မောင်မောင်ခ (ပါမောက္ခ)
ဒေါက်တာမောင်မောင်ခ | |
---|---|
မွေးဖွား | ၂ နိုဝင်ဘာ ၁၉၁၇ မော်လမြိုင်မြို့ |
ကွယ်လွန် | ၁၅ ဖေဖော်ဝါရီ ၂၀ဝ၅ |
နိုင်ငံလူမျိုး | ဗမာ |
အခြား အမည်များ | ဆရာခ |
မိခင်ကျောင်း | မြို့မကျောင်း ရန်ကုန်တက္ကသိုလ် (B.Sc. ရူပဗေဒ၊ ၁၉၃၉) University of London Imperial College (M.Sc. ရူပဗေဒ၊ ၁၉၄၄) (Ph.D ရူပဗေဒ၊ ၁၉၄၄) (DIC.,၊ ၁၉၄၄) (M Inst P.,၊ ၁၉၄၄) (FR Met S.,၊ ၁၉၄၄) |
အလုပ်အကိုင် | ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် |
ကျော်ကြားမှုအရင်းခံ | ပထမဦးဆုံး မြန်မာနိုင်ငံသား ရူပဗေဒ ပါမောက္ခ၊ အဝေးသင်တက္ကသိုလ်စတင်တည်ထောင်ခဲ့သူ |
အိမ်ထောင်ဖက်(များ) | ဆရာမကြီးဒေါ်ခင်စိုးတင် (ဒေါ်ရူဘီခ) |
သားသမီး | ဒေါက်တာအုပ်စိုးခ၊ ဒေါ်မေမီခ၊ ဒေါ်မေသီခ၊ ဒေါက်တာမြတ်မွန်ခ |
မိဘ(များ) | ဦးရွှေလွင်၊ ဒေါ်စိန် |
ဒေါက်တာမောင်မောင်ခ ကို ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် အဖဦးရွှေလွင်+အမိဒေါ်စိန်တို့မှ မော်လမြိုင်မြို့၌ မွေးဖွားခဲ့သည်။
ပညာရေး
[ပြင်ဆင်ရန်]၁၉၃၄ ခုနှစ် အသက် ၁၇ နှစ်အရွယ်တွင် ရန်ကုန်မြို့၊ မြို့မကျောင်း (အ.ထ.က(၂)ဒဂုံ)မှ[၁] သင်္ချာနှင့်ပါဠိဘာသာဂုဏ်ထူးဖြင့် ၁၀ တန်းအောင်မြင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် B.Sc (Hons;) ဘွဲ့ကို ပထမအဆင့်ဖြင့်အောင်မြင်ခဲ့သည်။ အင်္ဂလန်နိုင်ငံသို့ပညာတော်သင်သွားရောက်ခဲ့သည်။ အင်္ဂလန်နိုင်ငံ၊ Imperial College နှင့် University of London တို့မှ M.Sc., DIC., M Inst P., Ph. D., FR Met S ဘွဲ့များကို ၁၉၄၄ ခုနှစ်တွင် ထူးချွန်စွာအောင်မြင်ပြီး ၁၉၄၅ တွင် မြန်မာပြည်သို့ပြန်လည်ရောက်ရှိခဲ့သည်။
၁၉၄၇ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ ၁၆ နှစ်တိုင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောမြန်မာနိုင်ငံသား ရူပဗေဒပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရင်း သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ သုတေသနတာဝန်များကို ဆောင်ရွက်ခဲ့သူဖြစ်သည်။ ထို့အပြင် ၁၉၆၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် (ယခင် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်) ပါမောက္ခချုပ်အဖြစ် ၁၄ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အဝေးသင်တက္ကသိုလ်စတင်တည်ထောင်ခဲ့သူဖခင်ကြီးအဖြစ် ပညာရေးလောကတွင်ထင်ရှားသည်။ မြန်မာနိုင်ငံ၏သက်တမ်းအရှည်ကြာဆုံး ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်တစ်ဦးဖြစ်သည်။
မိသားစု
[ပြင်ဆင်ရန်]၁၉၄၇ ခုနှစ် ရူပဗေဒပါမောက္ခတာဝန်ထမ်းဆောင်ခဲ့သည့်နှစ်တွင် ဆရာမကြီးဒေါ်ခင်စိုးတင် (ဒေါ်ရူဘီခ) နှင့်ထိမ်းမြှားလက်ထပ်ခဲ့ပြီး သားဒေါက်တာအုပ်စိုးခ၊ သမီးများဖြစ်ကြသော ဒေါ်မေမီခ၊ ဒေါ်မေသီခ၊ ဒေါက်တာမြတ်မွန်ခတို့မွေးဖွားခဲ့သည်။
ဆရာကြီး ဒေါက်တာမောင်မောင်ခ သည် အသက် (၉၀) အရွယ် ၂၀ဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကွယ်လွန်ခဲ့သည်။ [၂] မြန်မာနိုင်ငံတွင်အထင်အရှားဆုံးရူပဗေဒပညာရှင်ဖြစ်သလို မိုးလေဝသပညာရှင်လည်းဖြစ်သည်။