တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံး

ဝီကီပီးဒီးယား မှ

တပ်မတော် အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူး မှာ ဗိုလ်ချုပ် တောက်ထွန်း ဖြစ်သည်။

  1. အမှတ်(၁)တပ်မတော်စစ်သားစုဆောင်းရေးတပ်
  2. အမှတ်(၂)တပ်မတော်စစ်သားစုဆောင်းရေးတပ်
  3. အမှတ်(၃)တပ်မတော်စစ်သားစုဆောင်းရေးတပ်
  4. အမှတ်(၄)တပ်မတော်စစ်သားစုဆောင်းရေးတပ်

စစ်သားစုဆောင်းရေးတပ်ကို လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့၌ ပြင်ဦးလွင်မြို့(မေမြို့)တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တပ်မတော်စစ်သားစုဆောင်းရေးအရာရှိအဖြစ် ဒုတိယဗိုလ် မန်းဒေးဗစ်အား တာဝန်ပေးအပ်ခဲ့သည်။ ဒုတိယဗိုလ်မန်းဒေးဗစ်သည် စစ်သားစုဆောင်းရေးတပ်တွင်ပင် ဗိုလ်မှူးအဆင့်ထိ နှစ်အလိုက် အထက်ဌာနကြီးများ၏ လိုအပ်ချက်အရ သတ်မှတ်ပေးထားသောအင်အားများကို စုဆောင်းပေးခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့ တပ်မတော်ညွှန်ကြားလွှာ(မြန်မာပြည်) အမှတ် (၁၄/၄၇)နှင့်အညီ စစ်သားစုဆောင်းရေးတာဝန်ခံများခန့်ထားစေပြီး တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့ခွဲ၍ စုဆောင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းမှု အန္တရာယ်ကြောင့် လုံခြုံမှုမရှိသဖြင့် ပြင်ဦးလွင်မြို့မှ ရန်ကုန်မြို့ပြည်လမ်း၊ (ယခု တပ်မတော်ဆေးတက္ကသိုလ်နေရာ)သို့ ၁၉၄၉ ခုနှစ်တွင် ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၄၉ ခုနှစ် မေလမှစပြီး အတွင်းဝန်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်နှစ်လျှင် တစ်ကြိမ် ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းခန့်ထားခြင်းမျိုးဖြစ်ပြီး တပ်သားသစ်များအား လိုအပ်ချက်အရ အမိန့်ချမှတ်ကာ တိုင်းနှင့်ပြည်နယ်အလိုက် အဖွဲ့ဖွဲ့၍ လိုက်လံစုဆောင်းသည့် စနစ်မျိုး ဆောင်ရွက်ခဲ့သည်။

၁၉၅၂ ခုနှစ် မတ်လမှစတင်ပြီး အတွင်းဝန်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်နှစ်လျှင်တစ်ကြိမ် ခွင့်ပြုမိန့်ဖြင့် ခွင့်ပြုခဲ့ပြီး တစ်ကြိမ်လျှင် တပ်သားသစ် (၅၀၀)ဦး စုဆောင်းသွားရန် သတ်မှတ်ထားရှိသည်။

၁၉၆၁ ခုနှစ် အောက်တိုဘာလတွင် တပ်မတော်စစ်သားစုဆောင်းရေးအလံနှင့် တပ်ဖွဲ့ဝင်လက်မောင်းတံဆိပ်များ သတ်မှတ်ပေးခဲ့သည်။

ကိုးကား

ပြင်ပလင့်ခ်များ