မှော်ဘီမြို့

ဝီကီပီးဒီးယား မှ

မှော်ဘီမြို့နယ်သည် ရန်ကုန်တိုင်းတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ မွန်ဘာသာအရ မှော်ပီ= မုဟ်-ဒေါင့်/ကွေ့၊ ဘီ-ပင်လယ်၊ ပင်လယ်ကွေ့ဟု အဓိပ္ပါယ်ရသည်။[၁]

မှော်ဘီမြို့သည် ယခင်က အင်းစိန်ခရိုင်အတွင်း၌ ပါဝင်ကာ ရန်ကုန်မှ မီးရထားလမ်းအားဖြင့် ၂၅ မိုင်ကွာဝေး၍ ရန်ကုန် - ပြည် မော်တော်ကားလမ်းအားဖြင့် ၃၁ မိုင် ဝေးသော မြို့ကလေးဖြစ်သည်။ စိုက်ပျိုးရေးဌာနမှ စံပြဥယျာဉ်ရှိ၍ ကောက်ပဲသီးနှံ အမျိုးမျိုးကို စမ်းသပ် စိုက်ပျိုးသည့်နည်းမျိုးစုံသဖြင့် စိတ်ပါဝင်စားသူများ သွားရောက်ကြည့်ကြသည်။ နိုင်ငံသမိုင်းတွင် များစွာ မထင်ရှားလှသော်လည်း မြန်မာပညာရှိတစ်ဦး ဖြစ်သော မှော်ဘီဆရာသိန်းကြီး၏ နေရပ်ဖြစ်ခဲ့သဖြင့် လူသိများသော မြို့ကလေးလည်း ဖြစ်သည်။

သို့သော် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ အစပြု၍ အင်းစိန်ခရိုင်ကို မှော်ဘီခရိုင်ဟု ပြောင်းလဲခေါ်ဝေါ် သတ်မှတ်လိုက်၍ မှော်ဘီမြို့ကိုလည်း ခရိုင်ဝန်ရုံးစိုက်မြို့အဖြစ် သတ်မှတ်လိုက်လေသည်။ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းခေါင် စာရင်းအရ ၅၇၃၂ယောက်ဖြစ်သည်။၂၀၁၆ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ ၂၄၉၈၂၉ကျော်ခန့်နေထိုင်ကြောင်းသိရသည်။

မှော်ဘီမြို့နယ်တွင် အခြခံပညာမူလတန်းကျောင်း (၂၁)ကျောင်း၊အခြေခံအလယ်တန်းကျောင်း(၁၂)ကျောင်း၊အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းရှိသည်။

အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အနေဖြင့် နည်းပညာတက္ကသိုလ်မှော်ဘီ ရှိသည်။ မှော်ဘီမြို့နယ်လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၆ခုနှစ် တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးမြို့နယ်ပေါင်းစုံ ဝန်ကြီးချုပ်ဖလားတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရခဲ့၍ ဆုဖလားနဲ့အတူ ချံပီယံဖြစ်ခဲ့သည်။ဆုဖလားအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ချီးမြင့်ခဲ့သည်။

မှော်ဘီမြို့နယ်ရှိ မှော်ဘီမြို့မဈေးသည် အလွန်စည်ကားလှသည်။

ကိုးကား

  1. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း