စောမြင့်

ဝီကီပီးဒီးယား မှ
(စောမြင့်၊ (အောင်ဆန်းသူရိယ) မှ ပြန်ညွှန်းထားသည်)

စောမြင့် သည် အောင်ဆန်းသူရိယဘွဲ့ ရရှိသော ကရင်လူမျိုး စစ်သည်တော် တစ်ဦး ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် မြန်မာနိုင်ငံတော်အတွက် မိမိ အသက်ကို ပဓာန မထားဘဲ အသက်စွန့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ချီးမြှင့်ခြင်းခံရသူဖြစ်သည်။

အောင်ဆန်းသူရိယဘွဲ့မှာ မြန်မာ့တပ်မတော်တွင် ဂုဏ်သိက္ခာအားဖြင့် အမြင့်မားဆုံးသော ဆုတံဆိပ် ဖြစ်သည်။

ယနေ့အထိ အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူ ၆ ဦးသာ ရှိသေးသည်။

၎င်းတို့မှာ-

  1. ဗိုလ်မှူးအောင်ဆန်းသူရိယ အေးချို
  2. တပ်သား အောင်ဆန်းသူရိယ လှသောင်း
  3. အရပ်သား အောင်ဆန်းသူရိယ စောဘရီ
  4. တပ်သား အောင်ဆန်းသူရိယ စောမြင့်
  5. တပ်သား အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း
  6. ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်းတို့ ဖြစ်သည်။

ဒီနေ့ခေတ်တွင် အောင်ဆန်းသူရိယ စောမြင့်၏ အမည်အား သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။

ဆက်လေ့လာရန်[ပြင်ဆင်ရန်]