ဗဒုံမင်း

From Wikipedia

ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်းသည် အလောင်းဘုရား၏ တတိယသားတော်ဖြစ်သည်။မြန်မာ့သမိုင်း တွင်နန်းသက်အရှည်ဆုံး ဘုရင်များအနက်မှ တစ်ပါးဖြစ်ပြီး နန်းသက် ၃၇ နှစ်ထိ နန်းစံခဲ့သည်။ ၄င်းလက်ထက်တွင် သမိုင်းဝင် ကမ္ဘာ့အံ့ဖွယ် တစ်ပါးဖြစ်သည့် မင်းကွန်းပုထိုးတော်ကြီးကို တည်ထားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မြို့တော်ကို အင်းဝမှအမရပူရ နန်းသစ်ကိုတည်ပြီး ပြောင်းရွေ့ခဲ့သည်။ ၄င်းလက်ထက်တွင် မတည်မငြိမ်ဖြစ်နေသည့် ရခိုင်ပြည်ကို အိမ်ရှေ့မင်းသားကြီးတောင်ငူစား ဦးပေါ်က သွားရောက်သိမ်းယူပြီး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ကိုလေးပိုင်းပိုင်းဖြတ်ကာ ရခိုင်မှ ပင့်ဆောင်လာခဲ့သည်။ အောက်ပြည်အရပ်မှ မွန်တို့ ပုန်ကန်သည်ကိုလည်း နှိမ်နှင်းရသည်။သာဿနာရေးဆိုင်တွင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြေရှင်းစေပြီး မဟာယနဆန်သည့် ပွဲကျောင်းဝါဒကို နှိမ်နှင်းရန်ကြိူးပမ်းဆောင်ရွက်သော်လည်း ထိရောက်သောအောင်မြင်မှုတို့ ရရှိသည်မတွေ့ရပေ။ ထို့ပြင် အိန္ဒိယသို့ သံတမန်များ စေလွတ်ပြီး ဗေဒင်နှင့် ဗြဟာဏဆိုင်ရာကျမ်းများကို ယူဆောင်လာစေကာ မြန်မာဘာသာသို့ပြန်ဆိုရန် အားပေးခဲ့သည်။ ရှေး အယူအဆများနှင် ့ဆန့်ကျင်ပြီး တိုးတက်သည့် အတွေးအခေါ်အယူအဆများကို သွပ်သွင်းလိုသော်လည်း အယူအစွဲကြီးသည့် ပြည်သူနှင့် လက်အောက်ခံများကြောင့် အရာမထင်ပေ။ ထင်ရှားသည့် ပျော်တော်ဆက်သက်တော်ရှည်အမတ်ကြီးမှာ ဦးပေါ်ဦး ဖြစ်သည်။ အိမ်ရှေ့မင်းသားဦးပေါ်မှာ ဘိုးတော်ဘုရား အသက်ရှိစဉ်ပင် နာမကျန်းဖြစ်ကာ ကွယ်လွန်သည့်အတွက် မြေးတော်နှစ်ပါးဖြစ်သည့် စစ်ကိုင်းမင်းသားနှင့် သရက်မင်းသားတို့ အပြိုင်နန်းလျာဖြစ်လာပြီး နောက်ဆုံးတွင် စစ်ကိုင်းမင်းသားအိမ်ရှေ့အရာရကာ ဘိုးတော်ဘုရားလွန်လျှင် နန်းစံသည်။ မြန်မာ့သမိုင်းတွင် ဘကြီးတော် မင်းအဖြစ်လည်း လူသိများသည်။

[ပြင်​ဆင်​ရန်​] ထင်ရှားသူများ

အ​ခြား​ဘာ​သာ​ဖြင့်​