မြင်းခြံ ကိုးဆောင်တိုက်ဆရာတော်

ဝီကီပီးဒီးယား မှ
ဘဒ္ဒန္တသောဘိတမဟာထေရ်
ဘာသာဗုဒ္ဓဘာသာ
ကျောင်းတိုက်မြင်းခြံမြို့၊ ကိုးဆောင်တိုက် ပခုက္ကူကျောင်းသစ် စာသင်တိုက်
ဘွဲ့တံဆိပ်
အခြားအမည်များမြင်းခံမြို့၊ကိုးဆောင်တိုက်ဆရာတော်ကြီး
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား(1910-02-25)ဖေဖော်ဝါရီ ၂၅၊ ၁၉၁၀
မန္တလေးတိုင်းဒေသကြီးပုဂံမြို့နယ်၊ သီရိပစ္စယာရွာ
ကွယ်လွန်၁၇ နိုဝင်ဘာ၊ ၂၀၀၄(2004-11-17) (အသက် ၉၄)
မိဘဦးဘိုးခစ်၊ဒေါ်ကျော့
ရာထူး တာဝန်
ဌာနနိုင်ငံတော် သံဃမဟာနာယကအဖွဲ့
ဂုဏ်ဒြပ်ဥက္ကဋ္ဌဆရာတော်
ယခင်ပဲခူးမြို့မ ဆရာတော်
ဆက်ခံဘဒ္ဒန္တကုမာရ (မကွေးဆရာတော်)

ဘဒ္ဒန္တသောဘိတမဟာထေရ် (၁၉၁၀-၂၀၀၄) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ဦးဖြစ်ကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၏ ဒုတိယမြောက် ဥက္ကဋ္ဌဆရာတော်ဖြစ်ခဲ့သည်။သက်တော်ရှည် မြင်းခံမြို့၊ကိုးဆောင်တိုက် ဆရာတော်ကြီး ဟူ၍ ထင်ရှားသည်။ ဆရာတော် အား မန္တလေးတိုင်းဒေသကြီးပုဂံမြို့နယ်၊ သီရိပစ္စယာရွာ တွင် ခမည်းတော် ဦးဘိုးခစ်၊မယ်တော် ဒေါ်ကျော့ တို့က  ၁၂၇၁-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၃)ရက်၊ သောကြာနေ့ တွင် ဖွားမြင်ခဲ့သည်။ [၁]

ရဟန်းပြုခြင်း[ပြင်ဆင်ရန်]

သက်တော် ၁၂ နှစ် အရွယ် ၁၂၈၃-ခုနှစ်တွင် သီရိပစ္စယာသာယာဝတေ့ကျောင်း ဆရာတော်ဦးပညာဝံသကို ဥပဇ္ဈာယ်ပြု၍ မိဘ နှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်သည်။သက်တော် ၂၀ အရွယ် ၁၂၉၁-ခုနှစ်သို့ ရောက်သောအခါ မြင်းခြံမြို့၊ ဈေးကြီးရပ်၊ သမာဓိဝန်မင်းဆန်ကုန်သည်ကြီး ဦးထွန်းခိုင်၊ ကျောင်းဒါယိကာမကြီး ဒေါ်နန်းစိန် မိသားစု၏ ပစ္စယာနုဂ္ဂဟကိုခံယူပြီး ကိုးဆောင်တိုက် ခဏ္ဍသိမ် ၌ ဟင်္သာတမြို့ တလုတ္ထော် သမိုင်ထန်းတောကြီး ဆရာတော်ကြီး အား ဥပဇ္ဈာယ်ပြု၍  ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။

စာသင်သားဘဝ[ပြင်ဆင်ရန်]

ရဟန်းသိက္ခာ(၂)ဝါ အရ ၁၂၉၃-ခုနှစ်တွင် ပခုက္ကူမြို့ ဆရာတော်အရှင်ပညာ နှင့် အရှင်သုန္ဒရတို့ထံတွင် ဝိသုဒ္ဓိမဂ်မဟာဋီကာ၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ ကင်္ခါဋီကာသစ်၊ အဘိဓမ္မာပါဠိတော်များ ကို ဆိုဝါဖြင့် သင်ယူတော်မူခဲ့သည်။ ရဟန်း(၅)ဝါအရောက်တွင်  ပိဋကတ်စာပေများအား နှံ့စပ်ကျွမ်းကျင်စွာ သင်ယူပြီးမြောက်ခဲ့သည်ဆိုသော မှတ်တမ်းရှိသည်။

အောင်မြင်တော်မူခဲ့သည့် စာမေးပွဲများ[ပြင်ဆင်ရန်]

  • အစိုးရ ငယ်
  • အစိုးရ  လတ်
  • အစိုးရ ကြီးတန်း တို့အား တစ်ဆင့်ပြီး တစ်ဆင့်အောင်မြင်ခဲ့။
  • အစိုးရဓမ္မာစရိယစာမေးပွဲ  (၁၃၁၂-ခုနှစ်) ဂုဏ်ထူးဆောင်ကျမ်းများ နှင့်တကွ ထူးမြတ်စွာအောင်မြင်ခဲ့၍ သာသနဓဇ သိရီပဝရ ဓမ္မာစရိယဘွဲ့တံဆိပ်တော် နှင့် အောင် လက်မှတ်တော် ရရှိ။

ထမ်းဆောင်ခဲ့သည့် သာသနာရေးတာဝန်များ[ပြင်ဆင်ရန်]

  • ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ပွဲကြီး၏ (၆၆)ပါး ကိုယ်စားလှယ်
  • ၁၉၈၀-ခုနှစ်မှ ၁၉၈၁-ခုနှစ်အထိ နိုင်ငံတော်သံဃမဟာနာယက
  • ၁၉၈၁-ခုနှစ်မှ ၁၉၉၃-ခုနှစ်အထိ ဒုတိယဥက္ကဋ္ဌ
  • ၁၉၉၃-ခုနှစ် မှ ၂၀၀၄-ခုနှစ် အထိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ
  • မြင်းခြံခရိုင်ဝိနည်းဓိုရ်
  • ပါဠိပညာရေး အဖွဲ့နာယက
  • ပါဠိတက္ကသိုလ် ဗဟိုကိုယ်စားလှယ်
  • ဆဌသင်္ဂါယနာ သင်္ဂီတိကာရကနှင့် ဘာဏက
  • ဆဋ္ဌသင်္ဂါယနာ ပါဠိဝိသောဓက
  • ဂျပန်ပြည် သာသနာပြုအဖွဲ့ဝင်
  • သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးဦးစီး အဖွဲ့ဝင်
  • သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး၏ (၆၆)ပါး၊ ကိုယ်စားလှယ်အဖွဲ့ဝင်
  • သမ္မုတိရ သံဃာ့ကိုယ်စားလှယ်
  • နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ
  • နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ
  • နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ကြီးများ (ရန်ကုန်၊ မန္တလေး)တို့၏ အဓိပတိ
  • အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် အဓိပတိ
  • မဟာဝိသုတာရာမ ဂဏ ဝါစကနိကာယအဖွဲ့ကြီး၏ အဓိပတိ

ရေးသားခဲ့သော ကျမ်းများ[ပြင်ဆင်ရန်]

  • ဝါကျသံသယဝိသောဓနီကျမ်း
  • ဝိနယဗဟုသုတ ပကာသနီကျမ်း
  • မြင်းခြံ ကိုးဆောင်ကံဆောင် ကမ္မဝါစာကျမ်း
  • မဟာပရိတ်တော်ကြီး နိဿယသစ် [၂]

ဆက်ကပ်ပူဇော်ခြင်းခံရသောဘွဲ့တံဆိပ်များ[ပြင်ဆင်ရန်]

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်ကြီး သည် သက်တော်-၉၅ နှစ်၊ သိက္ခာတော်-၇၆ ဝါ အရ ၁၃၆၆-ခု၊ တန်ဆောင်မုန်းလဆန်း (၆) ရက် (၁၇-၁၁-၂၀၀၄)ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၁) နာရီ (၃၅)မိနစ်တွင် တစ်ဘဝခန္ဓာ ဇာတ်ကင်းပြတ် ချုပ်ငြိမ်း၊ ရုပ်သိမ်းပျံလွန်တော်မူခဲ့သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ခေတ်အဆက်ဆက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သော ဆရာတော်ကြီးများ၏ ထေရုပတ္တိအကျဉ်းချုပ်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့။ 3 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. မြင်းခြံမြို့၊ ကိုးဆောင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘိတSong Chan Moe (၇ ဖေဖော်ဝါရီ ၂၀၁၉)။ 26 January 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ဘဝနတ်ထံဝင်စံတော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မြင်းခြံဆရာတော် ဘဒ္ဒန္တသောဘိတ ဥတုဇရုပ်ကလာပ်တော်အား အန္တိမဈာပနသာဓုကီဠနပူဇာသဘင်ကျင်းပပြီးတေဇောဓါတ်ဖြင့်မီးပူဇော်မြန်မာအလင်းသတင်းစာ၊၂၈ နိုဝင်ဘာ ၂၀၀၄ ထုတ် စာမျက်နှာ(၉) (၂၇ နိုဝင်ဘာ ၂၀၀၄)။ 19 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။