ဆာရာဝပ်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆရားဝပ်နယ်[ပြင်​ဆင်​ရန်​]

ဆရားဝပ်နယ်သည် ဘော်နီယိုကျွန်း merppp! အနောက်မြောက်ဖက် ကမ်းခြေဒေသရှိ မလေးရှားနိုင်ငံ ပိုင် ြပည်နယ် တစ်ခုြဖစ်သည်။ ထိုနယ်၏ အနောက်မြောက်ဖက်တွင် ဘရူနိုင်းနိုင်ငံ ၊ အရှေ့မြောက်ဘက်တွင် မလေးရှားနိုင်ငံပိုင် ဆာဘားြပည်နယ် ရှိသည်။

ဆရားဝပ်နယ်သည် စတုရန်း မိုင် ၄၇ဝဝဝ မိုင်ခန့် ကျယ်ဝန်းသည်။ ၁၉၅၄ ခုနှစ်အတွက် လူဦးရေခန့်မှန်းခြေ ၆ဝဝဝဝဝ ရှိသည်။ လူများစုမှာ ဒယက်လူမျိုး၊ မလေးလူမျိုးနှင့် တရုတ် လူမျိုးတို့ဖြစ်ကြသည်။ မြစ်ကြီးမြစ်ငယ် အသွယ်သွယ် တို့သည် ဆရားဝပ်နယ်ကို ဖြတ်သန်းစီးဆင်းလျက်ရှိကြသည်။ အချို့သော မြစ်များသည် လှေသင်္ဘောများ မိုင်ပေါင်းများစွာ ဆန်တက်သွားလာနိုင် လောက်အောင်ကြီးကျယ်လေသည်။ ဆရားဝပ်နယ်၏ ကမ်းရိုးတန်းမှာ မိုင် ၄၅ဝ မျှရှည်လျားသည်။ ဆရားဝပ်နယ်သည် အပူပိုင်းဒေသတွင် တည်ရှိသဖြင့် ရာသီဥတုမှာ ပူအိုက်စိုစွတ်သည်။ မိုးများစွာရွာသွန်း၍ သစ် တောကြီးများ ထူထပ်စွာပေါက်ရောက်သည်။ ကာဖီ၊ ငရုတ် ကောင်း၊ သာဂူ၊ ကော်ဖတ်၊ ပရုတ်၊ ပီလောပီနံစသော အသီး အနှံများကို စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဆရားဝပ်နယ်၏ အရေး ကြီးဆုံး တွင်းထွက်ပစ္စည်းမှာ ရေနံဖြစ်၍၊ မိရိဆိပ်ကမ်းမြို့အနီး တစ်ဝိုက်တွင် အများဆုံးထွက်သည်။ အခြားတွင်းထွက်ပစ္စည်းများမှာ ရွှေ၊ ကျောက်မီးသွေး၊ ခနောက်စိမ်း၊ စိန်၊ ကြေးနီနှင့် မန်ဂနိဖြစ်သည်။


တစ်နေရာမှ တစ်နေရာသို့ ကူးသန်းသွားလာရေးအတွက် ကမ်းခြေ တစ်လျှောက်တွင် မီးသင်္ဘောများကို၎င်း၊ အတွင်းဖက်ကုန်းပိုင်း တွင် မော်တော်ကားများနှင့် မြစ်ကြောင်းခရီးကို၎င်း အသုံးပြု ကြသည်။ မီးရထားလမ်း ဟူ၍ မရှိချေ။ ဆရားဝပ်နယ်၏ မြို့တော်မှာ ကူးချင်မြို့ဖြစ်သည်။ ထိုမြို့မှာ ဆရားဝပ်မြစ်ပေါ်တွင် တည်ရှိ၍၊ လူဦးရေ ၃ဝဝဝဝ ကျော်ရှိသည်။ ယခုရှိရင်းစွဲဆရားဝပ်နယ်မှာ ခရစ် ၁၈၄၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗရူးနေးနယ်စား စူလတန် ထံမှ ဆာဂျိမ်းဗရွတ်က ရရှိလိုက်သော နယ်ဖြစ်သည်။ ထိုအခါ မှစ၍ ဗရွတ်၏ သားစဉ်မြေးဆက် တို့သည် စော်ဘွားအဖြစ်ဖြင့် အုပ်စိုးခဲ့၏။ ခရစ် ၁၈၈၈ ခုနှစ် စာချုပ်အရ ဆရားဝပ်နယ် သည် ဗြိတိသျှ အစိုးရအစောင့်အရှောက်ခံ (ဝါ) ဩဇာခံနယ် ဖြစ်လာသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့၌ ဆရားဝပ်နယ်မှာ ဂျပန်တို့ လက်သို့ကျရောက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးသောအခါ ဆာဂျိမ်းဗရွတ်၏ အနွယ်ဖြစ်သော ဆရားဝပ် ရာဇာသည် အခြေခံဥပဒေဖြင့် အုပ်စိုးခဲ့၏။ သို့သော် ၁၉၄၆ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဆရားဝပ်နယ်ကို ဗြိတိသျှအစိုးရကခန့်အပ်သော ဘုရင်ခံက ဥပဒေပြုလွှတ်တော် နှင့် လူမျိုးစု ကိုယ်စားလှယ် အကြံပေးကောင်စီတို့၏ အကူ အညီဖြင့် အုပ်ချုပ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)