မြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာကြောင်း ၃၄ - စာကြောင်း ၃၄ -
အာဏာဖီဆန်ရေးလှုပ်ရှားမှုများသည် လူမှုကွန်ယက်များမှတစ်ဆင့် ကျယ်ပြန့်လာပြီး နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများမှ ဝန်ထမ်းများပါ ပါဝင်ခဲ့သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုများသည် လူမှုကွန်ယက်များမှတစ်ဆင့် ကျယ်ပြန့်လာပြီး နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများမှ ဝန်ထမ်းများပါ ပါဝင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေပြည်တော်ရှိ [[စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန]]မှ ပြည်သူ့ဝန်ထမ်းများသည် လှုပ်ရှားမှုအတွင်းသို့ ပါဝင်လာကြသည်။ <ref>{{cite web|title=စစ်အစိုးရကို နေပြည်တော်က နိုင်ငံ့ဝန်ထမ်းတွေ ကန့်ကွက်ဆန္ဒပြ|url=https://www.rfa.org/burmese/news/nld-government-staff-against-military-coup-02042021030530.html|access-date=2021-02-04|publisher=Radio Free Asia|language=my}}</ref>
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေပြည်တော်ရှိ [[စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန]]မှ ပြည်သူ့ဝန်ထမ်းများသည် လှုပ်ရှားမှုအတွင်းသို့ ပါဝင်လာကြသည်။ <ref>{{cite web|title=စစ်အစိုးရကို နေပြည်တော်က နိုင်ငံ့ဝန်ထမ်းတွေ ကန့်ကွက်ဆန္ဒပြ|url=https://www.rfa.org/burmese/news/nld-government-staff-against-military-coup-02042021030530.html|access-date=2021-02-04|publisher=Radio Free Asia|language=my}}</ref>
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများဖြစ်ကြသော ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့မှ ဝန်ထမ်းများ လှုပ်ရှားမှုတွင် ပါဝင်လာမည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ <ref name=":20">{{Cite web|date=2021-02-08|title=Media group worries over press freedom in Myanmar under military rule|url=https://www.mmtimes.com/news/media-group-worries-over-press-freedom-myanmar-under-military-rule.html|access-date=2021-02-08|website=The Myanmar Times}}</ref>
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် [[မြန်မာ့ မီးရထား]]မှ ဝန်ထမ်းများအားလုံး အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်လာသဖြင့် မီးရထားလုပ်ငန်းတစ်ခုလုံး လုံးဝရပ်တန့်ခဲ့ရသည်။ နိုင်ငံပိုင်သတင်းစာများဖြစ်ကြသော ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့မှ ဝန်ထမ်းများ လှုပ်ရှားမှုတွင် ပါဝင်လာမည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ <ref name=":20">{{Cite web|date=2021-02-08|title=Media group worries over press freedom in Myanmar under military rule|url=https://www.mmtimes.com/news/media-group-worries-over-press-freedom-myanmar-under-military-rule.html|access-date=2021-02-08|website=The Myanmar Times}}</ref>
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံဗဟိုဘဏ်မှ ဝန်ထမ်းအချို့သည် လှုပ်ရှားမှုတွင် ပါဝင်လာခဲ့ကြသည်။ <ref>{{Cite web|date=2021-02-10|title=Central Bank of Myanmar Staff Join Anti-Coup Protests|url=https://www.irrawaddy.com/news/burma/central-bank-myanmar-staff-join-anti-coup-protests.html|access-date=2021-02-10|website=The Irrawaddy|language=en-US}}</ref>
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံဗဟိုဘဏ်မှ ဝန်ထမ်းအချို့သည် လှုပ်ရှားမှုတွင် ပါဝင်လာခဲ့ကြသည်။ <ref>{{Cite web|date=2021-02-10|title=Central Bank of Myanmar Staff Join Anti-Coup Protests|url=https://www.irrawaddy.com/news/burma/central-bank-myanmar-staff-join-anti-coup-protests.html|access-date=2021-02-10|website=The Irrawaddy|language=en-US}}</ref>
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်အတွင်းသို့ ပြန်လာ၍ တာဝန်ထမ်းဆောင်ကြရန် မေတ္တာရပ်ခံစာကို နိုင်ငံပိုင်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။<ref>{{Cite web|last=|first=|date=2021-02-09|title=Request To Health Workers|url=https://www.gnlm.com.mm/request-to-health-workers/|url-status=live|archive-url=|archive-date=|access-date=2021-02-10|website=Global New Light Of Myanmar|language=en-US}}</ref>
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်အတွင်းသို့ ပြန်လာ၍ တာဝန်ထမ်းဆောင်ကြရန် မေတ္တာရပ်ခံစာကို နိုင်ငံပိုင်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။<ref>{{Cite web|last=|first=|date=2021-02-09|title=Request To Health Workers|url=https://www.gnlm.com.mm/request-to-health-workers/|url-status=live|archive-url=|archive-date=|access-date=2021-02-10|website=Global New Light Of Myanmar|language=en-US}}</ref> ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ နောက်ဆုံးစာရင်းများအရ ဝန်ကြီးဌာန ၂၂ ခုတို့မှ အစိုးရဌာန ၈၅၈ ခုသည် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။<ref>https://cdm2021.com/</ref>


=== တပ်မတော်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ သပိတ်မှောက်မှု ===
=== တပ်မတော်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ သပိတ်မှောက်မှု ===
စာကြောင်း ၆၂ - စာကြောင်း ၆၂ -


=== အင်တာနက်ဖြတ်တောက်မှု ===
=== အင်တာနက်ဖြတ်တောက်မှု ===
[[၄ ဖေဖော်ဝါရီ|ဖေဖော်ဝါရီလ ၄]] ရက်နေ့တွင် [[တပ်မတော်]]သည် [[ဖေ့စ်ဘွတ်ခ်|ဖေ့စ်ဘွတ်လူမှုကွန်ရက်]]ကို "တိုင်းပြည်တည်ငြိမ်လို‌သောကြောင့်" ဖေဖော်ဝါရီ ၇ ရက်နေ့အထိပိတ်ပင်ရန် [[အင်တာနက်ဝန်ဆောင်မှုပေးသူ]]များကို အမိန့်ပေးခဲ့သည်။<ref name=":15">{{Cite news|last=Staff|first=Reuters|date=2021-02-03|title=Myanmar internet providers block Facebook services after government order|language=en|work=Reuters|url=https://www.reuters.com/article/us-myanmar-politics-facebook-idUSKBN2A32ZE|access-date=2021-02-04}}</ref> [[မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း|MPT]] သည်လည်း [[Facebook Messenger|Facebook messenger]]၊ [[အင်စတာဂရမ်]] နှင့် [[WhatsApp]] တို့ကိုပိတ်ပင်ခဲ့သည်။ [[တယ်လီနော မြန်မာ|တယ်လီနော]]ကမူ ဖေ့စ်ဘွတ်ကိုသာ ပိတ်ပင်ခဲ့သည်။<ref>{{Cite web|date=2021-02-03|title=Directive to block social media service|url=https://www.telenor.com/directive-to-block-social-media-service/|access-date=2021-02-04|website=Telenor Group|language=en}}</ref><ref name=":15" /> ဖေ့စဘွတ်ကို ပြည်သူများ မလိုက်နာခြင်းလှုပ်ရှားမှု (Civil Disobedience Movement) ပြုလုပ်ရန်အတွက်အသုံးပြုခဲ့ကြပါသည်။<ref name=":15" /> ဖေ့စ်ဘွတ်အပိတ်ပင်ခံရသောအခါ အသုံးပြုသူများသည် [[တွစ်တာ]]သို့ပြောင်းရွှေ့လာခဲ့ရာ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar စသည်တို့ကိုရေးခဲ့ကြသည်။<ref>{{Cite news|last=Potkin|first=Fanny|date=2021-02-05|title=After Facebook ban, thousands in Myanmar take to Twitter to plead #RespectOurVotes|language=en|work=Reuters|url=https://www.reuters.com/article/us-myanmar-politics-twitter-idUSKBN2A5189|access-date=2021-02-06}}</ref> ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တပ်မတော်သည် တွစ်တာကိုပါ ပိတ်ပင်ခဲ့သည်။<ref>{{Cite web|title=Myanmar’s new military government is now blocking Twitter and Instagram|url=https://social.techcrunch.com/2021/02/05/myanmar-military-government-is-now-blocking-twitter/|access-date=2021-02-06|website=TechCrunch|language=en-US}}</ref><ref>{{Cite web|date=2021-02-05|title=Directive to block social media services Twitter and Instagram in Myanmar|url=https://www.telenor.com/directive-to-block-social-media-services-twitter-and-instagram-in-myanmar/|access-date=2021-02-06|website=Telenor Group|language=en}}</ref> [[၆ ဖေဖော်ဝါရီ|ဖေဖော်ဝါရီလ ၆]] ရက်တွင် [[အင်တာနက်]]ဝန်ဆောင်မှုကို ပိတ်ပင်ခဲ့သည်။<ref>{{Cite web|date=2021-02-06|title=Myanmar junta blocks internet access as coup protests expand|url=https://apnews.com/article/united-nations-myanmar-media-social-media-yangon-e7765d3459d386219ee1dca8ad1e089c|access-date=2021-02-06|website=AP NEWS}}</ref> [[၇ ဖေဖော်ဝါရီ|ဖေဖော်ဝါရီလ ၇]] ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးသော်လည်း လူမှုကွန်ရက်များကို ပိတ်ပင်ထားဆဲဖြစ်သည်။<ref>{{Cite web|title=Internet access partially restored in Myanmar as protests grow against military coup|url=https://www.channelnewsasia.com/news/asia/internet-access-partially-restored-in-myanmar-as-protests-grow-14131802|access-date=2021-02-07|website=CNA|language=en}}</ref> ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မနက် ၁ နာရီမှ ၉ နာရီအထိ အင်တာနက် ဖြတ်ထားခဲ့သည်။<ref>https://www.theguardiantanks-on-streets-of-myanmar-city-prompt-us-embassy-warning</ref>
[[၄ ဖေဖော်ဝါရီ|ဖေဖော်ဝါရီလ ၄]] ရက်နေ့တွင် [[တပ်မတော်]]သည် [[ဖေ့စ်ဘွတ်ခ်|ဖေ့စ်ဘွတ်လူမှုကွန်ရက်]]ကို "တိုင်းပြည်တည်ငြိမ်လို‌သောကြောင့်" ဖေဖော်ဝါရီ ၇ ရက်နေ့အထိပိတ်ပင်ရန် [[အင်တာနက်ဝန်ဆောင်မှုပေးသူ]]များကို အမိန့်ပေးခဲ့သည်။<ref name=":15">{{Cite news|last=Staff|first=Reuters|date=2021-02-03|title=Myanmar internet providers block Facebook services after government order|language=en|work=Reuters|url=https://www.reuters.com/article/us-myanmar-politics-facebook-idUSKBN2A32ZE|access-date=2021-02-04}}</ref> [[မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း|MPT]] သည်လည်း [[Facebook Messenger|Facebook messenger]]၊ [[အင်စတာဂရမ်]] နှင့် [[WhatsApp]] တို့ကိုပိတ်ပင်ခဲ့သည်။ [[တယ်လီနော မြန်မာ|တယ်လီနော]]ကမူ ဖေ့စ်ဘွတ်ကိုသာ ပိတ်ပင်ခဲ့သည်။<ref>{{Cite web|date=2021-02-03|title=Directive to block social media service|url=https://www.telenor.com/directive-to-block-social-media-service/|access-date=2021-02-04|website=Telenor Group|language=en}}</ref><ref name=":15" /> ဖေ့စဘွတ်ကို ပြည်သူများ မလိုက်နာခြင်းလှုပ်ရှားမှု (Civil Disobedience Movement) ပြုလုပ်ရန်အတွက်အသုံးပြုခဲ့ကြပါသည်။<ref name=":15" /> ဖေ့စ်ဘွတ်အပိတ်ပင်ခံရသောအခါ အသုံးပြုသူများသည် [[တွစ်တာ]]သို့ပြောင်းရွှေ့လာခဲ့ရာ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar စသည်တို့ကိုရေးခဲ့ကြသည်။<ref>{{Cite news|last=Potkin|first=Fanny|date=2021-02-05|title=After Facebook ban, thousands in Myanmar take to Twitter to plead #RespectOurVotes|language=en|work=Reuters|url=https://www.reuters.com/article/us-myanmar-politics-twitter-idUSKBN2A5189|access-date=2021-02-06}}</ref> ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တပ်မတော်သည် တွစ်တာကိုပါ ပိတ်ပင်ခဲ့သည်။<ref>{{Cite web|title=Myanmar’s new military government is now blocking Twitter and Instagram|url=https://social.techcrunch.com/2021/02/05/myanmar-military-government-is-now-blocking-twitter/|access-date=2021-02-06|website=TechCrunch|language=en-US}}</ref><ref>{{Cite web|date=2021-02-05|title=Directive to block social media services Twitter and Instagram in Myanmar|url=https://www.telenor.com/directive-to-block-social-media-services-twitter-and-instagram-in-myanmar/|access-date=2021-02-06|website=Telenor Group|language=en}}</ref> [[၆ ဖေဖော်ဝါရီ|ဖေဖော်ဝါရီလ ၆]] ရက်တွင် [[အင်တာနက်]]ဝန်ဆောင်မှုကို ပိတ်ပင်ခဲ့သည်။<ref>{{Cite web|date=2021-02-06|title=Myanmar junta blocks internet access as coup protests expand|url=https://apnews.com/article/united-nations-myanmar-media-social-media-yangon-e7765d3459d386219ee1dca8ad1e089c|access-date=2021-02-06|website=AP NEWS}}</ref> [[၇ ဖေဖော်ဝါရီ|ဖေဖော်ဝါရီလ ၇]] ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးသော်လည်း လူမှုကွန်ရက်များကို ပိတ်ပင်ထားဆဲဖြစ်သည်။<ref>{{Cite web|title=Internet access partially restored in Myanmar as protests grow against military coup|url=https://www.channelnewsasia.com/news/asia/internet-access-partially-restored-in-myanmar-as-protests-grow-14131802|access-date=2021-02-07|website=CNA|language=en}}</ref> ဖေဖော်ဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် မနက် ၁ နာရီမှ ၉ နာရီအထိ အင်တာနက် ဖြတ်ထားခဲ့သည်။<ref>https://www.theguardiantanks-on-streets-of-myanmar-city-prompt-us-embassy-warning</ref>


စစ်အစိုးရ၏ အင်တာနက်နှင့် ပတ်သက်ပြီး နေ့စွဲအလိုက် စေခိုင်းမှုများကို [[တယ်လီနော မြန်မာ]] မှ ထုတ်ဖော်ပြောကြားခဲ့သည်။<ref>{{cite web |title=Directives from authorities in Myanmar - February 2021 |url=https://www.telenor.com/sustainability/responsible-business/human-rights/mitigate/human-rights-in-myanmar/directives-from-authorities-in-myanmar-february-2021/ |website=Telenor Group |access-date=၁၅ ဖေဖော်ဝါရီ ၂၀၂၁ |language=en}}</ref>
စစ်အစိုးရ၏ အင်တာနက်နှင့် ပတ်သက်ပြီး နေ့စွဲအလိုက် စေခိုင်းမှုများကို [[တယ်လီနော မြန်မာ]] မှ ထုတ်ဖော်ပြောကြားခဲ့သည်။<ref>{{cite web |title=Directives from authorities in Myanmar - February 2021 |url=https://www.telenor.com/sustainability/responsible-business/human-rights/mitigate/human-rights-in-myanmar/directives-from-authorities-in-myanmar-february-2021/ |website=Telenor Group |access-date=၁၅ ဖေဖော်ဝါရီ ၂၀၂၁ |language=en}}</ref>
စာကြောင်း ၇၁ - စာကြောင်း ၇၁ -
=== သတင်းမီဒီယာဖြတ်တောက်မှု ===
=== သတင်းမီဒီယာဖြတ်တောက်မှု ===
[[File:During Internet shutdown, one of the electronic shop sales the portable radio in Yangon, Myanmar.jpg|thumb|အင်တာနက်လိုင်းများနှင့် ရုပ်မြင်သံကြားလိုင်းများကို စစ်အစိုးရက ဖြတ်တောက်လိုက်သောကြောင့် သတင်းမှန်သိရှိရရှိစေရန် ရေဒီယိုများကို ဝယ်ယူလာကြသည်။]]
[[File:During Internet shutdown, one of the electronic shop sales the portable radio in Yangon, Myanmar.jpg|thumb|အင်တာနက်လိုင်းများနှင့် ရုပ်မြင်သံကြားလိုင်းများကို စစ်အစိုးရက ဖြတ်တောက်လိုက်သောကြောင့် သတင်းမှန်သိရှိရရှိစေရန် ရေဒီယိုများကို ဝယ်ယူလာကြသည်။]]
ပုဂ္ဂလိက သတင်းရုပ်သံလိုင်းများဖြစ်သော [http://mizzimaburmese.com/news/51186 မဇ္ဈိမသတင်းဌာနရုပ်သံလိုင်း]၊ ဒီမိုကရက်တစ်မြန်မာ့အသံ([[ဒီမိုကရက်တစ် မြန်မာ့အသံ|DVB]])ရုပ်သံလိုင်းအပါအဝင် ရုပ်မြင်သံကြားလိုင်းအချို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ [[ပြန်ကြားရေးဝန်ကြီးဌာန]]က ပိတ်ပင်ဖြတ်တောက်ထားခဲ့ပြီး [[မြန်မာ့အသံနှင့်ရုပ်မြင်သံကြား|နိုင်ငံပိုင်ရုပ်သံလိုင်း]]များ၊ [[မြဝတီရုပ်မြင်သံကြား|တပ်မတော်ပိုင်ရုပ်သံလိုင်း]]များနှင့် ဖျော်ဖြေရေးရုပ်သံလိုင်းများကိုသာ ဖွင့်လှစ်ပေးထားခဲ့သည်။ ဖွင့်လှစ်ထားသော ရုပ်သံလိုင်းများသည် ဝါဒဖြန့်ချိရေးများနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုသာ ထုတ်လွှင့်နေပြီး သတင်းအမှန်များကို ထိန်ချန်ထုတ်လွှင့်နေသည်။<ref>[https://cpj.org/2021/02/myanmars-military-should-lift-facebook-whatsapp-censorship-enable-news-broadcasts-following-coup/ Myanmar’s military should lift Facebook, WhatsApp censorship, enable news broadcasts following coup - Committee to Protect Journalists<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref> အာဏာလုယူသည့်အစိုးရသည် [[:en:The_New_York_Times|နယူးယောက်ခ့်တိုင်းမ်း]]၊ ဝေါစထရစ်၊ သည်အီကောနောမစ်၊ ရိုက်တာနှင့် [[:en:Associated_Press|အေပီသတင်းဌာန]]များ [[ဝက်ဘ်ဆိုဒ်]]များကို ဖေဖော်ဝါရီလ ၇ ရက်တွင် ပိတ်ပင်ခဲ့သည်။<ref>[https://www.irrawaddy.com/news/burma/us-ambassador-calls-myanmar-military-restore-power-elected-government.html US Ambassador Calls for Myanmar Military to Restore Power to Elected Government<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref>
ပုဂ္ဂလိက သတင်းရုပ်သံလိုင်းများဖြစ်သော [http://mizzimaburmese.com/news/51186 မဇ္ဈိမသတင်းဌာနရုပ်သံလိုင်း]၊ ဒီမိုကရက်တစ်မြန်မာ့အသံ([[ဒီမိုကရက်တစ် မြန်မာ့အသံ|DVB]])ရုပ်သံလိုင်းအပါအဝင် ရုပ်မြင်သံကြားလိုင်းအချို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ [[ပြန်ကြားရေးဝန်ကြီးဌာန]]က ပိတ်ပင်ဖြတ်တောက်ထားခဲ့ပြီး [[မြန်မာ့အသံနှင့်ရုပ်မြင်သံကြား|နိုင်ငံပိုင်ရုပ်သံလိုင်း]]များ၊ [[မြဝတီရုပ်မြင်သံကြား|တပ်မတော်ပိုင်ရုပ်သံလိုင်း]]များနှင့် ဖျော်ဖြေရေးရုပ်သံလိုင်းများကိုသာ ဖွင့်လှစ်ပေးထားခဲ့သည်။ သို့သော် [http://mizzimaburmese.com/news/51186 မဇ္ဈိမသတင်းဌာနရုပ်သံလိုင်း]ကမူ [https://www.psi.co.th PSI စလောင်း]မှ တစ်ဆင့်ကြည့်ရှုနိုင်ကြောင်း သူတို့၏ ဖေ့စဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ဖွင့်လှစ်ထားသော ရုပ်သံလိုင်းများသည် ဝါဒဖြန့်ချိရေးများနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုသာ ထုတ်လွှင့်နေပြီး သတင်းအမှန်များကို ထိန်ချန်ထုတ်လွှင့်နေသည်။<ref>[https://cpj.org/2021/02/myanmars-military-should-lift-facebook-whatsapp-censorship-enable-news-broadcasts-following-coup/ Myanmar’s military should lift Facebook, WhatsApp censorship, enable news broadcasts following coup - Committee to Protect Journalists<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref> အာဏာလုယူသည့်အစိုးရသည် [[:en:The_New_York_Times|နယူးယောက်ခ့်တိုင်းမ်း]]၊ ဝေါစထရစ်၊ သည်အီကောနောမစ်၊ ရိုက်တာနှင့် [[:en:Associated_Press|အေပီသတင်းဌာန]]များ [[ဝက်ဘ်ဆိုဒ်]]များကို ဖေဖော်ဝါရီလ ၇ ရက်တွင် ပိတ်ပင်ခဲ့သည်။<ref>[https://www.irrawaddy.com/news/burma/us-ambassador-calls-myanmar-military-restore-power-elected-government.html US Ambassador Calls for Myanmar Military to Restore Power to Elected Government<!-- ဘော့က ထုတ်ပေးသော ခေါင်းစဉ် -->]</ref>


===ဖမ်းဆီးမှုတရားစွဲခြင်းများ===
===ဖမ်းဆီးမှုတရားစွဲခြင်းများ===

၁၆:၂၉၊ ၁၆ ဖေဖော်ဝါရီ ၂၀၂၁ ရက်နေ့က မူ

၂၀၂၁ မြန်မာနိုင်ငံ ဆန္ဒပြမှုများ
ဖားအံမြို့ကရင်ပြည်နယ်အစိုးရရုံး၌ ကျောင်းသားနှင့်ဆရာဆရာမများ ဆန္ဒပြနေကြစဉ်
နေ့ရက်၂ ဖေဖော်ဝါရီ ၂၀၂၁ - လက်ရှိ
နေရာ
မြန်မာနိုင်ငံတစ်ဝှမ်း
အကြောင်းရင်းခံအာဏာသိမ်းပိုက်ခံရမှု
ရည်မှန်းချက်များ
  • စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဏာသိမ်းအစိုးရ ပြုတ်ကျရေး
  • နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးရေး
  • ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ဖွဲ့စည်း၍ တရားဝင်အစိုးရအသစ် ဖွဲ့နိုင်ရေး
နည်းလမ်းများဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း၊ အာဏာဖီဆန်ခြင်း
အခြေအနေလက်ရှိ
ထိခိုက်သူများ
သေဆုံးသူ(များ)
ဒဏ်ရာရသူ၃၀ နှင့်အထက်
ဖမ်းဆီးခံရသူ၄၀၀ နှင့် အထက်
မန္တလေးဘူတာကြီးအနီးတွင် မော်တော်ဆိုင်ကယ်များဖြင့် ဆန္ဒထုတ်ဖော်နေကြစဉ်

၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများသည် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများဖြစ်သည်။[၁]ဆန္ဒပြမှုများသည် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ [၂]အင်တာနက်မှတစ်ဆင့် ဖေ့စ်ဘွတ်ခ်တွစ်တာ စသောလူမှုကွန်ယက်များတွင် ဆန္ဒထုတ်ဖော်ခြင်း၊ နေ့စဉ် သံပုံးတီးခြင်း၊ အနီရောင်ဖဲကြိုးလှုပ်ရှားမှု၊ အာဏာဖီဆန်ခြင်းလှုပ်ရှားမှု၊ လက်သုံးချောင်းထောင်၍ စီတန်းလှည့်လည်မှု စသည်တို့ ပါဝင်သည်။ ဆန္ဒပြသူများသည် အထိန်းသိမ်းခံရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အရောင်ဖြစ်သော အနီရောင်ကို အဓိကထား၍ အသုံးပြုကြသည်။ [၃]

နောက်ခံသမိုင်းကြောင်း

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မဲမသမာမှု အကြောင်းပြချက်ဖြင့် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ထိန်းသိမ်းခဲ့သည်။ ထို့အပြင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အခြားအရေးပါသူများကိုပါ ထိန်းသိမ်းခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက်အစောပိုင်းမှစ၍ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး နံနက် ၈ နာရီ ခန့်တွင် ဝိုင်ဖိုင်ဝန်ဆောင်မှုများပါ ပြတ်တောက်သွားပြီးနောက် တစ်နိုင်ငံလုံး အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို နံနက် ၈နာရီ တွင် တပ်မတော်ပိုင် မြဝတီရုပ်သံလိုင်းမှ နိုင်ငံတော်အာဏာကို ယာယီသမ္မတ ဦးမြင့်ဆွေ မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေ တစ်နှစ် ကြေညာခဲ့သည်။ထိုနေ့ ည‌ပိုင်း မှစတင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ တပ်မတော်အစိုးရအသစ်တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ပြည်သူလူထု၏ လှုပ်ရှားမှုများ

ဝန်ထမ်းများ အာဏာဖီဆန်ရေး လှုပ်ရှားမှုများ

ဖေဖော်ဝါရီလ ၁ရက်နေ့ညနေပိုင်းတွင် ဆက်သွယ်ရေးလိုင်းများ ပြန်လည် ရရှိပြီးနောက် တိုင်းပြည်အနှံ့ရှိ ဆေးရုံများမှ လက်ထောက်ဆရာဝန်များမှ အလုပ်မဆင်းကာ အာဏာဖီဆန်ကြရန် ဆုံးဖြတ်ခဲ့သည်။ ဖေဖော်ဝါရီ ၂ရက်နေ့တွင် အလုပ်မဆင်းပဲ နေခဲ့ကြလေသည်။ နောက်ရက်များတွင် အခြားသောဆေးရုံများမှ ဆေးဝန်ထမ်းများပါ ပါဝင်လာခဲ့ကြသည်။ နောက်ရက်များတွင် ဆရာဝန်များသာမက အခြားသော ဝန်ထမ်းများပါ ပါဝင်လာခဲ့ကြသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ၁၃ဦးတွင် ၆ဦးမှာ နှုတ်ထွက်ခဲ့ကြောင်း မန္တလေး ဒုတိယမြို့တော်ဝန် ဦးရဲမွန်မှ လူမှုကွန်ယက်မှတစ်ဆင့် ပြောကြားခဲ့သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုများသည် လူမှုကွန်ယက်များမှတစ်ဆင့် ကျယ်ပြန့်လာပြီး နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများမှ ဝန်ထမ်းများပါ ပါဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်းများသည် လှုပ်ရှားမှုအတွင်းသို့ ပါဝင်လာကြသည်။ [၄] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မြန်မာ့ မီးရထားမှ ဝန်ထမ်းများအားလုံး အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်လာသဖြင့် မီးရထားလုပ်ငန်းတစ်ခုလုံး လုံးဝရပ်တန့်ခဲ့ရသည်။ နိုင်ငံပိုင်သတင်းစာများဖြစ်ကြသော ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့မှ ဝန်ထမ်းများ လှုပ်ရှားမှုတွင် ပါဝင်လာမည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ [၅] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံဗဟိုဘဏ်မှ ဝန်ထမ်းအချို့သည် လှုပ်ရှားမှုတွင် ပါဝင်လာခဲ့ကြသည်။ [၆] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်အတွင်းသို့ ပြန်လာ၍ တာဝန်ထမ်းဆောင်ကြရန် မေတ္တာရပ်ခံစာကို နိုင်ငံပိုင်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။[၇] ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ နောက်ဆုံးစာရင်းများအရ ဝန်ကြီးဌာန ၂၂ ခုတို့မှ အစိုးရဌာန ၈၅၈ ခုသည် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။[၈]

တပ်မတော်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ သပိတ်မှောက်မှု

ဖေဖော်ဝါရီ ၃ရက်နေ့တွင် စစ်အစိုးရမှ ထုတ်လုပ်သော ပစ္စည်းများကို မသုံးစွဲကြရန် တိုက်တွန်းပြီး သပိတ်မှောက်ခဲ့ကြသည်။[၉]ထိုအထဲတွင် မိုင်တဲ ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ၊ မန္တလေးနှင့် ဒဂုံဘီယာများ၊ ကော်ဖီများ၊ အာဏာသိမ်း စစ်ခေါင်းဆောင်သမီးဖြစ်သူ ပိုင်ဆိုင်သော သတ္တမမြောက်အာရုံ (7th Sense Creation) [၁၀]တို့ပါဝင်သည်။

သံပုံးတီးပွဲများ

အာဏာသိမ်းခံရသည့် ညမှစတင်ကာ ရန်ကုန်မြို့ရှိ နေအိမ်၊ တိုက်ခန်းများတွင် ည ၈နာရီ အချိန်မှ ၈နာရီ ၁၅ မိနစ် အထိ သံပုံးများတီးခဲ့ကြသည်။ မကောင်းဆိုးဝါးများကို သံပုံးတီး၍ နှင်သည့် အလေ့အထကို ဆန္ဒပြမှုတွင် အသုံးပြုကြခြင်းဖြစ်သည်။ နောက်ရက်များတွင် တိုင်းပြည်အနှံ့တွင် တီးခဲ့ကြသည်။ သံပုန်းတီးသံနှင့်အတူ ဒီမိုကရေစီလှုပ်ရှားမှု၏ ပြယုဂ်တစ်ခုဖြစ်သော ကမ္ဘာမကြေဘူး သီချင်းနှင့် အရေးကြီးပြီ သီချင်းတို့ကို သီဆို ဟစ်ကြွေးကြသည်။ မန္တလေးမြို့တွင် သံပုံးတီးသူ အယောက် ၃၀ ခန့် ဖမ်းဆီးခံရခဲ့သည်။

ဆန္ဒပြပွဲများ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ လမ်းများပေါ်တွင် ချိတ်ဆွဲထားသော ပိုစတာနှင့်အလံငယ်များဖြစ်သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၈ နာရီ၌ အချို့သော ရန်ကုန်သားများသည် ဒေါ်အောင်ဆန်းစုကြည်အားစေလွှတ်ရန် ၁၅ မိနစ်မျှ ထွက်ရောက် ဆန္ဒပြခဲ့ကြသည်။[၁၁] မန္တလေးစည်ပင်မှ အဖွဲ့ဝင် ၆ ယောက်သည် ဖေဖော်ဝါရီလ ၃ ရက်တွင် လုပ်ငန်းမှထွက်ခွာခဲ့သည်။[၁၂] ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးဆေးတက္ကသိုလ်ရှေ့၌ လူအယောက် ၃၀ ဆန္ဒပြခဲ့ကြရာ ဖမ်းဆီးခြင်းခံခဲ့ရသည်။[၁၃][၁၄] ထို့အပြင် ဆန္ဒပြမှုများသည် တစ်ရက်နှင့် တစ်ရက် အရှိန်အဟုန်ဖြင့် တိုးလာခဲ့သည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ချက်တွင် လူ ၅ ဦးထက် ပိုမစုရဟု ပါသော်လည်း ဆန္ဒပြမှုမှာ အရှိန်လျော့မသွားခဲ့ပေ။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လူငယ်များသည် ဆန္ဒပြနည်း အသစ်အဆန်းများကို အသုံးပြုပြီး ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြခဲ့သည်။ လွိုင်ကော်မြို့ ရဲတပ်ဖွဲ့မှ ရဲ အယောက် ၄၀ သည် ဆန္ဒပြ ပြည်သူများနှင့် ပူးပေါင်းခဲ့ပြီး ထိုရဲများကို ဖမ်းဆီးရန် လွှတ်လိုက်သော ရဲ ၉ ယောက်သည်လည် ပြည်သူနဲ့ ပူးပေါင်းခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ပြည်ထောင်စုနေ့တွင် မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်းနှင်းပြီး ဖမ်းဆီးမှုများ ရှိခဲ့သည်။[၁၅][၁၆]

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်ထောက်ခံမှု

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှတဆင့် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များသည် အာဏာသိမ်းမှု၏ တရားဝင်မှုကို တရားဝင်အသိအမှတ်ပြုခြင်း မရှိပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ် ၇၀ ခန့်သည် ပြည်သူလူထု၏ လုပ်ပိုင်ခွင့်ကို လိုက်နာရန်ကတိပြု၍ နေပြည်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။ [၁၇] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီသည်၏ပထမဦးဆုံး အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့သည်။[၁၈][၁၉] အာဏာသိမ်းအစိုးရ၏ ပြည်နယ်အုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် ကမ်းလမ်းချက်များကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ ကရင်အမျိုးသားပါတီနှင့် အရှိုချင်းအမျိုးသားပါတီတို့က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ငြင်းပယ်ကြောင်း ကြေညာခဲ့သည်။[၂၀] စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်စေကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန် တောင်းဆိုကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်သည်။ [၂၁]

ဖဲကြိုးနီလှုပ်ရှားမှု

ဖဲကြိုးနီလှုပ်ရှားမှုကို ကျန်းမားရေးဝန်ထမ်းများက ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စတင်ခဲ့သည်။[၂၂] ဖဲကြိုးအနီရောင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအရောင်ဖြင့် တူညီသည်။ နီနီခင်ဇော်သည် ထင်ရှားသောအဆိုတော်တစ်ဦးဖြစ်ပြီး ဆေးပညာဘွဲ့ရသူတစ်ဦးလည်း ဖြစ်သည်။ ဖဲကြိုးနီလှုပ်ရှားမှုကို ထောက်ခံကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံတဝန်းရှိ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနမှအစပြု၍ နိုင်ငံဝန်ထမ်းအများစုသည် ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်လာခဲ့ကြသည်။ ထိုသို့ ပါဝင်လာခြင်းသည် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း၊ ကန့်ကွက်ကြောင်းနှင့် အလိုမရှိကြောင်း ပြသခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကြေးစင်တောင်ကြေးနီစီမံကိန်းမှ လုပ်သားများပါဝင်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သာကေတစက်မှုဇုံရှိ အထည်ချုပ်လုပ်ငန်းဝန်ထမ်းများ ပါဝင်လာခဲ့ကြသည်။ ကရင်ပြည်နယ် ဘားအံနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါက်တာဒေါ်ချိုယုမွန်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မနက်ပိုင်းတွင် ဖဲကြိုးနီလှုပ်ရှားမှုလုပ်သောကြောင့် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ဖဲကြိုးနီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က သူ့ကို ပုဒ်မ ၅၀၅ ခဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ အာမခံမပေးဘဲ ဘားအံအကျဉ်းထောင်ကို ခေါ်ဆောင်သွားကြောင်း သိရသည်။[၂၃] ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ အင်ဂျင်နီယာများ၊ အထွေထွေဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ သည် ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်လာကြသည်။[၂၄]

လူမှုကွန်ရက်

မြန်မာဆယ်လီဘရစ်တီများဖြစ်ကြသော ပိုင်တံခွန်နှင့် ဒေါင်းတို့သည် ပြည်သူတို့၏သပိတ်မှောက်မှုတို့ကို ထောက်ခံကြောင်း ပို့စ်များတင်ခဲ့ကြသည်။[၂၅][၂၆] မြန်မာအင်တာနက်အသုံးပြုသူများသည် #SayNototheCoup၊ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar၊ နှင့် #CivilDisobedience တို့ကိုရေးသားခဲ့ကြသည်။[၂၅] အာဏာသိမ်းပိုက်ပြီး ၁ ရက်အကြာ "#SaveMyanmar" ကို ဖေ့စဘွတ်အသုံးပြုသူပေါင်း ၃၂၅,၀၀၀ ကျော် ရေးသားခဲ့ကြသည်။[၂၇] ဆိုရှယ်မီဒီယာအသုံးပြုသူများသည် မိမိတို့၏ပရိုဖိုင်ပုံများကို အနက်နှင့် အနီရောင်သို့ ပြောင်းလဲထားကြသည်။[၂၇] ဖေဖော်ဝါရီ ၇ ရက်တွင် ဦးသန်းရွှေ၏သမက်ဖြစ်သူ နေစိုးမောင်သည် ဖေ့စဘွတ်ပေါ်တွင် ဆန္ဒပြသူများကိုထောက်ခံကြောင်း ပို့စ်တင်ခဲ့ပါသည်။[၂၈] ထို့အပြင် မင်းအောင်လှိုင်၏ အရပ်အမြင့်ကိုလည်း ၄ ပေ ၈ လက်မဟု သရော်ကြသည်။[၂၉]

စစ်အစိုးရ၏ တန်ပြန်ရေးအစီအမံများ

အင်တာနက်ဖြတ်တောက်မှု

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တပ်မတော်သည် ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို "တိုင်းပြည်တည်ငြိမ်လို‌သောကြောင့်" ဖေဖော်ဝါရီ ၇ ရက်နေ့အထိပိတ်ပင်ရန် အင်တာနက်ဝန်ဆောင်မှုပေးသူများကို အမိန့်ပေးခဲ့သည်။[၃၀] MPT သည်လည်း Facebook messengerအင်စတာဂရမ် နှင့် WhatsApp တို့ကိုပိတ်ပင်ခဲ့သည်။ တယ်လီနောကမူ ဖေ့စ်ဘွတ်ကိုသာ ပိတ်ပင်ခဲ့သည်။[၃၁][၃၀] ဖေ့စဘွတ်ကို ပြည်သူများ မလိုက်နာခြင်းလှုပ်ရှားမှု (Civil Disobedience Movement) ပြုလုပ်ရန်အတွက်အသုံးပြုခဲ့ကြပါသည်။[၃၀] ဖေ့စ်ဘွတ်အပိတ်ပင်ခံရသောအခါ အသုံးပြုသူများသည် တွစ်တာသို့ပြောင်းရွှေ့လာခဲ့ရာ #RespectOurVotes၊ #HearTheVoiceofMyanmar၊ #SaveMyanmar စသည်တို့ကိုရေးခဲ့ကြသည်။[၃၂] ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တပ်မတော်သည် တွစ်တာကိုပါ ပိတ်ပင်ခဲ့သည်။[၃၃][၃၄] ဖေဖော်ဝါရီလ ၆ ရက်တွင် အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်ခဲ့သည်။[၃၅] ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးသော်လည်း လူမှုကွန်ရက်များကို ပိတ်ပင်ထားဆဲဖြစ်သည်။[၃၆] ဖေဖော်ဝါရီလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် မနက် ၁ နာရီမှ ၉ နာရီအထိ အင်တာနက် ဖြတ်ထားခဲ့သည်။[၃၇]

စစ်အစိုးရ၏ အင်တာနက်နှင့် ပတ်သက်ပြီး နေ့စွဲအလိုက် စေခိုင်းမှုများကို တယ်လီနော မြန်မာ မှ ထုတ်ဖော်ပြောကြားခဲ့သည်။[၃၈]

ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်း

အာဏာသိမ်းစစ်အစိုးရအနေဖြင့် မနှစ်သက်သောအကြောင်းအရာများကို ပိတ်ပင်နိုင်ရန်၊ အင်တာနက်ဝန်ဆောင်မှုပေးသူများကို ကန့်သတ်နိုင်ရန်နှင့် အချက်အလက်များကို ကြားဖြတ်ယူနိုင်ရန်တို့ကို ပြုလုပ်နိုင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ကို ဖေဖော်ဝါရီ ၉ ရက်က အဆိုပြုလိုက်သည်။ အဆိုပြုဥပဒေများဖော်ပြထားသည့် စာမျက်နှာ ၃၆ မျက်နှာပါ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ကို မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအားလုံးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရကမ္ပဏီများအားလုံးသို့ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ရိုက်တာသတင်းဌာနက ရရှိထားသော အဆိုပါဥပဒေကြမ်းမိတ္တူ၌ ၎င်းသည် ပြည်သူအား ကာကွယ်ရန်၊ နိုင်ငံ သို့မဟုတ် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေသော အီလက်ထရောနစ်နည်းပညာအသုံးပြုမှုနှင့် ရာဇဝတ်မှုများကို ကာကွယ်ရန်ရည်ရွယ်သည်ဟု ဆိုသည်။ အင်တာနက်ဝန်ဆောင်မှုပေးသူများအနေဖြင့် ညစ်ညမ်းရုပ်ပုံစာပေကဲ့သို့သော မြန်မာ့ယဉ်ကျေးမှုနှင့်မသင့်လျော်သော အကြောင်းအရာ၊ သို့မဟုတ် မမှန်မကန်သောသတင်းများနှင့် ကောလာဟလများ၊ စည်းလုံးမှုနှင့်တည်ငြိမ်မှုကို ပျက်စီးစေသော အမုန်းတရားဖြစ်စေသော အကြောင်းအရာများကို ဖယ်ရှားတားဆီးရမည် ဟု ဆိုသည်။ ထိုဥပဒေကြမ်းသည် လူ့အခွင့်အရေးများကို ချိုးဖောက်ရာကျမည်ဖြစ်ကြောင်း အရက်ဘက်အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁၀ တွင် ပြောသည်။ အာဏာသိမ်းစစ်အစိုးရသည် အတိုက်အခံများ၏စည်းရုံးသိမ်းသွင်းမှုကို တားမြစ်ရန်အတွက် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု အရက်ဘက်အဖွဲ့အစည်းများက ဆက်လက်ပြောသည်။[၃၉] ဆိုင်ဘာလုံခြုံရေးဥပဒေမူကြမ်းသည် အသေးစိတ်ဆွေးနွေးပြင်ဆင်ရန် လိုအပ်နေကြောင်း၊ အခုအချိန်အခါသည် ထိုဥပဒေကို ပြဌာန်းရန် အချိန်အခါကောင်း မဟုတ်ကြောင်း၊ ဥပဒေကြမ်းနှင့်ပတ်သက်၍ ကြားတွင်လုပ်ဆောင်ရမည့် အဆင့်များကို ကျော်လွန်၍ အစောတလျင်ပြဌာန်းမည်ဆိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်မည်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုး၊ ပြည်သူတွေအကျိုးနဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံးတို့ရဲ့ အကျိုးအတွက် အသေးစိတ်ထပ်ပြီး ဆွေးနွေးပြင်ဆင်ရန်လိုအပ်ကြောင်း၊ လိုအပ်သောအထောက်အကူပြု အကြောင်းအချက်များ၊ လုပ်ငန်းစဉ်များကို အဆင့်ဆင့် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများအသီးသီးက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။[၄၀]

သတင်းမီဒီယာဖြတ်တောက်မှု

ဖိုင်:During Internet shutdown, one of the electronic shop sales the portable radio in Yangon, Myanmar.jpg
အင်တာနက်လိုင်းများနှင့် ရုပ်မြင်သံကြားလိုင်းများကို စစ်အစိုးရက ဖြတ်တောက်လိုက်သောကြောင့် သတင်းမှန်သိရှိရရှိစေရန် ရေဒီယိုများကို ဝယ်ယူလာကြသည်။

ပုဂ္ဂလိက သတင်းရုပ်သံလိုင်းများဖြစ်သော မဇ္ဈိမသတင်းဌာနရုပ်သံလိုင်း၊ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)ရုပ်သံလိုင်းအပါအဝင် ရုပ်မြင်သံကြားလိုင်းအချို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ပြန်ကြားရေးဝန်ကြီးဌာနက ပိတ်ပင်ဖြတ်တောက်ထားခဲ့ပြီး နိုင်ငံပိုင်ရုပ်သံလိုင်းများ၊ တပ်မတော်ပိုင်ရုပ်သံလိုင်းများနှင့် ဖျော်ဖြေရေးရုပ်သံလိုင်းများကိုသာ ဖွင့်လှစ်ပေးထားခဲ့သည်။ သို့သော် မဇ္ဈိမသတင်းဌာနရုပ်သံလိုင်းကမူ PSI စလောင်းမှ တစ်ဆင့်ကြည့်ရှုနိုင်ကြောင်း သူတို့၏ ဖေ့စဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ဖွင့်လှစ်ထားသော ရုပ်သံလိုင်းများသည် ဝါဒဖြန့်ချိရေးများနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုသာ ထုတ်လွှင့်နေပြီး သတင်းအမှန်များကို ထိန်ချန်ထုတ်လွှင့်နေသည်။[၄၁] အာဏာလုယူသည့်အစိုးရသည် နယူးယောက်ခ့်တိုင်းမ်း၊ ဝေါစထရစ်၊ သည်အီကောနောမစ်၊ ရိုက်တာနှင့် အေပီသတင်းဌာနများ ဝက်ဘ်ဆိုဒ်များကို ဖေဖော်ဝါရီလ ၇ ရက်တွင် ပိတ်ပင်ခဲ့သည်။[၄၂]

ဖမ်းဆီးမှုတရားစွဲခြင်းများ

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်အာဏာသိမ်းမှုနှင့် ပတ်သက်၍ လူပေါင်း ၁၅၂ ဦး ကိုထိန်းသိမ်းထားခဲ့သည်။ စစ်အစိုးရသည် ထိန်းသိမ်းခံထားရသူများကို ရာဇ၀တ်မှုဖြင့်တရားစွဲဆိုမှုစတင်ခဲ့သည်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားသုံးဦးဖြစ်သော ဇူးဇူးဇန်၊ အောင်မျိုးကိုနှင့် ထူးခေါင်သော်အား မန္တလေးတွင်ဆန္ဒပြမှုများအတွက် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ ၁၉ အရတရားစွဲဆိုခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးမောင်ကြီးအား ကရင်ပြည်နယ်ဖားအံမြို့နယ်တွင် ဆန္ဒပြမှုအတွက် ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ) အရဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းနှင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခြင်းခံရသည်။ ကရင်ပြည်နယ် ဘားအံနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါက်တာဒေါ်ချိုယုမွန်ကို "အနီရောင်ဖဲကြိုး" လှုပ်ရှားမှုတွင်ပါ၀င်မှုအတွက်ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ) အရအဖမ်းခံရပြီးစွဲချက်တင်ခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းထိန်အား ပုန်ကန်မှုအတွက်ပုဒ်မ ၁၂၄ (က)အရတရားစွဲဆိုခဲ့သည်။[၄၃] ဖေဖော်ဝါရီလ ၆ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သောအရပ်ဘက်အစိုးရ၏ သြစတြေးလျစီးပွားရေးပေါ်လစီအကြံပေးပုဂ္ဂိုလ်နှင့် Macquarie တက္ကသိုလ်ပါမောက္ခ ရှော(န်) တားနဲလ် (Sean Turnell) ကိုဖမ်းဆီးခဲ့သည်။ [၄၄]အာဏာသိမ်းမှုနှင့်စပ်လျဉ်းသော ပထမဆုံးဖမ်းဆီးခံရသည့် နိုင်ငံခြားသား ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလ ၈ ရက်တွင်အာဏာပိုင်များက ကရင်ပြည်နယ် ၀န်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုပြန်လည်ဖမ်းဆီးခဲ့သည်။[၄၅] နန်းခင်ထွေးမြင့်သည် စစ်သားများနှင့်ပြည်သူလူထုအကြား စည်းလုံးညီညွတ်မှုရှိရန် တိုက်တွန်းသည့် အွန်လိုင်း မှတ်ချက်များကို အစိုးရမှ အခွန်နှင့် ပြည်နယ်ရန်ပုံငွေများမှ ထောက်ပံ့ခဲ့သည်ဟုပြောကြားခဲ့ပြီး ဒေါက်တာမြင့်နိုင်က လူထုအားဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ရန် လူထုအား မိန့်ခွန်း ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြို့တော်ဝန်ရဲလွင် အပါအ၀င် အနည်းဆုံးဆန္ဒပြသူ ၁၀၀ ကို မန္တလေးတွင်ဖမ်းဆီးခဲ့သည်။[၄၆]

ပြိုင်ဘက်နိုင်ငံရေးပါတီများပါဝင်မှု

တပ်မတော်သည် အာဏာသိမ်းမှုအပြီး ပြိုင်ဘက်နိုင်ငံရေးပါတီများကို ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပြီး [၂၀]ဖေဖော်ဝါရီ ၂ရက် ၂၀၂၁ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။ ကောင်စီအဖွဲ့ဝင်များထဲတွင် ဖဒိုမန်းငြိမ်းမောင် (KNU အဖွဲ့ဝင်ဟောင်း)၊ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေ (NLD ၏ ခွဲထွက်ပါတီဖြစ်သော NDF ပါတီ ပူးတွဲတည်ထောင်သူများ) စသော အရပ်သားနိုင်ငံရေးသမားများစွာပါဝင်သည်။[၄၇] ဖေဖော်ဝါရီ ၃ ရက် ၂၀၂၁ တွင် ဒေါ်အေးနုစိန် (ဒုဥက္ကဌ ရခိုင်အမျိုးသားပါတီ) အပါအဝင် အရပ်သားနိုင်ငံရေးသမား ၅ ဦးထပ်မံပါဝင်လာခဲ့သည်။[၄၈] ဖေဖော်ဝါရီ ၆ ရက် တွင် ကောင်စီသို့ပါဝင်ရန် တပ်မတော်၏ကမ်းလှမ်းချက်ကို လက်ခံသည်ဟု မွန်ညီညွတ်ရေးပါတီက ကြေညာခဲ့သည်။[၄၉]

ကောလာဟလပျံ့နှံ့မှု

အင်တာနက် ပိတ်ခံထားရသော ဖေဖော်ဝါရီ ၇ ရက်ညတွင် SMS များဖြင့် ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ၊ NLD ခေါင်းဆောင်များ၏ သေဆုံးမှု မင်းအောင်လှိုင်အဖမ်းခံရစသော သတင်းမှားများပျံ့နှံ့လာခဲ့သည်။[၅၀][၅၁]ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာသည့်ကောလာဟလကို တပ်မတော်ပိုင်မြဝတီရုပ်သံမှလွှင့်ခဲ့ရာ ထင်ယောင်ထင်မှားဖြစ်‌စေခဲ့ပြီး လူများသည် လမ်းများပေါ်တက်၍ မီးပန်းများဖောက်လွှတ် အောင်ပွဲခံသည်အထိဖြစ်ခဲ့ကြသည်။[၅၂] အင်တာနက်ဝန်‌ဆောင်မှုပိတ်ခံထားရခြင်းကြောင့် သတင်းမှန်ရရှိရန်ခက်ခဲလာကာ ကောလာဟလများကိုပိုမိုပျံ့နှံ့စေခဲ့သည်။

စစ်အုပ်ချုပ်ရေးအမိန့် စည်းကြပ်ခြင်း

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ချက်တွင် လူ ၅ ဦးထက် ပိုမစုရ၊ ဆန္ဒမပြရ ဟု ပါဝင်သည်။

တပ်မတော်ဘက်လိုက် တန်ပြန်ဆန္ဒပြပွဲများ

အာဏာသိမ်းပိုက်ပြီးအချိန်တွင် တပ်မတော်ထောက်ခံသူများသည် ထောက်ခံပွဲများပြုလုပ်ခဲ့ကြသည်။[၅၃] Women's Peace Network မှ ဝေဝေနုသည် ဆန္ဒပြပွဲများတွင် တပ်မတော်ထောက်ခံသူများက ဝင်ရောက်စွက်ဖက်နိုင်ကြောင်းသတိပေးခဲ့သည်။[၅၄] ဒီဇင်ဘာ ၃၀ ရက်နေ့တွင် တပ်မ‌တော်ထောက်ခံသူ​နေ့စားအ‌ယောက် ၄၀၀ ခန့် သည် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒပြခဲ့ကြသည်။[၅၅] ဇန်နဝါရီလ ၁၄ ရက်တွင်လည်း မန္တလေးတိုင်း‌၊ ပျော်ဘွယ်မြို့၌ အယောက် ၁၀၀၀ ခန့် သည် ရွေးကောက်ပွဲရလဒ်များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။[၅၆]

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် တပ်မတော်ထောက်ခံသူများသည် ရဲကားတစ်စီးကို အုတ်ခဲဖြင့်ပစ်ခဲ့သော်လည်း တစ်ဦးမျှ ဖမ်းဆီးခံရခြင်းမရှိပေ။[၅၃] ဇန်နဝါရီ ၃၀ ရက်နေ့တွင် တပ်ထောက်ခံသူအယောက် ၅၀၀ ခန့်သည် ‌ရွှေတိဂုံဘုရားအနီး၌ ပုန်ကန်မှုမျိုးပြုလုပ်ခဲ့ကြပါသည်။[၅၇] ဖေဖော်ဝါရီ ၂ ရက်နေ့တွင် တပ်မတော်ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြပါသည်။[၅၈] ဖေဖော်ဝါရီ ၈ ရက်နေ့တွင်လည်း ဆူးလေဘုရားအနီး၌ ထောက်ခံပွဲပြုလုပ်ခဲ့သည်။[၅၉]

ဖေဖော်ဝါရီလ ၉ ရက်နေ့ ရန်ကုန်မြို့ဆန္ဒပြပွဲတွင် တပ်ထောက်ခံသူများသည် နံပါတ်မပါသောကားများဖြင့် ရောက်ရှိလာခဲ့ကြပြီး အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ကြသည်။[၆၀]အများစုမှာသစ်သားတုတ်များကို လျှို့ဝှက်ကိုင်ဆောင်လာခဲ့ကြပြီး အချို့မှာဒီမိုကရေစီအတွက်ဆန္ဒပြသူများနှင့် ဝင်ရောက်ရောနှောခဲ့သည်။[၆၀]

အကြမ်းဖက်နည်းသုံး၍လူစုခွဲခြင်း

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် နေပြည်တော်မြို့၊ သပြေကုန်းအဝိုင်းဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသည့်အတွက် ငါးယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် လူငယ် အမျိုးသားတစ်ဦးနှင့် လူငယ် အမျိုးသမီးတစ်ဦး ဒဏ်ရာ ပြင်းထန် သောကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် အသက်လု ကုသ နေသည်။ ဒဏ်ရာရထားသည့် အမျိုးသားသည် ၂၃ နှစ်အရွယ် ကိုဆိုဝေ ဖြစ်ပြီး၊ အမျိုးသမီးသည် အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်တို့ ဖြစ်ကြသည်။ ကိုဆိုဝေမှာ သေနတ်ဒဏ်ရာကြောင့် ရင်ဘတ်ကို ထုတ်ချင်းပေါက် ပွင့်ထွက်သွားသည်။ မမြသွဲ့သွဲ့ခိုင်က ခေါင်းမှာကျည်ဆန်ထိမှန်ပြီး သေဆုံးလုနီးပါး (brain death) ဖြစ်နေကာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသည်။[၆၁]

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) တွင် မော်လမြိုင်မြို့၌ ရဲများသည် သေနတ်များပစ်ခတ်ခြင်းဖြင့် ဆန္ဒပြသူများကိုလူစုခွဲစေခဲ့သည်။[၁၆]

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ လျှပ်စစ်ဓာတ်အားပေးရုံကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့မှ ဝင်စီးထားသည်ဟု သတင်းရ၍ သွားရောက်ဝန်းရံ ဆန္ဒပြသူ ပြည်သူလူထုကိုလည်း သေနတ်၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ရာ ဒဏ်ရာရသူများလည်းရှိခဲ့သည့်အပြင် သတင်းထောက် ၅ ဦးကိုလည်းဖမ်းဆီးခဲ့သည်။[၆၂] သို့သော် ဖမ်းဆီးခံသတင်းထောက်များကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ဓာတ်ပုံများ

ကိုးကား

  1. Anti-Coup Protest on Streets of Myanmar's Second City (၃ ဖေဖော်ဝါရီ ၂၀၂၁)။
  2. Myanmar adopts nonviolent approach to resist army coup (in en) (2021-02-03)။
  3. CNN၊ Carly Walsh and Akanksha Sharma။ Protests break out in Myanmar in defiance of military coup
  4. စစ်အစိုးရကို နေပြည်တော်က နိုင်ငံ့ဝန်ထမ်းတွေ ကန့်ကွက်ဆန္ဒပြ (in my)။ Radio Free Asia။ 2021-02-04 တွင် ပြန်စစ်ပြီး။
  5. Media group worries over press freedom in Myanmar under military rule (2021-02-08)။ 2021-02-08 တွင် ပြန်စစ်ပြီး။
  6. Central Bank of Myanmar Staff Join Anti-Coup Protests (in en-US) (2021-02-10)။ 2021-02-10 တွင် ပြန်စစ်ပြီး။
  7. Request To Health Workers (in en-US) (2021-02-09)။ 2021-02-10 တွင် ပြန်စစ်ပြီး။
  8. https://cdm2021.com/
  9. Myanmar calls for boycott of Tatmadaw linked products and services (2021-02-03)။
  10. Military Chief's Family Members Spend Big on Blockbuster Movies, Beauty Pageants။ 15 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  11. စစ်အာဏာသိမ်းမှုကို အနုနည်းအာဏာဖီဆန်မှု တချို့ရှိလာခြင်း (in my)။ 2021-02-02 တွင် ပြန်စစ်ပြီး။
  12. Mandalay vice mayor, MCDC members resign (2021-02-03)။ 2021-02-03 တွင် ပြန်စစ်ပြီး။
  13. Mandalay citizens protest against Tatmadaw rule (2021-02-04)။ 2021-02-04 တွင် ပြန်စစ်ပြီး။
  14. Four arrested in Mandalay after street protest against military coup (in en)။ 2021-02-04 တွင် ပြန်စစ်ပြီး။
  15. Myanmar protests: shots heard in southeast city as police disperse crowd (in en) (2021-02-12)။ 2021-02-12 တွင် ပြန်စစ်ပြီး။
  16. ၁၆.၀ ၁၆.၁ Limited၊ Bangkok Post Public Company။ "Protesters defy Myanmar junta, shots fired in Mawlamyine"၊ Bangkok Post 
  17. NLD lawmakers in Nay Pyi Taw defy military, take oath of office | Frontier Myanmar
  18. Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament
  19. https://apnews.com/article/myanmar-coup-politicians-a576dcd73070070877e8d567ec5e8a5c
  20. ၂၀.၀ ၂၀.၁ SNLD, DPNS reject offer to participate in new government | Eleven Media Group Co., Ltd
  21. Karenni National Progressive Party urges NLD and Tatmadaw to negotiate | The Myanmar Times
  22. “ဖဲကြိုးနီ လှုပ်ရှားမှု”ကို ထောက်ခံကြောင်း ပြသခဲ့တဲ့ နီနီခင်ဇော်
  23. ဖဲကြိုးနီလှုပ်ရှားမှု လုပ်ခဲ့လို့ ဘားအံနည်းပညာကျောင်းအုပ် အဖမ်းခံရ — မြန်မာဌာန
  24. https://www.bbc.com/burmese/burma-55953458
  25. ၂၅.၀ ၂၅.၁ Here's who is standing up against Myanmar's coup | Coconuts Yangon။ Coconuts (2021-02-03)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  26. Myanmar celebs and artists stand against the military coup (2021-02-03)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  27. ၂၇.၀ ၂၇.၁ Coup sparks outcry on Myanmar social media as West ponders next step (2021-02-02)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  28. Anti-coup mass protests take place in cities across Myanmar (in en)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  29. Myanmar army chief mocked online for short stature in doctored photo (in en) (2021-02-05)။ 2021-02-08 တွင် ပြန်စစ်ပြီး။
  30. ၃၀.၀ ၃၀.၁ ၃၀.၂ Staff၊ Reuters။ "Myanmar internet providers block Facebook services after government order" (in en)၊ Reuters၊ 2021-02-03။ 
  31. Directive to block social media service (in en) (2021-02-03)။ 2021-02-04 တွင် ပြန်စစ်ပြီး။
  32. Potkin၊ Fanny။ "After Facebook ban, thousands in Myanmar take to Twitter to plead #RespectOurVotes" (in en)၊ Reuters၊ 2021-02-05။ 
  33. Myanmar’s new military government is now blocking Twitter and Instagram (in en-US)။ 2021-02-06 တွင် ပြန်စစ်ပြီး။
  34. Directive to block social media services Twitter and Instagram in Myanmar (in en) (2021-02-05)။ 2021-02-06 တွင် ပြန်စစ်ပြီး။
  35. Myanmar junta blocks internet access as coup protests expand (2021-02-06)။ 2021-02-06 တွင် ပြန်စစ်ပြီး။
  36. Internet access partially restored in Myanmar as protests grow against military coup (in en)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  37. https://www.theguardiantanks-on-streets-of-myanmar-city-prompt-us-embassy-warning
  38. Directives from authorities in Myanmar - February 2021 (in en)။ ၁၅ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  39. ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းအသစ်က လူ့အခွင့်အရေးများကို ချိုးဖောက်ရာကျကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ပြစ်တင် | Mizzima Myanmar News and Insight
  40. ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဌာန်းရမယ့်အချိန်မဟုတ်ဘူးလို့ ကွန်ပျူတာအသင်းများထုတ်ပြန်
  41. Myanmar’s military should lift Facebook, WhatsApp censorship, enable news broadcasts following coup - Committee to Protect Journalists
  42. US Ambassador Calls for Myanmar Military to Restore Power to Elected Government
  43. AAPP | Assistance Association for Political Prisoners
  44. https://www.channelnewsasia.com/news/asia/myanmar-coup-australian-adviser-aung-san-suu-kyi-detained-14126558
  45. Myanmar’s Military Re-Arrests Two Chief Ministers
  46. Protest crackdown begins in Myanmar, over 100 nabbed in Mandalay | The Myanmar Times
  47. မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ကို တပ်မတော်နေရာပေး (in my)။ Radio Free Asia။ 2 February 2021 တွင် ပြန်စစ်ပြီး။
  48. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၁၄ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (in my)။ Tatmadaw Information Team။ 4 February 2021 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  49. အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ စစ်အစိုးရကမ်းလှမ်းချက် မွန်ညီညွတ်ရေးပါတီ လက်ခံ (in en)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  50. ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဆိုသည့်သတင်းမှား ပျံ့နှံ့နေ (in en)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  51. "After a decade of change in Myanmar, fear of the past drives anti-coup protests" (in en)၊ Reuters၊ 2021-02-07။ 
  52. Myanmar coup: Tens of thousands protest and call for Aung San Suu Kyi's release despite internet being cut off (in en)။ 2021-02-07 တွင် ပြန်စစ်ပြီး။
  53. ၅၃.၀ ၅၃.၁ Pro-military protesters hurl bricks at police car while rallying against the Union Election Commission (in en)။ 2021-02-08 တွင် ပြန်စစ်ပြီး။
  54. Kirby၊ Jen (2021-02-08)။ Tens of thousands rise up against the coup in Myanmar (in en)။ 2021-02-08 တွင် ပြန်စစ်ပြီး။
  55. Hundreds attend pro-military protest in defiance of Covid-19 restrictions (in en)။ 2021-02-08 တွင် ပြန်စစ်ပြီး။
  56. Over a thousand protesters defy ban on large gatherings, army-related slogans at Mandalay rally (in en)။ 2021-02-08 တွင် ပြန်စစ်ပြီး။
  57. Pro-Tatmadaw protesters spark riot in Yangon (2021-01-31)။ 2021-02-08 တွင် ပြန်စစ်ပြီး။
  58. "Myanmar Army Rallies Supporters, Bans Flights Through April" (in en)၊ Bloomberg.com၊ 2021-02-02။ 
  59. MYANMAR PROTESTS LIVE: Tens of thousands gathering in Yangon, demonstrations in other major cities (in en-US) (2021-02-08)။ 2021-02-08 တွင် ပြန်စစ်ပြီး။
  60. ၆၀.၀ ၆၀.၁ Pro-military groups tried to disrupt anti-coup protests (in en)။ 2021-02-10 တွင် ပြန်စစ်ပြီး။
  61. နေပြည်တော်ဆန္ဒပြပွဲ ရဲကပစ်ခတ်လို့ လူငယ်နှစ်ယောက် အသက်အန္တရာယ်စိုးရိမ်ရ — မြန်မာဌာန
  62. မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဘူးဂါးမလိလျှပ်စစ်ဓာတ်အားခွဲရုံတွင် တပ်မတော်သားများ ဝင်ရောက် နေရာယူမှုအပေါ် ကန့်ကွက်ဆန္ဒပြရာမှ လူစုလူဝေးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ (in my)။ ၁၅ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ