မာတိကာသို့ ခုန်သွားရန်

ခြေမြန်တပ်ရင်း (မြန်မာ)

ဝီကီပီးဒီးယား မှ

ခြေလျင်/ခြေမြန်တပ်ရင်း (အင်္ဂလိပ်: Light Infantry Regiment/Battalion) ဆိုသည်မှာ တပ်မတော်(ကြည်း)ပင်မတိုက်ခိုက်ရေးတပ်ရင်း ဖြစ်သည်။ ခြေမြန်တပ်ရင်း (ခမရ) များသည် လွတ်လပ်ရေးရပြီးချိန်ကစ၍ စတင်ဖွဲ့စည်းခဲ့သော တပ်မတော်(ကြည်း)၏ မူလတိုက်ခိုက်ရေးတပ်ရင်းများ ဖြစ်ကြသည်။ ခြေလျင်တပ်ရင်း (ခလရ) များမှာမူ ၁၉၉၀ ခုနှစ်နောက်ပိုင်း၌ မူလခြေမြန်တပ်ရင်းများကို ဖွဲ့စည်းပုံပိုမိုကျစ်လျစ်စေရန်သော်လည်းကောင်း၊ မြူတနီ(ခေါ်)တပ်တွင်းပုန်ကန်မှုများကို တားဆီးနိုင်ရန်သော်လည်းကောင်း၊ ရာထူးနေရာများပိုမိုကျယ်ပြန့်လာစေရန်သော်လည်းကောင်း ခြေမြန်တပ်ရင်းများမှ အင်အားထုတ်နုတ်၍ ခြေလျင်တပ်ရင်းများကို ဖွဲ့စည်းခဲ့သည်။

ခြေလျင်/ခြေမြန်တပ်ရင်းများကို အမှတ်စဉ်များဖြင့်သာ အမည်ပေးလေ့ရှိသည် (ဥပမာ - အမှတ်(၁)ခြေလျင်တပ်ရင်း၊ အမှတ်(၁)ခြေမြန်တပ်ရင်း)။ ခြေလျင်/ခြေမြန်တပ်ရင်းများ၏ တံဆိပ်များမှာ တစ်ခုနှင့်တစ်ခုမတူညီကြဘဲ စတုဂံ၊ တြိဂံ၊ စက်ဝိုင်း၊ ဗဟုဂံပုံပေါ်တွင် တပ်ရင်းအမှတ်စဉ်ကို ရေးဆွဲထားသော တံဆိပ်များကို အသုံးပြုကြသည်။ ထိုတံဆိပ်များကို လက်မောင်း၌ မတပ်ဆင်ကြသော်လည်း စစ်ထွက်သည့်အခါတွင် ထိုတပ်ရင်းတံဆိပ်ပါသည့် ကျောပတ်အဝတ်စကို လည်ပင်းအနောက်၌ ဝတ်ဆင်ကြသည်။ ထိုသို့ဝတ်ဆင်ထားခြင်းမှာ တပ်ရင်းတစ်ရင်းနှင့်တစ်ရင်း စစ်မြေပြင်တွင် မရောထွေးစေရန်ဖြစ်သည်။

ခြေလျင်/ခြေမြန်တပ်ရင်းများသည် သက်ဆိုင်ရာအမိန့်ပေးစနစ်အရ နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ (သို့မဟုတ်) စစ်ဗျူဟာအဖွဲ့(အခြေချ) (သို့မဟုတ်) စစ်ဗျူဟာအဖွဲ့၏ ကွပ်ကဲမှုအောက်တွင်လည်းကောင်း၊ ဖွဲ့စည်းမှုစနစ်အရ နည်းဗျူဟာ၊ စစ်ဗျူဟာအဖွဲ့များသို့ တွဲထားခြင်းမရှိပါက သက်ဆိုင်ရာ စစ်ဌာနချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်လည်းကောင်း ရှိသည်။ စစ်ဖက်အုပ်ချုပ်ရေးကိုမူ သက်ဆိုင်ရာ တပ်နယ်မှူးထံ ခံယူရသည်။

ဖွဲ့စည်းပုံစနစ်

[ပြင်ဆင်ရန်]

ခြေလျင်/ခြေမြန်တပ်ရင်းတစ်ရင်းကို တပ်ရင်းမှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး (Lieutenant Colonel) တစ်ဦးက ကွပ်ကဲပြီး ဒုတိယတပ်ရင်းမှူးအဖြစ် ဗိုလ်မှူး (Major) တစ်ဦးက ကွပ်ကဲ၍ တပ်ရင်းကို အောက်ပါအတိုင်းဖွဲ့စည်းသည်-

  • တပ်ရင်းဌာနချုပ်: အရာရှိ ၄ယောက်၊အခြားအဆင့် ၄၁ ယောက်
  • ဌာနချုပ်တပ်ခွဲ: အရာရှိ ၇ယောက်၊အခြားအဆင့် ၂၆၉ ယောက်
    • တပ်ခွဲရုံး: အရာရှိ ၁ယောက်၊အခြားအဆင့် ၆ ယောက်
    • အင်ဂျင်နီယာတပ်စု: အရာရှိ ၁ယောက်၊အခြားအဆင့် ၃၄ ယောက်
    • ဆေးတပ်စု: အရာရှိ ၁ယောက်၊အခြားအဆင့် ၂၈ယောက်
    • ဆက်သွယ်ရေးတပ်စု: အရာရှိ ၁ယောက်၊အခြားအဆင့် ၃၀ယောက်
    • တပ်ရင်းအကူပစ်တပ်စု: အရာရှိ၁ယောက်၊အခြားဆင့် ၅၅ယောက်
    • တပ်ထောက်တပ်စု (သို့) မော်တော်ယာဉ်တပ်စု: အရာရှိ ၁ယောက်၊အခြားအဆင့် ၈၂ယောက်
    • အထွေထွေတပ်စု: အရာရှိ၁ယောက်၊အခြားအဆင့် ၃၄ယောက်
  • သေနတ်ကိုင်တပ်ခွဲ(၄)ခွဲ: တစ်ခွဲလျှင် အရာရှိ ၅ယောက်၊အခြားအဆင့် ၁၂၉ယောက်:
  • သေနတ်ကိုင်တပ်ခွဲတစ်ခွဲလျှင်:
    • တပ်ခွဲရုံး: အရာရှိ ၂ယောက်၊ အခြားအဆင့် ၂၇ ယောက်
    • ရုံး: အရာရှိ ၂ ယောက်၊ အခြားအဆင့် ၉ယောက်
    • ပစ်ကူတပ်စိတ်: အခြားအဆင့် ၁၈ ယောက်
    • သေနတ်ကိုင်တပ်စု (၃)စု
  • သေနတ်ကိုင်တပ်စုတစ်စုလျှင်: အရာရှိ ၁ ယောက်၊ အခြားအဆင့် ၃၄ ယောက်
    • တပ်စုရုံး: အရာရှိ ၁ ယောက်၊ အခြားအဆင့် ၄ ယောက်
    • သေနတ်ကိုင်တပ်စိတ်(၃)စိတ်: အခြားအဆင့် ၁၀ ယောက်
  • သေနတ်ကိုင်တပ်စိတ်တစ်စိတ်လျှင်:

တပ်စိတ်ရုံးနှင့်စက်အဖွဲ့:
တပ်စိတ်မှူး: တပ်ကြပ် (Corporal): MA 3 Carbine
ဒုတပ်စိတ်မှူး/စက်အဖွဲ့မှူး: ဒုတပ်ကြပ် (Lance Corporal): MA 3 Carbine
စက်ကလေး: တပ်သား (Private): MA 2 Light Machine Gun
စက်ကလေး: တပ်သား (Private): MA 2 Light Machine Gun
အဖွဲ့ (၁):
အဖွဲ့မှူး: ဒုတပ်ကြပ် (Lance Corporal): MA 3 Carbine
ဗုံးသမား: တပ်သား (Private): MA 4 Assault Rifle (MA 1 with 40mm UBGL attached)
သေနတ်သမား: တပ်သား (Private): MA 1 Assault Rifle
အဖွဲ့ (၂):
အဖွဲ့မှူး: ဒုတပ်ကြပ် (Lance Corporal): MA 3 Carbine
ဗုံးသမား: တပ်သား (Private): MA 4 Assault Rifle (MA 1 with 40mm UBGL attached)
သေနတ်သမား: တပ်သား (Private): MA 1 Assault Rifle
[၁]

တပ်ရင်းဌာနချုပ်

[ပြင်ဆင်ရန်]

တပ်ရင်းတစ်ရင်း ရုံးချုပ် (အင်္ဂလိပ်: Battalion/Regimental Headquarters) ဖြစ်ပြီး တပ်ရင်းမှူးဖြစ်သော ဒုဗိုလ်မှူးကြီး(Lieutenant Colonel) ရုံးထိုင်သည်။ တပ်ရင်းမှူးရှေ့တန်းထွက်ရပါက တပ်ရေးဗိုလ်ကြီးမှ ကွပ်ကဲသည်။ အရာရှိ ၄ယောက် အခြားအဆင့် ၄၁ယောက်နှင့်ဖွဲ့စည်းထားပြီး စုစုပေါင်း ၄၅ ယောက်ရှိသည်

ဌာနချုပ်တပ်ခွဲ

[ပြင်ဆင်ရန်]

ဌာနချုပ်တပ်ခွဲ (အင်္ဂလိပ်: Headquarter Company) သည် တပ်ရင်းရုံးတွင် အခြေစိုက်၍ ခြေလျင်/ခြေမြန်တပ်ရင်း၏ ဦး(G)၊ ရေး (A)၊ ထောက်(Q) အစရှိသော စစ်ဦးစီးတာဝန်ဆိုင်ရာတို့ကိုဆောင်ရွက်ရပြီး ဗိုလ်မှူး (Major) တစ်ဦးက ဌာနချုပ်တပ်ခွဲမှူးအဖြစ် ဦးစီးသည်။ အရာရှိ ၇ယောက်နှင့် အခြားအဆင့် ၂၆၉ယောက်ပါရှိပြီး စုစုပေါင်း ၂၇၉ယောက်ဖြစ်သည်

အင်ဂျင်နီယာတပ်စု

[ပြင်ဆင်ရန်]

အင်ဂျင်နီယာတပ်စု (အင်္ဂလိပ်: Engineer Platoon) သည် ခြေလျင်/ခြေမြန်တပ်ရင်း၏ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဖြစ်ပြီး BE များပါဝင်သည်။ အင်ဂျင်နီယာတပ်စုကို ဗိုလ်ကြီး (Captain) တစ်ဦးက တပ်စုမှူးအဖြစ် ဦးစီးပြီး တပ်စိတ် ၅ စိတ်ခွဲကာ တပ်စိတ်တစ်စိတ်လျင် ၆ယောက်ဖြင့် အခြားအဆင့် ၃၀ဖြင့်ဖွဲ့စည်းထားသည်ပြီး တပ်စုရုံးတွင် အခြားအဆင့် ၄ယောက်ရှိသဖြင့် အခြားအဆင့်ပေါင်း ၃၄ယောက်ရှိသည်။ စုစုပေါင်း ၃၅ယောက်ရှိပြီး သေနတ်ကိုင်တပ်စုနှင့် အင်အားတူညီသည်။

ဆေးတပ်စု

[ပြင်ဆင်ရန်]

ဆေးတပ်စု (အင်္ဂလိပ်: Medical Platoon) သည် ခြေလျင်/ခြေမြန်တပ်ရင်း၏ တပ်တွင်းကုသရေးတပ်ဖွဲ့ဖြစ်ပြီး စစ်ဆရာဝန်၊ စစ်သူနာပြုအစရှိသော ဆေးဝန်ထမ်းများ ပါဝင်သည်။ ဆေးတပ်စုကို ဗိုလ်ကြီး (Captain) တစ်ဦးက ဆေးမှူးအဖြစ် ဦးစီးပြီး အခြားဆင့်အယောက် ၂၈ယောက် ဖြင့်ဖွဲ့စည်းထားသည်။ စုစုပေါင်း ၂၉ ယောက်ရှိသည်။

ဆက်သွယ်ရေးတပ်စု

[ပြင်ဆင်ရန်]

ဆက်သွယ်ရေးတပ်စု (အင်္ဂလိပ်: Signal Platoon) သည် ခြေလျင်/ခြေမြန်တပ်ရင်း၏ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဖြစ်သော ဖက်စ်၊ ကြေးနန်း၊ ရေဒီယိုဆက်သွယ်ရေး၊ ဟော့လိုင်းဆက်သွယ်ရေး၊ တပ်တွင်းဆက်သွယ်ရေး၊ တပ်အချင်းချင်းသတင်းဖြန့်ဝေခြင်း အစရှိသည်တို့ကို ဆောင်ရွက်ရသည်။ ဆက်သွယ်ရေးတပ်စုကို ဗိုလ်ကြီး (Captain) တစ်ဦးက ဦးစီးပြီး အခြားဆင့် အယောက် ၃၀ ပါရှိသည်။ စုစုပေါင်း ၃၁ယောက်ရှိသည်။

တပ်ရင်းအကူပစ်တပ်စု

[ပြင်ဆင်ရန်]

အကူပစ်လက်နက်ကြီးတပ်စု (အင်္ဂလိပ်: Fire Support Platoon) သည် ရန်သူ့ခံစစ်များကိုဖြိုဖျက်ရာတွင်သော်လည်းကောင်း၊ ရန်သူ့ယာဉ်များကိုဖျက်စီးရန်သော်လည်းကောင်း၊ လက်နက်ကြီးပစ်ကူပေးရန်သော်လည်းကောင်း ခြေလျင်တပ်ခွဲများနှင့် ပူးပေါင်းတိုက်ခိုက်သည်။ ဗိုလ်မှူး (Major) တစ်ဦးက ကွပ်ကဲသည်။ တပ်စုတွင် MA 8 81mm Mortar ၄လက် ကိုပစ်ခတ်ရသော အင်အား ၂၀ တပ်စိတ်တစ်စိတ်ပါရှိပြီး တပ်ကြပ်ကြီး (Sergeant) မှ ဦးစီးသည်။ M2 Browning ကဲ့သို့ 12.7mm စက်ကြီးများကို ပစ်ခတ်ရသော အင်အား ၁၀ဦး တပ်စိတ်တစ်စိတ်ပါရှိပြီး တပ်ကြပ်ကြီး (Sergeant) မှ ဦးစီးသည်။ Carl Gustaf အားပုံစံတူကူးထားသော်လည်း 84mm အစား 81mm ဖြင့် မြန်မာမှုပြုထားသော MA 14 Recoilless Rifle တို့အားပစ်ခတ်ရသော အင်အား ၁၀ဦး တပ်စိတ်တစ်စိတ်ပါရှိပြီး တပ်ကြပ်ကြီး (Sergeant) မှဦးစီးသည်။ ရှေ့ပြေးလုံခြုံရေးတပ်စိတ်တစ်စိတ်လည်းပါရှိပြီး အင်အား ၁၀ဦးရှိကာ တပ်ကြပ် (Corporal) မှ ဦးစီးသည် (လုံခြုံရေးတပ်စိတ်သည် သေနတ်ကိုင်တပ်စိတ်နှင့် ဖွဲ့စည်းပုံအတူတူသာဖြစ်သည်။) တပ်စုတွင် အရာရှိ ၁ယောက် အခြားအဆင့် ၅၅ယောက်ရှိပြီး စုစုပေါင်း ၅၆ ယောက်ဖြစ်သည်။

တပ်ထောက်တပ်စု (သို့) မော်တော်ယာဉ်တပ်စု

[ပြင်ဆင်ရန်]

မော်တော်ယာဉ်တပ်စု (အင်္ဂလိပ်: Motor Transport Platoon) တွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ မော်တော်ယာဉ်များပါဝင်ကြသည်။ ဗိုလ်ကြီး အဆင့် ခွေးထက်မနိမ့်သော အရာရှိများကိုထုတ်ပေးသည့် Tata Xenon GS 800၊ Zhongxing Grand Tiger ကဲ့သို့ Double Cab Pickup ကားများ၊ စစ်အင်အားသယ်ယူပို့ဆောင်ရာတွင်သုံးသည့် Sinotruk၊ FAW အစရှိသော Truck ကားများ၊ ၎င်းတို့ကိုမောင်းနှင်သော ယာဉ်မောင်းများဖြင့် ဖွဲ့စည်းထားပြီး ခွေးတပ်ထောက်ဗိုလ်ကြီးအဖြစ်တာဝန်ယူထားသေား ဗိုလ်ကြီး (Captain) တစ်ဦးက ကွပ်ကဲသည်။ တပ်စုတွင် အရာရှိ ၁ယောက် အခြားအဆင့် ၈၂ဦးပါရှိပြီး တပ်ရင်းတစ်ရင်းလုံး ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးကို တာဝန်ယူရသည်။

အထွေအထွေခွေးရူးတပ်စု

[ပြင်ဆင်ရန်]

အထွေထွေတပ်(အင်္ဂလိပ်: Basic Duty Platoon) စုဖွဲ့စည်းပုံမှာ သေနတ်ကိုင်တပ်စုနှင့်ဖွဲ့စည်းပုံတူပြီး equipment များလဲတူပါသည်သို့သော် အထွေထွေတပ်စုမှ ရှေ့တန်းမလိုက်ရပေ။ သေနတ်ကိုင်တပ်စုကဲ့သို့ပင် တပ်စုရုံး နှင့် တပ်စိတ် ၃စိတ်ဖြင့်ဖွဲ့စည်းထားသော်လဲ တပ်စိတ် ၂စိတ်ကို ဗဟိုကင်းတာဝန်ပေးထားပြီး ၁စိတ်ကိုအရန်ထားသည်။ အရာရှိ၁ယောက် အခြားအဆင့် ၃၄ယောက်ဖြင့်ဖွဲ့စည်းထားသည်။

သေနတ်ကိုင်တပ်ခွဲ(၄)ခွဲ

[ပြင်ဆင်ရန်]

တိုက်ခိုက်ရေးတပ်ခွဲ (အင်္ဂလိပ်: Hero Dog) များသည် ခြေလျင်/ခြေမြန်တပ်ရင်း၏ တိုက်ခိုက်ရေးအင်အားများဖြစ်သည်။ တိုက်ခိုက်ရေးတပ်ခွဲ (၁) ခွဲလျှင် တိုက်ခိုက်ရေးတပ်စု (၃) ပါဝင်ပြီး တိုက်ခိုက်ရေးတပ်စု (၃) စုလျှင် တိုက်ခိုက်ရေးတပ်စိတ် (၃) စိတ်ဖြင့် ဖွဲ့စည်းထားသည်။ ဖွဲ့စည်းပုံအရ တပ်စိတ်တစ်စိတ်လျှင် အင်အား (၁၀) ဦး၊ တပ်စုရုံးလျှင် အင်အား (၅) ဦးတပ်စုတစ်စုလျှင် အင်အား (၃၅) ဦး၊ တပ်ခွဲရုံးလျှင် အင်အား (၂၉) ဦး တပ်ခွဲတစ်ခွဲလျှင်အင်အား (၁၃၄) ဦးရှိသည်။ တိုက်ခိုက်ရေးတပ်ခွဲကို ဗိုလ်မှူး (Major) တစ်ဦးက တပ်ခွဲမှူးအဖြစ်ကွပ်ကဲပြီး ဗိုလ်ကြီး (Captain) မှ ဒုတပ်ခွဲမှူး အဖြစ်ကွပ်ကဲသည်ဟု ဖွဲ့စည်းပုံတွင်တွေ့ရှိရသော်လည်း လက်တွေ့တင် ဒုတပ်ခွဲမှူးအဖြစ်ကွပ်ကဲရမည့် ဗိုလ်ကြီးအဆင့်က တပ်ခွဲမှူးအဖြစ်ကွပ်ကဲပြီး ဗိုလ်မှူးများသည် ဒုတပ်ရင်းမှူးများဖြစ်နေကြောင်းကိုတွေ့ရှိရသည်။ [၂]


စာရွက်ပေါ်ရှိ ဖွဲ့စည်းပုံအား အကြမ်းဖြစ်အားဖြင့်ပြရမည်ဆိုပါက (မြေပြင်တွင် တပ်ရင်းတစ်ရင်း စစ်ထွက်အင်အား ၈၀ မျှသာရှိပါသည်။ စာရွက်ပေါ်က ဖွဲ့စည်းပုံအတိုင်းမရှိပါ):

တပ်ရင်းဌာနချုပ်: ဒုဗိုလ်မှူးကြီး

ဌာနချုပ်တပ်ခွဲ: ဗိုလ်မှူး

အမှတ် (၁) သေနတ်ကိုင်တပ်ခွဲ: ဗိုလ်မှူး

အမှတ် (၂) သေနတ်ကိုင်တပ်ခွဲ: ဗိုလ်မှူး

အမှတ် (၃) သေနတ်ကိုင်တပ်ခွဲ: ဗိုလ်မှူး

အမှတ် (၄) သေနတ်ကိုင်တပ်ခွဲ: ဗိုလ်မှူး


ဖွဲ့စည်းပုံအင်အား

[ပြင်ဆင်ရန်]

ခြေလျင်/ခြေမြန်တပ်ရင်းဖွဲ့စည်းပုံ ကဖ/၇၀-ဆ/၂၀၀၁ အရ ခြေလျင်/ခြေမြန်တပ်ရင်းတစ်ရင်း၏ ဖွဲ့စည်းပုံအင်အားမှာ အောက်ပါအတိုင်းဖြစ်သည်။ ထိုကဲ့သို့များစွာသော အင်အား ၈၅၇ ဦးဖြင့် ဖွဲ့စည်းရန်ပြထားသော်လည်း လက်တွေ့တွင် (အထူးသဖြင့် ၂၀၂၁ လက်နက်အားကိုးမတရားအာဏာသိမ်းပြီးကာလတွင်) အကျအဆုံးများ၊ ပြည်သူ့ထံအလင်းဝင်မှူးများ၊ပျောက်ဆုံးများ၊ဒဏ်ရာရများ အလွန်များပြားလာက ၂၀၂၄ တွင် တပ်ရင်းတစ်ရင်းလျှင် အင်အား ၄၀ မှ ၇၀ ခန့်သာရှိတော့သည်ကများသည်

အရာရှိ အခြားအဆင့် စုစုပေါင်း
ဒုတိယ

ဗိုလ်မှူးကြီး

(Lieutenant Colonel)

ဗိုလ်မှူး (Major) ဗိုလ်မှူး/ဗိုလ်ကြီး

(Major/Captain)

ဗိုလ်/

ဒုတိယဗိုလ်

(Lieutenant/Second Lieutenant)

ပေါင်း အရာခံဗိုလ်

(Warrant Officer Class 1)

စစစစစစ တပ်ခွဲ

တပ်ကြပ်ကြီး

(Colour Sergeant or Staff Sergeant)

တပ်ကြပ်ကြီး/

စာရေး

(Sergeant/Clerk)

တပ်ကြပ်ကြီး (Sergeant) တပ်ကြပ်

(Corporal)

ဒုတိယ

တပ်ကြပ်

(Lance Corporal)

တပ်သား

(Private)

ပေါင်း
၂၀ ၃၁ ၁၁ ၃၃ ၇၃ ၆၀ ၆၃၂ ၈၂၆ ၈၅၇

တည်ဆောက်ပုံ

[ပြင်ဆင်ရန်]

ခြေလျင်/ခြေမြန်တပ်ရင်းများကို ဧကပေါင်းများစွာကျယ်သည့် မြေတွင်ဆောက်လုပ်ထားကြပြီး များသောအားဖြင့် လူနေနည်းပါးသည့်နေရာများတွင် တည်ဆောက်ထားသည်။ တပ်ရင်းကို ပတ်ပတ်လည် အုတ်တံတိုင်းဖြင့်ကာထားကာ အရှေ့နှင့် အနောက်ဟူ၍ ဂိတ်ပေါက်နှစ်ပေါက်သာဖွင့်ထားသည်။ တပ်ရင်းဝင်းထဲတွင် တပ်ရင်းရုံး၊ ဗဟိုကင်း၊ စစ်တန်းလျားများအပြင် အရာရှိများ၊ စစ်တပ်မိသားစုဝင်များနေထိုင်ရန် အဆောင်များ၊ အရာရှိရိပ်သာများနှင့် အခမ်းအနားဆောင်ရွက်သည့် တပ်ရင်းခန်းမတို့ကို ထားရှိထားသည်။ ထို့အပြင် တပ်ရင်းတစ်ရင်းနှင့်တစ်ရင်း မတူညီစွာ တပ်ရင်းရန်ပုံငွေရရှိစေမည့် မွေးမြူရေး၊ စိုက်ပျိုးရေး အစရှိသော လုပ်ငန်းများလည်း ရှိသည်။ တပ်ရင်းရုံးတွင် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အစရှိသော အရာရှိများ၏ ရုံးခန်းများ၊ စစ်ရေး/စစ်ထောက်/လေ့ကျင့်ရေးအစရှိသော ဦးစီးဆိုင်ရာ ရုံးခန်းများ၊ အခြားလက်ရုံး/ဝန်ထမ်းများ၏ ရုံးများပါဝင်သည်။ ဗဟိုကင်းအစုတွင် တပ်လုံခြုံရေးနှင့်ဆိုင်သည့် စခန်းရုံး၊ အချုပ်တိုက်၊ ခဲယမ်းတိုက်၊ လက်နက်တိုက် အစရှိသည်တို့ပါဝင်သည်။ စစ်တန်းလျားတွင် လူပျိုတပ်ဖွဲ့ဝင်များ နေထိုင်ရသည့် တစ်ဆောင်လျှင် လူဆယ်ဂဏန်းဆန့်သော အဆောင်များရှိသည်။ အိမ်ထောင်သည်တပ်ဖွဲ့ဝင်များအတွက်မူ အိမ်ထောင်သည်လိုင်းခန်းများ ဆောက်လုပ်ပေးထားသည်။ အရာရှိများနှင့် အရာရှိမိသားစုများနေထိုင်ရန်အတွက် အရာရှိရိပ်သာကိုလည်း သီးသန့်ထားရှိသည်။

အဂ်လိပ် အခေါ်အဝေါ်

[ပြင်ဆင်ရန်]

တပ်စိတ်: Section

တပ်စု: Platoon

တပ်ခွဲ: Company

တပ်ရင်း: Regiment/Battalion

ဒုတပ်စိတ်မှူး: Section Second in Command

တပ်စိတ်မှူး: Section Commander

ဒုတပ်စုမှူး Platoon Second in Command

တပ်စုမှူး: Platoon Commander or Platoon Officer Commanding

ဒုတပ်ခွဲမှူး: Company Second in Command

တပ်ခွဲမှူး: Company Commander or Company Officer Commanding

ဒုတပ်ရင်းမှူး: Regimental Second in Command/Battalion Second in Command

တပ်ရင်းမှူး: Regimental Commander/Battalion Commander (သို့) Regimental Officer Commanding/Battalion Officer Commanding


Second in Command အား 2IC ဟု အလွယ်တကူခေါ်ဆိုနိုင်သည်

ကိုးကား

[ပြင်ဆင်ရန်]