ညောင်ရမ်းဆရာတော်

ဝီကီပီးဒီးယား မှ

ညောင်ရမ်းဆရာတော် (မြန်မာ ၁၂၃၅-၁၃၁၆)[ပြင်ဆင်ရန်]

ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင် သံဃနာယက ဖြစ်တော် မူသော မန္တလေးမြို့၊ မိုးကောင်းတိုက် ကျေးဇူးတော်ရှင် ညောင် ရမ်းဆရာတော်ဘုရားကြီးသည် ညောင်ရမ်းမြို့တွင် ၁၂၃၅ ခုနှစ် တပို့တွဲလဆန်း ၄ ရက် ဗုဒ္ဓဟူးနေ့နံနက် အချိန်၌ ဖွားသန့်စင် သည်။ ခမည်းတော် မယ်တော်တို့မှာ ဦးနိုင်၊ ဒေါ်ငြိမ်းသာ ဖြစ် လေသည်။

၁၂၄၆ ခုနှစ် ကဆုန်လ၊ အသက် ၁၂ နှစ်အရွယ်တွင် ညောင်ရမ်းပေါက်တောကျောင်း အရှင်ဇမ္ဗူဒီပထံတွင် စာပေသင် သည်။ ၁၂၅ဝ ပြည့်နှစ် ကဆုန်လပြည့်နေ့၌ ထိုဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်၏။ ရှင်သာမဏေ ဘဝဖြင့် သဒ္ဒါ၊ သင်္ဂဟဋီကာကျော်တို့ကို သင်ယူသည်။ ၁၂၅၄ ခုနှစ်တွင် မန္တလေးစကုတိုက်၌ သီတင်းသုံးကာ ပညာကိုဆက် လက်ဆည်းပူးယင်း အိမ်တော်ရာဘုရားစရပ်များတွင် သီတင်း နေထိုင်တရားဟောခဲ့လေသည်။

၁၂၅၅ ခုနှစ်တွင် မန္တလေးမှ ဇာတိဒေသသို့ပြန်ကြွလာ ခဲ့ပြီးနောက်၊ ခမည်းတော်ဦးနိုင်က ပစ္စည်းလေးပါး ဒါယကာ အဖြစ်ခံယူ၍၊ အရှင်ဇမ္ဗူဒီပကိုပင်ဥပဇ္ဈယ်ပြုလျက် ကဆုန်လ ပြည့်နေ့တွင် ဥပသမ္ဗဒကံဆောင်ကာ ရဟန်းဘောင်သို့ရောက် တော်မူသည်။ ရဟန်းဘွဲ့ကား ဦးရေဝတဖြစ်၏။ ဥပဇ္ဈယ်ဆရာ ထံ၌ ပါတိမောက်ကို သင်ယူခဲ့၏။ ဝါဆိုလဆန်း ၆ ရက်နေ့၌ မန္တလေးစကုတိုက်သို့ပြန်ကြွသွားလျက် ကင်္ခါအဋ္ဌကထာစသော အဋ္ဌကထာညဝါများကို သင်ကြားခဲ့၏။

၁၂၅၆ ခုနှစ်တွင် စကုတိုက်မှ မိုးကောင်းတိုက်သို့ပြောင်း ရွေ့ခဲ့သည်။ မိုးကောင်းဆရာတော်ကြီးများနှင့် ပထမကျော်ဆရာ တော် အရှင်မုနိန္ဒတို့ထံ၌ အဋ္ဌကထာဋီကာများကို ဆက်လက် သင်ကြားခဲ့သည်။ ယင်းသို့သင်ကြားစဉ်၊ နေ့စာတစ်ဝါ၊ ညစာ တစ်ဝါကိုလည်း အမြဲပို့ချခဲ့၏။ ဝါတော်သုံးဝါရရှိသောအခါ မိုးကောင်းတိုက် ထိမ်ပင်ကျောင်း၌ ကျောင်းထိုင်ဘုန်းကြီးအဖြစ် သို့ရောက်၏။ လေးဝါရသော်၊ ဝိနည်း ၅ ကျမ်းအဋ္ဌကထာ၊ အဋ္ဌသာလိနီအဋ္ဌကထာ သမ္မောဟဝိနောဒနီအဋ္ဌကထာနှင့် မူလ ဋီကာ ညဝါ ၂ ခေါက်ပေါက်ပြီးဖြစ်သဖြင့် နံနက်စာဝါအလိုက် ဖြတ်လျက် ညနေစာဝါလိုက်ပြီးလျှင် နံနက်တွင် ပါရာဇိကဏ် အဋ္ဌကထာ၊ နေ့ ၁၂ နာရီ အချိန်၌ သဒ္ဒါကြီးနျာသကျမ်းများကို ပို့ချပေးတော်မူ၏။ ယင်းသို့ပို့ချရာ စာလိုက်သံဃာ ၁ဝဝ ကျော်ရှိလေသည်။ ထိုသို့စာလိုက်သံဃာ များစွာရှိခဲ့သောကြောင့် ၁၂၆ဝ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော ပရိယတ္တိသာသနဟိတ အသင်း၏ ရှေးဦးအစ ဓမ္မာစရိယဖြစ်တော်မူခဲ့သည်။ စာချဓမ္မာ စရိယအဖြစ်သို့ရောက်သော်လည်း သိက္ခာဝါ ၁၂ ဝါတိုင်အောင် ပဉ္စမကြိုဏ်အဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် သုတ်သုံးကျမ်း အဋ္ဌကထာများ၊ ကုန်အောင်ညနေစာဝါလိုက်ကာ သင်ယူခဲ့လေ သည်။

သိက္ခာတော် ၇ ဝါရချိန်မှစ၍ နာဂိန္ဒာဘိကဝိဓဇမဟာဓမ္မ ရာဇာဓိရာဇဂုရု တံဆိပ်တော်ရ မိုးကောင်းဆရာ တော်ဘုရားကြီး စသော တစ်ကျိပ်နှစ်ပါးသော သာသနာပြုဆရာတော်ကြီးများ၏ သီတင်းနေ့တိုင်း အစည်းအဝေး၌ အတွင်းရေးမှူးအဖြစ် ဆောင် ရွက်လာခဲ့ရသည်။ ထိုဆရာတော်ကြီးများက ရေဝတာဘိကဝိဓဇ သာသနကရ ဟူသော ဘွဲ့တံဆိပ်ကိုပေးအပ်၍ မြို့ပြင်ကြီးဆရာ တော်အစား သာသနာပြုဆရာတော်တစ်ပါးအဖြစ် ထည့်သွင်း ချီးမြေ|ာက်ခြင်း ခံခဲ့ရလေသည်။

၁၂၇၄ ခုနှစ်တွင် ရတနာဂီရိစံ သီပေါဘုရင်က ရေဝတာ ဘိပဏ္ဍိတဓဇမဟာဓမ္မရာဇဂုရုဘွဲ့တံဆိပ်တော် လှူဒန်းသည်ကို ၎င်း၊ အင်္ဂလိပ်အစိုးရကလည်း အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ကို လှူဒန်းသည်ကို၎င်း ခံယူခဲ့၏။

၁၃၁၅ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံသမ္မတက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့လေ သည်။

ယင်းသို့ ဘွဲ့တံဆိပ်တော်အသီးသီး ရရှိတော်မူသော ညောင်ရမ်းဆရာတော်ဘုရားကြီး၏ မှတ်သားဖွယ်ရာ သာသနာ့ ရေးရာ ဆောင်ရွက်ချက်အချို့တို့သည် ဤသို့ဖြစ်၏။ သာသနာ တော် တိုးတက်ကြီးပွားရေးအတွက် သက်တော် ၂၄ နှစ် သက္ခာ ၄ ဝါအတွင်း၌ပင် ဝိနည်းငါးကျမ်းပါဠိတော်ကို ခြောက် ခေါက်ပေါက်အောင် ပို့ချသင်ပြတော်မူခဲ့၏။ ၁၂၆၅ ခုနှစ်ကစ၍ ပရိယတ္တိသာသနဟိတအသင်းကျင်းပရာ စာမေးပွဲစည်းမျဉ်းများ ကို မူလရေး၍ပေးခဲ့ပြီးလျှင် နောက်ထပ် ၂ ကြိမ်ပြင်ဆင်ပေးခဲ့ ၏။ မေးခွန်းပုစ္ဆာများကိုလည်း နှစ်စဉ် ချီးမြေ|ာက်ခဲ့သည်။ အစိုးရပထမပြန်စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်ဖြင့်လည်း ဆောင် ရွက်ခဲ့၏။

သံဃသာမဂ္ဂီအဖွဲ့၏ ပထမဦးဆုံး ဥက္ကဋ္ဌ၊ ဝံသာနုစာမေးပွဲ ပထမဦးဆုံး ဥက္ကဋ္ဌအဖြစ်ဖြင့်လည်း သာသနာတော်ကိုချီးမြေ|ာက် ခဲ့၏။ ထို့ပြင် ဆဋ္ဌသံဂါယနာမဟာဓမ္မသဘင်ကြီး၏ သံဃ နာယကအဖြစ်ဖြင့်၎င်း၊ နိုင်ငံတော် ဗုဒ္ဓသာသနအဖွဲ့၏ 0x100သဝါဒ စရိယအဖြစ်ဖြင့်၎င်း၊ အထက်မြန်မာ နိုင်ငံတော်ဝိနည်းဓိုရ်အဖွဲ့ တာဝန်ခံအဖြစ်ဖြင့်၎င်း၊ ပါဠိတက္ကသိုလ်ဗဟိုဥက္ကဋ္ဌအဖြစ်ဖြင့်၎င်း ဆောင်ရွက်ခဲ့၏။ ဆဋ္ဌသံဂါယနာမဟာဓမ္မသဘင်တွင်လည်း၊ ပထမသန္နိပါတတွင် ၄၄ ရက်၊ ဒုတိယသန္နိပါတတွင် ၆၅ ရက်၊ ပေါင်း ၁ဝ၉ ရက်၊ ပျံလွန်တော်မူသည်အထိ သံဃနာယက အဖြစ်ဖြင့် နားရက်မယူဘဲ ဆောင်ရွက်တော်မူခဲ့သည်။

ညောင်ရမ်းဆရာတော်ဘုရားကြီးကား သာသနာ၏ အကျိုး ကို ဆောင်ရွက်ရာတွင် မြတ်စွာဘုရား၏ တရားဓမ္မခန်မှလွဲ၍၊ မည်သူ့ကိုမျှထောက်ထားလေ့မရှိပေ။ ဂျပန်ခေတ်တွင် ဂိုဏ်းဂဏ အသီးသီးမှ ဆရာတော်ကြီးများကို ရန်ကုန်သို့ပင့်ဖိတ်၍၊ ရန်သူ တို့ကိုတိုက်ခိုက်ရေး၌ သံဃာတော်များက ကူညီရန် ဂျပန်တို့က လျှောက်ထားသည်။ ထိုအခါ ညောင်ရမ်းဆရာတော်ဘုရားကြီး က ရဟန်းတို့မည်သည် စစ်နှင့်ပတ်သက်၍ အားပေးအား မြေ|ာက်မပြု၍ သတ်မည်ဆိုလျှင် ငါ့ကိုအရင်သတ်နိုင်သည်ဟု မိန့်ကြားခဲ့လေသည်။

ညောင်ရမ်းဆရာတော်ဘုရားသည် ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ပေါင်း ၁၃ဝ ကျော်တို့ကို ရေးသားပြုစုခဲ့သည်။ ညောင်ရမ်းဆရာတော်ဘုရားကြီးသည် ဆဋ္ဌသံဂါယနာတင် မဟာဓမ္မသဘင်တွင် အားကြိုးမာန်တက် ဆောင်ရွက်တော်မူနေ စဉ်၊ ၁၃၁၆ ခုနှစ် တပို့တွဲလပြည့် (၇-၂-၅၅) တနင်္လာနေ့၊ နေ့ ၂ နာရီ၊ ၁၃ မိနစ် အချိန်၌ သီရိမင်္ဂလာကုန်း၊ အဘိဓဇ မဟာဝိဟာရ၌ ပျံလွန်တော်မူသည်။ ဆဋ္ဌသံဂါယနာမဟာဓမ္မ သဘင်တွင် ပထမဆုံး သံဃနာယကဖြစ်သည့်အတွက် ဆရာ တော်၏ပုံတော်ကို ကြေးရုပ်သွန်း၍ အထိမ်းအမှတ်အဖြစ်ဖြင့် ဆဋ္ဌသံဂီတိမဟာပါသာနဂူတွင် တည်ထားလျက်ရှိသည်။[၁]

ကျမ်းများပြုစုခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

၁။ သီလက္ခန်ဋီကာသစ်နိသျ၊

၂။ သီလက္ခန်ဋီကာဟောင်းနိသျ၊

၃။ မဟာသမယသုတ်ပါဠိတော်နိသျ၊

၄။ ဓမ္မိကသုတ်ပါဠိတော်နိသျ၊

၅။ ဗြဟ္မနိမန္တနသုတ်ပါဠိတော်နိသျ၊

၆။ ဗုဒ္ဓဝံသပါဠိတော် ဓာတုဘာဇနိယကထာနိသျ၊

၇။ ပရမတ္ထဂမ္ဘီရပါဌ်နိသျ၊

၈။ ပေတသုတ်ပါဠိတော်နိသျ၊

၉။ ဟေမာဝတသုတ်ပါဠိတော်နိသျ၊

၁၀။ ပါရာဇိကဏ်အဋ္ဌကထာပဏာမ ၁၈ ဂါထာ သမ္ဗန် လေးပါးလှည့်နိသျ၊

၁၁။ ဝဏ္ဏဇ္ဈက္ခပဒသံဝဏ္ဏနာဝိနိစ္ဆယပါဌ်၊

၁၂။ သီဟဠဒဠီကမ္မဝိနိစ္ဆယ ဝိသောဓနီပါဌ်၊

၁၃။ သီဟဠဒကမ္မဝါစာ ပုစ္ဆာဝိသဇ္ဇနာပါဌ်၊

၁၄။ သီဝလိ ၁၀ ဂါထာနှင့် လောကီ ၆ ဂါထာနိသျ၊

၁၅။ ဗုဒ္ဓနဝဂုဏလောကီ ၂၄ ဂါထာနိသျ၊

၁၆။ လောကီစမအက္ခရာ ၁၅ ဂါထာနိသျ၊

၁၇။ နမက္ကာရဋီကာပါဌ်၊

၁၈။ ဂါထာသံဝဏ္ဏနာပါဌ်၊

၁၉။ သီဟဠပုစ္ဆာဝိသဇ္ဇနာပါဌ်၊

၂၀။ ဇိဝိတပရိစာဂါဒိဝိနိစ္ဆယ၊

၂၁။ ဥပါသကဂုဏပကာသနီ၊

၂၂။ ကထိနဒါနဝိနိစ္ဆယ၊

၂၃။ ဥပါသကစက္ခုကျမ်း၊

၂၄။ ဥပါသက စာရိတ္တကျမ်း၊

၂၅။ လဉ္ဇဂဟဏဒေါသဒီပနီ၊

၂၆။ ပရပုတ္တာနုဂ္ဂဟ - သာသနဒါယာဒကျမ်း၊

၂၇။ ဝဿုကဍ္ဎနဝဿုပနာယိက ဝိနိစ္ဆယ၊

၂၈။ ကထိနဒါနဋ္ဌာနာဒိ ဝိနိစ္ဆယ၊

၂၉။ သံယိကဝိဟာရဒွိသန္တကရက္ခကဝိနိစ္ဆယ၊

၃၀။ ဘဏ္ဍာဒေယျဝိနိစ္ဆယ၊

၃၁။ သာမဏေရသရဏဒါနဝိနိစ္ဆယ၊

၃၂။ ကထိနက္ခန္ဓကဝဇိရဗုဒ္ဓိဋီကာဝိနိစ္ဆယ၊

၃၃။ ဝါကျဂဏ္ဌိပဒဝိနိစ္ဆယ၊

၃၄။ ခေတ္တဒါနဝိနိစ္ဆယ၊

၃၅။ ဝိဿာသဂါဟဝိနိစ္ဆယ၊

၃၆။ စေတိယာဘိန္ဒနဝိနိစ္ဆယ၊

၃၇။ ဗုဒ္ဓအဂါရဝါဒိဝိနိစ္ဆယ၊

၃၈။ သံဃိကဝိဟာရသဉ္စရဏဝိနိစ္ဆယ၊

၃၉။ စတုပုစ္ဆာဝိသဇ္ဇနာဝိနိစ္ဆယ၊

၄၀။ ပဉ္စကပုစ္ဆာဝိသဇ္ဇနာ၊

၄၁။ နဝပဉ္စာဗျာကရဏဝိနိစ္ဆယ၊

၄၂။ ဂါမဘောဇကဝိသုံဂါမဝိနိစ္ဆယ၊

၄၃။ ကထိနာနိသံသနှင့် ပဉ္စကပုစ္ဆာဝိသဇ္ဇနာ၊

၄၄။ ပတ္တနိကုဇ္ဇနပတ္တုက္ကုဇ္ဇနကမ္မဝိနိစ္ဆယ၊

၄၅။ ဂါမပရိတ္တဘဏနဝိနိစ္ဆယ၊

၄၆။ သာမဏေရသံဃဝိနိစ္ဆယ၊

၄၇။ သံဃိကဝိဟာရသဉ္စရဏဝိနိစ္ဆယ၊

၄၈။ စတုဒိသာဇရပ်မှသည်တိုင်စသည် ဝိနိစ္ဆယ၊

၄၉။ ကထိနဒ္ဓါရအနတ္ထရဏဝိနိစ္ဆယ၊

၅၀။ စတုပဉ္စဗျာကရဏဝိနိစ္ဆယ၊

၅၁။ ဇိဏ္ဏဘိန္ဒနဝိနိစ္ဆယနှင့် လက်ဘက်ရည်သောက် ဝိကာလဘောဇနဝိနိစ္ဆယ၊ အာယတဂီတဓမ္မဝိနိစ္ဆယ၊

၅၂။ မိစ္ဆာသတိဝိနိစ္ဆယနှင့် ဒုဟေတုကဥဂ္ဂဟနိမိတ္တဝိနိစ္ဆယ၊

၅၃။ ဘဏ္ဍာဒေယျဝိနိစ္ဆယ၊

၅၄။ ကပ္ပိယာကပ္ပိယနိဿဂ္ဂိယာဒိဝိနိစ္ဆယ၊

၅၅။ မတသန္တကဒုဒိန္နာဒိဝိနိစ္ဆယ၊

၅၆။ ပရမတ္ထဂမ္ဘီရဝိနိစ္ဆယ၊

၅၇။ တရားစွဲဘဏ္ဍာဒေယျာဒိဝိနိစ္ဆယ၊

၅၈။ ဥပဟနာရုဠာဒိဝိနိစ္ဆယ၊

၅၉။ သီလရှင်ပဗ္ဗဇ္ဇဝိနိစ္ဆယနှင့် အရညဝိဟာရဝိနိစ္ဆယ၊

၆၀။ အရညဓုတင်္ဂနာသနဂါမဝိနိစ္ဆယ၊

၆၁။ ပရမတ္ထလက္ခဏသဘာဝဝိသေသာ ဝိသေသဝိနိစ္ဆယ၊

၆၂။ ပုဏ္ဏမာဝိနိစ္ဆယ၊

၆၃။ ဘဏ္ဍဝိနာသက ဝိနိစ္ဆယနှင့် ဝဉ္စနဝုတ္တောဝါဒကဝတ္ထုဝိသေသ ဝိနိစ္ဆယ၊

၆၄။ ကုဋိသဉ္စရဏာဒိဝိနိစ္ဆယ၊

၆၅။ ပတ္တကလ္လာဒိဝိနိစ္ဆယ၊ (ဂါမဘောဇကဝိနိစ္ဆယ၊ လေဟရဇ္ဇုဝိနိစ္ဆယ၊ ဝိဟာရဘိန္ဒနဂ္ဂါဟ - ဝိနိစ္ဆယ၊ အဝဟရဏဒါန ပဋိဂ္ဂါဟဝိနိစ္ဆယ၊ တိရစ္ဆာနဝိနိစ္ဆယ၊ အနေက္ခတ္တုံအဝဟရဏဝိနိစ္ဆယ)

၆၆။ သုဝဏ္ဏာဒိ ဒါမလေပနဝိနိစ္ဆယနှင့် သုဝဏ္ဏစ္ဆာဒကပဋိဂ္ဂဟဏ ဝိနိစ္ဆယ၊

၆၇။ တိသန္ဓိကပလ္လင်္ကဝိနိစ္ဆယ၊

၆၈။ ဆက္ကပဉှာဝိသဇ္ဇနာ၊

၆၉။ နဝပဉှာဝသဇ္ဇနာ၊

၇၀။ သီမသမူဟန ဝိနိစ္ဆယ၊

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၄၇၊ ၁၄၈၊ ၁၄၉၊ ၁၅၀၊ ၁၅၁။