။ p. စာမျက်နှာ ၃၂၈-၃၂၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  12. Burmese Martyrs’ Day | History and Life
  13. E၊ Harvey G. (2000)။ History of Burma (အင်္ဂလိပ်ဘာသာစကားဖြင့်)။ New Delhi: Asian Educational Services။ p. 257။ ISBN 9788120613652
  14. မြို့မ-မြင့်ကြွယ် (၁၃-၂-၂၀၁၉). "သမိုင်းဝင် ပင်လုံစာချုပ်နှင့် မြို့မ-ဦးသန်းကြွယ်". မြန်မာတိုင်းမ် MYANMAR TIMES DAILY အတွဲ (၃) (သမိုင်းမှတ်တမ်းသတိတရ). 
  15. http://wpedia.goo.ne.jp/enwiki/History_of_Burma
  16. History of Myanmar
  17. Dreab.com
  18. http://wpedia.goo.ne.jp/enwiki/Aung_San
  19. http://www.ask.com/wiki/Myoma_Myint_Kywe
  20. Myanmar : Book Review - Making Enemies: War and State Building in Burma
  21. Myoma U Than Kywe
  22. ၁၉၉၅ ခုနှစ်မြို့မကျောင်း စိန်ရတု အထိမ်းအမှတ်စာအုပ်
  23. ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်စာအုပ်
  24. ခင်နှင်းဦး (၁၉၉၅ ဇူလိုင်လ). "ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနား". စာပေဂျာနယ် အတွဲ၂၊ အမှတ် ၁၁: စာမျက်နှာ ၄၈-၄၉-၅၀. 
  25. ၂၀၀၅ မြို့မ-မြင့်ကြွယ် ရေးသားသော မြန်မာ့ယဉ်ကျေးမှု အထူးမှတ်သားဖွယ်နှင့် လူငယ်ရေးရာ မှတ်စုများ စာအုပ်