မဟာမုနိဘုရားကြီး
From Wikipedia
MERGE with: မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး) and မဟာမုနိ
မဟာမုနိဘုရားကြီးသည် ယခုအခါ မြန်မာနိုင်ငံတွင် ထင်ရှားကျော်စောလှသော ဘုရားတစ်ဆူဖြစ်ြီး ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် ၈၁ လမ်းနှင့် ထီးလင်းကျောင်းတိုက်၊ အနောက်ဘက်တွင် ၈၄ လမ်းနှင့် ရွှေရေးဆောင်ကျောင်းတိုက်၊ တောင်ဘက်တွင် အသောကရာမကျောင်းတိုက်၊ မြောက်ဘက်တွင် မြင်းဝန်ကျောင်းတိုက်နှင့် အကွက်-၅ဝ တို့ တည်ရှိကြ ပါသည်။
[ပြင်ဆင်ရန်] ဘုရားကြီးသမိုင်း
ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါ မဟာသက္ကရာဇ်(၉၇)ခုနှစ်တွင် စန္ဒသူရိယမင်းသည် ဓညဝတီ ရခိုင်ပြည်တွင် နန်းစံခဲ့၍ နန်းစံ(၂၆)နှစ်မြောက်တွင် မြတ်ဗုဒ္ဓအား ပူဇော်ပင့်လျှောက်သည့်အခါ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သုံးလူထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ဓညဝတီသို့ ြွကလာတော်မူပါသည်။ ထိုဘုရင်စန္ဒသူရိယမင်း၏ လျှောက်ထားတောင်းပန်ချက်အရ ဗုဒ္ဓမြတ်ဘုရား ကိုယ်တော်တိုင် ဥာဏ်တော်(၇)တောင်၊ (၂) မိုက်၊ (၂)သစ်ရှိ မဟာမုနိရုပ်ပွားတော်မြတ်ကို ရင်ငွေ့တော်လှုံ၍ သွန်းပြုဖန်ဆင်းစေတော်မူခဲ့လေသည်။
အမရပူရမြို့တည် ဘိုးတော်ဗဒုံမင်းတရားကြီးသည် အိပ်မက်အရ ရခိုင်ပြည် ဓညဝတီသို့ သားတော် မဟာ ဥပရာဇာသီရီ မဟာဓမ္မာဘိဓဇ သီဟသူရ ဘွဲ့ခံ အိမ်ရှေ့မင်းနှင့် သားတော်စကုမင်း၊ ကာမမင်းတို့ကို သက္ကရာဇ် (၁၄၆-ခု)၊ တန်ဆောင်မုန်း လဆန်း(၄)ရက် (၁၆-၁ဝ-၁၇၈၄) နေ့တွင် အမရပူရမြို့မှ ထွက်ခွာစေပြီး မဟာမုနိ ရုပ်ပွားတော်မြတ်ကို ပင့်ဆောင်စေပါသည်။
၁၄၆-ခု၊ ပြာသိုလပြည့်ကျော် (၁ဝ) ရက်၊ အင်္ဂါနေ့(၄-၁-၁၇၈၅)နေ့တွင် သီရိမဟာဘိဇယသီဟသူရဘွဲ့ခံ သားတော် အိမ်ရှေ့မင်းသည် မဟာမုနိဘုရားကြီးကို ဓညဝတီမြို့မှ စတင် ပင့်ဆောင်သည်။ရေကြောင်း၊ ကြည်းကြောင်း စခန်းပေါင်း(၅၄)ခုနှင့် တောင်ပေါင်း(၁၃၈)လုံးကို ကျော်ခဲ့ပြီး ၁၄၇-ခု၊ ကဆုန် လပြည့်ကျော်(၁၂)ရက်၊ ဗုဒ္ဓဟူးနေ့(၄-၅-၁၇၈၅)တွင် မဟာ မုနိဘုရားကြီး စစ်ကိုင်းဆိပ်ကမ်းသို့ ရောက်ရှိသည်။
၁၄၇-ခု၊ ကဆုန်လပြည့်ကျော်(၁၃)ရက်၊ ကြာသပတေး နေ့(၅-၅-၁၇၈၅)မဟာမုနိဘုရားကြီး အမရပူရ ဆိပ်ကမ်းသို့ ရောက်ရှိသည်။
၁၄၇-ခု၊ ပထမဝါဆိုလဆန်း(၂)ရက်၊ ဗုဒ္ဓဟူးနေ့(၈-၆-၁၇၈၅)မဟာမုနိရုပ်ရှင်တော်အား တက်သေးအရပ် (ယခု ပြာသာဒ်တော်ဆိပ်)သို့ ပင့်ဆောင်တော်မူသည်။
၁၄၇-ခု၊ သီတင်းကျွတ်လ(အောက်တိုဘာ ၁၇၈၅)တွင် ပြာသာဒ်တော်ကြီးပြီး၍ ပလ္လင်တော်တွင် သွင်းထား ပူဇော်ပါသည်။
၁၄၇-ခု၊ တန်ဆောင်မုန်းလဆန်း(၁၅)ရက်၊ ဗုဒ္ဓဟူးနေ့(၁၆-၁-၁၇၈၅)တွင် မျက်နှာတော်ကိုချန်လှပ်၍ ဘိုးတော်မင်းတရားကြီးသည် ရွှေပစွန်ခွန်သင်္ကန်းနှင့် ရွှေမျက်ပါး(၈ ပိဿာ ၆ဝ ကျပ်သား) ကပ်လှူသည်။
၁၅၂-ခု၊ တော်သလင်းလပြည့်ကျော်(၁)ရက်၊ စနေနေ့(၄-၉-၁၇၉ဝ)ရွှေချိန်(၁၄)ပိဿာရှိ နဖူးသင်းကျစ် ဘွဲ့ရစ် လှူဒါန်းတော်မူသည်။
၁၅၃-ခု၊(၁၇၉၁)မြန်မာမင်းလက်ထက် ဘိုးတော်ဘုရား၏ တောင်ဆောင်တော်မိဖုရား ကိုးကွယ်သော ပထမ ရွှေရေးဆောင်ဆရာတော် ဘဒ္ဒန္တသြဘာသဓမ္မသည် မဟာမုနိဘုရားကြီး၏ မျက်နှာသစ်မှုရေတော်ဝတ်ကို စတင်ဆောင် ရွက်ခဲ့ပါသည်။
၁၂၁၄-ခု၊ ဝါဆိုလဆန်း(၁ဝ)ရက်၊ သောကြာနေ့တွင်(၂၅-၆-၁၈၅၂)ပုဂံမင်းနှင့် မယ်တော်၊ နှမတော်တို့က ပုဂံမင်း၏ မရိုဋ်တော်၊ စလွယ်တော်နှင့် ဒုယင်တော်၊ စုလျားတော်များကို လှူဒါန်းသည်။
၁၂၄၅-ခု၊ နှောင်းတန်ခူးလဆန်း(၁၃)ရက်၊ အင်္ဂါနေ့(၈-၄-၁၈၄)သီပေါမင်းလက်ထက် မီးလောင်ရာတွင် အုတ်ဂန္ဓကုဋိနှင့် ဘုံ(၇)ဆင့် ကျွန်းပြသာဒ်တော် အာရုံခံဇရပ်များ၊ စောင်းတန်းမုဒ်ဦးများပါ မီးခခဲ့ရသည်။ မဟာ မုနိကိုယ်တော်ကြီးတွင် ဆက်ကပ်လှူဒါန်းထားကြသော မကိုဋ်၊ ဒုယင်၊ ရွှေသင်္ကန်းတော်တို့ပါ အရည်ပျော်ကျပျက်စီး၍ ရွှေချိန်ကျပ် (၅၄၅ဝိ/-)သား အထိကောက်ယူရရှိခဲ့သည်။
၁၂၄၆-ခု၊ တပို့တွဲလဆန်း(၁)ရက်၊သောကြာနေ့တွင် (၁၆-၁-၁၈၅)မီးသင့်လောင်ရာမှ သိမ်းဆည်းထားခဲ့သော ရွှေများကို ရွှေပုစွန်ခွန်သင်္ကန်းတော် ခပ်လုပ်မွမ်းမံလှူဒါန်းတော်မူသည်။
၁၂၄၈-ခု၊(၁၈၇)တောင်တော်သာသနာပိုင် ဆရာတော်ကြီးအမှူးရှိသော သုဓမ္မာဆရာတော်ကြီးများနှင့် ကင်းဝန် မင်းကြီးအမှူးရှိသော ပုဂ္ဂိုလ်များက မဟာမုနိဘုရားကြီးနှင့် ပတ်သက်သော အုပ်ချုပ်မှုကိစ္စအဝဝကို တာဝန် ယူဆောင်ရွက်သည်။
၁၂၄၈-ခု၊ (၁၈၇)ခု၊ ရွှေရေးဆောင်ဆရာတော် ဦးနန္ဒကို မျက်နှာသစ်တော်ရေဝတ်ဆောင်ရွက်တော်မူရန်အတွက် ဂန္ဓကုဋိသော့အပ်နှင်းသည်။
၁၂၅၃-ခု၊ (၁၈၉၁)တွင် ကိုဓဥပဒေ(၉၂)အရ မဟာမုနိဘဏ္ဍာတော်ထိန်း စည်းမျဉ်းဥပဒေဖြစ်ပေါ်လာ၍ ထို ဥပဒေအရ ပထမဆုံးဘဏ္ဍာတော်ထိန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။
၁၂၅၆-ခု၊ နယုန်လဆန်း(၅)ရက်၊ တနင်္ဂနွေ (၂၇-၆-၁၈၉၄)နေ့တွင် အင်ဂျင်နီယာမင်းကြီး မစ္စတာဟင်နဲပေါ့ လက်ထောက်အင်ဂျင်နီယာ မစ္စတာဘူနှင့် ဝန်စာရေးကြီး ဦးယောတို့က ဂန္ဓကုဋိတိုက်အား ထပ်မံအုတ်မြစ်ချသည်။
၁၂၅၈-ခုနှစ်၊(၁၈၉၆)တွင် ဘိုးတော်ဘုရား၏ ဂန္ဓကုဋိတိုက်ကိုငုံ၍ ကင်းဝန်မင်းကြီးနှင့် အနောက်တိုင်းဗိသုကါ များက လက်ရှိဂန္ဓကုဋိတိုက်ကို တည်ဆောက်သည်။
၁၂၆ဝ-ခု၊ တပို့တွဲလဆန်း (၈)ရက်၊ ဗုဒ္ဓဟူး (၁၈-၁-၁၈၉)နေ့တွင် သုဝဏ္ဏမဟာပါသာဒ အပြင်အုတ် ကျောင်းတော်ကြီးပြီးစီး၍ ထီးတော်တင်ခဲ့သည်။
၁၂၆၁-ခု၊ တပို့တွဲလဆန်း (၁၄)ရက်၊ (၁၂-၂-၁၉ဝဝ)တွင် မဟာမုနိပလ္လင်တော်၊ တံကဲတော်များကို ဦးဖဲက ပြင်ဆင်၍ ရေစက်သွန်းချသည်။
၁၂၆၃-ခု၊ တပို့တွဲလဆန်း (၁၃)ရက်၊ (၂ဝ-၂-၁၉ဝ၂)တွင် သီပေါဘုရင်လှူဒါန်းသော ရွှေသားမကိုဋ်တော်အား ပြန်လည်ပြုပြင်ပြီး ရွှေသားချိန် (၁၉ိ၊ ၁မူး)နှင့် စိန်၊ ပတၩမြား၊ နီလာ၊ ရတနာမျိုးစုံ (၉၄ဝ)လုံးစီချယ်သော မကိုဋ်တော်ကို လှူဒါန်းကြသည်။
၁၂၆၅-ခု၊ (၁၉ဝ၃-၁၉ဝ၄)ဆန် ဦးဘိုးကြီးက ကျောင်းတော်ကြီးအတွင်းရှိ ဖလ်ပွတ်လုံးများ လှူဒါန်းသည်။
၁၂၇ဝ-ခု၊ ဝါဆိုလဆန်း (၁၅) ရက်၊ (၁၂-၇-၁၉ဝ၈)နေ့တွင် နဝရတ်ကိုးပါးချယ်သော ရွှေသား ၁၃ ပိဿာ၊ ၆ဝ ကျပ်ရှိ ရွှေသားစလွယ်တော်ကြီးကို လှူဒါန်းကြသည်။
၁၂၈ဝ-ခု၊ (၁၉၁၈)တွင် ရွှေညောင်စော်ဘွားကြီး ဆာတေမောင်က ရွှေချိန် (၁၉)ကျပ်နှင့် စိန်၊ ပတၩမြား၊ နီလာ ရတနာတို့ဖြင့် စိန်ဖူးငှက်မြတ်နားကို လှူဒါန်းပါသည်။
၁၂၉၃-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၅)ရက်၊ (၂၉-၁-၁၉၃၁)တွင် ရသေ့ကြီးဦးခန္တီသည် မဟာမုနိနှင့် အာနန္ဒာသိမ်တော်ကြီးသွား အုတ်စောင်းတန်းကြီးကို ဆောက်လုပ်လှူဒါန်းပါသည်။
၁၃၁၇-ခု၊ နတ်တော်လပြည့်ကျော် (၁)ရက်၊ (၃ဝ-၁၂-၅)နေ့တွင် သာသနာနှစ် (၂၅ဝဝ)အထိမ်းအမှတ်အဖြစ် ရတနာဗိမာန်တော်ကြီးကို စံကင်းဆရာတော်၊ ညောင်ရမ်းဆရာတော်၊ ခေမာသီဝံဆရာတော်နှင့် ဟံသာဝတီဆရာတော်များ မှ ရွှေ၊ ငွေ၊ ရတနာအုတ်များဖြင့် အုတ်မြစ်ချပေးပြီး (၁၃၁၈)ခု၊ နှောင်းတန်ခူးလပြည့်နေ့ (၁၄-၄-၅၇)တွင် ဖွင့်ပွဲ အခမ်း အနားကျင်းပခဲ့သည်။
၁၂၉၃-ခု၊ ပြာသိုလပြည့်ကျော် (၈)ရက်၊ စနေနေ့(၃ဝ-၁-၁၉၃၂)တောင်ပိုင်းစော်ဘွားကြီး စပ်ခွန်ပန်းစိန်လှူဒါန်း သော ဘော်သားမျက်နှာကျက်တော်ကြီး တင်လှူသည်။
၁၂၉၄-ခုတွင် (၁၉၃၂-၁၉၃) မဟာမုနိကိုယ်တော်ကြီး နောက်ရှိ သစ်သားတံကဲတော် တပ်ဆင်လှူဒါန်းသည်။
၁၃ဝ၃-ခု၊ နှောင်းတန်ခူးလဆန်း (၇)ရက် (၂-၁-၁၉၄၂)တနင်္ဂနွေနေ့၊ ဦးဇောတိကအမှူးရှိသော ရဟန်းပျို (၃ဝ)ကျော်တို့သည် ပွဲစားခေါင်းဆောက်လုပ်ထားသော အာရုံခံအုတ်တိုက်တော်ကြီးကို တည်ရာဌာနပြု၍ (ယခုပြတိုက်-၁ နေရာ) မဟာမုနိဘုရားကြီး၏ ဗုဒ္ဓသန္တကပစ္စည်းများကို စောင့်ရှောက်ခဲ့သည်။
၁၃ဝ၄-ခု၊ ပထမဝါဆိုလဆန်း (၃)ရက်၊ တနင်္လာနေ့ (၁၅-၆-၁၉၄၂)တွင် ဂျပန်အုပ်ချုပ်ရေးအဖွဲ့မှလည်း ရဟန်း ပျိုဆရာတော်များအား ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် အပ်သည်။
၁၃ဝ၉-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၇)ရက်၊ ၁၉၃၈-ခု၊ မတ်လ (၁၆)ရက်၊ အင်္ဂါနေ့တိုင်အောင် ရဟန်းပျိုအဖွဲ့ စောင့်ရှောက်ခဲ့ပါသည်။
၁၃၁ဝ-ခု၊ (၁၉၄၈-၄၉)တွင် အိမ်ရှေ့ဥပရာဇာ၏ ကြေးရုပ်ပုံသွင်းသည်။ မြောက်စောင်းတန်းထိပ် ခြင်္သေ့ကြီးများ လည်း ပြီးစီးသည်။
၁၃၁ဝ-ခု၊ (၁၉၅၁-၅၂)တွင် ကြေးရုပ်ကြီးများအား ထားရှိရန်အတွက် ပြတိုက်အဆောက်အဦး ဆောက်လုပ်သည်။
၁၃၁၆-ခု၊ (၁၉၅၄) ဂန္ဓကုဋိကျောင်းတော်ကြီး ရွှေချခဲ့သည်။
၁၃၂ဝ-ခု၊ တပေါင်းလဆန်း (၇)ရက်၊ တနင်္ဂနွေနေ့တွင် (၁၅-၃-၁၉၅၉)ဂန္ဓကုဋိအပြင်ကျောင်းတော်ကြီး ရွှေချပြီးပြေသည်။
၁၃၂၁-ခု၊ ကဆုန်လဆုတ်(၇)ရက်၊ကြာသပတေးနေ့တွင် (၂၈-၅-၁၉၅၉)မန္တလေးမြို့တည် နန်းတည်နှစ် (၁ဝဝ)ပြည့်အထိမ်းအမှတ်အဖြစ် မဟာမုနိဘုရားကြီးရင်ပြင်တော် အရှေ့မြောက်ထောင့်တွင် ဗဟိုစင်ဆောက်လုပ် သည်။
၁၃၂-ခုတွင် (၁၉၆ဝ-၆၁)မဟာမုနိပြတိုက်အမှတ် (၁)နှင့် ဓမ္မစကြာပြတိုက်အမှတ် (၂)တို့ကို ဆောက်လုပ် လှူဒါန်းသည်။
၁၃၂၇-ခု၊ ပြာသိုလဆန်း (၉) ရက်၊ သောကြာနေ့ (၃၁-၁၂-၁၉၆၅)တွင် ကြေးချိန် (၃၂၆၄)ပိဿာရှိ ညိမ်းချမ်း သာယာကြေးစည်ကြီး စတင်ပြုလုပ်သည်။
၁၃ဝ-ခု၊(၁၉၆၈-၆၉)တွင် မဟာမုနိပိဋကတ်တိုက်တော် ဆောက်လုပ်လှူဒါန်းသည်။၁၃-ခု၊ (၁၉၇၁-၇၂)ကြေးချိန် (၂၁၅၆)ပိဿာရှိ ချမ်းအေးပြည်သာကြေးမောင်းကြီး သွန်းလောင်းလုပ်ဆောင် သည်။
၁၃၄၁-ခု၊ တော်သလင်းလဆန်း (၄)ရက် စနေနေ့ (၂၅-၈-၁၉၇၉)တွင် မိုးကောင်းဓမ္မာရုံကြီး၏ အနောက်ဖက်ကပ် လျက် ဂြိုဟ်ပြေနံပြေအဆောက်အဦး ဆောက်လုပ်ပြီးစီးခဲ့သည်။
၁၃၄၃-ခု၊ ဝါဆိုလဆုတ် (၉)ရက် စနေနေ့ (၂၅-၇-၁၉၈၁) ခြေတော်ရာပြတိုက် ပြီးစီး၏။
၁၃၄၄-ခု၊ နတ်တော်လဆန်း (၃)ရက် စနေနေ့တွင်(၁၈-၁၂-၈၂)မဟာမုနိသမိုင်းပန်းချီအတွက် လုပ်ငန်းစတင် အကောင်အထည်ဖော်ခဲ့သည်။
၁၃၄၅-ခု၊ ကဆုန်လဆုတ် (၇)ရက် (၂-၆-၈၃) တွင် နိဗ္ဗာန်လမ်းမုဒ်ဦး (ပဌာန်းမုဒ်ဦး) ပြီးစီးသည်။
၁၃၄၅-ခု၊ဝါခေါင်လဆန်း(၁၃)ရက်၊ တနင်္ဂနွေနေ့တွင်(၂၁-၈-၈၃)အမြဲတမ်း မဟာဗုဒ္ဓဝင်ပြတိုက်ကြီး နှင့်တကွ ဥယျာဉ်တော်တည်ဆောက်ရေးလုပ်ငန်း စတင်လုပ်ဆောင်သည်။
၁၃၄၆-ခု၊ တပို့တွဲလဆန်း(၁)ရက် (၃၁-၁-၈၅)နေ့တွင် ရွှေသား(၂၅ပိဿာ၊ ၄၉ ကျပ်၊ ၁ ပဲ၊ ၁ ၁/၂ ရွေး)ရှိသော ရွှေသားမျက်နှာကြက်တော်ကြီးနှင့်အလယ် ရွှေကြာဖူးကြီးတို့အား တပ်ဆင်ပြီးစီးခဲ့ပါသည်။
၁၃၄၈-ခု၊နယုန်လဆုတ်(၁၃)ရက်မှ ဝါဆိုလဆုတ်(၁)ရက် (၅-၇-၈၅)မှ(၁-၈-၈၆)နေ့အထိ (၂၈)ရက်ကြာ တပ်မတော်နှင့် လုပ်အားရှင်ပေါင်း (၁၄၆၁၇)ဦးဖြင့် လိပ်ကန်(မေတၩာကန်)ဆယ်ယူ မွမ်းမံပြင်ဆင်ခဲ့ပါသည်။
၁၃၄၉-ခု၊ တပေါင်းလဆန်း(၁)ရက်(၁၇-၂-၈)တွင် မဟာမုနိဘုရားကြီးအား မျက်နှာသစ်မှုရေတော်ဝတ်ကို လက်ရှိဆရာတော်ဘဒ္ဒန္တပညာဝံသ တောင်ထီးလင်းတိုက်၊ ပိဋကတ်တိုက်ကျောင်းမှ ယနေ့တိုင်ဝတ်ပြု ဆောင်ရွက်ခဲ့ပါ သည်။
၁၃၅ဝ-ခု၊ နယုန်လဆုတ်(၂)ရက်(၁-၆-၈)မှစတင်၍ ငါးကန်ကြီးအားဆယ်ယူခဲ့ပြီး အရေးအခင်းကြောင့် ခေတၩရပ်နားပြီး(၁၃-၁ဝ-၈)တွင် တဖန်တပ်မတော်နှင့်လုပ်အားရှင်ပေါင်း (၁၈၄၃၇)ဦးတို့ ပြန်လည်ဆယ်ယူ မွမ်းမံခဲ့ရာ(၁၂-၄-၈၉) တွင် ပြီးစီး၍ (၁၇-၄-၈၉)တွင် ငါးကန်ဖွင့်ပွဲကျင်းပခဲ့ပါသည်။
၁၃၅၁-ခု၊ ဝါခေါင်လပြည့်ကျော်(၁)ရက်(၁၇-၈-၈၉)နေ့တွင် ဘုရားကြီးဝတ္ထုကံနယ်မြေတော်အတွင်း စိမ်းလန်း စိုပြေရေးနှင့် ဥယျာဉ်တော်လုပ်ငန်းစီမံချက်ချမှတ်လုပ်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။
၁၃၅၁-ခု၊ တပို့တွဲလပြည့်ကျော်(၃)ရက်(၁၂-၂-၉ဝ)တွင် ဗုဒ္ဓဝင်ပြတိုက်၊ နာရီစင်နှင့် လိပ်ကန်ဥယျာဉ်တော် တို့ကို တိုင်းမှူး(နမခ)ဗိုလ်ချုပ်ထွန်းကြည်မှ ဖွင့်လှစ်ပေးခဲ့သည်။
၁၃၅၂-ခု၊ သီတင်းကျွတ်လပြည့်(၃-၁ဝ-၉ဝ)ရက်နေ့တွင် ဓါတ်ပေါင်းစုစေတီတော် တည်ဆောက်ပြီးစီး၍ ထီးတော် တင်ခဲ့သည်။
၁၃၅၅-ခု၊ တန်ခူးလဆန်း(၁၃)ရက်(၄-၄-၉၃)နေ့တွင် ဗောဓိပင်စောင်းတန်းတောင်ဘက်ရှိ ထေရီထေရာပြတိုက် အမှတ်(၁)ကို တည်ဆောက်ပြီးစီး၍ ကျပ်(၇.၂၃)သိန်း ကုန်ကျခဲ့ပါသည်။
၁၃၅၅-ခု၊ ပထမဝါဆိုလဆန်း(၄)ရက်(၂-၆-၉၃)နေ့တွင် ဘုရားကြီး၏ ဘုံခုနှစ်ဆင့်ရွှေသားပြာသာဒ်တော် အထက်ရှိ ထုပိကာတော်ကို ရွှေစင်ရွှေပြား(၁ဝ၇၁)ချပ်၊ ရွှေသားအလေးချိန်(၇ ပိဿာ၊ ၇၁ ကျပ်၊ ၂ ရွေး)ကို တပ်ဆင်ကပ် လှူပြီးစီးခဲ့ပါသည်။
၁၃၅၅-ခု၊နတ်တော်လဆုတ်(၁ဝ)ရက် (၇-၁-၉၄)နေ့တွင် ထေရီထေရာပြတိုက်အမှတ်(၂/၃/၄/၅/၆)ဖြစ်သော ပြတိုက်(၅)ခု ပြီးစီးခဲ့၍ စုစုပေါင်းကျပ်(၃၅.၂၇)သိန်း ကုန်ကျခဲ့ပါသည်။
၁၃၅၆-ခု၊ တော်သလင်းလဆန်း(၁)ရက်(၁၅-၉-၉၄)နေ့တွင် ဘုရားကြီးအား အနီးကပ်ဖူးမြော်နိုင်ရန် တယ်လီ ဗေးရှင်းစက်(၅)လုံးနှင့် ဘုရားကြီးအတွက် ဂန္ဓကုဋိတိုက်အတွင်း လေအေးပေးစက်(၂)လုံး တပ်ဆင်ခဲ့ပါသည်။
၁၉၉၄-ခု၊ဒီဇင်ဘာလမှစ၍ ဘုရားကြီးရင်ပြင်တော်၊ ဗောဓိပင်စောင်းတန်း၊ ဂြိုဟ်ပြေနံပြေစေတီ၊ လိပ်ကန်၊ ငါးကန်၊ နိဗ္ဗာန်မုဒ်ဦးလမ်း၊ ထေရီထေရာလမ်း၊ ဗုဒ္ဓဝင်ပန်းခြံ၊ မီးပုံးထင်းပန်းခြံ၊ ပြတိုက်(၁)(၂)စသည်တို့တွင် ကျောက်ပြား၊ ြွေကပြားများခင်းခဲ့ပါသည်။
(၁၃-၁ဝ-၉၄)နေ့မှစ၍ ၁၉၅-ခုနှစ်ကုန်အထိ ကျောင်းတော်ကြီးစေတီရံထီးများ၊ စောင်းတန်း(၄)သွယ်ရှိထီးများ၊ ရှင်မလဲဘုရားထီးငယ်များ၊ အနောက်ဆုတောင်းပြည့်ဘုရား ထီးကြီး၊ထီးငယ်များနှင့်အခြား စေတီရံထီးငယ် စုစုပေါင်း(၅ဝ၅)ခုတို့အား ပြုပြင်မွမ်းမံရွှေချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
(၁၃-၉-၉၄)နေ့မှစ၍ ၁၉၆-ခုအထိ ကျောင်းတော်ကြီးတိုင်(၁၂ဝ)တို့အား ပြန်လည်ရွှေချမွမ်းမံခြင်းနှင့် တိုင်ခြေ တို့၌ ဇီးရောငြွေ်ကပြားများ ကပ်လျက်ရှိပါသည်။
၁၉၉၅-ခု၊ ဒီဇင်ဘာလမှစပြီး ဂန္ဓကုဋိကျောင်းတော်ကြီး၏ ထုပိကာရာမလက်ညှိုးမှ ကြာကလပ်ရှိ မူလကြေးပြားများ ပေါ်တွင် သိန်း(၄၆၁၅)ကုန်ကျမည့်၊ ရွှေသားအလေးချိန်(၁၇ိ ၈ဲ)ကပ်လှူရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဘုံခုနှစ်ဆင့်ပြာသာဒ်တော်ကြီးကိုလည်း(၃၄၂)သိန်း အကုန်အကျခံ၍ ကြေးပြားကပ်ရွှေချလုပ်ငန်းများကို ဆောင်ရွက် နေပြီဖြစ်ပါသည်။
အငြင်းပွားဖွယ်မှာ မြတ်ဗုဒ္ဓသည် မဇ္ဇျိမဒေသမှ လွဲလျှင် ကျန်နေရာများသို့ ကြွချီခြင်းမရှိဟူသော သမိုင်းဆိုင်ရာ အငြင်းပွားမှု နှင့် ရုပ်ပွားတော်၊ဆင်းတုတော် ထုလုပ်ကိုးကွယ်ခြင်းမှာ အာသောကမင်းကြီး လက်ထက်လွန်သည်အထိ အိန္ဒိယတွင်ပင် ထွန်းကားခြင်းမရှိသေးခြင်းတို့ကြောင့် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး၏ သမိုင်းနှင့် သက်တမ်းမှာ သံသယဖြစ်ဖွယ်ရှိသည်ဟု သတ်မှတ်ကြသည်။