ပဲခူးမြို့မ ဆရာတော်

ဝီကီပီးဒီးယား မှ
ဘဒ္ဒန္တဣန္ဒာစာရမဟာထေရ်
ဘာသာဗုဒ္ဓဘာသာ
ကျောင်းတိုက်မြို့မ ပရိယတ္တိစာသင်တိုက်၊ပဲခူးမြို့
ဘွဲ့တံဆိပ်
အခြားအမည်များပဲခူးမြို့မ ဆရာတော်ကြီး
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား(1897-07-11)ဇူလိုင် ၁၁၊ ၁၈၉၇
ပဲခူးတိုင်းဒေသကြီးပဲခူးမြို့ဝမ်းဘဲအင်းရွာ
ကွယ်လွန်၂၇ ဧပြီ၊ ၁၉၉၃(1993-04-27) (အသက် ၉၅)
မိဘဦးရွှေအေး- ဒေါ်လှညိမ်း
ရာထူး တာဝန်
ဌာနနိုင်ငံတော် သံဃမဟာနာယကအဖွဲ့
ဂုဏ်ဒြပ်ဥက္ကဋ္ဌဆရာတော်
ယခင်ကိုယ်တိုင်
ဆက်ခံမြင်းခြံ ကိုးဆောင်တိုက်ဆရာတော်

ဘဒ္ဒန္တဣန္ဒာစာရမဟာထေရ် (၁၈၉၇ - ၁၉၉၃ ) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ဦးဖြစ်ကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၏ ပထမဦးဆုံးသော ဥက္ကဋ္ဌဆရာတော်ဖြစ်ခဲ့သည်။သက်တော်ရှည် ပဲခူးမြို့မ ဆရာတော် ဟူ၍ ထင်ရှားသည်။နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် များ၏ အဓိပတိဆရာတော် လည်းဖြစ်ခဲ့သည်။[၁] ဆရာတော် အား ပဲခူးတိုင်းဒေသကြီးပဲခူးမြို့ဝမ်းဘဲအင်းရွာ တွင် ခမည်းတော် ဦးရွှေအေး ၊မယ်တော် ဒေါ်လှညိမ်း တို့က ၁၂၅၉-ခုနှစ်၊ ဝါဆိုလဆန်း(၁၃)ရက်၊တနင်္ဂနွေနေ့ တွင် ဖွားမြင်ခဲ့သည်။

ရဟန်းဘောင်သို့ ဝင်ရောက်လာပုံ[ပြင်ဆင်ရန်]

၁၂၆၉-ခုနှစ် သက်တော် ၁၀ နှစ် အရွယ်တွင် ဝမ်းဘဲအင်းရွာအနောက်ကျောင်းကြီး ဆရာတော် ဘဒ္ဒန္တသုဒဿနကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်သည်။သက်တော် ၁၉ နှစ်အရွယ် ၁၂၇၈-ခုနှစ်၊ တပေါင်းလဆန်း (၄) ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဘဒ္ဒန္တသုဒဿန ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူပြီး ဝမ်းဘဲအင်းရွာ အနောက်ကျောင်း ခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်သည်။

စာသင်သားဘဝ[ပြင်ဆင်ရန်]

ရဟန်း (၃)ဝါအရတွင် အစိုးရ ငယ်၊ လတ်၊ ကြီး တန်းတို့ကို ဖြေဆိုရာ နှစ်ချင်းဆက် အောင်မြင်ခဲ့သည်။ပိဋကတ် ကျမ်းစာများ သင်ယူမှု တို့ကို ဝမ်းဘဲအင်းရွာ ဆရာတော်၊ ချောင်းဦးမြို့ မဟာဓမ္မာရုံ ဆရာတော်၊ မန္တလေးမြို့ မစိုးရိမ်တိုက်ဆရာတော် ဘဒ္ဒန္တသောမ၊ ဘဒ္ဒန္တသူရိယ၊ ဘုရားကြီးတိုက် ဆရာတော် ဘဒ္ဒန္တနာရဒ၊ ရွှေရေးဆောင်ဆရာတော် ဦးကြည် နှင့် ဖက်ပင်အိုင်ဆရာတော် ဘဒ္ဒန္တမေဃိယ စသော ဆရာတော်များ၏ထံရင်းတို့၌ သင်ယူခဲ့သည်။

သာသနာ့ကိစ္စများဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

၁၂၉၃-ခုနှစ်တွင် ဝမ်းဘဲအင်းရွာ၊ အနောက် ကျောင်းကြီး၌ စာပေပို့ချခဲ့ပြီး ၁၂၉၅-ခုနှစ် မှစ၍ ပဲခူးမြို့၊ မြို့မပရိယတ္တိစာသင်တိုက်ကြီးဖွင့်လှစ် တည်ထောင်ကာ သက်တော်(၈၀)အထိ စာပေ ပို့ချခဲ့သည်။ ထို့အပြင် အောက်ပါ သာသနာရေး တာဝန် များလည်း ထမ်းဆောင်ခဲ့သည်။

  • ပဲခူးမြို့ သုဓမ္မာဂိုဏ်းကြီး၏ ဂဏာစရိယ
  • မှော်ဘီမြို့နယ်၊ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၌ ပဲခူးခရိုင် သံဃာ့ကိုယ်စားလှယ်
  • ရွှေမော်ဓောစေတီ၊ မဟာဟံသဇိနမုနိသွန်းတော်မူ ဘုရားကြီး မဟာစေတီဂေါပက
  • မဟာကလျာဏီ သိမ်တော် ဂေါပကအဖွဲ့တို့၏သြဝါဒါစရိယ
  • ဆံတော်ရှင်ဒေးစွန်ပါ စေတီတော်သြဝါဒါစရိယဥက္ကဋ္ဌ
  • ပါဠိပထမပြန်နှင့် ဓမ္မာစရိယ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ
  • ပဲခူးမြို့မဝိနယာဓိက ပရိယတ္တိ စာမေးပွဲကြီး၊ ရွှေခြူး ဝိနယတံခွန် စာမေးပွဲကြီးတို့၏ သြဝါဒါစရိယ
  • ဆဋ္ဌသင်္ဂါယနာတင် သင်္ဂီတိကာရက
  • ဂိုဏ်း ပေါင်းစုံ သံဃာ့အစည်းအဝေး သံဃာ့ဝန်ဆောင် (၆၆)ပါးအဖွဲ့ကြီး၏ဥက္ကဋ္ဌ ( ၁၃၄၁-ခုနှစ် )
  • ဂိုဏ်းပေါင်းစုံသံဃာ့ ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ( ၁၉၈၀ - ၁၉၉၃ )
  • နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ( ၁၉၈၀ - ၁၉၉၃ )
  • နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ( ၁၉၈၀ - ၁၉၉၃ )
  • နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်( ရန်ကုန်၊ မန္တလေး )များ၏ အဓိပတိ။

ရေးသားခဲ့သော ကျမ်းများ[ပြင်ဆင်ရန်]

  • ပဋ္ဌာနညဝါကြေးမုံကျမ်း
  • ယမကညဝါကြေးမုံကျမ်း
  • ဖက်ပင်အိုင်နိယံ အဖြေခေါ် ဝါကျအခြေပြုကျမ်း
  • ဋီကာကျော်ဂဏ္ဍီသစ်
  • ဗုဒ္ဓဘာသာ ပဉ္စာဝိဿဇ္ဇနာ
  • ဩဝါဒပေါင်းစုံ ဓမ္မကြေးမုံ
  • ဝေလာမသုတ် ဘာသာပြန်နှင့် မေတ္တာအကျိုးကျေးဇူး
  • ဆုတောင်း ဂါထာယောဇနာ
  • စတုဗ္ဗိဓဗျာကရဏကျမ်း
  • မဟာသီဝလိ သိမ်တော်ကြီး
  • ဒေးစွန်ပါစေတီတော် သမိုင်း

ဆက်ကပ်ပူဇော်ခြင်းခံရသောဘွဲ့တံဆိပ်များ[ပြင်ဆင်ရန်]

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်ကြီး သည် ၁၉၉၃ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့ တွင် အင်္ဂါနေ့ တွင် ရန်ကုန်မြို့ ၌   တစ်ဘဝ ခန္ဓာဇာတ် ကင်းပြတ်ချုပ်ငြိမ်း၊ ရုပ်သိမ်း ပျံလွန်တော်မူခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ခေတ်အဆက်ဆက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောဆရာတော်ကြီးများ၏ ထေရုပတ္တိအကျဉ်းချုပ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့။ 14 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၆ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ဘဒ္ဒန္တဣန္ဒာစာရမဟာထေရ်၏ အန္တိမသာဓုကီဠနပူဇာသဘင် အခမ်းအနားအစီအစဉ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန။ 16 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၆ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။