နိုင်ငံတကာ အာကာသ စခန်း
နိုင်ငံတကာ အာကာသ စခန်း (International Space Station, ISS) ) သည် ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၂၀၀၀ အထက် ပတ်လမ်းနိမ့်ပေါ် လွှတ်တင် တပ်ဆင်ထားသည့် နိုင်ငံတကာ သုတေသန အဆောက်အအုံ တစ်ခုဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် စတင် တပ်ဆင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်မည်ဟု လျာထားပြီး ၂၀၁၅ ခုနှစ် အထိ လည်ပတ် စေနိုင်မည်ဟု ခန့်မှန်းရသည်။ [၁][၂]
လက်ရှိ အာကာသ စခန်းသည် ယခင်စခန်းများထက် ကန့်လန့်ဖြတ်အလျား ပိုမိုရှည်လျားပြီး လက်ရှိ ကမ္ဘာကို လည်ပတ်နေသည့် ဂြိုလ်တုဖြစ်ကာ သာမန်မျက်လုံးဖြင့် မြင်နိုင်သည်။ [၃] သိပ္ပံပညာရှင်များသည် နိုင်ငံတကာ အာကာသ စခန်းကို ဆွဲငင်အား လွန်စွာ နည်းပါးသည့် မိုက်ခရို ဂရဗ်ဗီတီ (microgravity) ဓာတ်ခွဲခန်းတစ်ခုအဖြစ် အသုံးချကာ ဇီဝဗေဒ၊ ဇီဝကမ္မဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဆေးဝါးဆိုင်ရာ စမ်းသပ်မှုများကို လုပ်ဆောင်ကြသည်။ အာကာသနှင့် မိုးလေဝသကို စောင့်ကြည့် လေ့လာကြသည်။ [၄][၅]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Rand Simberg (29 July 2008). The Uncertain Future of the International Space Station: Analysis. Popular Mechanics. Retrieved on 6 March 2009။
- ↑ Template:Cite press release
- ↑ Nations Around the World Mark 10th Anniversary of International Space Station. NASA (17 November 2008). Retrieved on 6 March 2009။
- ↑ Fields of Research. NASA (26 June 2007). Archived from the original on 25 March 2008။
- ↑ Getting on Board. NASA (26 June 2007). Archived from the original on 8 December 2007။