ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဗကသများအဖွဲ့ချုပ် မူ(၅)မူ[ပြင်ဆင်ရန်]

ဗကသများအဖွဲ့ချုပ်သည် မူ ၅ မူ ကို ယနေ့အချိန်အထိ ဆက်လက်ကိုင်စွဲ တိုက်ပွဲ ဝင်လျက်ရှိသည်။[ကိုးကားချက်လိုသည်]

(၁) အမျိုးသားရေး

(၂) ဒီမိုကရေစီရေး

(၃) ဒီမိုကရေစီပညာရေး

(၄) ငြိမ်းချမ်းရေး

(၅) ကျောင်းသားထုအခွင့်အရေး

ဗကသများအဖွဲ့ချုပ်၏တံဆိပ်
ဗကသများအဖွဲ့ချုပ်၏တိုက်ပွဲဝင်အောင်လံ ခွပ်ဒေါင်းအလံ

ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၃၆ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဒုတိယတက္ကသိုလ် ကျောင်းသားသပိတ်ကြီးအပြီး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ တကသ သည်ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖြစ်သာ ဖြစ်နေသည့်အတွက် တနိုင်ငံလုံး၏ ကျောင်းသားအဖွဲ့အစည်းကြီးတခု ဖြစ်ပေါ်တည်ရှိလာရေးလိုအပ်ချက်အရ “ဗကသ" ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ၁၉၃၆ ခု-မေလ ရန်ကုန်တွင်ကျင်းပတဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာကျောင်းသားများကွန်ဖရင့် ဆုံးဖြတ်ချက်အရ “ဗကသ" ကို ဖွဲ့စည်း တည်ထောင်လိုက်ခြင်း ဖြစ်သည်။

စတင်တည်ထောင်ခဲ့သည့် ၁၉၃၆-၃၇ ခုနှစ်မှသည် ၁၉၄၉-၅၀ ခုနှစ် အထိ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ABSU (All Burma Students Union) ဟူ၍ အမည်နာမတွင်ခဲ့သော်လည်း ၁၉၅၁-၅၂ ခုနှစ်မှစပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ABFSU (All Burma Federation of Student Unions) ဟူ၍ အမည်နာမပြောင်းလဲခေါ်တွင်ခဲ့သည်။ ၁၉၅၁-၅၂ ကျောင်းသားလောကတွင် အဓိက အုပ်စု ၂ စုမှာ "သန့်ရှင်း" နှင့် "တိုးတက်" တို့ ဖြစ်သည်။

ဦးစီး ခေါင်းဆောင်များ[ပြင်ဆင်ရန်]

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း အပါအဝင် တကသ ခေါင်းဆောင်များက ဦးစီးပြီး တည်ထောင် ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ (စာကြွင်း။ ။တကသ သည် တက္ကသိုလ်တစ်ခုထဲသဘောသက်ရောက်နေသာကြောင့် ဗမာတစ်နိုင်ငံလုံးကိုယ်စားပြုစေရန်)။ ပထမဆုံး ဗကသ ဥက္ကဋ္ဌ အဖြစ် ကိုအောင်ဆန်း (နောင်-သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း) ဖြစ်ခဲ့ပါတယ်။ ကိုအောင်ဆန်းနောက် ပေါ်ပေါက်လာခဲ့တဲ့ ဗကသ ဥက္ကဋ္ဌကတော့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း(နောင်-သခင်ဗဟိန်း) ဖြစ်ပါတယ်။

အရေးတော်ပုံများ[ပြင်ဆင်ရန်]

“တကသ" ကြီးဂုဏ်ရောင်ပြောင်ခဲ့သလို “ဗကသ" ကြီးဟာလဲ ပေါ်ထွန်းလာချိန်ကစပြီး ဂုဏ်ရောင် ပြောင်ခဲ့ပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးအတွင်း အထင်ကရအခန်းက တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ရေနံမြေ သပိတ်တပ်ကြီး ရန်ကုန် အရောက် ချီတက်ရာမှာ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း၊ ကိုဗဆွေတို့ မကွေး အရောက်သွားပြီး ပါဝင် အားဖြည့် ခဲ့ကြပါတယ်။ ဗကသ ဥက္ကဋ္ဌ ကိုဗဟိန်းရဲ့ “မြင်းခွာ တချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေမည်" ဆိုတဲ့ ရဲရဲတောက်မိန့်ခွန်း တပြည်လုံး ပဲ့တင်ရိုက်စေခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနဲ့ ကိုဗဆွေတို့ကို နယ်ချဲ့အစိုးရက ဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုစာအုပ်မှ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ကျောင်းသားလှုပ်ရှားမှု[ပြင်ဆင်ရန်]

ဗိုလ်အောင်ကျော် နှင့် အာဇာနည် ၁၇ ဦး ကျဆုံးခြင်း[ပြင်ဆင်ရန်]

၁၃၀၀ ပြည့် အရေးတော်ပုံကြီးအတွင်း ဗကသ၊ တကသ ဦးစီးတဲ့ ကျောင်းသား သပိတ်ကြီးဟာ အလုပ်သမား သပိတ်ကြီးနဲ့ ဟန်ချက်ညီညီ ပေါင်းစပ်ပြီး နယ်ချဲ့သမားကို ပြတ်ပြတ်သားသား တိုက်ပွဲ ဆင်ခဲ့ပါတယ်။ အရေးတော်ပုံကြီး အတွင်း ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် သွေးမြေကျခဲ့ရသလို မန္တလေးမှာ အာဇာနည် (၁၇) ဦးကျဆုံးရတဲ့အထဲ ကျောင်းသားတွေပါဝင်ခဲ့ပါတယ်။

သံမဏိတပ်[ပြင်ဆင်ရန်]

နယ်ချဲ့ ဆန့်ကျင်ရေး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ၁၉၄၆-၁၉၄၇ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်များအား ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အအုံရှေ့ မြက်ခင်းပြင်တွင် အတူတကွ တွေ့မြင်ရသော သမိုင်းဝင် ဓာတ်ပုံ ဖြစ်သည်။

၁၉၃၈ ဗကသ ရဲ့ ဦးဆောင်မှုအောက်မှာ ဗမာပြည် အနယ်နယ်အရပ်ရပ်ကျောင်းများမှာ ကျောင်းသား “သံမဏိတပ်" များ ပေါ်ပေါက်ခဲ့ပါတယ်။ နောင်ပေါ်ပေါက်လာမယ့် ဗမာ့လွတ်လပ်ရေးတပ်မတော်ဗမာ့ကာကွယ်ရေးတပ်မတော် တွေမှာ ကျောင်းသား သံမဏိ တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြပါတယ်။ ဗကသ က ဦးဆောင်ပြီး တနိုင်ငံလုံးရဲ့ ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး နဲ့ ဗမာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြတဲ့ ဗကသ ခေါင်းဆောင်တွေကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုဗဟိန်းဦးဗဆွေဦးနုမြို့မ-ဦးသန်းကြွယ်သူရိယ ဦး သန်းမောင်ဒေါက်တာသန်းထွန်းအာဏာရှင် လှရွှေလင်းယုန်နီလင်းယုန်မောင်မောင် ၊ ဦးရန်ဝေး ၊ ဒေါက်တာ မောင်မောင်ကျော် ၊ ဦးစိန်လှ စတဲ့ သူတွေ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် မှာ ဗကသ ခေါင်းဆောင် မြို့မ-ကိုသန်းကြွယ် က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်(အိုင်စီအက်စ်)၊ သခင်ဝတင် နဲ့ အခြားတိုင်းရင်းသား ခေါင်းဆောင် တို့နှင့် အတူ ပင်လုံညီလာခံ မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂရဲ့ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့တယ်။

လွတ်လပ်ရေး ရပြီးခေတ်[ပြင်ဆင်ရန်]

လွတ်လပ်ရေးကြေငြာပြီး ခေတ်မှာလည်း ဗကသ ကြီးဟာ တကသ ကြီးနဲ့အတူ ဂုဏ်ပြောင်တဲ့ ကျောင်းသားထု တိုက်ပွဲကြီးပေါင်း များစွာကို ဆင်နွှဲခဲ့ပါတယ်။ ပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ပြီး ပြည်သူလူထု ရဲ့ အကျိုးစီးပွား ဘက်က စဉ်ဆက်မပြတ်ရပ်တည်ခဲ့တဲ့အတွက် အုပ်စိုးသူ အစိုးရအဆက်ဆက်ရဲ့ မုန်းတီးဖိနှိပ်မှု ကိုလည်း ခံခဲ့ရပါတယ်။ ကိုကိုးကျွန်းအထိ အပို့ခံခဲ့ရတဲ့ကျောင်းသားခေါင်းဆောင်တွေ ပေါ်ပေါက်ခဲ့ရပါတယ်။ မရေတွက်နိုင်လောက်အောင် အဖမ်းအဆီးခံခဲ့ကြရပါတယ်။ တချို့ကျောင်းသားခေါင်းဆောင်၊ ဗကသ ခေါင်းဆောင်တွေ တောတွင်းရောက်ကြရပါတယ်။

လွတ်လပ်ရေး ကြေငြာပြီးခေတ် နောက်ပိုင်း ထင်ရှားခဲ့ကြတဲ့ ဗကသ ခေါင်းဆောင်တွေကတော့

အာဏာရှင်အစိုးရ များ နှင့် ဗကသ[ပြင်ဆင်ရန်]

၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရ တက်လာတာကို ဗကသ ကြီးက ဆန့်ကျင်ကန့်ကွက်ခဲ့သလို၊ ၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း တော်လှန်ရေးကောင်စီ အာဏာသိမ်း စစ်အစိုးရကိုလည်း ရှေ့ဆုံးတန်းကနေ ပြတ်ပြတ် သားသား ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်နေဝင်း စစ်အစိုးရက ဗကသ၊ တကသ အပေါ် မကြေနိုင် မချမ်းနိုင် မုန်းတီး ရန်ငြိုးသိုရင်း အပြတ် နှိပ်ကွပ် ပစ်နိုင်ဘို့ အကွက်ချပြင်ဆင်ခဲ့ပါတယ်။

ဆဲဗင်းဇူလိုင်[ပြင်ဆင်ရန်]

ရလဒ်အဖြစ် (၇) ရက် ဇူလိုင်အရေးတော်ပုံကြီး ပေါ်ထွက်လာရပြီး ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်း ခံခဲ့ပါတယ်။ မြို့မကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဗကသ ဝင်ကျောင်းသားတွေ သွေးမြေကျကြရသလို ဗကသ ခေါင်းဆောင် တွေလည်း အဖမ်းအဆီးခံခဲ့ကြရပါတယ်။ တချို့ တောတွင်း ဆင်းသွား ရပါတော့တယ်။ ဗိုလ်ချုပ်ကြီး နေဝင်း စစ်အစိုးရ ဟာ ဗကသ၊ တကသ တို့ရဲ့ တရားဝင် တည်ရှိခွင့် အနေအထားကို လုံးဝ ဖျက်သိမ်းပစ်ခဲ့ပါတယ်။ဒိုင်းကိုယ်စီ ကိုင်ထားသော ရဲများက တန်းစီပိတ်ဆို့ပြီး ကျောင်းသားများကို နံပတ်တုတ်နှင့် ရိုက်သူကရိုက်၊ မျက်ရည်ယိုဗုံးသေနတ် ကိုင်သောရဲများက မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခဲ့ပါတယ်။ ကျောင်းသားတစ်ချို့ ရင်ဘတ်သို့ထိမှန်ခဲ့၍ လဲသူလဲ ကွဲသူကွဲဖြစ်ကုန်ပါတယ်။ ကျောင်းသားများလည်း သွေးရဲရဲ သံရဲရဲဖြစ်လာပါတယ်။စစ်သားများဟာ စစ်မြေပြင်မှ ရန်သူကို ချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များနှင့် မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိ လမ်းမတစလျှောက်ရှိ ကျောင်းသားထုထဲသို့ အလစပ် ပစ်ခတ်ကြပါတယ်။ပစ်ခတ်မည်ဟု မထင်မှတ်ထားသော ကျောင်းသားတော်တော်များများ ဟာမင်သက်လျ်က် နေရာမှာပင် အသက်ပျောက်ခဲ့ရပါတယ်။ကျောင်းသား သမဂ္ဂ အဆောက်အဦး အားဇူလိုင် (၈) ရက် မနက် (၃) နာရီခွဲ (၄) နာရီ ခန့်မှာ ဖောက်ခွဲလိုက်ပါတယ်။ထိုနေ့ည (၇) နာရီအချိန် မြန်မာ့အသံ ရေဒီယို မှ အသံလွှင့်သောအခါ'ဗိုလ်ချုပ်နေဝင်းက ဓါးကို ဓါးခြင်း လှံကိုလှံခြင်းရင်ဆိုင်ရန်သာရှိတော့ကြောင်း ”ထပ်မံ စိန်ခေါ်ခဲ့ပါတယ်။ [၁][၂] ဗိုလ်ချုပ်နေဝင်း ဦးစီးတဲ့ တော်လှန်ရေး ကောင်စီ စစ်အစိုးရ လက်ထက် အတွင်း ကိုကိုးကျွန်း အထိ ပို့ပြီး နှိပ်စက်ခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေထဲမှာ အနယ်နယ် အရပ်ရပ်က ဗကသ ဝင် ကျောင်းသား တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ အမြောက်အများ ပါဝင် ခဲ့ပါတယ်။

သမိုင်းပေးတာဝန်[ပြင်ဆင်ရန်]

ဗကသ ကြီးဟာ အမိဗမာပြည်ကြီး လွတ်လပ်ရေးမရခင်က လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှုတွေထဲ ရှေ့တန်း တနေရာက ပါဝင်ခဲ့သလို လွတ်လပ်ရေးရပြီး နောက်ပိုင်းတလျှောက်လုံးမှာလည်း အမိဗမာပြည်ကြီးရဲ့ ပြည်တွင်းစစ်ရပ်စဲရေးပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘှာ့ငြိမ်းချမ်းရေး၊ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ တရုတ်ဖြူကျူးကျော်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း အရေးကြီး အခန်းကဏ္ဍကနေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

မဆလ စစ်အာဏာရှင် အုပ်စိုးစဉ် ကာလတလျှောက် အခါအခွင့်ရတိုင်း “ဗကသ" ဆိုတဲ့ ဂုဏ်ရောင်ပြောင်တဲ့ အမည်နာမ မကြာမကြာ ထိုးထွက်ရှင်သန်နေခဲ့သလို ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ထွန်းလာရေးမှာတော့ အရေးကြီး အခန်းကဏ္ဍ ကနေ မြင့်မြင့်မားမား ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ ခေတ်အဆက်ဆက် မျိုးဆက်ခွပ်ဒေါင်းများက သမိုင်းအမွေကို ဆက်ခံရယူ သယ်ဆောင်ကြခြင်းနည်း နဲ့ ဆက်လက်ရှင်သန်နေခဲ့တာ ဖြစ်ပါတယ်။

ရှစ်လေးလုံး အတွင်း ဗကသ[ပြင်ဆင်ရန်]

၈၈၈၈ အရေးအခင်း (ရှစ်လေးလုံး) အရေးတော်ပုံမှာ ရန်ကုန်မြို့တွင် ကျောင်းသားများက ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဦးတင်မောင်ဝင်း(ခရမ်း မြို့နယ်မဲ ဆန္ဒနယ် အမှတ် (၂) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြုပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) ၊ ဆေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌဟောင်း ဒေါက်တာ သန်းငြိမ်း(ကျောက်တန်း မြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဥက္ကဋ္ဌ) ၊ ဦးတင်အေး (မြို့မ) နှင့် ဦးရဲထွန်း စသော ကျောင်းသားဟောင်းကြီးများ ၊ မင်းကိုနိုင်ကိုကိုကြီးမိုးသီးဇွန် စသော ဗကသ ကျောင်းသားခေါင်းဆောင်များ ဦးဆောင် ပါဝင်ခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ကာလအတွင်း ၁၉၈၈၊ ဩဂုတ်လ-၂၈ ရက်နေ့မှာ ကျောင်းသား သမဂ္ဂကြီး တည်ရှိခဲ့ဖူးရာ ရန်ကုန်တက္ကသိုလ် မြက်ခင်းပြင် ကွက်လပ်နေရာမှာ “ဗကသ" (ယာယီ) ကို ဂုဏ်ပြောင်ပြောင် ပြန်လည် ဖွဲ့စည်းခဲ့ကြပါတယ်။ အရေးတော်ပုံကြီး အတွင်း ကျောင်းသားထု ထောင်ပေါင်း များစွာရဲ့ ရှေ့မှောက်မှာ တရားဝင် ပြန်လည်ဖွဲ့စည်းခဲ့ကြတဲ့ ဗကသ (ယာယီ) ရဲ့ ဥက္ကဋ္ဌ အဖြစ်ကတော့ “မင်းကိုနိုင်" ဖြစ်ပြီး၊ အထွေထွေ အတွင်းရေးမှူး အဖြစ် “မိုးသီးဇွန်" ဖြစ်ခဲ့ပါတယ်။ ဒု-ဥက္ကဋ္ဌ တွေကတော့ ကိုကိုကြီးနဲ့ အောင်ဒင် တို့ဖြစ်ကြပါတယ်။ ကျောင်းသား ကန့်ကွက်ဆန္ဒပြပွဲများမှာတစ်နိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့ပါတယ်။ သိန်းပေါင်းများစွာသော သံဃာတော်များ၊ ကလေးငယ်များ၊ တက္ကသိုလ်ကျောင်းသားများ၊ အိမ်ရှင်မများနှင့် ဆရာဝန်များမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ ဦးနေဝင်း (ဗိုလ်ချုပ်နေဝင်း)က “နောင်ကို လူစုလူဝေး နဲ့ ဆူဆူပူပူ လုပ်လို့ ရှိရင် တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ခြောက်တာမပါဘူး” “တပ်ကိုသုံးလို့ ရှိရင်တော့ ဆူတဲ့သူတွေ မသက်သာဘူး ဆိုတာ မှတ်ပေတော့” ဟု မြန်မာ့အသံ ရေဒီယို နှင့် တယ်လီဗေးရှင်း မှ အသံထုတ်လွှင့် ညွှန်ကြားခဲ့ရာ ၎င်းသည် စစ်တပ်ကို ဆန္ဒပြသူလူထုထဲသို့ တည့်တည့်ပစ်ရန် အမိန့်ပေးညွှန်ကြားသည့် အဓိပ္ပါယ်ပင် ဖြစ်ပါတယ်။[၃][၁][၄]စစ်တပ်မှလည်း မြန်မာနိုင်ငံတဝှမ်းလုံးရှိ မြို့များမှာ ဆန္ဒပြသူများကို အတားအဆီးမဲ့စွာ ပစ်ခတ်ခဲ့ပါတယ်။အရေးအခင်းသည်နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့' က သွေးချောင်းစီးစေခဲ့သော စစ်တပ်မှ အာဏာသိမ်းယူမှုအပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ ဤအရေးအခင်းအတွင်း စစ်တပ်ကြောင့် စက်တင်ဘာလကုန်မှာ ဆန္ဒပြသူ ၃,၀၀၀ ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ဦးရေ အတိအကျကိုမူ ယခုအချိန်အထိ မသိရပါ။


တရားဝင် ရပ်တည်ဖွဲ့စည်းခွင့် မရသေးတဲ့ “ဗကသ" အဖွဲ့ကြီးဟာ ယခုအချိန်ထိ မြေအောက်တပိုင်း အဖွဲ့အစည်း အဖြစ် လက်ဆင့် ကမ်းသယ်ဆောင်ကြရင်း ဆက်လက်ရှင်သန်တည်ရှိနေခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပအထိ ရောက်ရှိ သွားကြရတဲ့ ကျောင်းသားတွေရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့် ပြည်ပအထိ “ဗကသ" အဖွဲ့ချုပ် ဆိုတဲ့ သမိုင်းဝင် အမည်နာမဟာ ဆက်လက်ရှင်သန်တည်ရှိနေနိုင်ခဲ့ပါတယ်။

အဖွဲ့ချုပ်[ပြင်ဆင်ရန်]

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖြစ် ထင်ရှားခဲ့တဲ့အဖွဲ့အစည်းကြီးကို ၁၉၅၁ နောက်ပိုင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ၁၉၃၆ ခုနှစ်ကတည်းက စတင် ပေါ်ထွန်းခဲ့တဲ့ ဗကသ အဖွဲ့ချုပ်ကြီးဟာ ဗမာပြည်နိုင်ငံရေး လှုပ်ရှားသမိုင်းမှာ အစဉ်တစိုက် အရေးပါခဲ့တဲ့ အဖွဲ့အစည်း ကြီး ဖြစ်သလို လက်ဆင့်ကမ်း သယ်ဆောင်လှုပ်ရှား ခဲ့ကြခြင်းအားဖြင့် အဆက်မပြတ် ဆက်လက် ရှင်သန် နေရင်း ထူးခြားစွာ ရပ်တည် တည်ရှိနေနိုင်ခဲ့တဲ့ သံမဏိအရှည်ဆုံး အဖွဲ့အစည်းကြီးတခု ဖြစ်သည်။

ခေတ်သစ်ဗကသများအဖွဲ့ချုပ်[ပြင်ဆင်ရန်]

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏လက်ရှိဥက္ကဋ္ဌသည် ကိုကျော်ကိုကို ဖြစ်သည်။

လက်ပံတန်းအကြမ်းဖက်မှု[ပြင်ဆင်ရန်]

စတုတ္ထ ကျောင်းသားသပိတ်ကို ၂၀၁၄ခုနှစ်တွင်စတင်သပိတ်မှောက်ခဲ့ပြီး ၂၀၁၅ ဇန်နဝါရီလ တွင် ဒီမိုကရေပညာရေးသပိတ်စစ်ကြောင်း မန္တလေး-ရန်ကုန် ခရီးရှည်ချီတက်ပွဲ ကာ လက်ပံတန်းသို့ ဖေဖေါ်ဝါရီလယ်ပိုင်းလောက်ရောက်ရှိပြီး မတ်၁နေ့ လက်ပံတန်းမှရန်ကုန်သို့ ဆက်လက်ချီတက်ရာ ဦးသိန်းစိန် အစိုးရဘက်မှ လုံထိန်းအင်အားအလွန်အကျွန်သုံးခါ မတ်၁၀ နေ့တွင် အကြမ်းဖက်ခံခဲ့ရသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]