အဘိဓဇမဟာရဋ္ဌဂုရု
အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် (ပါဠိ: Abhidhajamahāraṭṭhaguru; အင်္ဂလိပ်: Abhidhaja Maha Rattha Guru Title) သည် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာန မှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်တော် တစ်ခု ဖြစ်သည်။ ၁၉၁၄ မှ ၂၀၁၉ အထိ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို ဆရာတော် ၁၃၈ ပါးအား ဆက်ကပ်ခဲ့ပြီး ဖြစ်သည်။[၁] အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရ ဆရာတော်များသည် နိုင်ငံတော်ပိုင် ရထား၊ ရေယာဉ်၊ လေယာဉ်များကို အခမဲ့စီးနင်းခွင့်ရရှိသည်။[၁]
အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်၏ ဂုဏ်အင်္ဂါအရည်အချင်းများမှာ
- အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း၊
- အနည်းဆုံး သိက္ခာဝါ (၆၀) ရှိခြင်း၊ ဗဟုသုတ အကြားအမြင်များခြင်း၊
- သာသနာတော်အတွက် ကျေးဇူးများသော ဗုဒ္ဓစာပေကျမ်းဂန် ရေးသားခြင်း၊
- ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဖြစ်ခြင်း၊
- တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း ဩဇာတိက္ကမ ကြီးမားခြင်း၊
- သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားခြင်းကြောင့် အများပြည်သူတို့၏ ကြည်ညိုလေးစားမှုခံရခြင်း တို့ ဖြစ်သည်။[၂]
ထိုဘွဲ့တံဆိပ်တော်ရရှိသော ဆရာတော် (၁၃၈)ပါးမှ သက်ရှိထင်ရှား အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီးများ (၅၁)ပါးကျန်ရှိပါသေးသည်။ မန္တလေးမြို့မှ (၇)ပါး၊ ပျဥ်းမနားမြို့မှ (၁)ပါး၊ လယ်ဝေးမြို့မှ (၁)ပါး၊ ချောက်မြို့မှ(၁)ပါး၊ ခရမ်းမြို့မှ(၁)ပါး၊ မင်းလှမြို့မှ(၁)ပါး၊ မြစ်ကြီးနားမြို့မှ(၁)ပါး၊ ညောင်တုန်းမြို့မှ(၁)ပါး၊ အမရပူရမြို့မှ(၁)ပါး၊ ရန်ကုန်မြို့မှ(၁၀)ပါး၊ စစ်ကိုင်းမြို့မှ(၂)ပါး၊ သာစည်မြို့မှ(၁)ပါး၊ ညောင်ရွှေမြို့မှ (၁)ပါး၊ မဒေါက်မြို့မှ(၁)ပါး၊ မကွေးမြို့မှ(၁)ပါး၊ မြင်းခြံမြို့မှ(၁)ပါး၊ သံဖြူဇရပ်မြို့မှ(၁)ပါး၊ ရေဦးမြို့မှ(၁)ပါး၊ ဟင်္သာတမြို့မှ(၂)ပါး၊ တပ်ကုန်းမြို့မှ(၁)ပါး၊ ရေနံချောင်းမြို့မှ(၁)ပါး၊ ပဲခူးမြို့မှ(၂)ပါး၊ မုံရွာမြို့မှ(၂)ပါး၊ ဝန်းသိုမြို့မှ(၁)ပါး၊ ရေစကြိုမြို့မှ(၁)ပါး၊ မြစ်သားမြို့မှ(၁)ပါး၊ မြောက်ဦးမြို့မှ(၁)ပါး၊ စစ်တွေမြို့မှ(၁)ပါး၊ တာချီလိတ်မြို့မှ(၁)ပါး၊ ပုသိမ်မြို့မှ(၁)ပါး၊ အိန္ဒိယနိုင်ငံမှ (၁)ပါးဖြစ်ပါးသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ ခွန်ယံ (၄ ဇန်နဝါရီ ၂၀၂၀)။ ပါမောက္ခချုပ်ဆရာတော်အား သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်ဆက်ကပ်။ 7Day Daily။ ၆ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းခြင်းဆိုင်ရာ ဂုဏ်အင်္ဂါအရည်အချင်းများအား အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်း (၂၉ နိုဝင်ဘာ ၂၀၁၆)။ ၂၀ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။
![]() | ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတို တစ်ပုဒ်ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |