အေးချို

ဝီကီပီးဒီးယား မှ
ဗိုလ်မှူး အောင်ဆန်းသူရိယ အေးချို
ကွယ်လွန်၂၁ ဩဂုတ်၊ ၁၉၄၈(1948-08-21)
သစ္စာခံနိုင်ငံ မြန်မာ
လက်နက်ကိုင်တပ်မြန်မာ့ တပ်မတော်
ရာထူးအဆင့်ဗိုလ်မှူး
ကိုယ်ပိုင်အမှတ်ကြည်း ၅၁၈၀
တပ်ဖွဲ့ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)
ဆုတံဆိပ်များ

၁၉၄၈ ဩဂုတ်လအတွင်း သောင်းကျန်းသူ ကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ်တလင်းမြို့ အနီးရှိ ဖိုးသာအောင်ကုန်းတံတားတဘက်သို့အရောက်တွင် တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း(၂၁)၏ တပ်ရင်းမှူး ဗိုလ်မှူးအေးချိုသည် အင်အားအဆမတန်များပြားသော ရန်သူတို့အား မိမိအသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် သောင်းကျန်းသူကွန်မြူနစ်တပ်များ ဆက်လက်မချီတတ်နိုင်တော့ပဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

ဗိုလ်မှူးအေးချိုသည် ယင်းကဲ့သို့ ထူးကဲမြင့်မြတ်လှသော ရဲစွမ်းသတ္တိ၊ ကြံခိုင်သောစိတ်ဓာတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ရင်း ပြင်းထန်စွာ ဒဏ်ရာရရှိကာ ၁၉၄၈ ဩဂုတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာ အသက်ပေးလှူသွားသူဖြစ်သည့်အလျှောက် နိုင်ငံတော်၏ ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို အမိန့်အာဏာ ၁၀/အထူး/၅၀ ဖြင့် ပထမဆုံးချီးမြှင့်ခြင်းခံရသူဖြစ်သည်။

ဒီနေ့ခေတ်တွင် အောင်ဆန်းသူရိယ အေးချို၏ အမည်အား သူရဲကောင်းဗိမာန်၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။

ကိုးကား[ပြင်ဆင်ရန်]