ပြည်တွင်းသောင်းကျန်းမှုသမိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပြည်ထောင်​စု သမ္မတ မြန်မာ​နိုင်​ငံတော်‌
Flag of Myanmar.svg State seal of Myanmar.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း - ကမ္ဘာမကျေ
ပထဝီ
Myanmar in its region.svg
မြို့တော် နေပြည်တော်
ဧရိယာ
  • ဧရိယာ - ၆​၇​၆,၅​၇​၈ km² (၂​၆​၁,၂⁠၂​၇ sq mi) (အဆင့်: ၄​၀)
  • ရေဖုံးလွှမ်းမှု - ၃.၀​၆%
စံတော်ချိန်ဇုန် UTC +၆:၃​၀
လူနေမှု
လူဦးရေ
နိုင်ငံရေး
အစိုးရခေါင်းဆောင်များ
ထူထောင်မှု
  • ပုဂံ​တိုင်း​ပြည် - ၁​၀​၄​၄-၁​၂​၈​၇
  • တိုင်း​ပြည်​အသေး​များ - ၁​၂​၈​၇-၁​၅​၃​၁
  • တောင်ငူ​တိုင်း​ပြည် - ၁​၅​၃​၁-၁​၇​၅​၂
  • ကုန်း​ဘောင်​တိုင်း​ပြည် - ၁​၇​၅​၂-၁​၈⁠၈​၅
  • ကို​လို​နီ​အုပ်ချုပ်​ခေတ် - ၁​၈⁠၈​၆-၁​၉​၄​၈
  • လွတ်လပ်​ရေး - ၄ ဇန်နဝါရီ ၁​၉​၄​၈
စီးပွားရေး
GDP(PPP) US $ ၅​၉.၉​၀​၄ သိန်းကုဋေ (အဆင့် - ၇​၉)
GDP(PPP) US $ ၁,၀​၃​၉ (အဆင့် - ၁​၆​၂)
HDI ၀.၅​၈​၃ (အလယ်) (အဆင့် - ၁​၃​၂)
ငွေ ကျပ် (MMK "K")
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
ISO 3166-1 MM
CCLTD .mm
Calling code +၉​၅

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြည်တွင်း သောင်းကျန်းမှုသမိုင်းကို လေ့လာလျှင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံ ရေးလှုပ်ရှားမှုသမိုင်းတို့နှင့် ဆက်စပ်နေသည်ကိုတွေ့ ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ် သမိုင်းတစ်လျှောက်တွင် ပြည်တွင်းသောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့အစည်းများ မြောက်မြားစွာပင် ပေါ်ထွက်ခဲ့သည်။ နိုင်ငံရေးအယူအဆ ကွဲပြားမှုကြောင့် လည်းကောင်း၊ ကျဉ်းမြောင်းသော လူမျိုးရေးအမြင်ကြောင့်သော်လည်းကောင်း လက်နက်ကိုင်ဆူပူ သောင်းကျန်းခဲ့ကြကုန်သော သောင်းကျန်းသူအဖွဲ့ အစည်းအမျိုးမျိုးသည် ယနေ့ခေတ်ကာလတွင် ယင်း တို့၏ရပ်တည်မှုကိုအကြောင်းပြု၍ စီးပွားရေး သောင်းကျန်းသူများအဖြစ် တစ်စတစ်စ ပြောင်းလဲ လာနေကြသည်။

တပ်မတော်သည် ပြည်တွင်းသောင်းကျန်းမှုများ ကို အစဉ်တစိုက် တိုက်ခိုက်နှိမ်နင်းလျက်ရှိရာ ယနေ့ အထိ အောင်ပွဲခံနေဆဲပင် ဖြစ်သည်။ ပြည်သူလူထု သည် သောင်းကျန်းသူများ၏ အဖျက်လုပ်ငန်းများကို နှစ်ရှည်လများ ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ ယခုအခါ ပြည်တွင်းသောင်းကျန်းမှုများအပေါ် များစွာငြီးငွေ့၍ နေလေပြီ။သောင်းကျန်းသူများ၏ အဖျက်လုပ်ငန်း များအပေါ်တွင်လည်း သည်းမခံနိုင်ကြတော့ပေ။ ထို့ကြောင့် တပ်မတော်နှင့် ပိုမိုပူးပေါင်း၍ သောင်းကျန်းသူအဖျက်သမားများ အား ရှေ့တန်းဒေသအသီးသီး တွင် ဆန့်ကျင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခါစ ကာလများတွင် တစ်နိုင်ငံလုံးကို ကောင်းစွာ ခြိမ်းခြောက်နိုင်ခဲ့သော သောင်းကျန်းသူများမှာ ယခုအခါ နယ်စွန်နယ်ဖျားဒေသများတွင်သာ ခိုအောင်းလှုပ်ရှားနေကြရသည်။

မြန်မာနိုင်ငံ၏သမိုင်းကို ပြန်လည်လေ့လာလျှင် မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့အစိုးရ၏လက်အောက် တွင် နှစ်ပေါင်းများစွာ ကျွန်နိုင်ငံအဖြစ် ရပ်တည်နေ ခဲ့ရကြောင်း ထင်ရှားစွာ တွေ့ရနိုင်သည်။ မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဆက် သည် တန်ခိုးကြီးမားသောမင်းဆက်ဖြစ်ပြီး အလောင်းဘုရားနှင့် ဆင်ဖြူရှင်မင်းတို့သည် ကျယ်ဝန်း၍အင်အား တောင့်တင်းသော တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ခဲ့ကြသည်။ ဘကြီးတော်မင်းလက်ထက် တွင် ဗြိတိသျှများသည် အိန္ဒိယတိုက်ငယ်ကိုနယ်ချဲ့၍ သိမ်းပိုက်ပြီးဖြစ်ရာ နယ်စပ်ဒေသများတွင် မြန်မာတို့ နှင့် ထိတွေ့လာရပြီ ဖြစ်သည်။ သို့နှင့် ၁၈၂၁ ခုနှစ် အာသံအရေးအခင်းတွင် မြန်မာများနှင့် ဗြိတိသျှတို့ သည် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရသည်။ မဏိပူရပြည်၊ အာသံပြည်နှင့် အက္ကပတ်ပြည်တို့ သည် မြန်မာနိုင်ငံတော်၏လက်အောက်ခံ လက်နက် နိုင်ငံများဖြစ်ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသောနယ် များ ဖြစ်သည်။ အာသံပြည် နန်းတွင်းရေးရှုပ်ထွေးမှု ကို အကြောင်းပြု၍ ဗြိတိသျှတို့သည် ဝင်ရာက်စိုးမိုး ခြင်း၊ စွက်ဖက်ခြယ်လှယ်ခြင်းများကို ပြုလုပ်လာကြ သည်။

၁၈၁၆ ခုနှစ်တွင်တစ်ကြိမ်၊ ၁၈၁၈ ခုနှစ်တွင် တစ်ကြိမ် အာသံတွင် ထောင်ထားပုန်ကန်မှုများ ဖြစ် ပေါ်ခဲ့ရာ မြန်မာတပ်များက ငြိမ်ဝပ်ပိပြားရေးအတွက် တိုက်ခိုက်နှိမ်နင်း ပေးခဲ့ရသည်။ အာသံနန်းဆက် ခိုင်မာရေးအတွက် မြန်မာတပ်များကို အာသံနယ်ထဲ တွင် တပ်စွဲပေးခဲ့ရသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာတို့ နန်းတင်ပေး ခဲ့သော စန္ဒရကန္တရှိန်ကို သွေးထိုးမြှောက်ပင့်ပေးခြင်း ဖြင့် အာသံအရေးအခင်းဖြစ်ပွားစေရန် မီးမွှေးပေး ခဲ့ကြသည်။ဗြိတိသျှတို့သည် အာသံစော်ဘွားအား လက်နက်များရောင်းချခဲ့သည်သာမက ကုလားစစ်ပါရီ များကို စေလွှတ်ပေးခြင်းဖြင့် ကိုယ်ထိလက်ရောက် ကူညီခဲ့သည်။ မင်းကြီးမဟာဗန္ဓုလသည် အာသံနယ်သို့ သွားရောက်၍ သူပုန်များကို နှိမ်နင်းတိုက်ခိုက်ခဲ့ရသည်။ မဟာဗန္ဓုလ၏စစ်ကြောင်းသည် အမရပူရမြို့တော်မှ အာသံပြည် ဇူရဟတ်မြို့အထိ မိုင်ပေါင်း ၁၁ဝဝ မျှ ချီတက်၍ စစ်ဆင်တိုက်ခိုက်ခဲ့ရသည်။ စန္ဒရကန္တရှိန် သည် ကုလားစစ်ပါရီများအပါအဝင် စစ်သည်အင်အား သုံးသောင်းကျော်ဖြင့် ခုခံခဲ့သည်။ မဟာဗန္ဓုလ၏ တပ်အင်အားမှာ ဂျိန်ဖော့ရဲမက်တော် ၁ဝဝဝ အပါ အဝင် စစ်သည် ၅ဝဝဝ သာ ပါဝင်သည်။ သို့သော် မဟာဗန္ဓုလသည် အာသံအရေးအခင်းတွင် စန္ဒရကန္တ ရှိန်၏တပ်ကြီးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။

ရခိုင်မှ သူပုန်တစ်ဦးဖြစ်သူ ချင်းပြန် ကိစ္စသည် လည်း မြန်မာများနှင့် ဗြိတိသျှတို့ ထိပ်တိုက်တွေ့စရာ ဖြစ်လာသည်။ မြန်မာဘုရင်အား ပုန်ကန်ထကြွသည့် ချင်းပြန်နှင့် နောက်လိုက်များ ဘဂင်္လားနယ်ထဲသို့ ထွက်ပြေးခိုလှုံသည်ကစ၍ မြန်မာတပ်များနှင့် ဗြိတိသျှ တို့ မကြာခဏ အချင်းများလာကြရသည်။ ဗြိတိသျှတို့ သည် ချင်းပြန်နှင့် နောက်လိုက်များအား ဘဂင်္လားနယ် ထဲတွင် ခိုလှုံခွင့်ပေး၍ ကူညီထောက်ပံ့နေကြသည်ဟု မြန်မာတို့က မကြာခဏ စွပ်စွဲသည်။ ဗြိတိသျှနယ်ချဲ့ များကား မြန်မာနိုင်ငံတစ်ခုလုံးကို ကိုလိုနီနယ်ပယ် အဖြစ် သိမ်းပိုက်ရန် ဆုံးဖြတ်ပြီးဖြစ်နေသည်။ မြန်မာတပ်များသည် ဗြိတိသျှတို့၏ ရန်စစော်ကားမှုများကို သည်းမခံ နိုင်တော့ပေ။ ရှင်မဖြူကျွန်းကို ဗြိတိသျှတို့က ယင်းတို့၏ပိုင်နက်အဖြစ် တပ်စွဲလာခဲ့သောအခါတွင် ကား မြန်မာတပ်များသည် နယ်စပ်ကိုဖြတ်ကျော်၍ တိုက်ခိုက်တော့သည်။ မြန်မာတပ်များသည် ၁၈၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် နယ်စပ်ကို ဖြတ်ကျော်ကြခြင်း ဖြစ်သည်။ ဗြိတိသျှတို့အနေနှင့်ကား စစ်ဖြစ်ရန် အကြောင်းပြချက်များ လုံလောက်သွားပြီဖြစ်သော ကြောင့် ၁၈၂၄ ခုနှစ်၊ မတ်လ ၅ ရက်တွင် စစ်ဖြစ်ပွား ပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်။

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲသည် ၁၈၂၄ ခုနှစ် မှ ၁၈၂၆ ခုနှစ်အထိ နှစ်နှစ်တာကာလမျှ ကြာမြင့်ခဲ့ သော ကမ္ဘာ့သမိုင်းဝင် စစ်ပွဲကြီးတစ်ပွဲပင် ဖြစ်သည်။ ထိုစစ်ပွဲကြီးတွင် အင်္ဂလိပ်တို့သည် ခေတ်မီရေနွေးငွေ့ အင်ဂျင်သုံး မီးသင်္ဘောများ၊ အမြောက်များ၊ သေနတ် များကို အသုံးပြု၍ စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ထား သည့် စစ်သား ၄ဝဝဝဝ ကျော်ဖြင့် ပါဝင်တိုက်ခိုက်ခဲ့ ကြသည်။ မြန်မာတို့သည် အမြဲတမ်း တပ်မတော်ကို ကြိုတင်ဖွဲ့စည်း လေ့ကျင့်ထားလေ့မရှိဘဲ အရေးကြုံမှ သာ နယ်မြေအလိုက် အချိုးကျ စစ်သားစုဆောင်းသည့် စနစ်ကိုသာ အသုံးပြုလျက်ရှိရာ မြန်မာတပ်သားများ သည် သေချာကျနစွာ ဖွဲ့စည်းလေ့ကျင့်ထားသော စစ်သည်တော်များ မဟုတ်ကြပေ။ သို့သော် မြန်မာတို့ သည် ပန်းဝါ(ရာမူး)တိုက်ပွဲတွင် အင်္ဂလိပ်တို့အား အနိုင်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်ကုန်တိုက်ပွဲ၊ ဓနုဖြူ တိုက်ပွဲ၊ဝက်ထီးကန်တိုက်ပွဲစသော တိုက်ပွဲကြီးများတွင် အသက်ပေါင်းများစွာ စွန့်လွှတ်၍ ကျူးကျော်သူနယ်ချဲ့ တို့အား သတ္တိပြောင်မြောက်စွာ ခုခံတိုက်ခိုက်ခဲ့ကြသည်။ သို့သော် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် မြန်မာ တို့သည် အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ဗြိတိသျှ နယ်ချဲ့တို့၏ စစ်သား ၁၅ဝဝဝ ကျော် ကျဆုံး ၁ ခဲ့ရ သကဲ့သို့ မြန်မာတပ်သားများမှာလည်း မရေမတွက် နိုင်အောင်ပင် သေကျေပျက်စီးခဲ့ကြရသည်။ မဏိပူရ နှင့် အာသံနယ်ကို မြန်မာတို့ လက်လွှတ်လိုက်ရသည်။ ရခိုင်ကမ်းမြောင်ဒေသနှင့် တနင်္သာရီကမ်းမြောင်ဒေသ ကို အင်္ဂလိပ်တို့လက်သို့ ပေးအပ်လိုက်ခြင်းဖြင့် မြန်မာ နိုင်ငံ၏ လွတ်လပ်ရေးတစ်စိတ်တစ်ဒေသ ဆုံးရှုံးသွားရသည်။ အင်္ဂလိပ်လက်အောက်သို့ ကျရောက်သွား သော ရခိုင်နှင့် တနင်္သာရီဒေသများတွင် အဂင်္လိပ် အစိုးရအား ဆန့်ကျင်ပုန်ကန်မှုများ ပေါ်ပေါက်ခဲ့သည်။

အင်္ဂလိပ်အစိုးရသည် ၁၈၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ရခိုင်မြို့တော်ကို မြောက်ဦးမှ စစ်ရေးအရ အချက်အချာကျသည့် စစ်တွေသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၈၂၇ ခုနှစ်၊ ၁၈၂၉ ခုနှစ်၊ ၁၈၃၁ ခုနှစ်၊ ၁၈၃၆ ခုနှစ်နှင့် ၁၈၅၃ ခုနှစ်တို့တွင် ရခိုင်တိုင်း၌ လက်နက်ကိုင်ပုန်ကန်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း အင်္ဂလိပ်တို့သည် နှိမ်နင်းနိုင်ခဲ့ကြသည်။ စစ်ဖြစ်ရန်အတွက် အမြဲတမ်း ရန်စစော်ကား လျက်ရှိသော ဗြိတိသျှနယ်ချဲ့တို့နှင့် မြန်မာတို့သည် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကို ခင်းကျင်းဆင်နွှဲကြ ရပြန်သည်။ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် အင်္ဂလိပ် စစ်သင်္ဘောများ ပင်လယ်ဝသို့ ရောက်လာကြသည်။ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် ရန်ကုန်မြို့ကို ခေတ်မီအမြောက်ကြီးများ၏ ပစ်ကူဖြင့် စတင်တိုက်ခိုက် ကြသည်။ မြန်မာတပ်များသည် နှစ်ရက်တိုင်တိုင် အသက်ပေါင်းများစွာ စတေး၍ ရန်ကုန်မြို့ကို ခုခံ ကာကွယ်ပြီးနောက် ဧပြီလ ၁၄ ရက်တွင် ဆုတ်ခွာ သွားကြရသည်။ သို့နှင့် တစ်နှစ်ခွဲကျော်ကြာမြင့်သော ကမ္ဘာ့သမိုင်းဝင် စစ်ပွဲကြီးတစ်ပွဲ စတင်ရပြန်သည်။ သို့သော်ထိုစစ်ပွဲတွင်လည်း မြန်မာများရှုံးပြီး အောက် မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ် လက်အောက်သို့ ကျဆင်း ခဲ့ရပြန်သည်။ ၁၈၅၄ ခုနှစ် စစ်ပွဲပြီးသောအခါ မြန်မာနိုင်ငံတစ်ဝက်သည် လွတ်လပ်ရေး ဆုံးရှုံးသွားရပြန် လေပြီ။

အင်္ဂလိပ် လက်အောက်သို့ ကျရောက်နေရသော နယ်ပယ်များတွင် လက်နက်ကိုင်ပုန်ကန်မှုများမှာ မကြာခဏ ဖြစ်ပွားနေသည်။ ပဲခူး၊ မော်လမြိုင်နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် နတ်ရှင်ရွေးဗိုလ်၊ ဗိုလ်သာပုံ၊ ဗိုလ်သာဦး၊ ဗိုလ်ကျော်ဇံလှနှင့် ဗိုလ်မြတ်ထွန်း တို့ လူသူစုဆောင်း၍ အင်္ဂလိပ် ကို တော်လှန်တိုက်ခိုက် ခဲ့ကြသည်။ သို့သော် အောင်မြင်မှုကား မရကြပေ။ အင်္ဂလိပ် တို့သည် အထက်မြန်မာနိုင်ငံအား ဆက်လက် မသိမ်းပိုက်နိုင်သေးဘဲ ရရှိပြီးနယ်မြေများ၏ ငြိမ်ဝပ် ပိပြားရေးကိုသာ အချိန်ယူဆောင်ရွက်ခဲ့ရသည်။ မြန်မာတို့အနေနှင့် တတိယစစ်ပွဲအတွက် ပြင်ဆင်ရန် အချိန်ရခဲ့သော်လည်း နန်းတွင်းရေးများဖြင့်သာ ရှုပ်ထွေး နေခဲ့ရသည်။ သို့နှင့် အင်္ဂလိပ် -မြန်မာတတိယ စစ်ပွဲ ဖြစ်ပွားရပြန်လေသည်။

၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် အိန္ဒိယ ဘုရင်ခံချုပ် လော့ဒပ်ဖရင်( Lord Dufferin ) က ဗမာပြည်ကို ဗြိတိသျှပိုင် အင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ပြီဟု ကြေညာလိုက်သည်။ အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲသည် ပထမစစ်ပွဲနှင့် ဒုတိယ စစ်ပွဲကာလများကဲ့သို့ မကြာမြင့်ခဲ့ပေ။ လော့ဒပ်ဖရင် သည် ၁၈၈၅ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်တွင် နောက်ဆုံးပိတ် ရာဇသံပေးပြီးနောက် မြန်မာတို့ နန်းတွင်း၌ စစ်ဖြစ်ရေး၊ စစ်မဖြစ်ရေး အငြင်းပွား နေစဉ် အလစ်အငိုက်ယူ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ရာ စစ်ပွဲမှာ နှစ်လခန့်သာကြာမြင့်ခဲ့သည်။ သို့သော် ဗြိတိသျှတို့သည် ၁၈၈၆ ခုနှစ်မှ ၁၈၉၄ ခုနှစ် အတွင်း ပေါ်ပေါက်လာသည့် မြန်မာတို့၏ လက်နက် ကိုင်တော်လှန်မှုများကို တပ်အင်အားများစွာသုံး၍ နှိမ်နင်းထိန်းသိမ်းခဲ့ရသည်။ ဤကား မြန်မာနိုင်ငံတစ်နိုင်ငံလုံး လွတ်လပ်ရေး ဆုံးရှုံးသွားရပုံ အကျဉ်းပင်ဖြစ်သည်။ နိုင်ငံရေးအရ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ် ထွန်းကားနေသည့် နိုင်ငံငယ်လေးအား စည်းမျဉ်းခံ ဘုရင်စနစ်နှင့် အရင်းရှင်ပါလီမန် ဒီမိုကရေစီစနစ် ကောင်းစွာ ထွန်းကားနေသော နိုင်ငံကြီးတစ်နိုင်ငံက အရင်းရှင် နယ်ချဲ့စနစ်ဖြင့်ဝါးမျိုလိုက်ခြင်းပင် ဖြစ်သည်။ မြန်မာ တို့သည် လွတ်လပ်ရေးအတွက် လွတ်လပ်ရေးဆုံးရှုံးစဉ် ကစ၍ ကြိုးစားခဲ့သည်ဟု ဆိုရမည်။ သို့သော် မြန်မာပဒေသရာဇ် ခေါင်းဆောင်များ၏ တော်လှန်ရေးများ မှာ အောင်မြင်မှုမရရှိခဲ့ပေ။


၁၈၉၄ ခုနှစ်မှ ၁၉၂ဝ ပြည့်နှစ်ကာလအတွင်းတွင် မြန်မာအမျိုးသားတို့သည် နိုင်ငံရေးနိုးကြားမှုအတွက် အရှိန်ယူနေခဲ့ကြရသည်။ လက်နက်ကိုင်တော်လှန်ရေးများ ချုပ်ငြိမ်းသွားပြီဖြစ်သော်လည်း မြန်မာတို့သည် လွတ်လပ်ရေးအတွက် လက်လျှော့သွားခြင်းမရှိခဲ့ပေ။ ၁၉ဝ၄-၁၉ဝ၅ ခုနှစ်များတွင် ရုရှား-ဂျပန်စစ်ပွဲဖြစ်ပွား ပြီး ဂျပန်များက အနိုင်ရလိုက်သည်။ စစ်တွေဇာတိ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယ၊ အီဂျစ်၊ ပြင်သစ် နိုင်ငံများတွင် လှည့်လည်နေရာမှ ရန်ကုန်သို့ရောက်ရှိ လာပြီး ဂျပန်များကား နှယ်နှယ်ရရမဟုတ်၊ လူမျိုး အားဖြင့် ပုပင်ပုသော်လည်း တိုင်းပြည်အားဖြင့် ငယ်ပင်ငယ်သော်လည်း ထုထည်ကြီးမားလှသော ရုရှားတို့ကို အနိုင်ရလိုက်ကြချေပြီ။ လေ့လာစရာကောင်းသော လူမျိုးတစ်မျိုး၊ အတုယူစရာကောင်းသော လူမျိုး တစ်မျိုးဟု ဟောကြားခဲ့သည်။ ထို့နောက် ဆရာတော် သည် ၁၉ဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံသို့ ကြွသွားခဲ့သည်။ မြန်မာအမျိုးသားတို့သည် ဆရာတော် ၏ဟောကြားမှုကြောင့် ဥရောပတိုက်သားတို့ကို အနိုင်ရလိုက်သော အာရှတိုက်သား ဂျပန်တို့ကို အားကျလာကြ သည်။ ဤကား မြန်မာတို့ နိုင်ငံရေးစတင်နိုးကြားလာ ခြင်းပင်ဖြစ်သည်။

အင်္ဂလိပ် တို့သည် မြန်မာနိုင်ငံတစ်ခုလုံးအား တိုက်ခိုက်သိမ်းပိုက်ရန် နှစ်ပေါင်း ၁ဝဝ ခန့် ကြိုးစား ခဲ့ရပြီး လက်နက်ကိုင်တိုက်ပွဲကို ၁၈၂၄ ခုနှစ်တွင် စတင် ဆင်နွှဲခဲ့ရာ ၁၈၈၆ ခုနှစ်အထိ ကြာမြင့်ခဲ့သည်။ အင်္ဂလိပ် တို့သည် မြန်မာနိုင်ငံအား တစ်ချိန်တည်း တစ်ပြိုင်တည်း တွင် တစ်နိုင်ငံလုံး သိမ်းနိုင်ခဲ့ခြင်း မဟုတ်ပေ။ ပထမ စစ်ပွဲမှ စတင်ရေတွက်လျှင် နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့်မှသာ တစ်နိုင်ငံလုံး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် သည်။ ထို့နောက် ငြိမ်ဝပ်ပိပြားရေးအတွက် လက်နက် ကိုင်တော်လှန်ရေးသမားများအား ၁ဝ နှစ်မျှ နှိမ်နင်း ခဲ့ရသည်။


ဗြိတိသျှနယ်ချဲ့အစိုးရသည် မြန်မာတို့၏ ဇွဲ၊ သတ္တိ၊ မျိုးချစ်စိတ်ဓာတ်၊ သူ့ကျွန်မခံလိုသောစိတ်ဓာတ် များကို သိရှိသည့်အလျောက် မြန်မာနိုင်ငံအား ကြာမြင့် စွာအုပ်ချုပ်ထားနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ ကြသည်။ အဆိုးဆုံးကား သွေးခွဲစနစ် (Divide and rule) ပင်ဖြစ်သည်။ တစ်နိုင်ငံလုံးကို ဗြိတိသျှပါလီမန် အုပ်ချုပ်ရေးစနစ်အရ ဘုရင်ခံစနစ်ဖြင့် အုပ်ချုပ်နေ သော်လည်း ရှမ်းပြည်တွင်မူ ပဒေသရာဇ်စနစ်ကို ဆက်လက်ခွင့်ပြုထားခဲ့သည်။ သို့နှင့် မြေပြန့်ဒေသနှင့် ရှမ်းတောင်တန်းဒေသများ နိုင်ငံရေးနိုးကြားမှုနှင့် ဖြစ်ပေါ်တိုးတက်မှု မတူညီတော့ပေ။ ကရင်များကို အထူးအခွင့်အရေးပေးခြင်းဖြင့် ကရင်-ဗမာ သွေးကွဲ ရေးကို ဦးတည်ခဲ့သည်။ မြန်မာဓနရှင်များအား အလိုတော်ရိလက်ဝေခံ အရင်းရှင်ငယ်များအဖြစ် ချီးမြှောက်ခဲ့ခြင်းဖြင့် မြန်မာမျိုးချစ်လူငယ်များနှင့် ရန်ဘက်များအဖြစ်သို့ရောက်အောင် ဖန်တီးခဲ့သည်။

ဗြိတိသျှတို့၏ ကိုလိုနီအုပ်ချုပ်ရေးသည် မြန်မာ နိုင်ငံအတွင်းရှိ နိုင်ငံရေးအင်အားစုများအား အစိတ်စိတ်အမြွှာမြွှာ ကွဲပြားစေခဲ့သည်။ မတူညီသော ဖိနှိပ်မှု ကြောင့်လည်း မတူညီသော နိုင်ငံရေးတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်တွင် မတူညီသောဖြစ်စဉ်များ ပေါ်ပေါက် လာသည်။ ၁၉၁၇ ခုနှစ်တွင် ရုရှားနိုင်ငံ၌ အောက်တိုဘာ တော်လှန်ရေးဖြစ်ပွားသောအခါ ကွန်မြူနစ်ဝါဒ သည် မြန်မာမျိုးချစ်များအကြားသို့ ပျံ့နှံ့လာပြန်သည်။ သို့နှင့် လွတ်လပ်ရေးကြိုးပမ်းကြသည့် မျိုးချစ်ပုဂ္ဂိုလ် များအတွင်း၌ပင် နိုင်ငံရေးအယူဝါဒများ အမျိုးမျိုး ကွဲပြားလာကြသည်။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေး၍ စွန့်လွှတ်ရတော့မည့်အချိန်တွင် အလိုတော်ရိအင်အားစုများကို မြှောက်ပင့်ပေး၍ ပြည်တွင်းသောင်းကျန်းမှုမီးတောက်လောင်စေရန် ဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ပြည်တွင်းသောင်းကျန်းမှုသမိုင်း အစသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် မှီခိုနေသည်ဟု ဆိုရပေမည်။ အချို့အဖွဲ့ အစည်းများမှာ လွတ်လပ်ရေးမရခင်ကပင် လက်နက်ကိုင်၍ ဆူပူသောင်းကျန်းနှင့်ကြပြီ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်မီးသည် မြန်မာနိုင်ငံအတွင်းသို့ လက်နက် ခဲယမ်းများကို စည်းမဲ့ကမ်းမဲ့ ရောက်ရှိလာစေသည်။ စစ်ကျန်စစ်လက်နက်ပစ္စည်းများသည် ဂိုဏ်းဂဏစွဲ ပြင်းထန်သည့်ပါတီများ၊ အာဏာရယူလိုသည့် အဖွဲ့ အစည်းများ၊ နယ်ချဲ့လက်ပါးစေ ခွဲထွက်ရေးသမားများ အတွက် လက်နက်ကိုင်ဆူပူရန် အထောက်အကူ များစွာ ရရှိစေခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း သောင်းကျန်းမှုသည် ဒုတိယကမ္ဘာစစ်၏ နောက်ဆက် တွဲဟူ၍ပင် ဆိုနိုင်သည်။

နယ်ချဲ့အရင်းရှင်စနစ်ကြောင့် နိုင်ငံငယ်များ လွတ်လပ်ရေး ဆုံးရှုံးခဲ့ကြရသည်။ လက်ဝါးကြီးအုပ် ဘဏ္ဍာအရင်းရှင်စနစ်ကြောင့် ကမ္ဘာစစ်များ ဖြစ်ပွား ရသည်။ ကိုလိုနီနယ်ချဲ့စနစ်နှင့် ကမ္ဘာစစ်များသည် လွတ်လပ်ပြီးစ ဖွံ့ဖြိုးဆဲနိုင်ငံများအား ဆူပူသောင်းကျန်းမှုအမွေကို ပေးအပ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံ တွင်ကား တပ်မတော်နှင့် ပြည်သူ လက်တွဲ၍ သောင်းကျန်းသူအဖျက်သမားများအား ချေမှုန်း နေပြီးသည်။ ပြည်တွင်းသောင်းကျန်းမှုသမိုင်းကို ပြုစုရာတွင် လွတ်လပ်ရေးမရခင်ကာလ၊ လွတ်လပ်ရေး ရပြီးကာလနှင့် တော်လှန်ရေးကောင်စီက အာဏာ ရယူပြီးနောက်ပိုင်းကာလဟူ၍ ကာလသုံးရပ်ကို အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။ ထိုသို့ ပြုစုရာတွင် လက်လှမ်းမီသမျှ စာအုပ်စာတမ်းများ၊ မှတ်တမ်းမှတ်ရာ များကို အခြေခံ၍ ရေးသားရခြင်းဖြစ်ရာ အလုံးစုံ ပြည့်စုံမှုရှိနိုင်မည် မဟုတ်ပေ။

မြန်မာနိုင်ငံ၏ ပြည့်တွင်းသောင်းကျန်းမှုသမိုင်း တွင် ပါဝင်ခဲ့ကြသည့် သောင်းကျန်းသူအဖွဲ့အစည်းများမှာ များပြားလှသည်။ တစ်ဖွဲ့မှ နှစ်ဖွဲ့၊ နှစ်ဖွဲ့မှ သုံးဖွဲ့ အစိတ်စိတ်အမြွှာမြွှာ ကွဲပြားသွားကြသည်လည်း ရှိသည်။ ခေတ္တခဏမျှပေါ်ပေါက်ပြီး ချုပ်ငြိမ်းပျောက် ကွယ်သွားကြသော အဖွဲ့များကိုလည်းတွေ့ရနိုင်သည်။ အင်အားတောင့်တင်း၍ ခိုင်မာသောအဖွဲ့ကြီးများဘဝ မှ အင်အားချည့်နဲ့၍ သေးငယ်ကျုံလှီသော အဖွဲ့များ အဖြစ်သို့ လျော့ကျသွားသော သောင်းကျန်းသူများသည် လည်းရှိခဲ့သည်။ သေးငယ်သောအဖွဲ့ငယ်ကလေးဘဝမှ ကြီးမားလာသည့် အဖွဲ့များလည်းရှိသည်။ သောင်းကျန်း သူအဖွဲ့များ ကွဲပြဲကြသကဲ့သို့ အဖွဲ့ချင်းပူးပေါင်းသည် လည်းရှိသည်။ အဖွဲ့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဖြစ်စဉ်များသည် အ ခါ ခပ် သိမ်း တစ် ပြေး ညီ တူ ညီ ခြင်း မ ရှိ ကြ ပေ။ ထို့ကြောင့် ဤသမိုင်းကိုရေးသားပြုစုရာတွင် တစ်ဖွဲ့ ချင်းအကြောင်းကိုအစမှအဆုံးတိုင်ရေးသားခြင်းကို သော်လည်းကောင်း၊ ခုနှစ် သက္ကရာဇ် ရက်စွဲ အစဉ် လိုက်ရေးသားခြင်းကိုသော်လည်းကောင်း ရှောင်ရှား၍ အရှင်းလင်းဆုံးဖြစ်စေရန် အချိန်ကာလနှင့် အကြောင်း အရာကိုချိန်ဆ၍ ပြုစုထားပါသည်။ ဤသမိုင်းတွင် သောင်းကျန်းသူ အဖွဲ့အစည်းများ အကြောင်း ရေးသားဖော်ပြ၌ သောင်းကျန်းသူများ ၏ အာဘော်ကိုသော်လည်းကောင်း၊ ရေးသားပြုစုသူ များ၏ ထင်မြင်ယူဆချက်နှင့် အာဘော်ကိုသော် လည်းကောင်း တင်ပြရေးသားထားခြင်း မပြုပါ။ ထောက်ခံခြင်း ၊ ကန့်ကွက်ခြင်းများ မပြုလုပ်ပါ။ မှတ်တမ်းမှတ်ရာများတွင် တွေ့ရှိရသည့်အတိုင်း တတ် နိုင်သမျှ တိကျမှန်ကန်စွာ ရေးသားပြုစုထားခြင်းသာဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

မာတိကာ

ကွန်မြူနစ်ဝါဒ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း[ပြင်​ဆင်​ရန်​]

အသင်းအဖွဲ့များ ဖွဲ့စည်းလှုပ်ရှားခြင်း[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဗြိတိသျှနယ်ချဲ့အစိုးရ ၏လက်အောက်သို့ ကျရောက်ပြီးနောက် ပဒေသရာဇ် ခေါင်းဆောင်ငယ်များက တော်လှန်ထကြွခဲ့ကြသော် လည်းကျယ်ပြန့်စွာစည်းရုံးလှုပ်ရှားနိုင်မှုမရှိခြင်း၊ နိုင်ငံရေးအခြေခံမရှိဘဲ မျိုးချစ်စိတ်သက်သက်ဖြင့်သာ တော်လှန်ရေးဆင်နွှဲခြင်း၊ စစ်အင်အားချို့တဲ့ခြင်းများ ကြောင့် အရေးနိမ့်ခဲ့ကြရသည်။ ထို့နောက်တွင် ဗြိတိသျှ အစိုးရသည် တော်လှန်ပုန်ကန်မှု များအား ရက်စက်စွာ နှိပ်ကွပ်ပစ်လိုက်ပြီးနောက် ကိုလိုနီအုပ်ချုပ်ရေးစနစ်ကို တစ်နိုင်ငံလုံးတွင် ထူထောင်သွတ်သွင်းတော့သည်။ မြန်မာအမျိုးသား တို့သည် ကိုလိုနီခေတ်ဦးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့၌ နည်းမျိုးစုံဖြင့် ဖိနှိပ်ဖျက်ဆီး ခြင်း ခံခဲ့ကြရသည်။ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ ထူထောင်ခွင့်၊ စည်းရုံး ဟောပြောခွင့် စသည့် အခွင့်အရေးများကို မြန်မာနိုင်ငံ သားတို့ လုံးဝဆုံးရှုံးခဲ့ကြရသည်။ မြန်မာတို့သည် အသင်းအပင်းများ ဖွဲ့စည်း လှုပ်ရှားမှုကို ၁၈၉၇ ခုနှစ်တွင် စတင်ခဲ့ကြသည်။ ထို နှစ်တွင် မော်လမြိုင်မြို့၌ သာသနဓရအသင်း ပေါ်ပေါက်လာပြီး မြင်းခြံမြို့၌ ဗုဒ္ဓကလျာဏမိတ္တ အသင်း တို့ ပေါ်ပေါက်လာသည်။ ယင်းအဖွဲ့များ သည် ဘာသာရေးအသင်းများသာ ဖြစ်သော်လည်း မြန်မာအမျိုးသားတို့အဖို့ အသင်းအဖွဲ့နှင့် လှုပ်ရှားမှု ကို ရင်းနှီးခွင့်ရလာကြသည်။ ၁၉ဝ၅ခုနှစ် ရုရှား-ဂျပန် စစ်ပွဲပြီးဆုံးပြီး နောက်ပိုင်းတွင်ကား မြန်မာအမျိုးသား တို့သည် နိုင်ငံရေးနိုးကြားလာကြပြီး ဟောပြောစည်းရုံး မှုများ ရှိလာကြသည်။ ဆရာတော် ဦးဥတ္တမသည် နယ်ချဲ့ဆန့်ကျင်ရေး တရားနှင့် မျိုးချစ်စိတ်ထက်သန်ရေး အတွက် အများပြည်သူတို့ကို တရားဟော၍ စည်းရုံး ခဲ့သည်။ ၁၉ဝ၆ ခုနှစ်တွင်ကား ခေတ်ပညာတတ် ကောလိပ်ကျောင်းသား ၂ဝ ခန့်က ဝိုင်အမ်ဘီအေဂ (ခေါ်) ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကို ထူထောင် လိုက်ကြသည်။

ယင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ဘာသာရေးကို တိုးမြင့်ပေးရန်ဟု ဆိုသော်လည်း ဆွေးနွေးဟောပြောကြသော အကြောင်းအချက်များမှာ လူမှုရေးနှင့် နိုင်ငံရေးကိစ္စများသာ ဖြစ်သည်။ ရန်ကုန် မြို့တွင် ဝိုင်အမ်ဘီအေအသင်းဖွဲ့ပြီး မကြာခင်မှာပင် တစ်ပြည်လုံးရှိ မြို့ရွာများတွင်လည်း ဝိုင်အမ်ဘီအေ အသင်းများ ပေါ်ပေါက်လာကြတော့သည်။ ဝိုင်အမ် ဘီအေအသင်းများမှာ နေ့ချင်းညချင်းပင် ထောင်နှင့် ချီ၍ ထွန်းကားလာသည်။ ၁၉၁၁ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ဝိုင်အမ် ဘီအေအသင်း ကိုယ်စားလှယ်များသည် ရန်ကုန်မြို့၌ အစည်းအဝေးကြီးတစ်ရပ်ကို ကျင်းပကြသည်။ ယင်းအစည်းအဝေးတွင် ဂျင်နရယ်ကောင်စီ (ခေါ်) အသင်းချုပ်ကြီး၏ကော်မတီကို ဖွဲ့စည်း၍ အသင်း အားလုံးကို ကွပ်ကဲခဲ့သည်။ ဂျင်နရယ်ကောင်စီဖွဲ့ပြီး နောက်တွင် မန္တလေး၊ မော်လမြိုင်၊ ပျဉ်းမနား၊ ပုသိမ် စသောမြို့ကြီးများတွင် ဝိုင်အမ်ဘီအေညီလာခံများ နှစ်စဉ်ကျင်းပခဲ့ကြသည်။ ထိုအချိန်တွင် ဗြိတိသျှလူမျိုး တို့သည် မြန်မာနိုင်ငံရှိ ဘုရားပုထိုး စေတီရင်ပြင်များ ပေါ်သို့ ဖိနပ်စီး၍ တက်လေ့ရှိကြရာ ၁၉၁၈ ခုနှစ် အထိ မည်သူမျှ မကန့်ကွက်ရဲခဲ့ကြပေ။


ဗြိတိသျှလူမျိုး များနှင့် ဥရောပလူမျိုးများမှအပ မည်သူမျှဖိနပ်မစီးရ ဟူ၍ရေးသားကာ ယင်းတို့အား လျစ်လျူရှုခဲ့ကြရသည်။ ၁၉၁၈ ခုနှစ်တွင် ပဲခူးမြို့ ရွှေမော်ဓောစေတီကြီး ငလျင်ဒဏ်ကြောင့် ပြိုလဲရာ ဒုတိယဘုရင်ခံ ဆာရယ် ဂျီနယ်ကရက်ဒေါက်၃ က စေတီကုန်းတော်ပေါ်သို့ ဖိနပ်မချွတ်ဘဲ တက်ခဲ့သည်။ ဝိုင်အမ်ဘီအေအသင်း ကြီးသည် ဂျူဗလီခန်းမတွင် ပြည်လုံးကျွတ်အစည်း အဝေးတစ်ရပ်ကျင်းပ၍ ဖိနပ်ပြဿနာ ကို အပြင်း အထန်ကန့်ကွက်ခဲ့သည်။ ထိုအစည်းအဝေးကြီးမှာဗြိတိသျှနယ်ချဲ့အစိုးရအား ပထမဆုံးအကြိမ် လူစု လူဝေးဖြင့် ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ရာ တရားဝင် အမိန့်ထုတ်ပြန်ခြင်းမရှိသော်လည်း နောင်တွင် မည်သည့်မျက်နှာဖြူမျှ စေတီပုထိုးများပေါ်သို့ ဖိနပ် စီး၍တက်ခြင်းများ မရှိတော့ပေ။ ဝိုင်အမ်ဘီအေ အသင်းကြီးသည် ကလေးများအတွက် မသင်မနေရ ပညာရေး ပြဌာန်းပေးရန်၊ အစိုးရအထောက်အပံ့ခံ ကျောင်းများတွင် ဗြိတိသျှအမျိုးသားများကိုသာ ကျောင်းအုပ်ခန့်ထားခြင်းအား ပယ်ဖျက်ပေးရန်နှင့် အခြားလူမှုရေးကိစ္စများကိုလည်း ပြည်လုံးကျွတ်ညီလာခံ များဖြင့် ဆုံးဖြတ်ချက်များချမှတ်၍ အရေးဆိုခဲ့ကြသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဝိုင်အမ်ဘီအေပြည်လုံးကျွတ် အစည်းအဝေးကြီးကို အမြအကြိမ်မြောက်အဖြစ် ပြည်မြို့၌ ကျင်းပကြသည်။ ထိုအစည်းအဝေးကြီးက ဝိုင်အမ်ဘီအေဟုခေါ်ဆိုကြသော ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းများကို စုစည်းပေါင်းစပ်၍ ဂျီစီဘီအေ (GCBA) (ခေါ်) မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာ့အသင်း ချုပ်ကြီး(General Council of Burmese Association)ကို ဖွဲ့စည်းလိုက်ကြသည်။

ဝိုင်အမ်ဘီအေ သည် ဘာသာရေးကိုဗန်းပြ၍ နိုင်ငံရေးလုပ်ဆောင် သော အသင်းအဖွဲ့မှ ဂျီစီဘီအေအမည်ဖြင့် နိုင်ငံရေး နယ်ပယ်အတွင်းသို့ အတိအလင်းဝင်ရောက် လိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဝိုင်အမ်ဘီအေ (ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း)နှင့် ဝိုင်ဒဗလျူဘီအေ (ဗုဒ္ဓ ဘာသာကလျာဏယုဝတီအသင်း)များမှာ တစ်ပြည်လုံးတွင် နှစ်ထောင် ကျော်ခန့် ဖွဲ့စည်းပြီး ဖြစ်လေသည်။

ပထမကမ္ဘာစစ်နှင့် ပထမကျောင်းသားသပိတ်[ပြင်​ဆင်​ရန်​]

အသင်းအဖွဲ့များကြောင့် မျိုးချစ်စိတ်များ တက်ကြွ နိုးကြားလာကြသော မြန်မာအမျိုးသားတို့သည် ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ စစ်စိတ်၊ စစ်သွေးများ နိုးကြားလာကြပြန်သည်။ ဗြိတိသျှအစိုးရ သည် မြန်မာအမျိုးသား တိုင်းရင်းသားတို့ကို ဆပ္ပား မိုင်းနားတပ်များဖွဲ့စည်း၍ မက်ဆိုပိုတေးမီးယား စစ် မြေပြင်သို့ စေလွှတ်တိုက်ခိုက်ခိုင်းခဲ့ကြသည်။ မြန်မာ စစ်သားများသည် ဘဂ္ဂဒက်မြို့သိမ်း တိုက်ပွဲတွင် ပါဝင် ခဲ့ကြပြီးဗြိတိသျှသူရဲကောင်းတံဆိပ် (ဘီအက်စ်အမ်) ဖြင့် ချီးမြင့်ခြင်းလည်း ခံကြရသည်။ မြန်မာစစ်သား များတွင် ကရင်စစ်သား အများအပြားပါဝင်ပြီး ယင်း တို့သည် နိုင်ငံရပ်ခြားသို့ သွားရောက်အမှုထမ်းရာမှ အတွေ့အကြုံ ဗဟုသုတများစွာရရှိပြီး အမြင်ကျယ်လာ ကြသည်။

၁၉၂ဝ ပြည့်နှစ်အထိ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟူ၍ မရှိခဲ့ပေ။ ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ရန်ကုန်ကောလိပ်နှင့် ယုဒသန် ကောလိပ်တို့သာ ရှိခဲ့သည်။ ကောလိပ်ကျောင်းနှစ်ခု သည် ကာလကတ္တားတက္ကသိုလ်၏ ဦးဆောင်မှုအောက် တွင်သာ ရှိခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် အထက်ပါ ကောလိပ်နှစ်ခုကို တက္ကသိုလ်အဆင့်သို့ တိုးမြင့်ပေးရန် 'ယူနီဗာစီတီအက်ဥပဒေ' (The University Act of 1920) ကို ထုတ်ပြန်ခဲ့သည်။ ယူနီဗာစီတီအက်ဥပဒေ ကို မြန်မာတို့ မလိုလားသဖြင့် အစည်းအဝေးများ ကျင်းပ၍ ကန့်ကွက်ခဲ့ကြသည်။ သတင်းစာများက လည်း ပြစ်တင်ရှုတ်ချသည်။ သို့သော် ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်၏ အစိုးရက ၁၉၂ဝ ပြည့် နှစ်၊ ဩဂုတ်လ ၂၈ ရက်တွင် ယူနီဗာစီတီအက် ဥပဒေ ကို ပြဌာန်းလိုက်သည်။ ယူနီဗာစီတီအက်ဥပဒေမှာ မြန်မာကျောင်းသားများအား ကျွန်ပညာရေးဖြင့် ချိုးနှိမ်ထားသည့် ဥပဒေသာဖြစ်ရာ ရန်ကုန်ကောလိပ် နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသား၊ ကျောင်းသူ ၄ဝဝ ကျော်တို့သည် ဒီဇင်ဘာလ ၄ ရက် စနေနေ့ နေ့လယ် ၁ နာရီတွင် သပိတ်အစည်းအဝေးကျင်းပ၍ ပထမကျောင်းသားသပိတ်ကြီးကို စတင်လိုက်ကြတော့ သည်။ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်) ၁ တွင် သပိတ်မှောက်ကျောင်းသား ၂၆ ဦး ကော်မတီက သပိတ်စတင်ကြောင်း တစ်ပြည်လုံးသို့ ကြေညာလိုက် လေသည်။

နိုင်ငံရေးစာအုပ်များ ဖတ်ရှုလေ့လာကြခြင်း[ပြင်​ဆင်​ရန်​]

ပထမအကြိမ် ကျောင်းသားသပိတ်ကြီးသည် ဗြိတိသျှနယ်ချဲ့အစိုးရအား ပထမဆုံးအကြိမ် လူထု နည်းဖြင့် တိုက်ပွဲဝင်ခြင်းဖြစ်သည်။ ပထမအကြိမ် ကျောင်းသားသပိတ်၏ အကျိုးဆက်အဖြစ် အမျိုးသား ကျောင်းများ တစ်ပြည်လုံးတွင် ပေါ်ပေါက်လာခဲ့သည်။ ဂျီစီဘီအေအသင်းကြီး၏ နိုင်ငံရေးလှုပ်ရှားမှုသည် လည်း ပိုမိုပြင်းထန်လာခဲ့သည်။ မြန်မာလူငယ်များ အတွင်း မျိုးချစ်စိတ်များ တဖွားဖွား ထက်သန် ပေါ်ပေါက်လာပြီး နယ်ချဲ့လက်အောက်မှ လွတ်မြောက် လိုစိတ်များလည်း ကြီးထွားရင့်သန်လာခဲ့ကြရသည်။ မျိုးချစ်လူငယ်များသည် နိုင်ငံ၏ လွတ်လပ်ရေးအတွက် နည်းလမ်းရှာလာကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် နိုင်ငံရေးစာအုပ်များကို ရှာဖွေ ဖတ်ရှုလေ့လာကြသည်။


ထိုအချိန်တွင် ရုရှားပြည်၌ အောက်တိုဘာတော်လှန်ရေးကြီး ဆင်နွှဲအောင်မြင်ပြီး ခါစ ပူပူနွေးနွေးကာလဖြစ်ရာ လူငယ်များသည် ရုရှား တို့၏ ကွန်မြူနစ်ဝါဒအကြောင်းကို ရှာဖွေဖတ်ရှု စူးစမ်း ကြတော့သည်။ ဂျီစီဘီအေအသင်းကြီးသည် ၁၉၂၁ ခုနှစ်တွင် ပထမကျောင်းသားသပိတ် စတင်သည့် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်(၁၉၂ဝ ပြည့် နှစ်၊ ဒီဇင်ဘာလ ၅ ရက်)ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထို့နောက် နယ်ချဲ့ဆန့်ကျင်ရေး အတွက် နိုင်ငံရေးနည်းဖြင့် ဆက်လက်တိုက်ပွဲဝင်ရာ ၁၉၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ဗြိတိသျှအစိုးရ က မြန်မာနိုင်ငံကို ဒိုင်အာခီအုပ်ချုပ်ရေး(Diarchy) ပေးလိုက်ရသည်။ လုံးဝလွတ်လပ်ရေးကား အလှမ်း ဝေး၍ နေသေးသည်။ ဒိုင်အာခီအုပ်ချုပ်ရေးသည် မြန်မာအချို့အား အုပ်ချုပ်ရေးအာဏာအချို့ ခွဲဝေပေး သော အုပ်ချုပ်ရေးစနစ်မျိုးဟု ဆိုကြသည်။ ဤတွင် ဂျီစီဘီအေအသင်းကြီးထဲတွင် ဒိုင်အာခီကို လက်ခံသူ များနှင့် ဟုမ္မရူး (Home Rule) ခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးကို ရယူလိုသူများ အယူအဆကွဲပြားလာ ကြတော့သည်။ သို့နှင့် ဂျီစီဘီအေအသင်းကြီးမှာ နှစ်ခြမ်းကွဲသွားရတော့သည်။ ၁၉၂၉ ခုနှစ်၊ မတ်လတွင် ဆရာတော်ဦးဝိစာရ သည် တွံတေးမြို့နယ်တွင် မကြောက်တရားဟောမှု ကြောင့် ထောင်ဒဏ်ခြောက်နှစ် အပြစ်ပေးခံရသည်။ ရန်ကုန်ထောင်ကြီးတွင် သင်္ကန်းရုံခွင့်၊ ဥပုသ်သီတင်း ဆောက်တည်ခွင့်တို့ကို ပိတ်ပင်ထားရာမှ အစာငတ်ခံ ဆန္ဒပြရာ ထိုနှစ် စက်တင်ဘာလ ၁၉ ရက် (၁၆၆ ရက်အကြာ)တွင် ပျံလွန်တော်မူခဲ့ရသည်။ ထိုဖြစ်ရပ် သည် မြန်မာမျိုးချစ်လူငယ်များအဖို့ ဒေါသဟုန်းဟုန်း ထစရာ ဖြစ်ခဲ့ရသည်။ တို့ဗမာအစည်းအရုံးသည် 'ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာ စကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြင့်ပါ၊ တို့စကားကို လေးစားပါ' ဟူသော ကြွေးကြော်သံဖြင့်လှုပ်ရှားစည်းရုံးလာခဲ့သည်။ သခင် များသည် 'သခင်ပေါက်စ ထောင်ခြောက်လ'ဟူသော စကားအရ ဗြိတိသျှတို့၏ ဖမ်းဆီးအကျဉ်းချထားမှုကို မကြာခဏ ခံကြရသည်။ ၁၉၃ဝ ပြည့်နှစ်တွင် ဆရာစံ ဦးဆောင်သော တော်လှန်ရေးကြီးတစ်ရပ် ပေါ်ထွက် လာရာ မြန်မာလူငယ်များသည် ပိုမို၍ နိုးကြားလာရ တော့သည်။

ဂျီစီဘီအေအသင်းကြီးမှစ၍ တို့ဗမာအစည်းအရုံး ၏ လှုပ်ရှားမှုများမှရရှိသည့် နိုင်ငံရေးရလဒ်မှာ နှေးကွေးခြင်း၊ ဆရာစံ၏ တောင်သူလယ်သမား တော်လှန်ရေးမအောင်မြင်ခြင်းကို တွေ့မြင်ကြရသော အခါ လူငယ်လူရွယ်များသည် ဝါဒရေးရာတွင် ပိုမို စိတ်ဝင်စားလာကြသည်။ အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရာ တွင် နိုင်ငံရေးဝါဒတစ်ရပ် ရှိသင့်သည်ဟုလည်း ယူဆ လာကြသည်။ ထို့အပြင် ၁၉၂၉-၃ဝ-၃၁ ခုနှစ်များ သည် ကမ္ဘာ့စီးပွားပျက်ကပ်(Economic Crisis) ဆိုက်ရောက်နေချိန်ဖြစ်ရာ မြန်မာမျိုးချစ် လူငယ် လူရွယ်များသည် စီးပွားပျက်ကပ်ဆိုက်ရောက်ရခြင်း အကြောင်းရင်းများကို ရှာဖွေစူးစမ်းလာကြသည်။ ထို အချိန်တွင် နိုင်ငံရေးအယူဝါဒဆိုင်ရာ စာအုပ်စာတမ်း များမှာ ဘာသာပြန်ဆိုထုတ်ဝေပြီးသည့်အဆင့်တွင် ရောက်နေလေပြီ။ အငြိမ်းစား အရေးပိုင်မင်း ဦးရွှေသားသည် သူ ပြုစုသော ဆိုင်းယင်းပညာနှင့် ကံ ကမ္မအလင်းကျမ်း တွင် ရုရှားနိုင်ငံ၏ ဘုံဝါဒအကြောင်းကို ထည့်သွင်း ရေးသားခဲ့သည်။ ဂျီစီဘီအေခေါင်းဆောင် ဂျာမနီပြန် ဦးစုသည် ၁၉၂၈ ခုနှစ်မှစ၍ သတင်းစာနှင့် ဂျာနယ် များတွင် ဆိုရှယ်လစ်ဝါဒအကြောင်း စတင်ရေးသား ဟောပြောခဲ့သည်။ တို့ဗမာအစည်းအရုံးကို စတင် ထူထောင်သော နာမည်ကျော် စာရေးဆရာကြီး သခင် ဘသောင်းသည် ဘုံဝါဒဟူသော နိုင်ငံရေးဝေါဟာရကို စတင်တီထွင်ခဲ့သည်။ သခင်မြကလည်း ဆိုရှယ်လစ် ဝါဒအကြောင်းကို တို့ဗမာအစည်းအရုံးညီလာခံများ တွင် စတင်ဟောပြောခဲ့သည်။

စင်စစ် မာ့ခ်စ်ဝါဒ (ဝါ) မာ့ခ်စ်၊ လီနင်ဝါဒသည် ၁၉၂ဝ ပြည့်နှစ်တစ်ဝိုက် ဂျီစီဘီအေဝံသာနုခေတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီးဖြစ်သည်ဟု ဆိုကြသည်။ မာ့ခ်စ်ဝါဒကို အချို့က သိပ္ပံနည်းမှန်သော ဆိုရှယ်လစ် ဝါဒ (Scientific Socialism) ဟူ၍လည်း သုံးစွဲကြ သည်။ ၁၉၂ဝ ပြည့်နှစ်တစ်ဝိုက်တွင် ထုတ်ဝေသော ဂျာနယ်စာစောင်များတွင် မာ့ခ်စ်ဝါဒ တစ်စွန်းတစ်စ ပါဝင်ခဲ့ပြီးဖြစ်သည်။ သို့သော် ဂျီစီဘီအေ နိုင်ငံရေး လှုပ်ရှားမှု၊ ဝံသာနုနိုင်ငံရေးလှုပ်ရှားမှုများတွင် မာ့ခ်စ် ဝါဒသည်ဩဇာညောင်းမှု မရှိခဲ့ပေ။ ၁၉၃ဝ ပြည့် နှစ်တွင်ကား မြန်မာမျိုးချစ်လူငယ်များအတွင်းတွင် မာ့ခ်စ်ဝါဒသည် ကောင်းစွာခေတ်စားလာသည်။ သို့သော် စာအုပ်စာတမ်းများ ဖတ်ရှုလေ့လာခြင်း၊ မိမိကြိုက်နှစ်သက်ရာ အပိုင်းအလိုက် ဘာသာပြန် ဆောင်းပါးများ ရေးသားခြင်းတို့သာ ရှိခဲ့လေသည်။

မာ့ခ်စ်ဝါဒီများနှင့် ၁၃ဝဝ ပြည့်အရေးတော်ပုံ[ပြင်​ဆင်​ရန်​]

၁၉၃ဝ ပြည့်နှစ်မှစ၍ တို့ဗမာအစည်းအရုံး၊ ဂျီစီဘီအေအသင်းနှင့် အခြားအသင်းအဖွဲ့များ၏ နိုင်ငံရေးလှုပ်ရှားမှုများ ပိုမို၍ ပြင်းထန်လာသည်။ မျိုးချစ်စိတ်ရှိသောလူငယ်အများအပြားသည် တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်ပြီး နိုင်ငံရေးလုပ်ကြတော့ သည်။ ၁၉၃၅ ခုနှစ်တွင် ကိုအောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေပြီ ဖြစ်သည်။ ၁၉၃၆ ခုနှစ် နှစ်ဦးတွင် အိုးဝေမဂ္ဂဇင်း ပေါ်လာသည်။ ကိုအောင်ဆန်းသည် အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံစာတည်းအဖြစ်လည်း ဆောင်ရွက်သည်။ အိုးဝေမဂ္ဂဇင်းတွင် ဦးသိန်းတင် (ခေါ်) ဦးညိုမြ (ကွယ်လွန်)က အမည်မဖော်ဘဲရေးသားသည့် Hell- Hound at large အမည်ရှိ အင်္ဂလိပ်ဘာသာ ဆောင်းပါးပါလာသည်။ ယင်းဆောင်းပါးမှာ တက္ကသိုလ်အာဏာပိုင်တစ်ဦးအား ငရဲခွေးနှင့် နှိုင်းထားသဖြင့် ကျောင်းအုပ်ကြီးလုပ်သူ မျက်နှာဖြူလူမျိုး မစ္စတာ ဒီဂျေစလော့စ် က ကိုအောင်ဆန်းကို ခေါ်၍ ဆောင်းပါးရှင်ကို ဖော်ထုတ်ခိုင်းသည်။ ကိုအောင်ဆန်း က မပြောနိုင်ဘူးဟု အဖြေပေးလိုက် သောအခါ ကိုအောင်ဆန်းကို တက္ကသိုလ်ကျောင်းမှ ထုတ်ပစ်လိုက် တော့သည်။ ကျောင်းသားထုတစ်ရပ်လုံးကလည်း ကိုအောင်ဆန်းအား ကျောင်းထုတ်ပစ်ခြင်းကို မကျေနပ် ကြသဖြင့် ၁၉၃၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဒုတိယကျောင်းသားသပိတ်ကြီးကို ဆင်နွှဲလိုက်ကြ သည်။ ဤသို့ဖြင့် ကိုအောင်ဆန်းသည် တက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း၌သာမကဘဲ မြန်မာနိုင်ငံ၏ နိုင်ငံရေးစင်မြင့်ပေါ်တွင် များစွာ ထင်ရှားလာရတော့ သည်။

ဗြိတိသျှအစိုးရသည် လိုက်လျောမှုအချို့ပြုလုပ် ပြီး ကိုအောင်ဆန်းကို ကျောင်းပြန်ဝင်ခွင့် ပေးလိုက် ရသည်။ ၁၉၃၆ ခုနှစ်၊ ဒုတိယ ကျောင်းသားသပိတ် ခေါင်းဆောင်များမှာ သခင်နု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုလှဖေ(ဗိုလ်လကျာ်)၊ ကိုသိန်းဖေ (သိန်းဖေမြင့်) စသော ပုဂ္ဂိုလ်များဖြစ်ကြရာ မာ့ခ်စ် ဝါဒအကြောင်း၊ ဆိုရှယ်လစ်ဝါဒအကြောင်း၊ ဆိုဗီယက် ရုရှားအကြောင်းများကို ဆောင်းပါးများရေးသားခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း ဝါဒရေးရာ လှုပ်ရှားမှုအနေနှင့်ကား မရှိခဲ့ကြပေ။ သခင်လေးမောင် သည် ၁၉၃၇ ခုနှစ်တွင်ကျင်းပသော တို့ဗမာအစည်း အရုံး(မြင်းခြံ)ညီလာခံတွင် မာ့ခ်စ်ဝါဒအကြောင်းကို ဥက္ကဌမိန့်ခွန်းတွင်ထည့်သွင်း၍ ဟောပြောခဲ့လေသည်။ မြန်မာမျိုးချစ်ခေါင်းဆောင်များသည်လည်း နိုင်ငံရေး အယူဝါဒအမျိုးမျိုးကို လေ့လာလိုက်စားလာကြရာ ၁၉၃၈ ခုနှစ်တွင် မာ့ခ်စ်ဝါဒသည် မြန်မာ ခေါင်းဆောင် များအတွင်းတွင် ကောင်းစွာ ပျံ့နှံ့နေပြီဖြစ်လေသည်။

ဒီးဒုတ်ဦးဘချို၊ ဦးဘခိုင်၊ သခင်နု စသောပုဂ္ဂိုလ် များသည် စာရေးဆရာကြီး ဘားနာဒ်ရှော၏ ဖေဘီ ယန်ဆိုရှယ်လစ်ဝါဒဂ ကို စွဲလမ်းလာခဲ့ကြသည်။ အချို့မှာ အင်္ဂလိပ် ဆိုရှယ်လစ်တစ်ဦးဖြစ်သော ဂျွန် စထရက်ချိ ၏ ဆိုရှယ်လစ်ဝါဒစာအုပ်ကိုဖတ်၍ ရုရှား ကွန်မြူနစ်တစ်ပိုင်း၊ အဂင်္လန်ဆိုရှယ်လစ်တစ်ပိုင်း ဖြစ် လာကြသည်။ ထိုသူများမှာ သခင်အောင်ဆန်း၊ သခင် ဗဟိန်း၊ ဦးကျော်ငြိမ်း၊ လက်ပံတန်း ဦးဘတင်၊ ဦးဘဆွေတို့ ဖြစ်ကြသည်။သခင်စိုး၊ သခင်ကျော်စိန်နှင့် သခင်ဗိုလ်တို့သည် မာ့ခ်စ်ဝါဒကိုသာ စွဲလမ်းယုံကြည်ပြီး လေ့လာလိုက်စား ကြသည်။ သခင်စိုးသည် မော်လမြိုင်ဒေသမှ မွန် အမျိုးသားတစ်ဦးဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ခုနစ် တန်းအထိပညာသင်ခဲ့ပြီး အသက် ၁၇ နှစ်မှစ၍ သန်လျင်ရေနံချက်စက်ရုံတွင် အလုပ်ဝင်လုပ်ခဲ့သူ ဖြစ် သည်။ အလုပ်လုပ် နေစဉ်မှာပင် တို့ဗမာအစည်းအရုံး ဝင် သခင်တစ်ဦးဖြစ်လာခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် အလုပ်မှထွက်ပြီး တို့ဗမာအစည်းအရုံး ဥက္ကဌ သခင် သိန်းမောင်ကြီးထံတွင် တပည့်ခံ၍ နိုင်ငံရေးလေ့လာ ခဲ့သည်။ ထို့နောက် သခင်သိန်းမောင်ကြီး၏ အပြုအမူ များကို အထင်မကြီးတော့သဖြင့် လမ်းခွဲပြီး ကားလ် မာ့ခ်စ်ရေးသားသည့် အရင်းကျမ်းကို လေ့လာသည်။ အဘိဓာန်အကူအညီဖြင့် အရင်းကျမ်းကို လေ့လာရာမှ မာ့ခ်စ်ဝါဒီတစ်ဦး ဖြစ်လာခဲ့သည်ဟု ဆိုကြသည်။ သခင်စိုးသည် ညီအစ်မနှစ်ယောက်အား တစ်ပြိုင် တည်းပေါင်းသင်းနေရာမှ ငွေငါးရာပေး၍ ကွာရှင်းပြီး နိုင်ငံရေးလောကထဲသို့ ခြေစုံပစ် ဝင်လာသည်ဟု ဆိုသည်။

အပင်ပန်းခံနိုင်မှု၊ ဇွဲကြီးမှု၊ စကားပြော ကျွမ်းကျင်မှုကြောင့် လူငယ်နိုင်ငံရေးသမားတို့၏ ကြည်ညိုလေးစားမှုကို ခံယူရသည်။ တို့ဗမာအစည်းအရုံးတွင် သခင်စိုးသည် အလုပ်သမားရေးရာကိုကျွမ်းကျင်သူအဖြစ်နာမည်ကြီးသကဲ့သို့ သခင်သန်းထွန်း သည် တောင်သူလယ်သမားရေးရာကို ကျွမ်းကျင်သူ အဖြစ် နာမည်ကြီးသည်။ သို့သော် သခင်သန်းထွန်း နှင့် တက်ဘုန်းကြီးသိန်းဖေ (သိန်းဖေမြင့်)တို့သည် ထိုအချိန်က အယူဝါဒ တိတိကျကျရှိသူများ မဟုတ်ကြ ပေ။

သခင်စိုး၊ သခင်ဗဟိန်း(ကွယ်လွန်)၊ သခင်ဗိုလ် (ကွယ်လွန်)တို့သည် ကွန်မြူနစ်ဝါဒကို တိတိကျကျ ဝါဒ ဖြန့်ရေးသားခဲ့ကြသူများ ဖြစ်သည်။ သခင်စိုးသည် ရုပ်ဝါဒနှင့် ရုပ်ပိုင်းရာဇဝင်ဝါဒကို ဆိုရှယ်လစ်ဝါဒစာအုပ်တွင် ဖော်ပြခဲ့ပြီး အလုပ်သမား လောက၊ ဗမာ့တော်လှန်မှု၊ ကျွန်မချစ်လင် စသော စာအုပ်များကိုလည်း ရေးသားခဲ့သည်။ သခင်ဗဟိန်း သည် ဓနရှင်လောက၊ စနစ်ကျသော ဘုံဝါဒ၊ ကမ္ဘာ့စစ် နှင့် ဗမာ့နောင်ရေး၊ ကွန်မြူနစ် ကြေညာစာတမ်း စာအုပ်များကို ရေးသားခဲ့သည်။ သခင်ဗိုလ်သည် ကားလ်မာ့ခ်စ်အမည်ရှိ စာအုပ်ကို ရေးသားခဲ့ပြီး သခင်နုက ရုရှားတော်လှန်ရေးအကြောင်းကို လူမွဲတို့ ၏ထွက်ရပ်လမ်းအမည်ဖြင့် ရေးသားခဲ့သည်။ မိုးကြိုး ဆိုသူက လီနင်ဟူသောစာအုပ်၊ သခင်တင်မောင် (ကိုယ့်မင်းကိုယ့်ချင်း)က ဘုံအာဏာရှင် စတာလင်နှင့် လင်းယုန်နီစာအုပ်၊ တက်ဘုန်းကြီးသိန်းဖေ က သပိတ်မှောက်ကျောင်းသားစာအုပ်တို့ကို ရေးသားခဲ့သည်။

မြန်မာမျိုးချစ်လူငယ်များကြားတွင် မာ့ခ်စ်ဝါဒ (ကွန်မြူနစ်ဝါဒ)၊ ဆိုရှယ်လစ်ဝါဒတို့မှာ ခေတ်အစားဆုံး ဖြစ်ခဲ့ရသည်။ ဖော်ပြပါစာအုပ်များကို မြန်မာပြည် စာအုပ်ဖြန့်ချိရေးတိုက်၊ နဂါးနီ စာအုပ်တိုက်နှင့် ကျောင်းသားသမဂ္ဂ လျှို့ဝှက်ဖြန့်ချိရေးဌာနများက စာအုပ်များအဖြစ် ရိုက်နှိပ်ဖြန့်ချိကြသည်။ မျိုးချစ် လူငယ်များသည် မာ့ခ်စ်ဝါဒအကြောင်း ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်းတို့ကို ဆောင်ရွက်သည့် နည်းတူ ဆွဲဆောင်စည်းရုံးခြင်းကိုလည်း ဆောင်ရွက် လာကြသည်။

၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် ချောက် မြို့ ဘီအိုစီ ရေနံမြေအလုပ်သမားသပိတ်ကြီး ပေါက်ကွဲထွက်ပေါ်လာသည်။ အလုပ်သမားသပိတ်ကို တို့ဗမာအစည်းအရုံးဝင် သခင်များက ဦးဆောင်မှုပေး ကြသည်။ သပိတ်ကြာရှည်လာစဉ်မှာပင် ၁၉၃၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ရွှေတိဂုံစေတီရင်း၌ လူထုနှင့် ပုလိပ် ရိုက်ပွဲဖြစ်ကြသည်။ ဇွန်လ ၂၈ ရက်တွင် ဗြိတိသျှအစိုးရသည် ကုလား-ဗမာ ဒုတိယအဓိကရုဏ်း မီးကို မွှေးပေးပြန်သည်။ ထိုနှစ် နိုဝင်ဘာလ ၃ဝ ရက် တွင် အာဠာဝက သခင်ဖိုးလှကြီးခေါင်းဆောင်သော ရေနံမြေအလုပ်သမား ၂ဝဝဝ သည် ရန်ကုန်သို့ ချီတက်လာတော့သည်။ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ရေနံမြေသပိတ်၌ဦးဆောင်နေသော ကိုဗဟိန်းနှင့် ကျောင်းသားခေါင်းဆောင်သုံးဦးကို မကွေးမြို့၌ ဖမ်းလိုက်ရာမှ တတိယကျောင်းသား သပိတ်ကြီး ပေါ်လာရပြန်သည်။ ဒီဇင်ဘာလ ၂၂ ရက် တွင် ယုဒသန်ကောလိပ်ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့ရသည်။

ရေနံမြေတပ်သားများသည် ၁၉၃၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် ရန်ကုန်သို့ ရောက်လာ ကြသည်။ ထိုအချိန်တွင် သာယာဝတီ၊ ဝေါ၊ ပဲခူး၊ ဖြူး မှ တောင်သူလယ်သမား နှစ်သောင်းကျော်သည်လည်း ရန်ကုန်သို့ ရောက်ရှိနေလေပြီ။ ၁၉၃၈-၃၉ ခုနှစ်အတွင်း ဗြိတိသျှ နယ်ချဲ့အစိုးရ တို့အား ကျောင်းသား၊ တောင်သူလယ်သမားနှင့် အလုပ်သမားတို့က ပြင်းထန်စွာ ဆူပူဆန့်ကျင်ရာ အစိုးရကလည်း ရက်စက်စွာ နှိပ်ကွပ်ညှဉ်းပန်းခဲ့သည်။ ထိုဖြစ်ရပ်ကို ၁၃ဝဝ ပြည့်အရေးတော်ပုံဟု ခေါ်သည်။ ရေနံမြေသပိတ်၊ ကျောင်းသားသပိတ်များမှသည် တစ်ပြည်လုံး ဆူပူအုံကြွကုန်ကြသည်။ ရေနံမြေသပိတ်၊ ကျောင်းသားသပိတ်နှင့် အလုပ်သမားလှုပ်ရှားမှုများကို ဦးဆောင်သူများတွင် မာ့ခ်စ်ဝါဒီသခင်များလည်း ပါဝင် ကြသည်။ ဗြိတိသျှအစိုးရကလည်း ပို၍ပို၍ ရက်စက်စွာ နှိပ်ကွပ်လေရာ ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်း ၁ဝ ရက်တွင် မန္တလေး၌ ဆန္ဒပြကြသော လူထုနှစ်သိန်း ကျော်ကို သေနတ်နှင့် ပစ်ခတ်နှိမ်နင်းပြန်သည်။ ထို့ကြောင့် သံဃာတော်ခုနစ်ပါးနှင့် အသက် ၁၂ နှစအရွယ် ကျောင်းသားလေးတစ်ဦး အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ရသည်။ ၁၃ဝဝ ပြည့်အရေးတော်ပုံသည် ဗြိတိသျှ အလို တော်ရိ ညွှန့်ပေါင်းအစိုးရကို ပြုတ်ကျသွားစေခဲ့သည်။ မာ့ခ်စ်ဝါဒီတို့ရေးဆွဲသော ကြေညာချက်နှင့် လုပ်ငန်းစဉ် များကို တို့ဗမာအစည်းအရုံးက လက်ခံခဲ့ သည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံကာလအတွင်းမှာ မာ့ခ်စ်ဝါဒကို ယုံကြည်သူများသည် အစုလေးတစ်စုအဖြစ် စုမိကြ သည်။

သို့သော် ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးကို ဆင်နွှဲရာတွင် ကွန်မြူနစ်အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်ခဲ့ခြင်းမဟုတ်ပေ။ တို့ဗမာအစည်းအရုံး၏ ကွပ်ကဲထိန်းသိမ်းမှုအောက်တွင် မာ့ခ်စ်ဝါဒကို ယုံကြည် သူခေါင်းဆောင်များ (ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်စိုးစသည်)က အရေး တော်ပုံကို ခေါင်းဆောင်ခဲ့ကြခြင်းသာဖြစ်လေသည်။

မြန်မာနိုင်ငံ၌ ကွန်မြူနစ်ပါတီကလာပ်စည်း စတင်ဖွဲ့စည်းခြင်း[ပြင်​ဆင်​ရန်​]

ပြည်ပအဆက်အသွယ်[ပြင်​ဆင်​ရန်​]

၁၃ဝဝ ပြည့် အရေးတော်ပုံသည် ဗြိတိသျှနယ်ချဲ့ အစိုးရအား နိုင်ငံရေးဆန့်ကျင်ရာတွင် အကြီးမားဆုံး သော အမျိုးသားရေးလှုပ်ရှားမှုကြီး ဖြစ်ခဲ့သည်။ ၁၃ဝဝ ပြည့်အရေးတော်ပုံကို တို့ဗမာအစည်းအရုံးဝင် သခင် များက ဦးဆောင်ခဲ့ကြရာ သခင်များအတွင်းတွင် မာ့ခ်စ်ဝါဒီများ ပါဝင်ကြောင်း တင်ပြခဲ့ပြီးပေပြီ။ အမျိုးသားရေးစိတ်ဓာတ်ဖြင့် တက်ကြွလျက်ရှိကြသော မြန်မာမျိုးချစ် လူငယ်ခေါင်းဆောင်များသည် မြန်မာ နိုင်ငံ၏ လွတ်လပ်ရေးအတွက် နည်းလမ်းအမျိုးမျိုး ရှာကြံလျက် ရှိကြသည်။ နိုင်ငံရေးဝါဒအမျိုးမျိုးကို လည်း အပတ်တကုတ် ကြိုးပမ်းလေ့လာလျက် ရှိကြ သည်။ တို့ဗမာအစည်းအရုံးသည် ပေါ်ပေါက်လာခါစ တွင် အမျိုးသားရေးဝါဒကိုသာ ကိုင်စွဲထားခဲ့သော် လည်း မာ့ခ်စ်ဝါဒီခေါင်းဆောင်များ များပြားလာသည့် အလျောက် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒများကို လေ့လာရင်း လက်ဝဲအယူအဆများကို လက်ခံလာခဲ့ သည်။

ပထမပိုင်းတွင် တို့ဗမာအစည်းအရုံး၏ နိုင်ငံရေး ဝါဒမှာ အမျိုးသားရေးသက်သက်ဝါဒနှင့် ဆိုရှယ်လစ် ဝါဒအယူအဆများ ရောနှောပေါင်းစပ်ထားသည့် တို့ဗမာဘုံဝါဒကို လက်ခံခဲ့သည်။ တို့ဗမာအစည်း အရုံးသည် လွတ်လပ်ရေးတိုက်ပွဲအတွက် အယူအဆ တူသူများကို စုပေါင်းထားသည့် တပ်ပေါင်းစုသဖွယ် ဖြစ်နေရာ မျိုးချစ်ခေါင်းဆောင်များအတွင်း နှစ်သက် ရာ ဝါဒအမျိုးမျိုးကို လက်ခံယုံကြည်နေခြင်းများလည်း ရှိသည်။ တို့ဗမာအစည်းအရုံးတွင် အမျိုးသားရေး သက်သက်ဝါဒသမားများ၊ ပြုပြင်ရေးဝါဒီများ၊ ကိုယ့်မင်း ကိုယ့်ချင်းဖြင့် ပဒေသရာဇ်အုပ်ချုပ်ရေးကို ပြန်လည် တမ်းတနေသူများ၊ ဖေဘီယန်ဝါဒသမားများ၊ ဆိုရှယ် လစ်ဝါဒသမားများစသည်ဖြင့် အယူအဆမျိုးစုံရှိနေ သော်လည်း လွတ်လပ်ရေးရည်မှန်းချက်မှာမူ တူညီနေ သောကြောင့် တို့ဗမာအစည်းအရုံးသည် စည်းလုံးညီညွှတ်နေခြင်းဖြစ်သည်။

၁၃ဝဝ ပြည့်အရေးတော်ပုံ ဖြစ်ပွားနေသော ၁၉၃၈ ခုနှစ်အတွင်းမှာပင် အိန္ဒိယကွန်မြူနစ်ပါတီ မှ ဂျေဂို့ရှ် (J.Gosh) ဆိုသူ ရန်ကုန်မြို့သို့ ရောက်ရှိ လာခဲ့သည်။ ဂျေဂို့ရှ်သည် ဂိုရှယ် (H.N Goshl M.Munshi) နှင့် မူကာဂျီ (S.K Mukerjee)တို့အား ကွန်မြူနစ်ဖြစ်လာစေရန် စည်းရုံးနိုင်ခဲ့သည်။ ဂိုရှယ် နှင့် ကုလားအမျိုးသားအချို့သည် ကွန်မြူနစ်ဝါဒကို လေ့လာ၍ အယူအဆပြင်းထန်သော ကွန်မြူနစ်များ ဖြစ်လာကြသည်။ ဂိုရှယ်နှင့် မူကာဂျီတို့လူစုတွင် ရဲဘော်ဒေး၊ ရဲဘော်နာ့တ်နှင့် ရဲဘော်ဘို့(စ်)တို့ ပါဝင် လာပြီး ဘင်္ဂလားနယ် လျှို့ဝှက်လုပ်ကြံရေးအဖွဲ့နှင့် အဆက်အသွယ်ရှိလာသည်။ ဂိုရှယ်တို့လူစုသည် အိန္ဒိယကွန်မြူနစ်ပါတီနှင့်သော်လည်းကောင်း၊ တို့ဗမာ အစည်းအရုံးနှင့်သော်လည်းကောင်း အဆက်အသွယ် ရှိနေရာ လျှို့ဝှက်လုပ်ကြံရေး အဖွဲ့ငယ်တစ်ခုပမာ ဖြစ်လာသည်။

ထိုအချိန်တွင် မြန်မာမျိုးချစ်ခေါင်းဆောင်များ သည်လည်း လျှို့ဝှက်ကွန်မြူနစ်ပါတီတစ်ရပ်ထူထောင် ရန် နည်းလမ်းရှာဖွေနေကြပြီဖြစ်သည်။ သခင်

သိန်းဖေ(သိန်းဖေမြင့်)နှင့် သခင်လှဖေ(ဗိုလ်လကျာ်) တို့သည် အိန္ဒိယပြည် ကာလကတ္တားမြို့သို့ ပညာသင် ရန် သွားရောက်ကြရင်း ဘင်္ဂလားပြည်နယ် ကွန်မြူနစ်

ခေါင်းဆောင်တစ်ဦးဖြစ်သူ မူဆာဖာအာမက်နှင့် လျှို့ဝှက်၍ ဆက်သွယ်မိကြသည်။ ထိုစဉ်က နိုင်ငံ အမျိုးမျိုးရှိ ကွန်မြူနစ်ပါတီများကို ဆက်သွယ်ချုပ်ကိုင် ၍

ခေါင်းဆောင်မှုပေးနေသော အဖွဲ့အစည်းမှာ တတိယကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်ဖြစ်ပြီး ဆိုဗီယက် ယူနီယံ မော်စကိုမြို့၌ ရုံးစိုက်သည်။ အိန္ဒိယကွန်မြူနစ် ပါတီသည်

တတိယကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်နှင့် အဆက်အသွယ်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သခင်သိန်းဖေနှင့် သခင်လှဖေသည် မြန်မာနိုင်ငံ ရှိ တို့ဗမာအစည်းအရုံးဝင် ခေတ်ပညာတတ် လူငယ် ခေါင်းဆောင်များအနေနှင့် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်

ဝါဒတို့ကို လေ့လာယုံကြည်ကြကြောင်း၊ တို့ဗမာအစည်း အရုံးနှင့် အလုပ်သမား၊ လယ်သမားလူတန်းစားများ ကို ခေါင်းဆောင်မှုပေးရန် ကွန်မြူနစ်ပါတီတစ်ရပ်

ထူထောင်လိုကြောင်း မူဆာဖာအာမက်နှင့် ဆွေးနွေး ခဲ့သည်။ ထိုသို့ ကွန်မြူနစ်ပါတီ ထူထောင်နိုင်ရန်အတွက် အိန္ဒိယကွန်မြူနစ်ပါတီက ကူညီပံ့ပိုးပေးရန်နှင့် အခြေ

အနေကို တတိယကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်သို့ တင်ပြ ပေးရန်၊ ဆက်သွယ်သတင်းပေးပို့ရန်လည်း တောင်းဆို ခဲ့သည်။ မူဆာဖာအာမက်က ကူညီရန် ကတိပြုသည်။

သခင်သိန်းဖေနှင့် သခင်လှဖေတို့နှစ်ဦးက အိန္ဒိယ တွင် ပြည်ပအဆက်အသွယ်ကို ရှာဖွေနေစဉ် သခင် ဗိုလ်တို့လူစုသည်လည်း ရန်ကုန်မြို့သို့ လျှို့ဝှက်ရောက်

ရှိနေသော တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်မိ သည်ဟု ဆိုသည်။ သို့သော် ဒုတိယကမ္ဘာစစ်ဖြစ်လု ဆဲဆဲတွင် သခင်ဗိုလ်တို့လူစုသည် တရုတ်ကွန်မြူနစ် များနှင့်

အဆက်အသွယ်ပြတ်သွားရသည်။ တရုတ် ကွန်မြူနစ်များသည် တရုတ်ပြည်သို့ ရွှေ့ပြောင်းသွား ကြသည်။

တို့ဗမာအစည်းအရုံးတွင် လက်ဝဲဝါဒလွှမ်းမိုးလာခြင်း[ပြင်​ဆင်​ရန်​]

၁၉၃၈ ခုနှစ်တွင် စတင်ခဲ့သော ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး၏ ဩဇာအရှိန်အဝါကြောင့် သခင် ကိုယ်တော်မှိုင်းခေါင်းဆောင်သော တို့ဗမာအစည်း အရုံးတွင်

ဆိုရှယ်လစ်ဝါဒီသခင်များ နေရာရလာကြ သည်။ လက်ဝဲဝါဒီသခင်များသည် အယူအဆမျိုးစုံ ရှိသူများ စုစည်းနေခြင်းထက် ကွန်မြူနစ်ဝါဒ(မာ့ခ်စ် ဝါဒ)ကို ယုံကြည်သူ၊

အယူအဆတူသူများကို သိမ်းဆည်း ကျစ်လျစ်စွာ စုစည်း၍ ကွန်မြူနစ်ပါတီတစ်ရပ် ထူထောင်ရန် ကြိုးစားနေကြသည်။ ပြည်ပအဆက် အသွယ်ရှာသူက ရှာနေစဉ်

ပြည်တွင်း၌လည်း နိုင်ငံရေး အယူဝါဒကျယ်ပြန့်လာရန် စည်းရုံးဟောပြောသူက ဟောပြောကြသည်။ နဂါးနီစာအုပ်အသင်းကို ထူထောင် ၍

လက်ဝဲဝါဒစာပေများကိုလည်း ပုံနှိပ်ဖြန့်ချိကြသည်။ တစ်ဖက်မှလည်း အမျိုးသားရေးဝါဒသက်သက်မှ ဆိုရှယ်လစ်ရေးဘက်သို့ ကူးပြောင်းလာသော တို့ဗမာ

အစည်းအရုံးတွင် ဆိုရှယ်လစ်ဝါဒ လုံးဝလွှမ်းမိုးလာ အောင် ကြိုးစားကြသည်။

သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံး အမှုဆောင်အစည်းအဝေးကို ရွှေတိဂုံစေတီ မော်လမြိုင် ဇရပ်တွင် ဦးဆောင်၍ ကျင်းပခဲ့သည်။ ထိုအစည်း အဝေးတွင်

တို့ဗမာအစည်းအရုံး၏ ဝါဒနှင့် လုပ်ငန်း စဉ်ကို ဆိုရှယ်လစ်ဝါဒအမြင်ဖြင့် အသစ်ပြုပြင်ရေးဆွဲ ကြသည်။ ထို့နောက် ၁၉၃၉ ခုနှစ်၊ ဧပြီလတွင်

မော်လမြိုင်မြို့၌ကျင်းပသော တစ်နိုင်ငံလုံးဆိုင်ရာ သခင်ညီလာခံက ယင်းဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုလိုက်သည်။ သို့နှင့် တို့ဗမာအစည်းအရုံးတွင်

လက်ဝဲဝါဒသည် ကောင်းစွာ လွှမ်းမိုးလာတော့သည်။

မြေအောက်ကလာပ်စည်းဖွဲ့စည်းခြင်း[ပြင်​ဆင်​ရန်​]

၁၉၃၉ ခုနှစ်၊ ဇန်နဝါရီလကုန်ခန့်တွင် အိန္ဒိယ ကွန်မြူနစ်ခေါင်းဆောင် မူဆာဖာအာမက်က စည်းရုံးရေးမှူးတစ်ဦးဖြစ်သူ မစ္စတာပူ(ရ်)နန္ဒူဒတ်(စ်) ဂုပတား ကို

ရန်ကုန်သို့ စေလွှတ်လိုက်သည်။ ဂုပတား သည် စင်ကာပူတွင် ဌာနချုပ်လုပ်ထားသော အင်ဒို ချိုင်းနားကျွန်းဆွယ် ကွန်မြူနစ်ပါတီဌာနချုပ်သို့ ပထမ ဦးစွာ

သွားရောက်သတင်းပို့ရသည်။ တတိယ ကမ္ဘာ့ ကွန်မြူနစ်အဖွဲ့ချုပ်၏ စည်းရုံးရေးနယ်မြေသတ်မှတ်မှု တွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် မပတ်သက်ဘဲ

စင်ကာပူရှိ အင်ဒိုချိုင်းနားကျွန်းဆွယ် ကွန်မြူနစ်ပါတီ ဌာနချုပ်နှင့်သာ သက်ဆိုင်သည်။ အိန္ဒိယကွန်မြူနစ် များက မြန်မာနိုင်ငံတွင် ကွန်မြူနစ်ပါတီထူထောင် ပေးရန်

တတိယကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်သို့ တင်ပြ ရာ ခွင့်ပြုချက်ရရှိခဲ့သည်။ ထို့ကြောင့် ဂုပတားသည် စင်ကာပူသို့ ဝင်ရောက်သတင်းပို့ ညှိနှိုင်းပြီးမှ

ဆောင်ရွက်ရခြင်းဖြစ်သည်။

ဂုပတား ရန်ကုန်ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၌ ကွန်မြူနစ်ဝါဒကို လေ့လာစူးစမ်းနေသော အစုမှာ နှစ်စုရှိနေသည်။ ပထမလူစုမှာ သခင်အောင်ဆန်း၊ သခင်စိုး၊

သခင်လှဖေ(ဗိုလ်လကျာ်)၊ သခင်ဗဟိန်း၊ သခင်သိန်းဖေ(သိန်းဖေမြင့်)တို့လူစုဖြစ်ပြီး ဒုတိယ လူစုမှာ လျှို့ဝှက်လုပ်ကြံရေးအဖွဲ့ဝင် ကုလားရဲဘော် များဖြစ်သော

ရဲဘော်ဂိုရှယ်၊ ရဲဘော်မူကာဂျီ၊ ရဲဘော် ဒေး၊ ရဲဘော်နာ့တ်နှင့် ရဲဘော်ဘို့(စ်)တို့ ဖြစ်သည်။

၁၉၃၉ ခုနှစ်၊ ဩဂုတ်လတွင် ဂုပတားသည် ရန်ကုန်သို့ ရောက်ရှိလာပြီး သခင်အောင်ဆန်းတို့ လူစုနှင့် ဂိုရှယ်တို့လူစုကို တွေ့ဆုံကာ မြေအောက် ကွန်မြူနစ်ပါတီ

ထူထောင်ရေးအတွက် ဆွေးနွေးခဲ့ သည်။ အိန္ဒိယကွန်မြူနစ်ပါတီသည် မတရားအသင်း ကြေညာခံထားရသောကြောင့် လျှို့ဝှက်ပါတီတစ်ရပ် အဖြစ် လှုပ်ရှားနေရသည်။

ထိုစဉ်က ဗြိတိသျှအစိုးရ လက်အောက်ရှိ မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံ၏ ပြည် နယ်တစ်ခုသဖွယ် ဖြစ်နေသည်။ ထို့ကြောင့် မြန်မာ နိုင်ငံ ကွန်မြူနစ်ပါတီသည်လည်း

တရားဝင်ထူထောင် ခွင့် ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လျှို့ဝှက်ပါတီ တစ်ရပ်အနေနှင့်သာ ထူထောင်ရမည်ဖြစ်သည်။ မြန်မာခေါင်းဆောင်များသည် ဂုပတားနှင့်

ဆွေးနွေး ပြီးနောက် မြေအောက်ကွန်မြူနစ်ပါတီတစ်ရပ်ထူထောင် ရန် သဘောတူညီလိုက်ကြသည်။

၁၉၃၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် လျှို့ဝှက် ကွန်မြူနစ်ပါတီကို သခင်အောင်ဆန်းခေါင်းဆောင်၍ ရန်ကုန်မြို့အရှေ့ပိုင်း ၄၈ လမ်းအတွင်းမှ အိမ်တစ်အိမ်၂ တွင်

ပထမဦးဆုံးသော ဦးဆောင်ကလာပ်စည်းကို ဖွဲ့စည်းသည်။ ယင်းကလာပ်စည်းတွင် ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ သခင်အောင်ဆန်း(အထွေထွေအတွင်းရေးမှူး)

၂။ သခင်စိုး(လူထုခေါင်းဆောင်)

၃။ ရဲဘော်ဂိုရှယ် (စည်းရုံးရေးမှူးနှင့် လျှို့ဝှက် လုပ်ငန်း)

၄။ သခင်ဗဟိန်း (ကျောင်းသားစည်းရုံးရေး)

၅။ သခင်လှဖေ (ဘဏ္ဍာရေးမှူး)

၆။ ရဲဘော်နာ့တ် (စာကြည့်တိုက်မှူး)

ကွန်မြူနစ်ပါတီ စတင်ဖွဲ့စည်းရန်နှင့် ကွန်မြူနစ် ဝါဒပြန့်ပွားစေရန် ကြိုးစားကြသူများတွင် သခင် သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်ကျော်စိန်တို့ ပါဝင် ကြသော်လည်း

ပါတီဖွဲ့စည်းသောအခါတွင်ကား ယင်း ပုဂ္ဂိုလ်များ မပါဝင်ကြပေ။ သခင်သိန်းဖေသည် ကျောင်းသားအရေးနှင့် ပတ်သက်၍ ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံးက

အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ် ထားသဖြင့် သခင်သိန်းဖေအား ပါတီဝင်အဖြစ် ထည့် သွင်းခြင်းမပြုဘဲ ချန်လှပ်ထားခဲ့ရသည်။ (ယင်းအချိန် မှစ၍ သခင်သိန်းဖေသည်

နိုင်ငံရေးလှုပ်ရှားရာတွင် သိန်းဖေအမည်ဖြင့်သာ လှုပ်ရှားခဲ့သည်။) သခင် သန်းထွန်းမှာမူ ပါတီဝင်အဖြစ် ဖိတ်ခေါ်သော်လည်း သခင်စိုးနှင့် သခင်အောင်ဆန်းတို့

ပါဝင်ပြီးဖြစ်သဖြင့် မိမိမလိုအပ်ကြောင်း၊ မိမိအနေနှင့် တို့ဗမာအစည်း အရုံးတွင်သာ ဇောက်ချ၍ လုပ်ကိုင်လိုကြောင်း အကြောင်းပြ၍ ငြင်းဆိုခဲ့သည်။

သခင်ကျော်စိန်မှာမူ မည်သူနှင့်မျှ မတိုင်ပင်ဘဲ နိုင်ငံခြားကွန်မြူနစ်များနှင့် သီးခြားဆက်သွယ်ခြင်း၊ အင်္ဂလန်အတိုက်အခံ လေဘာ ပါတီနှင့် ဆက်သွယ်ခြင်း၊

လျှို့ဝှက်စာရွက်စာတမ်းများ သီးခြားဖြန့်ဝေခြင်းတို့ကြောင့် စိတ်မချရဟုဆိုကာ ပါတီ ဝင်အဖြစ် ထည့်သွင်းခြင်း မပြုခဲ့ပေ။

ယင်းပါတီကလာပ်စည်း သည် လျှို့ဝှက်ပါတီ ဖြစ်သည့်အလျောက် ဝါဒဖြန့်ချိရေးကိုသာ လုပ်နိုင်ခဲ့ သည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် တရားဝင်အထင် ကရ

အဖွဲ့အစည်းအဖြစ် ဆောင်ရွက်နေသော တို့ဗမာ အစည်းအရုံးကို ဩဇာလွှမ်းမိုးရန် ကြိုးစားရာတွင် အတန်အသင့် အောင်မြင်ခဲ့သည်။ သို့သော် မကြာမီ မှာပင်

ဗြိတိသျှအစိုးရက ရိပ်မိသိရှိပြီး မတရား အသင်း ကြေညာလိုက်သဖြင့် ကွန်မြူနစ်ကလာပ်စည်း၏ လှုပ်ရှားမှုများမှာ များစွာ ကျဉ်းမြောင်းသွားခဲ့ ရသည်။

[၁]

လွတ်လပ်ရေးရယူရန်အတွက် အယူအဆကွဲပြားလာခြင်း[ပြင်​ဆင်​ရန်​]

ပထမအကြိမ်သင်တန်း[ပြင်​ဆင်​ရန်​]

လျှို့ဝှက်ကွန်မြူနစ်ပါတီဦးဆောင်ကလာပ်စည်းကို ဖွဲ့စည်းပြီး မကြာခင်မှာပင် ပါတီကေဒါစည်းရုံးရေး အတွက် လျှို့ဝှက်ကွန်မြူနစ်သင်တန်းတစ်ခုကို သခင်

အောင်ဆန်း၊ သခင်စိုးနှင့် ရဲဘော်ဂိုရှယ်တို့ ဦးစီးပြီး ရန်ကုန်အရှေ့ပိုင်းတစ်နေရာ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ထိုသင်တန်းသို့ သခင်လှမြိုင် (ဗိုလ်ရန်အောင်)၊ သခင်

တင်ထွန်း (ပျဉ်းမနား)၊ မောင်သွင် (ကျိုက်မရော ကိုသွင်)နှင့် ကိုခင် ဆိုသူတို့ တက်ရောက်ကြသည်။ လျှို့ဝှက်ကွန်မြူနစ်ပါတီ၏ အဓိကလုပ်ငန်းမှာ ပါတီဝင်

ကေဒါသစ်များရှာဖွေစုဆောင်းခြင်း၊ နိုင်ငံရေးသဘော တရားများ သင်ကြားပေးခြင်း၊ ကွန်မြူနစ်ဝါဒကို လေ့လာစေခြင်းတို့ ဖြစ်သည်။ လျှို့ဝှက်အဖွဲ့အစည်း

ဖြစ်သည့်အလျောက် ကွန်မြူနစ်ပါတီသည် အလုပ် သမား၊ လယ်သမား လူတန်းစားတို့၏ နိုင်ငံရေးလှုပ်ရှား မှုများကို တိုက်ရိုက်ဦးဆောင်နိုင်ခြင်း မရှိပေ။ တို့ဗမာ

အစည်းအရုံး၊ တောင်သူလယ်သမားအစည်းအရုံး၁ ၊ ကျောင်းသားသမဂ္ဂ စသည်တို့မှတစ်ဆင့်သာ စည်းရုံး လှုပ်ရှားရသည်။

ကွန်မြူနစ်ပါတီ လျှို့ဝှက်ကလာပ်စည်းသည် နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်မှုမရှိသေးသည့်အပြင် တရားဝင်လှုပ်ရှားခွင့် မရှိသောကြောင့် ကျယ်ပြန့်စွာ

စည်းရုံးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် သင်တန်းများမှာ လည်း စနစ်တကျမရှိခဲ့ပေ။ လျှို့ဝှက်သင်တန်းများကို သင်တန်းသားအရေအတွက်များများဖြင့် ပြုလုပ်နိုင်

ခြင်းမရှိဘဲ လူအနည်းငယ်ဖြင့်သာ ဖွင့်လှစ်ကြရသည်။ ရံဖန်ရံခါ သင်တန်းသားမှာ တစ်ယောက်တည်းဖြစ်နေ တတ်သည်။ နေရာဟူ၍လည်း အတည်တကျမရှိဘဲ

သင်တန်းတစ်ခုတည်းပင်လျှင် နေရာများစွာ ပြောင်းရွှေ့ ၍ ဖွင့်လှစ်ရသည်။ သင်တန်းဆင်းပြီးသူများကလည်း ဆင့်ပွားသင်တန်းသဘောမျိုး ပြန်လည်ပို့ချဖွင့်လှစ်လေ့

ရှိသည်။ သို့သော် အချိန်ကြာလာသောအခါ ကွန်မြူနစ် သင်တန်းတက်ဖူးသူများ တိုးပွားလာပြီး ကွန်မြူနစ်ဝါဒ ကို လက်ခံသူလည်း များပြား၍လာသည်။

ဒုတိယကမ္ဘာစစ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှု[ပြင်​ဆင်​ရန်​]

၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် အင်္ဂလိပ်တို့က နာဇီဂျာမန်တို့အား စစ်ကြေညာလိုက် သည့်အချိန်မှစ၍ ဥရောပတိုက်အတွင်းတွင် ဒုတိယ ကမ္ဘာစစ်မီးသည်

စတင် လောင်ကျွမ်းတော့သည်။ ဒုတိယကမ္ဘာစစ် စလျှင်စချင်း နာဇီအာဏာရှင် ဟစ်တလာ၏ ဂျာမန်တပ်များသည် ဥရောပနိုင်ငံ အများအပြားကို

လျှပ်တစ်ပြက်အတွင်း စစ်ဆင်၍ သိမ်းပိုက်လိုက်နိုင်သည်။ ပြင်သစ်နိုင်ငံ ကျဆုံးပြီးသော အခါတွင်ကား အင်္ဂလန်ကျွန်းမှလွဲ၍ ဥရောပတိုက် တစ်ခုလုံးနီးပါးသည်

ဂျာမန်တို့၏လက်အောက်သို့ ကျဆင်းသွားရသည်။ အင်္ဂလန်နိုင်ငံပင်လျှင် ဂျာမန် လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအန္တရာယ်ကို နေ့စဉ်နှင့် အမျှ ခံနေရသည်။

ထိုအချိန်တွင် အရှေ့ဖျား၌ ဂျပန်နိုင်ငံသည် စစ် အင်အားကြီးမားလာပြီး အင်္ဂလိပ်၊ ပြင်သစ်တို့၏ ကိုလိုနီနယ်ပယ်များကို ဝင်ရောက်တိုက်ခိုက်ရန် တာစူ

နေချိန်ဖြစ်သည်။ မြန်မာမျိုးချစ်ခေါင်းဆောင်များသည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ လွတ်လပ်ရေး ကြိုးပမ်းရန် ကြံစည်တွေးတောလာကြသည်။ စစ်ဖြစ်

လုနီးပါးအခြေအနေမှာပင် 'အင်္ဂလိပ်အခက်၊ ဗမာ အချက်'ဟူသော ကြွေးကြော်သံသည် ထင်ရှား၍ လာ သည်။ စစ်ကြီးဖြစ်ပွားပါက ဗြိတိသျှနယ်ချဲ့အစိုးရအား

အကူအညီမပေးရန် လှုံ့ဆော်ချက်များ ပိုမိုပြင်းထန် လာသည်။ အင်္ဂလန်နိုင်ငံက စစ်မကြေညာမီ ၂ ရက် အလို ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင်

တို့ဗမာအစည်းအရုံးမှ ပြည်လုံးဆိုင်ရာ အလုပ် အမှုဆောင်အဖွဲ့သည် အထူးအစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက် အသင်းအပင်း ဂိုဏ်းဂဏမရွေး၊ အဖွဲ့မရွေး၊

ပါတီမရွေး ပါဝင်နိုင်သည့် လွတ်လပ်ရေး အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် ဆုံးဖြတ်ကြသည်။ ထို့ကြောင့် တို့ဗမာအစည်းအရုံးသည် ဒေါက်တာ ဘမော်၏

ဆင်းရဲသားဝံသာနုအဖွဲ့နှင့် ပူးပေါင်းကာ ဗမာ့ထွက်ရပ်ဂိုဏ်း (The Freedom Bloc) ကို ဖွဲ့စည်းလိုက်ကြသည်။ သခင်အောင်ဆန်းသည် ဗမာ့

ထွက်ရပ်ဂိုဏ်းတွင်လည်း အတွင်းရေးမှူးဖြစ်လာသည်။

ကွန်မြူနစ် မြေအောက်ကလာပ်စည်း၏ ခေါင်း ဆောင် (အထွေထွေအတွင်းရေးမှူး)ဖြစ်သော သခင် အောင်ဆန်းသည် တစ်ချိန်တည်းမှာပင် တို့ဗမာ အစည်းအရုံးကြီး၏

အတွင်းရေးမှူးတာဝန်နှင့် ဗမာ့ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးတာဝန်ကိုပါ ထမ်းဆောင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် သခင် အောင်ဆန်းသည်

ကွန်မြူနစ်ဝါဒရေးရာထက် လွတ်လပ်ရေးကြိုးပမ်းမှုဟူသော အမျိုးသားရေးကို ဦးစားပေးဆောင်ရွက်လာရသည်။

၁၉၄ဝ ပြည့်နှစ်၊ မတ်လတွင် အိန္ဒိယနိုင်ငံ ကွန်မြူနစ်ပါတီညီလာခံကို ရမ္မဝါးမြို့တွင် ကျင်းပရာ သခင်ဗဟိန်း၊ သခင်အောင်ဆန်းနှင့် သခင်သန်းထွန်း

တို့ခေါင်းဆောင်သော မြန်မာလူငယ်အဖွဲ့တစ်ဖွဲ့ တက် ရောက်ခဲ့သည်။ သခင်အောင်ဆန်းသည် ကွန်မြူနစ် မြေအောက်ကလာပ်စည်း၏ ခေါင်းဆောင်ဖြစ်နေ

သော်လည်း အမျိုးသားရေးကိုသာ အဓိကထားသူ ဖြစ်သည်။ ထို့အပြင် ထိုခေတ်ကာလက ကွန်မြူနစ် ပါတီသည် ရုရှားနိုင်ငံရှိ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်ကို သာ

သစ္စာခံကြရပြီး အဖွဲ့ချုပ်မှ ချမှတ်ပေးသည့် လမ်းစဉ်အတိုင်း ဆောင်ရွက်ကြရသည်။ သခင် အောင်ဆန်းသည် အမျိုးသားရေးကို ဒုတိယ ဦးစားပေးအဆင့်ထားရမည့်

အချက်များကို မနှစ်မြို့နိုင်ခဲ့ ပေ။ သခင်အောင်ဆန်းသည် အိန္ဒိယပြည်သို့ ရောက် ရှိနေစဉ်အတွင်း ကွန်ဂရက်ပါတီသို့ စာတမ်းတစ်စောင် ကို

ကိုယ်တိုင်ရေးသားတင်သွင်းခဲ့သည်။

အဆိုပါစာတမ်းတွင် 'တို့ဗမာအစည်းအရုံးက စိတ်တူသဘောတူ လုပ်ကိုင်လိုသူ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ အမျိုးသားရေးဝါဒီ မည်သူကိုမဆို ကြိုဆို မည်။

အစည်းအရုံးသည် ကွန်မြူနစ်ပါတီမဟုတ်၊ ကွန်မြူနစ်ပါတီဟု စွပ်စွဲသူများကလည်း ကွန်မြူနစ် ဝါဒကို ကောင်းစွာ နားလည်ခဲ့ကြသည်မဟုတ်၊ အစည်းအရုံးသည်

ဗမာ့လွတ်လပ်ရေးအတွက် ကြိုးပမ်း သည်။ သို့ရာတွင် နီသည်ဆိုလျှင်ကြောက်၊ ကွန်မြူနစ် ဆိုတာနှင့် မုန်းခြင်းမျိုးကား မရှိ' ဟူ၍ ဖော်ပြ ထားသည်။

သခင်အောင်ဆန်းသည် အိန္ဒိယကွန်မြူနစ်ပါတီ ညီလာခံသို့ တက်ရောက်လာသူဖြစ်သော်လည်း ကွန်ဂရက်ပါတီသို့ တင်သွင်းသည့်စာတမ်းတွင် မြန်မာ

ကွန်မြူနစ်များကို ကိုယ်စားမပြုဘဲ တို့ဗမာအစည်း အရုံးကိုသာ ကိုယ်စားပြုခဲ့သည်။ သခင်အောင်ဆန်း သည် အိန္ဒိယကွန်မြူနစ်ပါတီ၏ ဩဇာအာဏာကို

သစ္စာခံခြင်းမရှိတော့သကဲ့သို့ အိန္ဒိယအမျိုးသားရေး ဝါဒီများဖြစ်သည့် ကွန်ဂရက်ခေါင်းဆောင် ပဏ္ဍစ် နေရူးတို့လူစုနှင့် ပို၍ရင်းနှီးလာသည်။ နှစ်နိုင်ငံ

လွတ်လပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု လည်း သဘောတူလိုက်ကြသည်။

ကွန်မြူနစ်များ အယူအဆကွဲပြားလာခြင်း[ပြင်​ဆင်​ရန်​]

ဒုတိယကမ္ဘာစစ်ကြီးသည် တစ်စတစ်စ ပိုမို ကျယ်ပြန့်လာသည်။ ဗြိတိသျှအစိုးရ၏ မြန်မာပြည် ဘုရင်ခံ ဆာအာခိဘော(လ်)ကော့ကရိန်းက မြန်မာ

ပြည်သူတို့၏ဆန္ဒသဘောထားမပါဝင်ဘဲ မြန်မာပြည်နှင့် ဂျာမနီပြည်စစ်ဖြစ်နေပြီဟု ကြေညာခဲ့သည်။ တို့ဗမာ အစည်းအရုံးကြီးသည် ဘုရင်ခံ၏ကြေညာချက်ကို

ကန့်ကွက်ခဲ့သည်။ လွတ်လပ်ရေးအတွက် လှုံ့ဆော် ဟောပြောမှုများမှာလည်း ပိုမိုပြင်းထန်လာသည်။ သခင်များသည် တစ်ဖက်က စည်းရုံးဟောပြောခြင်းဖြင့်

နိုင်ငံရေးအရ တိုက်ပွဲဝင်နေသကဲ့သို့ ဗြိတိသျှအစိုးရ အား လက်နက်ကိုင်တိုက်ပွဲဝင်နိုင်ရန် နည်းလမ်းရှာကြံ လာကြသည်။ ထိုအခါ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်

အတွက် ကြိုးပမ်းရမည့်နည်းလမ်းနှင့် ပတ်သက်ပြီး အယူအဆသုံးမျိုး ကွဲပြားလာသည်။

ပထမအယူအဆမှာ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိမှုအတွက်ဆိုပါက မည်သည့်နိုင်ငံ၊ မည်သည့် အင်အားစုနှင့်ပင် ပူးပေါင်းရသည်ဖြစ်စေ ပူးပေါင်း ကြရမည်။

အင်္ဂလိပ်နယ်ချဲ့သမား၏ ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့သမား၏ ရန်သူဖြစ်သော ဂျပန်နယ်ချဲ့သမားကိုပင်ဖြစ်စေ ယာယီပူးပေါင်းရမည်။

ယင်းတို့ကပေးသော အကူ အညီကို ရယူမည်ဟူ၍ ဖြစ်သည်။ ထိုအယူအဆကို လက်ခံသူများမှာ သခင်နု၊ သခင်လေးမောင်၊ သခင် လှဘော်ကြီး၊ သခင်မြ စသော

ခေါင်းဆောင်များ ဖြစ်သည်။

ဒုတိယအယူအဆမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိမှုအတွက် မည်သူ့ကိုမျှအားမကိုးဘဲ မိမိအားနှင့် မိမိကိုယ်သာ အားကိုးပြီး ရန်သူမှန်သမျှကို တိုက်ရ မည်။

အင်္ဂလိပ်နယ်ချဲ့သမားကိုလည်း မိမိတို့၏ ကျွန် ပိုင်ရှင်အဖြစ် တိုက်ရမည်။ နောက်ဝင်လာမည့် ဂျပန် နယ်ချဲ့သမားကိုလည်း ဖက်ဆစ်ဝါဒသမားဖြစ်၍

တိုက်ထုတ်ကြရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်နယ်ချဲ့သမားရော ဖက်ဆစ်ဂျပန်ကိုပါ တစ်ပြိုင်တည်း ဆန့်ကျင်တိုက်ခိုက်ရမည် ဖြစ်သည်။

ထိုအယူအဆရှိနေသူများမှာ ရဲဘော်ဂိုရှယ်၊ ရဲဘော် နာ့တ်၊ ကိုဗဟိန်း၊ သခင်ထွန်းရွှေ၊ သခင်ချစ်တို့ လူစု ဖြစ်သည်။

တတိယအယူအဆမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး အလို့ငှာ တစ်ကမ္ဘာလုံးရှိ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ရေးကို ဖျက်ဆီးနေသော ဖက်ဆစ်ဝါဒကို အဓိကထား

တိုက်ရမည်။ ဖက်ဆစ်ဝါဒသည် အဓိကရန်သူ ဖြစ် သည်။ ဖက်ဆစ်ဝါဒအောက်တွင် လွတ်လပ်ရေးမရနိုင်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းသို့ ဂျပန်ဖက်ဆစ်များ

ဝင်ရောက်မလာနိုင်အောင် ခုခံတိုက်ခိုက်ရမည်။ ဤသို့ ဂျပန်ဖက်ဆစ်ဝါဒကို ခုခံရာတွင် အင်္ဂလိပ်နယ်ချဲ့ သမားနှင့်ပင်ဖြစ်စေ ယာယီအားဖြင့် မဟာမိတ်ဖွဲ့ရ မည်။

နားလည်မှုရအောင် လုပ်ရမည်ဟူ၍ ဖြစ်သည်။ ထိုအယူအဆရှိသူများမှာ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ကျော်စိန်၊ သခင်ဗိုလ်နှင့် သခင်တင်မောင်ကြီး တို့

ဖြစ်သည်။

သခင်အောင်ဆန်းမှာမူ ဗြိတိသျှတို့အား လက်နက် ကိုင်တော်လှန်ရေးအတွက် ပြည်ပအကူအညီတစ်ခုခု ယူရမည်ဟု နားလည်ထားရာ အထူးသဖြင့် တရုတ်

ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရရှိရန် ကြိုးပမ်း ခဲ့သည်။ ထိုအချိန်မှာပင် ဗြိတိသျှအစိုးရသည် လွတ်လပ်ရေးတရား ဟောပြောသည့် သခင်များကို

ဖမ်းဆီးအကျဉ်းချထားလေရာ သခင်နု၊ သခင် သန်းထွန်း၊ သခင်စိုး၊ သခင်ကျော်စိန်၊ သခင်လေးမောင် စသော မြန်မာမျိုးချစ်များအပြင် ရဲဘော်ဂိုရှယ်၊ ရဲဘော်နာ့တ်

စသော ကုလားရဲဘော်များလည်း ထောင်ကျကုန်၏။ သခင်အောင်ဆန်းမှာမူ ဟင်္သာတ ရာဇဝတ်ဝန် မစ္စတာဇေးဗီးယား(Zavier)က ဆုငွေ ငါးကျပ်ထုတ်ပြီးနောက်

၁၉၄ဝ ပြည့်နှစ်၊ ဇွန်လ ၅ ရက်မှစ၍ မြေအောက်သို့ ပုန်းလျှိုးကွယ်ပျောက် ခဲ့သည်။

သခင်အောင်ဆန်းနှင့်ကွန်မြူနစ်များကွဲကွာသွားခြင်း[ပြင်​ဆင်​ရန်​]

သခင်အောင်ဆန်းသည် ဗြိတိသျှတို့က ကာကွယ် ရေးဥပဒေဖြင့် ဖမ်းဆီးရန်ကြံသည်ကိုမခံဘဲ မြေအောက် တွင် လှုပ်ရှားနေရာမှ သခင်လူငယ်များကို စည်းရုံး၍

ပြည်သူ့အရေးတော်ပုံပါတီ(The People's Revolutionary Party)ကို ဖွဲ့စည်းလိုက်သည်။ ပြည်သူ့ အရေးတော်ပုံပါတီ၏ ရည်ရွယ်ချက်မှာ နိုင်ငံခြား

အကူအညီကိုရယူ၍ လက်နက်များကိုင်စွဲကာ ဗြိတိသျှ တို့အား တော်လှန်တိုက်ခိုက်ရေးပင် ဖြစ်သည်။ ထို အချိန်တွင် မြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းလျက်ရှိ

သောအဖွဲ့မှာ တို့ဗမာအစည်းအရုံးနှင့် ဗမာ့ထွက်ရပ် ဂိုဏ်းတို့ရှိနေရာ ပြည်သူ့အရေးတော်ပုံပါတီသည် လျှို့ဝှက်မြေအောက်အဖွဲ့အစည်း ဖြစ်သည်။ ကွန်မြူနစ်

ပါတီသည်လည်း မြေအောက်အဖွဲ့အစည်းတစ်ခုပင် ဖြစ်သော်လည်း ပါတီတစ်ရပ်၊ အဖွဲ့အစည်းတစ်ရပ် အနေဖြင့် ထိရောက်စွာ လှုပ်ရှားစည်းရုံးနိုင်ခြင်း မရှိ သေးပေ။

ထောင်တွင်း ထောင်ပြင်မှ ကွန်မြူနစ် ခေါင်းဆောင်များသည် ပါတီကြီးထွားရေးအတွက် စည်းရုံးသိမ်းသွင်းရဆဲ ဖြစ်သည်။

ကွန်မြူနစ်များ၏အယူအဆမှာ ဂျပန်ကို ဦးစား ပေးရန်သူအဖြစ် သတ်မှတ်၍ အင်္ဂလိပ်နှင့်ပူးပေါင်းရန် သို့မဟုတ် ရန်သူနှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း

တိုက်ခိုက်ရန်ဖြစ်သည်။ အင်္ဂလိပ်နှင့် ဂျပန် နှစ်မျိုး စလုံးကို ရန်သူအဖြစ် သဘောထားတိုက်ရန် ယူဆကြ သည့် ဂိုရှယ်တို့လူစုသည် လက်တွေ့သဘောတွင် မဖြစ်

နိုင်သောကြောင့် အင်္ဂလိပ်ကို မဟာမိတ်ဖွဲ့၍ ဂျပန်ကို တိုက်ရန် အယူအဆဘက်သို့ ကူးပြောင်းသွားသည်။ ထို့ကြောင့် သခင်စိုး၊ သခင်သန်းထွန်း၊ ဂိုရှယ်တို့လူစု သည်

အယူအဆတူညီပြီး တစည်းတလုံးတည်းဖြစ်သွား သည်။

ကွန်မြူနစ်ဝါဒကို လက်ခံသော ခေါင်းဆောင် များမှာ ထောင်ထဲရောက်သူရောက်ပြီး ထောင်ပြင်တွင် ရှိသူက ရှိသည်။ အထွေထွေအတွင်းရေးမှူးဖြစ်သူ

သခင်အောင်ဆန်းမှာ ပြည်ပသို့ ရောက်သွားသည်။ ထို့ကြောင့် မြေအောက်ပါတီ ကလာပ်စည်းပါတီဝင် များမှာ တကွဲတပြားစီ ဖြစ်ကုန်သည်။ အယူအဆ

ရေးရာတွင်လည်း ကွဲပြားခြားနားလာသည်။ သခင်စိုး နှင့် သခင်သန်းထွန်းတို့လူစုသည် ထောင်ထဲမှာပင် ကွန်မြူနစ်သင်တန်းများကိုပေးရာ ထောင်ကျနေသော

သခင်တော်တော်များများ ကွန်မြူနစ်များ ဖြစ်ကုန် ကြသည်။

သခင်အောင်ဆန်းမှာမူ ပြည်ပသို့ ထွက်ခွာသွား သည့်အချိန်မှစ၍ ကွန်မြူနစ်များနှင့် ကွဲကွာသွားပြီ ဟု ဆိုနိုင်သည်။ လွတ်လပ်ရေးအတွက် ပူးပေါင်း

ဆောင်ရွက်မှုအချို့ ရှိခဲ့သည်မှန်သော်လည်း သခင် အောင်ဆန်းသည် ကွန်မြူနစ်ပါတီ၏အရေးတွင် ပါဝင် ပတ်သက်ခြင်း မရှိတော့ပေ။

သခင်စိုး၏ မြင်းခြံစစ်တမ်း[ပြင်​ဆင်​ရန်​]

ထောင်တွင်း နိုင်ငံရေးသင်တန်းများ[ပြင်​ဆင်​ရန်​]

ဟစ်တလာ၏ နာဇီတပ်များသည် ဥရောပတိုက် တစ်တိုက်လုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးသည့်နောက် ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင်

ဆိုဗီယက်ယူနီယံ အား စတင်တိုက်ခိုက်တော့သည်။ ဂျာမနီနိုင်ငံ၏ ဝင်ရိုးတန်းမဟာမိတ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသည် လည်း ၁၉၄၁ ခုနှစ်၊

ဒီဇင်ဘာလ ၇ ရက်တွင် ပုလဲ ဆိပ်ကမ်းရှိ အမေရိကန်ရေတပ်ကို ဗုံးကြဲတိုက်ခိုက်ခြင်း ဖြင့် ဒုတိယကမ္ဘာစစ်ကြီးထဲသို့ ပါဝင်လာသည်။ ထို အချိန်တွင်

မြန်မာ့နိုင်ငံရေးခေါင်းဆောင်များသည် ဗြိတိသျှနယ်ချဲ့အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုကြောင့် လည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကို လျှို့ဝှက်

လုပ်ဆောင်ရသောကြောင့်လည်းကောင်း အားလုံး စုစုစည်းစည်းမရှိဘဲ တကွဲတပြားစီ ဖြစ်နေကြရသည်။

သခင်အောင်ဆန်းသည် ပုဒ်မ ၁၂၄(က)အရ ဝရမ်းအထုတ်ခံရသောကြောင့် လျှို့ဝှက်စွာ ပုန်းအောင်း နေရာမှ ပြည်သူ့အရေးတော်ပုံပါတီ

(The People's Revolutionary Party)

ကို ဖွဲ့စည်းခဲ့သည်။ သခင် အောင်ဆန်းသည် ကိုဗဟိန်း၊ ရဲဘော်ဂိုရှယ်၊ သခင် လှဖေ(ဗိုလ်လက်ျာ)တို့၏ အကြံပေးချက်အရ

တရုတ် ကွန်မြူနစ်များနှင့် အဆက်အသွယ်ရရန် ကြိုးပမ်းခဲ့ သည်။ သခင်ဗိုလ်သည် ရန်ကုန်ရောက် တရုတ် ကွန်မြူနစ်များနှင့် အဆက်အသွယ်ရှိသဖြင့်

သခင် အောင်ဆန်းကို တရုတ်ပြည်ရောက်ရန် ကူညီသည်။ သခင်အောင်ဆန်းသည် ကွန်မြူနစ်သင်တန်းဆင်း တစ်ဦးဖြစ်သူ သခင်လှမြိုင်

(ဗိုလ်ရန်အောင်)ကို အဖော် ခေါ်၍ ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်မှစတင်၍ ခရီးထွက်ခွာရာ ဟောင်ကောင်မှတစ်ဆင့် အမွိုင်သို့ ရောက်ရှိသွားသည်။

သို့သော် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်သည် တရုတ်ကွန်မြူနစ်များနှင့် အဆက် အသွယ်မရဘဲ တရုတ်ပြည်တွင်းရှိ ဂျပန်သိမ်းပိုက်ထား

သောဒေသမှတစ်ဆင့် ဂျပန်များနှင့် အဆက်အသွယ် ရသွားတော့သည်။

ထိုအချိန်တွင် သခင်စိုး၊ သခင်နု စသော ခေါင်းဆောင်များကို ဗြိတိသျှအစိုးရက ဖမ်းဆီးပြီး ထောင်ချထားသည်။ ပထမဆုံး ကွန်မြူနစ်ကလာပ်

စည်းဝင်ခေါင်းဆောင်ဆို၍ ထောင်ပြင်တွင် ကိုဗဟိန်း နှင့် သခင်လှဖေသာ ကျန်သည်။ ထို့ကြောင့် မြန်မာ ပြည်တွင်းတွင်

ကွန်မြူနစ်စည်းရုံးရေးလုပ်ငန်းမှာ ကျယ်ပြန့်လာခြင်း မရှိနိုင်ပေ။ သခင်စိုး၊ သခင်နုနှင့် နိုင်ငံရေးခေါင်းဆောင်များကို အစိုးရက သာယာဝတီ

ထောင်တွင် ချုပ်နှောင်ထားရာမှ အင်းစိန်ထောင်သို့ ပို့လိုက်သည်။ ဂိုရှယ်နှင့် ကုလားရဲဘော်များသည်လည်း အင်းစိန်ထောင်ထဲသို့ ရောက်လာသည်။

သခင်စိုးနှင့် သခင်သန်းထွန်းသည် ထောင်ထဲတွင် စုဝေးမိကြသော မျိုးချစ်လူငယ်များကို နိုင်ငံရေး သင်တန်းများပေးသည်။ သခင်သန်းထွန်းက

စတာလင် ရေးသော 'ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ(ဗော်လ်ရှီ ဗစ်)၏သမိုင်း'စာအုပ်ကို လက်ကိုင်ထား၍ မြန်မာပြည် ၏သမိုင်းနှင့်

နှိုင်းယှဉ်သင်ကြားပေးသည်။ သခင်စိုးက လီနင်ရေးသားသည့် 'ဆိုရှယ်လစ်ဒီမိုကရေစီ နည်း ပရိယာယ်နှစ်သွယ်'အမည်ရှိ စာအုပ်ကို ကိုင်စွဲ၍ ပို့ချသည်။

နိုင်ငံရေးသင်တန်းမှာ ထောင်ထဲတွင် လျှို့ဝှက်စွာပို့ချသော သင်တန်းဖြစ်သော်လည်း လူစုမိ နေသောကြောင့် အောင်မြင်မှုရှိသည်ဟု ဆိုရမည်။

သခင်လေးမောင်နှင့် သခင်နုက မြန်မာပြည်နိုင်ငံရေး သမိုင်း၊ အလုပ်သမားလှုပ်ရှားမှုသမိုင်းသက်သက်တို့ကို ဟောပြောပို့ချသည်။ တစ်ခါတစ်ရံ

သခင်နုသည် လိင်ပညာနှင့် ကျန်းမာရေး၊ လူမှုရေးပညာများကို ပို့ချသည်။

သခင်သန်းထွန်းသည် ဆိုဗီယက်ယူနီယံကွန်မြူနစ် ပါတီ(ဗော်လ်ရှီဗစ်)၏သမိုင်း စသည်ကို ထောင်ထဲမှာ ပင် တစ်လအတွင်း မြန်မာဘာသာသို့

ပြန်ဆိုခဲ့သည်။ ယင်းစာအုပ်မှာ မော်စကို နိုင်ငံခြားစာပေဖြန့်ချိရေး ဌာနက ရိုက်နှိပ်ဖြန့်ချိခြင်းဖြစ်ပြီး မြန်မာပြည်သို့ နှစ်အုပ်တည်းသာ

ရောက်လာခဲ့သည်ဟု ဆိုသည်။ ထို့နောက် သခင်သန်းထွန်းသည် အဂင်္လန်နိုင်ငံမှ ဆစ်ဒနီတက်လင်မယား ရေးသားသည့် ဆိုဗီယက်

ယူနီယံကွန်မြူနစ်ဝါဒစာအုပ်ကို အချိန်သုံးလယူ၍ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ သခင်စိုးက လီနင် ၏ဇနီး ကရပ်စ်ကာယာ ရေးသားသော

လီနင်အား အမှတ်တရဟူသည့်စာအုပ်တစ်အုပ်ကို ဘာသာပြန်ဆို သည်။ ယင်းစာအုပ်ကို နဂါးနီစာအုပ်အသင်းက ကျွန်မ ချစ်လင်အမည်ဖြင့်

စာအုပ်ထုတ်ဝေခဲ့သည်။ သို့သော် ပထမပိုင်းသာ ထုတ်ဝေခဲ့သည်။

ထောင်တွင်းသင်တန်းများမှာ စနစ်တကျမဟုတ် သည့်တိုင် ထောင်ကျနေသော သခင်အတော်များများ အား မာ့ခ်စ်ဝါဒီများအဖြစ်သို့ ရောက်စေခဲ့သည်။

သင်တန်းတွင် ပို့ချသောဘာသာရပ်များမှာ မာ့ခ်စ် လီနင်ဝါဒ၊ ကွန်မြူနစ်စာပေဝါဒ သဘောတရားများ နှင့် ရှေ့လုပ်ငန်းစဉ်များ ဖြစ်သည်။

ထောင်အမှုထမ်း များ၏ ဖိနှိပ်ချုပ်ချယ်မှုကြောင့် နိုင်ငံရေးသင်တန်းများ ကို အင်္ဂလိပ်စာသင်တန်းအမည်ခံ၍ ဖွင့်လှစ်ခဲ့ရသည်။ အင်္ဂလိပ်စာနှင့်

အင်္ဂလိပ်စကားပြောကိုလည်း အမှန် တကယ်ပင် သင်ကြားလေ့ကျင့်ပေးကြသည်။ သခင် ခေါင်းဆောင်များသည် ထောင်တွင်း၌ အာဏာဖီဆန်

ရေးလုပ်ငန်းများ ဆောင်ရွက်သဖြင့် မကြာခဏ တိုက် ပိတ်ခံခဲ့ကြရသည်။ သခင်များသည် နိုင်ငံရေးဆွေးနွေး ပွဲများကိုလည်း လျှို့ဝှက်စွာ

ကျင်းပကြသည်။ သခင် ဗစိန်ဦးဆောင်သော တို့ဗမာအစည်းအရုံးဝင် တစ်စု နှင့် သခင်စိုးတို့လူစုသည် ထောင်တွင်းမှာပင် မကြာ ခဏ

ငြင်းခုံရန်ဖြစ်နေခဲ့ကြသည်။

သခင်စိုးသည် ထောင်တွင်းမှာပင် မြေအောက် ကွန်မြူနစ်ပါတီဝင်များကို စုဆောင်းလက်ခံခဲ့ရာ သခင်တင်မြကဲ့သို့သော လူငယ်နိုင်ငံရေးသမားအချို့

ကွန်မြူနစ်များ ဖြစ်လာကြသည်။

ဘီအိုင်အေနှင့် ဂျပန်တပ်များ ဝင်ရောက်လာခြင်း[ပြင်​ဆင်​ရန်​]

ဂျပန်တို့သည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၂ တွင် ဟာဝေယံကျွန်း ပုလဲဆိပ်ကမ်းရှိ အမေရိကန် ရေတပ်စခန်းကို အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်ပြီး

နောက် အမေရိကန်နှင့် အင်္ဂလိပ်မဟာမိတ်တို့အား စစ်ကြေညာလိုက်သည်။ ဂျပန်တပ်များသည် အာရှ စစ်မျက်နှာနှင့် ပစိဖိတ်စစ်မျက်နှာကို

တစ်ပြိုင်နက် တည်း ဖွင့်လှစ်ပြီး အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်တော့သည်။ ထိုအချိန်က ပြင်သစ်ပြည်ပိုင် အင်ဒိုချိုင်းနား (ဗီယက်နမ်၊

ကမ်ပူးချား၊ လော)တွင် အုပ်စိုးလျက်ရှိသော ပြင်သစ်အစိုးရမှာ နာဇီဂျာမနီ တို့၏ လက်အောက်ခံ ရုပ်သေးအစိုးရသာ ဖြစ်သည်။ ဂျပန်နှင့်

ဂျာမနီနိုင်ငံတို့သည် ၁၉၄ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် ချုပ်ဆိုသော ဘာလင် စာချုပ်အရ ဝင်ရိုးတန်းမဟာမိတ်နိုင်ငံများဖြစ်ရာ

ဂျာမနီလက်အောက်ခံ ပြင်သစ်ရုပ်သေးအစိုးရအုပ်ချုပ် နေသော အင်ဒိုချိုင်းနားကျွန်းဆွယ်အတွင်းသို့ ဂျပန် တပ်များ လွယ်ကူစွာ ဝင်လာနိုင်ကြသည်။

ထိုင်းနိုင်ငံ သည်လည်း ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ဂျပန်တပ်များကို ထိုင်းနယ်မြေအတွင်း ဖြတ်သန်းခွင့် ပေးရပြီး ဒီဇင်ဘာလ ၂၁ ရက်တွင်

လွယ်ကူစွာပင် ဝင်ရောက်လာနိုင်ခဲ့သည်။

ထိုအချိန်က အင်္ဂလိပ်၏ ပထမခံစစ်စည်းမှာ စင်ကာပူဖြစ်ပြီး ဒုတိယခံစစ်စည်းမှာ မြန်မာပြည်ဖြစ် သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်

သည်လည်း ဂျပန်တပ်များနှင့်အတူ ဗန်ကောက်မြို့သို့ ရောက်ရှိလာပြီး တပ်သားသစ်များစုဆောင်းကာ အပြင်းအထန်

သင်တန်းပေးလေ့ကျင့်နေကြရသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာပင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်သည် ဗမာ့

လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကို ဗန်ကောက် မြို့၌ ဖွဲ့စည်းလိုက်ကြသည်။ ဂျပန်တပ်များသည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင်

ရန်ကုန်မြို့ ကြီးကို ဗုံးကြဲတိုက်ခိုက်တော့သည်။ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် အင်္ဂလိပ်တို့၏ ပထမ ခံစစ်စည်းဖြစ်သော စင်ကာပူခံတပ်ကြီး

ဂျပန်လက်သို့ ကျရောက်သွားပြီး ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဂျပန်လေယာဉ်ပျံများက မန္တလေးမြို့ကို စတင်ဗုံးကြဲတော့သည်။

ဂျပန်များက မြန်မာနိုင်ငံကို သိမ်းပိုက်ရန် တာစူ နေပြီး မော်လမြိုင်ကို သိမ်းပိုက်ရရှိပါက မြန်မာနိုင်ငံ ၏လွတ်လပ်ရေးကို ကြေညာရန်

ရဲဘော်သုံးကျိပ် နှင့် သဘောတူထားကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဗန်ကောက်မှ ရဟိုင်းသို့ တပ်ပြောင်း ရွှေ့လိုက်သည်။

ဂျပန်တပ်များနှင့်အတူ မြန်မာပြည် တွင်းသို့ ဘီအိုင်အေတပ်မတော်ကြီးတွင် ဗိုလ်မှူးကြီး နေဝင်း(သခင်ရှုမောင်)နှင့် အဖွဲ့တစ်ဖွဲ့သည် လျှို့ဝှက် စွာ

ကြိုတင်ဝင်ရောက်ပြီး အင်္ဂလိပ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်ရန် ကြံရွယ်ထားသည်။ ဗိုလ်မှူးကြီးနေဝင်း ၏တပ်ဖွဲ့ကို အတွင်းသူပုန်တပ်ဖွဲ့ဟု

ခေါ်သည်။ ဂျပန် တပ်များနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်တို့သည် ဝိတိုရိယအငူနှင့် ထားဝယ်ဘက်မှ စစ်ကြောင်း တစ်ကြောင်း၊

ရဟိုင်းမှတစ်ဆင့် မြဝတီ၊ မော်လမြိုင် ဘက်သို့ စစ်ကြောင်းတစ်ကြောင်း ခွဲ၍ မြန်မာပြည် တွင်းသို့ ဝင်လာသည်။ မော်လမြိုင်စစ်ကြောင်းနှင့်အတူ

ဘီအိုင်အေဌာနချုပ် ပါဝင်လာပြီး ရေကြောင်းချီ စစ်ကြောင်းသည်လည်း ရေကြောင်းခရီးဖြင့် ချီတက် လာသည်။

ဗိုလ်မှူးကြီးနေဝင်းခေါင်းဆောင်ပြီး ဗိုလ်တာရာ၊ ဗိုလ်မိုးညို၊ ဗိုလ်လင်းယုန် စသော ဗမာ့လွတ်လပ်ရေး တပ်မတော်သားများပါဝင်သည့်

အတွင်းသူပုန်တပ်ဖွဲ့ သည် သောင်ရင်းမြစ်ကို ဖြတ်ကူး၍ မြန်မာပြည်တွင်း သို့ လျှို့ဝှက်စွာ ဝင်ရောက်လာသည်။ အတွင်းသူပုန် တပ်ဖွဲ့သည်

ရွှေဂွန်းနယ်မှတစ်ဆင့် အင်္ဂလိပ်တို့ သိမ်းပိုက်ထားဆဲဖြစ်သော စစ်တောင်း-မုတ္တမရထား လမ်းပေါ်ရှိ ကျိုက္ကော်-သိမ်ဆိပ်သို့ ရောက်သွားသည်။ ထို့နောက်

ဗိုလ်မှူးကြီးနေဝင်းက ရန်ကုန်မှ ကွပ်ကဲ ဆက်သွယ်ရန်၊ ဗိုလ်တာရာက တောင်ငူ၊ ပျဉ်းမနားနှင့် မန္တလေးအထိ ခရိုင်ခေါင်းဆောင်များနှင့် ဆက်သွယ်

စည်းရုံးရန်၊ ဗိုလ်မိုးညိုနှင့် ဗိုလ်လင်းယုန်တို့က ပဲခူး နှင့် ပြည်ဘက်တွင် တာဝန်ယူရန် ဆုံးဖြတ်ပြီး လူစုခွဲ လိုက်ကြသည်။

အတွင်းသူပုန်တပ်ဖွဲ့ဝင်များသည် တို့ဗမာအစည်းအရုံးဝင်သခင်များ၊ မျိုးချစ်ပုဂ္ဂိုလ်များ အား စည်းရုံး၍ အင်္ဂလိပ်ဆုတ်ခွာသွားသည့် မြို့ရွာများ တွင်

အုပ်ချုပ်ရေးအာဏာ သိမ်းပိုက်ထားခြင်း၊ ဘီအိုင်အေတပ်မတော်အတွက် ကြိုတင်၍ တပ်သား သစ်များစုဆောင်းထားခြင်း၊ ဆုတ်ခွာနေသော အင်္ဂလိပ်

တပ်များအား ပြောက်ကျားနည်းဖြင့် အနှောင့်အယှက် ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ရောက်လေရာ အရပ်တွင်လည်း သူပုန်တပ်ဖွဲ့များကို

အမြန်ဆုံးဖွဲ့စည်း နိုင်ခဲ့ကြလေသည်။

မြင်းခြံစစ်တမ်း[ပြင်​ဆင်​ရန်​]

ဂျပန်တပ်များနှင့် ဘီအိုင်အေတပ်များ မြန်မာ ပြည်အတွင်းသို့ တစ်စတစ်စ ချင်းနင်းဝင်ရောက်လာ သောအခါ ဗြိတိသျှအစိုးရသည် ယင်းတို့၏ အုပ်ချုပ်

ရေးယန္တရားများကို မြောက်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းရတော့သည်။ ထောင်ထဲရောက်နေကြသည့် မျိုးချစ်ခေါင်းဆောင်များကိုလည်း

လွှတ်မပေးရဲသဖြင့် ထောင်တစ်ခုပြီးတစ်ခု ပြောင်းရွှေ့၍ ချုပ်နှောင် နေကြရသည်။ သို့နှင့် သခင်စိုး၊ သခင်နု စသော ခေါင်းဆောင်များသည်

မြင်းခြံထောင်သို့ ရောက်သွား သည်။ အချို့မှာ မန္တလေးထောင်သို့ ရောက်သွားသည်။

သခင်စိုးသည် ဖက်ဆစ်ဂျပန်ကို နံပါတ်တစ် ဦးစားပေးရန်သူအဖြစ် သတ်မှတ်ပြီး အဂင်္လိပ်၊ အမေရိကန်များနှင့် ပူးပေါင်း၍ တိုက်ခိုက်ရမည်ဟု စွဲမြဲစွာ

ယူဆထားသူ ဖြစ်သည်။ ဒုတိယကမ္ဘာစစ် အခြေအနေတွင်လည်း ကမ္ဘာ့အဓိက ကွန်မြူနစ် အင်အားစုကြီးဖြစ်သော ဆိုဗီယက်ယူနီယံသည် အင်္ဂလိပ်-

အမေရိကန်ဟူသော အရင်းရှင်နယ်ချဲ့များ နှင့် မဟာမိတ်ဖွဲ့၍ နာဇီဂျာမနီနိုင်ငံကို တိုက်ခိုက်နေ ရသည်။ တရုတ်ကွန်မြူနစ်များသည်ပင် ချန်ကေရှိတ် ၏

ကူမင်တန်အစိုးရနှင့် ယာယီပူးပေါင်း၍ ဖက်ဆစ် ဂျပန်တို့၏ နယ်ချဲ့ကျူးကျော်မှုကို ခုခံတိုက်ခိုက်နေရ သည်။ အိန္ဒိယကွန်မြူနစ်ပါတီသည်လည်း

ဤအယူ အဆကို ထောက်ခံလျက်ရှိသည်။ ထို့ကြောင့် သခင်စိုး သည် ဖက်ဆစ်ဂျပန်နှင့် ပူးပေါင်း၍ အင်္ဂလိပ်အစိုးရ ကို တိုက်ခိုက်သည့်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘီအိုင်အေ တပ်မတော်ကို ဖက်ဆစ်ဝါဒီများ၊ ဖက်ဆစ်ကို ပင့်ဖိတ် လာသူများဟု မြင်လာတော့သည်။

ကွန်မြူနစ်တစ်ဦးဖြစ်သူ သိန်းဖေ(သိန်းဖေမြင့်)က တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ စာအုပ်တွင် သခင်စိုး၏အယူအဆကို အောက်ပါ

အတိုင်း ဖော်ပြထားပါသည် -

'ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းကို စည်းရုံးရာ၌ တည်ထောင်သူတစ်ဦးဖြစ်သော သခင်စိုးသည် မဟာမိတ်နှင့်ပူးပေါင်းပြီး ဖက်ဆစ်ကို အဓိကထား

တိုက်ရန် စိတ်အားထက်သန်လွန်းသဖြင့် ဂျပန်နှင့် မှားယွင်းစွာ ပူးပေါင်းမိသော ဘီအိုင်အေနှင့် အခြား မျိုးချစ်များ၏

အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးဆန္ဒကို မေ့သွားကာ ဖက်ဆစ် ပဉ္စမံတပ်သားများဟုပင် ခေါ် လိုက်သေး၏။ ဤသို့ တရားသေအမြင်ဖြင့် သတ်မှတ်

လိုက်ခြင်းသည် မျိုးချစ်အင်အားစုကို သိမ်းသွင်းရာ၌ အခက်အခဲဖြစ်စေခဲ့သေးသည်။ ဂိုဏ်းဂဏဝါဒသို့ ရောက်စေခဲ့သေးသည်။ ဤအမှား၏

ရေသောက်မြစ် မှာ အင်္ဂလိပ်နယ်ချဲ့ရန်သူကို ဖော့တွက်ခြင်းကြောင့် ဖြစ်ပေသည်။'

သခင်စိုးသည် ယင်း၏အယူအဆကို အခြေခံ၍ မြင်းခြံထောင်ထဲမှာပင် မြင်းခြံစစ်တမ်းကို ရေးသား ပြုစုသည်။ မြင်းခြံစစ်တမ်း၏ ဆိုလိုရင်းအချက်မှာ

ဒီမိုကရေစီအင်အားစုများ နှင့် ပူးပေါင်း၍ နယ်ချဲ့ စနစ်၏အမြင့်ဆုံးဖြစ်သော ဖက်ဆစ်ရန်သူများကို ခုခံတိုက်ခိုက်ရေးပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့

နိုင်ငံရေးအင်အားစုများသည် အင်္ဂလိပ်အစိုးရနှင့် ပူးပေါင်း၍ ဂျပန်ကို တိုက်ရမည်ဖြစ်သည်။ သခင်စိုး၏ မြင်းခြံစစ်တမ်းကို ထောင်ကျနေသော

သခင်အတော် များများနှင့် ကွန်မြူနစ်များက လက်ခံကြသည်။ သခင် စိုးနှင့် တောတွင်းအင်အားစုများသည် ဘုရင်ခံ ဆာ ဒေါ်မန်စမစ်ထံသို့

မြင်းခြံစစ်တမ်းကိုပေးပို့ပြီး ထောင်မှ လွှတ်ပေးလျှင် ဂျပန်များအား ခုခံတိုက်ခိုက်ပါမည် ဖြစ်ကြောင်း စာတစ်စောင် ရေးသားခဲ့ကြသည်။

သို့သော် နယ်ချဲ့အစိုးရသည် သခင်စိုးနှင့် ထောင် တွင်းမှ နိုင်ငံရေးသမားများကို အယုံအကြည်မရှိခဲ့ပေ။ ထို့ကြောင့် သခင်စိုးတို့လူစုအား

ထောင်မှလွှတ်မပေး ဘဲ ချုပ်နှောင်မြဲ ချုပ်နှောင်ထားခဲ့ကြသည်။ သခင်စိုး တို့လူစုသည် အင်္ဂလိပ်အစိုးရ၏ ထောက်ခံမှုမရရှိသော အခါ ချန်ကေရှိတ်၏

ကူမင်တန်အစိုးရနှင့် ဆက်သွယ် ရန် ကြိုးစားကြပြန်သည်။ ဗြိတိသျှအစိုးရသည် နိုင်ငံရေးအကျဉ်းသား ၃ဝဝ ခန့်ကို မန္တလေးထောင် ထဲတွင်

ရွှေ့ပြောင်းချုပ်နှောင်ထားသည်။ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက် မန္တလေးမြို့ကို ဂျပန်က ဗုံးကြဲ သောအခါ မြို့သူမြို့သားများနှင့် အမှုထမ်း၊

အရာထမ်း များ ထွက်ပြေးကုန်ပြီး အုပ်ချုပ်ရေးမှာ ပျက်ပြားသွား သည်။ အောက်မြန်မာပြည်မှာ ဂျပန်တပ်များ၏ လက်အောက်ကို

ကျရောက်နေပြီဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် ဂျပန်လေတပ် မန္တလေးမြို့ အား လေကြောင်းမှ ထပ်မံတိုက်ခိုက်ပြန်သည်။ ဧပြီလ

တတိယပတ်တွင် နိုင်ငံရေး အကျဉ်းသား ၃ဝဝ ကို ချန်လှပ်၍ သာမန်အကျဉ်းသားများကို ထောင်မှ လွှတ် ပေးလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများမှာမူ မန္တလေးထောင်မှူးကြီးကို ငွေတစ်သောင်းကျပ်ပေးရန် သဘောတူပြီး ဧပြီလ ၂၈ ရက်တွင် ထောင်မှလွတ်လာ ကြသည်။

သခင်စိုး၊ သခင်နုနှင့် ကိုဗဟိန်းတို့သည် ထောင်မှ မလွတ်ခင်တွင် ချန်ကေရှိတ်၏ ကူမင်တန်တပ်မှ ဂျင်နရယ်ပီအက်(စ်)ဝမ် ဆိုသူနှင့် အဆက်အသွယ်

ရခဲ့ကြသည်။ ပီအက်(စ်)ဝမ်မှာ သခင်နု တရုတ်ပြည် သွားခဲ့စဉ်က သိကျွမ်းခဲ့သူဖြစ်ပြီး ချန်ကေရှိတ်၏ ကိုယ်ရေးအရာရှိ ဖြစ်သည်။ ပီအက်(စ်)

ဝမ်သည် ဒီးဒုတ်ဦးဘချို၏ညွှန်ပြမှုဖြင့် မန္တလေးထောင်ထဲ ရောက်လာပြီး သခင်စိုး၊ သခင်နုနှင့် သခင်ကျော်စိန် တို့ကို တွေ့ဆုံသည်။ သခင်စိုးတို့က

တရုတ်ပြည်သို့ လိုက်ပါလိုကြောင်း ပြောကြားသဖြင့် သခင်စိုး၊ သခင်နု၊ သခင်ကျော်စိန်တို့ကို ထောင်မှ ထုတ်ယူသွားခဲ့သည်။ သို့သော် လားရှိုးကို

ဂျပန်တပ်များက သိမ်းပိုက်လိုက် သဖြင့် ပီအက်(စ်)ဝမ်သည် ရှေ့သို့ ဆက်လက်မသွား နိုင်ဘဲ မေမြို့တောင်ခြေမှ လှည့်ပြန်လာခဲ့ရသည်။ ပီအက်(စ်)

ဝမ်သည် သခင်စိုးတို့လူစုကိုမူ ထောင်ထဲ တွင် ပြန်လည်ချုပ်နှောင်ထားပစ်ခဲ့သည်။

သခင်စိုး၊ သခင်ကျော်စိန်၊ တက်ဘုန်းကြီးသိန်းဖေ နှင့် သခင်မြသွင်တို့လူစုသည် မန္တလေးထောင်မှ လွတ် လာသောအခါ တရုတ်ပြည်သွားရေးကို

ဆက်လက် ကြိုးပမ်းကြပြန်သည်။ သခင်စိုးတို့လေးဦးသည် ကပိုင် ရွာမှတစ်ဆင့် ရွှေဘိုသို့ လျှို့ဝှက်စွာ ခရီးထွက်ခဲ့သည်။ ရွှေဘိုသို့ရောက်သောအခါ

တရုတ်စစ်သားများ၏ ဖမ်းဆီးခြင်းကိုခံရရာ ဒီးဒုတ်ဦးဘချိုကူညီမှ ပြန်လည် လွတ်မြောက်လာကြသည်။ သခင်စိုးက ရွှေဘိုမှာပင် နေခဲ့ပြီး

သခင်ကျော်စိန်၊ ကိုသိန်းဖေနှင့် သခင်မြသွင် တို့ သုံးယောက်မှာမူ ရေဦးအထိ လိုက်သွားကြသည်။ သို့သော် တရုတ်စစ်သားများ၏ စည်းကမ်းပျက်မှု၊

ထိရောက်သောအကူအညီမရရှိမှုများကြောင့် တရုတ် ပြည်သို့ သွားရောက် အကူအညီတောင်းခံရေးကို လက်လျှော့လိုက်တော့သည်။

သခင်စိုးသည် တရုတ်များထံ အကူအညီတောင်း ရေးမအောင်မြင်သောအခါ ဖက်ဆစ်ဆန့်ကျင်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်းတို့

လူစုနှင့် အဆက်အသွယ်လုပ်ခဲ့သည်။ ထို့နောက် အိန္ဒိယသွားရေးကို စီစဉ်ပြန်သည်။ သို့သော် မြန်မာ့ နိုင်ငံရေးခေါင်းဆောင်များက သခင်စိုးကိုယ်တိုင်

အိန္ဒိယသို့ သွားရောက်ရေးကို ဝိုင်းဝန်းကန့်ကွက်ကြ သောကြောင့် သခင်တင်ရွှေနှင့် တက်ဘုန်းကြီးသိန်းဖေ တို့နှစ်ဦးကိုသာ အိန္ဒိယသို့ စေလွှတ်ရန်

ဆုံးဖြတ်လိုက် ကြသည်။

သခင်စိုး၏ မြင်းခြံစစ်တမ်းသည် လွတ်လပ်ရေး ကြိုးပမ်းရန်အတွက် နည်းလမ်းတစ်ခုဖြစ်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်

ပြည်သူ့အရေးတော်ပုံပါတီ၊ ဘီအိုင်အေတပ်မတော်တို့ လက်တွေ့ဆောင်ရွက်ခဲ့ သော လုပ်ငန်းစဉ်နှင့် ဆန့်ကျင်လျက်ရှိသည်။ လူငယ်

လူရွယ်အများအပြားသည် ဖက်ဆစ်ဂျပန်တို့ဝင်ရောက် လာသည်နှင့် ဖက်ဆစ်ဂျပန်များ၏ ယုတ်မာရိုင်းပျမှု၊ မောက်မာမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊

ရက်စက်ကြမ်းကြုတ်မှု များကို ချက်ချင်းလက်ငင်း ကြုံတွေ့ကြရသောအခါ သခင်စိုး၏ မြင်းခြံစစ်တမ်းကို ထောက်ခံလာကြသည်။ သခင်စိုး၏

ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုသည် သခင်စိုး၏ ခေါင်းဆောင်မှုကို မြင့်မားလာစေပြီး ကွန်မြူနစ်ပါတီဝင်အင်အားကို များစွာတိုးပွားလာစေ ခဲ့သည်။

ကရင်-ဗမာအဓိကရုဏ်း ပေါ်ပေါက်လာခြင်း[ပြင်​ဆင်​ရန်​]

ကရင်လူမျိုးများအပေါ် ဗြိတိသျှတို့၏ သွေးခွဲမှုများ[ပြင်​ဆင်​ရန်​]

ကရင်အနွယ်ဝင် တိုင်းရင်းသားလူမျိုးများ၏ မူလဇာစ်မြစ်မှာ မွန်လွိုက်မျိုးနွယ်ပင်ဖြစ်သည်။ ကရင် လူမျိုးများကို အချို့သမိုင်းဆရာများက တိုင်တရုတ်စု မှ

ဆင်းသက်လာသည်ဟု ယူဆကြပြီး အချို့ကမူ တိဗက်တိုဘားမင်း(တိဗက်မြန်မာ)စုမှ ဆင်းသက်လာ သည်ဟု ယူဆကြသည်။ တိုင်တရုတ်အုပ်စုသည် မြန်မာ နိုင်ငံသို့

နောက်ဆုံးရောက်ရှိလာကြသူများဖြစ်ပြီး အရှေ့ ဘက်တောင်တန်းများပေါ်တွင် စတင်နေထိုင်ကြသည်။ နှစ်ပေါင်းများစွာကြာသောအခါက ကရင်လူမျိုးများ

ပေါ်ပေါက်လာပြီး ဦးရေတိုးပွားလာသဖြင့် တောင်ဘက် မြေပြန့်သို့ ရွှေ့ပြောင်းလာကြသည်။ အများမှာ ကယားတောင်တန်းဒေသမှ တနင်္သာရီတောင်တန်း ဒေသအထိ

တောင်ပေါ်ဒေသများနှင့် မြစ်ဝကျွန်း ပေါ်ဒေသတို့တွင် အခြား မွန်၊ ဗမာစသောလူမျိုးများ နှင့် ရောနှောနေထိုင်ကြသည်။

မြေပြန့်ဒေသတွင်နေထိုင်ကြသော ကရင်အများစု မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ယဉ်ကျေးမှုဓလေ့ထုံးစံမှာ လည်း မွန်၊ ဗမာတို့နှင့် ကွဲပြားမှုမရှိခဲ့ပေ။ တောင်ပေါ်

ဒေသတွင်နေထိုင်ကြသော ကရင်များမှာမူ နတ်ကိုးကွယ် လေ့ရှိပြီး ယဉ်ကျေးမှုဓလေ့ထုံးစံမှာ အနည်းငယ်ကွဲပြား ကြသည်။ ကရင်လူမျိုးများ၏ အဓိကစီးပွားရေးမှာ

အခြားလူမျိုးများကဲ့သို့ပင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဖြစ်သည်။

သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်တွင် ကရင်များ သည် ဗမာများနှင့် သီးသန့်ခွဲခြား၍ ဖိနှိပ်ခံရခြင်းမျိုး များမရှိခဲ့ပေ။ ဩဇာအာဏာထက်မြက်ခဲ့သည့် မြန်မာ ဘုရင်၊

မွန်ဘုရင်များက ကရင်လူမျိုးများအား လူမျိုးရေး အရ ဖိနှိပ်ညှဉ်းဆဲမှုများလည်း မြန်မာ့သမိုင်းတွင် မရှိ ခဲ့ပေ။ ပဒေသရာဇ်ခေတ်ကာလအတွင်း ဗမာ၊ မွန်

တိုင်းရင်းသားများ ကြုံတွေ့ခဲ့ကြရသည့် ကောင်းကျိုး ဆိုးကျိုးများကို ကရင်များလည်း တန်းတူပင် ကြုံတွေ့ ခဲ့ကြရသည်။ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်၏ခါးသီး

သောအတွေ့အကြုံများကို ကရင်များအနေနှင့် အခြား လူမျိုးများထက် ထူးထူးခြားခြား ပိုမိုခံစားခဲ့ကြရခြင်း မရှိခဲ့ပေ။

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် အင်္ဂလိပ် တို့သည် ရခိုင်နှင့် တနင်္သာရီကို ပိုင်ဆိုင်ခွင့်ရသွားခဲ့ကြ သည်။ ထို့ကြောင့် အင်္ဂလိပ် နှင့် အမေရိကန်သာသနာပြု

ဆရာများသည် တနင်္သာရီ ရှိ ကရင်များနှင့်စတင်ထိတွေ့ ခွင့်ရလာကြသည်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲပြီး သောအခါတွင်ကား အောက်မြန်မာနိုင်ငံတစ်ခုလုံး

နယ်ချဲ့လက်အောက်ကျရောက်သွားသဖြင့် မျက်နှာဖြူ သာသနာပြုများသည် မြစ်ဝကျွန်းပေါ်ရှိ ကရင်များ နှင့်ပါ ထိတွေ့ခွင့်ရလာကြသည်။ မြေပြန့်ဒေသတွင်

ဗုဒ္ဓဘာသာ ကောင်းစွာထွန်းကားသောကြောင့် ခရစ်ယာန်သာသနာပြုများ အောင်မြင်မှုမရကြပေ။ ထို့ကြောင့် တောင်တန်းဒေသများသို့ သွားရောက်ကြပြီး

သာသနာပြုကြရသည်။ ဗြိတိသျှအစိုးရက ခရစ်ယာန် သာသနာပြုလုပ်ငန်းကို မြေတောင်မြှောက်၍ အခွင့်အရေးများစွာပေးလေရာ သာသနာပြုလုပ်ငန်းများ

ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာသည်။

သို့သော် ကရင်လူမျိုးများအတွင်း ဗုဒ္ဓဘာသာဝင် ဦးရေ များပြားနေဆဲပင်ရှိရာ ဗြိတိသျှအာဏာပိုင်များ သည် ကရင် - ဗမာ သွေးခွဲရေးလုပ်ငန်းများကို

ဆောင်ရွက်လာကြသည်။ ဘာသာရေးကို အကြောင်းပြု ၍ ကရင်အချင်းချင်းပင် သွေးကွဲမှုများ ဖြစ်ပေါ်လာ သည်။ ဗုဒ္ဓဘာသာကရင်ကို စာမည်းကရင်ဟုခေါ်ပြီး

ခရစ်ယာန်ကရင်များကို စာဖြူကရင်ဟု ခေါ်ဝေါ်လာ ကြသည်။ ဗြိတိသျှအစိုးရသည် ခရစ်ယာန်များကို ပိုမို ၍ အခွင့်အရေးပေးခြင်း၊ ခရစ်ယာန်ပညာတတ်များ

ပေါ်ပေါက်စေရေးအတွက် သာသနာပြုကျောင်းများ ဖွင့်လှစ်ပေးခြင်းတို့ဖြင့် ဘာသာရေးလွှမ်းမိုးမှုကို ဆောင်ရွက်လာခဲ့ကြသည်။ နယ်ချဲ့အစိုးရ၏ နိုင်ငံရေး

ဆိုင်ရာအယူအဆမှာ ခရစ်ယာန်ဘာသာဝင်ဦးရေ များပြားလာလျှင် မြန်မာနိုင်ငံအား ကာလကြာရှည်စွာ အုပ်ချုပ်ထားနိုင်မည်ဟူသော အယူအဆပင်ဖြစ်သည်။

ဗြိတိသျှတို့သည် ရိုးသား၍ သစ္စာရှိသော ကရင် လူမျိုးများကို မိမိတို့အား လိုလားထောက်ခံသည့် လူမျိုးတစ်မျိုးအဖြစ်သို့ ရောက်ရှိစေရန် ဖိဖိစီးစီး စည်းရုံးခဲ့ကြသည်။

ဗြိတိသျှတို့၏သွေးခွဲမှုကို ၁၈၈၈ ခုနှစ်တွင် ထုတ်ဝေသော ဒေါ်နယ်မက္ကင်ဇီစမိတန် ရေးသားသည့် 'မြန်မာပြည်ရှိ ကျေးဇူးသစ္စာတော်ကို

စောင့်သိရိုသေသောကရင်များ' အမည်ရှိစာအုပ်တွင် ထင်ရှားစွာ တွေ့ရှိနိုင်သည်။ ယင်းစာအုပ်၏ စာမျက်နှာ ၂၂၆ တွင် ဒေါ်နယ်မက္ကင်ဇီစမိတန်က ဘာသာရေး နှင့်

ပတ်သက်၍ အောက်ပါအတိုင်း ရေးသားထား သည်ကို တွေ့ရသည် -

'ဗြိတိသျှအစိုးရက ကရင်များထဲတွင် ခရစ်ယာန် ဘာသာပြန့်ပွားအောင် အားပေးခြင်း၊ အခွင့်အမိန့် ပေးခြင်းများကိုပြုလုပ်ရာတွင် အစိုးရသည် နိုင်ငံသား တို့၏

လွတ်လပ်စွာ ဘာသာကိုးကွယ် ဆည်းကပ်နိုင်မှု တွင် ဝင်ရောက်နှောင့်ယှက်ရာ ရောက်သည်မဟုတ်။ (ဤကဲ့သို့ ပြုလုပ်နိုင်ခွင့်ရခြင်းမှာ ကျွန်ုပ်တို့အတွက်)

အလွန်ထူးဆန်းကြုံကြိုက်ခဲသော အခွင့်အရေးတစ်ခုဖြစ် ၏။ ခရစ်ယာန်ဘာသာဝင် အုပ်စိုးသူတို့သည် မိမိတို့ လက်အောက်ခံ လူမျိုးတစ်ခုအပေါ်တွင် ဤကဲ့သို့

တရားသဖြင့် ကြီးမားထိရောက်သော ဘာသာရေး ဩဇာကိုရရှိနိုင်ရန် အလွန်ခဲယဉ်း၏။ ကြုံလည်း မကြုံဖူး သေးချေ။'

ဗြိတိသျှအစိုးရသည် ကရင်တိုင်းရင်းသားတို့အား ခရစ်ယာန်ဘာသာအတွင်းသို့ သွတ်သွင်း၍ သွေးခွဲခြင်း ကိုပင်လျှင် တရားသဖြင့်ရရှိသော အခွင့်အရေး၊

အလွန်ထူးဆန်းကြုံကြိုက်ခဲသော အခွင့်အရေးအဖြစ် ယူဆခဲ့ကြသည်။ ဗြိတိသျှတို့သည် ကရင်တိုင်းရင်းသား တို့အား အထူးပြု၍ အာရုံစိုက်မိခဲ့ကြသည်။ ဘာသာရေး

တွင်သာမကဘဲ စီးပွားရေး၊ လူမှုရေးကိစ္စများတွင်ပါ ကရင်လူမျိုးတို့အား အခြားလူမျိုးများထက် ပိုမို၍ ခွဲခြားစည်းရုံးခဲ့သည်။ ဒေါ်နယ်မက္ကင်ဇီသည် ဗြိတိသျှ

အစိုးရ၏လုပ်ရပ်များကို စာမျက်နှာ ၂၂၇ နှင့် ၂၂၈ တွင် အောက်ပါအတိုင်း ဖော်ပြထားခဲ့သည် -

'နည်းကုန် လမ်းကုန်ကြိုးပမ်း၍ အစိုးရသည် တောင်ပေါ်ကရင်များကို မြေပြင်များပေါ်သို့ ခေါ်ယူ ပြီးလျှင် မြေဩဇာကောင်းသည့် လယ်မြေများပေါ်တွင် အခြေစိုက်ရန်

နေရာချထားပေးရမည်။ ပင်ပန်းလှ သည့် အလုပ်ခွင်များမှ ကလေးများကို လက်ရဖမ်း၍ (ခရစ်ယာန်သာသနာပြု)ကျောင်းများသို့ ပို့ပေးခြင်းဖြင့် မကြာမီ စိတ်ချမ်းသာ

ကိုယ်ချမ်းသာဖြစ်သော လူမျိုးစု တစ်ခုကို ရလိမ့်မည့်အပြင် ဗြိတိသျှအုပ်စိုးမှုအတွက် ခိုင်ခံ့သော ထာဝရခံတပ်မြေကတုတ်ကြီးတစ်ခုကို လည်း တည်ဆောက်ပြီး

ဖြစ်လိမ့်မည်။'

'ကျွန်ုပ်တို့နှင့် အနီးကပ်ဆုံးဖြစ်အောင် ကရင် များကို ချည်နှောင်ထားရန်၊ အကောင်းဆုံးနှင့် အထက်တန်းအကျဆုံးဝါဒမှာ သူတို့အား အင်အားတောင့်တင်း ၍

ကြွယ်ဝသောလူမျိုးတစ်ခုဖြစ်စေရန်၊ ကျွန်ုပ်တို့ ပြုမူပုံနှင့် ပြသရန်၊ ကရင်လူမျိုးယဉ်ကျေးမှုနှင့် အမျိုး ဘာသာတစ်ခုဖန်တီးနိုင်ရန်၊ လိုသမျှအကူအညီများကို

ကျွန်ုပ်တို့က ပေးရန်ဖြစ်၏။ ဤသို့ ရည်ရွယ်ချက် အတိုင်းသာ အထမြောက်လျှင် ကျွန်ုပ်တို့အား အပြင် ရန်၊ အတွင်းရန်တို့ကို ခုခံကာကွယ်မည့် ကရင်လူမျိုး

တည်းဟူသော သဝိညာဏက မြေကတုတ်မြို့ရိုးကြီး ကို တည်ဆောက်ပြီး ဖြစ်လိမ့်မည်။'

ဗြိတိသျှနယ်ချဲ့အစိုးရသည် ကရင်လူမျိုးများအား ယင်းတို့ကို အကာအကွယ်ပေးမည့်လူမျိုး၊ အင်္ဂလိပ် လူမျိုးများအား ထာဝစဉ်ထောက်ခံနေမည့် လူမျိုးများ အဖြစ်

ရောက်ရှိစေရန် စနစ်တကျ လေ့ကျင့်သိမ်းသွင်း ပေးခဲ့ခြင်းပင် ဖြစ်၏။ ကရင်လူမျိုးများမှာ ရိုးသား ကျိုးနွံ၍ အမိန့်နာခံတတ်သော လူမျိုးများဖြစ်ရာ ဗြိတိသျှတို့သည်

ယင်းတို့အား စစ်ပုလိပ်တပ်၊ စစ်တပ် နှင့် သစ်တောဌာနများတွင် တဖြည်းဖြည်းထည့်သွင်း ၍ လုပ်ကိုင်စေခဲ့သည်။ ကရင်အမျိုးသားအချို့သည်

ပထမကမ္ဘာစစ်ကာလတွင် ပါဝင်၍ တိုက်ခိုက်ဖူးခဲ့ကြ သည်။ ကရင်လူမျိုး ကျောင်းဆရာများ၊ တရားဟော ဆရာများ၊ ဆေးဝန်ထမ်းသူနာပြုများမှာလည်း ဗြိတိသျှ တို့၏

ပြုစုပျိုးထောင်ပေးမှုကြောင့် တဖြည်းဖြည်း တိုးတက်လာကြသည်။

မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့၏ အုပ်စိုးမှု အောက်တွင် ဖိနှိပ်ချုပ်ချယ် ခံကြရသောကြောင့် အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာချိန်တွင် ကရင်လူမျိုးများမှာ

ဖိနှိပ်ချုပ်ချယ်မှု မခံခဲ့ရသော ကြောင့် အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိခဲ့ကြပေ။ ဗြိတိသျှအစိုးရကလည်း ဆရာစံသူပုန်၊ တောပုန်းစံဖဲအရေးများတွင်

ကရင်လက်နက်ကိုင်များ ကို အသုံးပြု၍ ရက်စက်စွာ နှိမ်နင်းစေခဲ့သည်။ ထို့ကြောင့် အမြင်မကျယ်သော မြန်မာနိုင်ငံရေးသမား အချို့က ကရင်များကို

နယ်ချဲ့လက်ပါးစေများဟု မြင်လာကြသည်။

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ကရင် မျိုးနွယ်စုဝင်တို့၏ လူဦးရေမှာ ၁၃၆၇၆၇၃ ယောက် ဖြစ်သည်။ ယင်းတို့အနက် ဗုဒ္ဓဘာသာဝင်မှာ ၁ဝ၄၉၆၁၃

ယောက်ဖြစ်ရာ ကရင်လူမျိုးစုတစ်ခုလုံး ၏ ၇၅ ရာခိုင်နှုန်းဖြစ်သည်။ ရိုးရာနတ်ကိုးကွယ်သူ ၉၉၂၇ဝ ယောက်ဖြစ်ရာ ၁ဝ ရာခိုင်နှုန်းသာ ဖြစ် သည်။ သို့သော်

ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာပင် ကရင်ခရစ်ယာန်တို့၏ဦးရေမှာ များစွာတိုးတက်လာ ရတော့သည်။

ဘီအိုင်အေနှင့်ကရင်လက်နက်ကိုင်တပ်များပဋိပက္ခ[ပြင်​ဆင်​ရန်​]

ဗြိတိသျှအစိုးရသည် ကရင်တိုင်းရင်းသားများ အား ဗမာတို့နှင့် ခွဲခြား၍ ကျယ်ပြန့်စွာ စည်းရုံးနိုင် ခဲ့သည်။ ကရင်တိုင်းရင်းသားများသည် ဘာသာရေး၊ စီးပွားရေး၊

လူမှုရေးကအစ တသီးတခြားစီဖြစ်လာပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း ပူးပေါင်းဆောင်ရွက် မှု နည်းပါးခဲ့သည်။ ဗြိတိသျှအစိုးရသည် ကရင်

တိုင်းရင်းသားတို့အား လက်နက်တပ်ဆင်၍ ကရင် သေနတ်ကိုင်တပ်များ၊ စစ်ရဲတပ်များ ဖွဲ့စည်းပေးခဲ့ သည်။ ဘီအိုင်အေတပ်များနှင့် ဂျပန်တပ်များ မြန်မာ

ပြည်တွင်းသို့ ဝင်ရောက်လာသောအခါ ဗြိတိသျှစစ်တပ် များသည် အိန္ဒိယပြည်ဘက်သို့ ဆုတ်ခွာကြရသည်။

ဗိုလ်နေဝင်းသည် ရန်ကုန်မြို့သို့ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင်ရောက်ရှိလာပြီး ပြည်တွင်း သူပုန်တပ်ဖွဲ့ကို ကွပ်ကဲ၍ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်း များကို

ဆောင်ရွက်နေသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် ထားဝယ်စစ်ကြောင်းသည် ပဲခူးမြို့ကို သိမ်းပိုက်ပြီးနောက် ဂျပန်တပ်မ ၅၅ နှင့်အတူ ရန်ကုန် မြို့သို့

ဦးတည်ချီတက်ကာ ၁၉၄၂ ခုနှစ်၊ မတ်လ ၈ ရက်တွင် ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဗြိတိသျှတပ်များသည် အောင်မြင်စွာ ဆုတ်ခွာခြင်း ဖြင့် စနစ်တကျ စည်းကမ်းသေဝပ်စွာ ခွာစစ်ဆင်နိုင် ကြသည်ဟုဆိုသော်လည်း ကရင်လက်နက်ကိုင်တပ်

များကိုကား စနစ်တကျဆုတ်ခွာရန် ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပေ။ ကရင်လက်နက်ကိုင် အတော်များများသည် မိမိဇာတိကို မစွန့်ခွာနိုင်သောကြောင့်လည်းကောင်း၊

အိန္ဒိယနိုင်ငံသို့ မလိုက်ပါလိုသောကြောင့်လည်းကောင်း ဗြိတိသျှတပ်များနှင့် ကွဲကွာပြီး ကျန်ရစ်ခဲ့ကြသည်။ ကရင်လက်နက်ကိုင်အချို့သာ အိန္ဒိယအထိ လိုက်ပါ

သွားကြပြီး အများစုမှာမူ လက်နက်ခဲယမ်းများနှင့်တကွ ခြေဦးတည့်ရာသို့ ဆုတ်ခွာသွားကြရသည်။ ကရင် လက်နက်ကိုင်များသည် စစ်ပြေးများအဖြစ် မြစ်ဝ ကျွန်းပေါ်၊

ဖာပွန်နှင့် တောင်ငူဒေသမှ ကရင်ကျေးရွာ များသို့ လက်နက်ခဲယမ်းနှင့်တကွ ရောက်ရှိသွားကြ သည်။ ဂျပန်တပ်များသည်လည်း အောက်မြန်မာပြည် ကို

သိမ်းပိုက်ပြီးနောက် ၁၉၄၂ ခုနှစ်၊ မတ်လလယ်ခန့် တွင် အထက်မြန်မာပြည်သို့ ဆက်လက်ချီတက် တော့သည်။

ဘီအိုင်အေတပ်မတော်သည်လည်း ဂျပန်တပ် များနှင့်အတူ ချီတက်လျက်ရှိရာ စစ်သေနာပတိအဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ဆောင်ရွက်ပြီး ဒုတိယ

စစ်သေနာပတိအဖြစ် ဗိုလ်လက်ျာ(သခင်လှဖေ)က ဆောင်ရွက်သည်။ တပ်မ(၁) တပ်မမှူးမှာ ဗိုလ်မှူးကြီး ဇေယျဖြစ်ပြီး တပ်မ(၂) တပ်မမှူးမှာ ဗိုလ်မှူးကြီး နေဝင်း

ဖြစ်သည်။ ဗိုလ်ကျော်ဇောသည် ရန်ကုန်မြို့ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ကွပ်ကဲ၍ ကျန်ရစ်သည်။ ဗိုလ်မှူး မင်းခေါင်ဦးစီးသော

ဗမာ့လွတ်လပ်ရေးတပ်မတော် ရေကြောင်းချီတပ်ဖွဲ့သည် ကြည့်မြင်တိုင်မှ ၁၉၄၂ ခုနှစ်၊ မတ်လ ၁၈ ရက်မှစ၍ မြစ်ဝကျွန်းပေါ်ကို ဖြတ်ပြီး ရခိုင်တိုင်းတောင်ပိုင်းသို့

ဦးတည်ချီတက် သွားသည်။

မြစ်ဝကျွန်းပေါ်ရှိ မြို့များမှ မျိုးချစ်ပုဂ္ဂိုလ်များ၊ သခင်များသည် ပြည်တွင်းသူပုန်တပ်ဖွဲ့နှင့် ဆက်သွယ် ၍ အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုမရှိတော့သည့် မြို့များ တွင်

ယာယီအုပ်ချုပ်ရေးအာဏာကို သိမ်းပိုက်ထား ကြရသည်။ ဘီအိုင်အေတပ်များ ရောက်ရှိလာသော အခါတွင် ဘီအိုင်အေအုပ်ချုပ်ရေးကို ယာယီအားဖြင့်

ထူထောင်ကြသည်။

ထိုအချိန်တွင် စစ်ဖြစ်ချိန်ကို အခွင့်ကောင်းယူ၍ ထကြွသောင်းကျန်းနေသော လက်နက်ကိုင်လူဆိုးများ ပေါ်ပေါက်လာပြီး ဗြိတိသျှအုပ်ချုပ်ရေးစနစ်အောက် မှ

လက်နက်ကိုင်ရဲများကို ကွပ်ကဲမည့်သူမရှိ ဖြစ်နေခဲ့ ရသည်။ ထို့ကြောင့် ဘီအိုင်အေ ယာယီအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ဓားပြများအား နှိမ်နင်းခြင်း၊

စည်းမဲ့ကမ်းမဲ့ကိုင်ဆောင်နေကြသည့် လက်နက်များကို သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ကြရသည်။ ကရင် စစ်ပြေးများသည် မြစ်ဝကျွန်းပေါ်ဒေသရှိ ကရင်

ကျေးရွာများတွင် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုလှုံနေထိုင်လျက်ရှိကြရာ ဘီအိုင်အေ ယာယီ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ထိပ်တိုက်ပြဿနာ တက်တော့သည်။

ဗိုလ်သိမ်းဆွေ၊ ကိုမောင်မောင် (ဗိုလ်အောင် အမည်ခံ)၊ ကိုဘစံ (ဗိုလ်ဝင်းအမည်ခံ)နှင့် မြောင်းမြ မြို့ သခင်အဖွဲ့ဝင်များသည် ဘီအိုင်အေနှင့် ဂျပန်တပ်

များမရောက်မီမှာပင် မြောင်းမြမြို့ကို သိမ်းပိုက် အုပ်ချုပ်လိုက်ကြသည်။ ထို့နောက် မြင်းကဆိပ်ရွာတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်း၍ လူသူ

စုဆောင်းကြသည်။ မြောင်းမြနှင့် မြင်းကဆိပ်ရွာကို ဘီအိုင်အေတပ်မတော်က အုပ်ချုပ်ကြောင်းလည်း ကြေညာခဲ့သည်။ သူခိုးဓားပြများအား နှိမ်နင်းခြင်း၊ အင်္ဂလိပ်

ခေတ် ကျေးရွာသူကြီးများထံမှ လက်နက် သိမ်းခြင်းတို့ကိုလည်း ဆောင်ရွက်သည်။ ထိုအချိန်တွင် ပုသိမ်မြို့မှ အင်္ဂလိပ် အစိုးရ အရာရှိများမှာ ကရင်၊ ဗမာလူကြီးများနှင့်

ရဟန်းတော်များလက်သို့ မြို့ကို အပ်နှံကာ ထွက်ပြေးသွားကြလေပြီ။ ဗိုလ်သိမ်းဆွေတို့ လူစုသည် ပုသိမ်မြို့ကို သိမ်းပိုက်ရန် ချီတက်လာရာ ရှမ်းရွာသို့အရောက်

ကရင်စစ်ပြေးများထံတွင် လက်နက်များရှိနေကြောင်း၊ ကရင်များကို စောဘဦး ကြီးနှင့် ဆာစံစီပိုးတို့က ခေါင်းဆောင်နေကြောင်း သတင်းရရှိကြသည်။ ထို့ကြောင့်

ဗိုလ်သိမ်းဆွေသည် မြောင်းမြမှ ဗိုလ်အောင်ထံ စစ်ကူတောင်းရသည်။ ဗိုလ်ဝင်းက ရန်ကုန်ရှိ ဘီအိုင်အေဌာနချုပ်သို့တက်ပြီး စစ်ကူတောင်းခံသည်။

ဘီအိုင်အေဌာနချုပ်က ဝါးခယ်မ တွင်ရှိနေသော ဘီအိုင်အေတပ်သားများကို သင်္ဘော တစ်စင်းစာ လက်နက်အပြည့်အစုံဖြင့် ဖြည့်တင်းပေး ခဲ့သည်။

၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ခန့်တွင် ပုသိမ် မြို့ကို ဘီအိုင်အေတပ်သားများ သိမ်းပိုက်လိုက်ကြ သည်။ ဘီအိုင်အေခေါင်းဆောင်များက ကရင်များထံ သို့

လက်နက်အပ်ရန် တောင်းဆိုသောအခါ စံစီပိုးတို့ လူစုက ဘီအိုင်အေတပ်များ ပုသိမ်မြို့မှ ထွက်ခွာ သွားရန် စာရေးအကြောင်းပြန်ခဲ့သည်။ ဗိုလ်သိမ်းဆွေ နှင့်

ဗိုလ်ဝင်းသည် စောဘဦးကြီး၊ ချားလ်စတော စသောကရင်ခေါင်းဆောင်များအား ဖိတ်ကြား၍ ဗိုလ်ချုပ်အောင်ဆန်း၏အမိန့်အရ သိမ်းပိုက်ရကြောင်း ရှင်းပြပြီး

ဂျပန်တပ်မတော်၏ ထောက်ခံချက် စာရွက် စာတမ်းများကိုပါ ထုတ်ပြကြသည်။ ထို့ကြောင့် ကရင် စစ်ပြေးများနှင့် ဘီအိုင်အေတို့မှာ ယာယီပြေလည်မှု

ရရှိသွားကြသည်။

သို့သော် ဘီအိုင်အေတပ်သားများနှင့် ကရင် စစ်ပြေးများအကြားတွင် မယုံသင်္ကာမှု မှာ တဖြည်းဖြည်း ကြီးမား၍လာသည်။ ကရင်စစ်ပြေးများနှင့်အတူရှိနေ သော

အင်္ဂလိပ်သူလျှိုများကလည်း ဗမာများသည် ကရင်များကို မျိုးဖြုတ်ပစ်လိမ့်မည်ဟု သွေးထိုးပေးနေ သည်။ အမြင်မကျယ်သော ဘီအိုင်အေခေါင်းဆောင် များနှင့်

အရေးပေါ်စုဆောင်းရသော တပ်သားများ ကလည်း ကရင်များမှာ ဗြိတိသျှလက်ပါးစေများဖြစ် သဖြင့် တိုက်ခိုက်ရမည်ဟု ခံယူနေကြသည်။ ကရင်

လက်နက်ကိုင်များမှာ အင်အားများစွာ တောင့်တင်းပြီး လက်နက်ကြီးများကိုပါ ကိုင်ဆောင်ထားကြသည်။ ဘီအိုင်အေကို စိတ်မချသဖြင့် ကျေးရွာများအား

စည်းရိုးကာရံခြင်း၊ ကင်းချခြင်း၊ ဗမာရွာများသို့ အကူး အသန်းမလုပ်ဘဲနေခြင်းတို့ကို ပြုလုပ်လာကြသည်။ ဘီအိုင်အေခေါင်းဆောင်ငယ်များကလည်း ကရင်

စစ်ပြေးများထံမှ လက်နက်သိမ်းဆည်းရန် အတင်း အဓမ္မ ကြိုးစားလာကြသည်။

မြောင်းမြနယ်တွင် ဂျပန်ပြန် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လရောင်နှင့် ဘီအိုင်အေတပ်များ ချီတက်လာစဉ် ကရင်စစ်ပြေးများက ခုခံတိုက်ခိုက်သဖြင့် သခင် သန်းလေး

ကျဆုံးသွားရသည်။ သို့နှင့် ဘီအိုင်အေတပ် များနှင့် ကရင်စစ်ပြေးများအကြား တိုက်ပွဲများဖြစ်ပေါ် လာတော့သည်။ ကရင်များသည် ဘီအိုင်အေတပ်ကို

လက်နက်မအပ်နှံတော့ဘဲ ခုခံတိုက်ခိုက်လာကြသည်။ ထိုတိုက်ပွဲများသည် တဖြည်းဖြည်းနှင့် လူမျိုးရေး အဓိကရုဏ်းအသွင် ကူးပြောင်းလာသည်။ ယခင်က

တစ်ရွာနှင့်တစ်ရွာ ရင်းနှီးစွာ ကူးလူးဆက်ဆံနေကြ သော ကရင်ရွာနှင့် ဗမာရွာများသည် ရန်သူများသဖွယ် မယုံသင်္ကာဖြစ်လာကြသည်။ ကရင်စစ်ပြေးများက

ကရင်လူငယ်များကို အမြန်စုစည်းပြီး အရေးပေါ် စစ်သင်တန်းများ ပေးလာကြသည်။ လက်နက်တပ်ဆင် လာကြသည်။ ဗမာရွာများတွင်လည်း ဘီအိုင်အေ အားကိုးဖြင့်

ကရင်များထံမှ လက်နက်လုလိုသူများ ပေါ်ပေါက်လာသည်။

မြောင်းမြနယ်မှစလိုက်သော လူမျိုးရေး အဓိကရုဏ်းသည် မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဇလွန်၊ ဓနုဖြူ စသော မြစ်ဝကျွန်းပေါ် မြို့ရွာများသို့ လျင်မြန်စွာ

ပျံ့နှံ့သွားသည်။ ဗမာလူငယ်အချို့သည် လွတ်လပ်ရေးရည်ရွယ်ချက် ပျောက်ကွယ်ပြီး ကရင် ဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် ဘီအိုင်အေထဲသို့ ဝင်ကြသည်။

စစ်ကြိုခေတ်က နာမည်ကြီး စတန့် ရုပ်ရှင်မင်းသား ရဲခေါင်ချစ်ဆွေသည် လူငယ် ၂ဝ ခန့် ကို စုစည်း၍ ဇလွန်မြို့ရှိ ဗိုလ်ကြင်နှင့် ဗိုလ်လှမြင့်တို့ ဦးစီးသော

ဘီအိုင်အေတပ်ထဲ ဝင်လာကြသည်။ ထို့နောက် ဒိုက်ယားဟူသော ကရင်ရွာကို သွားရောက် တိုက်ခိုက်ရာ ကရင်များက ခုခံသဖြင့် ရဲခေါင်ချစ်ဆွေ နှင့်

ဘီအိုင်အေတပ်သား ၃ဝ ခန့် ကျဆုံးခဲ့ရသည်။

ကျယ်ပြန့်လာသော လူမျိုးရေးအဓိကရုဏ်းကို နိုင်ငံရေးအမြင်ကျယ်ပြီး သဘောထား ပြည့်ဝမြင့်မား သည့် သခင်များနှင့် ဘီအိုင်အေခေါင်းဆောင်များက ကြိုးစား၍

ထိန်းသိမ်းကြသည်။ သခင်များနှင့် ဘီအိုင်အေခေါင်းဆောင်များသည် ကရင်ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေး၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို

ပြန်လည်ဖော်ဆောင်ခဲ့ကြသည်။ ကရင် ရွာများကို ကရင်များသာ အုပ်ချုပ်စေခြင်း၊ လက်နက် များကို အတင်းအဓမ္မသိမ်းယူခြင်းမပြုတော့ဘဲ စေ့စပ်

ဆွေးနွေးသောနည်းဖြင့် နားလည်မှုယူခြင်းများကို ဆောင်ရွက်ကြသည်။ သို့သော် နေရာအနည်းအကျဉ်း တွင်သာ အောင်မြင်ခဲ့သည်။ အဓိကရုဏ်းမှာ များစွာ

ပြင်းထန်လာရာ ကရင်များက ဗမာရွာများကို စီးနင်း တိုက်ခိုက်၍ ရွာလုံးကျွတ် လုယက်တိုက်ခိုက်သတ်ဖြတ် ခြင်း၊ ဗမာများက ကရင်ရွာများကို တန်ပြန်လက်စား ချေ၍

မီးရှို့သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်လာသည်။ နှစ်ဖက်စလုံး လူသူအမြောက်အမြား သေကျေပျက်စီး ပြီး အိမ်ခြေအများအပြားမှာလည်း မီးလောင်ပြာကျ သွားရသည်။

ဆကာကြီးမြို့၏ ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ သခင်လှကြီး၊ ကာကွယ်ရေးမှူး သခင်လှအောင်၊ ကနုကြီးရွာမှ ကိုဝင်နီ၊ ကိုကျော်ဝင်း၊ ကိုကျော်ငြိမ်း စသော

အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၁ဝ ရက်တွင် ကနုကလေးရွာသို့ သွားရောက် ပြီး ကရင်စစ်ပြေးများကို ရှာဖွေကြသည်။ လိုင်စင်နှင့် ကိုင်သော

သေနတ်ဟောင်းတစ်လက်ကိုလည်း သိမ်း လာကြသည်။ ကရင်ခေါင်းဆောင်များက ကောင်းမွန် စွာ လက်ခံစကားပြောပြီး ကရင်စစ်ပြေးများ မရှိ ကြောင်း

ပြောခဲ့သည်။ ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့ ရွာမှအထွက်တွင် ကရင်လက်နက်ကိုင်များက ချုံခို တိုက်ခိုက်ကြရာ ကိုအောင်ငြိမ်းဆိုသူ တစ်ဦးတည်းသာ ဒဏ်ရာဖြင့်

လွတ်မြောက်ပြီး သခင်လှကြီးနှင့် ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံး ကျဆုံးခဲ့ရ တော့သည်။

ထိုဖြစ်ရပ်ကြောင့် ဓား၊ လှံ လက်နက်မျိုးစုံ ကိုင်ဆောင်ထားသော ဗမာများသည် ဧပြီလ ၁၄ ရက် တွင် ကနုကလေးရွာကို မီးတင်ရှို့လိုက်ကြသည်။ ထို ကဲ့သို့

အပြန်အလှန်လက်စားချေမှုများသည် ဆက်တိုက် ဖြစ်ပေါ်နေရာ ကရင်၊ ဗမာခေါင်းဆောင်များသည် အဓိကရုဏ်း ပြေပျောက်ရေးအတွက် အစွမ်းကုန်

ကြိုးစားခဲ့ကြသည်။ သို့သော် ကရင်ခေါင်းဆောင်များ သည် ကရင်စစ်ပြေးများကို မထိန်းနိုင်သကဲ့သို့ ဘီအိုင်အေခေါင်းဆောင်များသည်လည်း သွေးဆူနေ သော

ဗမာများကို မထိန်းနိုင်ခဲ့ပေ။ သို့သော် ကရင် စစ်ပြေးများသည် ဘီအိုင်အေတပ်များ တိုး၍တိုး၍ ချီတက်လာသောကြောင့် မြစ်ဝကျွန်းပေါ်အနောက် ဘက်ခြမ်းမှ

ရခိုင်ဘက်သို့ တစ်စတစ်စ ဆုတ်ခွာသွား ကြရသည်။

မြောင်းမြနယ်မှ စလိုက်သော လူမျိုးရေးအဓိ ကရုဏ်းသည် မြစ်ဝကျွန်းပေါ်တစ်ခုလုံးသို့ ကျယ်ပြန့် စွာ ကူးစက်လာခဲ့သကဲ့သို့ ဖာပွန်တွင်ဖြစ်ပေါ်သော

ပဋိပက္ခသည်လည်း တောင်ငူဘက်သို့ ကူးစက်လာ သည်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဉာဏ (ကညွတ်ကွင်း သခင်မောင်မောင်)သည် စစ်ဌာနချုပ်၏ ညွှန်ကြားချက်အရ ရန်ကုန်မြို့မှ ဘီးလင်းသို့ သွားရောက်သည်။

ဘီးလင်းမှတစ်ဆင့် ဖာပွန်သို့ ခရီးဆက်ရာ ၁၉၄၂ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ရောက်ရှိသွားသည်။ ဗိုလ်ဉာဏ သည် ဘီအိုင်အေတပ်နှင့်အတူ ငြိမ်ဝပ်ပိပြားရေး

လုပ်ငန်းများဆောင်ရွက်သည်။ ဖာပွန်နယ်တွင်လည်း ကရင်စစ်ပြေးအကြွင်းအကျန်များ ရှိနေသည်။ ၁၉၄၂ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် အင်္ဂလိပ်တပ်လက်အောက်ခံ

စစ်ပြေးအကြွင်းအကျန်အချို့က ဘီအိုင်အေတပ်အား ချုံခိုတိုက်ခိုက်ရာ ဗိုလ်ဉာဏကျဆုံးသွားရတော့သည်။ ဘီအိုင်အေတပ်သားများက ကရင်စစ်ပြေးများကို

လိုက်လံတိုက်ခိုက်သကဲ့သို့ ကရင်စစ်ပြေးများကလည်း အညံ့မခံဘဲ ခုခံတိုက်ခိုက်ကြသည်။ သို့နှင့် ကရင် စစ်ပြေးများနှင့် ဘီအိုင်အေတပ်များ တိုက်ပွဲဖြစ်ပွား လာရာ

ပဋိပက္ခသည် သံတောင်နယ်မှတစ်ဆင့် တောင်ငူဘက်သို့ ကူးလာသည်။ သို့သော် တောင်ငူ သခင်သန်းဖေတို့လူစုနှင့် ဘီအိုင်အေခေါင်းဆောင် များသည်

တောင်ငူရှိ ကရင်ခေါင်းဆောင်များနှင့် ပူးပေါင်း၍ အဓိကရုဏ်းကို တားဆီးနိုင်ခဲ့ကြသည်။

အဓိကရုဏ်းများပျောက်ကွယ်သွားခြင်း[ပြင်​ဆင်​ရန်​]

ဗမာနှင့် ကရင်နိုင်ငံရေးခေါင်းဆောင်များသည် လူမျိုးရေးအဓိကရုဏ်းကို ရပ်စဲနိုင်ရန် အမျိုးမျိုး ကြိုးပမ်းကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင်အေတပ်များ

ထင်သလိုရမ်းကားနိုင်ခြင်းမရှိစေ ရန် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ရသည်။ ဂျပန်တို့ကလည်း ဒေါက်တာဘမော်ဦးဆောင်သည့် ရုပ်သေးအစိုးရအဖွဲ့ဖွဲ့ပြီး

ဘီအိုင်အေအုပ်ချုပ်ရေးကို အစားထိုးရန် ကြိုးစားလာကြသည်။ ဒေသအလိုက် အုပ်ချုပ်ရေးများ ထူထောင်နေချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းသည် ၁၃ဝ၄ ခုနှစ်၊

နယုန်လဆုတ် ၈ ရက် ရက်စွဲဖြင့် ဘီအိုင်အေတပ်များက အုပ်ချုပ်ရေးကိစ္စ များတွင် ဝင်မစွက်ရန် အမိန့်ထုတ်ခဲ့သည်။ ကရင် ခေါင်းဆောင် စောကြာဒိုး၊

မန်းဝင်းမောင်တို့ကလည်း ပူးပေါင်းဆောင်ရွက်လာသည်။ ကရင်-ဗမာ အဓိ ကရုဏ်းသည် မအူပင်၊ မြောင်းမြနယ်များမှစတင်၍ အေးချမ်းလာသည်။

ပုသိမ်အရှေ့ဘက်တွင် စောရွှေ ထွန်းကြာ ခေါင်းဆောင်သော ကရင်များက ဂျပန်တပ် အချို့ကို တိုက်ခိုက်ခဲ့သေးသော်လည်း ဘီအိုင်အေတပ် များနှင့်မူ

တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ပေ။

ဘီအိုင်အေတပ်များ၏ စစ်သေနာပတိအဖြစ် တာဝန်ယူထားရသော ဗိုလ်မိုးကြိုး (ခေါ်) ကာနယ်လ် စူဇူကီးကလည်း ငြိမ်းချမ်းရေးကြေညာချက်တစ်စောင် ကို

ထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး၏ ငြိမ်းချမ်းရေးကြေညာ စာတမ်း[ပြင်​ဆင်​ရန်​]

(နေ့စွဲ။၁၃ဝ၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၃ ရက်)

အောက်တွင် ဖော်ပြထားသော ကျေးရွာ များတွင် နေထိုင်ကြသော ကရင်လူမျိုး၊ ဗမာလူမျိုးနှင့် အခြားတိုင်းရင်းသား အပေါင်းတို့အား အသက်

စည်းစိမ်နှင့်တကွ လွတ်ကင်းချမ်းသာကြပြီဟု ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးက ကြေညာလိုက်သည်။ ဤကဲ့သို့ အသက်ဘေးမှ ချမ်းသာခြင်းသည် အောက်ပါ

စည်းကမ်းချက်များအပေါ်တွင် တည်ရှိသည်။ ထိုစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန် ခဲ့သော် ၎င်းရွာရှိ လူအားလုံးတို့သည် ဗမာ့ လွတ်လပ်ရေးတပ်မတော်မှ

ပေးသမျှသော အပြစ်ဒဏ်ကို ခံယူကြရမည်ဖြစ်ကြောင်း။

၁။ ပတ်တော်၊ ၂။ စစ်စလီကုန်း၊ ၃။ ရွှေ တောင်မော်၊ ၄။ စံကျ၊

၁။ ယခု ဤအချိန်မှစ၍ ဗမာရွာများက ကရင်ရွာများကိုလည်းကောင်း၊ ကရင်ရွာများ က ဗမာရွာများကိုလည်းကောင်း မီးရှို့ခြင်း၊ တိုက်ခိုက်ခြင်း၊ လူကိုသတ်ဖြတ်ခြင်း

အမှုကို မပြုလုပ်ရ။ ဤအမိန့်ကို ကျူးလွန်သူ မည်သူ မဆို (ဘီအိုင်အေ)တပ်မတော်သားများနှင့် အုပ်ချုပ်ရေးအရာရှိများကိုပင် သူပုန်ကဲ့သို့ မှတ်ယူရမည်ဖြစ်၍

ကြီးလေးသော အပြစ် များကို ပေးမည်ဖြစ်ကြောင်း။

၂။ အိမ်မဲ၊ ဝါးခယ်မ၊ မအူပင်၊ ပန်းတနော် နှင့် မော်လမြိုင်ကျွန်းစီရင်စုနယ်များသို့ လှေ သမ္ဗန်၊ တုန်ကင်း၊ သင်္ဘော အစရှိသည်တို့ဖြင့် ယခု ဘေးကင်းအေးချမ်းစွာ

သွားလာနိုင်ပြီ ဖြစ်ကြောင်း၊ ဤကဲ့သို့ တစ်ရွာမှတစ်ရွာ၊ တစ်မြို့မှတစ်မြို့သို့ သွားလာရာတွင် စစ်သား များမှတစ်ပါး လူကို ဘေးအန္တရာယ် ဥပဒ် ရောက်စေမည့်

သေနတ်၊ ဓား၊ လှံ၊ မှိန်း၊ ဒူးလေး အစရှိသည့် လက်နက်တို့ကို တင်ဆောင်သွားလာခြင်း မပြုလုပ်ရ။

၃။ မိမိတို့ ကျေးရွာနယ်နိမိတ်အတွင်းတွင် ခရီးသွား လှေသမ္ဗန်၊ တုန်ကင်း အစရှိသည်တို့ ကို သေနတ်နှင့် ချောင်း၍သော်လည်းကောင်း ပစ်ခတ်ခြင်း မရှိစေရ။

ဤကဲ့သို့ ပစ်ခတ်ခြင်း ရှိခဲ့လျှင် မိမိတို့ကျေးရွာများ၏ တာဝန်လုံးလုံး ရှိသည်။ အပြစ်ကျူးလွန်သူများကို စုံစမ်း ဖမ်းဆီးပြီး ဆိုင်ရာသို့ ပို့အပ်ရမည်။

၄။ အထက်ပါ ကျေးရွာများတွင် ရန်သူ အင်္ဂလိပ်၊ အမေရိကန်တို့ထံမှ ကျန်ရစ်ခဲ့သော စစ်နှင့် ပတ်သက်သည့် လက်နက်ခဲယမ်း မီးကျောက်များ၊ ရိုင်ဖယ်သေနတ်၊

စက် သေနတ်၊ ခြောက်လုံးပြူးများကို တွေ့ရှိပါက အနီးဆုံးရှိ ဗမာ့လွတ်လပ်ရေးတပ်မတော် တည်ရာဌာနသို့ သွားရောက်အပ်နှံရမည်။ ရွာတွင်ရှိသော

နှစ်လုံးပြူးသေနတ်နှင့် ငှက် ပစ်သေနတ်များကို သက်ဆိုင်ရာသို့အပ်ရန် တရားနည်းလမ်းအတိုင်း ကိုင်ဆောင်ခွင့်ရှိ ပါက လိုင်စင်ထုတ်ယူပြီး ကိုင်ဆောင်ခွင့်ပြု သည်။

ရွာတွင်ရှိသော ရိုင်ဖယ်နှင့် ခြောက်လုံး ပြူးများကို ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး က သိမ်းပိုက်လိမ့်မည်။

၅။ တစ်ရွာမှ တစ်ရွာသို့ လူစုလူဝေးဖြင့် သွားလာခြင်းပြုလုပ်ခဲ့သော် သုံးရောင်ခြယ် အလံများကိုလွှင့်လျက် ငြိမ်းချမ်းရေးစာရွက် များကိုပါ ယူသွားရမည်။ အသက်ကို

ဘေး အန္တရာယ်ဖြစ်စေနိုင်သည့် သေနတ်၊ တုတ်၊ ဓား အစရှိသည့် လက်နက်မျိုးကို ကိုင်ဆောင် ၍မသွားရ၊ သွားလာခြင်းပြုလုပ်ခဲ့သော်

စည်းကမ်းဖောက်ဖျက်သည်ဟု ယူဆ လိမ့်မည်။

၆။ မိမိတို့ကျေးရွာတွင် စောင့်ရှောက်ရန် ဗော်လံတီယာ အစောင့်တပ်သားများ စုဆောင်းဖွဲ့စည်းရမည်။ တပ်သားများ၏ လက်မောင်းတွင်

အများအလွယ်တကူသိနိုင် ရန် အသိအမှတ်ပြုထားသော လက်ပတ်များ ရှိရမည်။ မိမိတို့ကျေးရွာတွင်ရှိသော လူဆိုး များကို ကိုယ်တိုင်ဖမ်း၍သော်လည်းကောင်း၊

ဗမာ့လွတ်လပ်ရေးတပ်မတော်အကူအညီကို တောင်း၍လည်းကောင်း ဖမ်းဆီးပို့အပ်ရမည်။

၇။ မိမိတို့ ကျေးရွာသူ၊ ရွာသားတို့သည် ခါတိုင်းလုပ်နေကျ လယ်ယာကိုင်းကျွန်းအလုပ် ကို ချက်ချင်း စတင်လုပ်ကိုင်ရမည်။ မိမိတို့ လယ်ယာကိုင်းကျွန်းကို

သွားလာသည့်အခါ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် သေနတ်၊ ဓား၊ လှံ၊ လေးမြားများကို ကိုင်ဆောင်၍ မသွားရ။

အဓိကရုဏ်းမီးသည် တစ်စထက်တစ်စ ငြိမ်းအေး ၍လာသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မိုးကြိုးတို့ သည် ဘီအိုင်အေတပ်ကို စည်းကမ်းကြပ်မတ်ပေးပြီး

ထိန်းသိမ်းပေးသည်။ ဒေါက်တာဘမော်အစိုးရ၏ အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာသောအခါ ဘီအိုင်အေတပ်အနေနှင့် အမုန်းခံစရာ မလိုတော့ပေ။

ကရင်စစ်ပြေးများမှာလည်း ရခိုင်ဘက်သို့ ဆုတ်ခွာသွား ကြသည်။ ထို့အပြင် ကရင်၊ ဗမာ ကျေးရွာများမှ ပြည်သူလူထုသည် စားဝတ်နေရေးအတွက် လယ်ယာ များကို

လုပ်ကိုင်ကြရဦးမည်ဖြစ်ရာ အဓိကရုဏ်းကို စိတ်ဝင်စားမှု လျော့နည်းလာသည်။ ထို့အပြင် ဖက်ဆစ် ဂျပန် စစ်သားများကလည်း ခရီးရောက်မဆိုက်ပင်

ကရင်ဗမာလူမျိုးအားလုံးကို ပြင်းထန်စွာ နှိပ်စက် ညှဉ်းပန်းလာကြသောအခါ ကရင်ရော ဗမာပါ ဖက်ဆစ် ဂျပန်ကို ဘုံရန်သူဟု မြင်လာကြသည်။ ဘီအိုင်အေတပ်

ကိုဖျက်သိမ်းလိုက်သောအခါတွင်ကား အဓိကရုဏ်းမှာ ကွယ်ပျောက်သွားတော့သည်။ သို့သော် ဗြိတိသျှနယ်ချဲ့ များ ဒုတိယအကြိမ် ပြန်ဝင်လာသော အခါတွင်ကား

ကရင်သောင်းကျန်းမှုပေါ်ပေါက်စေရန်အတွက် အဓိကရုဏ်းသည် သွေးထိုးလှုံ့ဆော်ပေးစရာ အမည်းစက်ကြီးတစ်ခု ဖြစ်ခဲ့ရလေသည်။

မဟာမိတ်များနှင့် ဆက်သွယ်ရန် ကြိုးစားခြင်း[ပြင်​ဆင်​ရန်​]

ဂျပန်ခေတ်ဦးအခြေအနေ[ပြင်​ဆင်​ရန်​]

သခင်စိုးသည် သခင်သန်းထွန်း၊ ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် တိုင်ပင်ပြီး ကိုသိန်းဖေနှင့် သခင် တင်ရွှေတို့အား အိန္ဒိယနိုင်ငံသို့ စေလွှတ်ရန် ဆုံးဖြတ် လိုက်သည်။

ထိုအချိန်တွင် ဂိုရှယ်၊ မစ္စတာနာ့တ်၊ မစ္စတာ ဒေး အစရှိသော ကုလားရဲဘော်များသည် မန္တလေး ထောင်မှ ထွက်လာရပြီးနောက် သခင်စိုးတို့နှင့် လူစု ခွဲကာ ၁၉၄၂

ခုနှစ်၊ မေလ ၁ ရက်၌ အိန္ဒိယပြန်ရန် မုံရွာဘက်သို့ ထွက်ခွာသွားကြပြီဖြစ်သည်။ မူကာဂျီမှာ မူ ကုလားရဲဘော်များနှင့် လိုက်မသွားဘဲ ကျန်ခဲ့သည်။

ကုလားရဲဘော်များ၏ နိုင်ငံရေးအယူအဆမှာ ဂျပန် ဖက်ဆစ်ကိုလည်း တိုက်မည်၊ အင်္ဂလိပ် နယ်ချဲ့သမား များကိုလည်း တော်လှန်ပုန်ကန်မည်ဟူသော အယူ အဆပင်

ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်က သိမ်းပိုက် လိုက်သောအခါ ကုလားရဲဘော်များ၏ နိုင်ငံရေးအယူ အဆမှာ ဆောင်ရွက်ရန် အခွင့်မသာတော့ပေ။ ဂျပန်

သိမ်းပိုက်ထားသော မြန်မာနိုင်ငံသည် ကုလားရဲဘော် များ၏ စစ်မျက်နှာနှစ်ဖက်ဖွင့် တိုက်ခိုက်ရမည့် သေနင်္ဂ ဗျူဟာနှင့် မကိုက်ညီတော့ပေ။ ယင်းတို့၏ သေနင်္ဂ

ဗျူဟာကို ကျင့်သုံးရန် အိန္ဒိယနိုင်ငံသာလျှင် လုံခြုံမှု ရှိမည်ဟု ယူဆသောကြောင့် ထွက်ခွာသွားကြခြင်း ဖြစ်သည်။

သခင်စိုးသည် တရုတ်များနှင့် ဆက်သွယ်ကြည့် ရာတွင် အဆင်မပြေသဖြင့် အိန္ဒိယနိုင်ငံရှိ မဟာမိတ် များနှင့် ဆက်သွယ်ရန် ကြိုးစားလာသည်။ ဂျပန် သိမ်းပိုက်ပြီးခါစ

မြန်မာနိုင်ငံ၏အခြေအနေမှာလည်း များစွာဆိုးရွားလျက်ရှိသည်။ ဂျပန်တို့သည် မော်လမြိုင် ကိုသိမ်းပြီးပါက မြန်မာ့လွတ်လပ်ရေးကိုကြေညာပေး

မည်ဟုကတိထားခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်ခေါင်းဆောင်များက လွတ်လပ်ရေးကြေညာ ပေးရန် တောင်းဆိုသောအခါ မြန်မာတစ်နိုင်ငံလုံး

သိမ်းပြီးမှ ကြေညာသင့်သည်ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့သည်။ ဘီအိုင်အေတပ်မတော်ကိုလည်း လူ သုံးထောင်ခန့်မျှဖြင့် ကန့်သတ်ထားလိုခဲ့သည်။ သို့သော်

ဘီအိုင်အေအင်အား များစွာတိုးလာသဖြင့် ချုပ်ချယ် ဖိနှိပ်မှုများ ပြုလုပ်လာသည်။ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်အလိုတော်ရိလုပ်ခဲ့သူများမှာလည်း ဂျပန်ခေတ် တွင်

ဂျပန်အလိုတော်ရိများအဖြစ် သခင်များကို ချောက်တွန်းခြင်း၊ သူခိုးဓားပြများမွေး၍ ဘီအိုင်အေ နာမည်ဖျက်ခြင်းများ ပြုလုပ်လာကြသည်။ သခင် များစွာမှာ

ဂျပန်စစ်ပုလိပ်တို့၏ သတ်ဖြတ်ခြင်းကို ခံရသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့ လွတ်လပ်ရေးတပ်မတော်၏ ဂုဏ်သိက္ခာအတွက် အောက်ပါအမိန့်ကို ထုတ်ပြန်ခဲ့သည် -

'ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ရည်ရွယ် ချက်သည် ဗမာ့လွတ်လပ်ရေးဖြစ်သည်။

ဤတပ်သည် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စသည့် ဗမာတစ်မျိုးသားလုံးအတွက် ဖြစ်သည်။

ထို့ကြောင့် တပ်မတော်ကို အမျိုးမျိုးကူညီကြပါ။

ဗမာ့တပ်မတော်က မြို့ရွာများကို စောင့်ရှောက် ကာကွယ်နေသည်။

သေနတ် လက်နက်ရှိသူများ တပ်မတော်သို့ အပ်နှံကြ။

ရှေးက အင်္ဂလိပ်အစိုးရထံ ကလဲ့စားချေမည့်သူ များကို ကလဲ့စားချေမည့်ဆန္ဒမရှိ။

တိုင်းရင်းသားလူနည်းစုများအား ညီရင်းအစ်ကို ကဲ့သို့ သဘောထားမည်။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသည်။

ဗဟိုအစိုးရမဖွဲ့မီ အခွန်မကောက်ရ၊ ကြွေး မပေးရ။

ဂျပန်ငွေစက္ကူနှင့် အင်္ဂလိပ်လက်ထက် ဗမာငွေ စက္ကူများ အသုံးပြုနိုင်သည်။

ဗမာ့တပ်မတော်သားများ၏ အပြုအမူကို တိုင်ကြားလိုပါက တပ်မတော် တပ်ခွဲများရှိရာတွင် တိုင်ကြားနိုင်သည်။

ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ကြမ်းပိုး၊ သူခိုး၊ ဓားပြတပ်မျိုးမဟုတ်။

မျိုးချစ်စစ်တပ်ဖြစ်သည်။

ခိုးဝှက်လုယက်သူများ၊ မတော်မတရားပြုလုပ်သူ များကို စစ်ဥပဒေအရ အရေးယူမည်။

လွတ်လပ်ရေးကို လုပ်မှရမည်၊ ထိုင်နေ၍မရနိုင်၊

ဗမာတိုင်းနားလည်၍ စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရမည်' စသည်ဖြင့် ပါရှိပြီး ကြေညာချက်အောက်တွင် ပုံ၊ ဗိုလ်ချုပ် ဗိုလ်တေဇ၊

ဗမာ့လွတ်လပ်ရေးတပ်မတော်မှူးချုပ် လက်မှတ်ရေးထိုး ထားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သခင်နု၊ ဗိုလ် လကျာ်တို့နှင့်အတူ မေမြို့တွင် ဒေါက်တာဘမော်နှင့်

အစိုးရဖွဲ့စည်းရေး ဆွေးနွေးပြီး ဗဟိုအစိုးရပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းခဲ့သည်။ ဂျပန်ကဖွဲ့စည်းပေးသော ဗဟိုအုပ်ချုပ်ရေးအဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းမပါဝင်

ဘဲ ဒေါက်တာဘမော်၊ သခင်မြ၊ သခင်နု၊ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ ဒေါက်တာသိမ်းမောင်၊ ဓားမဦးဘသိန်း၊ ဗန္ဓုလဦးစိန်၊ ဦးလှဖေနှင့် ဦးဘဘေတို့ ပါဝင်ကြသည်။

ဂျပန်တပ်များ၏ ဗိုလ်ချုပ်ဖြစ်သူ ဂျင်နရယ်အီးဒါးက ဗမာ့လွတ်လပ်ရေးတပ်မတော်အား အုပ်ချုပ်ရေးကိစ္စ တွင် ဝင်မစွက်ရန် တားမြစ်ခဲ့သည်ဟု ဆိုသည်။

သခင်စိုးသည် မန္တလေးထောင်မှ လွတ်မြောက် ကတည်းက ဂျပန်များနှင့် ဆက်သွယ်မှုမရှိဘဲ လျှို့ဝှက် စွာသာ နေထိုင်လှုပ်ရှားခဲ့သည်။ ရောက်သည့်နေရာ တွင်

စည်းရုံးရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဖက်ဆစ်ဂျပန်တို့ကို မုန်းတီးနေသော မျိုးချစ်ပုဂ္ဂိုလ် များသည် သခင်စိုး၏ ဖက်ဆစ်ဆန့်ကျင်ရေးသဘော ထားကို

လက်ခံယုံကြည်လာကြသည်။ ဗိုလ်သိန်းတန်၊ သခင်လှထွန်း၊ သခင်တင်ဦး(မကွေး)နှင့် သခင်တင်မြ တို့သည် သခင်စိုးရေးသားသည့် မြင်းခြံစစ်တမ်းနှင့်

ဖက်ဆစ်ဆန့်ကျင်ရေးစာရွက်စာတမ်းများကို ကူးယူ၍ လျှို့ဝှက်စွာ ဖြန့်ဝေပေးကြရသည်။

ဖက်ဆစ်များ၏ ရိုင်းစိုင်းရက်စက်မှုများ[ပြင်​ဆင်​ရန်​]

ဖက်ဆစ်များ၏ ရိုင်းစိုင်းရက်စက်မှုများနှင့် ပတ်သက်၍ သခင်တင်မြက ဘုံဘဝမှာဖြင့်(တတိယတွဲ) စာမျက်နှာ ၁၉၅ နှင့် ၁၉၆ တွင် အောက်ပါအတိုင်း

ဖော်ပြထားသည်ကို တွေ့ရသည်။

'မခံချင်စရာ ကောင်းလှသည့် ဂျပန်ဖက်ဆစ်များ ၏ ရက်စက်ယုတ်မာမှုများကို နေ့စဉ်ပင် အတော မသတ်ကြားနေရ၏။ တောရွာများက ပျံ့လွင့်လာသော သတင်းများ၊

စစ်ရုံးသို့ အားကိုးတကြီးနှင့် လာရောက် တိုင်ကြားကြသော အမှုများတွင် မြန်မာအမျိုးသမီးများ ကို ဂျပန်စစ်သားများက ကာယိန္ဒြေဖျက်ဆီးခြင်း၊ မုဒိမ်း ကျင့်ခြင်း၊

မိဘမောင်ဖွားရှေ့တွင်ပင်မရှောင် ပြုကျင့် ခြင်း၊ လူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ ဂျပန်ကင်းစောင့်ရှေ့ ဖြတ်သွားသူတိုင်း အား

ဆရာတော်၊ သံဃာတော်များမကျန် အလေးပြု စေခြင်း၊ အလေးမပြုပါက ပါးရိုက်ခြင်း၊ ပြည်သူလူထု ၏ပစ္စည်းများကို လုယက်ယူငင်ခြင်း စသည့်သတင်း များ

နားမဆံ့အောင် ကြားနေရပါသည်။ အပြစ်ရှိသူ ဟုထင်တိုင်း နေပူလှန်းသည့် အပြစ်ဒဏ်အမျိုးမျိုး ပေးလေ့ ရှိကြပါသည်။

လက်နက်မဲ့ ပြည်သူလူထုကိုသာမဟုတ်၊ လက်နက် စွဲကိုင်ထားသော ကျွန်တော်တို့ ဘီအိုင်အေတပ်ဗိုလ်၊ တပ်သားများကိုလည်း ဖိနှိပ်စော်ကားလေ့ ရှိပေသည်။

ဗန်းမော်သို့ ရေကြောင်းချီတက်သွားသော ဗိုလ်မှူးကြီး ဇေယျ ကို ဂျပန်စစ်သားများက ပါးရိုက်ခြင်း၊ အချို့ နေရာများတွင် ဘီအိုင်အေတပ်များမှ လက်နက်များ

သိမ်း၍ ဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်ကိုင်းတွင် မကြာခဏ ဘီအိုင်အေတပ်သားများကို ရိုက်လွှတ်လေ့ရှိခြင်းစသည် တို့ ဖြစ်ပွားနေပါသည်။

ကွန်မြူနစ်များသည် ဖက်ဆစ်ဂျပန်များအား နိုင်ငံတကာ ကွန်မြူနစ်တို့၏ အယူအဆနှင့်အညီ ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးစားနေသကဲ့သို့ ဗိုလ်ချုပ် အောင်ဆန်းနှင့်

တပ်မတော်ခေါင်းဆောင်များမှာလည်း ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ် ပြီး ဖြစ်နေသည်။ ဗိုလ်သိမ်းဆွေသည် ပုသိမ်တွင်

ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးများ၏ ခြေထိုးမှု ကြောင့် ဂျပန်ကင်ပေတိုင် တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ သည်။ ဗိုလ်သိမ်းဆွေသည် ဂျပန်လက်မှလွတ်သော

အခါ ရန်ကုန်သို့သွား၍ ဗိုလ်ချုပ်အောင်ဆန်းအား တိုင်ကြားခဲ့သည်။ ဗိုလ်သိမ်းဆွေကိုယ်တိုင်ရေးသား သည့် လွတ်လပ်ရေးတိုက်ပွဲ စာမျက်နှာ ၁၃၇ တွင်

ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်ကို အောက်ပါ အတိုင်း တွေ့ရသည်။

မင်းတင် မဟုတ်ပါဘူးကွယ်၊ ပဲခူးမှ သခင်တင် တို့ ထွက်ပြေးလာခဲ့ရတယ်၊ ဒီဂျပန်တွေက တို့ကို သစ္စာဖောက်တယ်၊ မော်လမြိုင်ကျရင် လွတ်လပ်ရေး

ကြေညာမယ်ဆိုပြီး မကြေညာခဲ့ဘူး၊ လက်နက်ချပေး ပြီး မြေအောက်တော်လှန်ရေးလုပ်ဖို့ဟာလည်း ချမပေး ခဲ့ဘူး၊ ဒါကြောင့် တို့ ပိုပြီးအရေးကြီးလာပြီ၊ ညီညီ

ညွတ်ညွတ်နဲ့ လွတ်လပ်ရေးရအောင် ဆောင်ရွက်ရ မယ်၊ သည်းခံပြီး စစ်တပ်ဖွဲ့စည်းပြီးမှ ခုခံတိုက်ခိုက်နိုင် မှာကွဲ့၊ တို့ အကျဉ်းအကျပ်ထဲရောက်နေပြီ၊ လူထု ကလည်း

သိတာမဟုတ်ဘူး၊ ဂျပန်မဟာမိတ်ဆိုပြီး ကြိုဆိုကြ၊ အခွင့်အရေးသမားတွေကလည်း ရာထူး လိုချင်ကြနဲ့ကွယ်၊ ဒါ မဆန်းပါဘူး

ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်ခေါင်း ဆောင်များသည် ဖက်ဆစ်ဂျပန်တို့အား တော်လှန် တိုက်ခိုက်ရန် တပ်မတော်တစ်ရပ် ထူထောင်ထားဖို့ လိုကြောင်း

ယူဆကြသည်။ ထို့ကြောင့် ဖက်ဆစ်ဂျပန် များ၏ ဖိနှိပ်ချုပ်ချယ်မှုများအကြားမှ ဘီအိုင်အေ တပ်မတော်အား တိုးချဲ့ဖွဲ့စည်းခြင်း၊ လက်နက်ခဲယမ်း စုဆောင်းခြင်း၊

စစ်ပညာသင်ကြားလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထိုအချိန်တွင် သခင်စိုးသည် သခင်တင်ရွှေနှင့် ကိုသိန်းဖေ(သိန်းဖေမြင့်) အား ရခိုင် မှတစ်ဆင့်

အိန္ဒိယသို့စေလွှတ်ရန် ရွေးချယ်လိုက်လေ သည်။

ကိုသိန်းဖေနှင့် သခင်တင်ရွှေ အိန္ဒိယသို့ ထွက်ခွာ သွားခြင်း[ပြင်​ဆင်​ရန်​]

သခင်စိုး၊ သခင်တင်မြ၊ သခင်တင်ရွှေနှင့် ကိုသိန်း ဖေတို့သည် သခင်တင်မြ၏ဇာတိဖြစ်သော ဓနုဖြူမြို့ သို့ ရောက်လာကြသည်။ ယင်းတို့လူစုမှာ မြစ်ဝကျွန်း

ပေါ်ဒေသမှ ရခိုင်ဒေသသို့ကူးရန် ရည်ရွယ်ထားကြ သည်။ ထို့နောက် ဟင်္သာတ၊ ငါးသိုင်းချောင်း၊ သာပေါင်း နယ်များသို့ လှေတစ်တန်၊ မော်တော်တစ်တန်ဖြင့်သွား

ပြီး ရခိုင်ရိုးမကို ခြေကျင်ဖြတ်ကျော်ကြရာ ဘောမိမှ တစ်ဆင့် ဂွချောင်းသို့ ရောက်သွားကြသည်။ ဂွမြို့မှ တစ်ဆင့် သံတွဲသို့ ခရီးဆက်ပြန်သည်။ ထိုအချိန်တွင်

ဗိုလ်ရန်အောင်(သခင်လှမြိုင်)ဦးစီးသော ဘီအိုင်အေ တပ်မှာ ပြည်မြို့မှတစ်ဆင့် တောင်ကုတ်လမ်းအတိုင်း ရခိုင်တိုင်းမြောက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

သခင်စိုးတို့လူစုသည် ဗိုလ်ရန်အောင်နှင့် တွေ့ဆုံရန် ကြိုးစားကြသည်။ သခင်စိုးတို့လူစု ခရီးထွက်လာရာ တွင် သခင်တင်မြသည် ဘီအိုင်အေစစ်ဌာနချုပ်မှဖြစ် သဖြင့်

တပ်များစစ်ဆေးရန် အကြောင်းပြအယောင် ဆောင်ပြီး ထွက်လာကြခြင်း ဖြစ်သည်။

သခင်စိုးတို့လူစုသည် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် မင်းပြားမြို့သို့ရောက်သွားပြီး ဘီအိုင်အေ တပ်နှင့် တွေ့ဆုံသည်။ ထိုအချိန်တွင် ဗိုလ်ရန်အောင် သည်

စစ်တွေသို့ ရောက်ရှိနေသည်။ ဗိုလ်ရန်အောင်၏ ဘီအိုင်အေစစ်ကြောင်းသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် ပန်းတောင်းမြို့နယ် သလဲတန်းသို့ ဆိုက်ရောက်ကာ

ရခိုင်ရိုးမကို ကျော်ဖြတ်ကြသည်။ ဧပြီလ ၁၈ ရက်တွင် တောင်ကုတ်သို့ရောက်ပြီး မင်းပြား သို့ ဧပြီလ ၂၈ ရက်တွင် ရောက်ရှိနေကြခြင်းဖြစ်သည်။ ဗိုလ်ရန်အောင်

ဦးစီးသော ဘီအိုင်အေတပ်သည် ကုလားတန်မြစ်ဘေးရှိ ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက် ပြီး စစ်တွေမြို့သို့ ခြေကျင်ချီတက်သွားကြသည်။ ကျောက်တန်းရွာတွင်

အင်္ဂလိပ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး အင်္ဂလိပ်တပ်များဆုတ်ခွာသွားသောအခါ ၁၉၄၂ ခုနှစ်၊ မေလ ၇ ရက်တွင် ဘီအိုင်အေတပ်က စစ်တွေမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဘီအိုင်အေတပ်သည် ဂျပန်တပ်များထက် ဦးစွာ စစ်တွေမြို့ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် ဘဏ်တိုက်မှ ငွေ ၂၂ သိန်းနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို

ရရှိလိုက်သည်။ သခင်စိုးတို့လူစုသည် မင်းပြားတွင် ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ကိုဘဇံ၊ ဗုံပေါက်သာကျော်၊ ကိုစံရွှေ၊ ကိုလှကျော် စသောပုဂ္ဂိုလ်

များနှင့် ဆွေးနွေးကြသည်။ ထို့နောက် စစ်တွေမှ ပြန် ရောက်လာသော ဗိုလ်ရန်အောင်နှင့် သခင်စိုးတို့လူစု ဆွေးနွေးကြသည်။ သခင်စိုးက ဗိုလ်ရန်အောင်ထံမှ

ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်လုပ်ငန်းအတွက် အလှူခံရာ ဗိုလ်ရန်အောင်က ငွေငါးသောင်းလှူဒါန်း ခဲ့သည်။ ကိုသိန်းဖေနှင့် သခင်တင်ရွှေ အိန္ဒိယသို့

သွားရောက်ရေးအတွက်လည်း စားစရိတ် ငွေ တစ်ထောင် ကူညီခဲ့သည်။

သခင်စိုးတို့လူစုသည် ဖက်ဆစ်ဆန့်ကျင်ရေး အတွက် အသေးစိတ်ဆွေးနွေးပြီး ကိုသိန်းဖေနှင့် သခင် တင်ရွှေတို့ အိန္ဒိယသို့ ချောမောစွာရောက်ပါက အိန္ဒိယ ရေဒီယိုမှ

'ညိုထွန်းတို့လူစု မိဂဒါဝုန်သို့ ရောက်ရှိကြ ပြီ'ဟု အသံလွှင့်ရန် ညှိနှိုင်းကြသည်။ ထို့နောက် သခင်စိုးနှင့် သခင်တင်မြသည် ကိုညိုထွန်း(ဝန်ကြီး ဟောင်း)၊ ကိုဘဇံနှင့်

ကိုစောဦးတို့ကိုခေါ်၍ မင်းပြား မှ ပြန်လာခဲ့ကြသည်။ ထို့နောက် ကိုညိုထွန်းတို့သုံးဦး သည် သံတွဲတွင် ဗိုလ်ရန်အောင်ကိုစောင့်ပြီး ကျန်ရစ် ခဲ့ကြသည်။ သခင်စိုးနှင့်

သခင်တင်မြသည် သံတွဲတွင် ဦးကျော်ရင်(မန္တလေးတက္ကသိုလ်ပါမောက္ခဟောင်း)နှင့် တွေ့ဆုံပြီး ဖက်ဆစ်ဆန့်ကျင်ရေးကိစ္စ ဆွေးနွေးပြန် သည်။ ထို့နောက်

ဂွမြို့မှတစ်ဆင့် မြစ်ဝကျွန်းပေါ် ဒေသကိုဖြတ်သန်းပြီး ရန်ကုန်သို့ ရောက်လာကြသည်။ ရန်ကုန်သို့ ရောက်ရှိလာသောအခါ မြေအောက် လှုပ်ရှားမှုများကို

ဆက်လက်လုပ်ကိုင်တော့သည်။

သခင်တင်ရွှေနှင့် ကိုသိန်းဖေသည် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် မင်းပြားမှ ပလက်ဝဘက်သို့ ခရီးဆက်ကြသည်။ ပလက်ဝနယ်မှ ခြေကျင်ခရီးဖြင့် နယ်စပ်ကို

ဖြတ်ကျော်ပြီး စစ်တကောင်းနယ်သို့ ဝင် သည်။ ပထမပုလိပ်အဖွဲ့နှင့် ဆက်သွယ်ပြီးနောက် စစ် တပ် နှင့် ဆက် သွယ် ရာ အ ဖမ်း ခံ ကြ ရ ပြီး

ကာလကတ္တားမြို့မှတစ်ဆင့် ဒေလီမြို့သို့ ရောက်သွားကြ သည်။ ဗြိတိသျှအာဏာပိုင်များသည် ကိုသိန်းဖေတို့ တင်ပြသမျှကို လက်မခံဘဲ စစ်သတင်းများသာ စစ်ဆေး

မေးမြန်းကြသည်။ နယူးဒေလီတွင် အကျယ်ချုပ်ဖြင့် ငါးလကြာမြင့်စဉ်အတွင်း ကိုသိန်းဖေသည် အင်္ဂလိပ် ဘာသာဖြင့် (What Happened in Burma) (ဗမာ

ပြည်မှာ ဘာဖြစ်ခဲ့သလဲ)စာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်ကို အိန္ဒိယကွန်မြူနစ်ပါတီက စာအုပ်အဖြစ် ရိုက်နှိပ်ဖြန့်ချိပေးပြီး သတင်းအဖြစ်လည်း ကမ္ဘာသို့

ဖြန့်ပေးခဲ့သည်။

ကိုသိန်းဖေနှင့် သခင်တင်ရွှေကို ဗြိတိသျှအာဏာ ပိုင်များက နယူးဒေလီမြို့တွင် ငါးလကြာမျှ အကျယ် ချုပ်ဖြင့်ထားပြီး ဆင်းမလားသို့ ပြောင်းရွှေ့ပြန်သည်။

ဆင်းမလားတွင် ဗမာပြည်ဘုရင်ခံ ဒေါ်မန်စမစ် ခေါင်းဆောင်သော ဗမာပြည်ဆိုင်ရာ အင်္ဂလိပ်စစ်ပြေး အစိုးရ ရှိနေသည်။ ကိုသိန်းဖေတို့နှစ်ဦးသည် အင်္ဂလိပ်

စစ်ပြေးအစိုးရနှင့် အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ဆင်းမလားမှ နယူးဒေလီသို့ ပြန်လာကြပြီး ဗြိတိသျှ ပြန်ကြားရေးဝန်ကြီးဌာနခွဲတွင် ဖက်ဆစ်ဂျပန်ဆန့်ကျင်

ရေးလုပ်ငန်းများကို ဝင်ရောက်ကူညီခဲ့သည်။ ရေဒီယို မှ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး သဘောထားများ ဟောပြောကြပြီး လေနတ်သားသတင်းစာတွင် ဆောင်းပါးများ

ရေးသားခဲ့ကြသည်။ အိန္ဒိယကွန်မြူနစ် ပါတီနှင့်မူ အဆက်အသွယ်မှန်မှန် ရရှိခဲ့ကြသည်။

၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကိုသိန်းဖေတို့ အိန္ဒိယရောက်စက တိတ်တဆိတ်ဆက်သွယ်အကြောင်း ကြားခဲ့သောတရုတ်ပြည်သမ္မတချန်ကေရှိတ်၏အကြံပေး အရာရှိ

ဂျင်နရယ် ပီအက်စ်ဝမ် ၏တောင်းဆိုချက် ဖြင့် ဗြိတိသျှအစိုးရက ကိုသိန်းဖေနှင့် သခင်တင်ရွှေကို ချန်ကင်းသို့ ပို့ပေးသည်။ ထိုအချိန်တွင် ချန်ကေရှိတ် အစိုးရသည်

ဂျပန်ကိုဟန်ပြသာတိုက်ခိုက်နေပြီး မော်စီတုန်း၏ကွန်မြူနစ်များကိုသာ အဓိကထား ထိုးနှက်နေစဉ် ဖြစ်သည်။ ချန်ကေရှိတ်အစိုးရက သခင် တင်ရွှေနှင့် ကိုသိန်းဖေကို

မည်သည့်အကူအညီမျှ မပေး ခဲ့ပေ။ သို့သော် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သော ချူအင်လိုင်းနှင့် တိတ်တဆိတ် ဆွေးနွေးခွင့်ရခဲ့သည်။

ချူအင်လိုင်းက ဖက်ဆစ် ဆန့်ကျင်ရေးအတွက် ပြည်တွင်းအင်အားကိုသာ အဓိက ထားရန် အကြံပေးခဲ့သည်။

ကိုသိန်းဖေနှင့် သခင်တင်ရွှေ ချန်ကင်း၌ရှိစဉ် အင်္ဂလိပ်စစ်ဘက်ဆိုင်ရာက ဝင်းဂိတ်၏ ခရီးရှည်ထိုး ဖောက်စစ်ဆင်ရေးတွင် ပါဝင်ရန် သွေးတိုးစမ်းမေးမြန်း ခဲ့သည်။

မဟာမိတ်များသည် မြန်မာပြည်ရှိ ဖက်ဆစ် ဆန့်ကျင်ရေးအင်အားစုများအား ယင်းတို့၏ သူလျှိုများ၊ သတင်းပေးများ၊ ဒေသခံတပ်ဖွဲ့ဝင်များအဖြစ်သာ

အသုံးပြုလိုခြင်းဖြစ်သည်။ ကိုသိန်းဖေနှင့် သခင်တင်ရွှေ က ဝင်းဂိတ်၏စစ်ဆင်ရေးကို ငြင်းပယ်ပြီး အိန္ဒိယသို့ ပြန်လာကြသည်။ အိန္ဒိယရောက်သောအခါ မြန်မာပြည် ရှိ

ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများအား အကူ အညီပေးသင့်ကြောင်း ဗြိတိသျှအစိုးရထံ စာဖြင့်တင်ပြ ပြန်သည်။ ဗြိတိသျှစစ်တပ်များသည် မြန်မာပြည်

ပြန်သိမ်းရေးအတွက် ယင်းတို့၏အစီအစဉ်ဖြင့်သာ အောင်မြင်ရန် ကြိုးစားနေကြသည်။ ထို့နောက် မြန်မာ ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ အကူအညီမရဘဲ

မြန်မာနိုင်ငံအား သိမ်းပိုက်ရန်မဖြစ်နိုင်ကြောင်း သိလာ မှ သခင်တင်ရွှေကို မြန်မာပြည်သို့ ပြန်လည်စေလွှတ် လိုက်သည်။

သခင်တင်ရွှေသည် မြန်မာပြည်သို့ လျှို့ဝှက်စွာ ပြန်လည်ရောက်ရှိလာပြီး မြေအောက်လုပ်ငန်းလုပ်နေ သော သခင်စိုးတို့လူစုနှင့် ညှိနှိုင်းဆွေးနွေးပြန်သည်။ ထို့နောက်

မမြရီနှင့်လက်ထပ်၍ မမြရီကိုပါခေါ်ပြီး အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ကွန်မြူ နစ်များ၏ ပြည်ပဆက်သွယ်မှုမှာ ပထမပိုင်းတွင်

အောင်မြင်မှုမရခဲ့သော်လည်း နောက်ပိုင်းတွင် အသင့် အတင့်အောင်မြင်လာသည်။ တရုတ်ကွန်မြူနစ်ပါတီ၊ အိန္ဒိယကွန်မြူနစ်ပါတီတို့နှင့်လည်း အဆက်အသွယ်

ကောင်းမွန်လာသည်။ သို့သော် မြေအောက်ကွန်မြူနစ် ပါတီဝင်များသည် ကွန်မြူနစ်ပါတီ၏အရေးကို ဆောင်ရွက်ခြင်းထက် အခြားခေါင်းဆောင်များနည်းတူ

ဖက်ဆစ်ဆန့်ကျင်ရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ ကြခြင်း ဖြစ်လေသည်။

ကုလား - ရခိုင် အဓိကရုဏ်းနှင့် ရခိုင်တိုင်း၏ နိုင်ငံရေးအခြေအနေ[ပြင်​ဆင်​ရန်​]

ရခိုင်တို့၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ[ပြင်​ဆင်​ရန်​]

ရခိုင်ဒေသသည် ၁၈၂၆ ခုနှစ်တွင် ရန္တပိုစာချုပ် အရ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ဗြိတိသျှတို့သည် ရခိုင်မြို့တော်ကို မြောက်ဦးမြို့ (မြို့ဟောင်း)မှ

ပိုမို၍ အချက်အချာကျသော စစ်တွေ မြို့သို့ ၁၈၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ပြောင်းရွှေ့ခဲ့သည်။ ဗြိတိသျှတို့သည် ရခိုင်လူမျိုးတို့ အပေါ်တွင် ဖိနှိပ်အုပ်ချုပ်ပြီး

ငါးနှစ်သားမှစ၍ လူခွန် ကောက်ခံခဲ့သည့်အပြင် အိန္ဒိယနိုင်ငံမှ ဇာမီဒါ မြေရှင် စနစ်ဆိုးကိုလည်း သွတ်သွင်းပေးခဲ့သည်။ ၁၈၂၇ ခုနှစ်တွင် ဒေးဝန်ကြီ

ဦးအောင်ကျော်ရှီး၊ မြို့သူကြီး ဦးအောင်ကျော်ဇံ၊ မင်းသားကြီး ဦးရွှေမန်း၊ ဓားပိုင်ကြီး ဦးကျော်ပုံတို့ ဦးဆောင်၍ ပုန်ကန်ခဲ့သော်လည်း ပုန်ကန်မှုမှာ မအောင်မြင်ခဲ့ပေ။

ဦးရွှေမန်းသည် ဖမ်း ဆီးပြီး ဘင်္ဂလားသို့ အပို့ခံရရာမှ အစာငတ်ခံဆန္ဒပြရာ ၄၁ ရက်အကြာတွင် သေဆုံးခဲ့ရသည်။ ၁၈၂၉ ခုနှစ် တွင် မောင်သာဦးခေါင်းဆောင်၍

သံတွဲတွင် သူပုန်ထ သည်။ ဗြိတိသျှတပ်မှူး ဂေါ်ဒွင်ကျဆုံးခဲ့ရသည်။ ဗြိတိသျှတပ်ခွဲ ခုနစ်ခုနှင့် တိုက်ခိုက်မှ ၁၈၃ဝ ပြည့်နှစ် တွင် သူပုန်များငြိမ်သက်သွားသည်။

သို့သော် ၁၈၃၁ ခုနှစ်၊ ၁၈၃၆ ခုနှစ်၊ ၁၈၅၃ ခုနှစ်၊ ၁၈၆၇ ခုနှစ်၊ ၁၈၈၇ ခုနှစ်များတွင် ပုန်ကန်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

၁၈၉ဝ ပြည့်နှစ်တွင် ဘုန်းကြီးတစ်ပါးဦးဆောင်၍ ဗြိတိသျှတို့အား တော်လှန်တိုက်ခိုက်ရာ သံတွဲမြို့ တစ်စိတ်တစ်ပိုင်းကို သိမ်းနိုင်ခဲ့သည်။ ၁၈၉၁ ခုနှစ် တွင်

မောင်ဖော်အောင်ခေါင်းဆောင်၍ ပုန်ကန်ပြန်ရာ ၁၈၉၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မောင်ဖော်အောင် နှင့် ဖခင်ဖြစ်သူတို့ အဖမ်းခံရပြီး ကြိုးပေးခံရသည်။

ထို့နောက်တွင်ကား ရခိုင်ဒေသ၌ ဗြိတိသျှတို့အား လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများ လျော့နည်း လာသည်။ သို့သော် စစ်တွေသားဖြစ်သူ ဆရာတော် ဦးဥတ္တမ၏

နယ်ချဲ့ဆန့်ကျင်ရေးတရားများကြောင့် နိုင်ငံရေးနိုးကြားမှုများ ရှိလာသည်။ ၁၉ဝ၆ ခုနှစ်တွင် ဦးစိန်လှအောင်သည် ဝိုင်အမ်ဘီအေ၌ ပါဝင်လှုပ်ရှား လာပြီး ၁၉၂ဝ

ပြည့်နှစ်တွင် ရခိုင်ဂျီစီဘီအေကို ဖွဲ့ခဲ့ ကြသည်။ ပထမကျောင်းသားသပိတ်(၁၉၂ဝ)တွင် ပါဝင်သော ဦးဘဦးမှာလည်း သံတွဲသားဖြစ်သည်။ ဦးဥတ္တမခေါင်းဆောင်၍

၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလ တွင် စစ်တွေ၌ အမျိုးသားကျောင်း ယာယီဖွင့်လှစ် သည်။ ၁၉၂၃ ခုနှစ်တွင် အမျိုးသားကျောင်းကြီး ပေါ်ထွက်လာသည်။

၁၉၃၅ ခုနှစ် (၉၁)ဌာနအုပ်ချုပ်ရေးကာလတွင် အထက်လွှတ်တော်အမတ် ဦးစီအောင် (အရေးပိုင် ဟောင်း)၊ ဆာထွန်းအောင်ကျော်တို့ ဦးဆောင်၍ အာရကန်ပါတီကို

ဖွဲ့စည်းခဲ့ကြသည်။ အာရကန်ပါတီ တွင် ဦးရွှေသာက ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဆာ ထွန်းအောင်ကျော်၊ ဦးအောင်ဇံဝေ၊ ဦးမောင်မောင် ထွန်းအောင်ကျော်၊ မစ္စတာ

ဆူလတန်မာမူး၊ မစ္စတာ ဂူနီမာရက်၊ ဦးစောလှညို (ကျောက်ဖြူ)၊ ဦးဖိုးမြင့် (မာန်အောင်)တို့ ပါဝင်ခဲ့သည်။ အာရကန်ပါတီသည် ဗြိတိသျှအစိုးရထံသို့ 'ရခိုင်ပြည်အား

အထူးကာကွယ် စောင့်ရှောက်ရန် လိုအပ်ချက်'စာတမ်းကို အင်္ဂလိပ်လို ရေးသား၍ တင်သွင်းခဲ့သည်။

၁၉၃၆ ခုနှစ်၊ ဒုတိယကျောင်းသားသပိတ်တွင် ကိုဘစံသည် ကိုအောင်ဆန်းခေါင်းဆောင်သော သပိတ်ကောင်စီဝင် ကျောင်းသား ၃ဝ တွင် ပါဝင်ခဲ့ သည်။ ထို့နောက်

မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအမှုဆောင် ဖြစ်လာသည်။ ရန်ကုန်သပိတ် ကောင်စီမှ တာဝန်ပေးသဖြင့် ကိုဘစံ၊ ကိုညိုထွန်း၊ ကိုကျော်မြတို့

စစ်တွေသို့ရောက်ရှိလာပြီး ကျောင်းသား သမဂ္ဂကို ထူထောင်ဖွဲ့စည်းကြသည်။ ၁၉၃၆ ခုနှစ်၊ မတ်လ ၂၉ ရက်တွင် ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များ

နိုးကြားရေးအစည်းအရုံးကို ဖွဲ့စည်းရာ ဦးသတိုးလှ (မိဇံ)က ဥက္ကဌဖြစ် ဆောင်ရွက်ပြီး ဦးကျော်နု (နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်)၊ ကိုစိန်ထွန်း၊ ကိုဘစံ၊

ကိုကျော်မြ(တောခို ဗကပ ဗဟိုကော်မတီဝင်)တို့ ပါဝင် ကြသည်။ အစည်းအရုံးဖွဲ့စည်းပြီး မကြာခင်မှာပင် အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီ ဥက္ကဌ ပဏ္ဍစ်နေရူးနှင့်

သမီးဖြစ်သူ အင်ဒီရာဂန္ဒီတို့ လာရောက်ပြီး အစည်း အရုံးနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံတွင် ရခိုင်မျိုးချစ်များ ပါဝင်လှုပ်ရှားကြ ရာ

ဗိုလ်အောင်ကျော်ကျဆုံးစဉ်က ကိုဘစံ၊ ကိုရွှေမောင်၊ ကိုအောင်စံရှီးတို့ ဒဏ်ရာရခဲ့ကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ ပညာပြန့်ပွားရေးအသင်းကို ၁၉၃၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ထို့နောက် ရခိုင် ပြည်လုံးဆိုင်ရာအဖွဲ့ချုပ်ဟု အမည်ပြောင်းကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များနိုးကြားရေးအစည်း အရုံးကို ရုပ်သိမ်းပြီးနောက် အဖွဲ့အစည်းတစ်ခုတည်း ဖြစ်လာစေရန် မင်းပြားသခင်ကျော်ယ၊ လှထွန်းအောင် နှင့်

သခင်ဘိုးလှတို့က စည်းရုံးခဲ့ကြသည်။ ၁၉၃၉ ခုနှစ်၊ မေလ ၂ ရက်နှင့် ၃ ရက်များတွင် ရခိုင် တိုင်းရင်းသားအစည်းအရုံးကြီးအမည်ဖြင့် မင်းပြား ညီလာခံမှ

စတင်ဖွဲ့စည်းသည်။

ရခိုင်တိုင်းရင်းသားအစည်းအရုံးတွင် ဥက္ကဌအဖြစ် ဦးအောင်ထွန်းဦးက ဆောင်ရွက်ပြီး ဦးစံရွှေ၊ ဦးရွှေဇံ ဦး၊ ဦးဘစံ၊ ဦးကျော်နု၊ ဦးထွန်းဝင်း၊ ဦးအောင်ထွန်းမြ၊

သခင်ဘိုးလှ၊ သခင်အိုးလောင်၊ ဦးဘသာ၊ ဦးစောလှဖြူ၊ ဦးကျော်ဦးတို့ ပါဝင်ကြသည်။ နယ်ချဲ့တိုက်ဖျက်ရေး၊ လယ်သမားအရေး၊ စက္ကူစက်တိုက်ဖျက်ရေး၊ ပြည်မနှင့်

ရခိုင် ညီညွတ်စွာ နယ်ချဲ့ကို ဆန့်ကျင်တိုက်ဖျက်ရေး များကို ဖော်ဆောင်ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၄ဝ ပြည့် နှစ် ပေါက်တောညီလာခံတွင် ၁၉၃ဝ ပြည့်နှစ်ခန့်တွင်

ထူထောင်ခဲ့သည့် ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေး အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားအစည်းအရုံးဟူ၍ ဖြစ်လာသည်။ ပေါက်တောညီလာခံသို့ သခင်စိုးနှင့်

သခင်ဘသော်တို့ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ ကြသည်။

၁၉၄၁ ခုနှစ်တွင် ကျောက်တော်ညီလာခံကို ကျင်းပရာ ပြည်မမှ ဦးဘဝင်းနှင့် ဒေါ်မြစိန်တို့ တက်ရောက်လာကြသည်။ ရခိုင်အမျိုးသားကွန်ဂရက်ဂ အဖွဲ့ဝင်များ

ညီလာခံကျင်းပစဉ် အဖမ်းခံရပြီး အိန္ဒိယ နိုင်ငံ၊ ကိုမီလာထောင်သို့ အပို့ခံကြရသည်။

၁၉၄၁ ခုနှစ်တွင် သခင်တင်မြနှင့်သခင်ခင်အောင် တို့ရောက်လာပြီး ဗြိတိသျှတို့အား လက်နက်ကိုင် တိုက်ခိုက်ရေးကို ဆွေးနွေးကြသည်။ ရခိုင်တိုင်းလုံး

ဆိုင်ရာတိုင်းရင်းသားအစည်းအရုံးကြီး၏ ခေါင်းဆောင် များဖြစ်သော ဦးအောင်ထွန်းဦးနှင့် ကိုဘစံတို့က နယ်ချဲ့ တိုက်ဖျက်ရေးကို ငြင်းပယ်လိုက်ကြသည်။ ထို့နောက်

သခင်တင်မြသည် ဦးပညာသီဟ၊ ကိုသိန်းအောင်၊ ကိုမြ၊ ဗုံပေါက်သာကျော်တို့နှင့် စစ်တွေမြို့၊ ဦးဥတ္တမလမ်း၊ တန်ခိုးဘုန်းတော်ကြီးကျောင်း၊ မိန်းမဇရပ်တွင်

လျှို့ဝှက်စွာ ဆွေးနွေးခဲ့ကြပြန်သည်။

ထိုအချိန်တွင် ဒေါက်တာဘမော်၏ ဝံသာနုဂိုဏ်း နှင့် တို့ဗမာအစည်းအရုံးဝင် သခင်များ ပူးပေါင်း၍ ဗမာ့ထွက်ရပ်ဂိုဏ်းကို ဖွဲ့စည်းပြီး ဖြစ်သည်။ နယ်ချဲ့

ဆန့်ကျင်ရေးစာတမ်းများကို ဗုံပေါက်သာကျော်က ဝေငှ ပြီး ကျောင်းသားသမဂ္ဂအစည်းအဝေးတွင် ဖတ်ပြ၍ စည်းရုံးခဲ့သည်။ ဦးပညာသီဟ၊ ဦးစိန္တာနှင့် ဗုံပေါက်

သာကျော်တို့လူစုသည် နယ်ချဲ့ဆန့်ကျင်ရေးအတွက် ပိုမို၍ လက်တွဲမိလာကြသည်။ သခင်တင်မြနှင့် ကိုသိမ်းအောင်သည် မြေအောက်တော်လှန်ရေးဌာန ချုပ်မှ

ကိုယ်စားလှယ်များဖြစ်သည်။ ရခိုင်တိုင်းလုံး ဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးက လက်နက်ကိုင် တော်လှန်ရေးကို ငြင်းပယ်သော်လည်း ဦးပညာသီဟ၊ ဦးစိန္တာနှင့်

ဗုံပေါက်သာကျော်တို့လူစုက လက်ခံခဲ့ ကြသည်။

ဦးပညာသီဟက သခင်တင်မြအား 'လွတ်လပ်ရေး ရရှိပြီးပါက ရခိုင်ပြည် သီးခြားသမ္မတနိုင်ငံ ထူထောင် ခွင့် ပေးနိုင်၊ မပေးနိုင်'ကို မေးမြန်းခဲ့ရာ သခင်တင်မြ နှင့်

ကိုသိမ်းအောင်သည် မြေအောက်တော်လှန်ရေး ဌာနချုပ်ကိုယ်စား ရခိုင်ပြည်ခွဲထွက်ခွင့်ကို တာဝန်ယူ ခဲ့ကြသည်။ သခင်တင်မြသည် ရခိုင်မျိုးချစ်ပုဂ္ဂိုလ် များအား

စစ်သင်တန်း၊ နိုင်ငံရေးသင်တန်းများကို လျှို့ဝှက်ပို့ချခဲ့ရာ ရခိုင်မျိုးချစ်အချို့တွင် မာ့ခ်စ်ဝါဒ အမြစ်တွယ်လာသည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွား၍

အင်္ဂလိပ်တပ်များဆုတ်ခွာသောအခါ ရခိုင်တို့သည် ကရင်စစ်ပြေးများအား ကူညီခြင်း၊ လက်နက်ခဲယမ်းများ သိုဝှက်ခြင်းတို့ကို ဆောင်ရွက်သည်။ ၁၉၄၂ ခုနှစ်၊ မတ်လ

၂၃ ရက်တွင် ဂျပန်လေယာဉ်များက စစ်တွေ မြို့ကို ဗုံးကြဲတိုက်ခိုက်သည်။ စစ်တွေ အရေးပိုင် ဦးကျော်ခိုင် နှင့် အုပ်ချုပ်ရေးအဖွဲ့သည် စစ်တွေမြို့ မှ

ဘူးသီးတောင်မြို့သို့ ပြောင်းရွှေ့သွားကြရသည်။

ကုလား - ရခိုင် အဓိကရုဏ်း ဖြစ်ပွားလာခြင်း[ပြင်​ဆင်​ရန်​]

အင်္ဂလိပ်လက်အောက်သို့ ရခိုင်ဒေသရောက်သွား စဉ်ကပင် စစ်တကောင်း ကုလားများသည် ရခိုင်ဒေသ အတွင်းသို့ အလုံးအရင်းဖြင့် လှိမ့်၍ဝင်လာခဲ့ကြသည်။

အင်္ဂလိပ်အစိုးရက မြေရိုင်းဝေငှသည့်ဥပဒေကို ပြဌာန်း လိုက်သောအခါ စစ်တကောင်း ကုလားများသည် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ စသော

မြို့နယ်များသို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းလာကြပြီး မြေရိုင်းများကို ရှင်းလင်းလုပ်ကိုင်ကြသည်။ မွတ်စလင် ဘာသာဝင် စစ်တကောင်းကုလားများ ရခိုင်ဒေသ

မြောက်ပိုင်းတွင် ကျေးရွာများ ထူထောင်နေထိုင်ကြ ကြောင်း ဘားမားဂေဇက်တီးယား စာရွက်စာတမ်းများ တွင် ခိုင်မာစွာတွေ့ရသည်။ ၁၈၃၂ ခုနှစ်တွင် စစ်တွေ

ခရိုင်၌ လူဦးရေတစ်သိန်းကျော်သာ ရှိသော်လည်း ၁၉၄၁ ခုနှစ်တွင် လူဦးရေ ခုနစ်သိန်းခွဲကျော် တိုးပွား လာရာ အများစုမှာ ဒေသခံရခိုင်များမဟုတ်ဘဲ စစ်တွေ ခရိုင်၊

ဘူးသီးတောင်၊ မောင်တောဒေသများတွင် မွတ်စလင်ကုလားဦးရေမှာ သုံးသိန်းကျော်အထိ ဖြစ်လာ ခဲ့သည်။

အင်္ဂလိပ်များ ရခိုင်ဒေသမှဆုတ်ခွာစဉ် မသယ် ယူနိုင်သဖြင့် ကျန်ရစ်ခဲ့သော လက်နက်ခဲယမ်းများမှာ ရခိုင်များနှင့် ခေါ်တောကုလားများအတွင်းတွင် ပျံ့နှံ့ သွားသည်။

ထိုအချိန်တွင် စစ်တွေအရေးပိုင် ဦးကျော်ခိုင်မှာလည်း တစ်နေရာတည်းတွင် အခြေမချ နိုင်ဘဲ ဗြိတိသျှစစ်ရေယာဉ်အမ်အယ်လ် ၁၁ဝဝ ဖြင့် လှည့်လည်၍

ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်နေရ သည်။ စစ်တွေမြို့ပေါ်တွင်လည်း ဗြိတိသျှစစ်တပ်မှ ရာဇပုတ်ကုလားများက စည်းမဲ့ကမ်းမဲ့ တိုက်ခိုက် ရမ်းကားလျက်ရှိသည်။

ထိုအချိန်တွင် ဦးပညာသီဟ နှင့် ကိုလှကျော်တို့သည် ဗြိတိသျှစစ်တပ်မှ လက်နက် ခဲယမ်းများကို ခိုးထုတ်၍ ရခိုင်မျိုးချစ်များလက်သို့ ဖြန့်ဝေပေးနေကြသည်။

လက်နက်ကိုင်ကုလားများမှာ လည်း ထိန်းမရသိမ်းမရ ဖြစ်လာသည်။ လက်နက်ကိုင် ရခိုင်များက စစ်ပြေးများအား တိုက်ခိုက်လုယက်ရာမှ ကုလားများကိုပါ

တိုက်ခိုက်လုယက်လာသည်။ ကုလား များကလည်း ရခိုင်လူမျိုးများအား လုယက်သတ်ဖြတ် လာကြသည်။

မြေပုံမြို့နယ်တွင် ရက်ချောင်းကျေးရွာမှ သူကြီး သားအဖကို ကုလားလူမျိုးများက ဝင်ရောက်သတ်ဖြတ် လိုက်ကြသည်။ သိန်းကျော်အောင်နှင့် မောင်ကျော်ယ

တို့ခေါင်းဆောင်သော ရခိုင်များကလည်း လက်စားချေ သည့်အနေဖြင့် ရက်ချောင်းကုလားရွာကို တိုက်ခိုက် ဖျက်ဆီး၍မီးတင်ရှို့လိုက်ရာမှ ကုလားလက်နက်ကိုင်နှင့်

ရခိုင်လက်နက်ကိုင်များ၏တိုက်ခိုက်မှုသည် လူမျိုးရေး အဓိကရုဏ်းအသွင်သို့ ကူးပြောင်းသွားတော့သည်။ အိုင်စီအက်စ် ဦးကျော်ခိုင်သည် ဘူးသီးတောင်မြို့

ဂူဒါပြင်ကျေးရွာတွင် စစ်ဘေးစစ်ဒဏ်ခိုလှုံနေရာမှ စစ်တွေမြို့မှ ကုလားသူဌေးကြီး မာရတံတင်ဘီကို အဓိကရုဏ်းကိစ္စ ဆွေးနွေးရန် ဖိတ်ကြားခဲ့သည်။ သို့သော်

မာရတံတင်ဘီသည် ဦးကျော်ခိုင်ထံ လာ ရောက်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဦးကျော်ခိုင်သည် ပရိုဂရက်စ် နှစ်ထပ်သင်္ဘောကိုစီး၍ ဦးရွှေသာ၊ ဦးအကိုင်၊ ရဲဝန်ထောက်

ဦးရွှေသာ၊ အောင်စံလှ၊ မြို့ပိုင် ဦးဘတင်တို့နှင့်အတူ စစ်တွေသို့ ထွက်ခွာလာသည်။

ပရိုဂရက်စ်သင်္ဘော ဂူဒါပြင်ရွာရောက်သော အခါ အသင့်နေရာယူထားသော ကုလားများအနက် ကာလုဆိုသူက စတင်ပစ်ခတ်ရာ ဦးကျော်ခိုင်ကို

ကျည်ဆန်ထိမှန်သွားသည်။ ဦးကျော်ခိုင်သည် သင်္ဘော ကို နောက်ပြန်လှည့်မောင်းရန် အမိန့်ပေးပြီး သေဆုံး သွားသည်။ ပရိုဂရက်စ်သင်္ဘောသည် ပုဏ္ဏားကျွန်းသို့

ဆုတ်ခွာလာသည်။ ပုဏ္ဏားကျွန်းတွင် သံတွဲမှချီတက် လာသော ဗိုလ်ရန်အောင်၏ ဘီအိုင်အေတပ်ရောက်နှင့် နေသဖြင့် ပြန်လည်ဆုတ်ခွာရပြန်သည်။

၁၉၄၂ ခုနှစ် ရခိုင်ဒေသအခြေအနေမှာ များစွာ ဆိုးရွားလှသည်။ အင်္ဂလိပ်စစ်တပ်များ ဆုတ်ခွာပြီး ဗြိတိသျှအစိုးရအရေးပိုင်လည်း ကျဆုံးသွားသဖြင့် အုပ်ချုပ်မှု

ကင်းမဲ့နေသည်။ ဂျပန်တပ်များနှင့် ဘီအိုင်အေတပ်များက ရခိုင်ဒေသကို တစ်စတစ်စ သိမ်းပိုက်နေသည်။ သို့သော် အုပ်ချုပ်ရေးစနစ်မှာ တိတိကျကျ

မထူထောင်နိုင်သေးပေ။ ထို့ကြောင့် ကုလား - ရခိုင်အဓိကရုဏ်းသည် များစွာကြီးမား ကျယ်ပြန့်လာသည်။ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ မြို့ဟောင်း၊

ကျောက်တော်မြို့နယ်များတွင် ရခိုင်များက အရေးသာခဲ့သော်လည်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် ကုလားများက အရေး သာခဲ့သည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မှ ရခိုင်၊ ဒိုင်းနက်၊ သက် စသော တိုင်းရင်းသားများ သည် ကျေးရွာများကို စွန့်ပစ်၍ ရခိုင်ဒေသတောင်ပိုင်း သို့

ထွက်ပြေးလာကြရသည်။

ဗိုလ်ရန်အောင်၏ ဘီအိုင်အေတပ်[ပြင်​ဆင်​ရန်​]

ဗိုလ်ရန်အောင်၏ ဘီအိုင်အေတပ်သည် တောင်ကုတ်လမ်းအတိုင်း ရခိုင်ဒေသမြောက်ပိုင်းသို့ ဝင်ရောက်လာရာ ရခိုင်လူငယ်များစွာသည် ဘီအိုင်အေ တပ်သားများ

ဖြစ်လာကြသည်။ ကိုမြ၊ ဗုံပေါက် သာကျော် သံမဏိတပ်ဗိုလ်ချုပ်သာထွန်းဦး၊ ကိုဘစံ စသော ရခိုင်ခေါင်းဆောင်များသည် ဘီအိုင်အေနှင့် ပူးပေါင်းဆောင်ရွက်ပြီး

မြို့ပြအုပ်ချုပ်ရေးတွင် တာဝန် ယူကြသည်။ ဘီအိုင်အေတပ်သို့ ဝင်ရောက်ကြသော တပ်သားသစ်များမှာ ၂ဝဝ ခန့်ပင် ရှိသည်။ ရခိုင် တိုင်းရင်းသားအစည်းအရုံး ဥက္ကဌ

ဦးသာဇံလှ၊ ဒုတိယ ဥက္ကဌ ဦးအောင်ထွန်းဦးတို့သည် စစ်တွေမြို့ကို သိမ်းပိုက်ရန် ဘီအိုင်အေနှင့်အတူ လိုက်ပါကြသည်။ ဗိုလ်ရန်အောင်၏ ဘီအိုင်အေတပ်သည်

ဂျပန်များ ထက် နှစ်ရက်စော၍ ၁၉၄၂ ခုနှစ်၊ မေလ ၇ ရက်တွင် စစ်တွေမြို့ကို သိမ်းပိုက်လိုက်ကြသည်။ စစ်တွေမြို့ကို သိမ်းပြီးနောက်တွင်

ဘီအိုင်အေတပ်သားအင်အားမှာ ပိုမို၍ တိုးပွားလာပြန်သည်။

ရခိုင် ခေါင်းဆောင်များ သိုဝှက်ထားသည့် လက်နက်များမှာလည်း အင်္ဂလိပ်တပ်များကိုတိုက်ခိုက် ရေးထက် ကုလားများကိုတိုက်ခိုက်ရန်သာ ဖြစ်လာခဲ့ သည်။

ဘူးသီးတောင်မြို့တွင်လည်း ကုလားများက တိုက်ခိုက်နေသဖြင့် ကရင်လက်နက်ကိုင်တပ်စုတစ်စု (ယခင်ဘားမင်းဗော်လံတီယာမှကျန်ရစ်)နှင့် မြို့ခံ

လက်နက်ကိုင်များက ခုခံနေရာ အရေးနိမ့်လာခဲ့သည်။ ထို့ကြောင့် စစ်တွေတွင်ရှိနေသော ဗိုလ်ရန်အောင်ထံ သို့ စစ်ကူပေးပါရန် တောင်းခံခဲ့ရသည်။ ဗိုလ်ရန်အောင်

က ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ခေါင်းဆောင် ဦးသာဇံလှ၊ ဦးပညာသီဟ၊ မွတ်စလင် အမျိုးသား ဦးဘိုးခိုင်၊ ဦးယာဆင်ဂ တို့ပါဝင်သော

ငြိမ်းချမ်းရေးအဖွဲ့ကို ဘူးသီးတောင်သို့ စေလွှတ်လိုက် သည်။ ငြိမ်းချမ်းရေးအဖွဲ့သည် ကရစ်ရှ်နားသင်္ဘော (ဘီအိုင်အေခေတ်တွင် ရန်ကြီးအောင်ဟု အမည်ပြောင်း

ထားသည်)ဖြင့် သုံးရောင်ခြယ်အလံလွှင့်ထူပြီး ရသေ့ တောင်မှတစ်ဆင့် ဘူးသီးတောင်သို့ ထွက်ခွာသွား သည်။

ဗိုလ်ရန်အောင်သည် ဗိုလ်ရန်နောင်နှင့် ဗိုလ် မျိုးညွန့်တို့ ခေါင်းဆောင်သော တပ်စုကိုလည်း မောင်တောသို့ စေလွှတ်လိုက်သည်။ ဘီအိုင်အေ ခေါင်းဆောင်များ

မောင်တောတွင် တရားပွဲကျင်းပနေ ကြစဉ် ကုလားများက အလစ်ဝင်ရောက်တိုက်ခိုက်ကြ ရာ ဗိုလ်ရန်နောင်နှင့် ဗိုလ်မျိုးညွန့် အပါအဝင် တပ်စု တစ်စုလုံး

ကျဆုံးသွားရသည်။ ဘူးသီးတောင်နှင့် မောင်တောတွင် အဓိကရုဏ်းမှာ ပိုမိုပြင်းထန်လာပြီး ရခိုင်အမျိုးသားများမှာ ရာနှင့်ချီ၍ သေဆုံးကြရသည်။ ဘူးသီးတောင်တွင်

ရခိုင်လူမျိုးများ ပိတ်ဆို့ခံနေရရာ ငြိမ်းချမ်းရေးအဖွဲ့မှာလည်း မည်ကဲ့သို့မျှ မတတ်နိုင် ခဲ့ချေ။

ဦးပညာသီဟက ဘူးသီးတောင်ရှိ ရခိုင်များအား ကုလားအန္တရာယ်မှ ကယ်တင်နိုင်ရန်၊ လက်နက်ဖြည့် တင်းပေးပို့ရန် ဗိုလ်ရန်အောင်ထံ အကူအညီတောင်း သည်။

ဗိုလ်ရန်အောင်က အင်္ဂလိပ်စစ်တပ်မှကျန်ရစ် သည့် လက်နက်ခဲယမ်းများကို ဘူးသီးတောင်သို့ပို့ရန် ကိုညိုထွန်းအား တာဝန်ပေးသည်။ သို့သော် ဂျပန် စစ်တပ်က

သတင်းရသွားသဖြင့် လက်နက်ခဲယမ်းများ ကို သိမ်းဆည်းသွားတော့သည်။ ဗိုလ်ရန်အောင်က ဂျပန်စစ်ဗိုလ်များနှင့် အကြိမ်ကြိမ် ဖြေရှင်းသဖြင့် ကိုညိုထွန်းအား

ဂျပန်များက ဖမ်းဆီးခြင်းမပြုခဲ့ပေ။

ဗိုလ်ရန်အောင်သည် ဘူးသီးတောင်ကိုသိမ်းပိုက် ရန် ရခိုင်ခေါင်းဆောင်များနှင့် တိုင်ပင်၍ ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်သည်။ သို့သော်

ဗိုလ်ရန်အောင်၏ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်း ခံရသော ဗမာစစ်ဗိုလ်တစ်ဦးနှင့် ရခိုင်တပ်ကြပ်ကြီး တစ်ဦး၃ ကို မွတ်စလင်ကုလားများက သတ်ဖြတ်လိုက်

ကြသည်။ မောင်တောနယ်မှ ရခိုင်များမှာ အိန္ဒိယသို့ ထွက်ပြေးသွားနိုင်သောကြောင့် ကုလားများလက်မှ လွတ်မြောက်သွားသည်။ ဘူးသီးတောင်မှာမူ ကုလား များ၏

ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံမြဲခံနေရသည်။

ဗိုလ်ရန်အောင်သည် ရခိုင်ခေါင်းဆောင်များအပါ အဝင် ဘီအိုင်အေတပ်ခွဲနှစ်ခွဲဖြင့် ၁၉၄၂ ခုနှစ်၊ ဇွန်လ အတွင်း ဘူးသီးတောင်သို့ သင်္ဘောဖြင့် ချီတက်သွား ကြသည်။

ဘူးသီးတောင်အထိ ကုလားများ၏တိုက်ခိုက် မှုကိုမတွေ့ရဘဲ ချောမောစွာရောက်ရှိသည်။ ဘီအိုင်အေ တပ်က ပုလိပ်များထံမှ လက်နက်သိမ်းပြီး ရခိုင်

အုပ်ချုပ်ရေးအဖွဲ့က ဘဏ်တိုက်မှငွေများကို သိမ်းလိုက် သည်။ ငွေအချို့ကို စစ်ပြေးဒုက္ခသည် ဒိုင်းနက်များ အား ဝေပေးလိုက်သည်။ ကုလားများသည် ဘူးသီး

တောင်ရှိ ဘီအိုင်အေတပ်အား သုံးကြိမ်မျှ လာရောက် တိုက်ခိုက်ရာ အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားကြ ရသည်။ ဗိုလ်ရန်အောင်နှင့် ရခိုင်ခေါင်းဆောင်များ၊

မွတ်စလင်ခေါင်းဆောင်များသည် အဓိကရုဏ်းပြေငြိမ်း ရေးအတွက် ကြိုးစားကြသော်လည်း မအောင်မြင်ပေ။

ကုလားများက အင်္ဂလိပ်ဒီဝီဇံတပ်များ ချီတက် လာနေကြောင်း ဝါဒဖြန့်ရာ ဗိုလ်ရန်အောင်သည် ဘီအိုင်အေတပ်ကို ဆုတ်ခွာရန် ပြင်တော့သည်။ ရခိုင်

ခေါင်းဆောင်များက ဘီအိုင်အေတပ်ကို မောင်တော မှ ဆုတ်ခွာခြင်းမပြုရန် ဝိုင်းဝန်းတားမြစ်ကြသည်။ ထိုအချိန်တွင် ဂျပန်များက ဘီအိုင်အေကို ဖျက်သိမ်း ရန်

စီစဉ်နေသောကြောင့် ဘီအိုင်အေတပ်အားလုံး ရန်ကုန်သို့ စုရုံးကြရန် အမိန့်ထုတ်ထားချိန်ဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ဗိုလ်ရန်အောင်နှင့်

ဘီအိုင်အေတပ်သည် ဘူးသီးတောင်မြို့ကို စွန့်လွှတ်ပြီး မီးသင်္ဘောဖြင့် စတင်ဆုတ်ခွာသည်။ မြို့ပေါ်မှ စစ်ပြေး ဒုက္ခသည်များလည်း ဘီအိုင်အေတပ်ဖြင့် အတူလိုက်

နိုင်ရန် ကြိုးစားကြသည်။

ဘီအိုင်အေတပ်ဆုတ်ခွာချိန်တွင် မြို့သူမြို့သား များသည် ကုလားတို့အန္တရာယ်မှ လွတ်မြောက်ရန် အတွက် စက်ပျက်သဖြင့် အသုံးမပြုသည်မှာကြာပြီ ဖြစ်သော

မီးသင်္ဘောတစ်စင်းဖြင့် ထွက်ပြေးရန် ကြံစည်ကြသည်။ အဆိုပါသင်္ဘောသည် ဘူးသီးတောင် ဆိပ်ကမ်းမှ ကိုက် ၂ဝ ခန့်အကွာတွင် ရုတ်တရက် နစ်မြုပ်ရာ လူပေါင်း

၄ဝဝ ကျော် သေဆုံးသွားရသည်။ လူ ၅ဝ မျှ လွတ်မြောက်အသက်ရှင်ရာတွင် ဦးပညာ သီဟလည်း အပါအဝင်ဖြစ်သည်။

ဗိုလ်ရန်အောင်သည် ကရစ်ရှ်နားသင်္ဘောဖြင့် မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြို့ဟောင်း၊ ကျောက်တော်မြို့များသို့ လှည့်လည်၍ လွတ်လပ်ရေး အတွက်

လှည့်လည်စည်းရုံးခဲ့သည်။ ဗိုလ်ရန်ကြီးအောင် ကို ပလက်ဝသို့၊ ဗိုလ်သူရ၊ ရဲဘော်သာထွန်းအောင်၊ ဗိုလ်အာဠာဝက၊ ဗိုလ်ရဲလှတို့ကို မြို့ဟောင်းသို့ အသီးသီး

စေလွှတ်ခဲ့သည်။ ဗိုလ်ရန်အောင်သည် စစ်တွေခရိုင်တွင် အဓိကလှုပ်ရှားခဲ့ပြီး ဗိုလ်မင်းခေါင် (ရွှေတူ)သည် သံတွဲခရိုင်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဗိုလ်ရန်အောင်၏

ဘီအိုင်အေတပ်သည် ဂွ-ဘောမိလမ်း အတိုင်း ရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားရသည်။ ကုလား-ရခိုင်အဓိကရုဏ်းမှာမူ ရခိုင်ဒေသတောင်ပိုင်း သို့

အစုလိုက်အပြုံလိုက် ဆုတ်ခွာထွက်ပြေးရခြင်းဖြင့် အနည်းငယ် ပြေငြိမ်းသွားသည်။ ရခိုင်ဒေသမြောက် ပိုင်းတွင် ကုလားများကြီးစိုးလာပြီး ရိုဟင်ဂျာလူမျိုး ဟူ၍

ခေါ်တွင်လာကြသည်။ ရိုဟင်ဂျာလူမျိုးများသည် မူဂျာဟစ်သောင်းကျန်းမှု၏ အစပင် ဖြစ်လေသည်။

သခင်စိုး၏ ဖက်ဆစ်ဆန့်ကျင်ရေးမြေအောက်လုပ်ငန်းများ[ပြင်​ဆင်​ရန်​]

မြေအောက်ပါတီဝင်များတိုးပွားလာခြင်း[ပြင်​ဆင်​ရန်​]

၁၉၄၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ဒေါက်တာ ဘမော်၏ ရုပ်သေးအစိုးရအဖွဲ့ ဖွဲ့စည်းသည်။ ယင်း အစိုးရအဖွဲ့တွင် ဒေါက်တာဘမော်က ဝန်ကြီးချုပ် အဖြစ်

ဆောင်ရွက်ပြီး သခင်မြမှာ ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ သခင်သန်းထွန်းသည် မြေနှင့်လယ်ယာ စိုက်ပျိုးရေးဌာန ဝန်ကြီးဖြစ်သည်။ ထိုအချိန်တွင် သခင်စိုးနှင့်

သခင်တင်မြသည် သခင်တင်ရွှေနှင့် ကိုသိန်းဖေ(သိန်းဖေမြင့်)ကို ရခိုင်ပြည် မင်းပြားသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်သို့ ပြန်ရောက်နေပြီဖြစ်သည်။ ၁၉၄၂ ခုနှစ်၊ ဩဂုတ်လ

၂ ရက်တွင်ကား ရန်ကုန်မြို့ သို့ လျှို့ဝှက်ရောက်ရှိနေသော သခင်စိုးသည် သခင် တင်မြ၊ ကိုချစ်လှိုင်၊ ကိုမြသွင်နှင့် ကိုလှကြည် (ရဲနီ ကျော်ဝင်း)တို့အား ခေါ်ယူ၍

ဖက်ဆစ်တော်လှန်ရေး အတွက် ဆွေးနွေးသည်။ ယင်းတို့ ဆွေးနွေးရာနေရာ မှာ ရွှေဂုံတိုင်လမ်းဆုံအနီးမှ ဘုန်းကြီးကျောင်း ဖြစ်သည်။

သခင်စိုးသည် လျှို့ဝှက်ဆွေးနွေးပွဲတွင် 'ယခုအခါ ဖက်ဆစ်ဂျပန်များကို အထင်ကြီး အားကိုးနေသူများ နှင့် ဖက်ဆစ်ဂျပန်များ ကြမ်းကြုတ်ရက်စက်မှုများကို

ကြောက်လန့်ချောက်ချားပြီး တုတ်တုတ်မျှ မလှုပ်ရဲသူ၊ သတ္တိကြောင်သွားသူများ အမြောက်အမြားရှိနေ ကြောင်း၊ တို့ဗမာအစည်းအရုံးဝင် သခင်များသည် တစ်ကြိမ်က

နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုတွင် တိုးတက်သောအခန်း က ပါဝင်ခဲ့ကြကြောင်း၊ သို့ရာတွင် တို့ဗမာအစည်း အရုံး၏ မူလဗီဇကပင်

လူမျိုးချင်းမုန်းတီးမှု၊ ကုလား- ဗမာအဓိကရုဏ်းကို အခြေခံပြီး စတင်စည်းရုံးခဲ့သော အဖွဲ့အစည်းဖြစ်သဖြင့် ယခုအခါ ကမ္ဘာ့လူမျိုးရေး

မုန်းတီးမှုဝါဒသမားကြီးဖြစ်သော ဖက်ဆစ်ဂျပန်များ နှင့် ပူးပေါင်းလိုက်ခြင်းဖြင့် မိမိတို့၏ တော်လှန် တိုးတက်သောအခန်းမှာ အဆုံးသတ်သွားပြီဖြစ် ကြောင်း'

ဆွေးနွေးသည်။

ထို့အပြင် တို့ဗမာအစည်းအရုံးသည် ဖက်ဆစ် ဂျပန်များကို ခေါ်ယူလာသူများဖြစ်သဖြင့် ဖက်ဆစ် ဆန့်ကျင်ရေးကို ခေါင်းဆောင်နိုင်စွမ်း ရှိတော့မည် မဟုတ်ဟု

ဝေဖန်သည်။ ခေါင်းဆောင်လိမ့်မည်မဟုတ် ဟူ၍လည်း ပြောသည်။ 'ဖက်ဆစ်ဂျပန်များနှင့်ပူးပေါင်း ဟူသော မှားယွင်းဖောက်ပြန်သည့်လမ်းစဉ်ကြောင့်

ရာဇဝင်လမ်းကြောင်းပေါ်မှ ဘေးသို့ ရောက်သွားပြီး တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရတော့မည် ဖြစ်ကြောင်း၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းကို

ခေါင်းဆောင်ရန် နုပျိုသစ်လွင်သော အင်အားသစ်များ နှင့် အစားထိုး၍ ပါတီသစ်ကို တည်ဆောက်မည်ဖြစ် ကြောင်း၊ ပျက်စီးခဲ့ရသည့် ကွန်မြူနစ်ပါတီကို ပြန်လည်

ထူထောင်ရမည်ဖြစ်ကြောင်း၊ ကွန်မြူနစ်ပါတီသာလျှင် ဖက်ဆစ်ဂျပန်များကို ဝါဒရေး၊ နိုင်ငံရေး၊ စည်းရုံးရေး အရ ဆန့်ကျင်တိုက်ခိုက်နိုင်သော အင်အားစုဖြစ်

ကြောင်း' အသေးစိတ် ဆွေးနွေးသည်။ သခင်စိုး သည် ပထမဆုံးဖွဲ့စည်းခဲ့သည့် ကွန်မြူနစ်မြေအောက် ကလာပ်စည်းကို ပျက်ပြယ်သွားပြီးဖြစ်ကြောင်း ဆိုလို ခဲ့သည်။

သခင်စိုး၏စကားကို သခင်တင်မြနှင့် ကိုလှကြည်တို့သုံးဦးဂ က အကြွင်းမဲ့ထောက်ခံကြသည်။

ထိုစဉ်က အခြေအနေမှာ မြန်မာနိုင်ငံရေးသမား မျိုးချစ်လူငယ်များလည်း ဖက်ဆစ်ဂျပန်များ၏ နှိပ်စက် ညှဉ်းပန်းမှုများကို နဖူးတွေ့ဒူးတွေ့ တွေ့ကြုံကြားနာ

ခဲ့ကြရပြီးဖြစ်သည်။ ဒေါက်တာဘမော်၏ အစိုးရအဖွဲ့ တွင် သခင်အချို့ ရာထူးဝင်ယူကြခြင်း၊ နယ်ချဲ့အလို တော်ရိများသည် ဂျပန်လက်အောက်တွင် ရာထူးရာခံ များ

ရရှိကြခြင်းတို့အတွက်လည်း မကျေမနပ်ဖြစ်နေ ကြသည်။ အချို့က ဂျပန်ကိုခေါ်လာခြင်းမှာ မှားယွင်း သည်ဟု အတိအလင်း ယူဆနေကြသည်။ အချို့က

အင်္ဂလိပ်နှင့်ပြန်ပေါင်း၍ ဂျပန်ကိုတိုက်ရန် စိတ်ဝင်စား လာကြသည်။ ထို့ကြောင့် သခင်စိုး၏ စည်းရုံးမှု အောက်တွင် နိုင်ငံရေးသမား လူငယ်တော်တော် များများသည်

ဖက်ဆစ်ဆန့်ကျင်ရေးရည်ရွယ်ချက်ဖြင့် ရောက်ရှိကုန်ကြသည်။ သခင်စိုးက ကမ္ဘာ့ကွန်မြူနစ် အဖွဲ့ချုပ်ခေါင်းဆောင် ဂျော့ဒီမစ်ထရော့၏အဆိုအမိန့် ကို ကိုးကား၍

ဖက်ဆစ်ဝါဒသည် နယ်ချဲ့စနစ်၏ အဆင့်အမြင့်ဆုံး ဘဏ္ဍအရင်းရှင်စနစ်ကြီးဖြစ် ကြောင်း ရှုတ်ချလိုက်သောအခါ သခင်တင်မြတို့လူစု မှာ သခင်စိုးကို

များစွာကြည်ညိုလာကြရတော့သည်။

သခင်စိုးသည် လျှို့ဝှက်အဖွဲ့ငယ်များသဖွယ် အစုများဖွဲ့၍ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက် လှုပ်ရှားမှုအတွက် ဆောင်ရွက်သည်။ အစုခေါင်းဆောင် များတွင်

သခင်ကျော်စိန်၊ သခင်တင်မြ၊ သခင်သန်းမြိုင် တို့ ပါဝင်သည်။ သခင်ကျော်စိန်သည် နှုတ်ဖွာသူဖြစ် ပြီး ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ဗြောင်ကျကျ

စည်းရုံးနေသူဖြစ်သည်။ သခင်စိုးသည် ဗိုလ်လကျာ်၊ သခင်ကျော်စိန်တို့နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သည်။ သခင်သန်းထွန်းနှင့် တွေ့ဆုံဆွေးနွေးရေးမှာမူ

မအောင်မြင်ခဲ့ပေ။ သခင်သန်းထွန်းက သခင်စိုးကို သခင်ကျော်စိန်နှင့် တွဲနေသဖြင့် သတင်းပေါက်ကြား နိုင်သည်ဟု ယူဆခဲ့သည်။ သခင်စိုးကလည်း သခင်

သန်းထွန်းသည် ဖက်ဆစ်ဆန့်ကျင်ရေးတွင် နောက်တွန့် နေပြီဟု ထင်မြင်ခဲ့သည်။ သို့သော် သခင်ကျော်စိန်မှာ မူ ဖက်ဆစ်ဆန့်ကျင်ရေးကို ဗြောင်ကျကျပင် စည်းရုံး

မြဲစည်းရုံးနေခဲ့သည်။ သခင်စိုးက သတိပေးသည့်တိုင် လိုက်နာခြင်းမပြုတော့ပေ။ သခင်စိုးက သခင်ကျော်စိန် အား မြေအောက်လျှို့ဝှက်ဝင်ရောက်ပြီး နယ်ဆင်းရန်

ညွှန့်ကြားခဲ့သည်။ သခင်ကျော်စိန်သည် လိုက်နာမည် ဟု ဝန်ခံသော်လည်း နယ်ဆင်းလိုစိတ်မရှိတော့ပေ။ ထို့အပြင် သခင်ကျော်စိန်နောက်သို့ ဂျပန်စစ်ပုလိပ်များ

နောက်ယောင်ခံလိုက်နေသည်ဟု သင်္ကာမကင်းဖြစ် လာသဖြင့် သခင်စိုးသည် သခင်ကျော်စိန်နှင့် အဆက် အသွယ် ဖြတ်လိုက်ရတော့သည်။ ထို့နောက် သခင်စိုး သည်

ကွမ်းခြံကုန်းမြို့နယ် ကျိုက်ထော်ရွာကြီးသို့ ရှောင်တိမ်းသွားတော့သည်။

သခင်စိုးသည် ဂျပန်ခေတ်ဦးမှာပင် ကျိုက်ထော် ရွာသို့ ရှောင်တိမ်းပြီး မြေအောက်လုပ်ငန်းကို လုပ် သည်။ ထို့နောက် နိုင်ငံရေးသင်တန်း ဖွင့်လှစ်ပြီး ကိုချစ်လှိုင်

(ထိန်လင်း)၊ ကိုမြသွင်(ကိုဖိုးတုတ်)နှင့် သခင် သန်းမြိုင်စေလွှတ်သည့် ကိုသာငြိမ်း(မိတ္ထီလာ)၊ သခင် ချမ်းသိမ်း (ကျောက်ဆည်၊ ကွယ်လွန်)၊ ကိုဝင်းဖေ ဆိုသူတို့အား

တက်ရောက်စေခဲ့သည်။ သခင်စိုးသည် ကျိုက်ထော်ရွာမှာရှိစဉ် သင်တန်းသားများလေ့လာရန် အတွက် တတိယ ကမ္ဘာ့ကွန်မြူနစ်အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး

ဘူဂေးရီးယားပြည်သား ဂျော့ဒီမစ်ထရော့က သတ္တမအကြိမ်မြောက် ကမ္ဘာ့ ကွန်မြူနစ်ပါတီများကွန်ဂရက်သို့ အစီရင်ခံစာအဖြစ် တင်သွင်းသော

အလုပ်သမားလူတန်းစား၏ ဖက်ဆစ် ဝါဒဆန့်ကျင်ရေးတိုက်ပွဲစာအုပ်ကို ဘာသာပြန်ခဲ့သည်။

သခင်စိုးသည် ကျိုက်ထော်တွင် ခေတ္တမျှ ရှောင် တိမ်းပြီးနောက် မှော်ဘီသို့ ရွှေ့ပြောင်းပြန်သည်။

မှော်ဘီတွင် ချောက်ရေနံမြေမှ သခင်အေးမောင် (အလံနီခေါင်းဆောင် ကိုထွန်းစိန်) တစ်ဦးတည်းကို ခေါ်ယူ၍ နိုင်ငံရေးသင်တန်းပေးခဲ့သည်။ ထိုအတော အတွင်း

ရခိုင်မှ ဘီအိုင်အေတပ်နှင့်အတူ ပြန်ရောက် လာသော ဗိုလ်ရန်အောင်နှင့် ဆက်သွယ်ရန် ကြိုးစား သည်။ သို့သော် ဗိုလ်ရန်အောင် ရခိုင်မှ ငှက်ဖျား စွဲကပ်ပြီး

ဦးနှောက်ဖောက်ပြန်ကာ ဆေးရုံရောက်နေ သောကြောင့် ဆက်သွယ်စည်းရုံးရန် လက်လျှော့ထား ရသည်။ သခင်စိုးသည် မြေအောက်တွင် လျှို့ဝှက် လှုပ်ရှားနေရာမှ

၁၉၄၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဗမာ့ လွတ်လပ်ရေးကြေညာစာတမ်း အမှတ်(၁)ကို ရေးသား ပြုစု၍ ရန်ကုန်သို့ ပို့လိုက်သည်။ သခင်တင်မြတို့လူစု က လက်နှိပ်စက်နှင့်

ပြန်ကူးသောအခါ ၄၅ မျက်နှာ ခန့်ရှိသည်။ စာတမ်း၏အဖုံးတွင် 'ဤစာတမ်းကို ဖက်ဆစ်ရန်သူများလက်သို့ လုံးဝမကျရောက်စေရ' ဟူ သော သတိပေးချက်ကို

ရေးသားထားသည်။

စာတမ်း၏အစတွင် သခင်စိုးသည် တရုတ် ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုံး၏ အဆိုအမိန့် တစ်ရပ်ကို အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြ ထားသည် -

'လွတ်လပ်ရေးကို တိုက်ယူခြင်းခံထားရသော လူမျိုးသည် ဆိုရှယ်လစ်ကို ထူထောင်ရန်မပြော နှင့်၊ ဆိုရှယ်လစ်ဝါဒအကြောင်း ပြောပင်ပြောနိုင်

မည်မဟုတ်။ မော်စီတုံး'

သခင်စိုး၏စာတမ်းမှာ သခင်စိုး ယခင်က ရေးသားခဲ့သည့် ဖက်ဆစ်ဆန့်ကျင်ရေးစာတမ်းများ ဖြစ်သည့် အင်းစိန်စစ်တမ်းနှင့် မြင်းခြံစစ်တမ်းကို အခြေပြု၍

ပြောင်းလဲလာသော အခြေအနေများကို ဖြည့်စွက်ရေးသားထားခြင်း ဖြစ်သည်။ စာတမ်းအဆုံး တွင် ထုတ်ဝေဖြန့်ချိသူ အမည်နေရာ၌ ကွန်မြူနစ်ပါတီ မြန်မာပြည်၊

ခေတ္တ အိန္ဒိယဟု ရေးသား၍ လှည့်စား ထားသည်။ ဂျပန်များက ကွန်မြူနစ်များ ပြည်ပမှပေး ပို့သည့်စာတမ်းဟု ထင်စေရန်ဖြစ်သည်။ ရက်စွဲကို ၁၉၄၂ ခုနှစ်၊

အောက်တိုဘာလဟု ဖော်ပြထားသည်။ ယင်းစာတမ်းကို သခင်တင်မြက ဦးဆောင်၍ သင်တန်း ပေးရသည်။

သခင်တင်မြ၏သင်တန်းကို စမ်းချောင်း ရှမ်းလမ်း နှင့် ဟုမ်းလမ်းအနီးရှိ အိမ်ကြီးတစ်အိမ်တွင် ဖွင့်လှစ် ခဲ့ကြသည်။ သင်တန်းတက်ရောက်သူများမှာ ကိုကျော် ဝင်း

(ရဲနီကျော်ဝင်း)၊ ကိုဖိုးတုတ် (ခေါ်) ကိုမြသွင်၊ ကိုဘလှကြည် (ခေါ်) ကိုအောင်လင်း (အလံနီ ခေါင်းဆောင်၊ သေဆုံး)၊ ကိုဘဆန်း (ခေါ်) ကိုမင်းရှိန်၊

ဘီအိုင်အေဖျက်လိုက်သဖြင့် ပခုက္ကူမှ ရန်ကုန်သို့ ရောက်ရှိကာ သောင်တင်နေသော ကိုနေဝင်း(ကိုစံညွန့် အမည်ဖြင့် ကွယ်လွန်သော အလံနီခေါင်းဆောင်)နှင့်

ယောနယ်မှ ကိုလှမောင်တို့ ဖြစ်သည်။ သို့သော် သင်တန်းဖွင့်ပြီး ၆ ရက်ခန့်အကြာတွင် ဘေးပတ်ဝန်း ကျင်မှ မသင်္ကာဖြစ်လာသဖြင့် ဗဟန်းကြားတောရ လမ်းရှိ

ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ရွှေ့ပြောင်း ခဲ့ရသည်။ ထို့နောက် သင်တန်းဖွင့်ရန် မလွတ်လပ် သဖြင့် သန်လျင် ကျိုက်ခေါက်စေတီအလွန် နှစ်မိုင် အကွာရှိ

ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ရွှေ့ရပြန် သည်။ နိုင်ငံရေးသင်တန်းသည် သုံးကြိမ်ရွှေ့ပြောင်းပြီး သန်လျင်တွင် အပြီးသတ်နိုင်ခဲ့သည်။

သခင်စိုးသည် သင်တန်းပေးလေ့ကျင့်ပြီးသူများကို နယ်သို့လှည့်၍ စည်းရုံးရေးမှူးများအဖြစ် ဆောင်ရွက် ရန် စေခိုင်းခဲ့သည်။ သခင်စိုး၏ညွန့်ကြားချက်အရ

ကိုထွန်းစိန်နှင့် ကိုနေဝင်း (ကိုစံညွန့်)သည် ရေနံမြေ သို့၊ ကိုလှမောင်သည် ယောနယ်သို့၊ သခင်ထွန်းရင် က ညောင်တုန်းသို့၊ ကိုမြသွင်က သန်လျင်သို့ အသီးသီး

ခရီးထွက်ခွာသွားကြရသည်။ သခင်စိုး၏ စည်းရုံးရေးမှူးများသည် ဗမာ့လွတ်လပ်ရေးကြေညာ စာတမ်း အမှတ်(၁)ကို ပို့ချကြရသည်။ ယင်းစာတမ်း မှာ

စောင်ရေအကန့်အသတ်နှင့် ဖြန့်ဝေထားသော စာတမ်းဖြစ်သည်။ သခင်သန်းမြိုင်ထံမှ စာတမ်း တစ်စောင်သည် သခင်သာငြိမ်းမှတစ်ဆင့် သခင် ကျော်စိန်လက်ထဲသို့

ရောက်သွားခဲ့သည်။ ထို့ကြောင့် သခင်စိုးက သခင်သန်းမြိုင်ကို နောက်ဆုံးအကြိမ်အဖြစ် သတိပေးအပြစ်တင်ခဲ့သည်။ သခင်သန်းမြိုင်သည် သခင်စိုးထံမှ

သတိပေးချက်ရပြီး ၁ဝ ရက်ခန့်အကြာ တွင် ကျောက်ဆည်နယ်သို့ သွားရောက်၍ တာဝန်ယူ ခဲ့ရသည်။

သခင်စိုးက ဖက်ဆစ်ဆန့်ကျင်ရေးအတွက် မြေ အောက်လျှို့ဝှက်စည်းရုံးရေးလုပ်ငန်း လုပ်နေစဉ်မှာ ပင် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်တွင် ရန်ကုန်နှင့် မန္တလေးမှ

ဘီအိုင်အေ တပ်ဗိုလ်၊ တပ်သားများကို ပျဉ်းမနား၌ စုစည်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)ကို ဖွဲ့စည်းခဲ့ကြသည်။ ဘီဒီအေတွင် တပ်ရင်း သုံးရင်း

ပါဝင်သည်။ သခင်စိုးသည် ဗိုလ်လကျာ်ထံသို့ စာရေး၍ သခင်တင်မြကို စေလွှတ်သည်။ သခင်တင်မြ သည် ပျဉ်းမနားတွင် ဗိုလ်လကျာ်နှင့် တွေ့ရသည်။ သခင်စိုးက

ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ဘီဒီအေ အတွင်းမှ တပ်ဗိုလ်၊ တပ်သားများအား ထိုးဖောက် စည်းရုံးခြင်းဖြစ်သည်။ သခင်တင်မြသည် ဗိုလ်ရန် အောင်ကိုပါ

စည်းရုံးခဲ့သည်။ ဘီဒီအေခေါင်းဆောင် များမှာလည်း ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကိန်းအောင်းနေကြပြီး ဖြစ်သည်။ သခင်တင်မြသည် ကျောက်ဆည်၊

စစ်ကိုင်းတို့တွင် သင်တန်းပေးပြီး နောက် မုံရွာမှ ကိုဌေး(ရဲဘော်ဌေး)နှင့် ဆက်သွယ်ကာ မုံရွာမြို့တွင် သင်တန်းပေးခဲ့သည်။ မြေအောက် ကလာပ်စည်းများ

ဖွဲ့ကြသည်။

သခင်စိုးသည် ဖက်ဆစ်ဆန့်ကျင်ရေးဆောင်ရွက် ရာတွင် အမေရိကန်၊ အင်္ဂလိပ် စသော အရင်းရှင်များ နှင့် ရုရှားကွန်မြူနစ်တို့ ပူးပေါင်း၍ ဖက်ဆစ်နာဇီ ဂျာမနီကို

တိုက်ခိုက်ကြသကဲ့သို့ အင်္ဂလိပ်နှင့်ပူးပေါင်း ၍ ဂျပန်ဖက်ဆစ်ကို တိုက်ရမည်ဟူသော အယူအဆ ကို တောက်လျှောက်စွဲကိုင်လာခဲ့သူဖြစ်သည်။ ဂျပန် ဝင်လာပြီး

ဂျပန်တို့၏ ယုတ်မာရိုင်းပျမှုများကို မြင်လာ သောအခါ သခင်စိုး၏အယူအဆသည် လူငယ်နိုင်ငံ ရေးသမားများအဖို့ သဘောကျစရာ ဖြစ်လာခဲ့ရသည်။

ရဲဘော်သုံးကျိပ်နှင့် တို့ဗမာအစည်းအရုံးဝင် သခင် များအား ဂျပန်ကို ပင့်ဖိတ်လာကြသူများအဖြစ် အဆိုးမြင်သူများလည်း ရှိလာကြသည်။ ဤသို့ဖြင့်

ဖက်ဆစ်ဆန့်ကျင်ရေးအရေးတော်ပုံ၌ပင် အတွေး အခေါ်များ ခြားနားလာကြပြန်သည်။

သခင်စိုးသည် မှော်ဘီနယ်မှ ခရမ်းနယ်ရှိ အလယ် ရွာ၊ ရွာသစ် စသော ကျေးရွာများကို ပြောင်းရွှေ့ကာ မြေအောက်စည်းရုံးရေးကို ဆောင်ရွက်ပြန်သည်။ ထို

အတောအတွင်း သခင်ကျော်စိန်သည် သေနတ်ပစ်ခံ ရပြီး ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။ သခင်စိုး သည် သခင်ကျော်စိန်ကို အဆက်အသွယ်ဖြတ်ပြီးနောက်

သခင်သန်းမြိုင်ကို အဆက်အသွယ် ဖြတ်ပြန်သည်။ သခင်သန်းထွန်းနှင့်မူ လျှို့ဝှက်ဆက်သွယ်၍ နေသည်။

ထိုအချိန်တွင် ဂျပန်စစ်တပ်က ခွဲဝေပေးသော အုပ်ချုပ်ရေးအာဏာအချို့ရရှိသူ တို့ဗမာအစည်းအရုံး ဝင် သခင်များနှင့် အစိုးရအဖွဲ့ဝင် အစိုးရအဖွဲ့ ခေါင်းဆောင်

ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု အဖွဲ့(ဓားမပါတီ)တို့ ပူးပေါင်းကာ တို့ဗမာဆင်းရဲသား အစည်းအရုံးကို ထူထောင်ပြီးဖြစ်သည်။ ယင်းနိုင်ငံရေး ပါတီတွင်

သခင်မြ၊ သခင်သန်းထွန်း၊ သခင်ထွန်းအုပ်၊ သခင်ဗစိန်၊ သခင်တင်၊ ဦးဘဝင်း၊ ဗန္ဓုလဦးစိန်၊ ဦးလှဖေ၊ ဦးထွန်းအောင်၊ ဦးသာဇံလှ၊ ဦးမြ(ဟင်္သာတ)၊

ဒေါက်တာစံစီဖိုး၊ ဒေါ်ခင်မမမော်တို့ ပါဝင်ပြီး ဒေါက်တာဘမော်က ခေါင်းဆောင်သည်။ ယင်းအဖွဲ့ ဝင်များမှာ အတိုင်ပင်ခံများဖြစ်ပြီး သခင်ချစ်၊ သခင် ညီ၊

သခင်တင်ထွန်း(တောခို၊ သေဆုံး) စသောသူများ က ဌာနချုပ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ကြသည်။

သခင်စိုးတို့လူစုသည် တောင်ငူမှ သခင်သန်းဖေ၊ ကိုသိမ်းမောင်(ရဲဘော်မြ)၊ ပဲခူးမှ သခင်ဇင် စသော ခေါင်းဆောင်များနှင့်လည်း အဆက်အသွယ်ရလာ သည်။

သခင်သန်းထွန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး ဖြစ်သဖြင့် စစ်သတင်းများစုဆောင်းပေးရမည့်တာဝန် ကို ယူရသည်။ တပ်မတော်အတွင်းမှ ဖက်ဆစ်

ဆန့်ကျင်ရေးအင်အားစုများနှင့် ဆက်သွယ်ရန် ဗိုလ်လကျာ်မှတစ်ဆင့် ချဉ်းကပ်ခဲ့သော်လည်း ထင် သလောက် မအောင်မြင်ခဲ့ပေ။ အဖွဲ့အစည်းအလိုက် မဟုတ်ဘဲ

ဗိုလ်ရန်အောင်၊ ဗိုလ်ဇေယျတို့ကဲ့သို့ ပုဂ္ဂလိက တစ်ဦးချင်းသာ အဆက်အသွယ် ရရှိခဲ့သည်။သို့သော် သခင်စိုးနှင့် သခင်သန်းထွန်းတို့၏ ကွန်မြူနစ်ဝါဒကို အခြေခံသော

ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက် လှုပ်ရှားမှုမှာ တဖြည်းဖြည်း အဆက်အသွယ်များ၍ လာလေသည်။

ရွှေရည်စိမ်လွတ်လပ်ရေး[ပြင်​ဆင်​ရန်​]

၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ဂျပန်ပြည် ဒိုင်ယက်လွှတ်တော်အစည်းအဝေးတွင် ဂျပန်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတိုဂျိုက မြန်မာနိုင်ငံ အား ၁၉၄၃

ခုနှစ်အတွင်း လွတ်လပ်ရေးပေးရမည်ဟု မိန့်ခွန်းပြောခဲ့သည်။ ၁၉၄၃ ခုနှစ်၊ မေလ ၈ ရက်တွင် ဒေါက်တာဘမော်ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၆ ယောက်ပါဝင်သည့်

ဗမာ့လွတ်လပ်ရေးစီစဉ်မှုအဖွဲ့ကို ဂျပန်စစ်အာဏာပိုင်များက ဖွဲ့စည်းပေးခဲ့သည်။ ၁၉၄၃ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင်ကား ဗိုလ်ချုပ်ကြီး ကာဝါဘီက မြန်မာနိုင်ငံတွင်

စစ်အုပ်ချုပ်ရေးရုပ်သိမ်း ကြောင်း စစ်ရုံးတွင် ကြေညာသည်။ ထို့နောက် အလုံ လမ်းအစိုးရအိမ်တွင် နံနက် ၉ နာရီ၌ လွတ်လပ်ရေး ကြေညာစာတမ်းကို ဖတ်ကြားပြီး

ဗမာနိုင်ငံလွတ်လပ် ပြီဟု ကြေညာသည်။ အစိုးရအဖွဲ့ကိုလည်း အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည် -

(၁) အဓိပတိနှင့် ဝန်ကြီးချုပ် ဒေါက်တာဘမော်

(၂) ဒုတိယဝန်ကြီးချုပ် သခင်မြ

(၃) ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း

(၄) ဘဏ္ဍရေးဝန်ကြီး ဒေါက်တာသိန်းမောင်

(၅) နိုင်ငံခြားရေးဝန်ကြီး သခင်နု

(၆) ပြည်ထဲရေးဝန်ကြီး ဦးဘဝင်း

(၇) ကြီးပွားရေးနှင့် ဝါဒဖြန့်ချိရေးဝန်ကြီး ဗန္ဓုလဦးစိန်

(၈) ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးထွန်းအောင်

(၉) တရားရေးဝန်ကြီး ဦးသိန်းမောင်

(၁ဝ) ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး ပျော်ဘွယ်ဦးမြ

(၁၁) မြေနှင့်လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်း

(၁၂) လမ်းပန်းနှင့်ပြန်လည်ထူထောင်ရေးဝန်ကြီး သခင်လွန်းဘော်

(၁၃) လမ်းပန်းဆက်သွယ်ရေးနှင့် ဆည်မြောင်းဌာနဝန်ကြီး သခင်လေးမောင်

(၁၄) အခွန်တော်ဌာနဝန်ကြီး ဦးအေး

(၁၅) သစ်တောနှင့် သတ္တုတွင်းဌာနဝန်ကြီး ဦးလှဖေ

(၁၆) ပညာရေး၊ကျန်းမာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးလှမင်း

သို့သော် နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူ တစ်ရပ်လုံးသည် ဂျပန်ကပေးသည့် လွတ်လပ်ရေးမှာ ရွှေရည်စိမ်အတုအယောင် လွတ်လပ်ရေးဖြစ်ကြောင်း

သိရှိကြပြီးဖြစ်သည်။ အစိုးရအဖွဲ့သည်လည်း ဂျပန် အလိုကျလုပ်ကိုင်ရမည့် ရုပ်သေးအစိုးရအဖွဲ့ဖြစ် ကြောင်း အစိုးရအဖွဲ့ဝင်များကိုယ်တိုင် သိသည်။ သခင်

ကျော်စိန်တို့လူစုသည် ဂျပန် လွတ်လပ်ရေးကြေညာ သည့်နေ့မှာပင် ဂျပန်ဆန့်ကျင်ရေးစာရွက်စာတမ်း များကို ရန်ကုန်မြို့အနှံ့အပြား၌ လိုက်လံကပ်ထား ကြသည်။

ထိုအချိန်တွင် အိန္ဒိယသို့ ထွက်ခွာသွားသော ကိုသိန်းဖေနှင့် သခင်တင်ရွှေထံမှ မည်သည့်အဆက် အသွယ်မျှမရသဖြင့် သခင်စိုးတို့လူစုသည် နိုင်ငံခြား

အဆက်အသွယ်ယူရန် ထပ်မံ ကြိုးစားကြပြန်သည်။ မန္တလေးထောင်တွင်ရှိစဉ်က ဆက်သွယ်ခဲ့ဖူးသော ချန်ကေရှိတ်၏အကြံပေးအရာရှိ ဂျင်နရယ်ပီအက်စ်ဝမ် နှင့်

ဆက်သွယ်ရန် ကြံစည်ကြပြန်သည်။ ၁၉၃၉-၄ဝ ခန့်က သခင်ဗိုလ်နှင့် အဆက်အသွယ်ရှိခဲ့ဖူးသော ရန်ကုန်ရောက် တရုတ်ကွန်မြူနစ် အချို့ရှိခဲ့သည်။ သို့သော်

ယင်းကွန်မြူနစ်များမှာ စစ်မဖြစ်မီပင် တရုတ် ပြည်ပြန်သွားကြသည်။ သခင်စိုးက သခင်တင်မြနှင့် ကိုကျော်ရင်(မန္တလေးတက္ကသိုလ် ပါမောက္ခဟောင်း ဦးကျော်ရင်၊

ယခုကွယ်လွန်)တို့ကို တရုတ်ပြည်သွားရန် ရွေးချယ်လိုက်သည်။ သို့သော် ဂျပန်တပ်များပိတ်ဆို့ နေသဖြင့် တရုတ်ပြည်သို့ သွားရောက်ရေးမှာ မအောင်မြင်ခဲ့ပေ။

ထိုအတောအတွင်း သခင်ကျော်စိန် နှင့် လူ ၁ဝဝ ကျော်ခန့်မှာ ဂျပန်ကင်ပေတိုင်တို့၏ ဖမ်းဆီးခြင်းကို ခံရတော့၏။

တရုတ်ပြည်သို့ အဆက်အသွယ်ရှာဖွေရေး အစီ အစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းမှာ ခရီးဆက်ရန် ခက်ခဲသောကြောင့်သာမက အိန္ဒိယနိုင်ငံမှ သခင်တင်ရွှေ (ကိုဖိုးယုံ)

ပြန်ရောက်လာသောကြောင့်လည်း ဖြစ်သည်။

သခင်တင်ရွှေပြန်ရောက်လာခြင်းနှင့်သခင်သန်းထွန်း ပါတီဝင်ဖြစ်လာခြင်း[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံရှိ ဗြိတိသျှတို့၏ သဘောထားမှာ မြန်မာနိုင်ငံအတွင်းရှိ ဖက်ဆစ်တော်လှန်ရေး မြေ အောက်အဖွဲ့အစည်းများအား အကူအညီပေးလိုစိတ် မရှိပေ။

အကူအညီပေးရမည့်အစား ယင်းတို့၏ စစ်ဆင်ရေးများအတွက် သူလျှို ပဉ္စမံတပ်သားများ အဖြစ် အသုံးပြုခြင်း၊ ဒေသခံတိုင်းရင်းသားတပ်ဖွဲ့များ တွင်

ထည့်သွင်းခြင်းတို့ကိုသာ ဆောင်ရွက်လိုခဲ့သည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအတွင်းမှ ဂေါ်ရခါး၊ ကချင်၊ ချင်း စသည့်တိုင်းရင်းသားများကို ခြင်္သေ့

(Chindits) တပ်ဖွဲ့များဖွဲ့စည်း၍ ခရီးရှည်ချီတက် ထိုးဖောက်မှုကို ဆောင်ရွက်ခဲ့သည်။ ယင်းစစ်ဆင်ရေး ကို ဗိုလ်မှူးချုပ်ဝင်းဂိတ်က ဦးဆောင်ခဲ့သော်လည်း

ပထမအကြိမ်တွင် အောင်မြင်မှုမရခဲ့ပေ။

ကိုသိန်းဖေနှင့် သခင်တင်ရွှေတို့သည် ဗြိတိသျှတို့ ထံမှသော်လည်းကောင်း၊ ချန်ကေရှိတ်အစိုးရထံမှ သော်လည်းကောင်း အကူအညီမရခဲ့သော်လည်း

အိန္ဒိယကွန်မြူနစ်ပါတီနှင့် ပိုမိုရင်းနှီးလာခြင်း၊ တရုတ် ကွန်မြူနစ်ခေါင်းဆောင် ချူအင်လိုင်းနှင့် တွေ့ဆုံ ဆွေးနွေးရခြင်းတို့ကို အမြတ်ရခဲ့သည်။ ဗြိတိသျှအစိုးရ

သည်လည်း ကိုသိန်းဖေတို့ကို ကွန်မြူနစ်များအဖြစ် နှစ်ခြိုက်ခြင်းမရှိသော်လည်း အကူအညီပေးခြင်းဖြင့် အကျိုးမယုတ်နိုင်ကြောင်း စဉ်းစားလာကြသည်။ ထို့ကြောင့်

သခင်တင်ရွှေအား မြန်မာပြည်တွင်းမှ ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများနှင့် ဆက်သွယ်ရန် ခွင့်ပြုလိုက်သည်။ သခင်တင်ရွှေသည် ၁၉၄၃ ခုနှစ် ကုန်ပိုင်းတွင်

မြန်မာပြည်သို့ ပြန်ရောက်လာပြီး သခင်စိုးတို့လူစုနှင့် ဆက်သွယ်မိကြောင်း အခန်း(၅) တွင် တင်ပြခဲ့ပြီးလေပြီ။

သခင်စိုးတို့၏ မြေအောက်ကွန်မြူနစ်ပါတီသည် ဖက်ဆစ်ဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် လှုပ်ရှား စည်းရုံးရာမှ တဖြည်းဖြည်း ကျယ်ပြန့်လာချိန်တွင်

ဒေါက်တာဘမော်၏ ဂျပန်အလိုတော်ရိ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သော သခင်သန်းထွန်းက ပါတီဝင် ခွင့်ကို အဆိုပြုလာသည်။ သခင်စိုးကလည်း သခင်

သန်းထွန်းကို ကွန်မြူနစ်ပါတီဝင်အဖြစ် အသိအမှတ် ပြုလိုက်လေသည်။

ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်ခြင်း[ပြင်​ဆင်​ရန်​]

မြေအောက်ကွန်မြူနစ်ပါတီ၏ ပါတီကွန်ဂရက်[ပြင်​ဆင်​ရန်​]

သခင်စိုးဦးဆောင်၍လှုပ်ရှားနေသော မြေအောက် ကွန်မြူနစ်ပါတီ၏ ပါတီကွန်ဂရက်ကို ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်အတွင်းတွင် ကျိုက်လတ်မြို့ နယ်၊

ညောင်ချောင်းရွာအနီးရှိ လယ်တဲတစ်ခု၌ ကျင်းပ ကြသည်။ သခင်စိုးက ယင်းပါတီကွန်ဂရက်ကို ပထမ အကြိမ် ပါတီကွန်ဂရက်အဖြစ် သတ်မှတ်သည်။ သို့သော်

တက်ရောက်သူများမှာ ပါတီကိုယ်စားလှယ် ခြောက်ယောက်နှင့် ဧည့်သည်တစ်ယောက်သာ ဖြစ် သည်။ ပါတီဝင်များက တက်ရောက်သူနည်းပါးလှ သောကြောင့်

ပါတီကွန်ဂရက်အဖြစ် သတ်မှတ်၍ ရ မရ စောဒကတက်ကြရာ သခင်စိုးက ရုရှားပြည်မှ လီနင်ခေါင်းဆောင်သော ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ၏ ထမအကြိမ်

ပါတီကွန်ဂရက်မှာ ကိုယ်စားလှယ် ကိုးယောက်သာ ပါဝင်သည်ဟု အကြောင်းပြခဲ့သည်။

တက်ရောက်လာကြသော ကိုယ်စားလှယ်များမှာ သခင်တင်မြ၊ ကိုကျော်ဝင်း(ရဲနီကျော်ဝင်း)၊ ကျိုက်မရော ကိုသွင်(ယခု ပြည်ပြေး)၊ ကိုထွန်းစိန်၊ ကိုစံညွန့်၊

သခင်စိုးတို့ဖြစ်ပြီး ကျိုက်လတ်မှ ကိုဌေးအောင်မှာ ဧည့်သည်အနေနှင့် တက်ရောက်ခြင်းဖြစ်သည်။ အစည်း အဝေးတွင် သဘာပတိအဖြစ် ကိုသွင်က ဆောင်ရွက် ပြီး

သခင်စိုးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက် သည်။ သခင်စိုးက နိုင်ငံရေးအစီရင်ခံစာကို ဖတ်ကြား ပြီး သခင်တင်မြက စည်းရုံးဖွဲ့စည်းမှုအခြေအနေကို

အစီရင်ခံသည်။

သခင်စိုး၏ နိုင်ငံရေးအစီရင်ခံစာမှာ အခန်းများ ခွဲထားပြီး အခန်း(၁)တွင် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး အခြေအနေများကို သုံးသပ်၍ နာဇီဂျာမနီနှင့် ဖက်ဆစ်ဂျပန်များကို

ရှုံးနိမ့်နေကြောင်း ဖော်ပြ သည်။ အခန်း(၂)တွင် ပြည်တွင်းရေးအခြေအနေကို ဖော်ပြထားသည်။ ဝင်းဂိတ်၏ ခရီးရှည် ထိုးဖောက်

တိုက်ခိုက်ခြင်းမအောင်မြင်ဘဲဖြစ်ပုံ၊ ရခိုင်နှင့် မြစ်ကြီး နားစစ်မျက်နှာတွင် မထူးခြားပုံတို့ကို ဖော်ပြပြီး ဂျပန်ခေတ်အတွင်း မြန်မာပြည်သူများ၏ အခြေအနေ များစွာ

ဆုတ်ယုတ်ပျက်စီးနေပုံတို့ကို ဖော်ပြသည်။ ထို့နောက် တစ်မျိုးသားလုံးကို နှိပ်စက်စော်ကားနေ သော ဖက်ဆစ်ဂျပန်ကို ဆန့်ကျင်တော်လှန်ရန် ဆော်ဩထားသည်။

အခန်း(၃)တွင် လက်ဝဲ၊ လက်ယာသွေဖည်ရေးကို သတိပေးထားသည်။ သခင်စိုးက အချိန်မကျမီ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်း လက်နက်ကိုင် တိုက်ခိုက်ခြင်းကို

လက်ဝဲသွေဖည်ရေးဟု သတ်မှတ်ပြီး ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းမှုကိုကြောက်၍ တော်လှန်ရေးအား စွန့်လွှတ်သွားခြင်းကို လက်ယာ သွေဖည်ရေးဟု

သတ်မှတ်သည်။ နောက် အခန်းများ တွင် ခေတ်ကို ပြောင်းလဲပြုပြင်ရန်၊ ခေါင်းဆောင်မှု မှန်ကန်စွာထူထောင်ရန်၊ ပါတီတည်ဆောက်ရေးကို အာရုံစိုက်ရန်၊

ပါတီဝင်များအား နိုင်ငံရေး၊ သဘော တရားရေးပညာများ မြှင့်တင်ပေးရန်၊ ပါတီဝင်တပ်သား တို့၏ လုပ်ဟန်များကို တော်လှန်ရေးလုပ်ဟန်များ အဖြစ်

ပြောင်းလဲပစ်ကြရန်၊ နည်းပရိယာယ်ဖြင့် လူထု အဖွဲ့အစည်းများအတွင်း ဝင်ရောက်စည်းရုံးသွားရန် တင်ပြထားသည်။ ၁၉၄၃ ခုနှစ် ကမ္ဘာ့ကွန်မြူနစ် အဖွဲ့ချုပ်

ဖျက်သိမ်းရခြင်းကိုလည်း ရှင်းပြထားသည်။

သခင်စိုး တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာ ကို ကိုယ်စားလှယ်များက လက်ခံဆွေးနွေးပြီး အတည် ပြုလိုက်သည်။ ထို့နောက် သခင်စိုးကတင်ပြသော ဗဟို

ကော်မတီဝင်များမှာ သခင်စိုး (အထွေထွေအတွင်း ရေးမှူး)၊ ကိုသွင်၊ ကိုကျော်ဝင်း၊ ကိုထွန်းစိန်၊ ကိုစံညွန့် နှင့် သခင်တင်မြတို့ဖြစ်ပြီး ပထမဆုံးသော ဗဟို

ကော်မတီဝင်များပင် ဖြစ်သည်။ သခင်စိုး၏ ပါတီ ကွန်ဂရက်မှာ နှစ်ရက်အတွင်း ကျင်းပပြီးစီးသွား လေသည်။

မြေအောက်ကွန်မြူနစ်ပါတီနှင့် ဘီဒီအေ အဆက် အသွယ်[ပြင်​ဆင်​ရန်​]

သခင်စိုး၏ မြေအောက်ကွန်မြူနစ်ပါတီသည် ဖက်ဆစ်ဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့် စည်းရုံး လှုပ်ရှားလျက်ရှိခဲ့ရာ ဘီဒီအေ တပ်ဖွဲ့အတွင်းမှ

ခေါင်းဆောင်များနှင့်လည်း အဆက်အသွယ်ရရန် ကြိုးစားခဲ့သည်။ ဗိုလ်ရန်အောင်သည် ကိုသိန်းဖေနှင့် သခင်တင်ရွှေတို့ အိန္ဒိယသွားနိုင်ရေးအတွက် ကူညီခဲ့

ဖူးသော်လည်း နောက်ပိုင်းတွင် ငှက်ဖျားရောဂါကြောင့် ဦးနှောက်မကောင်းသဖြင့် ဆက်လက်စည်းရုံးခြင်းမပြု ဘဲ ထားခဲ့ရသည်။ မြေအောက်ကွန်မြူနစ်ပါတီနှင့်

အဆက်အသွယ်ရှိသူမှာ ဗိုလ်သိန်းတန် ဖြစ်သည်။ မင်္ဂလာဒုံ ဗိုလ်သင်တန်းတက်နေစဉ် အဆက်အသွယ် ရခဲ့ရာမှ စည်းရုံးခဲ့ခြင်းဖြစ်သည်။

၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗိုလ်သိန်းတန် က သခင်တင်မြအား ပဲခူးမြို့ရှိ စံပြတပ်ရင်းသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ဗိုလ်သိန်းတန်သည် ဂျပန်ပြန်

ဗိုလ်လင်းယုန်နှင့် ဗိုလ်တာရာတို့အား ကြိုတင်၍ စည်းရုံးပြီးဖြစ်သည်။ ဗမာ့ကာကွယ်ရေး တပ်မတော် စံပြတပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ် ကျော်ဇော

(ဗိုလ်မှူးချုပ်ဟောင်း၊ တောခို)ဖြစ်ပြီး ဗိုလ်လင်းယုန်နှင့် ဗိုလ်တာရာတို့မှာ တပ်ခွဲမှူးများဖြစ် သည်။ ထိုအချိန်တွင် တပ်မတော်အတွင်း၌ ဗိုလ် မောင်မောင်

(သံအမတ်ကြီးဟောင်း)၊ ဗိုလ်အောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)၊ ဗိုလ်ခင်မောင်ကလေး(ဖဆပလ ဝန်ကြီးဟောင်း)၊ ဗိုလ်ဝင်း(ဗိုလ်မှူးကြီးဝင်း)တို့လူစုက

ဖက်ဆစ်ဆန့်ကျင်ရေးအတွက် လျှို့ဝှက်စည်းရုံးလျက် ရှိပြီး ကိုဗဆွေ၊ ကိုကျော်ငြိမ်းတို့၏ ပြည်သူ့အရေးတော် ပုံအဖွဲ့နှင့် အဆက်အသွယ်ရထားကြပြီး ဖြစ်သည်။

ကွန်မြူနစ်များကလည်း ပြည်သူ့အရေးတော်ပုံအဖွဲ့နှင့် အဆက်အသွယ်ရရန် ကြိုးစားလျက်ရှိသည်။

သခင်တင်မြသည် ဗိုလ်သိန်းတန်၊ ဗိုလ်လင်းယုန်၊ ဗိုလ်တာရာတို့နှင့်သာမက ပြည်သူ့အရေးတော်ပုံအဖွဲ့ နှင့် အဆက်အသွယ်ရှိသော ဗိုလ်မောင်မောင်၊ ဗိုလ် အောင်ကြီး၊

ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်ဝင်းတို့နှင့် လည်း ဖက်ဆစ်ဆန့်ကျင်ရေးသဘောထားများကို ဆွေးနွေးခဲ့ရသည်။ ဗိုလ်မောင်မောင်နှင့် ဗိုလ်အောင်ကြီး က

သခင်စိုးရေးသားသည့် ဗမာ့လွတ်လပ်ရေးကြေညာ စာတမ်း အမှတ်(၁)ကို လက်မခံဘဲ ပြစ်တင်ဝေဖန်ကြ သည်။ ဖက်ဆစ်ဂျပန်ကို အင်အားကြီးမားဟန်ရှိ၍

ရက်စက်ကြမ်းကြုတ်သော်လည်း မခိုင်မြဲသောအင်အား ဖြစ်သည်ဟု အကဲဖြတ်ခြင်းကို မှားယွင်းသည်ဟု ထောက်ပြကြသည်။ ဖက်ဆစ်ဂျပန်နှင့် ယာယီပူးပေါင်း ပြီး

အင်္ဂလိပ်ကိုတော်လှန်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း တို့လူစုကို မျက်ကန်းမျိုးချစ်များ၊ ဂျပန်အလိုတော်ရိ များအဖြစ် ပုတ်ခတ်ထားခြင်းကိုလည်း လက်မခံနိုင် ကြပေ။

ဂျပန်အပြေးတွင် ပြန်ဝင်လာမည့် အင်္ဂလိပ်ကို မဟာမိတ်အဖြစ် သခင်စိုးက သဘောထားနေခြင်း ကိုလည်း ဗိုလ်မောင်မောင်နှင့် ဗိုလ်အောင်ကြီးက

လက်ယာသွေဖည်ရေးအဖြစ် စွပ်စွဲလိုက်သည်။ ကွန်မြူနစ်များနှင့် တပ်မတော်ခေါင်းဆောင်များမှာ အယူအဆရေးရာတွင် ငြင်းခုံလာကြရာမှ ဆွေးနွေးပွဲ ကို

ရပ်ဆိုင်းလိုက်ကြသည်။ ပူးပေါင်းဆောင်ရွက်ရန် ကိုကား သဘောတူခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်ကို ပြန်လည်တော်လှန်ရမည်ကို သိရှိထားပြီးဖြစ်သော် လည်း အချိန်မကျမီ တပ်မတော်သားများက ထကြွ တိုက်ခိုက်ပြီး

တော်လှန်ရေးမအောင်မြင်မှာကို စိုးရိမ် သဖြင့် ထိန်းသိမ်းလျက်ရှိသည်။ ဘီဒီအေတပ်များကို စစ်ပညာပိုမိုထက်မြက်လာစေရန် ဂရုစိုက်၍ လေ့ကျင့် နေစေသည်။

အပြစ်ပေးအရေးယူခြင်းများ[ပြင်​ဆင်​ရန်​]

သခင်စိုး၏ မြေအောက်ကွန်မြူနစ်ပါတီသည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် စည်းရုံးရေးလုပ်ငန်းများ ကို ဆောင်ရွက်နေရာတွင် သခင်စိုးက စည်းရုံးရေးမှူး များအား

တိုက်ရိုက်ခိုင်းစေသည့်စနစ်ကို အသုံးပြုလေ့ ရှိသည်။ သခင်ကျော်စိန်ကို အဆက်ဖြတ်ခြင်းဖြင့် အရေးယူခဲ့ပြီးနောက် သခင်ကျော်စိန်တို့လူစု အဖမ်းခံ ရသည်။

သခင်ကျော်စိန်တို့လူစုသည် ဂျပန်ကင်ပေတိုင် စစ်ပုလိပ်များအတွက် အလုပ်လုပ်ပေးပါမည်ဟူသော ကတိခံဝန်ဖြင့် ပြန်လွတ်လာကြသည်။ ဂျပန်နှိပ်စက်

ညှဉ်းပန်းမှုကို ကြောက်သဖြင့် ဂျပန်အလိုတော်ရိလုပ် နေကြရသော်လည်း သခင်ကျော်စိန်နှင့် ဆရာရာဂျန် တို့သည် တော်လှန်ရေးစိတ်မကုန်သေးကြောင်း သိရ

သဖြင့် သခင်စိုးက ပြန်လည်စည်းရုံးရန် ဆုံးဖြတ်ခဲ့ သည်။ သခင်သန်းမြိုင်ကို ကျောက်ဆည်စည်းရုံးရေးမှူး ဘဝက တာဝန်မကျေမှုဖြင့် အဆက်ဖြတ်အရေးယူခဲ့ ရာမှ

ပြန်လည်လက်ခံပြီး သခင်ကျော်စိန်၊ ဆရာရာဂျန် တို့နှင့် ဆက်သွယ်ရေးတာဝန်ကို ပြန်ပေးခဲ့သည်။ သခင်သန်းမြိုင်သည် ငွေရေးကြေးရေးကိစ္စကြောင့်

သတိပေးအရေးယူခြင်းလည်း ခံခဲ့ရသည်။

ကိုကျော်ဝင်းနှင့် ကျိုက်မရော ကိုသွင်တို့က အုပ်စုဖွဲ့ကာ သခင်တင်မြအား ဖယ်ရှားရန် ကြံစည် ခြင်းကိုလည်း သခင်စိုးသည် အရေးယူခဲ့ရသည်။ ကိုကျော်ဝင်းနှင့်

ကိုသွင်ကို ပါတီဝင်အဖြစ်မှ ရပ်စဲပြီး ပါတီလိုလားသူအဖြစ် လျှော့ချလိုက်သည်။ ကိုမြသွင် ကို စည်းရုံးရေးမှူးမှ ရိုးရိုးပါတီဝင်အဖြစ် လျှော့ချ သည်။ ကိုသိမ်းမောင်

(သထုံအမတ်၊ ယခုကွယ်လွန်) နှင့် ကိုကျော်တင့်ကို သတိပေးလိုက်သည်။ သခင်စိုး သည် ပါတီဝင်များအား အရေးယူရပါက အဘယ့် ကြောင့်အရေးယူရကြောင်းကို

မြေအောက်အဆက် အသွယ်များထံ ရှင်းပြပြီး အရေးယူခံရသူများနှင့် အဆက်ဖြတ်ထားကြရန် ညွန်ကြားလေ့ရှိသည်။

သခင်စိုး၏ လက်ဝဲသွေဖည်ရေးအန္တရာယ်စာတမ်း[ပြင်​ဆင်​ရန်​]

မြန်မာပြည်သူပြည်သားများသည် ဖက်ဆစ်ဂျပန် တို့၏ စော်ကားနှိပ်စက်မှုကို နေ့ရှိသရွေ့ ခံနေကြရ လေရာ နိုင်ငံရေးအင်အားစုအမျိုးမျိုးသည် ဖက်ဆစ်

တော်လှန်ရေးအတွက် လျှို့ဝှက်ကြံစည်မှုများကို ပြုလုပ် လာကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကြီး နေဝင်းတို့၏ သဘောတူညီချက်အရ တပ်မတော်

ခေါင်းဆောင်များသည် တပ်မတော်အတွင်းတွင် ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံးနေကြသည်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က ပြည်သူ့အရေးတော်ပုံ

အဖွဲ့အမည်ဖြင့် လှုပ်ရှားစည်းရုံးနေသည်။ တပ်မတော် သည် ပြည်သူ့အရေးတော်ပုံအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိရာ တပ်မတော်ခေါင်းဆောင်အချို့ သည်

ပြည်သူ့အရေးတော်ပုံအဖွဲ့ဝင်များ ဖြစ်ကြသည်။ သခင်စိုး၏ ကွန်မြူနစ်ပါတီသည် ဗြိတိသျှနယ်ချဲ့အချို့ နှင့် ပူးပေါင်း၍ ဖက်ဆစ်ကို တိုက်ရမည်ဟူသော

နိုင်ငံရေးသဘောထားကို တရားသေဆုပ်ကိုင်ကာ ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံးနေခဲ့သည်။ ကွန်မြူနစ်ပါတီနှင့် တပ်မတော်သည် အဆက်အသွယ်

ရသော်လည်း ပူးပေါင်းဆောင်ရွက်၍ မဖြစ်နိုင်ခဲ့ပေ။ တပ်မတော်ခေါင်းဆောင်များက ဖိတ်ခေါ်သော်လည်း သခင်စိုးက လက်မခံခဲ့။ သခင်စိုးက တပ်မတော်

ခေါင်းဆောင်များကို ဂျပန်ကိုခေါ်လာသူ မျက်ကန်း မျိုးချစ်များဟု ဝေဖန်ခြင်းကိုလည်း တပ်မတော် ခေါင်းဆောင်များက မကျေနပ်ခဲ့ပေ။

၁၉၄၄ ခုနှစ်၊ နှစ်ဦးပိုင်းတွင် တပ်မတော်က ဖက်ဆစ်ဂျပန်ကို တော်လှန်ပုန်ကန်တော့မည်ဟူသော သတင်းများကို ကွန်မြူနစ်များ ရရှိလာလေသည်။ သခင်စိုးသည်

ဤသတင်းမှန်ကန်ကြောင်း သိသည်နှင့် လက်ဝဲသွေဖည်ရေးအန္တရာယ်အမည်ရှိ စာတမ်းကို ရေးသားတော့သည်။

သခင်စိုး၏ လက်ဝဲသွေဖည်ရေး အန္တရာယ် စာတမ်းတွင် ပါဝင်သောအချက်များမှာ လက်ရှိအခြေ အနေတွင် လက်နက်ကိုင်တော်လှန်ရေးလုပ်လို့ မဖြစ် သေးကြောင်း

ဖော်ပြထားသောအချက်များသာ ဖြစ် သည်။ 'လောလောဆယ် အခြေအနေမှာ ဖက်ဆစ် ဂျပန်များကို ပြည်သူလူထုကြီးက လက်နက်ကိုင်တော် လှန်ရန်

အချိန်မကျသေး။ ဂျပန်ဖက်ဆစ်များသည် ပစိဖိတ်စစ်မျက်နှာတွင် ရှုံးနိမ့်နေပြီဖြစ်သော်လည်း မြန်မာပြည်စစ်မျက်နှာတွင် စစ်အင်အားဆုတ်ယုတ် သင့်သလောက်

မဆုတ်ယုတ်သေး။ ဖရိုဖရဲမဖြစ်သေး။ ဖက်ဆစ်ဂျပန်၏အုပ်ချုပ်မှုမှာ ခိုင်မြဲနေဆဲ ဖြစ်သည်။ တစ်ဖက်က ဖက်ဆစ်ဂျပန်ကို ဦးဆောင်တော်လှန်ကြ မည့်

ဖက်ဆစ်တော်လှန်ရေးအင်အားစုများမှာလည်း တစုတစည်းတည်းမဖြစ်သေး၊ ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့များ၏ လူထုစည်းရုံးရေးမှာ မကျယ်ပြန့်သေးရုံမျှ မက

တကွဲတပြားစီ ဖြစ်နေသေးသည်။ ထို့ကြောင့် ဖက်ဆစ်ဂျပန်တို့အား ချက်ချင်းလက်ငင်း လက်နက် ကိုင်တော်လှန်ရန် နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ စစ်ရေးအရ

အခြေအနေ မပြည့်စုံသေး။

အခြေအနေမပြည့်စုံသေးဘဲ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ပါက အင်အားကြီးသောရန်သူကို အင်အားနည်းနေသေးသော မိမိတို့က ချေမှုန်းပစ်ရန်

ဖိတ်ခေါ်ရာ ကြမည်။ တော်လှန်ရေးသမားများက မိမိတို့ကိုယ်ကို ရန်သူ့လက်သို့ အပ်နှင်းရာကြမည်။ ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်တော်လှန်ရန် အသင့်

မဖြစ်သေးသော လူထုနှင့် ဖက်ဆစ်တော်လှန်ရေး သမားများကို ကင်းကွာစေပြီး လူထုအကူအညီမရ သဖြင့် ရှုံးနိမ့်မှုများကို ကြုံတွေ့နိုင်သည်။ ထို့ကြောင့်

ဖက်ဆစ်တော်လှန်ရေးအင်အားစုများအဖို့ နိုင်ငံရေး အရ၊ စည်းရုံးရေးအရ အသင့်မဖြစ်သေးမီ ဂျပန်ကို ချက်ချင်း လက်နက်ကိုင်တိုက်ခိုက်ရန် သဘောထား သည်

လက်ဝဲသွေဖည်ရေးအန္တရာယ်ပင် ဖြစ်သည်။

ဤအန္တရာယ်ကို တားဆီးရမည်။ ဤလက်ဝဲ သွေဖည်ရေးသဘောထားရှိသူများကို ချဉ်းကပ်၍ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ရန် အချိန်မကျ သေးကြောင်း၊

အချိန်စောင့်၍ လိုအပ်သော နိုင်ငံရေး၊ စည်းရုံးရေး ပြင်ဆင်မှုများကို လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ရှင်းပြရမည်' စသည်ဖြင့် လက်ဝဲ သွေဖည်ရေး

အန္တရာယ်စာတမ်းတွင် သခင်စိုးက အကျယ်တဝင့် ရေးသားထားသည်။

ကွန်မြူနစ်များသည် လက်ဝဲအန္တရာယ်စာတမ်းကို စာကူးစက်ဖြင့် လှည့်၍ ယင်းတို့၏ မြေအောက် ကလာပ်စည်းဝင်များသို့ ချက်ချင်း ဝေငှသည်။

တပ်မတော်အတွင်းသို့လည်း ဗိုလ်သိန်းတန်မှတစ်ဆင့် ဖြန့်ဝေသည်။ တပ်မတော်ခေါင်းဆောင်များမှာ ဂျပန် တို့ စောင့်ကြည့်နေသည့်အန္တရာယ်ကြားမှ ဖက်ဆစ်

ဆန့်ကျင်ရေးကို တပ်မတော်အတွင်းတွင် လျှို့ဝှက်စွာ စည်းရုံးပြင်ဆင်နေရခြင်းဖြစ်ရာ သခင်စိုး၏စာတမ်း သည် ဖက်ဆစ်ဆန့်ကျင်ရေးစည်းရုံးမှုများကို များစွာ

ကျဆင်းစေခဲ့သည်။ သခင်စိုး၏စာတမ်းကိုသာ ဂျပန် လျှို့ဝှက်စစ်ပုလိပ်များရရှိသွားပါက တပ်မတော်၏အစီ အစဉ်ကို ကြိုတင်သိရှိသွားနိုင်သည့် အန္တရာယ်နှင့် လည်း

ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် တပ်မတော်အတွင်းမှ ပြည်သူ့အရေး တော်ပုံပါတီ ခေါင်းဆောင်များဖြစ်ကြသော ဗိုလ်အောင် ကြီး(ဗိုလ်မှူးချုပ်ဟောင်း)နှင့် ဗိုလ်မောင်မောင်(သံ

အမတ်ကြီးဟောင်း)တို့သည် ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် သခင်တင်မြနှင့်တွေ့ဆုံ၍ သခင်စိုး၏ လက်ဝဲသွေဖည်ရေးအန္တရာယ်စာတမ်းကို ပြင်းထန်စွာ

ကန့်ကွက်ပြစ်တင်ကြသည်။ တပ်မတော်ခေါင်းဆောင် များနှင့် သခင်စိုး တွေ့ဆုံဆွေးနွေးရေးကိုလည်း ကြိုတင်ညှိနှိုင်းခဲ့ကြသည်။

ဘီအိုင်အေတပ်များကို ဖျက်သိမ်းပြီး ဘီဒီအေ တပ်များ ဖွဲ့စည်းစဉ်က ဘီဒီအေတပ်တွင် မပါဝင်ခဲ့ သော ရဲဘော်များရှိနေခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း၏ အမိန့်အရ

ဗိုလ်ကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်း/ တောခို)သည် ထိုရဲဘော်များကို စုစည်းထားခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုရဲဘော်များအား ဖက်ဆစ်

တော်လှန်ရေးအတွက် တာဝန်ပေးရန် ရည်ရွယ်ခဲ့သည်။ ထိုရဲဘော်များသည် ပဲခူး၊ သထုံနှင့် ဒလဒေသများတွင် လူနှင့် လက်နက်များကို ကြိုတင်စုဆောင်းထားခဲ့

ရသည်။

ကွန်မြူနစ်များသည် ဗိုလ်ကျော်ဇော၏ လက်အောက်တွင် စုစည်းနေသော ထိုရဲဘော်များကို လည်း ဆက်သွယ်စည်းရုံးခဲ့သည်။ ထိုသူများမှာ ကိုကြီးမြင့်၊

ကိုဖေညွန့် (တောခို၊ သန့်ရှင်းအမတ်၊ ၁၉၅၉ ခုနှစ်၊ သထုံတွင်ကျဆုံး)၊ ကိုသောင်းအေး (ကွယ်လွန်)၊ ကိုသာရီ(သထုံတွင် ဂျပန်အသတ်ခံရ)၊ ကိုထွန်းစိန်နှင့်

ကိုသိန်းဆိုသူတို့ ဖြစ်သည်။

တပ်မတော်သည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် လျှို့ဝှက်ဆောင်ရွက်နေရာတွင် နိုင်ငံရေးဝါဒကို ရှေ့တန်းတင်၍ စည်းရုံးလျက်ရှိသော ကွန်မြူနစ်များ နှင့် မကြာခဏ

အငြင်းပွားခဲ့ရသည်။ ကွန်မြူနစ်များ ၏ လုပ်ဆောင်ချက်သည် အခါများစွာတွင် တပ်မတော် ၏တော်လှန်ရေးကို အဟန့်အတားဖြစ်စေခဲ့သည်။ သို့သော်

ဗိုလ်ချုပ်အောင်ဆန်းသည် အစစအရာရာ သည်းညည်းခံ၍ တပ်မတော်၊ ပြည်သူ့အရေးတော်ပုံ ပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို စုစည်း၍ ဖက်ဆစ် တိုက်ဖျက်ရေး

ပြည်သူ့အဖွဲ့ချုပ်ကို ဖွဲ့စည်းနိုင်ရန် ကြိုးစားခဲ့လေသည်။

  • သမိုင်းဆိုင်ရာအမြင်အရ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ မြေအောက်ကလာပ်စည်းဖွဲ့ခြင်းကို အချို့က ပထမ ကွန်ဂရက်ဟု ဆိုသည်။

ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်[ပြင်​ဆင်​ရန်​]

ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် ဖွဲ့စည်းခြင်း[ပြင်​ဆင်​ရန်​]

ဂျပန်ဝင်လာသည့် ၁၉၄၂ ခုနှစ်မှသည် ၁၉၄၃ ခုနှစ် တစ်နှစ်လုံးအထိ လက်ဝဲအင်အားစု နိုင်ငံရေး ခေါင်းဆောင်များသည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက်

တသီးတခြားစီ စည်းရုံးလှုပ်ရှားနေခဲ့ကြသည်။ ပြည်သူ့ အရေးတော်ပုံပါတီ၊ ကွန်မြူနစ်ပါတီ၊ တပ်မတော်၊ သခင်ကျော်စိန်တို့လူစု စသည်တို့မှာ အဆက်အစပ်

မရှိခဲ့ကြပေ။ အဆက်အစပ်မရှိရုံသာမက တစ်စုနှင့် တစ်စု ဂိုဏ်းဂဏသဘောထားများလည်း ရှိနေခဲ့ကြ သည်။ ဖက်ဆစ်တော်လှန်ရေး ရည်ရွယ်ချက်တူညီစေ ကာမူ

နိုင်ငံရေးအယူအဆ၊ လုပ်နည်းလုပ်ဟန်ကွဲပြားမှု များကြောင့် တစ်စုနှင့်တစ်စု စည်းရုံးညီညွတ်မှု မရှိခဲ့ပေ။

၁၉၄၄ ခုနှစ်၊ ဩဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ အကြံပေးချက်အရ ဖက်ဆစ်များကို အဖွဲ့အစည်း တစ်ခုတည်းဖြင့် တိုက်ဖျက်ကြရန် သဘောတူညီမှု

ရလာကြသည်။ ဩဂုတ်လ ပထမပတ်ထဲတွင် ဗမာ့ တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ အရေးတော်ပုံပါတီမှ ကိုယ်စားလှယ်များသည်

အင်းယားကန်အနီးရှိ သခင်နု (ဂျပန်ခေတ် အစိုးရ အဖွဲ့ နိုင်ငံခြားရေးဌာနဝန်ကြီး)နေအိမ်၌ လျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေးကြပြီးနောက် ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့ချုပ်

(Anti Fascist Organization - A.F.O) ကို မြေအောက်တော်လှန်ရေးလှုပ်ရှားမှုအသွင်ဖြင့် လျှို့ဝှက်စွာ ဖွဲ့စည်းလိုက်ကြသည်။

ထိုဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ချုပ်တွင် ဗမာ့ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျာ်၊ ဗိုလ်နေဝင်း၊ ပြည်သူ့အရေးတော်ပုံပါတီမှ သခင်မြ၊ ကိုဗဆွေ၊

ကိုကျော်ငြိမ်းတို့နှင့် ကွန်မြူနစ်ပါတီမှ သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ချစ်တို့ ပါဝင်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို တော်လှန်ရေးအဖွဲ့ချုပ်၏

ဥက္ကဌအဖြစ်လည်းကောင်း၊ သခင်သန်းထွန်းကို အတွင်း ရေးမှူးအဖြစ်လည်းကောင်း တင်မြှောက်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက သူ

ကိုယ်တိုင်ရေးယူလာသောစာတမ်းကို တင်ပြခဲ့ရာ အဖွဲ့ချုပ်၏ ကြေညာချက်အမှတ်(၁)အဖြစ် ထုတ်ပြန် ရန် အားလုံးက သဘောတူဆုံးဖြတ်ခဲ့သည်။ ယင်း

ကြေညာချက်ကို တော်လှန်ရေးအဖွဲ့ခွဲများ၊ မြေအောက် တော်လှန်ရေးကလာပ်စည်းများ လျှို့ဝှက်စွာ ဖွဲ့စည်း၍ ဖြန့်ချိဝေငှကြသည်။

ထို့နောက် ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့ချုပ် (A.F.O)ကို ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် ဟူ၍ အမည်ပြောင်းလဲခဲ့ပြန်သည်။ သို့သော် အင်္ဂလိပ်

အမည်ကိုမူ (A.F.O) ဟူ၍သာ သုံးစွဲခဲ့သည်။ တော်လှန်ရေးကာလတစ်လျှောက်လုံးတွင်လည်း မဟာမိတ်စစ်ဌာနချုပ်နှင့် စစ်တပ်များက (A.F.O)

ဟူ၍သာ ခေါ်ဝေါ်သုံးစွဲခဲ့သည်။

ထို့နောက် ဖက်ဆစ် တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်သည် တပ်မတော်မှ လက်ရွေးစင်လူငယ်များ၊ အာရှလူငယ်အဖွဲ့ဝင်များ၊ အဖွဲ့အစည်းပေါင်းစုံမှ

စေလွှတ်သည့် အမာခံလူငယ် များအား အခြေခံစစ်ပညာသင်တန်းနှင့် နိုင်ငံရေး သင်တန်းကို လျှို့ဝှက်၍ ပို့ချခဲ့ကြသည်။

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ဂ ၏ ပထမဆုံးကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ် သည်။

'နယ်ချဲ့ဖက်ဆစ် ဓားပြ ဂျပန်လူရိုင်းများကို မောင်းထုတ်ကြလော့'

ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်၏ ကြေညာချက်အမှတ်(၁)[ပြင်​ဆင်​ရန်​]

ယခုအခါ မြန်မာနိုင်ငံတွင် ငါတို့ပြည်သူပြည်သား အပေါင်းတို့သည် နယ်ချဲ့ဖက်ဆစ်ဂျပန်၏ လက် အောက်တွင် ပြားပြားဝပ်နေရကြောင်း၊ နေ့စဉ်နှင့်အမျှ

ငါတို့လူမျိုးများ အအိပ်ကြောင့်ကြ၊ အစားကြောင့်ကြ၊ အသွားကြောင့်ကြ ဖြစ်နေရပေသည်။ နေ့စဉ်နှင့်အမျှ ဂျပန်စစ်ပုလိပ်၊ ဂျပန်စစ်သား၊ ဂျပန်ကုန်သည်၊ ဂျပန်

နောက်လိုက်တို့၏ ညှဉ်းဆဲမှု၊ ကလိမ်ကျမှုတို့ကို ခံနေရ ပေသည်။ ငါတို့ပစ္စည်းတွေသိမ်း၊ အိမ်တွေအရမ်းနှင်ချ၊ ငါတို့အမြတ်တနိုးကိုးကွယ်နေတဲ့ ဘုရားကျောင်း၊ ကန်၊

ချတ်(ချ်)ဘုရားရှိခိုးကျောင်းမှန်း၊ ဗလီများမှန်းမသိ၊ ထိပ်ခေါက်ချင်ခေါက်၊ ခေါင်းပုတ်ချင်ပုတ်၊ ပါးရိုက်ချင် ရိုက်၊ မိန်းမတွေကို အဝတ်ချွတ်ရှာလိုရှာ၊ မုဒိမ်းကျင့်

လိုကျင့်၊ ဖာလုပ်ခိုင်းလိုခိုင်း၊ ဗိုက်တစ်လုံးနှင့် ပစ်ထား လိုထား၊ ငါးပိ၊ ငါးခြောက်၊ ဆန်၊ ဆီ၊ အာလူး၊ ဝါဂွမ်း၊ အတွင်းပစ္စည်းရော၊ အပြင်ပစ္စည်းရော သူတို့လက်ထဲ

ထား၊ ဈေးတွေ ကမောက်ကမဖြစ်ချင်တိုင်း ဖြစ်အောင် လုပ်၊ ငါတို့ အများစားရမယ့်ပစ္စည်းတွေကျတော့ ဂျပန် တွေက တန်ဖိုးမရှိတဲ့စက္ကူတွေနဲ့ ဈေးပိုပေး၊ ငါတို့

ပိုက်ဆံဖြစ်မယ့် ဆန်၊ ဆီ၊ ဝါဂွမ်း အစရှိသည်ကျတော့ အတင်းအဓမ္မ မတန်တဆဈေးနှိမ်သိမ်း၊ သိမ်းတာမှာ လည်း ဗမာတွေလိုတာကို ဘာမှမချန်၊ သူတို့လိုတာ

လောက်သာ သိပြီး နွားတွေ၊ မြင်းတွေ၊ လှည်းတွေ၊ ကားတွေ အရမ်းသိမ်း၊ အရမ်းသယ်၊ လူတွေ အတင်း ကူလီလုပ်ခိုင်း၊ တိုတိုပြောရလျှင် ကျုပ်တို့လူမျိုးတွေ

ခွေးလုံးလုံးဖြစ်နေပြီး ဂျပန်မြင်တိုင်း ခေါင်းညိတ် လိုက်ရတာ အမောပဲ။

ဒါ ဘယ့်နှယ်လုပ်မလဲ၊ ဖက်ဆစ်ဂျပန်ကို သည်းမခံနိုင်တဲ့ ကျုပ်တို့ မြန်မာနိုင်ငံတွင်း နိုင်ငံပ အင်အားစုနှစ်ရပ်ပေါင်းပြီး အထက်မှာပြထားတဲ့

ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး ဖွဲ့စည်းလိုက်ပြီ။

ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဒီအဖွဲ့ကြီးကို ဖွဲ့ လိုက်သလဲ၊ အောက်ပါအတိုင်းပဲ။

ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ချုပ်၏ စည်းမျဉ်းနှင့် လုပ်ငန်းစဉ်[ပြင်​ဆင်​ရန်​]

(၁) ပထမ ဂျပန်နယ်ချဲ့ဖက်ဆစ်စစ်တပ်နှင့် နောက် ကပါတဲ့ ဂျပန်ကုမ္ပဏီကြီးငယ်တွေကို မောင်းထုတ် ပစ်ရမယ်။ ဂျပန်နဲ့ နောက်လိုက်တွေကိုလည်း

ဖြုတ်ပစ်ရမယ်။

(၂) မြန်မာပြည်သူပြည်သားအလိုကျ လွတ်လပ်တဲ့ မြန်မာပြည်သူပြည်သားနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ရေး ဥပဒေကို ရေးဆွဲရမယ်။ ဘယ်လိုရေးဆွဲရမလဲ။

အောက်ပါအချက်တွေပါရမယ် -

(က) ပုဂ္ဂိုလ်လွတ်လပ်ခွင့်၊ ဂျပန်စစ်ပုလိပ် အရမ်း ဆွဲ၊ အရမ်းအဖမ်းခံနေရတဲ့ အခုလို ပုဂ္ဂိုလ် လွတ်လပ်ရေးမျိုးမဟုတ်။

(ခ) လွတ်လပ်စွာတွေးတောခွင့်၊ အဓိပ္ပာယ်က လွတ်လွတ်လပ်လပ် မိမိယူချင်တဲ့ဝါဒကို ဆိုလိုတယ်။ ကောင်းတဲ့ တရားတဲ့ဝါဒ၊ ဆိုးတဲ့ ဝါဒမဟုတ်။ အခု

ခင်ဗျားတို့ ကောင်းမှန်း တရားမှန်းသိပေမယ့် ဇွတ်မှိတ်ပြီး ခင်ဗျား တို့ ယုံကြည်မှုတွေကို ဖျက်ဆီးနေရတယ် မဟုတ်လား။ ဒါကတော့ မထူးဆန်းပါဘူး။

သူတို့ဂျပန်တွေမှာလည်း လူတွေဟာ အမှန်၊ အကောင်းတရားတာ ထင်တိုင်း မယုံကြည် ရဘူး။

(ဂ) လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖော်ပြခွင့်၊ သတင်းစာက ဘယ်နှစောင် ထုတ်၊ ဘာတွေသာရေး၊ ရေဒီယိုက ဘာတွေ ကိုသာပြော၊ ဘာတွေသာ

နားထောင်၊ ဘာ စကားတွေသာပြော၊ ကိုယ့်အကျိုးမပါဘဲ မဟာအရှေ့အာရှတိုက် သာတူညီမျှခံစား ရေးနယ်ပယ်တို့၊ ဘူရှီဒို လူရိုင်းဝါဒတို့ အစ ရှိသည်ကို

နင်းကန်ပြီး ချီးမွမ်းရတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖော်ပြခွင့်မျိုးမဟုတ်။

(ဃ) လွတ်လပ်စွာ အသင်းအပင်း အဖွဲ့အစည်း စည်းရုံးခွင့်၊ စည်းဝေးခွင့်၊ စီတန်းလမ်း လျှောက်ခွင့်၊ ယခုအခါ ဂျပန်မကြိုက်လျှင် ဘာအသင်းမှ မထောင်ရ။

အရင်တုန်းက အလုပ်သမား၊ လယ်သမား၊ ကျောင်းသား အသင်းတွေ ဘယ်ရောက်ကုန်သလဲ၊ လွတ် လွတ်လပ်လပ် အသင်းမဖွဲ့ရ၊ စည်းလည်း မစည်းဝေးရ၊

စီတန်းလမ်းလျှောက်ခွင့် ကိုယ် လိုချင်တာလည်း မေ<ြွကးကြော်ရ။ စာပေါ်မှာ ရှိတဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ အုပ်ချုပ် ရေးဥပဒေ

လွတ်လပ်ရေးမျိုးမဟုတ်ဘူး။

(င) လွတ်လပ်စွာ မိမိကြိုက်နှစ်သက်ရာ ဘာသာ တရားကို ကိုးကွယ်ချင်ကိုးကွယ်၊ မကိုးကွယ် ချင်နေ၊ နိုင်ငံအစိုးရဆိုတာ ဘာသာရေးမှာ ကြားနေရမယ်။

သာတူညီမျှ သဘောထား ရမယ်။ ကမ္ဘာတစ်ခုလုံးမှာ ဒီစနစ်ကို လိုက်နာနေကြတဲ့အတိုင်း ဗုဒ္ဓဘာသာလူမျိုး၊ တိုင်းပြည်အချင်းချင်းဆိုပြီး ဘုန်းကြီးမှန်း မသိ၊

ဘုရားမှန်းမသိ၊ တန်ဆောင်းမှန်းမသိ၊ ဘုရားပုထိုး ကျောင်းကန်တွေ ဖျက်ဆီး မီးတိုက်၊ ဖိုခုံလောက်လုပ်၊ လမ်းခင်း၊ ဖင်ခု ထိုင်၊ မြင်းဇောင်းဆောက်၊ ဘုန်းကြီးတွေ

ခေါင်းခေါက်လိုခေါက်၊ သစ်ပင်အတက်ခိုင်း လိုခိုင်း၊ ကြွက်သတ်ခိုင်းလိုခိုင်းဆိုတဲ့ ဂျပန် သာသနာပြုနည်းမျိုးကိုတော့ မလိုချင်ဘူး။ ကျုပ်တို့ဘာသာကျုပ်တို့

လွတ်လွတ်လပ်လပ် ကိုးကွယ်ပါရစေ။ မတူချင် နေပါစေ။

(စ) နေအိမ်၊ ကျောင်းတိုက်၊ ချတ်(ချ်)ဘုရားရှိခိုး ကျောင်း၊ ဗလီ စသည်တို့ကို မတရားသဖြင့် နှောင့်ယှက်ကျူးလွန်ခြင်းမှ ကင်းလွတ်ခွင့်။

(ဆ) မတရားသဖြင့် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း မှ လွတ်လပ်ခွင့်၊ ဂျပန်စစ်ပုလိပ်ကလည်း ဖမ်း၊ ဂျပန်စစ်သားကလည်း ဖမ်း၊ ဂျပန်

နောက်လိုက်တွေကလည်း ဖမ်း၊ ပါးရိုက်၊ ချုပ်ထား၊ ကျိုးကန်းအောင် သေအောင်ည§ဉ်း၊ အဲဒီလို လွတ်လပ်ရေး မဟုတ်ဘူး။

(ဇ) စီးပွားရေးနှင့် လူမှုရေးရာတွင် မတရား နှိပ်စက်ည§ဉ်းဆဲမှုများမှ လွတ်လပ်ခွင့်၊ ဥပမာ အဆမတန်ကြီးသော သီးစားနှုန်း ငွေတိုး ကြီးစနစ်၊ မမျှမတ

တရားလွန်ကောက်ခံရေး စနစ် စသည်တို့မှ လွတ်ကင်းချမ်းသာခွင့်။

(ဈ) လူမျိုး၊ ဘာသာ၊ လိင်တို့နှင့် ပတ်သက်၍ အဆင့်အတန်းခွဲခြားမှုများမထားခြင်း၊ နိုင်ငံ အတွင်း အလုပ်အကိုင်မှန်သမျှ လူတိုင်း လူမျိုး ဘာသာ ကျား၊ မ

မရွေး အစွမ်း အလျောက် ရရှိပိုင်ခွင့်၊ လူမျိုးချင်း၊ ဘာသာ ချင်း၊ ယောကျာ်းနှင့် မိန်းမ နှိမ့်ချသည့် အထိမ်းအမှတ် အခေါ်အဝေါ် အမည်နာမ စရိုက် အကျင့်အကြံ၊

စာအုပ်၊ ပေစာ၊ ရာဇဝင် အမှတ်အသားအားလုံး နိုင်ငံ အစိုးရက တားမြစ်ပေးရမည်။

(ည) အလုပ်ကြမ်းသမား၊ အလုပ်နုသမားတို့ သင့်လျော်ရာ အလုပ်သမားများကို လုပ်ကိုင် ခွင့်၊ ပညာတတ် အလုပ်လက်မဲ့၊ ရိုးရိုး အလုပ်လက်မဲ့ အစရှိသည်တို့

မရှိစေရ။ ရပြီး သားအလုပ်အကိုင်ကိုလည်း အကြောင်းမဲ့ မပြုတ်စေဘဲ မြဲမြဲ ရရှိနိုင်ခွင့်ရှိရမည်။

(ဋ) ကျွဲ၊ နွား စားကျက်၊ ထင်း၊ နေအိမ် ဆောက်ရန် သစ်၊ ဝါးများ အခမဲ့အသုံးပြုခွင့် နှင့် အိမ်သုံးအတွက် ငါးဖမ်းခွင့် ရှိရမည်။

(ဌ) အစိုးရနှင့် ကုမ္ပဏီ အစရှိသည်တို့တွင် လုပ်သားများအားလုံး တရားမျှတစွာ ကန့်သတ်ထားသော အခ၊ အလုပ်ချိန်၊ အလုပ်နားရက်များ ကျန်းမာရေးနှင့်

ညီမျှ အောင် ထားရှိရမည်။

(ဍ) လူမျိုးဘာသာ လိင်ပစ္စည်းအခြေအနေမရွေး ပညာသင်ခွင့်၊ အတော်ဆုံးသာ ထိပ်ဆုံး ရောက်ရမည်၊ ဆင်းရဲချမ်းသာမရွေး တော် သူမှန်သမျှ

ထိပ်တက်စေရမည်။

(ဎ) ဘာသာ၊ စာ၊ စကား ခြားနားသူများအဖို့ မိမိတို့ ဘာသာအယူများအတိုင်း နေနိုင်ခွင့်။

(ဏ) ကရင်၊ ရှမ်း၊ ပလောင်၊ တောင်သူ၊ ကချင်၊ ချင်း၊ မွန်၊ တရုတ်၊ ကုလား စသော လူနည်း စုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံ ရေး

အခွင့်အရေးများကို အစိုးရက အထူး စောင့်ရှောက်ပေးခြင်း။

(၃) အိုစာ၊ နာစာ၊ အထိအခိုက် လျော်ကြေး၊ အလုပ် လက်မဲ့ ထောက်ပံ့ကြေး အစရှိသည်တို့ကို နိုင်ငံ တော်အတွင်း လုပ်သားမှန်သမျှ ရခွင့်ရှိရမည်။

(၄) အောက်ကျနောက်ကျဖြစ်နေတဲ့ ကရင်၊ ကချင်၊ ချင်း အစရှိသည်တို့ကို တစ်မျိုးလုံးရဲ့ ယဉ်ကျေးမှုအဆင့် အတန်းကို ရောက်အောင် လုပ်ပေးရမည်။ ၎င်း

တို့ထံမှရတဲ့ အခွန်ငွေများကို ၎င်းတို့အတွက်သာ သုံးရမည်။ ဒါတင်မကသေး၊ လိုနေသေးလျှင် အစိုးရ ဗဟိုရန်ပုံငွေထဲက ထုတ်ယူသုံးရမည်။

(၅) တိုးတက်သော ပညာရေးစနစ်ကို တီထွင်ရမည်။ တစ်ပြည်လုံးမှာ ဂျပန်ကျောင်းတွေ ဖွင့်ပြီး ကျောင်းသားလူငယ်တွေကို သူလျှိုလုပ်ခိုင်းနေတဲ့

ပညာရေးမျိုး မဟုတ်ရ။

(၆) စကောလားရှစ် ဆုငွေများ၊ ပညာတော်သင် စရိတ်များ၊ အစိုးရအထောက်အပံ့ ပညာရှာဖွေရန် အခွင့်အလမ်းကောင်းများအားဖြင့် မြန်မာနိုင်ငံမှာ

လောကဓာတ်ပညာ၊ ခေတ်ပညာ၊ ကမ္ဘာ့ ယဉ်ကျေးမှုပညာများကို တိုးတက်အောင် လုပ်ရ မယ်။ လောကဓာတ်ဆရာကြီးတွေ၊ တက္ကသိုလ်

ပါမောက္ခကြီးတွေ၊ ဓာတုဗေဒဆရာတွေ၊ ပညာရှိ တွေ၊ နည်းသစ်ထွင်သူတွေ ထွက်အောင် လုပ်ရ မယ်။ ရှိပြီးသား ပညာရှိတွေကိုလည်း နိုင်ငံရဲ့ သစ္စာကို စောင့်သိလျှင်

ကောင်းစွာ ချီးမြှောက် ရမယ်။

(၇) တက်ခေတ်နဲ့လျော်ညီတဲ့ လယ်မြေစနစ်ကို စီမံ ရမယ်။

(၈) သတ်မှတ်ထားသော အခွန်ကောက်ခံရေးစနစ် တီထွင်ရမယ်။

(၉) တိုးတက်တဲ့ ကုန်သွယ်ရေးနဲ့ အလုပ်သမား စည်းမျဉ်းကို အသုံးပြုရမယ်။

(၁ဝ) နိုင်ငံကို သစ္စာဖောက်တဲ့လူတွေရဲ့ပစ္စည်းမှန် သမျှ အ<ြွကင်းမရှိ အလေမရှိ သိမ်းရမယ်။

(၁၁) အများပြည်သူတို့ဆန္ဒလိုက်လျောတဲ့ အဂတိ မလိုက်စား၊ တရားသဖြင့် အုပ်ချုပ်ရေးကို ထွင် ရမယ်။

(၁၂) အပြစ်မရှိဘဲ အပြစ်ခံသူခံရ၊ အပြစ်ရှိသူ အပြစ် လွတ်၊ ဥပဒေရှိပါလျက်နဲ့ တရားစရိတ်မတတ် နိုင်၍ အခွင့်အရေးမရ။ မှန်မှန်းသိလျက်

သက်သေမပြနိုင်၍ လက်ပိုက်ကြည့်နေရ၊ အချိန် တွေ ဆွဲချင်တိုင်းဆွဲပြီး တရားစစ်လိုကစစ် အစ ရှိသည်အားဖြင့် လွန်စွာချွတ်ယွင်းနေသော လက်ရှိ

ဥပဒေတရားရုံးစနစ်တွေကို သေသေ ချာချာပြောင်းလဲပစ်ရမည်။ အပြစ်ရှိရင် ကလဲ့ စားချေရုံလောက်သာ စိတ်ကူးပြီး ပြုပြင်ဖို့ စိတ် မကူးတဲ့ အပြစ်ပေးနည်းစနစ်၊

လောကငရဲနဲ့ တူတဲ့ ထောင်အုပ်ချုပ်ရေးတွေကို ပြုပြင်ပေးရ မယ်။

အထက်ပါအချက်တွေကို ကျုပ်တို့နိုင်ငံက မလုပ် နိုင်ရင် ကျုပ်တို့တစ်တွေ မတိုးတက်နိုင်ဘူး။ တကယ့် သာတူညီမျှခံစားရေး မရှိနိုင်ဘူး။

အထက်ပါအချက်တွေကို ဂျပန်ဖက်ဆစ်လူရိုင်း တွေ မြန်မာပြည်မှာရှိနေသမျှ ကျုပ်တို့မရနိုင်ဘူးမှတ်။ သူတို့ရှိနေသမျှ မြန်မာပြည်ဟာ စစ်ဘေးနဲ့တွေ့နေမှာပဲ။

သူတို့ကို စစ်ကြေးပေးနေရမှာနဲ့ ကျုပ်တို့ စားဖို့၊ ဝတ် ဖို့၊ တိုးတက်ဖို့ အခွင့်အလမ်းတွေကို ရမှာမဟုတ်ဘူး။

ဒါကြောင့် ဖက်ဆစ်ဂျပန်တွေကို မောင်းထုတ်ရ မယ်။ ဘယ်လိုမောင်းထုတ်ရမလဲ။

အောက်ပါအချက်တွေကို လူထုအလိုက် စည်းရုံး ပြီး လုပ်ရမယ်။

(၁) ဖက်ဆစ်ဂျပန် ဓားပြတပ်သုံးတဲ့ မီးရထား လမ်း၊ မော်တော်ကားလမ်း၊ တံတားတွေကို ဖျက်၊ သူတို့ပစ္စည်းတွေ မီးရှို့ဖျက်ဆီးလုယူ။

(၂) ဖက်ဆစ်ဓားပြတပ် စစ်မတိုက်နိုင်အောင် လမ်းဖောက်တာတွေကို မကူညီကြနဲ့။ အလုပ်သမားတွေ သပိတ်မှောက်၊ ရသမျှ လက်နက်တွေနှင့် ကိုင်ထ။

(၃) ကျွဲ၊ နွား၊ တိရစ္ဆာန်၊ ယာဉ်များ၊ လှေတွေကို အသိမ်းမခံနဲ့။ ဝှက်ထားကြ။ အစား အသောက်တွေ ဝှက်ထားကြ။

(၄) ဂျပန်နောက်လိုက် သစ္စာဖောက် ဗမာတွေ ကို သတ်ပစ်ကြ။

(၅) ဗမာ့တပ်မတော်စစ်သားတွေက သူပုန် ပြောက်ကျားနည်းအရ ဂျပန်ဖက်ဆစ် လူရိုင်းတွေကို တိုက်ကြ။

(၆) ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့အဖွဲ့ချုပ်အား ဖက်ဆစ်ရန်သူများရဲ့သတင်းများကိုပေး၊ ဖက်ဆစ်ရန်သူတွေကို မမှန်သတင်းပေး။

(၇) ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့အဖွဲ့ခွဲတွေ၊ စစ်တပ်တွေဖွဲ့ကြ၊ လယ်သမား၊ အလုပ် သမား အစည်းအရုံးတွေဖွဲ့ကြ။

(၈) တစ်တိုင်းတစ်ပြည်လုံး အဖွဲ့အချင်းချင်း၊ လူမျိုးအချင်းချင်း မကွဲကြနှင့်၊ ညီရင်း အစ်ကိုလို အလုပ်လုပ်ကြ။

အထူးမှတ်ရန်[ပြင်​ဆင်​ရန်​]

ငါတို့သည် ဖက်ဆစ်ဂျပန်ကိုသာ မုန်း၏။ ဖက်ဆစ် ဂျပန်က ဗမာတွေ အာရှတိုက်သားတွေကိုသာ ညှဉ်းဆဲ သည်မဟုတ်။ သူတို့ဂျပန်ပြည်မှာလည်း ပြည်သူ

ပြည်သားများကို ညှဉ်းဆဲကြတယ်။ ဂျပန်ပြည်မှာ တောကမိန်းကလေးတွေကို ကြွေးတင်လို့ မိန်းမရွှင်လုပ် ဖို့ အရောင်းအဝယ်လုပ်ကြရတယ်။

အလုပ်သမားတွေ ကို ဖိစီးနှိပ်စက်တယ်။ ဖက်ဆစ်ဆန့်ကျင်ရေး တကယ့် စိတ်ရှိသူတွေကို ဖမ်းဆီးထားတယ်။

ဘယ်သူတွေအတွက်လဲ၊ ဂျပန်ပြည် အဌေးဆုံး ငွေကြေးရှင် သူတို့ဘုရင်ကြီးခေါင်းဆောင်တဲ့ မစ်ဆူဝီ၊ မစ်ဆူဘီရှီ၊ ဆူမီတိုမီ အစရှိတဲ့ ဓနရှင်ကုမ္ပဏီသူဌေး ကြီးတွေနဲ့

စစ်တပ်မှ အကြီးအကဲတွေ ကောင်းဖို့ အတွက်ပဲ။ မြန်မာပြည်မှာရှိတဲ့ အမ်ဘီကေ၊ အမ်အက်စ် ကေဆိုတာ သူတို့ပေါ့။

ဂျပန်ပြည်မှာ လူတွေဆူမှာစိုးတော့ စိတ်ပြောင်း သွားအောင် တခြားသွား စစ်တိုက်တယ်။ သူတို့ စီးပွားရေးလက်ဝါးကြီးအုပ်ဖို့ နယ်သစ်တွေ ရှာကြ တယ်။

ဂျပန်ပြည်သူပြည်သားတွေကိုလည်း မစားရ ဝခမန်းတွေဟောပြီး ခေါ်ခဲ့တယ်။ ငါးပိ၊ ငါးခြောက်၊ ဟင်းသီးဟင်းရွက်အထိ လုပ်ခိုင်းတယ်။ စစ်သားတွေ ကို

မျက်စိမှိတ်ပြပြီး လုပ်ချင်ရာလုပ်တာကို ကြည့်နေ တယ်။

အဲဒီတော့ အမှန်က ဂျပန်လူမျိုးတွေက မဆိုး၊ ဂျပန်ဖက်ဆစ်တွေသာ ဆိုးတယ်။ ဒါကြောင့် စစ်ရှုံးမှ သူတို့ဂျပန်မှာ ဖက်ဆစ်တိုက်ဖျက်နေတဲ့ သူတော် ကောင်းတွေ

အာဏာရကြမှာ။ အဲဒီတော့ သူတို့စစ်ရှုံး အောင် အထက်ပါအချက်တွေလုပ်။ ဂျပန်စစ်သား များကိုချော့ပြီး ကိုယ့်လူသူ့ဘက်သားဖြစ်အောင်လုပ်။ ထွက်ပြေးလာတဲ့

ဂျပန်စစ်သားများကို ကောင်းကောင်း ကျွေးမွေး ဝှက်ထားကြ၊ ပြီးတော့ ငါတို့ရှိရာပို့၊ ဂျပန် ပြည်တွင်လည်းကောင်း၊ ငါတို့မဟာမိတ် တရုတ်တပ် များတွင်လည်းကောင်း

ဂျပန်လူမျိုးတော်လှန်ရေး တပ်ဖွဲ့ထားပြီး မဟာမိတ်များနှင့်အတူ ဂျပန်ဖက်ဆစ် စနစ်ကို အနည်းနည်း တိုက်ဖျက်လျက်ရှိသည်။ ယခု အခါ ၎င်းတို့၏

ဝါဒဖြန့်မှုကြောင့်လည်းကောင်း၊ စစ် မတိုက်လိုသောကြောင့်လည်းကောင်း ဂျပန်စစ်သား အများအပြားသည် စစ်မြေပြင်မှ ထွက်ပြေးနေကြပြီ။ ထို့ကြောင့် တစ်ဦးစ၊

နှစ်ဦးစ ဂျပန်များကိုတွေ့က မသတ်ဖြတ်ဘဲ ကိုယ့်လူဖြစ်အောင်လုပ်ကြ။ တွေ့သည့် ဂျပန်အနည်းငယ်မျှကို သတ်ဖြတ်ရုံနှင့် ဂျပန်ဖက်ဆစ် များ စစ်မရှုံးနိုင်။ သူတို့

ရိက္ခာတွေဖြတ်၊ ခဲယမ်းမီး ကျောက်ကုန်၊ လမ်းပန်းအသွားအလာပြတ်မှသာ စစ် မတိုက်နိုင်တော့ဘဲ မြန်မာပြည်က ထွက်ပြေးကြမယ်။

မြန်မာပြည် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ချုပ်၏ အောင်လံတော်သည် အနီရောင်ပေါ်တွင် ကြယ်ပွင့်ကို လက်ဝဲအထက်ထောင့်တွင် တပ်ဆင်ထားသည့် အောင်

လံတော်ဖြစ်စေရမည်။ အဘယ့်ကြောင့် အနီကြယ်ကို အသုံးပြုထိုက်ပါသနည်း။

(၁) အနီရောင်သည် ရဲရင့်ခြင်း အထိမ်းအမှတ် ဖြစ်၏။

(၂) လူထုများ၏ အရောင်အဆင်းလည်းဖြစ်၏။

(၃) ကမ္ဘာပေါ်ရှိ အားလုံးသောလူမျိုးအပေါင်း တို့၏ သွေးစည်းရေးလည်း မည်၏။

(၄) ထင်ရှားပေါ်လွင်ပြီးလျှင် အလွယ်တကူ လည်း သိမြင်နိုင်၏။

(၅) ကြယ်ပွင့်အဓိပ္ပာယ်သည် လွတ်လပ်ရေးကို လည်းကောင်း၊ တိုးတက်သောယဉ်ကျေးမှု ကိုလည်းကောင်း လမ်းညွန်ရာ ကြယ် တာရာအဖြစ်ကို

ဆောင်နေသည်။

ငါတို့တစ်မျိုးလုံးသည် အနီရောင်နှင့် ကြယ်ပွင့် အောင်လံတော်ကို လွှင့်ထူ၍ တကယ့်လွတ်လပ်ရေး စခန်းသို့ အတူတကွ ချီတက်ကြကုန်အံ့။

ရဲဘော်တို့ -

လွတ်လပ်လိုသလား၊ ငြိမ်းချမ်းလိုသလား၊ ဝဝလင်လင် စားလိုသလား၊ ခိုးသား ဓားပြဘေး မှ ကင်းလွတ်လိုသလား၊ နယ်ချဲ့ဖက်ဆစ်ဂျပန်

လူရိုင်းတပ်တွေကို မောင်းထုတ်ကြ။

လွတ်လပ်တဲ့ ပြည်သူ့အစိုးရ ထောင်ကြ။

သွေးစည်းရေး၊ လွတ်လပ်ရေး၊ အဝတ် အစား၊ ငြိမ်ဝပ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို အရ ဆောင်ယူကြလော့။

ဖက်ဆစ်ဝါဒကို ဖျက်ဆီးလော့။

ဒီမိုကရေစီ မဟာမိတ်အဖွဲ့နှင့် ပူးပေါင်း လော့။

ဖက်ဆစ်ဝါဒကို ဖျက်ဆီးလော့။

ဒီမိုကရေစီ မဟာမိတ်အဖွဲ့နှင့်

ပူးပေါင်းလော့...။

ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်

x x x

အထက်ပါစာတမ်းကို ဗိုလ်ချုပ်အောင်ဆန်းက ကြိုတင်ရေးသား ပြုစုပြီး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ဝင်များ၏ သဘောတူညီချက်ဖြင့်

လျှို့ဝှက်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ စာတမ်းသည် ဖက်ဆစ် တော်လှန်ရေးအတွက် တပ်လှန့်နှိုးဆော်သည်သာမက နိုင်ငံ၏ အနာဂတ်အရေးကိုပါ ဖော်ပြထားသည်။

လယ်သမား၊ အလုပ်သမား၊ တိုင်းသူပြည်သားတို့၏ စီးပွားရေး၊ လူမှုရေး၊ တရားစီရင်ရေးကအစ ရှေ့ လုပ်ငန်းစဉ်များကို ရေးဆွဲထားသည်။ ဂျပန်လူမျိုးများ အား

မုန်းတီးရေးသို့မရောက်စေရန် လမ်းညွန်ထားပြီး နယ်ချဲ့ဝါဒနှင့် ဖက်ဆစ်ဝါဒကိုသာ တိုက်ဖျက်ရန် ဖော်ပြထားသည်။ စာတမ်းတစ်ခုလုံးကို အဓိကစင်ပြိုင်

အင်အားစုနှစ်ခုဖြစ်နေသော ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့က သဘောတူကြသည်။ ထို့နောက် ပုန်ကန်ထကြွရေး ညွန်ကြားချက်အမှတ်(၁) ကို

ထုတ်ပြန်ပြီး (၁) ပုန်ကန်ရန် ပြင်ကြစို့၊ (၂) ပြောက်ကျားစစ်ပရိယာယ်၊ (၃) တရုတ်ပြည်နှင့် ကြယ်နီတပ်၊ (၄) မီးလောင်မြေ ပ-ဒု၊ (၅) ပြောက်ကျား စစ်ဆိုတာ ဘာလဲ၊

(၆) ကျွန်မနှင့် ရဲနီတပ်၊ (၇) ပုန်ကန် ရန် အချိန်ကျပြီနှင့် ပြည်သူ့စစ်အဖွဲ့မှ ထုတ်ဝေသည့် ကြေညာစာတမ်း ၁၊ ၂၊ ၃၊ ၄ တို့ကို လေ့လာရန် လမ်းညွန်ထားသည်။

ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့ ပူးပေါင်းခြင်း[ပြင်​ဆင်​ရန်​]

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်စည်းရုံးမှုဖြင့် တပ်မတော်၊ ပြည်သူ့အရေးတော်ပုံအဖွဲ့နှင့် ကွန်မြူနစ် ပါတီတို့ကို

စုစည်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တပ်မတော် သည် ၁၉၄၄ ခုနှစ်၊ ဩဂုတ်လတွင် ဖက်ဆစ်ဂျပန် များအား စတင်တော်လှန်ရန် စီစဉ်ခဲ့ပြီးဖြစ်သော် လည်း

ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ်၏ဆန္ဒအရ ရက်ရွှေ့ဆိုင်းခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်အတွင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ဆိုရှယ်လစ်ရေး

အခြေခံသဘောတရားများရရှိလာရန် စည်းရုံးခဲ့သည်။ ကွန်မြူနစ်ပါတီမှ စည်းရုံးရေးမှူး အချို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ အမိန့်အရ တပ်မတော်တွင်

ခန့်အပ်ခြင်းခံရသည်။ ထိုသူများသည် လျှို့ဝှက်နိုင်ငံရေးမှူးများအဖြစ် တာဝန်ယူကြရသည်။

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကို ဖွဲ့စည်း၍ ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံး လှုပ်ရှားလျက်ရှိသော်လည်း တပ်မတော်၊ ပြည်သူ့

အရေးတော်ပုံအဖွဲ့နှင့် ကွန်မြူနစ်ပါတီတို့သည် လုံးဝ ပူးပေါင်းသွားသည်ဟု မဆိုနိုင်သေးပေ။ အဖွဲ့လိုက် သီးခြားစီ လျှို့ဝှက်ဆောင်ရွက်မှုများ ရှိနေဆဲပင်ဖြစ် သည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ပါတီ တည်းဖြစ်လာရေးကို ဦးတည်ကြိုးစားခဲ့ရသည်။ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မှူးရဲထွဋ်၊ ကိုဗဆွေနှင့် ကို ကျော်ငြိမ်းတို့သည်

သခင်စိုးနှင့် တိုက်ရိုက်ဆွေးနွေးရန် ကြိုးစားခဲ့သည်။ ဗိုလ်မှူးကြီးနေဝင်းခေါင်းဆောင်သော တပ်မတော်နှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့မှ ခေါင်း ဆောင်များသည်

သခင်စိုးနှင့် ဒေးဒရဲမြို့တွင် လျှို့ဝှက် ဆွေးနွေးခဲ့ကြသည်။ ဆိုရှယ်လစ်ဝါဒသဘောထားများ ကို ယုံကြည်သော ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံရေး အင်အားစုအားလုံးက

တစ်ပါတီတည်းဖြစ်ရေးကို သဘောတူကြသည်ဟု ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကလည်း ကိုစံညွန့်ကို ဗိုလ်မှူးဗထူး၏ အထက်မြန်မာပြည် တိုင်းစစ်ဌာနချုပ် တွင်လည်းကောင်း၊ ကိုချစ်လှိုင်အား ဗိုလ်ရန်အောင်၏

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင်လည်းကောင်း၊ ဗိုလ်သိန်းတန်နှင့် ဗိုလ်လှမော်(တောခို/သေဆုံး)တို့ အား စစ်ဝန်ကြီးရုံးတွင်လည်းကောင်း၊ ကိုဌေးမြိုင်

(တောခိုလက်နက်ချ)နှင့် ဗိုလ်စိုးမောင် (တောခို/ သေဆုံး)တို့အား မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းတွင် လည်းကောင်း လျှို့ဝှက်နိုင်ငံရေးမှူးများအဖြစ် တာဝန်

ပေးခဲ့သည်။ နိုင်ငံရေးမှူးများအား တပ်မတော်အတွင်း တွင် အခြားရာထူးများဖြင့် ဟန်ပြခန့်ထားပေးပြီး ဆောင်ရွက်ရန်ဖြစ်သည်။ နိုင်ငံရေးမှူးအားလုံးကို

သခင်စိုးက သီးသန့်ခေါ်ယူ၍ သင်တန်းပေးပြီးမှ စေလွှတ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ခေါ်ယူ တွေ့ဆုံ၍ လိုအပ်သော ညွန်ကြားချက်များကို အသေး စိတ်

မှာကြားသည်။ ၁၉၄၄ ခုနှစ်၊ ဩဂုတ်လကုန်ခန့် တွင် အိန္ဒိယသို့ရောက်ရှိနေသော ကိုသိန်းဖေ၊ သခင် တင်ရွှေ၊ သခင်တင်ရွှေ၏ဇနီး မမြရီနှင့် ကိုညိုထွန်းတို့ အနက်

ကိုညိုထွန်းသည် ရခိုင်တိုင်းအတွင်းသို့ ဝင် ရောက်လာသည်။ ကိုညိုထွန်းထံမှ ပေးပို့သော သတင်း အရ ဗြိတိသျှတို့သည် မြန်မာဖက်ဆစ်ဆန့်ကျင်ရေး

အင်အားစုများကို ကူညီရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ သို့သော် ကိုညိုထွန်းသည် ဂျပန်ကင်ပေတိုင် များ၏ အန္တရာယ်ကြောင့် အိန္ဒိယသို့ ပြန်လှည့်သွား

ရသည်။

ကိုညိုထွန်းကို ပလက်ဝနယ် ကာကွယ်ရေး ခေါင်းဆောင် ကိုကြာလှအောင်က အိန္ဒိယနယ်စပ် အထိ လိုက်ပို့ပေးသည်။ ရခိုင်မှ ဖက်ဆစ်ဆန့်ကျင်ရေး

စိတ်ထားရှိသူများမှာလည်း ဂျပန်၏ စောင့်ကြည့်ခြင်း ကို ခံနေကြရသည်။ ဆရာတော် ဦးစိန္တာသည် ဂျပန် ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ သို့သော် တော်လှန်

ရေးအင်အားစုများမှာ ဗြိတိသျှတို့၏ထောက်ခံမှုရလာ သောကြောင့် ပိုမို၍ စိတ်ဓာတ်တက်ကြွလာကြသည်။

အိန္ဒိယပြည်မှ ကိုသိန်းဖေနှင့် အမှတ် ၁၃၆ မဟာမိတ်တပ်ဖွဲ့တို့၏ မှာကြားချက်အရ ဖက်ဆစ် တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်မှ ရဲဘော် ခြောက် ယောက်ကို

ပထမအသုတ်အဖြစ် သင်တန်းတက်ရန် အိန္ဒိယသို့ စေလွှတ်ရသည်။ ထိုအဖွဲ့ကို သခင်ဗိုလ် ကခေါင်းဆောင်ပြီး ဒုတိယခေါင်းဆောင်အဖြစ် မန်း ဝင်းမောင်

(သမ္မတဟောင်း)၊ ကိုကျော်ရင်(ပါမောက္ခ ဟောင်း)၊ စစ်ဝန်ကြီးရုံးမှ ကိုစိုးမောင် (တောခို/ သေဆုံး)၊ ကိုအုံးမောင်၊ မောင်သန်းတို့ ပါဝင်ကြသည်။ သခင်ဗိုလ်တို့လူစုသည်

၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ တွင် အိန္ဒိယသို့ ထွက်ခွာသွားကြရသည်။

၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ပြည်သူ့အရေးတော်ပုံအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ သခင်ချစ် (တောခို/သေဆုံး)က သခင်သန်းထွန်းမှ တစ်ဆင့်

သခင်စိုးနှင့် လက်ဝဲညီညွတ်ရေးအတွက် ဆွေးနွေးလိုကြောင်း ကမ်းလှမ်းလာသည်။ စက်တင်ဘာ လကုန်ခါနီးတွင် ကိုဘဆွေလေး(စာရေးဆရာ ရန်ကုန် ဘဆွေ)၏

စီစဉ်ပေးမှုဖြင့် သခင်ချစ်၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်မောင်ကလေးနှင့် သခင်စိုး တို့သည် ဖျာပုံနယ်ထဲတွင် လျှို့ဝှက်ဆွေးနွေးခဲ့သည်။ ထို့နောက်

ပြည်သူ့အရေးတော်ပုံအဖွဲ့နှင့် ကွန်မြူနစ် ပါတီသည် ကွန်မြူနစ်ပါတီအမည်ဖြင့် တစ်ပါတီတည်း ဖွဲ့စည်းရန် သဘောတူလိုက်ကြသည်။ ကွန်မြူနစ်ပါတီ

ဗဟိုကော်မတီတွင် တပ်မတော်ခေါင်းဆောင်များဖြစ် သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကြီးနေဝင်း၊ ပြည်သူ့အရေးတော်ပုံအဖွဲ့ခေါင်းဆောင် ဦးကျော်ငြိမ်း တို့ကို

ထည့်သွင်း၍ တိုးချဲ့ဖွဲ့စည်းလိုက်သည်။ ထို့နောက် အဖွဲ့အစည်းနှစ်ရပ်သည် အောက်ခြေအဆင့် မှစ၍ အဆင့်တိုင်းတွင် တစ်ပါတီတည်းဖြစ်လာစေရေး အတွက်

ညွန်ကြားချက်များကို ထုတ်ပြန်ကြသည်။

နှစ်ပါတီကို ပူးပေါင်းပြီးဖြစ်သော ကွန်မြူနစ်ပါတီ က တော်လှန်ရေးတပ်ဦးအမည်ရှိ စာတမ်းကို ထုတ်ပြန် ကြေညာ၍ နှစ်ပါတီစလုံးနှင့် တပ်မတော်အတွင်းတွင် ပါ

ဖြန့်ဝေပေးသည်။ တော်လှန်ရေးတပ်ဦးစာတမ်းတွင် ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တလုံးတစည်းတည်းအဖြစ် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း

အောက်ပါအတိုင်း အစချီ ရေးသားထားသည်-

'ယခင်က ပြည်သူ့အရေးတော်ပုံအဖွဲ့အမည် တွင်ပါသော ပါတီအဖွဲ့နှင့် ကွန်မြူနစ်ပါတီ (ဗမာပြည်) နှစ်ဖွဲ့စလုံးတို့တွင် ပါဝင်သော အရေး အရာရောက်သော

ခေါင်းဆောင်တို့သည် ဆွေးနွေးတိုင်ပင်ကာ အဖွဲ့နှစ်ရပ်၏ တလုံး တစည်းတည်းဖြစ်မှုကို သဘောတူညီလျက် ပြီးမြောက်အောင် လုပ်ဆောင်လိုက်ပြီ။

(၁) ကွန်မြူနစ်ဝါဒသည် လူမျိုးရေးဝါဒဂ လွတ်လပ်ရေးကို မဆန့်ကျင်သည့်အပြင် လုံးဝ လည်း ထောက်ခံအားပေးသောကြောင့် လည်းကောင်း။

(၂) ပြည်သူ့အရေးတော်ပုံအဖွဲ့ကလည်း တကယ့် လုံးဝလွတ်မြောက်ရေးသည် လွတ်လပ် ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ဝါဒရေး စသည့် လမ်းအတိုင်း

လိုက်မှသာလျှင် တကယ်တမ်း ဖြစ်နိုင်မည်ဟု လုံးဝယုံကြည်သောကြောင့် လည်းကောင်း စသည်တို့ကြောင့် အထက်ပါ အဖွဲ့အစည်းနှစ်ရပ်စလုံးသည် ကွန်မြူနစ်ပါတီ

ဗမာပြည်နှင့် တစ်ဖွဲ့တည်းဖွဲ့ကာ ဝါဒတစ်ခု တည်း၊ လုပ်ငန်းစဉ်တစ်ခုတည်းနှင့် လမ်းဆုံး တိုင်အောင် ထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း'

တော်လှန်ရေးတပ်ဦး၏ သဘောတူညီချက် စာတမ်းတွင် ၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ ရက်စွဲရေးထိုးထားသည်။ နိုင်ငံရေးသဘောထားကို လည်း

အောက်ပါအတိုင်း ဖော်ပြထားသည် -

'ဂျပန်က လွတ်လပ်ရေးပေးမည်ဟု ကတိ ဝန်ခံချက်ပေးရုံဖြင့် ငါတို့ သူတို့နှင့် မဟာမိတ် ဖွဲ့ခဲ့ခြင်းမှာ မှားသကဲ့သို့ ဗြိတိသျှတို့က

လွတ်လပ်ရေးပေးမည်ဟု ကတိမပေးတိုင်းလည်း မဟာမိတ်မဟုတ်ဟု မယူဆအပ်ပေ။'

'အရေးကြီးသောအချက်ကား မြန်မာပြည်မှ ဖက်ဆစ်ဂျပန်များကို မြန်မာပြည်မှ တိုက်ထုတ်ပြီး ပါက မဟာမိတ်တပ်များ မြန်မာပြည်ပြန်ဝင်လာ လျှင်

မည်ကဲ့သို့ ကျင့်သုံးမည်နည်း ဟူသော အချက် ဖြစ်သည်။'

'ငါတို့က ဂျပန်ကို ထိရောက်စွာ မကိုင်နိုင်ဘဲ မဟာမိတ်တို့ပယောဂကြောင့် ဂျပန်များထွက်ပြေး ရလျှင် ငါတို့သည် လွတ်လပ်ရေးစကားကို ဆိုနိုင်

မည်မဟုတ်၊ ဂျပန်ကို ငါတို့က အလုံးအရင်းနှင့် တိုက်ထုတ်နိုင်ပါက ငါတို့သည် တစ်မျိုးသားလုံး ကို စည်းရုံးမိပြီ၊ လွတ်လပ်ရေးနှင့် ထိုက်တန်ပြီ ဟု

အသိအမှတ်ပြုခံရမည်၊ မဟာမိတ်တို့ထံ လွတ်လပ်ရေးအတွက် အရေးဆိုရမည်။'

'အရေးဆိုရာတွင်

(၁) လွတ်လပ်ရေး ယာယီအစိုးရအဖွဲ့ကို အသိ အမှတ်ပြုရမည်။

(၂) ကိုယ်ပိုင်လွတ်လပ်သော မြန်မာစစ်တပ်ကို သီးခြား ထူထောင်ခွင့် ပေးရမည်။

(၃) လွတ်လပ်ရေးကို စစ်ပြီးလျှင် ပြီးချင်း ပေး ရမည်။'

'အထက်ပါ နောက်ဆုံး လိုလားချက်ကို မပေးဘဲနှင့် နှောင့်ယှက်ဖျက်ဆီးသည့် နိုင်ငံခြားသားအင်အားစုကိုမဆို ငါတို့သည် ဆက်လက်

တိုက်ခိုက်သွားမည်။'

ထို့နောက် တော်လှန်ရေးတပ်ဦးစာတမ်းတွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် နှစ်လအတွင်း ပြင်ဆင်ရန် ညွန်ကြားထားသည်။ တပ်မတော်သည်

ဗိုလ်ချုပ်အောင်ဆန်း၏ ညွန်ကြားချက်အရ ဝင်ဆာ လမ်းရှိ လေ့ကျင့်ရေးတပ်နှင့် ကျိုက္ကလို့ရှိ စစ်သား စုဆောင်းရေးတပ်တို့တွင် ရန်ကုန်၊ အင်းစိန်၊ သန်လျင်၊ ဖျာပုံ၊

ကျိုက်လတ်တို့မှ ဖဆပလအဖွဲ့ဝင် အရပ်သား များကို လျှို့ဝှက် စစ်သင်တန်းများ ပေးခဲ့သည်။

ပြည်သူ့အရေးတော်ပုံအဖွဲ့နှင့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များသည် ဗဟိုကော်မတီတစ်ခုတည်း ဖွဲ့စည်းပြီး နှစ်ပါတီမှ တစ်ပါတီသို့ ပူးပေါင်းလိုက်ပြီ ဆိုသော်လည်း

နယ်များ၊ အောက်ခြေအဆင့်များတွင် မူ ပူးပေါင်းရန် အခက်အခဲရှိနေသည်။ အချို့မှာ ပုဂ္ဂလိကအငြိုးများ၊ ကျောင်းတော်က ရန်စများရှိနေ ၍လည်းကောင်း၊

ဂိုဏ်းဂဏအစွဲကြောင့်လည်းကောင်း ပူးပေါင်း၍ မရကြပေ။ နယ်များတွင် နှစ်ပါတီသည် သီးခြားအဖွဲ့များအနေနှင့်သာ ရှိနေကြသည်။ နှစ်ပါတီ စလုံးပင်

မြေအောက်လျှို့ဝှက်အဖွဲ့များဖြစ်သဖြင့် ပူးပေါင်းရန် ကျယ်ပြန့်စွာ မကြိုးစားနိုင်ခဲ့ကြပေ။ ထို့ကြောင့် ဗဟိုကော်မတီသည် တစ်ခုတည်းဖြစ်သော် လည်း အောက်ခြေသို့

ညွန်ကြားရာတွင် သူ့လူကိုယ့်လူ သီးခြားစွာ ညွန်ကြားနေရလေသည်။

၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် တွင် မစောမြသည် ဖျာပုံဘက်ရှိ သခင်စိုးထံမှ သခင် သန်းထွန်းထံသို့ ပြန်ရောက်လာသည်။ သခင်စိုးက

ဗိုလ်ချုပ်အောင်ဆန်းထံသို့ စာတစ်စောင် ရေးလိုက် ရာတွင် အမျိုးသမီးစည်းရုံးရေးတိုးချဲ့ရန်နှင့် မစောမြ သည် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ကြောင်း ထည့်သွင်း

ဖော်ပြထားသည်။ မစောမြအား ဗဟိုကော်မတီခန့် အပ်ခြင်းမှာ သခင်စိုး တစ်ဦးတစ်ယောက်တည်းကသာ ခန့်အပ်လိုက်ခြင်းဖြစ်ပြီး အခြားဗဟိုကော်မတီဝင်များ

ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးနေဝင်း၊ သခင်သန်းထွန်း စသော ခေါင်းဆောင်များ မသိခဲ့ကြ ပေ။ ခေါင်းဆောင်များသည် သခင်စိုး၏လုပ်ရပ်ကို

မကျေနပ်ကြသော်လည်း တော်လှန်ရေးက အရေးကြီး နေသဖြင့် သည်းခံခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် မစောမြအား ဗိုလ်လကျာ်ထံ စေလွှတ်၍

အမျိုးသမီးတပ်ဖွဲ့စည်းရန် စီစဉ်စေခဲ့သည်။

နှစ်ပါတီသည် တစ်ပါတီတည်းအဖြစ် ပူးပေါင်း ဆောင်ရွက်နေသည်ဆိုသော်လည်း စင်စစ်တွင် အမည် ခံသာဖြစ်သည်။ အထူးသဖြင့် အထက်မြန်မာပြည်တွင်

နှစ်ပါတီပူးပေါင်းရေးမှာ ပိုမို၍ ခက်ခဲလာရသည်။ တပ်မတော်အတွင်းတွင်လည်း ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရှိသော တပ်မှူးများ၊ ပြည်သူ့အရေး

တော်ပုံအဖွဲ့နှင့် အဆက်အသွယ်ရှိသော တပ်မှူးများ၊ မည်သည့်ပါတီမှမဝင်သော တပ်မှူးများမှာ မညီမညွတ် ဖြစ်နေကြသည်။ အထူးသဖြင့် ကွန်မြူနစ်များမှာ ဂိုဏ်း

ဂဏစွဲပြင်းထန်သူများဖြစ်သဖြင့် စည်းရုံးရေးပျက်ပြား လာရသည်။ အထက်မြန်မာပြည် တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးဗထူးက ပါတီအကွဲအပြဲများကို တင်ပြ၍

စည်းရုံးရေးမှူး ကိုစံညွန့်တွင် တာဝန်ရှိသဖြင့် လူလဲ ပေးပါရန် အကြောင်းကြားခြင်းမျိုး ပေါ်ပေါက်လာ သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးနေဝင်းနှင့်

သခင်သန်းထွန်းတို့သည် ကွန်မြူနစ်ခေါင်းဆောင်များ နှင့် ဆွေးနွေး၍ မကြာခဏ ဖြေရှင်းကြရသည်။

တော်လှန်ရေးပြင်ဆင်မှုအခြေအနေမှာမူ များစွာ တိုးတက်လာသည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ အဖွဲ့ချုပ်အား တိုက်ရိုက်ကူညီရန် ဗြိတိသျှတို့က အမှတ် ၁၃၆

တပ်ဖွဲ့ကို တာဝန်ပေးထားသည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သည် အိန္ဒိယ မှ ကိုသိန်းဖေတို့နှင့်လည်းကောင်း၊ အမှတ် ၁၃၆ တပ်ဖွဲ့ နှင့်လည်းကောင်း

ဝိုင်ယာလက်စက်များဖြင့် အဆက် အသွယ်ရလျက် ရှိသည်။ မြန်မာလူငယ်များ အိန္ဒိယ ပြည်သို့ တစ်သုတ်ပြီးတစ်သုတ် သွားရောက်ပြီး စစ် သင်တန်းတက်ကြရသည်။

ထို့နောက် မြန်မာပြည်တွင်း သို့ လေထီးဖြင့်ခုန်ဆင်းပြီး ပြန်လာကြသည်။ ဖက်ဆစ် တော်လှန်ရေးကြီးမှာ အမျိုးသားရေးဖြစ်သည့် အလျောက် ပြည်သူတစ်ရပ်လုံး

ပါဝင်လှုပ်ရှားလာကြ သည်။ ထိုအချိန်တွင် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ အရေးတော်ပုံအဖွဲ့သည် အမည်ခံမျှသာ ပူးပေါင်းခဲ့ ကြပြီး ဖက်ဆစ်ဆန့်ကျင်ရေးကို

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်အနေနှင့်သာ ဆောင်ရွက်ခဲ့ကြ လေသည်။

သခင်စိုး၏ မိန်းမကိစ္စများ[ပြင်​ဆင်​ရန်​]

သခင်စိုးသည် နိုင်ငံရေးမလုပ်ခင်ကပင် မိန်းမ နှစ်ယောက်(ညီအစ်မနှစ်ယောက်)အား တစ်ပြိုင်တည်း ပေါင်းသင်းနေခဲ့သူ ဖြစ်သည်။ အဆိုပါ မိန်းမ နှစ်ယောက်ကို

ငွေငါးရာပေး၍ ကွာပြီးမှ နိုင်ငံရေး လောကထဲဝင်လာသူဖြစ်သည်။ နိုင်ငံရေးလောကတွင် ထင်ရှားလာသောအခါတွင်ကား သခင်စိုးသည် မခင်စီနှင့်

အိမ်ထောင်ပြုပြီးဖြစ်သည်။ သခင်စိုးသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် မြေအောက် လုပ်ငန်းကို ဆောင်ရွက်ရာတွင် ရန်ကုန်မြို့နှင့် မနီး မဝေးရှိ ဒေးဒရဲ၊ ဖျာပုံ၊

ကျိုက်လတ် စသောနယ်များ တွင် တစ်နေရာစီရွှေ့၍ ခိုအောင်းလှုပ်ရှားခဲ့ရသည်။ သခင်စိုးသည် မခင်စီနှင့် တောက်လျှောက်အတူနေ သည့်အခါတွင်နေပြီး

ခွဲနေသည့်အခါများလည်း ရှိခဲ့ သည်။ မခင်စီသည် သခင်စိုးနှင့် အခြားပါတီဝင်များ ဆက်သွယ်ရေးကို တာဝန်ယူခဲ့ရသည်။

သခင်စိုးက ဂွကလေးရွာတွင် ပုန်းအောင်းနေစဉ် မခင်စီက ကျိုက်ထော်ရွာတွင် နေထိုင်လျက် ရှိသည်။ သခင်စိုးသည် ဂွကလေးရွာမှ ကိုမောင်တင်နှင့် မငွေစံ

တို့၏အိမ်တွင် နေထိုင်ခြင်းဖြစ်သည်။ မငွေစံသည် နောင်သောအခါ သခင်စိုး၏ဇနီးဖြစ်လာပြီး အလံနီ ပါတီ၏ခေါင်းဆောင်ပိုင်းတွင် ပါဝင်ခဲ့သည်။ မခင်စီ နှင့်

သခင်စိုးသည် ဂွကလေးရွာ၌ မကြာခဏ စကား များရန်ဖြစ်ခဲ့ကြသည်။ ရန်ဖြစ်ရသည့်အကြောင်းရင်း ကိုကား မသိကြရပေ။ ထို့နောက် ၁၉၄၄ ခုနှစ်အတွင်း မှာပင်

သခင်စိုးသည် မခင်စီကို အဆက်အသွယ်ဖြတ် တောက်လိုက်သည်။ သခင်စိုးရှိသည့်နေရာကို မခင်စီ အား အသိမပေးတော့ပေ။

၁၉၄၄ ခုနှစ် အကုန်ပိုင်းခန့်တွင် သခင်စိုးသည် ဒေးဒရဲ၌ ပုန်းအောင်းနေရာမှ မနှင်းမေနှင့် တိတ်တိတ် ပုန်း ပေါင်းသင်းတော့သည်။ မနှင်းမေမှာ သခင်စိုးက

လက်နှိပ်စက်ရိုက်ရန် ခေါ်ယူတာဝန်ပေးထားသူဖြစ် သည်။ သခင်စိုးတစ်ယောက် ပထမအိမ်ထောင်နှင့် ပြတ်ပြတ်စဲစဲ ကွာရှင်းခြင်းမပြုရသေးမီ နောက်အိမ်

ထောင်သစ်ထူကြောင်း သတင်းမှာ မကြာခင်ပင် ပြန့်၍သွားသည်။ ပါတီခေါင်းဆောင်ပိုင်းသည် သခင် စိုးအား ပါတီ၏ အိမ်ထောင်ရေးစည်းကမ်းဖောက်ဖျက် သူဟု

မြင်လာကြသည်။ သခင်စိုးကလည်း အပြစ်ကို ဝန်ခံသည်။ ဇနီးကြီးဖြစ်သူ မခင်စီနှင့် စိတ်သဘော ထားချင်းမတိုက်ဆိုင်သဖြင့် အကြီးအကျယ်ရန်ဖြစ်ကြ ကြောင်း၊

မခင်စီနှင့် လင်ခန်းမယားခန်းပြတ်စဲပြီး အဆက်အသွယ်မရှိတော့ကြောင်း၊ ဤကိစ္စကို ပါတီသို့ မတင်ပြခဲ့သည်မှာ မှားယွင်းကြောင်း သခင်စိုးက ရှင်းပြ ခဲ့သည်။

ပထမဇနီးနှင့် ပြတ်စဲသည့်ကိစ္စ၊ မနှင်းမေနှင့် နီးစပ်ရာမှ အိမ်ထောင်သစ်ထူသည့်ကိစ္စများကို ပါတီ သို့ အသိမပေးဘဲထားခြင်းသည် အပြစ်ရှိကြောင်း

သခင်စိုးကိုယ်တိုင် ဝန်ခံခဲ့သည်။

ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များသည် သခင်စိုး၏ကိစ္စနှင့်ပတ်သက်၍ ထိပ်ဆုံးခေါင်းဆောင် တစ်ယောက်အနေနှင့် မဖြစ်သင့် မဖြစ်ထိုက်ဟု ယူဆ ကြသည်။

ယင်းကိစ္စသည် သခင်စိုး၏ ခေါင်းဆောင်မှု ကို များစွာကျဆင်းစေပြီး ဖက်ဆစ်တော်လှန်ရေးကိုပါ ထိခိုက်နိုင်သည်ဟုလည်း သုံးသပ်ကြသည်။ သခင်စိုး က

ပါတီကပေးသည့်အပြစ်ကို ခံယူပါမည်ဟု ပြော ကြားသဖြင့် သခင်သန်းထွန်းနှင့် ဗဟိုကော်မတီဝင် များက သခင်စိုးအား ပြင်းထန်စွာ သတိပေးရှုတ်ချ သောပြစ်ဒဏ်ကို

ချမှတ်ကြသည်။ သခင်စိုးသည် တော်လှန်ရေးအတွက် မရှိမဖြစ် လိုအပ်သော ခေါင်းဆောင်ဖြစ်သဖြင့် သက်ညှာစွာ ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

သခင်စိုးသည် မိန်းမကိစ္စ ကြောင့် ခေါင်းဆောင်မှု ကျဆင်းသွားရပြီး သခင် သန်းထွန်း၏ခေါင်းဆောင်မှုမှာ ကွန်မြူနစ်ပါတီအတွင်း တွင် တိုးတက်လာရတော့သည်။

ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့ ပြန်လည်ကွဲကွာသွားခြင်း[ပြင်​ဆင်​ရန်​]

၁၉၄၄ ခုနှစ်၊ ဩဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ဦးဆောင်မှုဖြင့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ အဖွဲ့ချုပ်ကြီး ပေါ်ပေါက်လာပြီး ၁၉၄၄ ခုနှစ်၊

အောက်တိုဘာလတွင် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ အရေးတော်ပုံပါတီသည် တစ်ပါတီတည်းအဖြစ် ပူးပေါင်းခဲ့ကြသည်။ သို့သော် တစ်ပါတီတည်းဖွဲ့စည်း ခါစ၌သာ

ပါတီခေါင်းဆောင်များသည် စိတ်အား ထက်သန်စွာ ဆောင်ရွက်ကြသော်လည်း မကြာမီပင် ဂိုဏ်းဂဏကွဲပြား၍ လာပြန်သည်။ အောက်တိုဘာလ တွင်

အခက်အခဲများကို လိုက်လျောစွာ ညှိနှိုင်းခြင်း ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြသော်လည်း နိုဝင်ဘာလ ရောက်သောအခါ တစ်ဖက်နှင့်တစ်ဖက် ဂိုဏ်းဂဏစွဲ များကြောင့်

ဆက်ဆံရေး မပြေမလည်ဖြစ်လာသည်။ ခေါင်းဆောင်ပိုင်းတွင် နိုင်ငံရေးသဘောတူညီချက်ရ နေသော်လည်း အောက်ခြေအဆင့်တွင်မူ နှစ်ပါတီ သည်

တစ်ပါတီတည်း ဖြစ်မလာဘဲ သီးခြားစီသာ လှုပ်ရှားနေကြသည်။

ကြာသောအခါ ဗဟိုခေါင်းဆောင်များသည် အောက်ခြေခေါင်းဆောင်များ၏ မညီညွတ်မှု၊ ဂိုဏ်း ဂဏစွဲပြင်းထန်မှုများကို မတိုက်ဖျက်နိုင်ရုံသာမက

ဗဟိုခေါင်းဆောင်များကိုယ်တိုင်က ဂိုဏ်းဂဏစွဲ ပြင်းထန်မှုနောက်ကို လိုက်ပါကုန်ကြသည်။ ဒီဇင်ဘာ လကုန်ခန့်တွင် မြေအောက်၌ရှိနေသော သခင်စိုးထံ မှ

စာတစ်စောင်ပေးပို့လိုက်ရာ စာမှာ တော်လှန်ရေး တပ်ဦးသဘောတူညီချက်ဖြင့် တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သော လက်ဝဲညီညွတ်ရေးကို သခင်

စိုးတစ်ဦးတည်း၏သဘောဖြင့် ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။

ပြည်သူ့အရေးတော်ပုံပါတီနှင့် တစ်ပါတီတည်း အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းကို ပယ်ဖျက်လိုက်ရခြင်း ၏ အကြောင်းရင်းများအဖြစ် သခင်စိုး၏စာတွင်

အောက်ပါအတိုင်း ဖော်ပြထားသည် -

'ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင် များသည် သူတို့၏ပါတီကို ဖျက်သိမ်းပြီး ကွန်မြူနစ်ပါတီတွင် တစ်ပါတီတည်းအဖြစ် ပါဝင် ဆောင်ရွက်ကြမည်။

သီးခြား စည်းရုံးမှုများ မပြုလုပ်ပါဟု ကတိပြုခဲ့ကြသော်လည်း ပြည်သူ့ အရေးတော်ပုံပါတီအနေဖြင့် အမည်မခံတော့ စေကာမူ သီးခြားစည်းရုံးရေးများကို ဆက်လုပ်

နေကြသည်။ အထက်မြန်မာပြည်နှင့် မြစ်ဝ ကျွန်းပေါ် ဘိုကလေး၊ ကျိုက်လတ်ဘက်တွင် သီးခြားစည်းရုံးနေခဲ့ကြသည်။ ဤသို့ သီးခြား စည်းရုံးနေကြခြင်းသည်

တစ်ပါတီတည်းတွင် ဂိုဏ်းအစုဖွဲ့နေခြင်း ဖြစ်သည်။ ထို့ကြောင့် စည်းရုံးရေးအခြေခံမူများအရ သည်းခံနေ၍ မဖြစ်။ ဂိုဏ်းအစုဖွဲ့နေသူများနှင့် တစ်ပါတီ တည်း

ညီညွတ်နေပါက ပါတီ၏ညီညွတ်မှု ပျက်စီးလာမည်ဖြစ်သည်။ ထို့ကြောင့် ပါတီ၏ ညီညွတ်ရေးကို ထိန်းသိမ်းရန်အတွက် ဂိုဏ်းဖွဲ့ နေသော

ပြည်သူ့အရေးတော်ပုံပါတီဝင်များနှင့် လမ်းခွဲလိုက်ခြင်း ဖြစ်သည်။'

သခင်စိုးသည် တော်လှန်ရေးတပ်ဦး သဘော တူညီချက်ဖြင့် တစ်ပါတီတည်းအဖြစ် ဖွဲ့စည်းထား သော လက်ဝဲညီညွတ်ရေးကို မိမိတစ်ဦးတည်း၏ သဘောဖြင့်

ဖျက်သိမ်းကြောင်းကို ကွန်မြူနစ်ပါတီဝင် များထံသို့ ပထမဦးစွာ အကြောင်းကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးကြီးနေဝင်းနှင့် ကိုဗဆွေ တို့ မသိရှိစေရန်ကိုမူ

လျှို့ဝှက်ထားခဲ့သည်။ ၁ဝ ရက် ခန့်ကြာမှ ဗိုလ်ချုပ်အောင်ဆန်းကို အကြောင်းကြား သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိမိကြိုးစားခဲ့သည့် လက်ဝဲညီညွတ်ရေး

ပျက်စီးသွားသဖြင့် များစွာ ဒေါသ ထွက်ခဲ့သော်လည်း ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ အဖွဲ့ချုပ်ကြီးကိုမူ ညီညွတ်မှုမပျက်ပြားစေရန် ခက်ခဲ စွာ ကြိုးစားခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တော်လှန်ရေးအောင်မြင်စေရန် တပ်မတော် ကို အဓိကအင်အားအဖြစ်ထား၍ လျှို့ဝှက် ပြင်ဆင် ခဲ့ရသည်။

ကြိုတင်တော်လှန်ရေးများ[ပြင်​ဆင်​ရန်​]

ရခိုင်ပြောက်ကျားတို့၏ ဖက်ဆစ်တော်လှန်ရေး[ပြင်​ဆင်​ရန်​]

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ကိုသိန်းဖေ၊ သခင်တင်ရွှေတို့လူစုနှင့် မြန်မာပြည်တွင်းရှိ ခေါင်း ဆောင်များ၏ ဆက်သွယ်ရေးကို အဓိက တာဝန်ယူ ရသူများမှာ

ရခိုင်မျိုးချစ်ပုဂ္ဂိုလ်များဖြစ်သည်။ ဦးပညာ သီဟ၊ ဦးစိန္တာ၊ ဗုံပေါက်သာကျော်၊ ဦးကြာလှအောင် စသော ရခိုင်မျိုးချစ်များသည် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊

သခင်သန်းထွန်း၊ ဗိုလ်ရန်အောင်၊ ဗိုလ် ဖိုးကွန်း၊ သခင်ကိုယ်တော်မှိုင်း စသော ခေါင်းဆောင် များနှင့် မကြာခဏတွေ့ဆုံ၍ နယ်ချဲ့ဆန့်ကျင်ရေး၊

ဖက်ဆစ်တိုက်ဖျက်ရေး မြေအောက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံရှိ ကိုသိန်းဖေထံ သို့လည်း ရခိုင်လူငယ်များကို မကြာခဏစေလွှတ်၍

သင်တန်းများတက်ရောက်စေခဲ့သည်။

ဂျပန်များသည် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဘီဒီအေဖြင့် အစားထိုးခဲ့သော်လည်း ရခိုင်တိုင်းတွင်မူ ဘီဒီအေကို ဖွဲ့ခွင့်မပေးခဲ့ပေ။ ထို့ကြောင့် ရခိုင်

ခေါင်းဆောင်များသည် တရားဝင် လက်နက်ကိုင်အဖွဲ့ အစည်းတစ်ရပ် ထူထောင်ရန် ကြိုးစားခဲ့ကြရသည်။ အင်္ဂလိပ် အဆုတ်တွင်ကျန်ခဲ့သည့် လက်နက်ခဲယမ်း

များကိုလည်း သိုဝှက်ထားဆဲပင် ဖြစ်သည်။ ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် မြို့ဟောင်း၌ ရခိုင်တိုင်းရင်းသားအစည်းအရုံး ခေါင်းဆောင်များ ဆွေးနွေးကြရာ

ဆွေးနွေးပွဲသို့ ခရိုင်ဝန် ဦးအောင်ထွန်းဦးနှင့် ဦးပညာသီဟတို့ တက်ရောက်ကြသည်။

ယင်းဆွေးနွေးပွဲတွင် ရခိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ သို့သော် ဂျပန်စစ်ရုံးက ကာကွယ်ရေးတပ်ဖွဲ့စည်းရန်

ခွင့်မပြုပေ။ ထို့ကြောင့် နောက် လေးရက်တွင် အပျော်တမ်းတပ်အသွင် ပြောင်းလိုက်ရသည်။ ထိုအချိန် တွင် ဂျပန်စစ်ဗိုလ် တာနာကာက ရှေ့တန်းစစ်မြေပြင်

အတွက် ရခိုင်လူငယ်များကို စုစည်းလေ့ကျင့်ပေးလျက် ရှိသည်။ ဂျပန်စစ်ဗိုလ် နာဂါမီ၊ မီကီနှင့် ကိုဂါတို့ကလည်း ပလက်ဝတွင် အထူးအစီအစဉ်ဖြင့်

ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုကိုဖွဲ့စည်းရာ တပ်ဗိုလ်မှာ ပလက်ဝ ရှိ ကိုစောဦး ဖြစ်သည်။ ယင်းတပ်ဖွဲ့များမှာ ဂျပန်ကသင်တန်းပေးပြီး ထောက်လှမ်းရေးလုပ်ငန်းအဖြစ်

သုံးစွဲရန်ဖြစ်သည်။ နောင်တွင် အပျော်တမ်းကာကွယ် စောင့်ရှောက်ရေး အဖွဲ့အဖြစ် ဂျပန်က အသိအမှတ်ပြုလာခဲ့သည်။

ဗြိတိသျှတပ်များသည် ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလ လယ်ခန့်ကတည်းက နတ်မြစ်ကို ဖြတ်ကျော်၍ ပထမ ထိုးစစ်ကို ဆင်နွှဲသော်လည်း အောင်မြင်မှုမရခဲ့ကြ ပေ။

ထို့ကြောင့် ဂျပန်တပ်များအား လေကြောင်းမှသာ ရံဖန်ရံခါ ဗုံးကြဲတိုက်ခိုက်နေကြရသည်။ ၁၉၄၃ ခုနှစ်၊ မေလ ၃ ရက်တွင် စစ်တွေထောင်ကို အင်္ဂလိပ်

လေယာဉ်ငါးစင်းက ဗုံးကြဲတိုက်ခိုက်ရာ ထောင်ပိုင်နှင့် ခရိုင်ဝန်တို့ သေဆုံးခဲ့ကြရသည်။ ခရိုင်ဝန်အသစ်မှာ ဦးကျော်ထွန်းဦးဖြစ်ပြီး နောင်တွင် ဦးထွန်းဦးက

တာဝန်ယူသည်။ ထို့နောက် ဦးသာဇံလှက တာဝန်ယူ သည်။ ဦးသာဇံလှ သေဆုံးသောအခါ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါက်တာဘမော်တို့ အသုဘအခမ်း အနားသို့

တက်ရောက်ခဲ့ကြသည်။

၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်မှစ၍ ရခိုင် စစ်မျက်နှာတွင် အင်္ဂလိပ်တပ်များနှင့် ဂျပန်တပ်များ တိုက်ပွဲစတင်ဖြစ်ပွားနေပြီ ဖြစ်သည်။ ၁၉၄၃ ခုနှစ်၊ ဧပြီလထဲတွင်

ဗြိတိသျှဗိုလ်မှူးကြီးကဗန်းဒစ်၏ တပ်ရင်း (၆)သည် မယူတောင်ကိုကျော်၍ ချီတက်လာရာ ဂျပန် နှင့် ရခိုင်ကာကွယ်ရေးများက ခုခံတိုက်ခိုက်သဖြင့် မောင်တောသို့

ဆုတ်သွားရသည်။ အင်္ဂလိပ်တပ်များ သည် ဇန်နဝါရီလ ၁၇ ရက်တွင် ပလက်ဝဘက်သို့ လှည့်၍ ကျောက်တော်မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ သည်။

ဗြိတိသျှစစ်ဌာနချုပ်မှာ အပေါက်ဝတွင် ဖွင့်လှစ် ထားသည်။

မြောက်ဦးတွင် ဂျပန်တို့၏အစီအစဉ်ဖြင့် ရခိုင် ပြောက်ကျားသင်တန်းကျောင်းတစ်ကျောင်းရှိလေရာ ဂျပန်များသည် စစ်ချီရာတွင် ပြောက်ကျားသင်တန်း

ဆင်းများကိုပါ ပါဝင်ချီတက်စေသည်။ ဗိုလ်ကြာနီ အောင်နှင့် ဗိုလ်စံလှဦးတို့ခေါင်းဆောင်သော ရခိုင် ပြောက်ကျား ၂ဝဝ ခန့်သည် ဂျပန်တို့နှင့်ပူးပေါင်း၍

အင်္ဂလိပ်တပ်များကိုတိုက်ရာ အင်္ဂလိပ်တပ်များ ဘူးသီး တောင်သို့ ဆုတ်ခွာသွားရသည်။ ပြောက်ကျားခေါင်း ဆောင်များတွင် ဦးဘစံ၊ ဦးမောင်နီ၊ ဦးထွန်းဝင်း၊

ဦးကျော်မြ(တောခို၊ ကွန်မြူနစ်ဗဟိုကော်မတီဝင်)၊ ဗိုလ် မောင်စောဦးတို့ ပါဝင်သည်။ ရခိုင်ပြောက်ကျားများ သည် ဂျပန်တပ်များမပါဝင်ဘဲ ပလက်ဝကို အင်္ဂလိပ်

လက်မှ ပြန်သိမ်းနိုင်ခဲ့ကြသည်။ ဗိုလ်တာနာကာ၏ အစီအစဉ်ဖြင့် ဦးပညာသီဟနှင့် ဗိုလ်ကြာလှအောင်တို့ ဦးစီးသော ပြောက်ကျားအဖွဲ့တစ်ဖွဲ့ ဖွဲ့ပြန်သည်။

ယင်းတပ်ဖွဲ့တွင် တာနာကာနှင့် နာဂါမီက အကြံပေး အရာရှိများအဖြစ် ဆောင်ရွက်သည်။ ရခိုင်ပြောက်ကျား များသည် ဂျပန်နှင့် ပူးပေါင်းနေကြသော်လည်း

ဖက်ဆစ်တော်လှန်ရေးအတွက် ကြိုတင်ပြင်ဆင်၍ လျှို့ဝှက်ဆောင်ရွက်လျက် ရှိကြသည်။

ကိုညိုထွန်း၊ ဦးဘစံ၊ ဦးထွန်းဝင်းနှင့် ဦးကျော်မြ တို့သည် ဗမာဆင်းရဲသားအစည်းအရုံးနှင့် ဆက်သွယ် ၍ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြသည်။

ဦးညိုထွန်းသည် သခင်စိုးနှင့် မကြာခဏ အဆက်အသွယ်ရှိပြီး အိန္ဒိယမှ ပြန်လာသူဖြစ်သည်။ ရခိုင် ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုများသည် မြို့ဟောင်းနယ်

မောင်းဆွဲကို အခြေခံ၍ လျှို့ဝှက် လှုပ်ရှားခဲ့ကြသည်။ ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် တွင် စစ်တွေမြို့ကို အင်္ဂလိပ်လေယာဉ်များက နံနက် (၁၁)နာရီမှ

ည(၇)နာရီအထိ ငါးကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ရာ ဂျပန်စစ်သား ၄ဝဝ ခန့်သေဆုံးပြီး အဆောက်အအုံပစ္စည်းပစ္စယများစွာ ပျက်စီးဆုံးရှုံးခဲ့ရ သည်။

၁၉၄၃ ခုနှစ်ကုန်ပြီး ၁၉၄၄ ခုနှစ် နှစ်ဆန်းတွင် ကား ရခိုင်စစ်မျက်နှာတွင် မဟာမိတ်တို့က သိသိ သာသာ စစ်ရေးအကဲသာမှု ရရှိလာကြသည်။ သခင် တင်ရွှေသည်

၁၉၄၄ ခုနှစ်၊ ဇန်နဝါရီလ (ပြာသို လကွယ်နေ့)တွင် ဂွကမ်းခြေသို့ ရေငုပ်သင်္ဘောဖြင့် ရောက်လာခဲ့သည်။ ထို့နောက် ဖက်ဆစ်ဆန့်ကျင်ရေး အတွက်

အခြေအနေများကိုညှိနှိုင်း၍ ဖေဖော်ဝါရီလ တွင် ကိုညိုထွန်းကိုပါခေါ်ပြီး အိန္ဒိယသို့ လျှို့ဝှက်စွာ ပြန်လည်ထွက်ခွာသွားသည်။ ထိုအချိန်တွင် အင်္ဂလိပ် တပ်များသည်

ကျောက်တော်ဘက်သို့ ကုလားတန် မြစ်ကြောင်းအတိုင်း ချီတက်လာပြီဖြစ်သည်။ ပလက်ဝ တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာ ဂျပန်တပ်များ

စတင်ဆုတ်ခွာလာကြရသည်။

သခင်တင်ရွှေနှင့်ကိုညိုထွန်းသည် ကာလကတ္တား မြို့သို့ ရောက်ရှိသောအခါ ဆန်းဒေးဗီလာတွင် ကိုသိန်းဖေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကိုညိုထွန်း သည် ၁၉၄၄

ခုနှစ်၊ မေလတွင် သခင်တိုးလှနှင့် သခင်ထွန်းစိန်တို့ကိုခေါ်၍ အိန္ဒိယနိုင်ငံမှ ပြန်ထွက် လာရာ သခင်တိုးလှနှင့် သခင်ထွန်းစိန်ကို ဂျပန် ဖမ်းမိသွားပြီး သခင်တိုးလှကို

ဂျပန်က သတ်ပစ်လိုက် သည်။ သခင်ထွန်းစိန်မှာမူ ဂျပန်လက်မှ ထွက်ပြေး လွတ်မြောက်သွားသည်။ ကိုညိုထွန်းက စံသာကျော် နှင့် စံအောင်ကိုခေါ်၍ အိန္ဒိယသို့

ပြန်သွားပြန်သည်။ ကိုညိုထွန်းသည် ဗြိတိသျှတို့၏ ဂျီအက်စ်အိုင်အေအဖွဲ့ နှင့် နားလည်မှုယူလိုက်သည်။ ဗြိတိသျှတို့က ဖက်ဆစ် တော်လှန်ရေးသမားများအား

စစ်ရေးအကူအညီ တိုက်ရိုက်ပေးရန် အမှတ်(၁၃၆)တပ်ဖွဲ့ကို ဖွဲ့စည်း လေ့ကျင့်ပေးသည်။ ဦးသာကျော် (နိုင်ငံတော် ကောင်စီဝင်)နှင့်

ဗိုလ်ခင်မောင်လေးတို့သည်လည်း ကိုသိန်းဖေထံသို့ ရောက်သွားကြသည်။ ဗုံပေါက် သာကျော်ကလည်း ထွန်းအောင်ကျော် နှင့် မောင် လှကျော်ကို အိန္ဒိယသို့

သင်တန်းတက်ရန် စေလွှတ်ခဲ့ သည်။

ရခိုင်စစ်မျက်နှာအခြေအနေတွင် မဟာမိတ်များ က စစ်ရေးအကဲသာလာသည်နှင့်အမျှ ရခိုင်တိုင်းတွင် ဖက်ဆစ်တော်လှန်ရေးကို ကြိုတင်ဆင်နွှဲရန် အခြေ အနေ

ဖြစ်ပေါ်လာတော့သည်။ ဗိုလ်ရန်အောင်သည် ရခိုင်တိုင်း ဖက်ဆစ်တော်လှန်ရေး စတင်ရန်အတွက် အနောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိအချို့ဖြင့် ရခိုင်

ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများကို အင်အားဖြည့် တင်းပေးခဲ့သည်။ ထို့နောက် တော်လှန်ရေးအတွက် အခြေခံနယ်မြေတည်ဆောက်ခြင်း၊ လူသူစုဆောင်း ခြင်း၊

လျှို့ဝှက်သင်တန်းများပေးခြင်း၊ လက်နက်များ သိုဝှက်ခြင်းတို့ကို ဂျပန်ကင်ပေတိုင်များ၏ အန္တရာယ် ကြားမှ စွန့်စား၍ ဆောင်ရွက်ကြသည်။ မဟာမိတ်များ

လေထီးဖြင့်ချပေးခဲ့သည့် ဆက်သွယ်ရေးစက်များကို အသုံးပြု၍လည်း မဟာမိတ်စစ်ဌာနချုပ်သို့ ဂျပန် စစ်တပ်လှုပ်ရှားမှုသတင်းများကို ပို့ပေးခဲ့ကြသည်။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင်မဟာမိတ် တို့သည် မေယုဒေသကို စတင်၍ ထိုးစစ်ဆင်နွှဲတော့ သည်။ ထိုလတွင် မေဂျာကရူး(ကြူ)၊ ကိုညိုထွန်း၊ မောင်စောဖြူ၊

သာထွန်းအောင်၊ မောင်ကလေး၊ သာကျော် (နိုင်ငံတော်ကောင်စီဝင်)၊ စံသာကျော် (ဗိုလ်မှူးဟောင်း) စသော ပြောက်ကျားများသည် တစ်သုတ်ပြီးတစ်သုတ်

လေထီးဖြင့် ဆင်းလာကြတော့ သည်။ ဗြိတိသျှတပ်မှ ကပ္ပတိန်ကော့သည်လည်း ပြောက်ကျားများနှင့်အတူ ပါလာသည်။ မဟာမိတ် တပ်များကလည်း ဒီဇင်ဘာလ ၁၄

ရက်တွင် ဘူးသီး တောင်ကို သိမ်းပိုက်ပြီး ဒီဇင်ဘာလ ၃၁ ရက်တွင် ရသေ့တောင်ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလမှာပင် ဗိုလ်ကြာလှ အောင်နှင့် ဗိုလ်စောဦး(အောင်ကျော်)တို့၏ ကာကွယ် ရေးတပ်ဖွဲ့များ စတင် တပ်ဖျောက်သွားကြသည်။ ၁၉၄၄ ခုနှစ်၊

ဒီဇင်ဘာလ ၂၅ ရက်တွင် ဦးပညာသီဟ နှင့် ဗုံပေါက်သာကျော်တို့ဦးဆောင်သော ပြောက်ကျား များသည် မြို့ဟောင်းမြို့နယ် ပြတေးရွာရှိ ဂျပန်တပ် အား

စတင်တိုက်ခိုက်၍ ဖက်ဆစ်တော်လှန်ရေး စတင် လိုက်ကြသည်။ နောက်တစ်နေ့တွင် ဗုံပေါက်သာကျော် တို့လူစုသည် မေဂျာကရူး (Major Crew)၊ ကိုညိုထွန်း၊

ဗိုလ်ကြာလှအောင်တို့နှင့် တွေ့ဆုံပြီး ကြူတပ်ဖွဲ့နှင့် ခြင်္သေ့အောင်တပ်ဖွဲ့အမည်ရှိ ပြောက်ကျားတပ်ဖွဲ့များ ကို စတင်ဖွဲ့စည်းလိုက်ကြသည်။ ကြူတပ်ဖွဲ့ကို ဗိုလ်ကြာ

လှအောင်က ခေါင်းဆောင်ပြီး ခြင်္သေ့အောင်တပ်ဖွဲ့ကို ဗုံပေါက်သာကျော်က ခေါင်းဆောင်သည်။

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလထဲတွင် ဦးဘစော (ရုရှားနိုင်ငံ သံအမတ်ဟောင်း)၊ ရဲအောင် (ခေါ်) စောဖြူ၊ အောင်စောနှင့် အင်္ဂလိပ်စစ်တပ်မှ မေဂျာ ကင်းဘဲလ်တို့

လေထီးဖြင့် ဆင်းလာပြီး ဖက်ဆစ် တော်လှန်ရေးတပ်သားများအား အင်အားဖြည့်ပေး ကြသည်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလဆန်း ၄ ရက်တွင် မဟာမိတ်တပ်များက

စစ်တွေမြို့ကို သိမ်းပိုက်နိုင် သကဲ့သို့ ဗုံပေါက်သာကျော်နှင့် ခြင်္သေ့အောင် ပြောက်ကျားတပ်ဖွဲ့ကလည်း တစ်နေ့တည်း တစ်ရက်တည်းမှာ ပင် ပေါက်တောမြို့ကို

သိမ်းပိုက်နိုင်ခဲ့သည်။ ကြူ တပ်ဖွဲ့သည်လည်း မဟာမိတ်တပ်မှ လေထီးဖြင့်ချပေး သည့်လက်နက်များကို ကိုင်စွဲ၍ ဂျပန်တပ်များအား လိုက်လံတိုက်ခိုက်လျက်ရှိသည်။

ရခိုင်ပြောက်ကျား အင်အားမှာလည်း တစ်စတစ်စ တိုးပွားလာရာ ရာနှင့် ချီ၍ ရှိလာသည်။

မဟာမိတ်တပ်များသည် ရခိုင်ဒေသတစ်ခုလုံးကို သိမ်းပိုက်မိသွားချိန်တွင် ရခိုင်ပြောက်ကျားတို့၏ ဖက်ဆစ်တော်လှန်ရေးမှာ ၁၉၄၅ ခုနှစ်၊ မတ်လ ပထမ

ပတ်ထဲမှာပင် ပြီးဆုံးသွားရသည်။ အင်္ဂလိပ်စစ်တပ် များသည် ရခိုင်ပြောက်ကျားများအား စိတ်မချသဖြင့် လက်နက်သိမ်းခြင်း၊ ဖမ်းဆီးနှိပ်ကွပ်ခြင်းတို့ကို ပြုလုပ်

လာသည်။ ရခိုင်ပြောက်ကျားများနှင့် ရခိုင်တိုင်းရင်းသား များအပေါ် အင်္ဂလိပ်တပ်များ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ ဗုံပေါက်သာကျော်က တော်လှန်ရေးခရီး

ဝယ်စာအုပ် စာမျက်နှာ ၁၈၈ နှင့် ၁၈၉ တွင် အောက်ပါအတိုင်း ဖော်ပြထားသည် -

'တိုင်းမင်းကြီးသည် အိုင်ဝိုင်းရွာသူကြီးနေအိမ်မှ နေပြီး ကျေးရွာသားများကို စုစည်းစေကာ အင်္ဂလိပ် ပြန်ရောက်လာပြီဖြစ်၍ ဝဝဖြိုးဖြိုး စားရမည်၊ ဝတ်ရ

မည်ဖြစ်ကြောင်း၊ မြေခွန်မြေခများကိုလည်း ပေးကြ ရမည်ဖြစ်ကြောင်း၊ ဓားပြလိုလို လုပ်နေကြသော နိုင်ငံရေးသမားများ (ဖက်ဆစ်ဂျပန်တော်လှန်ရေး သမားများကို

ဆိုလိုသည်)သည် ပခြုပ်ထဲမှ ကြက်များ သာဖြစ်ရာ သတ်စားချင်သည့်အချိန်တွင် သတ်စားမည် ဖြစ်ကြောင်းတို့ကို ပြောသွားကြောင်း သိရသည်။ အိုင်စီအက်စ်

တိုင်းမင်းကြီးပြောသွားသော စကားများ သည် ဗြိတိသျှနယ်ချဲ့၏ပေါ်လစီဖြစ်ရာ မကြာမီ ဆရာတော် ဦးနာရဒနှင့်တကွ ခေါင်းဆောင်များကို ဖမ်းခြင်း၊

ကြိုးဒဏ်အပြစ်ပေးခြင်း၊ ဖက်ဆစ်တော်လှန် ရေးထဲပါခဲ့သူများကို လူစဉ်မမီအောင် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုခဲ့ကြသည်။'

စာမျက်နှာ ၁၉၆ တွင်လည်း -

'ဆရာတော် ဦးနာရဒ၊ ဦးသိန်းကျော်အောင် စသော ခေါင်းဆောင်များကိုလည်း အစီအစဉ်အရ တစ်ပြိုင်တည်း ဖမ်းသည်။ ဗြိတိသျှနယ်ချဲ့စစ်တပ်နှင့် ပုလိပ်တပ်များက

အပျို၊ အအို၊ အရွယ်ရောက်၊ အရွယ် လွန် မရွေးဘဲ ရွာလုံးချီ၍ မုဒိမ်းကျင့်ပွဲပြုလုပ်သည်။ ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးသည်။ ဗမာ့ မျိုးချစ်တပ် လည်ဆွဲရှိသော

ဖက်ဆစ်တော်လှန်ရေး သမားများကို ရာလိုက်ချီပြီးဖမ်းကာ လူမဆန်သော ညှဉ်းဆဲမှုများဖြင့် လူစဉ်မမီအောင်၊ နာလန်မထူအောင် ညှဉ်းဆဲနှိပ်စက်သည်။ မြေခွန်၊

မြေဆီခများကို အကြမ်း ဖက်တောင်းယူသည်' စသည်ဖြင့် ရေးသားဖော်ပြ ထားသည်။

ဦးပညာသီဟနှင့် ဗိုလ်ကြာလှအောင်တို့၏ ကြူပြောက်ကျားတပ်ဖွဲ့သည် အင်္ဂလိပ် တပ်များ ရောက် လာသောအခါ လက်နက်အသိမ်းခံလိုက်ရသည်။ ခြင်္သေ့အောင်

တပ်ဖွဲ့သည် ၁၉၄၅ ခုနှစ်၊ မတ်လ ၇ ရက် တွင် စစ်တွေမြို့၌ လက်နက်အပ်ကြရသည်။ သို့သော် ရခိုင်ခေါင်းဆောင်များသည် လက်နက်အများအပြား ကို

သိုဝှက်ထားလိုက်ကြသည်။ ဦးစိန္တာနှင့် ဗုံပေါက် သာကျော်တို့သည် အခြေခံလျှို့ဝှက်စခန်းများစွာကို စတင် တည်ဆောက်ကြသည်။ ကာလကတ္တားရှိ ကိုသိန်းဖေ

ကဖိတ်သဖြင့် ဦးပညာသီဟ၊ ကြာလှအောင်၊ သာထွန်းအောင်၊ ကျော်မြ၊ အောင်ပန်း၊ မြအောင်၊ ထွန်းလှ၊ စောဖြူ၊ စိန်ထွန်း၊ ချစ်လှဖြူ၊ စောထွန်း၊ ဝေလာ၊ စံထွန်း၊

ကျော်သာ၊ မိုးသာ၊ ဘဟိန်းတို့လူစုကို အင်္ဂလိပ်များက အိန္ဒိယသို့ ပို့ပေးသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် ရခိုင်မျိုးချစ်တပ်သားစာရင်းကို တောင်းယူပြီး

တစ်ဦးချင်းထံသို့ ဂုဏ်ပြုလက်မှတ်နှင့် ဆုများ ပေးပို့ခဲ့သည်။

မဟာမိတ်တပ်များ စစ်ရေးအကဲသာလာခြင်း[ပြင်​ဆင်​ရန်​]

ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တော်လှန်ရေး အတွက် ကြိုတင်ပြင်ဆင်ရာတွင် တပ်မတော်ကို အင်အားတောင့်တင်းခိုင်မာစေရန် အထူးဂရုပြု၍ ကြိုးစားခဲ့သည်။

သရက်မြို့တွင် အနောက်တိုင်းကို ဖွင့်သည်။ မန္တလေးမြို့တွင်လည်း အနောက်မြောက် တိုင်း ဟူ၍ ဖွင့်သည်။ တိုးချဲ့ထားသော ခြေလျင် တပ်ရင်းများအပြင်

လေ့ကျင့်ရေးတပ်ရင်း(၁)မှ (၄) အထိကိုလည်း တိုးတက်ချဲ့ထွင်လိုက်သည်။ ထိုအချိန် တွင် ဘီဒီအေကို ဗမာ့တပ်မတော် (The Burmese Army) ဟု

အမည်ပြောင်းလဲခေါ်ပြီး ဖြစ်သည်။ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ်၏ လျှို့ဝှက်ညွန်ကြား မှုအောက်တွင် ဗမာ့တပ်မတော်သည် လေ့ကျင့်မှုများ ကို

အပြင်းအထန်ပြုလုပ်လျက်ရှိသည်။

ရခိုင်စစ်မျက်နှာတွင် မဟာမိတ်များက ထိုးစစ် ဆင်လာသဖြင့် ရခိုင်ပြောက်ကျားများသည် ဖက်ဆစ် တော်လှန်ရေးကို ၁၉၄၄ ခုနှစ်အကုန်ကတည်းက စတင်

ဆင်နွှဲခဲ့ကြရသည်။ ထို့အတူပင် မြန်မာပြည် မြောက်ပိုင်းတွင်လည်း မဟာမိတ်များက ထိုးစစ်ဆင်လာ သဖြင့် ဖက်ဆစ်တော်လှန်ရေးသည် အချိန်ဆွဲ၍ မရ

တော့သည့်အခြေအနေသို့ ဆိုက်ရောက်လာသည်။

မဟာမိတ်တို့သည် ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက ရခိုင်စစ်မျက်နှာတွင် ပထမအကြိမ် ထိုးစစ်ကိုဆင်နွှဲသော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉၄၃ ခုနှစ်၊

ဖေဖော်ဝါရီလတွင် ဗိုလ်မှူးချုပ်ဝင်းဂိတ်သည် လက်ရွေးစင် လူ ၃ဝဝဝ ဖြင့် အင်ဖားမြို့မှ စတင် ချီတက်၍ ဂျပန်တပ်တို့၏နောက်ပိုင်းကို ဝင်ရောက်

ထိုးနှက်တိုက်ခိုက်ခဲ့သည်။ ဝင်းဂိတ်၏တပ်များသည် လမ်းပန်းမရှိသော တောကြီးမျက်မည်းများကို ဖြတ် ကျော်၍ ခက်ခဲစွာ တိုက်ခိုက်ခဲ့ရသည်။ သုံးလအတွင်း တွင်

ဝင်းဂိတ်၏ လူ ၃ဝဝဝ အနက် ၁ဝဝဝ ခန့်မှာ သေကျေပျက်စီးခဲ့ရသည်။ ၁၉၄၃ ခုနှစ်၊ ဧပြီလတွင် ဝင်းဂိတ်၏ လူ ၂ဝဝဝ ခန့်သာ အင်ဖားသို့ ပြန်လည်

ရောက်ရှိနိုင်ခဲ့ကြသည်။

ဂျင်နရယ်ဝီလျံစလင်း၏ အမှတ်(၁၄)တပ်မတော် သည် စစ်ကြောင်းသုံးကြောင်းဖြန့်ခွဲ၍ ဒုတိယထိုးစစ် စတင်ရန် ရခိုင်ဒေသသို့ ဝင်ရောက်ပြန်သည်။ မယု

တောင်တန်းပေါ်တွင် အမှတ်(၇)တပ်မှာ ဂျပန်အဝိုင်း ခံရလေရာ ရက်ပေါင်း(၂ဝ)ခန့် တိုက်ပွဲပြင်းထန်ခဲ့ သည်။ စစ်ကူတပ်များ၏အကူအညီဖြင့် အမှတ်(၇)တပ် သည်

ဖောက်ထွင်းထွက်ခဲ့ရသည်။ ဂျပန်များလည်း စစ်နှစ်ဖက်ညှပ်သဖြင့် လူ ၆ဝဝဝ ကျော်တွင် တစ်ဝက် ကျော်ကျော်ခန့် သေဆုံးခဲ့ကြသည်။ အမှတ်(၁၄) တပ်မတော်၏

ဒုတိယထိုးစစ် ရခိုင်တွင်ဆင်နွှဲနေစဉ် ဂျပန်များသည် ၁၉၄၄ ခုနှစ်၊ မတ်လ၌ အိန္ဒိယနိုင်ငံ သို့ ချင်းနင်းဝင်ရောက်လာသည်။ ထို့နောက် အင်ဖား နှင့် ကိုဟီးဒမားကို

ဝိုင်းလိုက်ကြသည်။ သို့သော် ဂျပန် တပ်များသည် ဆက်သွယ်ရေးညံ့ဖျင်းခြင်း၊ နောက်ပိုင်း ပို့ဆောင်ထောက်ပံ့မှု မရှိခြင်း၊ စစ်ရေးသတင်းများ

ကြိုတင်ပေါက်ကြားနေခြင်း စသည့် အကြောင်း အမျိုးမျိုးကြောင့် ဖရိုဖရဲဖြစ်ပြီး တပ်လန်သွားခဲ့ရသည်။

အင်ဖားနှင့် ကိုဟီးဒမားတိုက်ပွဲများ ဖြစ်ပွားနေ ချိန်မှာပင် ဗိုလ်မှူးချုပ်ဝင်းဂိတ်၏ ချင်းဒစ် (Chindits) တပ်ဖွဲ့ဝင် ၁၂ဝဝဝ သည် ဝန်တင်တိရစ္ဆာန်ပေါင်း ၁၂ဝဝ

ခန့်နှင့်အတူ အင်းတော်၊ ဗန်းမော်၊ ကသာ နယ်မြေများသို့ လေကြောင်းမှဆင်းသက်ပြီး အခိုင်အမာ စခန်းများ တည်ဆောက်ထားလိုက်သည်။ ဂျင်နရယ် စတီးဝဲလ်၏

အမေရိကန်တပ်များကလည်း တရုတ်တပ် များနှင့်အတူ ဟူးကောင်းနှင့် မိုးကောင်းနယ်ကို သိမ်း ယူ၍ မြစ်ကြီးနားလေယာဉ်ကွင်းကို ဂျပန်များလက်မှ

တိုက်ခိုက်ယူနိုင်ခဲ့သည်။ ထိုအချိန်တွင် အင်ဖားနှင့် ကိုဟီးဒမားမှ ဂျပန်တပ်များမှာ ကစဉ့်ကလျားနှင့် ဆုတ်ခွာကြရာ မဟာမိတ်တပ်များသည် မြန်မာပြည်

မြောက်ပိုင်းကို ဖိထိုး၍ ချီတက်လာနိုင်ကြသည်။

ဗိုလ်ချုပ်ကြီးစလင်း၏ အမှတ်(၁၄)တပ်မတော် သည် မန္တလေးကို ရည်မှန်းချက်ထားပြီး ချီတက်လာ သည်။ မဟာမိတ်တပ်များသည် ဖောင်းပြင်မှ ၁၉၄၄ ခုနှစ်၊

နိုဝင်ဘာလ ၂၉ ရက်တွင် စတင်ချီတက်ရာ ဗန်းမောက်မြို့ကို ဒီဇင်ဘာလ ၁၄ ရက်တွင် သိမ်းပိုက် လိုက်နိုင်သည်။ ဒီဇင်ဘာလ ၁၉ ရက်တွင် ဝန်းသိုမြို့ သို့ရောက်ရှိပြီး

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်တွင် ရွှေဘိုမြို့သို့ ရောက်ရှိလာသည်။ ကလေးဝမြို့မှ ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်တွင် စတင်ထွက်ခွာလာ သော

စစ်ကြောင်းသည် ရေဦးသို့ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် ရောက်ရှိလာပြီး ဝန်းသိုမှ ဆင်းလာသောတပ်နှင့် ရွှေဘိုတွင် ဆုံသည်။ ထို့နောက်

မန္တလေးကိုသိမ်းပိုက်ရန် စစ်ကြောင်းနှစ်ကြောင်း ခွဲ လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် တရုတ်ဖြူဘက် မှ ဂျင်နရယ်ဒင်နီရယ်စူလတန်ကြီးမှူးသော တပ်များ ကလည်း

အရှေ့မြောက်မှဝင်ရောက်၍ မိုးကုတ်၊ နမ္မတူ နှင့် လားရှိုးမြို့များကို တိုက်ခိုက်လာသည်။

မဟာမိတ်တပ်များ မြန်မာပြည်မြောက်ပိုင်းမှ ဖြန့်ခွဲ၍ ထိုးစစ်ဆင်လာသောကြောင့် ဂျပန်ဗိုလ်ချုပ်ကြီး ကီးမူရားသည် ရှမ်းပြည်မြောက်ပိုင်းတွင်ရှိနေသော

ဂျပန်တပ်များနှင့် တောင်ကုတ်နယ်မှ ဂျပန်တပ်များ အပါအဝင် ရှိရှိသမျှ ဂျပန်တပ်များကို မန္တလေးတွင် ပြင်ဆင်စုရုံး၍ ခံစစ်ဆင်ရန် ပြင်ဆင်တော့သည်။

ထိုအချိန်တွင် မန္တလေး၌စုထားသော ဒီဝီဇံတပ်မကြီး မှာ ခြောက်တပ်မျှပင် ရှိသည်။

ကလေးမြို့မှ မဟာမိတ်စစ်ကြောင်းသည် ဂျပန် တို့၏အလစ်အငိုက်ကိုယူ၍ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ဂန့်ဂေါ၊ ဇန်နဝါရီလ ၂၇ ရက်တွင် ပေါက်၊

ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပခုက္ကူမြို့တို့အား ဝင်ရောက်သိမ်းပိုက်လိုက်ကြသည်။ ထို့နောက် ပုဂံ၊ ညောင်ဦးကိုဖြတ်၍ မိတ္ထီလာသို့ အပြင်းချီတက်တော့ သည်။

ဂျပန်တို့သည် မန္တလေးတွင် စုရုံးထားသောတပ် များကို မိတ္ထီလာသို့ စေလွှတ်၍ ခုခံစေရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး မိတ္ထီလာလေယာဉ်ကွင်းကို မဟာမိတ်များ

သိမ်းပိုက်လိုက်နိုင်သည်။ ဂျပန်စစ်သား ၃၅ဝဝ ကျော်ခန့်လည်း ကျဆုံးသွားသည်။

ထိုသို့သော အခြေအနေမျိုးတွင် ဖက်ဆစ် တော်လှန်ရေးဆင်နွှဲရန်မှာ အမြန်ဆုံး လိုအပ်၍လာ သည်။ မန္တလေးမြို့မှ မဟာမိတ်များလက်သို့ ကျလု ကျခင်ရှိနေလေရာ

မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော ဗမာ့တပ်မတော် အနောက်မြောက်တိုင်းစစ်ဌာနချုပ် သည် ကြိုတင်၍ တော်လှန်ရေးစတင်ရန် လိုအပ်လာ သည်။

ဗိုလ်ချုပ်အောင်ဆန်းသည်လည်း မဟာမိတ် များကို တိုက်ခိုက်ရန်အကြောင်းပြ၍ တပ်ဖြန့်ရန်အမိန့် ကို ထုတ်ပြန်လိုက်ရသည်။

ဂျပန်စစ်ဌာနချုပ်၏ စစ်ထွက်အမိန့်ကို အကာ အကွယ်ယူ၍ ဗိုလ်ချုပ်အောင်ဆန်းထုတ်ပြန်သော တပ်ဖြန့်ရန်အမိန့်မှာ အောက်ပါအတိုင်း ဖြစ်သည်။

စစ်ကြောင်းဖြန့်ရန်အမိန့်

အထက်မြန်မာပြည် တိုင်းမှူး ဗိုလ်မှူးဗထူးသည် အထက်မြန်မာပြည်တပ်များကို အုပ်ချုပ်ကာ ဂျပန်တပ် များနှင့်အတူ စစ်ကြောင်းဖွင့်ရမည်။

ရှေ့တန်းစစ်ဌာနချုပ်စစ်ကြောင်းကို ဗိုလ်မှူးကြီး ဇေယျဦးစီး၍ စစ်ဌာနချုပ် ရုံးအဖွဲ့နှင့် စစ်ဝန်ကြီး ရုံးအဖွဲ့အားလုံး စုပေါင်း၍ သရက်စခန်းမှ မင်းတုန်း စခန်းသို့

ချီတက်ရမည်။

တိုင်းအမှတ်(၁) ဗိုလ်မှူးမောင်မောင် ဦးစီး၍ သာယာဝတီ၊ ပေါင်းတည် စစ်ကြောင်းသို့ ချီတက်ရ မည်။ ခြေလျင်တပ်ရင်း(၄)သည် တိုင်းအမှတ်(၁)နှင့် အတူ

ပူးပေါင်းကာ လိုက်ပါချီတက် တိုက်ခိုက်ရမည်။

တိုင်းအမှတ်(၂) စစ်ကြောင်းကို ဗိုလ်မှူးကြီး နေဝင်းဦးစီး၍ ဖျာပုံ မြစ်ဝကျွန်းပေါ် စစ်ကြောင်းသို့ ချီတက်ရမည်။

တိုင်းအမှတ်(၃) စစ်ကြောင်းကို ဗိုလ်မှူးကြီး စောကြာဒိုးဦးစီး၍ မအူပင် မြစ်ဝကျွန်းပေါ်ဒေသသို့ ချီတက်ရမည်။

ဗိုလ်မှူးကြီးလကျာ်သည် တိုင်းအမှတ်(၂)၊ (၃) ဆက်သွယ်ရေး၊ စီမံရေး ဦးစီးဆောင်ရွက်ရမည်။

တိုင်းအမှတ်(၄) စစ်ကြောင်းကို ဗိုလ်မှူးကျော်ဇော ဦးစီး၍ ပဲခူးစခန်းမှ ရန်သူကို ခုခံတိုက်ခိုက်ရန် အသင့် စီစဉ်ထားရမည်။

တိုင်းအမှတ်(၅) စစ်ကြောင်းကို ဗိုလ်ကြီးတင်ထွန်း ဦးစီး၍ တနင်္သာရီ-ထားဝယ်စစ်ကြောင်းသို့ ချီတက် ရမည်။

တိုင်းအမှတ်(၆) စစ်ကြောင်းကို ဗိုလ်မှူးရဲထွဋ် ဦးစီး၍ ရထားလမ်းတစ်လျှောက် ပျဉ်းမနား၊ မိတ္ထီလာ စစ်ကြောင်းသို့ ချီတက်ရမည်။

တိုင်းအမှတ်(၇)စစ်ကြောင်းကို ဗိုလ်မှူးအောင် ဦးစီး၍ သရက်မှသည် မင်းဘူးစစ်ကြောင်းတိုင်အောင် တာဝန်ခံအုပ်ချုပ်တိုက်ခိုက်ရန် ချီတက်ရမည်။

စစ်သေနာပတိက ရှေ့တန်းစစ်ဌာနချုပ်နှင့်အတူ မင်းတုန်းဘက်သို့ လိုက်ပါချီတက်တိုက်ခိုက်ရမည်။

တပ်မတော်တစ်ခုလုံးကို အထူးဆက်သားများ စေလွှတ်၍ စစ်ဆင်ရေးကိစ္စအဝဝကို စီစဉ်မည်။

အောင်ဆန်း

စစ်ဝန်ကြီးနှင့် စစ်သေနာပတိ

ဗမာ့တပ်မတော်။

ကွန်မြူနစ်ပါတီ၏ ပါတီကွန်ဖရင့်[ပြင်​ဆင်​ရန်​]

ဖက်ဆစ်တော်လှန်ရေး နီးကပ်လာချိန်တွင် ကွန်မြူနစ်ပါတီသည် ပါတီကွန်ဂရက်ကျင်းပရန် အခြေ အနေမပေးသဖြင့် ပါတီကွန်ဖရင့်ကျင်းပရန် ပြင်ဆင် တော့သည်။

ပါတီကွန်ဖရင့် မကျင်းပမိမှာပင် အိန္ဒိယ မှ ကိုသိန်းဖေက 'ဖက်ဆစ်ကျွန်ဘဝမှ လွတ်မြောက် ရေးသို့' အမည်ရှိ စာတမ်းကို ပေးပို့လိုက်သည်။ ကိုသိန်းဖေ၏စာတမ်းကို

သခင်စိုးက အကြွင်းမဲ့လက်ခံ လိုက်ပြီး ကွန်ဖရင့်တွင် ဆွေးနွေးရန် အကြံပေးသည်။ ပါတီကွန်ဖရင့်ကို ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန် တွင်

ရန်ကုန်မြို့၌ကျင်းပရန် စီစဉ်လိုက်ကြသည်။ သခင်စိုးကိုယ်တိုင်မှာမူ ကွန်ဖရင့်သို့ မတက်ရောက်နိုင် ဟုဆိုသဖြင့် သခင်သန်းထွန်းက ဦးဆောင်၍ ကျင်းပရန်

စီစဉ်ရသည်။

ပါတီကွန်ဖရင့်သည် ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီ လလယ်ခန့်တွင် ရန်ကုန်မြို့ အလုံ အာရ်အီးတီ အဆောက်အအုံ (ယခု ရန်ကုန်တိုင်း လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့ရုံး)

အလယ်ထပ်၌ ကျင်းပဖြစ်သည်။ ကွန်ဖရင့်၏ လုံခြုံရေးအတွက် လက်နက်ကိုင် ၁ဝ ဦး အစောင့်ချပြီးမှ ကျင်းပခြင်းဖြစ်သည်။ ပါတီကွန်ဖရင့် သို့

တက်ရောက်ကြသူများမှာ -

၁။ သခင်သန်းထွန်း

၂။ ဗိုလ်မှူးဗထူး

၃။ ဗိုလ်မှူးကျော်ဇော

၄။ ဗိုလ်မှူးရန်အောင်

၅။ ဗိုလ်မှူးရဲထွဋ်

၆။ သခင်တင်မြ

၇။ ကိုထွန်းစိန်

၈။ မစောမြ

၉။ မနှင်းဆီ

၁ဝ။ ကိုဌေးမြိုင်

၁၁။ ကိုညီလေး (ဂျပန်တော်လှန်ရေးတွင်ကျဆုံး)

၁၂။ ကိုထွန်းသန်း

၁၃။ ကိုကျော်ငြိမ်း(အာရ်အီးတီ)

၁၄။ ကိုချစ်လှိုင်

၁၅။ ကိုထွန်း တို့ဖြစ်သည်။

ကွန်ဖရင့်၏သဘာပတိမှာ သခင်သန်းထွန်းဖြစ်ပြီး အတွင်းရေးမှူးအဖြစ် သခင်တင်မြက ဆောင်ရွက် သည်။ သခင်သန်းထွန်းက မဟာမိတ်တပ်များနှင့်ဂျပန်

တပ်များ၏ စစ်သတင်းများ၊ ရခိုင်တွင် ပြောက်ကျား များက ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲနေပုံများကို တင်ပြပြီး သခင်တင်မြက ဖက်ဆစ်တော်လှန်ရေး အတွက်

မြေအောက်စည်းရုံးရေးတိုးတက်မှု အခြေ အနေကို အစီရင်ခံရသည်။

ဗိုလ်မှူးဗထူးက အထက်မြန်မာပြည်၏ စစ်ရေး အခြေအနေများကို အစီရင်ခံသည်။ ထိုအချိန်တွင် ဗိုလ်မှူးဗထူးသည် အမေရိကန် အမှတ်(၁ဝ၁) တပ်မတော်နှင့်

အဆက်အသွယ်ရနေပြီ ဖြစ်သည်။ ဗိုလ်မှူးဗထူးက အထက်မြန်မာပြည် ဖက်ဆစ်ဆန့်ကျင် ရေး မြေအောက်စည်းရုံးမှုအခြေအနေနှင့် အမေရိကန် တပ်များနှင့်

အဆက်အသွယ်ကို ရှင်းပြသည်။ ကွန်ဖရင့် တွင် အဓိကဆွေးနွေးကြသည်မှာ ကိုသိန်းဖေပေးပို့ သော 'ဖက်ဆစ်ကျွန်ဘဝမှ လွတ်မြောက်ရေးသို့' စာတမ်းဖြစ်သည်။

ယင်းစာတမ်းသည် ဖက်ဆစ် တော်လှန်ရေးအတွက် အရေးတကြီး လမ်းညွန်ချက် များမဟုတ်ဘဲ တော်လှန်ရေးပြီးဆုံးပါက မဟာမိတ် များနှင့် ပူးပေါင်း၍ မည်ကဲ့သို့

ဆောင်ရွက်ရမည်ကို လမ်းညွှန်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဗိုလ်မှူးဗထူး က ဤစာတမ်းမှာ တော်လှန်ရေးပြီးမှ ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်ဖြစ်သည်။

ယခုလောလောဆယ် ပြဿနာမှာ ဖက်ဆစ်ဂျပန်တို့ကို မည်သို့တော်လှန် တိုက်ခိုက်ကြမည်။ တော်လှန်တိုက်ခိုက်ရာတွင် တစ်ပြည်လုံး တစ်ပြိုင်တည်း

ထချကြမည်လော၊ သို့မဟုတ် စစ်မျက်နှာအလိုက် တစ်ဆင့်ပြီးတစ်ဆင့် တော်လှန်တိုက်ခိုက်ကြမည်လော ဆိုသည်ကိုသာ ဆွေးနွေးကြရန် တင်ပြလိုက်သည်။

မဟာမိတ်တပ်များမှာ မန္တလေးကို တိုက်ခိုက်ရန် တာစူနေပြီဖြစ်သည်။ မုံရွာမြို့ကို မဟာမိတ်တပ်များက သိမ်းလိုက်သဖြင့် စနစ်တကျ ဖွဲ့စည်းထားသော ရဲဘော်များမှာ

တော်လှန်ရေးကို မဆင်နွှဲရသေးခင် စစ်ကိုင်းသို့ ဂျပန်များနှင့်အတူ ဆုတ်ခွာခဲ့ရသည်။

ဗိုလ်မှူးဗထူးက တော်လှန်ရေးနောက်ကျနေလျှင် မြန်မာပြည်တစ်ဝက်ကို မဟာမိတ်တို့ သိမ်းပိုက်ပြီး ဖြစ် သွားမည်ဟု တင်ပြလာသည်။ ကွန်မြူနစ်ပါတီကွန်ဖရင့် သည်

ဗိုလ်မှူးဗထူး၏တင်ပြချက်ကို စဉ်းစားဆွေးနွေး ၍ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ သခင်စိုးထံမှတစ်ဆင့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် ဥက္ကဌ

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်များကိုပါ ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ် မည်ဟူ၍သာ သဘောတူလိုက်ကြရသည်။

ဗိုလ်မှူးကျော်ဇောက မဟာမိတ်တပ်များ ဝင်လာ ၍ တော်လှန်ရေးတပ်သားများထံမှ လက်နက်သိမ်းခြင်း၊ ပြည်သူလူထုကို နှိပ်စက်ခြင်းများ ပြုလုပ်လာလျှင်

မဟာမိတ်များကိုပါ တိုက်ခိုက်ရမည်လော ဟူသည့် ပြဿနာကို တင်ပြသည်။ ထိုအချိန်က ကွန်မြူနစ်ပါတီ သည် ရုရှားကွန်မြူနစ်၊ အိန္ဒိယကွန်မြူနစ်များကဲ့သို့

မဟာမိတ်များနှင့် ပူးပေါင်းရေးကိုသာ တရားသေ စွဲကိုင်ထားလေရာ မဟာမိတ်တပ်များ ပြည်သူလူထု ဆန့်ကျင်ရေးကို လုပ်လာပါက လူထုတိုက်ပွဲနည်းဖြင့်

ဖြေရှင်းရန်၊ မဟာမိတ်အာဏာပိုင်များထံ တိုင်ကြားရန် ကိုသာ ဆုံးဖြတ်ခဲ့ကြသည်။ ကွန်ဖရင့်မှာ တစ်ရက် တည်းနှင့် ပြီးဆုံးသွားသည်။

ထိုအချိန်တွင် ရခိုင်ပြောက်ကျားများအား အင်္ဂလိပ်တပ်များက လက်နက်အပ်ရန် အရေးဆိုလာ ချိန်ဖြစ်သည်။ ကွန်မြူနစ်များမှာမူ မဟာမိတ်များနှင့်

လုံးဝပူးပေါင်းရေးကိုသာ အရေးဆိုနေကြလေသည်။ ဗိုလ်မှူးဗထူးသည် ပါတီကွန်ဖရင့်အပြီးတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သွားရောက်တွေ့ဆုံရာ ဗိုလ်ချုပ်

အောင်ဆန်းက အင်္ဂလိပ်များနှင့် နီးလာသည်နှင့် ဂျပန် များကို စတင်တိုက်ခိုက်ရန် အမိန့်ပေး ညွှန်ကြား လိုက်သည်။

ဗိုလ်မှူးဗထူး၏ ကြိုတင်တော်လှန်ရေး[ပြင်​ဆင်​ရန်​]

၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် သခင်စိုးသည် ဒေးဒရဲတွင် ခိုအောင်းနေရာမှ ဗိုလ်မှူး ရဲထွဋ်နှင့်အတူ ရန်ကုန်သို့ ရောက်လာသည်။ ထို့နောက်

သခင်သန်းထွန်း၊ သခင်တင်မြတို့နှင့် ဆွေးနွေးသည်။ နောက်တစ်နေ့တွင် ဗိုလ်မှူးကြီးလကျာ်၊ ဗိုလ်မှူးကျော်ဇော၊ ဗိုလ်မှူးရန်အောင်၊ ဗိုလ်မှူးရဲထွဋ် နှင့်

ဗိုလ်မှူးဗထူး စသော တပ်မတော်ခေါင်းဆောင် များနှင့် တွေ့ဆုံ၍ တပ်မတော်အတွင်း ဖက်ဆစ် ဆန့်ကျင်ရေးအခြေအနေကို ဆွေးနွေးကြသည်။ သခင် စိုး

ရန်ကုန်ရောက်ရှိချိန်တွင် မဟာမိတ်လေယာဉ်ပျံ များသည် ရန်ကုန်မြို့ကို မကြာခဏ ဗုံးကြဲတိုက်ခိုက် လျက်ရှိသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၊ သခင် စိုး၊

သခင်သန်းထွန်း စသောခေါင်းဆောင်များသည် သခင်စိုးတည်းခိုနေသော ဂျပန်ပြန် ဗိုလ်မှူးမြင့်အောင် အိမ်တွင် ဖက်ဆစ်တော်လှန်ရေးအတွက် လျှို့ဝှက်စွာ

ဆွေးနွေးကြပြန်သည်။

ဖက်ဆစ်ဂျပန်များအား ဧပြီလ ၂ ရက်တွင် စတင်တော်လှန်ရန် သတ်မှတ်ထားလေရာ အထက် မြန်မာပြည်တွင်ရှိနေသော တပ်များမှာ မဟာမိတ်များ နှင့်

ဂျပန်တို့၏အကြားတွင် စစ်နှစ်ဖက်ညှပ်မည်ကဲ့သို့ ဖြစ်လာသည်။ မဟာမိတ်များနှင့် နားလည်မှုရယူ ထားပြီးဖြစ်ရာ မဟာမိတ်တပ်များ၏ အထင်အမြင်

လွဲမှားမည်ကိုလည်း စိုးရိမ်နေရသည်။

ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ မတ်လ ၈ ရက်တွင် တိုင်းမှူးဖြစ်သူ ဗိုလ်မှူးဗထူးသည် မန္တလေး၊ စစ်ကိုင်း နှင့် မြစ်ငယ်မှ တပ်များကို ဖြတ်ကျော်ဖောက်ထွက်ရန်

အမိန့်ပေးလိုက်သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အောက်မြန်မာပြည်မှ တပ်မတော်သားများ မထိခိုက်စေရန်အတွက် မိမိတို့သည် ဗိုလ်ချုပ်

အောင်ဆန်းကိုလည်းကောင်း၊ နိုင်ငံတော်အဓိပတိ (ဒေါက်တာဘမော်)ကိုလည်းကောင်း၊ ဂျပန်အာဏာ ပိုင်တို့ကိုလည်းကောင်း တော်လှန်လိုက်ပြီဖြစ်ကြောင်း

ကြေညာလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဗိုလ်မှူးဗထူးတို့ကို ပုန်ကန်သူများအဖြစ် ဟန်ပြ ကြေညာပေးခဲ့ရသည်။

မဟာမိတ်တပ်များသည် မတ္တရာဘက်မှ ထိုးစစ် ဆင်လာရာ မတ်လ ၂ဝ ရက်တွင် မန္တလေးကို သိမ်း ပိုက်လိုက်နိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာ့ တပ်မတော်မှာ

မတ်လ ၁၇ ရက်တွင် စစ်ထွက်အခမ်း အနားကျင်းပ၍ တပ်ဖြန့်သွားပေပြီ။ ဗိုလ်မှူးဗထူး သည် အင်တောကျောက်ဂူဒေသသို့ ချီတက်၍ တော်လှန်ရေးလုပ်ရာမှ

ငှက်ဖျားရောဂါဖြင့် ကျဆုံး သွားရသည်။

ဖက်ဆစ်တော်လှန်ရေးကာလ[ပြင်​ဆင်​ရန်​]

မဟာမိတ်များ၏ ကန့်သတ်ချက်များ[ပြင်​ဆင်​ရန်​]

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်တွင် အဓိကအားဖြင့် အင်အားစုကြီးသုံးရပ် ပါဝင်သည်။ တပ်မတော်မှ ကိုယ်စားလှယ်များမှာ ဗိုလ်ချုပ် အောင်ဆန်း၊

ဗိုလ်မှူးကြီးလကျာ်၊ ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မှူးကြီးဇေယျ၊ ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်မှူး ကျော်ဇော၊ ဗိုလ်မှူးရန်အောင်၊ ဗိုလ်မှူးရဲထွဋ်၊ ဗိုလ်မှူး ဖိုးကွန်း၊ ဗိုလ်အောင်ကြီး၊

ဗိုလ်မောင်မောင်၊ ဗိုလ် စိန်မှန်၊ ဗိုလ်ခင်မောင်ကလေး တို့ဖြစ်ကြသည်။ ပြည်သူ့အရေးတော်ပုံပါတီမှ ကိုယ်စားလှယ်များမှာ ဦးဘဆွေ၊ သခင်ချစ်၊ ဦးကျော်ငြိမ်း၊

ဦးလှမောင်တို့ ဖြစ်ပြီး ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်များမှာ သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်တင်မြတို့ဖြစ် သည်။ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်

ခေါင်းဆောင်များသည် ၁၉၄၅ ခုနှစ်၊ မတ်လ ၁ ရက် တွင် ကန်တော်ကြီးအနီးရှိ ဗိုလ်ချုပ်အောင်ဆန်း၏ အိမ်၌ အစည်းအဝေးကျင်းပပြီး ဖက်ဆစ်ဂျပန်များ အား

တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ်စီစဉ်ကြသည်။

မဟာမိတ်တပ်များသည် ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုကြီးအား အတိုင်းမသိ ကြီးထွားလာမည်ကို မလိုလားကြပေ။ ထို့ကြောင့် ကိုသိန်းဖေမှတစ်ဆင့် ဖတပလ

အဖွဲ့အား ကန့်သတ်ရန် ကြိုးစားလာကြ သည်။

မဟာမိတ်စစ်ဌာနချုပ်မှ ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ်သို့ အထူးဆက်သားဖြစ်သူ ဗိုလ်စံသာကျော် နှင့် ပေးပို့သောစာမှာ အောက်ပါအတိုင်း ကန့်သတ် ချက်များ

ပါဝင်သည်။

(၁) ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့(AFO)သည် အရှေ့တောင်အာရှ မဟာမိတ် စစ်ဌာနချုပ် လက်အောက်ရှိ တပ်ဖွဲ့တစ်ခုဖြစ်သော အမှတ် ၁၃၆ တပ်ဖွဲ့ (FORCE

136) ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိစေ ရမည်။

(၂) ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့၏ အုပ်ချုပ်မှု အောက်တွင်ရှိသော လက်နက်ကိုင်တပ် များသည် မဟာမိတ်တပ်များ၏ စစ်ဆင်ရေး နှင့် သီးခြားကင်းလွတ်၍

မိမိတို့သဘော အလျောက် ဂျပန်တပ်များကို စစ်ဆင် တိုက်ခိုက်ခြင်းမပြုရ။

(၃) အမှတ် ၁၃၆ တပ်ဖွဲ့က ညွှန်ကြားသတ် မှတ်ပေးသော ဒေသများတွင်သာ ဖက်ဆစ် ဆန့်ကျင်ရေးတပ်ဖွဲ့များက ဂျပန်များကို တိုက်ခိုက်ရမည်။

(၄) ထိုသတ်မှတ်ထားသော ဒေသများသို့ အိန္ဒိယရှိ ဖက်ဆစ်ဆန့်ကျင်ရေးတပ်သား များကို လေထီးဖြင့် ချပေးမည်။ ယင်းတို့ နှင့်အတူ အမှတ် ၁၃၆ တပ်ဖွဲ့မှ

ဆက်သွယ် ရေးအရာရှိများ ပါလာမည်။

(၅) ဖက်ဆစ်ဆန့်ကျင်ရေး တပ်သားများအတွက် လိုအပ်သော လက်နက်ခဲယမ်းမီးကျောက် အရေအတွက်ကို ဗြိတိသျှဆက်သွယ်ရေး အရာရှိများ၏

ထောက်ခံချက်ဖြင့်သာ လေထီးဖြင့် ချပေးမည်။

(၆) ဂျပန်တို့အား တိုက်ခိုက်ပြီးသော ဒေသများ တွင် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့သည် ကိုင်စွဲထားသော လက်နက်များကို အမှတ် ၁၃၆ တပ်ဖွဲ့သို့ ချက်ချင်း

ပြန်လည် ပေးအပ်ရမည်။

(၇) ဤစာတွင် ပါရှိသော အချက်များကို ဖက်ဆစ်ဆန့်ကျင်ရေးဌာနချုပ်က သဘော တူညီရန် သဘောထားကို အမြန်ပြန်ကြား ပါ။

ဖတပ ခေါင်းဆောင်များသည် မဟာမိတ်တို့၏ အကူအညီနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေး ကြသည်။ တပ်မတော်သည် ဖက်ဆစ်ဆန့်ကျင်ရေးကို

သီးသန့်ဆင်နွှဲရန် စီစဉ်ပြီးဖြစ်သော်လည်း နိုင်ငံရေး အင်အားစုများ၏ သဘောထားအရ အချိန်ကို တစ်နှစ် ခန့် ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်သည်။ တပ်မတော်

ခေါင်းဆောင်များသည် ဗြိတိသျှတို့၏အကူအညီကို စောင့်မနေတော့ဘဲ တပ်မတော် လက်နက်ခဲယမ်းများ ကို ကိုင်စွဲ၍ အမြန်ဆုံးတိုက်ခိုက်ရန် စိတ်ဆန္ဒပြင်းပြ

နေကြသည်။ ကွန်မြူနစ်များမှာမူ မဟာမိတ်တို့နှင့် ဆက်ဆံရေးကို အလေးထားလျက် ရှိသည်။

မတ်လ ၁ ရက် အစည်းအဝေးသဘောတူညီချက် အရ ဖတပ အဖွဲ့သည် မဟာမိတ်များထံသို့ အောက်ပါ အတိုင်း အကြောင်းပြန်ကြားလိုက်လေသည်။

(၁) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် သည် မဟာမိတ်စစ်ဌာနချုပ်၏ စာပါ သဘောထားများကို လက်မခံနိုင်။

(၂) မဟာမိတ်စစ်ဌာနချုပ်၏ကိုယ်စား အမှတ် ၁၃၆ တပ်ဖွဲ့၏ အုပ်ချုပ်ညွှန်ကြားမှုကို လက်မခံနိုင်။ ဖတပ သည် မဟာမိတ်တပ် များနှင့် နိုင်ငံရေးအရ၊ စစ်ရေးအရ

ပူးပေါင်း ဆောင်ရွက်မှုသဘောကိုသာ လက်ခံမည်။

(၃) မိမိတို့ ဖက်ဆစ်တော်လှန်ရေးတပ်ဖွဲ့များ သည် မိမိတို့ ရွေးချယ်သတ်မှတ်ထားသည့် ဒေသများ၌သာ မိမိသဘောအလျောက် စစ်ဆင်ရေးလုပ်မည်။ သို့သော်

မဟာမိတ် တပ်များနှင့် ညှိနှိုင်းဆောင်ရွက်မည်။ ပူးတွဲ တိုက်ခိုက်မည်။

(၄) မိမိတို့ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ပြောက်ကျားတပ်ဖွဲ့ဝင်များ အရေအတွက်ရှိ သလောက်သာ လက်နက်ခဲယမ်းအကူအညီ ပေးမည်ဟုဆိုသည်ကို

သဘောတူသည်။

(၅) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် သည် ဖက်ဆစ်ဂျပန်တို့အား မြန်မာပြည် တစ်ဝန်းလုံးတွင် များမကြာမီအတွင်း တစ်ပြိုင်တည်း

တော်လှန်တိုက်ခိုက်ကြ မည်။

(၆) မဟာမိတ်စစ်ဌာနချုပ်က အကူအညီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သည် ဖက်ဆစ်ဂျပန်တို့ကို လက်နက်ကိုင်၍

တစ်ပြည်လုံးတွင် စတင်တော်လှန်တိုက်ခိုက် ကြရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။

ထို့နောက် ဖတပ အဖွဲ့သည် ၁၉၄၄ ခုနှစ်၊ ဩဂုတ်လက ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ် အောင်ဆန်း၊ သခင်သန်းထွန်းနှင့် သခင်စိုးတို့သာပါဝင် သော်လည်း

တော်လှန်ရေးမစတင်မီ ဗဟိုဦးစီး အဖွဲ့ဝင် ကိုးဦးအဖြစ် တိုးချဲ့ဖွဲ့စည်းလိုက်သည်။ ယင်းအဖွဲ့ဝင် များမှာ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူး ကြီးနေဝင်း၊

ဗိုလ်မှူးကြီးလကျာ်တို့သုံးဦး၊ ပြည်သူ့ အရေးတော်ပုံပါတီမှ ကိုဘဆွေ၊ ကိုကျော်ငြိမ်း၊ သခင်ချစ် တို့သုံးဦး၊ ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း နှင့်

သခင်တင်မြတို့သုံးဦး စုစုပေါင်းကိုးဦးဖြစ်သည်။ တာဝန်ပေးအပ်ရာတွင်လည်း စစ်ရေးခေါင်းဆောင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေးခေါင်းဆောင် အဖြစ်

သခင်စိုး၊ နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင် အဖြစ် သခင်သန်းထွန်းဟူ၍ ပေးအပ်ထားသည်။

ဖက်ဆစ်တော်လှန်ရေးစတင်ခြင်း[ပြင်​ဆင်​ရန်​]

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်သည် ၁၉၄၅ ခုနှစ်၊ မတ်လ ၁ ရက် အစည်းအဝေးမှ စတင် ၍ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ်ဟု

အမည်ပြောင်းလဲလိုက်သည်။ ထိုအစည်းအဝေး မှာပင် တော်လှန်သည့်နေ့တွင် ဖြန့်ဝေမည့် လွတ်လပ် ရေးကြေညာစာတမ်းကို အတည်ပြုလိုက်ကြသည်။

ယင်းစာတမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းရေးသားသည့် စာတမ်းဖြစ်သည်။ တော်လှန်ရေးစစ်တိုင်းများကိုလည်း သတ်မှတ်သည်။ စစ်တိုင်းအလိုက် နိုင်ငံရေး၊ စစ်ရေး

တာဝန်ထမ်းဆောင်ရမည့်သူများကိုလည်း တာဝန် ခွဲဝေပေးသည်။

တိုင်း(၁)။ တိုင်း(၁)တွင် ပြည်၊ သာယာဝတီနှင့် ဟင်္သာတ အရှေ့နယ်များပါဝင်ပြီး စစ်ရေးခေါင်းဆောင်မှာ ဗိုလ်ချုပ် အောင်ဆန်းဖြစ်သည်။ နိုင်ငံရေး

ခေါင်းဆောင်မှာ ကိုဗဟိန်း ဖြစ် သည်။

တိုင်း(၂)။ ဟံသာဝတီ၊ ဖျာပုံနှင့် မအူပင်နယ် များ ပါဝင်ပြီး စစ်ရေးခေါင်းဆောင် မှာ ဗိုလ်မှူးကြီးနေဝင်း ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်မှာ သခင်စိုး ဖြစ်သည်။

တိုင်း(၃)။ ပုသိမ်၊ မြောင်းမြနှင့် ဟင်္သာတ အနောက်နယ်များ ပါဝင်သည်။ စစ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီး စောကြာဒိုးဖြစ်ပြီး နိုင်ငံရေးခေါင်း ဆောင်မရှိ။

ဗိုလ်မှူးကြီးလကျာ်က တိုင်း(၂)နှင့် တိုင်း(၃)ကို ဆက်သွယ် ညှိနှိုင်းပေးရန်။

တိုင်း(၄)။ ပဲခူး၊ ရွှေကျင်နှင့် သထုံ၊ စစ်ရေး ခေါင်းဆောင် ဗိုလ်မှူးကျော်ဇော၊ နိုင်ငံရေးခေါင်းဆောင် သခင်ချစ်။

တိုင်း(၅)။ မော်လမြိုင်၊ ထားဝယ်နှင့် မြိတ်၊ စစ်ရေးခေါင်းဆောင် ဗိုလ်ကြီး တင်ထွန်း၊ နိုင်ငံရေးခေါင်းဆောင် သခင်ဗသိန်းတင်။

တိုင်း(၆)။ မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည်၊ စစ်ရေး ခေါင်းဆောင် ဗိုလ်မှူးရဲထွဋ်၊ နိုင်ငံ ရေးခေါင်းဆောင် ဦးကျော်ငြိမ်း။

တိုင်း(၇)။ သရက်၊ မကွေး၊ မင်းဘူး၊ စစ်ရေး ခေါင်းဆောင် ဗိုလ်မှူးအောင်၊ နိုင်ငံ ရေးခေါင်းဆောင် သခင်တင်မြ။

ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်းများအလိုက် တာဝန်ယူကြရာတွင် ကွန်မြူနစ်ခေါင်းဆောင်များ သည် နိုင်ငံရေးမှူးများ၊ နိုင်ငံရေးခေါင်းဆောင်များ အဖြစ်

တာဝန်ယူကြရသည်။ ထို့ကြောင့် ကွန်မြူနစ် ခေါင်းဆောင်များသည် ကွန်မြူနစ်ပါတီအတွက် စည်းရုံးရန် အခွင့်အလမ်းများစွာရခဲ့သည်။ တပ်မတော်

ခေါင်းဆောင်အချို့သည်ပင်လျှင် ကွန်မြူနစ်ပါတီကို ထောက်ခံခဲ့ကြရသည်အထိ ဖြစ်ခဲ့သည်။ ပြည်သူ့ အရေးတော်ပုံပါတီဝင်များ တာဝန်ယူထားရသည့်

နေရာများသို့လည်း ကွန်မြူနစ်တို့သည် နိုင်ငံရေးမှူး များ တွဲဖက်စေလွှတ်ခဲ့ကြသည်။ ယင်းအစီအစဉ်အရ သခင်တင်ထွန်းသည် တိုင်း(၆)၊ နိုင်ငံရေးခေါင်းဆောင်

ကိုကျော်ငြိမ်းနှင့် တွဲဖက်တာဝန်ယူခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းက စစ်ကြောင်းဖြန့်ရန်အမိန့် ထုတ်ပြီးနောက်တွင် ဗမာ့တပ်မတော်သည် ၁၉၄၅ ခုနှစ်၊ မတ်လ ၁၇ ရက်၌ စစ်ထွက်အခမ်းအနား တစ်ရပ်ကို

ကြီးကျယ်ခမ်းနားစွာ ကျင်းပသည်။ တပ် များမှာမူ စစ်ထွက်အခမ်းအနားမကျင်းပမီကပင် အချို့အဝက်ကို စစ်တိုင်းအသီးသီးသို့ စေလွှတ်ထားပြီး ဖြစ်သည်။

စစ်ထွက်အခမ်းအနား ကျင်းပပြီးစီးသော အခါတွင်ကား ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တပ်များ နှင့်အတူ လိုက်ပါချီတက်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်း(၁)ကို ကိုယ်တိုင် ခေါင်းမဆောင်တော့ဘဲ ဗိုလ်မှူးမောင်မောင်သို့ လွှဲပေး လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်မှာမူ

ဗဟိုစစ်ဦးစီးဌာနချုပ်ကို ကွပ်ကဲ၍ တိုင်း(၇)သို့ ရောက်ရှိလာသည်။ တော်လှန်ရေးအတွက် လျှို့ဝှက်စွာ ပြင်ဆင်လုံးပန်းချိန်တွင် မဟာမိတ်စစ်ဌာနချုပ်သည် ဖတပလ

အဖွဲ့ချုပ်အား နိုင်ငံရေးအရ အသိအမှတ် ပြုခြင်းမရှိဘဲ စစ်ရေးအရသာ ဆက်သွယ်၍ လှုပ်ရှား လျက်ရှိသည်။ အထူးသဖြင့် ဂျပန်စစ်သတင်းများကို သာ

တောင်းဆိုလျက်ရှိပြီး လက်နက်ချပေးရေးကိစ္စ များတွင်မူ ပြေပြစ်ချောမွေ့အောင် ဆောင်ရွက်ပေးခြင်း မရှိခဲ့ပေ။ မဟာမိတ်စစ်ဌာနချုပ်၏ သဘောတူညီမှု မရဘဲ

ဂျပန်ကို တော်လှန်တိုက်ခိုက်ပါက လက်နက် ခဲယမ်းအကူအညီမပေးနိုင်ဟူ၍လည်း အကြောင်းကြား ခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖတပလ

အဖွဲ့ကြီးသည် မဟာမိတ်များထံမှ အကူအညီရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ မိမိတပ်မတော်၏အင်အား ကို အခြေပြုမဏ္ဍိုင်ထားပြီး ပြည်သူလူထု၏အကူအညီ ဖြင့်

တော်လှန်ရေးကိုဆင်နွှဲရန် ဆုံးဖြတ်ကြပြီး ဖြစ် သည်။

ဖတပလ အဖွဲ့ကြီးသည် စစ်ဆင်မှု အမိန့်အမှတ် (၁)ကိုထုတ်ပြန်၍ ဗမာ့တပ်မတော်ကို ပြည်သူ့ လွတ်လပ်ရေးတပ်မတော်၊ အတိုကောက်အားဖြင့် ပြည်သူ့တပ်မတော်ဟု

အမည်ပြောင်းလဲလိုက်သည်။ အနောက်တိုင်းကိုလည်း တိုင်း(၇)အဖြစ် ပြောင်းလဲ လိုက်သည်။ ၁ ထို့နောက် ၁၉၄၅ ခုနှစ်၊ မတ်လ (၂၇) ရက် ည(၇)နာရီတွင်

ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီး ကို ဆင်နွှဲလိုက်ကြသည်။ တော်လှန်ရေးဆင်နွှဲနေချိန် တွင် ဗိုလ်ချုပ်အောင်ဆန်းသည် သရက်ခရိုင်၊ သခင်စိုး သည် မြစ်ဝကျွန်းပေါ်၊

သခင်သန်းထွန်းသည် ဖြူးနယ် တို့တွင် တာဝန်ယူ၍ ဆောင်ရွက်ကြသည်။

မတ်လ (၂၇)ရက်တွင် တော်လှန်ရေး စတင်ပြီး ဖြစ်ကြောင်း မဟာမိတ်တို့၏ အမှတ် ၁၃၆ တပ်ဖွဲ့သို့ ဝိုင်ယာလက်စက်များဖြင့် အကြောင်းကြားလိုက်ရာ ၁၃၆

တပ်ဖွဲ့သည် ဝိုင်ယာလက်စက်ကိုင် ရဲဘော်များ အား စက်များကို ဖျက်ဆီး၍ အိန္ဒိယသို့ ပြန်လာရန် အမိန့်များပေးခဲ့သည်။ ဝိုင်ယာလက်စက်များနှင့်

စက်ကိုင်အော်ပရေတာများကိုလည်း ကောင်းစွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ အမှတ် ၁၃၆ တပ်ဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်းထံပေးပို့သည့် ကြေးနန်းများတွင် လည်း

Major General Aung San Self Style (မေဂျာဂျင်နရယ်ဟု မိမိကိုယ်မိမိ ဘွဲ့ပေးထားသူ အောင်ဆန်း) စသည်ဖြင့် ရေးသား၍ စော်ကားခဲ့ သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူရှိနေသည့် တပ်များကိုလည်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းသို့ ကူးပြောင်းရန် ညွှန်ကြားခဲ့သည်။ ၁၃၆ တပ်ဖွဲ့မှ အရာရှိအားလုံးကို

ကွပ်ကဲမည့် လက်ဖတင်နင်ကာနယ် ကရူး ဆိုသူမှာ ဖြူးအနောက်တွင် လေထီးနှင့်ဆင်းပြီး သခင်သန်းထွန်းနှင့်အတူ ရှိနေခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မဟာမိတ်တို့၏ ညွှန်ကြားချက်များ၊ အကြံပေးချက်အမည်ခံ ကန့်သတ် ချက်များကို မလိုက်နာဘဲ မိမိအစီအစဉ်ဖြင့် မိမိဂျပန် တပ်များကို

တိုက်ခိုက်ခဲ့သည်။ ကွန်မြူနစ်ခေါင်းဆောင် များသည်လည်း တော်လှန်ရေးဆင်နွှဲနေစဉ်မှာပင် ကိုသိန်းဖေပေးပို့သည့် စာတမ်းများကို နိုင်ငံရေး

ဆွေးနွေးပွဲများပြုလုပ်၍ ဆွေးနွေးစည်းရုံးနေကြသည်။ စစ်ရေးအခြေအနေငြိမ်သက်နေသည့် ကျေးရွာများ တွင်လည်း ကျေးရွာလူထုကို ဟောပြောပွဲများကျင်းပ၍

စည်းရုံးကြသည်။

တော်လှန်ရေးသမားများက ဖက်ဆစ် ဂျပန်များအပေါ်တွင် အောင်ပွဲဆင်၍ တိုက်ခိုက်နေကြ စဉ်မှာပင် မဟာမိတ်တပ်များသည်လည်း ပိုမို၍ ရှေ့တိုးလာနိုင်ကြသည်။

ဧပြီလ ၁၂ ရက်တွင် ကျောက်ပန်းတောင်းမြို့ကို မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ပြီး ဧပြီလ ၁၃ ရက်တွင် တောင်တွင်းကြီး ကို သိမ်းသည်။ ဧပြီလ ၂၂ ရက်တွင်မူ

ရေနံချောင်း မြို့ကို သိမ်းပိုက်လိုက်နိုင်သည်။ ထိုမြို့များကို သိမ်း ပိုက်သောတပ်မှာ အမှတ်(၇) အိန္ဒိယတပ်မ ဖြစ်သည်။

အမှတ်(၂ဝ) အိန္ဒိယတပ်မကလည်း ဧပြီလ ၁၉ ရက်တွင် မြင်ကွန်းနှင့် မကွေးကို သိမ်းပိုက်လိုက်နိုင် သည်။ အမှတ်(၁၇)အိန္ဒိယတပ်မသည် မိတ္ထီလာမြို့မှ ချီတက်လာပြီး

ဧပြီလ ၃ဝ ရက်တွင် ပျော်ဘွယ်မြို့ကို တိုက်ခိုက်သိမ်းယူလိုက်သည်။ ဂျပန်ဗိုလ်ချုပ်ကြီး ဟွန်းဒါး၏ အမှတ်(၃၃)တပ်မတော်သည်လည်း ဖရို ဖရဲဖြင့် ပြိုကွဲလာသည်။

ဧပြီလ ၁ဝ ရက်တွင် အမှတ် (၅) အိန္ဒိယတပ်မ၏ ယန္တရားတပ်မဟာ (၂)ခုက ရမည်းသင်းမြို့ကို သိမ်းပိုက်လိုက်သည်။ ဧပြီလ ၁၉ ရက်တွင် လယ်ဝေးလေယာဉ်ကွင်းကို

မဟာမိတ်များ ရရှိသွားသည်။ ပျဉ်းမနားမြို့ကိုမူ ဧပြီလ ၂၁ ရက်တွင် အမှတ်(၅)အိန္ဒိယတပ်မက တိုက်ခိုက်သိမ်းပိုက်သည်။ ဧပြီလ ၂၂ ရက်တွင်

မဟာမိတ်သံချပ်ကာကားများ တောင်ငူမြို့သို့ စတင်ရောက်ရှိတိုက်ခိုက်ကြပြီး ၂ ရက် အတွင်း ဂျပန်လေယာဉ်ကွင်းများကို သိမ်းပိုက်လိုက် နိုင်သည်။

မဟာမိတ်တပ်များက မြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲကြသောအခါ ဖတပလ အဖွဲ့ခေါင်းဆောင်များ သည် မဟာမိတ်အရာရှိများထံ ဒေသအလိုက် ဆက်သွယ်ကြသည်။

သို့သော် မဟာမိတ်အရာရှိများ သည် ဒေသခံ ဖတပလ ခေါင်းဆောင်များအား လိုလား စွာ လက်ခံကြိုဆိုခြင်းမရှိကြပေ။ ဖတပလ အဖွဲ့ကြီး နှင့်

မဟာမိတ်တို့၏ဆက်ဆံရေးမှာ တင်းမာလျက်ပင် ရှိသည်။

၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် ဂျပန်တပ်များ ရန်ကုန်မြို့ကို စွန့်ခွာသွားရာ ဗိုလ်သိန်းဟန်၊ ဗိုလ်ခင်ချို တို့ဦးစီးသော မြို့စောင့်တပ်က ဧပြီလ ၃ဝ ရက်တွင်

ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်သည်။ မဟာမိတ်တပ်များ သည် ရန်ကုန်မြစ်ဝတွင် သဘေင်ာ္ကြီးငယ်များဖြင့် ဆုံစည်း၍ ရန်ကုန်မြို့ကို Capital Operation ဖြင့်

တိုက်ခိုက်ရန် စီစဉ်နေရာမှ မေလ ၃ ရက်ကျမှ အမှတ် (၂၆)အိန္ဒိယတပ်မ၏ အမှတ်(၃၆)တပ်မဟာသည် ဒလ မြို့ကို ဆိုက်ရောက်လာသည်။ ရန်ကုန်မြို့ကို လက်နက်

ကြီးပစ်ရန် စီစဉ်သည်။ သို့သော် တပ်မတော်၏ ဆက်သွယ်ချက်ကြောင့် မေလ ၄ ရက်တွင် မဟာမိတ် တပ်များ ရန်ကုန်ကို ဆိုက်ရောက်လာသည်။

ကိုစက်ဖေအမည်ခံ ဗိုလ်မှူးကြီးနေဝင်းက ဦးနောင်ချိုအမည်ခံ ဗိုလ်ချုပ်အောင်ဆန်းထံသို့ ၁၉၄၅ ခုနှစ်၊ မေလ ၁၉ ရက် နေ့စွဲဖြင့် ရေးသားထားသော စာတွင်

အောက်ပါအတိုင်း ပါဝင်လေသည်။

'ရန်ကုန်မြို့ကို မဟာမိတ်ရေတပ်မှ Shell လုပ်ရန် ရည်ရွယ်ပြီးလျှင်Indian Navy နှင့် 15th Army Corps က 30th April နေ့၌ ဝင်လာမည်ဖြစ်ကြောင်း၊

လမ်းပြရန် Elephant Point မှ စောင့်ပါ ဟူ၍ လည်းကောင်း၊ ကွမ်းခြံကုန်းရှိ ကျွန်တော်တို့ Head Qrs သို့ Wireless Message ရရှိသဖြင့် ဗိုလ်အောင်ကြီးကို

Elephant Point သို့ အချိန်မီလွှတ်ပြီးလျှင် ရန်ကုန်ကို ဗမာတပ်က သိမ်းထားပြီးဖြစ်ကြောင်း၊ ရန်ကုန်ကို Shell မလုပ်ရန်အကြောင်း၊ 15th Army သို့

ပြောခိုင်းရသည်။ ဗမာသိမ်းထားသော ရန်ကုန်ကို 16th Army က သိမ်းသည်ဆိုပြီး အသားယူသွားပါသည်။'

၁၉၄၅ ခုနှစ်၊ မေလ ၇ ရက်တွင် အသံလွှင့် ပြောကြားခဲ့သော ဗိုလ်မှူးကြီးနေဝင်း၏ မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

RADIO ADDRESS BY COLONEL NAY WIN TO THE PEOPLE OF BURMA[ပြင်​ဆင်​ရန်​]

မြန်မာပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်အပေါင်း တို့...

ဗမာ့တပ်မတော်ဟာ ဗမာပြည်မှာရှိတဲ့တိုင်းပြည် အတွက် အရိုးကြေကြေ အရေခန်းခန်း နှမ်းတစ်လုံးမျှ အသက်ကိုမနှမြောတဲ့ မျိုးချစ်လူငယ်တွေ၊ ကျောင်းသား

တွေစုရုံးပြီး ဗမာ့လွတ်လပ်ရေးအတွက် တိုက်ခိုက်ဖို့ တည်ထောင်ထားတာကို ဗမာတစ်ပြည်လုံးသိကြပါ လိမ့်မယ်။ ဒီတပ်မတော်မှာ ဗမာ၊ ရှမ်း၊ ကရင်၊ ချင်း စတဲ့

အမျိုးသားတွေအားလုံးပါဝင်ပြီး အသက်ကို တိုင်းပြည်အတွက်စွန့်ရန် သန္ဒြဌန်ချထားတဲ့ ဗမာ ပြည်ရဲ့ အသက်သွေးခဲတွေဖြစ်တယ်ဆိုတာလည်း တိုင်းပြည်က

သိကြပါလိမ့်မယ်။ ဒီဗမာ့တပ်မတော်ဟာ အခု ကျေးရွာတောနယ်တွေမှာရှိတဲ့ မျိုးချစ်လူငယ်တွေနဲ့ ပူးတွဲပြီး ပြည်သူ့လွတ်လပ်ရေး တပ်မတော် (People's

Freedom Army )အမည်နဲ့ ဂျပန်ဖက်ဆစ်ဘီလူးတွေ ကို စစ်ကြေညာပြီး တရကြမ်းတိုက်ခိုက်ခဲ့ကြတယ်။ ယခုလည်း တိုက်တုန်းပဲ၊ နောက်လည်း ဆက်ပြီးတိုက် မယ်။

အဲဒီလို ဖက်ဆစ်ဂျပန်ကို စစ်ကြေညာတိုက်ခိုက် ခဲ့တဲ့အချိန်ကစပြီး ဗမာ့တပ်မတော်ကိုလည်း ပြည်သူ့ လွတ်လပ်ရေးတပ်မတော်လို့ အမည်ပြောင်းလိုက်ပါ တယ်။

တပ်မတော်ဟာ ဘာကြောင့်တိုက်ရသလဲဆိုတာ ကို တိုင်းသူပြည်သားတွေကို ကောင်းစွာနားလည်စေ ချင်တယ်။ တပ်မတော်ဟာ တာဝန်ကင်းမဲ့၊ စည်းကမ်း ကင်းမဲ့၊

အဓိပ္ပာယ်မရှိ ကျပန်းထင်ရာလုပ်တာမဟုတ် ကြောင်း အသက်၊ သွေး၊ ချွေး၊ ဘေးဒုက္ခတွေ၊ သားမယား တွေ၊ အညှဉ်းဆဲခံ၊ ရွာတွေအဖျက်ဆီးခံ၊ မီးရှို့ခံပြီး

လုပ်တာတွေကို အပျော်တမ်းမဟုတ်ဘူးဆိုတာ ရှင်းပြ ချင်တယ်။

ဂျပန်တွေဟာ၊ ဖက်ဆစ်ဓားပြတွေဟာ တရုတ် ပြည်မှာ ဘယ်လိုညှဉ်းဆဲခဲ့တာ လူငယ်တွေ အားလုံး ဟာ သိခဲ့ကြတယ်။ ဒီလိုသိလျက်နဲ့ ပေါင်းခဲ့တာဟာ

အကြောင်းမဲ့မဟုတ်ဘူး။ ဂျပန်ဟာ စစ်မကြေညာမီ ၁၉၃၉ ခုနှစ်ကတည်းက ဗမာပြည်ကို လွတ်လပ်ရေး ပေးမယ်။ ကိုယ်ပိုင်စစ်တပ်ထားခွင့် ပေးမယ်ဆိုတဲ့

ခိုင်လုံတဲ့ကတိကို လျှို့ဝှက်စွာရလို့တစ်ကြောင်း၊ ဗမာ ပြည်ဟာ လွတ်လပ်ရေးအတွက် နိုင်ငံခြားတစ်ဦးဦးရဲ့ အကူအညီနဲ့မှ ရမယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။

ဂျပန်ကလည်း ကူညီမယ် ပြောနေတယ်၊ ဂျပန်ဟာ ဗမာပြည်မှာ စစ်မပြီးလည်း အိန္ဒိယကို တိုက်ရပေဦး မယ်။ အိန္ဒိယပြည် ပြယုဂ်ကောင်းရန် ဗမာပြည်ကို

လွတ်လပ်ရေးရလိမ့်မယ်ဆိုတဲ့ အာမခံချက်ရှိတာ ကြောင့်လည်း ကျွနု်ပ်တို့ ပေါင်းခဲ့ကြတာပဲ။

သူတို့ ပေးချင်မှ ပေးမယ်ဆိုတာကို သိပေမယ့် ယုတ်စွအဆုံး ကိုယ်ပိုင်စစ်တပ်ရှိမှတစ်ကြောင်း၊ နောက် တစ်ဖန် စစ်ဖြစ်စ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်

ဟောင်ကောင်(Hong Kong)ကျပြီးစတွင် ဂျပန် နန်းရေးဝန် တိုဂျို (The Japanese Premier General Tojo)က ဖိလစ်ပိုင်လူမျိုးတွေက ဂျပန်နိုင်ငံ၏

စစ်ကြိုးပမ်းမှုကို ကူညီလျှင် ဂျပန်က ဝမ်းမြောက်စွာ သူတို့ရဲ့လွတ်လပ်ရေးကို ကူညီပေးတယ်။ ဗမာနိုင်ငံ အတွက်လည်း ဤအတိုင်း ရည်ရွယ်သည်ဟု ဒိုက်ယက်

လွှတ်တော် (Imperial Diet)၌ အတိအလင်း ထုတ်ဖော်ကြေညာချက်ကို ယုံစား၍တစ်ကြောင်း လူငယ်တွေဟာ ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲ။ မည်သူ မဆို ၎င်းတို့၏

ကြေညာချက်၊ ကတိဝန်ခံချက်တွေဟာ အတ္တလန္တိတ်ချာတာ (Atlantic Charter)မှာ အိန္ဒိယ နဲ့ ဗမာပြည်နဲ့မဆိုင်ဆိုတဲ့ မြန်မာပြည်အပေါ် လုံးဝ သဘောထား

ပြောင်းလဲစဉ်းစားခြင်းမရှိတဲ့ ဗြိတိသျှ အစိုးရရဲ့ သဘောထားထက် ကျေနပ်ဖွယ်ရာကောင်း လို့ ဂျပန်ဖက်ဆစ်တွေနဲ့ ပေါင်းတိုက်ခိုက်ခဲ့တာပဲ။

ပထမအကြိမ် ဂျပန်တွေရဲ့ကတိကို ယုံမှား သံသယဖြစ်တဲ့အချက်ကတော့ မော်လမြိုင်မြို့ကျဆုံး တာနဲ့ တစ်ပြိုင်နက် ဗမာ့လွတ်လပ်ရေးကြေညာပြီး

ဗမာ့အုပ်ချုပ်ရေးကို ဗမာတွေကို လွှဲမယ်ဆိုတဲ့ ကတိကိုမလိုက်နာတဲ့အချက်ပဲ၊ ဒီအချိန်ကစပြီး ၎င်းတို့ နှင့် ရင်ဆိုင်ဖို့ အမျိုးမျိုးဆွေးနွေးတိုင်ပင်စပြုကြရတယ်။

ဂျပန်ဖက်ဆစ်တွေရဲ့ပြုမူပုံတွေ၊ အနိုင်ကျင့်တာတွေကို တဖြည်းဖြည်း တွေ့ကြုံရလေလေ၊ ၎င်းတို့ကို တော်လှန် နိုင်ဖို့နည်းလမ်းရှာရလေလေဖြစ်ခဲ့တယ်။ ထိုအကြောင်း

ကို ကြိုတင်သိမြင်ပြီး နိုင်ငံခြားအကူအညီရစိမ့်သောငှာ နိုင်ငံခြားကို ထွက်ခွာသွားကြရန် စီစဉ်ကြရတော့တယ်။ စီစဉ်တဲ့အတိုင်းလည်း လူငယ်ခေါင်းဆောင်တချို့ဟာ

နိုင်ငံခြားသို့ ထွက်ခွာသွားကြတယ်။

ဒုတိယအချက်ကတော့ ဗမာပြည် လုံးဝကျဆုံးပြီး မန္တလေးမှာ ဗမာ့လွတ်လပ်ရေးတပ်မတော် ပြန်စုတဲ့ အချိန်မှာ အင်အားအလွန်ကြီးမားတဲ့ ဗမာ့လွတ်လပ်

ရေးတပ်မတော် (Burma Independence Army) ကို ဖျက်သိမ်းပြီး ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော် (Burma Defence Army)ကို ဖွဲ့စည်း တဲ့အချိန်ပဲ။

ဗမာ့မျိုးချစ်လူငယ်တွေရဲ့ စိတ်ဓာတ်မှာ ဆောက်တည်ရာမရလောက်အောင် မခံနိုင်ဖြစ်ပြီး တော်လှန်ရန် ကြိုးစားသော်လည်း ...

(က) ဂျပန်နန်းရင်းဝန်ကြီး တိုဂျို၏ ဗမာပြည် လွတ်လပ်ရေးပေးမယ်ဟူသော ကတိကို ရရှိ၍တစ်ကြောင်း။

(ခ) တပ်သားတွေ အလေ့အကျင့် နည်း၍ တစ်ကြောင်း။

(ဂ) ကမ္ဘာ့အခြေအနေအရ ဂျပန်ဖက်ဆစ် တွေဟာ အကောင်းဆုံး အချိန်ဖြစ်၍ တစ်ကြောင်း။

အားမသန်လှ၍ မချိတင်ကဲ တော်လှန်ရေးကို အချိန်အခိုက်အတန့်အားဖြင့် လက်လျှော့ခဲ့ရတယ်။ နောက်ဆုံး၌ ဗမာ့လွတ်လပ်ရေးပြဿနာကို ရင်ဆိုင် ရတော့မှ

လွတ်လပ်ရေးဟာ တကယ့်လွတ်လပ်ရေး မဟုတ်တဲ့အပြင် ဗမာပြည်က ပြည်နယ်အချို့ ခွဲထုတ် တယ်။ အမျိုးမျိုးညှဉ်းဆဲတယ်၊ စီးပွားရေး လက်ဝါးကြီး အုပ်တယ်၊

ပြည်သူ့လွတ်လပ်ရေးကို ချုပ်ချယ်တယ်၊ ဒါတွေတွေ့တာနဲ့ တစ်ပြိုင်နက် ဂျပန်ဖက်ဆစ်ကို ပြန်လှန်တိုက်ဖို့ကို ဆုံးဖြတ်လိုက်ကြတယ်။ ဒီအချိန်က စပြီး လူငယ်တွေဟာ

မနားမနေ အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ကြတယ်။

အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ဂျပန်စစ်ပုလိပ် တို့ရဲ့ အမျိုးမျိုးအဖုံဖုံ ညှဉ်းပန်းတဲ့ကြားထဲက နိုင်ငံခြား နဲ့ အခေါက်ခေါက်အခါခါကူးပြီး အလုပ်လုပ်တယ်။

တော်လှန်ရေးအဖွဲ့တွေကို နယ်အသီးသီးမှာ ဖွဲ့တယ်၊ ကျေးရွာသား တော်လှန်ရေးသမားတွေအထိရောက် အောင် ပြောက်ကျားသင်ခန်းစာစာစောင်တွေ အဖုံဖုံ

လျှို့ဝှက်စွာ ထုတ်တယ်။ နယ်တွေကို တပ်မတော်သား တွေလွှတ်ပြီး လူသူပြတ်လပ်တဲ့နေရာတွေမှာ သေနတ် ပစ်နည်းခတ်နည်း၊ စစ်ဆင်စစ်တက် ပြောက်ကျား

စစ်သေနဂင်္ဗျူဟာတွေကို လက်တွေ့ လျှို့ဝှက်စွာ သင် နိုင်ခဲ့ပါတယ်။ ဒီအဖွဲ့တွေကို အခြေခံထားပြီး လွန်ခဲ့တဲ့ နှစ်က လေးကြိမ်တိတိ ကြိုးစားခဲ့ပေမယ့် မအောင်မြင်

ခဲ့ဘူး။

ပဉ္စမအကြိမ်ဖြစ်တဲ့ ယခုအကြိမ်မှာမှ အောင်မြင် စွာ တိုက်ခိုက်နိုင်ကြပေတော့တယ်။ တပ်မတော်ဟာ ဘယ်လောက်အထိ ကျစ်လျစ်သေသပ်ပြီး ကျနစွာ

ကြိုတင်စီစဉ်ပြီး လုပ်တဲ့ဟာကို အောက်ပါအချက်တွေ ကို ချင့်ပြီး သိနိုင်တယ် -

(က) ဗမာပြည်အထက်မှာရှိတဲ့ တပ်ပေါင်းစုံကို ရန်ကုန်မှာ စုပေါင်းထားလျက်နဲ့ မှန်းထား တဲ့နယ်ကိုရောက်အောင် ဆိုင်ရာတပ်တွေ ပို့နိုင်ဖို့ ဂျပန်စစ်ဌာနချုပ်နဲ့

စီစဉ်နိုင်ခဲ့တယ်။

(ခ) ဗမာ့တပ်မတော်တစ်ခုလုံး တော်လှန်အံ့ ဆဲဆဲ ရက်ပိုင်းကလေးအတွင်း ဂျပန် စစ်ဘက်ဆိုင်ရာက လက်နက်နဲ့ ခဲယမ်း မီးကျောက်အပြည့်အစုံရအောင် စီစဉ်နိုင်

ခဲ့တယ်။

(ဂ) ဒေသအလိုက် မြစ်ဝကျွန်းပေါ် ဌာန အသီးသီး ပြည်၊ သရက်၊ အောင်လံ၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ မန္တလေးတို့ကို တော်လှန်ရေးအဖွဲ့များနှင့် တပ်မတော်ကို

ချက်ချင်းစုပေါင်းပြီး ဆောင်ရွက်နိုင်အောင် စီမံနိုင်ခဲ့တယ်။

(ဃ) အိန္ဒိယသို့ လက်နက်အကူအညီနဲ့ စစ်ဘက် ဆိုင်ရာအကူအညီအတွက် စစ်ဘက်နှင့် လူငယ်များကို ပို့ပေးနိုင်ခဲ့တယ်။

(င) မဟာမိတ်တပ်များနဲ့ အဆက်အသွယ် ပြုလုပ်နိုင်ခဲ့တယ်။

(စ) အထက်ဗမာပြည်၊ ရခိုင်တို့မှာ စနစ်တကျ တိုက်ခိုက်ပြီး ဂျပန်တွေကို ချေမှုန်းခဲ့ကြ တယ်။

(ဆ) နယ်အသီးသီးမှ ကျေးရွာများအထိ ပြောက်ကျားသင်ခန်းစာ(Guerilla Form Of Warfare)စာစောင်များပို့ပြီး လေ့ကျင့် ပြီး ပစ်ခတ်နိုင်တဲ့

ပြောက်ကျားစစ်အဖွဲ့ (Guerilla Fighters) ဖွဲ့စည်းပြီး ဖြစ်နေ တယ်။

ဒီအချက်တွေဟာ တစ်မနက် တစ်ရက်နဲ့ စီစဉ် နိုင်တာမဟုတ်ဘူးဆိုတာလည်း နားလည်သင့်တယ်။ ဂျပန်စစ်ပုလိပ်အဖွဲ့၊ စစ်သူလျှိုအဖွဲ့(Japanese Military

Police Of Their Secret Agents)တွေနဲ့ ဂျပန်သတင်းပေးတွေကြားထဲက အခုလို တိုက်ခိုက် နိုင်တာဟာ အံ့ဩဖွယ်ကောင်းတဲ့ လူငယ်တွေရဲ့

စွမ်းဆောင်ချက်ကို ဗမာလူမျိုးတွေ ပေါ့ပေါ့ဆဆ မယူဆသင့်ပါ။ ဒီအချက်တွေဟာ ကမ္ဘာက လက်ဖျား ခါလောက်တဲ့အချက်ကြီး ဖြစ်ပါတယ်။ ဂျပန်လူမျိုးဟာ

ရက်စက်ရာမှာလည်း ဖက်ဆစ်တိုင်းပြည်အားလုံးထဲမှာ အဆိုးဆုံးဖြစ်တဲ့အပြင် ကမ္ဘာ့လက်နက်နိုင်ငံကြီးတွေကို အမြဲပခုံးချင်းယှဉ်ပြိုင်ခဲ့ပါလျက် ဗမာကျမှ အလျှော့

ပေးရတာဟာ ဗမာ့အစွမ်း ကမ္ဘာကို ပြတာပဲ။

စစ်ဘက်ဆိုင်ရာမှာလည်း ဂျပန်တွေဟာ ကမ္ဘာမှာ ဇွဲအကောင်းဆုံးနဲ့ ပြောက်ကျား အလွန်တော်တယ်လို့ မဟာမိတ်နိုင်ငံတွေတိုင်းက ဝန်ခံရတဲ့ ဂျပန်ကို ဗမာ တွေ

အလဲထိုးနိုင်ခဲ့ကြတယ်။ မန္တလေး၊ တောင်ငူ၊ ပျဉ်းမနား၊ အောင်လံ၊ သရက်၊ ပဲခူးနယ်၊ မြစ်ဝကျွန်းပေါ်၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေးတို့အားလုံးက ဂျပန်တွေကို

မောင်းနှင်ပြီး ဗမာ့တပ်မတော်က သိမ်း တယ်ဆိုတာကို ချင့်ကြည့်ပါ။ ရန်ကုန်လို အရေးကြီးတဲ့ အဆောက်အအုံ၊ အလုပ်ရုံ၊ လမ်းဆုံလမ်းမ၊ တံတား ကြီး

တံတားငယ်မကျန် တပ်မတော်သားတွေ ပုန်းလျှိုး ကွယ်လျှိုး ကြိုးစားပြီး ဗမာ့တပ်မတော်ကပဲ သိမ်းခဲ့ ကြတယ်။ ဗမာ့တပ်မတော်ရဲ့ကြိုးပမ်းမှုကြောင့် ဂျပန်

ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ ဖရိုဖရဲဖြစ်ပြီး နောက်ဆုံး လုံးဝပျက်စီးသွားတဲ့ အခြေ အနေကို ရောက်ရတယ်။ ဒါတွေကိုကြည့်ရင် ဗမာ့

တပ်မတော်ဟာ ကမ္ဘာရဲ့ စစ်သေနင်္ဂဗျူဟာ (World's Military Science)မှာ ပြောက်ကျားတိုက်ရည် (Burmese Techinique Of Guerilla Fighting)

ဘယ်လောက်ကောင်းတယ်ဆိုတာဟာ စာတင်ကြရ ပါပြီ။

ဗမာ့တပ်မတော်ဟာ အရေးကြုံရင် တကယ် အားကိုးရတဲ့အကြောင်းလည်း တိုင်းပြည်က သိနိုင်ပြီ၊ တာဝန်မဲ့လုပ်တာ မဟုတ်ကြောင်းလည်း တိုင်းပြည်က သိနိုင်ပါပြီ။

နောက်ဆုံး ဗမာ့တပ်မတော်ရဲ့ ကိုယ်စား ပြောလိုတာက ပြည်သူတွေဟာ ရက်စက်ပေ့ဆိုတဲ့ နည်းမျိုးစုံ၊ နှိပ်စက်ညှဉ်းပန်းတဲ့ ဖက်ဆစ်ဂျပန်တို့ရဲ့ လက်အောက်မှာ

လေးနှစ်တိုင်တိုင် အမျိုးမျိုးအဖုံဖုံ သောဘေးဒုက္ခခံခဲ့ရ၊ အဝတ်မရှိ၊ အစားမရှိ၊ အပြတ်ပြတ် အငတ်ငတ်ဖြစ်ခဲ့ရ၊ ရောဂါဆိုး၊ ဘေးဆိုး အမျိုးမျိုးနဲ့

လူမျိုးပြုန်းမတတ်ခံခဲ့ရ၊ အဲဒီလို အလားတူခံစားရတဲ့ တိုင်းငယ်ပြည်ငယ်များကို ကိုယ်ချင်းစာနာသောအား ဖြင့် ဤဂျပန်ဖက်ဆစ်တို့၏ နေရင်းတိုင်းပြည်အထိ

တိုက်ရန်နဲ့ လူ့လောကတစ်ခွင်မှာ နောက် ဖက်ဆစ်ဝါဒ ကြီးမပေါ်အောင် သုတ်သင်ရန် သန္နိဌာန်ချပြီးဖြစ် ကြောင်းနဲ့ ပြည်သူ့လွတ်လပ်ရေးအတွက် မနားမနေ

အရိုးကြေကြေ၊ အရေခန်းခန်း ဦးလည်မသုန် ကြိုးပမ်း မည်ဖြစ်ကြောင်းကို တိုင်းပြည်က စွဲမြဲစွာယုံကြည်စေ လိုပါတယ်။ ဤအသက်မသေ ကြွင်းကျန်လျက်ရှိသော

ပြည်သူ့တပ်မတော်ဟာ မိမိတို့ရဲ့ အသက် သွေးခဲ တိုင်းပြည်အား စင်ကြယ်မွန်မြတ်သောစိတ်ထားဖြင့် ပေးအပ်ပါတယ်။ ပြည်သူတို့ကလည်း မိမိတို့ အတွက် တပ်ဦးက

အသေခံတိုက်နေသော ပြည်သူ့လွတ်လပ် ရေးတပ်မတော်ကို ဆတက်ထမ်းပိုး ဝိုင်းဝန်းကူညီကြ ရန် နောက်ဆုံးတောင်းပန်ခဲ့ပါတယ်။

[ဤအသံလွှင့်မိန့်ခွန်းကို တော်လှန်ရေးစစ်တိုင်း အမှတ်(၂) စစ်ရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း သည် ဖက်ဆစ်ဂျပန်တို့အား တော်လှန်နေဆဲကာလ

(P.B.F)မျိုးချစ်ဗမာ့တပ်မတော်က ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးစ ၁၉၄၅ ခုနှစ်၊ မေလ ၇ ရက် နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်မြို့မှနေ၍ အသံလွှင့်စက်

ငယ်ကလေးတစ်လုံးဖြင့် မြန်မာပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်များသို့ ပြောကြားခဲ့သည်။ ထိုစဉ် အခါက ထိုအသံလွှင့်မိန့်ခွန်းကို လန်ဒန်မြို့ 'ဘီဘီစီ' မှ

ဖမ်းယူ၍ ကမ္ဘာသို့ ထပ်ဆင့် အသံလွှင့်ကြေညာ ပေးခဲ့သည်။[၂]

ကွန်မြူနစ်ပါတီ အတိအလင်း ပေါ်ပေါက်လာခြင်း[ပြင်​ဆင်​ရန်​]

မြစ်ဝကျွန်းပေါ်ဒေသတော်လှန်ရေး[ပြင်​ဆင်​ရန်​]

ဗိုလ်ချုပ်အောင်ဆန်းသည် ဗဟိုစစ်ဦးစီးအဖွဲ့ကို ခေါင်းဆောင်၍ တိုင်း(၇)နှင့်အတူ တော်လှန်ရေးကို ဆင်နွှဲနေစဉ် ဗိုလ်မှူးကြီးနေဝင်းသည် တိုင်း(၂)ကို ခေါင်းဆောင်၍

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။ ပုသိမ်နှင့် မြောင်းမြနယ်များတွင် စောကြာဒိုးနှင့် စောစံဖိုးသင် က

ကရင်တိုင်းရင်းသားများကို စည်းရုံး၍ တော်လှန် ရေးကိုဆင်နွှဲရန် စီစဉ်ထားသော်လည်း စောကြာဒိုးကို ဂျပန်များ ဖမ်းမိသွားသဖြင့် ပထမပိုင်းတွင် အောင်မြင်

မှုမရခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် အခြေအနေကို စုံစမ်းရန်နှင့် စောကြာဒိုးအား ကယ်တင်ရန် ဗိုလ်လောင်း ဆက်သားတစ်ဦးကို စေလွှတ်ခဲ့သည်။ စောကြာဒိုး

သည် တော်လှန်ရေးပြီးခါနီးမှ လွတ်မြောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်း၏စာကို ဖတ်ရသည်။

ဗိုလ်မှူးကြီးနေဝင်းသည် တပ်များရှိရာသို့ ရန်ကုန် မှ မတ်လ ၂၆ ရက်တွင် ထွက်ခွာလာရခြင်းဖြစ်သည်။ ထိုအချိန်သည် မြစ်ဝကျွန်းပေါ်မှ တပ်အချို့သည်

တပ်ဖျောက်ပြီး ဖြစ်နေသည်။ ဗိုလ်မှူးကြီးနေဝင်းနှင့် ရဲဘော်များသည် ဒေးဒရဲနယ်ထဲတွင် ဂျပန်တပ်များ၏ ဝိုင်းရံခြင်းကိုခံခဲ့ရသည်။ နိုင်ငံရေးမှူးလုပ်သူ သခင်စိုးက

သေနတ်ဖြင့် ရမ်းပစ်သဖြင့် ရဲဘော်တစ်ယောက် သေဆုံးခဲ့ရသည်။ ကွန်ပလိုင်းရွာတွင် အခြေပြုကြစဉ် သခင်စိုးသည် အမျိုးသမီးငယ်များကိုအနားတွင် ခေါ် ထားကာ

အရေးပေးစည်းရုံးနေခဲ့သည်။ ထိုအခြေအနေ တွင် သခင်စိုး၏အပြုအမူများကြောင့် ဗိုလ်မှူးကြီး နေဝင်းက သခင်စိုးကို ပြင်းထန်စွာ ပြစ်တင်ပြောကြား ခဲ့ရသည်။

ဒေါက်တာမောင်မောင်က မြန်မာ့နိုင်ငံရေးခရီး နှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်စာမျက်နှာ ၂၃၄ တွင် အောက်ပါအတိုင်း ရေးသားထားသည် -

'ကွန်ပလိုင်းရွာတွင် နားကြရင်း ဗိုလ်နေဝင်းက သခင်စိုးကို ကြိမ်းမောင်းရသေးသည်။ သခင်စိုးက တပည့်မများအဖို့ မိန်းမကိုင်ခြောက်လုံးပြူး၊ နှုတ်ခမ်း နီဆိုးဆေး၊

နိုင်လွန်အင်္ကျီစတို့ကို မဟာမိတ်တပ်များက လေထီးနှင့်ချပေးရန် ဝိုင်ယာလက်ဖြင့် မှာလိုသည်။ ဗိုလ်နေဝင်းသိသွား၍ ကျုပ်တို့ အခုလုပ်နေတာ တော်လှန်ရေးဗျ၊

စစ်တိုက်ဖို့အရေးကြီးတယ်၊ မှာရင် လက်နက်များများ မှာမယ်၊ ခင်ဗျားပစ္စည်းတွေမှာရင် ဟိုကလူတွေက ကျုပ်တို့ကို ဘာထင်မလဲ ဟု ဆူပူသည်။ သခင်စိုးက

ငုတ်တုတ်။'

တပ်မတော်သားအချို့က သခင်စိုးကို ဖမ်းဆီး၍ သုတ်သင်ကြရန် ကြံစည်ကြသေးသည်။ သို့သော် ဗိုလ်မှူးကြီးနေဝင်းက တားမြစ်လိုက်ရသည်။ ကွန်မြူနစ် များသည်

တော်လှန်ရေးကာလအတွင်းမှာပင် ပါတီ အရေးကို ဦးစားပေးခြင်း၊ ပါတီအတွက် ဦးစားပေး စည်းရုံးခြင်းများကို ဆောင်ရွက်ခဲ့ကြရာတွင် တပ်မတော် သားများ၊

ဆိုရှယ်လစ်ပါတီ(ပြည်သူ့အရေးတော်ပုံပါတီ) ဝင်များနှင့် မကြာခဏ ပဋိပက္ခဖြစ်ခဲ့ကြရသည်။

သခင်စိုးသည် မဟာမိတ်တပ်မှ လေယာဉ်ဖြင့် ချပေးခဲ့သည့် လက်နက်ခဲယမ်းများအား တပ်မတော် သို့ ခွဲဝေခြင်းမပြုဘဲ ထားခဲ့သည်။ ထို့နောက် ကွန်မြူနစ် ပါတီ၏

တိုက်ရိုက်ကွပ်ကဲမှုဖြင့် ပြောက်ကျားတပ်ဖွဲ့များ ဖွဲ့၍ လက်နက်တပ်ဆင်ပေးခဲ့သည်။ တပ်မတော် အတွင်းတွင်လည်း သွေးခွဲစည်းရုံးခဲ့သည်။ တပ်မတော် သားများအား

တပ်မှူးများ၏အမိန့်ကို မနာခံရန်၊ ပါတီဝင်ပြောက်ကျားတပ်တွင် ပါဝင်ရန် လှုံ့ဆော်ခဲ့ သည်။ ထို့အပြင် အခြားသော ခေါင်းဆောင်မှုပျက်ပြား စေသည့်

လုပ်ရပ်များလည်းရှိခဲ့သေးရာ တပ်မတော် အတွင်းရှိနေသော ကွန်မြူနစ်ပါတီဝင်များသည် သခင် စိုး၏ခေါင်းဆောင်မှုကို ဆန့်ကျင်လာကြသည်။ သခင် စိုးအား

ဝေဖန်မိသည့် ကိုဌေးမြိုင်နှင့် မနှင်းဆီ တို့ လင်မယားအား သခင်စိုးက ပါတီဆန့်ကျင်သူများ အဖြစ် စွပ်စွဲရုံသာမက သခင်စိုးသည် ကိုဌေးမြိုင်အား

ကိုယ်ထိလက်ရောက်ပင် ပြုမူခဲ့သည်။

ကွန်မြူနစ်များအကြားတွင် သခင်စိုး၏ ခေါင်းဆောင်မှု ကျဆင်းလာသည်နှင့်အမျှ သခင် သန်းထွန်း၏ ခေါင်းဆောင်မှုမှာ အသင့်အတင့် အောင်မြင်လာသည်။

သခင်စိုးမှာမူ ဂိုဏ်းဂဏစွဲ ကြီးမားလွန်းသူ၊ ခေါင်းဆောင်မပီသသူအဖြစ် အပုပ်ချ ခံခဲ့ရသည်။ သို့သော် အယူအဆပြင်းထန်လွန်းသူများ မှာမူ သခင်စိုးကိုသာ

ကြည်ညိုနေကြလေသည်။

မြစ်ဝကျွန်းပေါ်ဒေသအတွင်း သခင်စိုး၏ ဆောင်ရွက်ချက်များသည် တော်လှန်ရေးကြီးတစ်ရပ် လုံး၏ စစ်ရေးခေါင်းဆောင်များဖြစ်သော တပ်မတော်

ခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များ ဖြစ်သော ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၏ ညီညွတ်ရေးကို များစွာထိခိုက်စေခဲ့သည်။ ကွန်မြူနစ် များနှင့်

တပ်မတော်သားများမှာ မကြာခဏ အချင်း များလာကြသည်။ တော်လှန်ရေးကာလအတွင်း အိန္ဒိယ မှ လေထီးဖြင့်ဆင်းလာကြသောသူများတွင် မဟာမိတ်

စစ်ဘက်အရာရှိများလည်း ပါလာခဲ့ရာ သခင်စိုးသည် ယင်းမဟာမိတ်စစ်ဗိုလ်များအား အောက်ကျို့၍ ဆက်ဆံခဲ့သည်။

ထိုအချိန်တွင် ကွန်မြူနစ်ပါတီအတွင်း၌ ဘရောက် ဒါဝါဒ ၁ ဝင်ရောက်လာပြီဖြစ်ရာ ကွန်မြူနစ်များသည် မဟာမိတ်များက ဖက်ဆစ်ဂျပန်များကို အနိုင်ရပြီးပါက

လွတ်လပ်ရေးသည် ငြိမ်းချမ်းစွာ မလွဲမသွေ ပေါ်ပေါက် လာမည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် မဟာမိတ် များနှင့် အဆင်မပြေဖြစ်မည်ကို များစွာ စိုးရိမ်နေကြ

သည်။ တပ်မတော်မှာမူ မဟာမိတ်တပ်များနှင့် ကက်(စ်)ဘီ (ခေါ်) စစ်အုပ်ချုပ်ရေးအရာရှိများ၏ သဘောထားကို မကျေနပ်သဖြင့် လိုအပ်ပါက

လက်နက်ကိုင်တော်လှန်ရန် ပြင်ဆင်ထားလိုကြသည်။ စစ်အုပ်ချုပ်ရေး ဗျူရိုကရက်အရာရှိများက လက်နက် သိမ်းခြင်း၊ တပ်များကို ဖျက်သိမ်းရန် ကြိုးစားခြင်းတို့ ကို

တပ်မတော်က မလိုက်နာလိုသော်လည်း ကွန်မြူနစ် များက လက်နက်များကို စွန့်လွှတ်၍ ငြိမ်းချမ်းစွာ လက်နက်ကိုင်တိုက်ပွဲဝင်ကြရန် ဝါဒဖြန့်သဖြင့် အချို့

လက်နက်များမှာ နယ်ချဲ့များထံ ရောက်ခဲ့ရသည်။

တော်လှန်ရေး ကာလ တစ်လျှောက် လုံး တွင် ခေါင်းဆောင်အချင်းချင်း အယူအဆကွဲပြား၍ မကြာ ခဏ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း မြစ်ဝ

ကျွန်းပေါ်ဒေသမှ တပ်မတော်နှင့် ကွန်မြူနစ်များ၏ ပဋိပက္ခမှာမူ များစွာကြီးမားပြင်းထန်ခဲ့ရလေသည်။

ဆိုင်းဘုတ်တင်ပွဲအခမ်းအနား[ပြင်​ဆင်​ရန်​]

ဖတပလ အဖွဲ့နှင့် ဗမာ့တပ်မတော်က ဖက်ဆစ် ဂျပန်များကို တော်လှန်ပုန်ကန်တိုက်ခိုက်ကြသောအခါ မဟာမိတ်တို့၏ထိုးစစ်မှာမူ ပိုမိုလျင်မြန်၍လာသည်။

တောင်ငူကိုသိမ်းပိုက်ပြီးသော မဟာမိတ်စစ်ကြောင်း သည် ဧပြီလ ၂၆ ရက်တွင် ဒိုက်ဦးမြို့ကို ဆိုက်ရောက် သွားပြီး မိုးရင်ကြီးရေကာတာတစ်ဝိုက်တွင် ဂျပန်များ နှင့်

တိုက်ပွဲဖြစ်ပွားသည်။ အမှတ်(၁၇)အိန္ဒိယတပ်မ သည် ဧပြီလ ၂၉ ရက်တွင် ပဲခူးတစ်ဝိုက်မှ ဂျပန်များ ကို တိုက်ထုတ်ပြီး ပဲခူးမြို့ကို သိမ်းပိုက်လိုက်သည်။ ထိုနေ့တွင်ပင်

တပ်မတော်သည်လည်း ပဲခူးမြို့ကို ပြိုင်တူ သိမ်းပိုက်နိုင်ခဲ့သည်။

ရန်ကုန်တွင်ရောက်ရှိနေသော ဂျပန်တပ်များနှင့် ရုပ်သေးအစိုးရအဖွဲ့သည် ဒေါက်တာဘမော်၊ ဗိုလ် ရန်နိုင်၊ ဗိုလ်လရောင်၊ သခင်နုနှင့် သခင်မြတို့ကို ခေါ်၍

မော်လမြိုင်သို့ ဆုတ်ခွာသွားသည်။ ရန်ကုန်မြို့ ပေါ်တွင် ဗိုလ်ခင်ညိုနှင့် မြို့စောင့်တပ်သာ ကျန်ခဲ့ရာ မြို့စောင့်တပ်သည် မျိုးချစ်ဗမာ့တပ်မတော်ဟု

အမည်ပြောင်းလဲခေါ်ဝေါ်ပြီး ရန်ကုန်မြို့ကို သိမ်းပိုက် လိုက်သည်။ ကြည့်မြင်တိုင်ဘက်သို့ ဂျပန်စစ်သားများ ရောက်လာရာ မြို့စောင့်တပ်ဖွဲ့ဝင်များက တိုက်ခိုက်

နှိမ်နင်းလိုက်သည်။ မေလ ၁ ရက်တွင် ရန်ကုန်မြို့ကို မျိုးချစ်ဗမာ့တပ်မတော်က သိမ်းပိုက်ကြောင်း မီးသတ် ကားဖြင့် လှည့်လည် ကြေညာကြသည်။

ထိုအချိန်တွင် ရန်ကုန်မြို့သည် ဖက်ဆစ်ဂျပန်တို့ ၏လက်အောက်မှ လွတ်မြောက်သွားပြီမှန်သော်လည်း ဖက်ဆစ်တော်လှန်ရေးမှာ ပြီးဆုံးခြင်းမရှိသေးပေ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗဟိုဦးစီးဌာနချုပ်သည် ကံမမြို့နယ် သရက်ချောင်းကျေးရွာတွင်သာ ရှိနေ သေးသည်။ မေလ ၂ ရက်တွင် ဂျပန်များသည် ဗဟို

ဦးစီးဌာနချုပ်ကို စက်သေနတ်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကွပ်ကဲ၍ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရသည်။ ရခိုင်စစ်မျက်နှာမှာ

ဂျပန်တပ်ကြီးများ အလုံးအရင်းဖြင့် ဆုတ်ခွာနေသော ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်သားများ ၏ တော်လှန်ရေးတိုက်ပွဲများမှာ မပြီးပြတ်သေးပေ။

ဗိုလ်ချုပ်အောင်ဆန်းသည် အမှတ်(၁၄)တပ်မတော်မှ စစ်မြေပြင် ဗိုလ်ချုပ်ကြီးစလင်းနှင့် တွေ့ဆုံဆွေးနွေး နိုင်ရန်လည်း ကြိုးစားနေရသည်။

မေလ ၃ ရက်တွင် ကွန်မြူနစ်များသည် ရန်ကုန် မြို့ စမ်းချောင်း ဗားကရာလမ်းတွင် ကွန်မြူနစ်ပါတီ ဆိုင်းဘုတ်တင်ပွဲကို ကျင်းပကြသည်။ ထိုအချိန်တွင်

ဖတပလမှလွဲ၍ မည်သည့်နိုင်ငံရေးအဖွဲ့အစည်းမှ ထင်ရှားစွာ သီးခြားလှုပ်ရှားနိုင်ခြင်းမရှိသေးပေ။ ကွန်မြူ နစ်များသည် နိုင်ငံရေးအရှိန်အဝါကို လက်ဦးစွာ

ရယူနိုင်ရေးအတွက် တော်လှန်ရေးမပြီးဆုံးခင်မှာပင် အတိအလင်း ဆိုင်းဘုတ်တင်၍ လှုပ်ရှားတော့သည်။

ထိုအချိန်တွင် ဖတပလမှာ ဖက်ဆစ်ဂျပန်များကို ဆက်လက်တိုက်ခိုက်နေရသည်သာမက မဟာမိတ်တပ် များနှင့် ဆက်ဆံရေး၌ပါ အခက်အခဲတွေ့နေရသည်။

မဟာမိတ်တပ်များသိမ်းပိုက်ပြီးသည့် မြို့ရွာများတွင် ကက်(စ်)C.A.S(B) ခေါ် စစ်အုပ်ချုပ်ရေးစနစ် သည် တစ်ပါတည်း ကပ်၍ပါလာသည်။ ဗြိတိသျှ အစိုးရ၏

ခရိုင်ဝန်များ၊ ပုလိပ်များသည် ဖတပလကို ဖိနှိပ်ခြင်းများပြုလုပ်လာသည်။ အချို့မြို့ရွာများတွင် စည်းဝေးပွဲများမပြုလုပ်ရန် တားမြစ်လာသည်။ ရခိုင် မှ

တော်လှန်ရေးသမားများမှာ များစွာညှဉ်းပန်းနှိပ်စက် ခံကြရသည်။ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (ဆဌမ ပိုင်း) စာမျက်နှာ ၂၅၂ နှင့် ၂၅၃ တွင် မဟာမိတ်တို့၏

လုပ်ရပ်ကို အောက်ပါအတိုင်းဖော်ပြထားသည်။

'စစ်အုပ်ချုပ်ရေးအဖွဲ့က ရခိုင်တော်လှန်ရေး ရဲဘော်များကို ဓားပြမှုများဖြင့် အကြောင်းရှာဖမ်းဆီး ပြီး အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းလေသည်။ နှိပ်စက် ညှဉ်းပန်း၍

စစ်ဆေးသည့်အခါမှာ ဓားပြမှုကိုမစစ်၊ အင်္ဂလိပ်အစိုးရကို ဆက်တော်လှန်ဖို့ အစီအစဉ်ရှိတယ် မဟုတ်လား။ လက်နက်တွေ ဝှက်ထားတယ် မဟုတ် လား။

ဝှက်ထားတဲ့လက်နက်တွေ ဘယ်မှာလဲ။ ဝှက် ထားတဲ့လက်နက်တွေဖော်ပေး စသည်ဖြင့် စစ်ဆေး မေးမြန်းပြီး လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းလေသည်။

နှိပ်စက်ညှဉ်းပန်းပုံမှာ ဂျပန်များနှင့် သူသာ ငါသာ ပြိုင်နေသလားဟုပင် ထင်ရသည်။ ကျွက်ကျွက်ဆူနေ သောရေနွေးနှင့် ပြုတ်ထားသည့် ကြက်ဥပူပူလောင်

လောင်ကြီးကို စအိုထဲသို့ အတင်းသွင်း၍ စစ်ဆေး သောနည်း၊ လူကို လက်ရောခြေရော ကြိုးနှင့်တုပ်၍ အရှိန်နှင့် မောင်းနေသော မော်တော်ပေါ်မှ ရေထဲ ကန်ချလိုက်၊

ဆွဲတင်လိုက် စစ်ဆေးသောနည်း၊ တိုင် တစ်တိုင်တွင် ချည်နှောင်ပြီး တစ်ညလုံး မိုးရေထဲ ခြင် တောထဲပစ်ထား၍ ညှဉ်းပန်းသောနည်းစသည့် နည်း မျိုးစုံဖြင့်

ညှဉ်းပန်းနှိပ်စက်ကြလေသည်။ ဖမ်းဆီးနှိပ်စက် သည်မှာ ဖက်ဆစ်တော်လှန်ရေးရဲဘော်များသာမက တောနယ်ရှိ လူထုကိုပါဖမ်းဆီးနှိပ်စက်လေသည်' စသည် ဖြင့်

ရေးသားခဲ့သည်။

ထိုကဲ့သို့ ဖတပလ အင်အားစုများနှင့် မဟာမိတ် တို့၏ဆက်ဆံရေး မပြေမပြစ်ဖြစ်နေသဖြင့် တပ်မတော် သားများသည် ဗြိတိသျှတို့အား ဆက်လက်တိုက်ခိုက်

ရမည်ဆိုပါက တိုက်ခိုက်နိုင်ရန် ပြင်ဆင်နေရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဝီလျံစလင်းနှင့် တွေ့ဆုံ ဆွေးနွေးနေရသကဲ့သို့ ဗိုလ်မှူးကြီးနေဝင်းသည်လည်း

ရန်ကုန်မြို့သို့ မေလ ၆ ရက်တွင် ဆိုက်ရောက်လာပြီး ကာနယ်ဟိုဒင်နှင့် ဆွေးနွေးနေရသည်။ ပဲခူးမှ သခင် ချစ်နှင့် တောင်ငူမှ သခင်သန်းထွန်းတို့သည် ရန်ကုန် သို့

ရောက်ရှိလာကြသည်။ ရန်ကုန်မြို့ထဲတွင်လည်း အင်္ဂလိပ် အုပ်ချုပ်ရေးအရာရှိများက တပ်မတော်သား များလက်နက်ကိုင်လျှင် ဖမ်းဆီးရန် အမိန့်များထုတ်

ပြန်လာသည်။ သခင်စိုးသည် မေလ ဒုတိယပတ်တွင် ရန်ကုန်ရောက်လာသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မေလ ၁၂ ရက်တွင် အောင်လံမြို့သို့ ရောက်ရှိလာသည်။ ထို့နောက် စလင်း မြို့ရှိ မဟာမိတ်တပ်မှ စေလွှတ်လိုက်သော လေယာဉ် ဖြင့်

မိတ္ထီလာသို့ ဆက်လက်ထွက်ခွာသည်။ မိတ္ထီလာ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျင်နရယ်စလင်းနှင့် ပထမအကြိမ် ဆွေးနွေးရသည်။ ဆွေးနွေးမှုမှာ အတော်

အသင့်ပြေလည်မှု ရရှိသည်။ တော်လှန်ရေးတပ်များ က မဟာမိတ်တပ်များ၏ ခေါင်းဆောင်မှုအောက်တွင် ပါဝင်တိုက်ခိုက်ရမည်ဖြစ်ပြီး မဟာမိတ်တပ်များက

တော်လှန်ရေးတပ်များအတွက် ရိက္ခာ၊ လက်နက်ထုတ် ပေးရန် သဘောတူညီမှု ရရှိကြသည်။ ၁၉၄၅ ခုနှစ်၊ မေလ ၃ဝ ရက်တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်၊

အရှေ့တောင်အာရှ စစ်သေနာပတိချုပ် မောင့်ဘက် တန်၊ လက်ဖတင်နင်ဂျင်နရယ်လီ၊ လက်ဖတင်နင် ဂျင်နရယ်စလင်း၊ လက်ဖတင်နင်ဂျင်နရယ်စတော့ဖို့၊

မေဂျာဂျင်နရယ်ရန့်စ်တို့ပါဝင်သော အစည်းအဝေးက ဗမာ့တပ်မတော်ကို ဗမာ့မျိုးချစ်တပ်မတော်ဟု အမည် မှည့်ခေါ်ရန် သဘောတူလိုက်ကြသည်။

သခင်စိုး ပါတီဝင်အဖြစ်မှ နုတ်ထွက်ခြင်း[ပြင်​ဆင်​ရန်​]

မြစ်ဝကျွန်းပေါ်ဒေသတွင် မှန်ကန်သော ခေါင်း ဆောင်မှုကို မပေးနိုင်သဖြင့် သခင်စိုးသည် နိုင်ငံရေး သိက္ခာ များစွာကျဆင်းခဲ့ရသည်။ ပါတီတွင်း ဂိုဏ်းဂဏ ဖွဲ့မှု၊

ဝေဖန်ပြောဆိုမှုများလည်း များပြားလာသည်။ အထူးသဖြင့် တပ်မတော်တွင်းမှ ကွန်မြူနစ်ပါတီဝင် များသည် သခင်စိုးအပေါ် မကျေမနပ်ဖြစ်နေကြ သည်။

ထိုအချိန်တွင် အိန္ဒိယပြည်မှ ကိုသိန်းဖေခေါင်း ဆောင်သော အထူးပါတီကလာပ်စည်းက သခင်စိုး၏ အိမ်ထောင်ရေးရှုပ်ထွေးမှုနှင့် ပတ်သက်၍ ပါတီ၏ အရေးယူမှုမှာ

နည်းသည်။ သခင်စိုး၏ အိမ်ထောင်ရေး ကိစ္စကို ဗဟိုကော်မတီက ထပ်မံစဉ်းစားပြီး ပြင်းထန် စွာ အရေးယူသင့်သည် စသောအချက်ပါဝင်သည့်

ဆုံးဖြတ်ချက်တစ်ရပ်ကို ပေးပို့လိုက်ကြသည်။

တော်လှန်ရေးမတိုင်မီမှာပင် သခင်စိုးသည် မခင်စီ နှင့် မပြတ်စဲမီ မနှင်းမေနှင့် ပေါင်းသင်းခဲ့သဖြင့် ပါတီဗဟိုက ပြင်းထန်စွာ သတိပေးအရေးယူခဲ့ပြီး ဖြစ်သည်။

သခင်စိုးသည် နိုင်ငံရေးသိက္ခာကျဆင်းနေ စဉ်တွင် အဝေးရောက် အထူးပါတီကလာပ်စည်းမှ ဆုံးဖြတ်ချက်ရောက်လာသဖြင့် မကျေမနပ်ဖြစ်လာ သည်။ ၁၉၄၅ ခုနှစ်၊

ဇန်နဝါရီလကတည်းက အပြစ် ပေးပြီးသားကိစ္စကို ငါးလ၊ ခြောက်လအကြာတွင် ကိုသိန်းဖေတို့လူစုက ပြန်လည်အစဖော်ခြင်းအတွက် သခင်စိုးသည်

မကျေမချမ်းဖြစ်နေခဲ့သည်။ ထိုအချိန် တွင် သခင်စိုး၏ ဇနီးဟောင်းဖြစ်သူ မခင်စီကလည်း သခင်စိုးနှင့် မပြတ်နိုင်ကြောင်း ပြောကြားလာသည်။ သခင်စိုးသည်

ဇနီးနှစ်ယောက်စလုံးနှင့် ပေါင်းသင်းနေ ရန် ဆုံးဖြတ်လိုက်သည်။

သခင်စိုးသည် 'ပါတီဝင်ရဲဘော်များသို့' ဟူသော နုတ်ထွက်စာတစ်စောင်ကို ပြုစုသည်။ ယင်းနုတ်ထွက် စာတွင် သခင်စိုးက တော်လှန်ရေးမတိုင်မီလေးတွင်

သူ့အနေဖြင့် အိမ်ထောင်ဟောင်းနှင့် ပြတ်စဲရန် ကြိုးစားနေဆဲမှာ အိမ်ထောင်သစ် ထူခဲ့ကြောင်း၊ ဤ ကိစ္စအတွက် ပါတီဗဟိုကော်မတီက နောက်နောင် ဤသို့မဖြစ်ရန်

သတိပေးခဲ့ကြောင်း၊ သူသည် တော်လှန် ရေးအတွင်း ပါတီကိုခေါင်းဆောင်ပြီး ဖတပလဦးစီး အဖွဲ့တွင် နိုင်ငံရေးခေါင်းဆောင်အနေဖြင့် ဖက်ဆစ် ဂျပန်တို့အား

တော်လှန်တိုက်ခိုက်ခဲ့ကြောင်း၊ ယခုအခါ ဖက်ဆစ်ဂျပန်တို့ လုံးဝအရှုံးပေးရတော့မည်မှာသေချာ နေပြီဖြစ်ကြောင်း၊ ပါတီအနေဖြင့် ဥပဒေအတွင်း

တည်ရှိခွင့်ရလာပြီဖြစ်ကြောင်း၊ ဖတပလနှင့် ပါတီတွင် ဆက်လက်ခေါင်းဆောင်သွားမည့်ခေါင်းဆောင်များ လည်း ရှိနေပြီဖြစ်ကြောင်း၊ သူ့အနေနှင့် အိမ်ထောင်

ရေးပြစ်မှုကျူးလွန်ခဲ့ဖူးသဖြင့် ပါတီတွင် ထိုက်တန်သော ခေါင်းဆောင်တစ်ယောက်မဖြစ်နိုင်တော့ကြောင်း၊ နောက်တစ်ကြောင်းမှာ သခင်စိုးသည် အိမ်ထောင်

ဟောင်းနှင့်လည်း အဆက်မဖြတ်နိုင်၊ အိမ်ထောင်သစ် ကိုလည်း မကွာရှင်းနိုင်ဖြစ်နေကြောင်း၊ ဤသို့ အိမ်ထောင်ရေးပြစ်မှုကျူးလွန်နေသောကြောင့် သူ့အနေ နှင့်

ပါတီခေါင်းဆောင်တစ်ယောက်အဖြစ် ရှိနေရန် မသင့်တော့ကြောင်း၊ ထို့ကြောင့် ဤနေ့မှစပြီး ကွန်မြူ နစ်ပါတီ(ဗမာပြည်)၏ခေါင်းဆောင်အဖြစ်မှ လည်း ကောင်း၊

ပါတီဝင်တစ်ယောက်အဖြစ်မှ လည်းကောင်း ဝမ်းနည်းစွာဖြင့် နုတ်ထွက်လိုက်ကြောင်း ရေးသား၍ သခင်စိုးကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်။

သခင်စိုး၏နုတ်ထွက်စာကို လက်နှိပ်စက်ဖြင့် မိတ္တူများစွာ ရိုက်နှိပ်ပြီးမှ ပါတီဝင်များအကြားတွင် ဝေငှခဲ့ခြင်းဖြစ်သည်။ သခင်သန်းထွန်း အစရှိသော

ခေါင်းဆောင်များမှာ သခင်စိုး နုတ်ထွက်ခြင်းကို မသိ ရှိကြရပေ။ သခင်စိုးအား ပါတီကို စွန့်ခွာခြင်းမပြုရန် ပါတီခေါင်းဆောင်များက ဝိုင်းဝန်းဖျောင်းဖျသော် လည်း

သခင်စိုးသည် လက်မခံဘဲ နေခဲ့သည်။ သခင် သန်းထွန်းကမူ သခင်စိုး၏ကိစ္စကို ဒုတိယအကြိမ် ပါတီကွန်ဂရက်တွင် ဆုံးဖြတ်ရန် စိတ်ကူးထားခဲ့သည်။

သခင်စိုး၏ကိစ္စကြောင့် ကွန်မြူနစ်ပါတီ၏ ဩဇာသိက္ခာမှာ များစွာကျဆင်းလာသည်။ ကွန်မြူနစ် ပါတီအပေါ် များစွာအလေးထားခဲ့သော ဗိုလ်ချုပ် အောင်ဆန်းမှာ

သခင်စိုးကြောင့် များစွာစိတ်ပျက် သွားခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန် ရေးပြီးဆုံးပါက ကွန်မြူနစ်ပါတီကို စနစ်တကျ ပြန်လည်ထူထောင်ရန်

သခင်စိုးနှင့် သခင်သန်းထွန်း ကို အကြံဉာဏ်ပေးခဲ့သည်။ သခင်စိုးနှင့် သခင် သန်းထွန်းကမူ ကွန်မြူနစ်ပါတီ၏အရေးကိစ္စများကို ဖတပလအား တိုင်ပင်ခြင်းမရှိဘဲ

မိမိတို့သဘောနှင့် မိမိသာ ဆောင်ရွက်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် မိမိကိုယ်တိုင် ပါဝင်ထူထောင်ခဲ့သော ကွန်မြူနစ် ပါတီကို

လက်ဝဲအင်အားစုများ(ပြည်သူ့အရေးတော်ပုံ ပါတီဝင်များ အပါအဝင်) တညီတညွတ်တည်း စုစည်း ၍ တစ်ပါတီတည်းအဖြစ် စနစ်တကျ ဖွဲ့စည်းတည်

ဆောက်လိုခဲ့သည်။ ထို့ကြောင့် ကွန်မြူနစ်ပါတီ၏ အကျိုးနှင့် ပတ်သက်၍ ထိန်းသိမ်းအကြံပေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် သခင်စိုးနှင့် သခင်သန်းထွန်း သည်

ဂိုဏ်းဂဏဆန်စွာ လှုပ်ရှားလာသဖြင့် နောက်ပိုင်း တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကွန်မြူနစ်ပါတီအပေါ် အကောင်းအဆိုး ဝေဖန်ခြင်းမပြုတော့ပေ။

သခင်သန်းထွန်းမှာမူ ကွန်မြူနစ်ပါတီအတွင်း တွင် သခင်စိုးတစ်ယောက် ဩဇာအာဏာကျဆင်း လာသည်ကို အကြောင်းပြုပြီး မိမိခေါင်းဆောင်မှုကို

တည်ဆောက်လျက်ရှိသည်။ သို့သော် မကြာမီမှာပင် သခင်စိုးသည် နုတ်ထွက်စာများကို ရုပ်သိမ်းပြီး ပါတီ ဌာနချုပ်ရုံးတွင် တက်ကြွစွာ ပြန်လည်လှုပ်ရှားလာ ပြန်သည်။

သခင်စိုးက ယင်း၏အိမ်ထောင်ရေးကိစ္စကို ပါတီကွန်ဂရက်က ဆုံးဖြတ်မည်ဟု ပြောကြားခဲ့သည်။

ကွန်မြူနစ်ပါတီနှင့် တပ်မတော်ပဋိပက္ခ[ပြင်​ဆင်​ရန်​]

မြစ်ဝကျွန်းပေါ် တော်လှန်ရေးကာလအတွင်း သခင်စိုး၏ပြုမူပုံများနှင့် ပတ်သက်၍ သခင်စိုး၏ ခေါင်းဆောင်မှုကျဆင်းနေချိန်တွင် သခင်သန်းထွန်း သည်

ဗိုလ်ချုပ်အောင်ဆန်းထံ ၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၁ ရက် နေ့စွဲပါစာတစ်စောင်ကို ပေးပို့လိုက်သည်။ သခင်သန်းထွန်းကဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေ

အတွင်းရေးမှူးအတွက်ဟု လက်မှတ်ရေးထိုးထားသဖြင့် ဗမာ့တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း သည် ကွန်မြူနစ်ပါတီ၏အမြင့်ဆုံးခေါင်းဆောင်အရာ

တွင်ရှိသကဲ့သို့ ဖြစ်နေသည်။ သခင်သန်းထွန်း၏စာမှာ အောက်ပါအတိုင်းဖြစ်သည်။

အဆွေ မြစ်ဝကျွန်းပေါ်အရှုပ်အထွေးနှင့် ပတ်သက်၍ ပါတီမှ ကိုယ်စားလှယ်များက ချက်ချင်းထိရောက် စွာ အရေးယူရန် အဆွေ့ထံ တိုက်တွန်းခဲ့သည် မှာ အကြိမ်များစွာ

ရှိခဲ့လေပြီ။

သက်သေကိုထူရာ၌လည်း ဂျပန်အလိုတော်ရိ များ၊ သူလျှိုများ၊ ၎င်းတို့ကို ကာကွယ်ပေးထား သည့်သူများ၊ တိုက်ပွဲတွင် မပါဝင်သူများ၊ ပါဝင် ပြန်လည်း

ကြောက်ဒူးတုန်နေသူများ၊ ကြားနေပြီး ဘာမှမလုပ်သူများထံမှ သက်သေမယူမူ၍ လွန်ခဲ့ သည့်သုံးနှစ်ကတည်းကပင် ဂျပန်ဖက်ဆစ်ဝါဒ အား တိုက်ဖျက်ခဲ့သူများ၊

ဂျပန်သူလျှိုများက နှုတ်သတင်းပေးမှုကြောင့် ဒုက္ခအမျိုးမျိုး ခံစားခဲ့ ရဖူးသူများ၊ တိုက်ပွဲများတွင်လည်း တကယ်တမ်း ရွပ်ရွပ်ချွံချွံတိုက်သူများ၊

နယ်အကြောင်းကိုလည်း ကောင်းကောင်းသိသူများထံမှ သက်သေယူမှသာ လျှင် အမှန်သို့ ရောက်နိုင်ပေသည်။ (ဥပမာ သခင်လှဖေယူခဲ့သော စုံစမ်းချက်သည်

တပ်ဗိုလ် များထံမှသာ ဖြစ်သည်။)

အဆွေကိုယ်တော်တိုင်က မကျေနပ်ဟုဆိုသူ များသည် အဆွေ့အား အကြံပေးများအဖြစ် ဝိုင်းရံနေသည်ကိုလည်း သတိပြုဦးလော့။ အဆွေ တို့ ကျုပ်တို့သည်

ဂျပန်များမရှိတော့သောကြောင့် ဤ၌ အေးအေးနှင့်နေနိုင်သော်လည်း မြစ်ဝ ကျွန်းပေါ်ရှိ ဗမာ့တပ်မတော်တပ်ခွဲ၏ ဘေးရန် ကြောင့် ပါတီကို အားပေးခဲ့သူများသည်

အဖမ်း ခံရ၊ အလုအယက်ခံရ၊ အည§ဉ်းဆဲခံနေကြရပေပြီ။ ဤကျူးလွန်ချက်များအတွက် တရားခံသည် အဆွေနှင့် ကျွနု်ပ်သာလျှင် ဖြစ်သည်ဟု စိတ်ထဲ တွင်

မစွဲလမ်းဘဲ မနေနိုင်ပေ။

မြစ်ဝကျွန်းပေါ် ဗမာ့တပ်မတော်တပ်ခွဲသည် ဖက်ဆစ်တပ်ကြီး ဖြစ်နေပေပြီဟု မစွပ်စွဲလိုသော် လည်း ဂျပန်ဖက်ဆစ်များ၏ သုံးနှစ်သုံးမိုး

သွန်သင်ပြသသွားသောအဖြစ်ကိုမူ ကျွနု်ပ်တို့ မမေ့ပေ။ (ဥပမာ ချန်ကေရှိတ်တပ်သည် တရုတ် လူမျိုးတို့၏ လွတ်လပ်ရေးကို တိုက်သည်ဆိုစေ ကာမူ

တရုတ်အမျိုးသားများကို ရက်စက်စွာ ညှဉ်းဆဲသည့်အဖြစ်ကိုမူ အဆွေ မမေ့အပ်ပေ။)

မြစ်ဝကျွန်းပေါ်တွင် ကျူးလွန်ချက်များကို အကြမ်းအားဖြင့် ပိုင်းခြားလိုက်သော် အောက်ပါ အတိုင်း ဖြစ်သည် -

(၁) လုယက်မှု၊ (၂) မတရားဖမ်းဆီးမှု၊ (၃) ဂျပန်သူလျှိုများအား ထိုက်တန်သောအပြစ်ကို မပေးဘဲ ဝိုင်း၍ ပင်းထားမှု၊ (၄) ညှဉ်းပန်းမှု၊ (၅) ကုန်သွယ်ရေးကို

အနှောင့်အယှက်ပေးမှု၊ (အဆွေ မြစ်ဝကျွန်းပေါ်ရှိသူများသည် အသိဉာဏ် လုံးဝ ကင်းသူများဖြစ်ကြောင်း ဤအချက်ကိုထောက်၍ သိရပေသည်။ စင်ပြိုင်အစိုးရ

ထောင်သည်ဟု အထင်ရှိစေခြင်း)၊ (၆) ပါတီဝင် ပြောက်ကျား တပ်သားများထံမှ ခြောက်လှန့်၍ လက်နက်သိမ်း ယူခြင်း၊ (၇) နိုင်ငံရေးနှိပ်ကွပ်မှု။

မြန်မာပြည်အနှံ့အပြားတွင် ကွန်မြူနစ်ပါတီ သည် အတိအလင်း ဆိုင်းဘုတ်တင်ကာ ထိထိ ရောက်ရောက် လုပ်ကိုင်လျက်နေလေသည်။ နိုင်ငံ ရေးလုပ်ငန်းကို

အပြင်းအထန် ဖိနှိပ်နေသော ရန်ကုန်နေပြည်တော်၌ပင် ဤကွန်မြူနစ်ပါတီ သည် တိတိလင်းလင်းဆောင်ရွက်လျက် ရှိပေ သည်။ ဗမာ့တပ်မတော်စိုးမိုး၍

အုပ်ချုပ်နေသော မြစ်ဝကျွန်းပေါ်တွင် ကွန်မြူနစ်ပါတီသည်အစည်း အဝေးမှ မခေါ်ရသည့် အခြေအနေသို့ ဆိုက် ရောက်နေပေသည်။ ကွန်မြူနစ်ဝါဒ၊ ကွန်မြူနစ်

ပါတီကို ရက်စက်စွာ နှိပ်ကွပ်သော ဂျပန်ပြည်နှင့် မခြား အလားတူ ဖြစ်နေပေတော့သည်။

မြစ်ဝကျွန်းပေါ်၌ ကက်(စ်)ဘီခေါ် စစ်အုပ် ချုပ်ရေး အမြန်ရောက်လာစေရန် ကွန်မြူနစ်ပါတီ က ဆုတောင်းရမည့်အခြေသို့ပင် ဆိုက်ရောက် နေပေသည်။

(၈) ငွေကိစ္စ၊ ဂျပန်များက ဗမာပြည်တွင် ငွေစက္ကူ အမြောက်အမြားထားခဲ့ရာ ယခုအခါ အင်္ဂလိပ်စစ်အုပ်ချုပ်ရေးက ၎င်းငွေများသည် တန်ဖိုးမရှိဟု

ကြေညာလိုက်သည်။ ဗမာများ ဒုက္ခရောက်ကြသည်။ ငွေစက္ကူဒုက္ခမှ သက်သာ စေရန် တစ်ပြည်လုံး တရားသောနည်းလမ်းဖြင့် ဆောင်ရွက်နေကြပေသည်။

သို့ရာတွင် ဗမာ့တပ်မတော်တပ်ခွဲများသည် တရားသောနည်းလမ်းဖြင့် မဆောင်ရွက်၊ အာဏာ လက်ဝယ်သိမ်းပိုက်ကာ ဂျပန်ငွေစက္ကူ မသုံး

မနေရအမိန့်ထုတ်ကာ မသုံးသူများကို အပြစ်ပေး လျက် ရှိလေသည်။ ဤလုပ်ငန်းမှာ ဆင်းရဲသား များ သက်သာချောင်ချိစေယောင်ယောင်နှင့် ဆင်းရဲသားများအား

ဒုက္ခတွင်း တကယ်ကျရောက် စေသော နည်းလမ်းဖြစ်သည်။ ဂျပန်စက္ကူသည် အနှေးအမြန် တန်ဖိုးမဲ့ဖြစ်တော့မည်ဖြစ်ရကား ဂျပန်စက္ကူသုံးရသော နေရာများသို့

ဂျပန်စက္ကူ များ လှိမ့်ဝင်အောင်လုပ်သောနည်း ဖြစ်၏။

နောင်အခါ ဂျပန်စက္ကူ လုံးလုံးမသုံးရသော အခါ၌ သက်ရောက်မှုတာဝန်သည် ဗမာ့ တပ်မတော်အပေါ် လုံးဝကျရောက်လိမ့်မည်။ ယခုပင်လျှင် မြို့ကြီးများတွင်

ဂျပန်စက္ကူများစု၍ တောသို့ ပို့နေကြပြီ။ ထိုမှတစ်ပါး ဂျပန်စက္ကူ မသုံး၍ အပြစ်ဒဏ်ခတ်ခြင်းမှာ ဂျပန်စစ်တပ် သာရှိလျှင် ဂျပန်စစ်တပ်အလုပ်သာ ဖြစ်၏။

ဂျပန်စစ်တပ်မရှိလျှင် ဂျပန်စစ်တပ်မှ ချန်ရစ်ခဲ့ သူတို့၏ အလုပ်သာဖြစ်၏။ မြစ်ဝကျွန်းပေါ် ဗမာ့ တပ်မတော်တပ်ခွဲတို့သည် နောက်ချန် ဂျပန် စစ်တပ်အလုပ်ကို

လုပ်နေကြ၏။

အချုပ်ဆိုရလျှင် အခြားနေရာများတွင် ဗမာ့ တပ်မတော် တပ်ခွဲတို့သည် ဗမာ့ဂုဏ်ကို မြင့်တင် သလောက် မြစ်ဝကျွန်းပေါ်မှ ဗမာ့တပ်ခွဲတို့သည် ဗမာ့ဂုဏ်ကို

ချိုးဖဲ့နေ၏။ အခြားနေရာတွင် ဂျပန် ကို ရွပ်ရွပ်ချွံချွံတိုက်နေသလောက် မြစ်ဝကျွန်းပေါ် တွင် ဗမာ့ငြိမ်းချမ်းရေးကို ဖျက်သိမ်းနေ၏။ ဂျပန်အလုပ် လုပ်နေကြ၏။

ဗမာ့တပ်မတော်ကို နိုင်ငံခြားက ပြစ်တင် ရှုတ်ချလျှင် ကွန်မြူနစ်ပါတီဝင်တို့သည် ရှေ့တန်း မှနေ၍ ခုခံကာကွယ်ခဲ့ကြ၏။ သို့ရာတွင် သူတို့၏

ပြစ်တင်ရှုတ်ချချက်များမှာ မြစ်ဝကျွန်းပေါ်တပ် များအဖို့ နည်းနေသေးသည်။ ဗမာ့တပ်မတော်၏ အကျိုးကို ရှေးရှု၍ ဆောင်ရွက်ရန် မဖြစ်နိုင်။ ဆင်သေကို

ဆိတ်သားရေဖြင့် ဖုံးသလို ဖြစ်လိမ့် မည်။ မြစ်ဝကျွန်းပေါ်ရှိ ဗမာ့တပ်မတော် တပ်ခွဲ များသည် တိုင်းပြည်၏ အနှောင့်အယှက်ဖြစ်လာ သဖြင့် စစ်တိုက်သည့်နေရာ

စစ်မြေပြင်သို့ ရွှေ့ ပေးရန် ယခင်က အကြိမ်ကြိမ် အကြံပေးခဲ့၏။

ယခုအခါ ဤအကြံပေးချက်နှင့် မလုံလောက် တော့။ အခြားနေရာပြောင်းခဲ့လျှင် ပြောင်းသည့် နေရာ ကြေလိမ့်မည်။ ဤကိစ္စကို ဖြေရှင်းချင် သော

တစ်ခုတည်းသော နည်းလမ်းကောင်းမှာ တိုင်းပြည်၏ အနှောင့်အယှက်ဖြစ်နေသော၊ တိုင်းပြည်အား ညှဉ်းပန်းနှိပ်စက်နေသော၊ ဂျပန် နောက်ချန်တပ်ဖြစ်သော

မြစ်ဝကျွန်းပေါ်ရှိ ဗမာ့ တပ်မတော်တပ်ခွဲများမှ လက်နက်များကို ဗမာ့ တပ်မတော်က သိမ်းယူပြီးသကာလ ၎င်းတပ်သား များကို မိမိတို့ ဆိုင်ရာအိမ်များသို့ ပြန်လွှတ်ရန်

ဖြစ်တော့၏။

ဤတစ်ခုတည်းသော လုပ်ငန်းကို ဗမာ့ တပ်မတော်က အမြန်ဆုံးတာဝန်ယူ၍ ဆောင်ရွက် ရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ ဤ

တစ်ခုတည်းသောလုပ်ငန်းကို ဗမာ့တပ်မတော်က တာဝန်ယူ၍ အမြန်ဆုံး မဆောင်ရွက်ပါက စစ် အုပ်ချုပ်ရေးနှင့် အရေးယူရန် တစ်ခုတည်း ကျန် တော့သည်ကို

သတိပေးအပ်ပါသည်။

xxx အထက်ဖော်ပြပါ စာကို သခင်သန်းထွန်းက လက်မှတ်ထိုးထားသည် မှန်သော်လည်း ပြုစုရေးသား သူမှာ သခင်စိုး ဖြစ်သည်။ သခင်စိုး သိက္ခာကျနေချိန် ဖြစ်သဖြင့်

သခင်သန်းထွန်းက တာဝန်ယူလက်မှတ် ရေးထိုးခဲ့သည်။ မြစ်ဝကျွန်းပေါ်တပ်နှင့် ကွန်မြူနစ် ပါတီတို့၏ ပဋိပက္ခသည် သခင်စိုးတွင် တာဝန်ရှိသော် လည်း သခင်စိုးက

ဗမာ့တပ်မတော်အပေါ်သို့ လုံးဝ အပြစ်ဖို့လိုက်သည်။ ဂျပန်နောက်ချန်တပ်အဖြစ်လည်း စွပ်စွဲပုတ်ခတ်လိုက်သည်။ တော်လှန်ရေးတပ်ဦး သဘောတူညီချက် တွင်

ဗြိတိသျှပြန်အဝင်၌ လုံးဝ လွတ်လပ်ရေးအတွက် လိုအပ်ပါက လက်နက်ကိုင် တော်လှန်ရန် သဘောတူညီချက်ရှိခဲ့သည်။ ယင်းအချက် အရ တပ်မတော်သားတို့၏

လက်နက်သိုဝှက်မှု၊ ပြင်ဆင် မှုများကို သခင်စိုးသည် မလိုလားနိုင်ပေ။ ထို့ကြောင့် မြစ်ဝကျွန်းပေါ်တပ်အား ဖြိုခွဲဖျက်ဆီးပစ်ရန် ဗိုလ်ချုပ် အောင်ဆန်းအား

တိုက်တွန်းသကဲ့သို့ ဗြိတိသျှစစ် အုပ်ချုပ်ရေးအဖွဲ့အားကိုးဖြင့်လည်း ခြိမ်းခြောက်လိုက် ခြင်း ဖြစ်သည်။

ဘရောက်ဒါဝါဒ[ပြင်​ဆင်​ရန်​]

ဘရောက်ဒါဝါဒဆိုသည်မှာ အမေရိကန်ကွန်မြူ နစ်ခေါင်းဆောင် ဘားလ်ဘရောက်ဒါ၏ အယူအဆကို ဆိုလိုသည်။ ဘရောက်ဒါဝါဒကို ငြိမ်းချမ်းစွာ ဖြစ်

ပေါ်ရေးဝါဒဟုလည်း ဆိုကြသည်။ ဘရောက်ဒါဝါဒ အယူအဆသည် အမေရိကန်ခြွင်းချက် (American Exceptionalism)ဟူသော စီးပွားရေးဝါဒတွင် အခြေခံ သည်။

ယင်းစီးပွားရေးဝါဒမှာ ၁၉၂ဝ ပြည့်နှစ်နောက် ပိုင်းတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အမေရိကန် အရင်းရှင်စနစ်သည် အခြားအရင်းရှင်စနစ်များနှင့် မတူဘဲ

ခြားနားသည်ဟု ယူဆသည်။ အခြားအရင်းရှင် စနစ်တွင် မှန်ကန်သော စီးပွားရေးနိယာမများမှာ အမေရိကန်အရင်းရှင်စနစ်နှင့် ကင်းလွတ်သည်။ အခြား

အရင်းရှင်များမှာ အမြတ်ပိုရရှိရေးကြောင့် အလုပ် သမားများကို ကျပ်တည်းဆင်းရဲစေသည်။ အမြတ် အတွက် ကုန်ပိုထုတ်သောကြောင့် ဝယ်လိုအားလျော့ သွားပြီး

စီးပွားရေးအကျပ်အတည်းများ ဖြစ်လာသည်။ ဈေးကွက်လုရင်းမှ စစ်ပွဲများ ဖြစ်လာသည်။

အမေရိကန်အရင်းရှင်များသည် စီးပွားရေးကပ် တွင် များစွာ အထိနာခြင်းမရှိခဲ့ပေ။ ပထမကမ္ဘာစစ် တွင် အမေရိကန်တို့သည် စစ်ဒဏ်ကိုမခံရဘဲ စစ်

ပစ္စည်းရောင်းရသောကြောင့် အမြတ်အစွန်းပင် ရရှိခဲ့ သည်။ အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများထက် လည်း အစစအရာရာ ကြွယ်ဝချမ်းသာသည်။ ထို့ကြောင့်

အမေရိကန်အရင်းရှင်စနစ်သည် အလုပ် သမားများထံမှ ခေါင်းပုံဖြတ်စရာမလို။ အလုပ်သမား များကို အခွင့်အရေး အစွမ်းကုန်ပေးပြီး ကုန်ထုတ်ရန် သာ

လိုအပ်သည်ဟု ယူဆလာကြသည်။

အလုပ်ရှင် အလုပ်သမား ပဋိပက္ခမရှိသော အမေ ရိကန် အရင်းရှင်စနစ်သည် တစ်ကမ္ဘာလုံးမှ အရင်းရှင် များကို ဓနအင်အားဖြင့် ဖိ၍ အနိုင်ယူကာ ဦးဆောင်

လာလိမ့်မည်။ မဖွံ့ဖြိုး မတိုးတက်သေးသော နိုင်ငံများ ၏ လွတ်လပ်ရေးကို ထောက်ခံပြီး စက်မှုထွန်းကား အောင် လုပ်လိမ့်မည်။ အရောင်းအဝယ်ကောင်း အောင်

ငြိမ်းချမ်းရေးကို ထိန်းသိမ်းလိမ့်မည်။ ဆိုဗီယက် ဆိုရှယ်လစ်နှင့် မဟာမိတ်ဖွဲ့၍ ဖက်ဆစ်စနစ်ကို တိုက် လိမ့်မည်။ ထိုမဟာမိတ်သည်လည်း ခိုင်မြဲနေလိမ့်မည် ဟူသော

အယူအဆမှာ ဘရောက်ဒါ၏ အယူအဆပင် ဖြစ်သည်။

ဘရောက်ဒါသည် အမေရိကန် အရင်းရှင်စနစ်မှ ဆန်းသစ်သော ဆိုရှယ်လစ်ဝါဒသို့ ငြိမ်းချမ်းစွာ ကူးပြောင်းရေးကို စိတ်ကူးယဉ်ခဲ့သည်။ ထို့နောက်

စာအုပ်များရေးသား၍ ဝါဒဖြန့်သည်။ ဘရောက်ဒါဝါဒ ကို အိန္ဒိယကွန်မြူနစ်ပါတီက လက်ခံခဲ့သည်။ အိန္ဒိယ ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်မပြတ်ရှိနေသော

ကိုသိန်းဖေနှင့် ဂိုရှယ်တို့ကလည်း လက်ခံသည်။ ထို့နောက် ကိုသိန်းဖေနှင့် ဂိုရှယ်သည် ဘရောက်ဒါ၏ စာအုပ်များကို မြန်မာပြည်တွင်းရှိ ကွန်မြူနစ်များထံ သို့

ပို့ပေးခဲ့သည်။ အမေရိကန်နှင့် ဆိုဗီယက်တို့ပေါင်း ၍ နာဇီဂျာမနီကို တိုက်ခိုက်ခြင်းမှာ အလုပ်ရှင် အလုပ် သမား ပဋိပက္ခမရှိသော အရင်းရှင်နှင့် ကွန်မြူနစ်တို့

ပူးပေါင်းခြင်းဖြစ်သည်။ အမေရိကန်သည် အရင်းရှင် များကို ခေါင်းဆောင်လာသောအခါ အရင်းရှင်နှင့် ကွန်မြူနစ် ပဋိပက္ခမဖြစ်နိုင်တော့။ တစ်ကမ္ဘာလုံးသည်

ဆိုရှယ်လစ်စနစ်သို့ အလိုလို ကူးပြောင်းသွားမည်ဟူ၍ မြန်မာကွန်မြူနစ်များက ယုံကြည်ခဲ့ကြသည်။

ဘရောက်ဒါဝါဒအရ ကွန်မြူနစ်များသည် မဟာမိတ်တို့နှင့် ပူးပေါင်းရမည်ဟူသော အယူအဆကို စွဲမြဲစွာ ဆုပ်ကိုင်ထားသည်။ ဘရောက်ဒါဝါဒသည်

တော်လှန်ရေးမတိုင်မီကာလကတည်းက မြန်မာ ကွန်မြူနစ်များအကြားတွင် စိမ့်ဝင်ပျံ့နှံ့ခဲ့ပြီးဖြစ်ရာ ကွန်မြူနစ်များ(အထူးသဖြင့် သခင်စိုး)သည် မဟာမိတ်

တပ်များနှင့် ပူးပေါင်း၍ ဂျပန်ဖက်ဆစ်ကို တိုက်ရမည် ဟု ယူဆခဲ့သည်။ ထို့ကြောင့် ဂျပန်နှင့် ပူးပေါင်း၍ အင်္ဂလိပ် ကိုတိုက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းတို့လူစု ကို

ဂျပန်ခေါ်လာသူများ၊ ဖက်ဆစ်ဝါဒီများ၊ လွတ်လပ် လျှင်ပြီးရော မျက်ကန်းမျိုးချစ်များအဖြစ် မြင်လာ ခဲ့သည်။

တော်လှန်ရေးပြီးသောအခါ တပ်မတော်သည် အဂင်္လိပ်နယ်ချဲ့ကို စိတ်မချသဖြင့် နောက်ထပ် တော်လှန်ရေးအတွက် ပြင်ဆင်သောအခါ ကွန်မြူနစ် များ၏

ဘရောက်ဒါဝါဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင် လာတော့သည်။ ထို့ကြောင့် ကွန်မြူနစ်တို့သည် တပ်မတော်နှင့် ဆိုရှယ်လစ်တို့၏ နယ်ချဲ့ဆန့်ကျင်ရေး

လုပ်ငန်းများကို တားဆီးခြင်း၊ မအောင်မြင်ရန် ကြိုးစား ခြင်းများကို လုပ်လာကြတော့သည်။ ထို့ကြောင့် ဘရောက်ဒါဝါဒသည် စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေး

လောကကို ရှုပ်ထွေးစေခဲ့ကြောင်း ကိုသိန်းဖေမြင့်က တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများစာအုပ် တွင် အောက်ပါအတိုင်းရေးသားခဲ့သည်။

ဘရောက်ဒါဝါဒသည် ကျွနု်ပ်တို့ မာ့ခ်စ်ဝါဒီများ အား အယောင်ယောင်အမှားမှား ဖြစ်စေခဲ့သည်။ အယူအဆ ရှုပ်ထွေးစေလေသည်။ ဖက်ဆစ်ဆန့်ကျင်

ရေးစစ်ကြီးပြီးလျှင် 'ဗြိတိသျှလေဘာနှင့် ဗမာ့မျိုးချစ် တို့ စေ့စပ်ဆွေးနွေးခြင်းဖြင့် လွတ်လပ်ရေးရလိမ့်မယ်' ဟူသော(အိန္ဒိယကွန်မြူနစ်ခေါင်းဆောင် ရဲဘော်ဂျိုရှီ

ထံမှပေးသော စာတွင်ပါသော) အယူအဆကို လက်ခံ စေသည်။

တော်လှန်ရေးအပြီးတွင် ဗိုလ်ချုပ်အောင်ဆန်း သည် လက်ဝဲအယူအဆရှိသူ မာ့ခ်စ်ဝါဒီများကို စုစည်း ၍ ကွန်မြူနစ်ပါတီအဖြစ် ထူထောင်လိုခဲ့သော်လည်း သခင်စိုးနှင့်

သခင်သန်းထွန်းတို့ဦးဆောင်နေသော ကွန်မြူနစ်များသည် ဘရောက်ဒါဝါဒကို တရားသေ လက်ခံထားခြင်းဖြင့် ညီညွတ်ရေးမှာ ပျက်ပြားလာ သည်။

နိုင်ငံလွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးကို အမျိုးသားရည်မှန်းချက်အဖြစ် ခံယူထားသော တပ်မတော်ကို ကွန်မြူနစ်များက မျက်ကန်းမျိုးချစ်များ ဟု

ယူဆလာသည်။ မည်သည့် အရင်းရှင်စနစ်ကိုမဆို ဆန့်ကျင်ရန် အယူအဆရှိသည့် ဆိုရှယ်လစ်များ (ပြည်သူ့အရေးတော်ပုံပါတီဝင်များ)ကိုလည်း လက်ဝဲ

သွေဖည်ရေးသမားများဟု စွပ်စွဲလာသည်။

ထို့ကြောင့် ကွန်မြူနစ်ပါတီအတိအလင်း ပေါ်ပေါက်လာခါစမှာပင် ဗြိတိသျှနယ်ချဲ့တို့ ငြိုငြင် လာမည်ကိုစိုးသဖြင့် တပ်မတော်ကို လက်နက်သိမ်းရန်၊

မဟာမိတ်တပ်များအောက်တွင် မရှိပါက လုံးဝ ဖျက်သိမ်းရန်အထိ ကြိုးစားလာခြင်းဖြစ်သည်။ ကွန်မြူ နစ်ခေါင်းဆောင်များသည် ဖတပလအဖွဲ့ကြီး ထဲတွင်

ပါဝင်နေကြသော်လည်း ဖတပလအရေးထက် ပါတီ အရေးကို ဦးစားပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးအင်အား စုများအတွင်း အင်အားယုတ်လျော့မှုကိုဖြစ်ပေါ်စေခဲ့ သည်။

ပါတီတွင်း၌လည်း ခေါင်းဆောင်မှုကိုလုယက် ၍ တည်ဆောက်နေကြရာ ပါတီတွင်းညီညွတ်မှုလည်း ပျက်ပြားလာသည်။ ထို့ကြောင့် ကွန်မြူနစ်ပါတီသည်

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် လွတ်လပ် ရေးကို ဦးဆောင်ကြိုးပမ်းပေးခဲ့သော ပါတီတစ်ရပ် ဖြစ်မလာတော့ဘဲ လွတ်လပ်ရေးကို ဦးဆောင်ကြိုးပမ်း

ပေးခဲ့သော ဖတပလနှင့် တပ်မတော်၏အနှောင့်အယှက် အဖျက်အဆီးသဖွယ်သာ ထင်ရှားလာရတော့၏။

[၃]

ဒုတိယအကြိမ် ပါတီကွန်ဂရက်[ပြင်​ဆင်​ရန်​]

ပြည်သူ့အရေးတော်ပုံပါတီနှင့် ပြန်လည်ပူးပေါင်းရန် ကြိုးစားချက်များ[ပြင်​ဆင်​ရန်​]

၁၉၄၅ ခုနှစ်၊ မေလ ၃ ရက်တွင် ကွန်မြူနစ်ပါတီ က ဆိုင်းဘုတ်တင်၍ အတိအလင်း ပါတီထူထောင် သော်လည်း ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင် များမှာမူ

ယင်းတို့၏ပါတီကို ပြန်လည်ထူထောင်ခြင်း မပြုလုပ်ကြသေးပေ။ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးကျော်ငြိမ်း(အာရ်အီးတီ)တို့လူစုသည် ဖတပလအဖွဲ့ ချုပ်၏ရုံးကိုသာ

ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ အာရှ လူငယ်အဖွဲ့ချုပ်ရုံးဟောင်းတွင် ဖွင့်လှစ်ခဲ့ကြသည်။ ပြည်သူ့အရေးတော်ပုံပါတီဝင်များသည် ကွန်မြူနစ်ပါတီ နှင့်

တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်း၍ ရလို ရငြားဟူသော မျှော်လင့်ချက်ဖြင့် အခြေအနေကိုသာ စောင့်ကြည့်နေကြသည်။ ဗိုလ်ချုပ်အောင်ဆန်း စတင်

ဖွဲ့စည်းခဲ့သော ကွန်မြူနစ်ပါတီတွင် ပါဝင်သူများသည် သခင်မြခေါင်းဆောင်၍ ၁၉၄ဝ ပြည့်နှစ်၊ မေလ ၁၂ ရက် သာယာဝတီမြို့တွင် သခင်ကိုယ်တော်မှိုင်းတို့၏

တို့ဗမာအစည်းအရုံး ကျင်းပနေစဉ် ဖွဲ့စည်းသော ပြည်သူ့အရေးတော်ပုံပါတီ (People's Revolutionary Party - P.R.P)တွင်လည်း ပါဝင်ခဲ့ကြသည်သာ ဖြစ်သည်။

၁၉၄ဝ ပြည့်နှစ်ကဖွဲ့စည်းသော ပြည်သူ့အရေး တော်ပုံပါတီကို မြေအောက်တော်လှန်ရေးအသွင်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ ထိုစဉ်က ယူဂျီ(Under Ground) ဟု

ခေါ်ဝေါ်ခဲ့ကြသည်။ ထိုအဖွဲ့တွင် သခင်မြ၊ သခင် အောင်ဆန်း၊ သခင်လှဖေ၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့ ပါဝင်ခဲ့ကြသည်။ ထို့ကြောင့်

ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့မှာ လက်ဝဲအယူဝါဒကို လက်ခံသော အဖွဲ့ အစည်းတစ်ခုတည်းနှယ်ပင် ဖြစ်ခဲ့သည်။ သို့သော် ဂျပန်ခေတ်အတွင်း

သခင်စိုးက မြေအောက်ကွန်မြူနစ် ပါတီကို တိုးချဲ့ဖွဲ့စည်းရာမှ အယူအဆချင်း ဆင်ဆင် တူခဲ့သောပါတီနှစ်ရပ်မှာ တစ်ပါတီစီ ကွဲပြားခဲ့ရသည်။

တပ်မတော်အတွင်းတွင် ကွန်မြူနစ်ပါတီဝင်များရှိ သကဲ့သို့ ပြည်သူ့အရေးတော်ပုံပါတီဝင်များလည်း ရှိနေသည်။ ဖတပလတွင်လည်း နှစ်ပါတီစလုံးမှ

ခေါင်းဆောင်များသည် အတူတကွ ဦးဆောင်နေကြ ရသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဗိုလ်ချုပ် အောင်ဆန်းသည် လက်ဝဲပါတီတစ်ခုတည်း ထူထောင် ရန်

ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကိုသိန်းဖေခေါင်းဆောင်သော အိန္ဒိယပြည်ရောက် ပါတီအထူးကလာပ်စည်းက ပြည်သူ့ အရေးတော်ပုံပါတီနှင့် နိုင်ငံရေးသဘောထား၊ လုပ်ငန်း

စဉ်များ၊ ပါတီစည်းမျဉ်းစည်းကမ်းများတူညီလျှင် တစ်ပါတီတည်းအဖြစ် အမြန်ဆုံးဆောင်ရွက် ဖွဲ့စည်း ရန် တင်ပြလာရာ ကွန်မြူနစ်ပါတီသည် ပြည်သူ့အရေး

တော်ပုံပါတီနှင့် ညီညွတ်ရေးကို စဉ်းစားလာရတော့ သည်။ ထိုအချိန်တွင် ပြည်သူ့အရေးတော်ပုံပါတီသည် စနစ်တကျ ပြန်လည်ဖွဲ့စည်းခြင်း မပြုရသေးပေ။

ထို့ကြောင့် ကွန်မြူနစ်ပါတီသည် ပြည်သူ့အရေးတော်ပုံ ပါတီခေါင်းဆောင်များအား အောက်ပါအချက်များကို တိုက်တွန်းရန် ဆုံးဖြတ်လိုက်ကြသည် -

(က) ပြည်သူ့အရေးတော်ပုံ အဖွဲ့ဝင်များကိုအမြန် စုဝေး၍ စည်းကမ်းတကျဖွဲ့စည်းရန်။

(ခ) သီးခြားလွတ်လပ်သော ဝါဒသဘောထား လုပ်ငန်းစဉ်များကို ချမှတ်ရန်၊ ဖတပလ အဖွဲ့အစည်း၏ အခြေခံလုပ်ငန်းစဉ်များနှင့် မဆန့်ကျင်ရ။

(ဂ) ဖွဲ့စည်းရာတွင် ဂျပန်ကို ကိုယ်ထိလက် ရောက်အားပေးခဲ့သူများ၊ ပြည်သူ့လွတ်လပ် ရေးလုပ်ငန်းများကို ဖျက်ဆီးခဲ့သူများ မပါ ဝင်ရ။

ထို့အပြင် ပြည်သူ့အရေးတော်ပုံပါတီကို သီးခြား ပြန်လည်ဖွဲ့စည်းရန် ဆန္ဒမရှိကြပါက ကွန်မြူနစ်ပါတီ ၏ သဘောထားလုပ်ငန်းစဉ်ကို လက်ခံသော ပြည်သူ့

အရေးတော်ပုံပါတီဝင်များကို တစ်ဦးချင်းအနေဖြင့် လက်ခံရန် ဆုံးဖြတ်ကြသည်။ အကယ်၍ ပြည်သူ့ အရေးတော်ပုံပါတီလည်း ပြန်လည်ဖွဲ့စည်းခြင်းမပြု၊

ကွန်မြူနစ်ပါတီသို့လည်း ဝင်ရောက်ခြင်းမရှိပါက အောက်ပါအချက်များကို ရှောင်ကြဉ်ရန် တိုက်တွန်း မည်ဟု ဆိုကြသည် -

(က) လက်နက်ဝှက်ခြင်း။

(ခ) အင်္ဂလိပ်အား လက်နက်ဖြင့် သူပုန်ထရန် လိုသည်ဟူသော သဘောထားများ ဝါဒ ဖြန့်ခြင်း။

(ဂ) ကရင်-ဗမာစသော လူမျိုးရေးအဓိကရုဏ်း ဖြစ်စေခြင်း။

(ဃ) လူစုလူဝေးနှင့် လုယက်ပွဲများဖြစ်စေခြင်း။

၁၉၄၅ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပသော ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် တက်ရောက်လာကြသော ဗဟိုကော်မတီဝင်များ (သခင်စိုး၊

သခင်သန်းထွန်း၊ ကိုထွန်းစိန်၊ ကိုထွန်းသန်း၊ မစောမြ၊ ကိုထွန်းရင်၊ သခင်တင်မြ) က ပြည်သူ့ အရေးတော်ပုံပါတီနှင့် ဆွေးနွေးရန် သခင်စိုးကို ခေါင်းဆောင်ခန့်ကာ

ကိုဗဟိန်းနှင့် သခင်တင်မြတို့ ပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ယင်း ကော်မတီသည် ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင် များအား

ကွန်မြူနစ်ပါတီ၏သဘောထားများကို ဆွေးနွေးရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူ့အရေးတော်ပုံပါတီမှ သခင်ချစ်တို့ကလည်း

ပါတီချင်းပူးပေါင်းရေးကို စိတ်ဝင်စားလာသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေးအပြီး ရန်ကုန် မြို့သို့ပြန်ရောက်သည်နှင့် ဦးဗဆွေနှင့် သခင်ချစ်ကို

တွေ့ဆုံခဲ့သည်။ ထို့နောက် ပြည်သူ့အရေးတော်ပုံပါတီ ကို သီးခြားပြန်လည် ဖွဲ့စည်းမနေတော့ဘဲ ကွန်မြူနစ် ပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် မကြာခဏတိုက်တွန်း

ခဲ့သည်။ ကိုဗဟိန်းကိုလည်း ပါတီချင်းပေါင်းစည်းရေး ကို ကြိုးပမ်းဖို့ ပြောခဲ့သည်။

ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်တစ်ဦး ဖြစ်သော ဗိုလ်မှူးကြီးနေဝင်းကလည်း တစ်ပါတီတည်း ဖြစ်ရေးအတွက် အထူးလိုလားလျက်ရှိသဖြင့် ကွန်မြူနစ်

ပါတီဝင်များနှင့် မကြာခဏ လာရောက်ဆွေးနွေးခဲ့ သည်။ ပြည်သူ့အရေးတော်ပုံ ပါတီဝင်များက ကွန်မြူ နစ်များအပေါ် သည်းညည်းခံဆောင်ရွက်ရန်လည်း မကြာခဏ

တိုက်တွန်းခဲ့သည်။သို့သော် ပါတီချင်း ဆွေးနွေးမှုမှာ မပြေလည်ခဲ့ပေ။ ပြည်သူ့အရေးတော်ပုံ ပါတီက တော်လှန်ရေးတပ်ဦးသဘောတူညီချက်တွင် ပါဝင်သည့်အတိုင်း

မဟာမိတ်တို့က လွတ်လပ်ရေး အာမခံချက်မပေးဘဲ ချုပ်ချယ်လာပါက လက်နက်ကိုင် တိုက်ခိုက်ရန် အယူအဆကို စွဲကိုင်ထားသကဲ့သို့ ကွန်မြူနစ်ပါတီကလည်း

ဘရောက်ဒါဝါဒအရ လက်နက်စွန့်၍ မဟာမိတ်တို့နှင့် ပေါင်းစည်းရေးကို သာ တရားသေ ယူဆထားသည်။

ပြည်သူ့အရေးတော်ပုံပါတီသည် နယ်ချဲ့တို့အား လိုအပ်ပါက တော်လှန်တိုက်ခိုက်ရန်အတွက် လက်နက်များကို လျှို့ဝှက်ထားရန် ဆွေးနွေးခဲ့သည်။ ကွန်မြူနစ်ပါတီက

ယင်းအချက်ကို လက်ဝဲသွေဖည် ရေးသဘောထားအဖြစ် သတ်မှတ်လိုက်သည်။ ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီးတွင် ကိုဗဆွေ၊ သခင်ချစ်၊

သခင်ဝတင်တို့သည် မြေနီကုန်း မြေနုလမ်းတွင် သခင်စိုး၊ ကိုဗဟိန်း၊ သခင်တင်မြတို့ နှင့် တွေ့ဆုံပြီး ဆွေးနွေးကြသည်။ ပြည်သူ့အရေးတော်

ပုံပါတီခေါင်းဆောင်များက မာ့ခ်စ်ဝါဒ၊ ဆိုရှယ်လစ် ဝါဒကို ယုံကြည်သူများအချင်းချင်း လက်ဝဲအင်အားစု များညီညွတ်ရေးကို တင်ပြသည်။ ကွန်မြူနစ်ပါတီ၏

စွပ်စွဲချက်များကို ချေပမနေတော့ဘဲ တစ်ပါတီတည်း အဖြစ် ပူးပေါင်းရေးကို ဆွေးနွေးသည်။

သို့သော် ကွန်မြူနစ်ခေါင်းဆောင်များသည် ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်များက အလျှော့ပေးဆွေးနွေးသည့်တိုင် လိုက်လျောမှုကိုမပြခဲ့ကြ ပေ။ သခင်စိုးက

ယခင်က ပါတီချင်းပူးပေါင်းခဲ့ဖူးသော် လည်း ပြည်သူ့အရေးတော်ပုံပါတီက စည်းမျဉ်းများကို မလိုက်နာသဖြင့် ကွဲခဲ့ကြရကြောင်းကို ပြန်လည်ဖော် ထုတ်သည်။

ယခုအခါ ထိုကဲ့သို့ အဖွဲ့လိုက် ကွဲထွက် ခြင်းကို အဖြစ်မခံနိုင်သဖြင့် ပြည်သူ့အရေးတော်ပုံ ပါတီဝင်များအနေဖြင့် ကွန်မြူနစ်ပါတီသို့ တစ်ဦးချင်း သာ

ဝင်ရောက်ကြရမည်ဟု ဆိုသည်။ ကွန်မြူနစ်ပါတီ သည် ပြည်သူ့အရေးတော်ပုံပါတီဝင် တစ်ဦးချင်းကို စိစစ်ပြီးမှ လက်ခံမည်။ လက်မခံလိုသူများကို လက်မခံ။

ကိုဘဆွေ၊ ဗိုလ်မှူးကြီးနေဝင်းနှင့် သခင်ချစ်တို့ကို လက်ခံမည်ဖြစ်သော်လည်း ကိုကျော်ငြိမ်းနှင့် ရန်ကုန် ဘဆွေတို့ကို လက်မခံနိုင်ကြောင်း သခင်စိုးက အပြင်း အထန်

ဆွေးနွေးပြောကြားခဲ့သည်။

သခင်စိုးတင်ပြသည့် ပါတီဝင်တစ်ဦးချင်း စိစစ် လက်ခံရေးမှာ ပြည်သူ့အရေးတော်ပုံပါတီအား တန်းတူ ရည်တူ ပါတီတစ်ရပ်အနေနှင့် အသိအမှတ်ပြုခြင်းမျိုး

မဟုတ်သဖြင့် ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင် များက လက်မခံနိုင်ကြပေ။ ဦးဘဆွေက အဖွဲ့လိုက် ပူးပေါင်းရေးကို ထပ်မံတင်ပြသည်။ နိုင်ငံရေးသဘော

ထားများတွင် သဘောတူညီမှု အတန်အသင့်ရသော် လည်း တစ်ပါတီတည်းဖြစ်ရေးတွင်မူ သဘောတူညီချက် မရနိုင်တော့ပေ။ ထို့ကြောင့် ဆွေးနွေးပွဲမှာ အောင်မြင်

မှုမရရှိဘဲ ပြီးဆုံးသွားရတော့သည်။

ကွန်မြူနစ်များသည် ဒုတိယအကြိမ် ပါတီ ကွန်ဂရက်ကျင်းပနိုင်ရေးကိုသာ စီမံစိုင်းပြင်းနေကြ တော့သည်။ ပြည်သူ့အရေးတော်ပုံပါတီဝင်များမှာ ဖတပလတွင်

ပါဝင်ဆောင်ရွက်ကြရင်းမှ ကွန်မြူနစ် ပါတီနှင့်မသက်ဆိုင်သော ပါတီတစ်ရပ် ထူထောင်ရန် ကြိုးစားလာကြသည်။ ပြည်သူ့အရေးတော်ပုံပါတီဝင် များကို

ဆိုရှယ်လစ်များ ဟု လူသိများလာသည်။ သခင်စိုးနှင့် သခင်သန်းထွန်းတို့၏ ကွန်မြူနစ်ပါတီဝင် များမှာ ကွန်မြူနစ်များအဖြစ် ထင်ရှားလာသည်။ ကွန်မြူနစ်များသည်

လက်ဝဲဝါဒအယူရှိသူ မာ့ခ်စ်ဝါဒီ မှန်သမျှ ယင်းတို့၏ပါတီဝင်မဟုတ်ပါက ပုတ်ခတ် တိုက်ခိုက်လာကြသည်။ ယင်းတို့သာ ကွန်မြူနစ်အစစ် များ ဖြစ်သည်ဟု

ယူဆလာကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် ပေါ်ပေါက် ခဲ့သော မာ့ခ်စ်ဝါဒီများတွင် တစ်ဦးချင်း အယူအဆ ကွဲလွဲမှုများရှိခဲ့ကြသော်လည်း ယခုအကြိမ် ကွန်မြူနစ်၊ ဆိုရှယ်လစ်

အုပ်စုကွဲမှုမှာမူ ဂိုဏ်းဂဏအလိုက်၊ အဖွဲ့ အစည်းအလိုက် ကွဲခြင်းဖြစ်ရာ ကွန်မြူနစ်များ၏ ပထမဆုံးအုပ်စု ကွဲပြားခြင်းဟုပင် ဆိုနိုင်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ[ပြင်​ဆင်​ရန်​]

ပါတီကွန်ဂရက်မကျင်းပမီ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ကွန်မြူနစ်များသည် ဗမာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေးအတွက် ဗဟို

စည်းရုံးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ၏ ရည်မှန်းချက်အဖြစ် အောက်ပါတို့ကို ချမှတ်ခဲ့သည်-

(၁) အလုပ်သမား လူတန်းစား ဘဝသာယာ ဖြောင့်ဖြူးရေး၊

(၂) ပြည့်ဝသော ဒီမိုကရေစီအခွင့်အရေးများ ခံစားရရှိရေး၊

(၃) အမျိုးသားလွတ်လပ်ရေး တိုးတက်ခိုင်မာ ရေး၊

(၄) ကမ္ဘာ့ငြိမ်းချမ်းရေး၊

(၅) အလုပ်သမားလူတန်းစား ညီညွတ်ရေး၊

ဗဟိုစည်းရုံးရေးကော်မတီ၏ ဥက္ကဌမှာ ကိုဗဟိန်း ဖြစ်ပြီး ဒုတိယဥက္ကဌမှာ ကိုအောင်သန်း (စာရေးဆရာ မြဒေါင်းညို) ဖြစ်သည်။ အတွင်းရေးမှူး သခင်ဗတင်

(ကွယ်လွန်သူ လက်သီးပုန်းသခင်ဗတင်)ဖြစ်ပြီး အဖွဲ့ ဝင်များမှာ ဦးကျော်ငြိမ်း(အာရ်အီးတီ၊ တောခို၊ သေဆုံး)၊ ရဲဘော်မူကာဂျီ(ဗကပ၊ သေဆုံး)၊ ဆရာရာဂျန် (ယခင်

သခင်ကျော်စိန်အစုဝင်၊ နောင် ဗကပခေါင်းဆောင်၊ ထောင်ကျ)၊ ကိုထွန်းစိန်၊ ကိုသက်တင်(ပီကင်းပြန်)၊ ကိုအောင်ဝင်း၊ ကိုအောင်ကြီး (ပီကင်းပြန်)နှင့် ကိုမြင့်ဆွေတို့

ဖြစ်သည်။ ဦးကိုကိုကြီး (ဆိုရှယ်လစ်ပါတီ ဥက္ကဌဟောင်း)သည် သမဂ္ဂဗဟို စည်းရုံးရေးကော်မတီ တွင် ပါဝင်ခဲ့သော်လည်း သမဂ္ဂဖွဲ့ခါနီးတွင် ပြည်သူ့

အရေးတော်ပုံပါတီသို့ ကူးပြောင်းသွားသည်။ ဗိုလ်ဗတင် သည် တပ်မတော်မှနုတ်ထွက်ပြီးမှ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

စင်စစ် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရန် ကြိုးစားခြင်းမှာ ပါတီကွန်ဂရက်အမီ ကြိုတင်ပြင်ဆင်ခြင်းတစ်ရပ်သာ ဖြစ်သည်။ နိုင်ငံရေး

အခြေခံလူတန်းစားအရလည်း ဖြစ်သည်။ မြန်မာနိုင်ငံ တွင် စက်ရုံ၊ အလုပ်ရုံတို့ ရှိသင့်သလောက် ရှိနေပြီဖြစ် သော်လည်း အလုပ်သမားလူတန်းစားမှာမူ ရေနံမြေ

တွင်သာ အင်အားကောင်းခဲ့သည်။ ဂျပန်ခေတ်ကာလ အတွင်း ရေနံချက်စက်ရုံများအပါအဝင် စက်ရုံ၊ အလုပ် ရုံများတွင် အလုပ်လုပ်ကြရသူများမှာ အလုပ်သမား

လူတန်းစားအသွင် ဖြစ်ပေါ်လာခြင်း မရှိကြပေ။ ဂျပန် ခေတ် အလုပ်သမားဆိုသည်မှာ အကျဉ်းသားများ၊ အချုပ်သားများ၊ စစ်သုံ့ပန်းများ၊ အတင်းအဓမ္မ ဖမ်းဆီး

ခေါ်ယူလာသည့် ပျံကျများသာဖြစ်ရာ လူတန်းစား တစ်ရပ်အဖြစ် တည်မြဲနေခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ကွန်မြူနစ်ပါတီသည် လူတန်းစားအခြေခံစည်းရုံးရေး အတွက်

အလုပ်သမားများသမဂ္ဂကို ထူထောင်ခဲ့ရ သည်။ စတာလင်ကသတ်မှတ်ထားသည့် တော်လှန်ရေး ၏ အခြေခံလူတန်းစားမှာ အလုပ်သမားလူတန်းစား ဖြစ်သည်။

ထို့ကြောင့် ကွန်မြူနစ်ပါတီသည် အခြေခံ လူတန်းစားအဖြစ် အလုပ်သမားများကို သတ်မှတ်နိုင် ရန် အရေးကြီးနေခဲ့ရသည်။

ကွန်မြူနစ်ပါတီသည် ဘရောက်ဒါဝါဒကို လက်ခံ နိုင်ရေးအတွက် သခင်တင်မြနှင့် သခင်သန်းမြိုင်တို့ ဦးစီးသော သင်တန်းတစ်ရပ်ကိုလည်း ပါတီဌာနချုပ် တွင်

အပူတပြင်း ဖွင့်လှစ်ကြသည်။ ထိုသင်တန်းသည် သင်တန်းသားများအား ဘရောက်ဒါဝါဒ၏ ငြိမ်းချမ်း စွာ ဖြစ်ပေါ်ရေးဝါဒကို သင်ကြားပို့ချခဲ့သည်။

ကွန်ဂရက်စတင်ရန်ရက် နီးကပ်လာမှသာ သင်တန်း ကို ရပ်ဆိုင်းလိုက်ရသည်။

ဒုတိယအကြိမ် ပါတီကွန်ဂရက်ကျင်းပခြင်း[ပြင်​ဆင်​ရန်​]

ပါတီကွန်ဂရက်ကို ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်တွင် ဗားကရာလမ်းရှိ ကွန်မြူနစ်ပါတီဌာနချုပ် တွင် ကျင်းပရန်သတ်မှတ်ထားလေရာ ဇူလိုင်လ ၁၅ ရက်မှစ၍

နယ်ကိုယ်စားလှယ်များ ရောက်လာကြ သည်။ ကိုယ်စားလှယ်များကို သခင်တင်မြဦးဆောင် သည့် ပါတီကွန်ဂရက် ကိုယ်စားလှယ်စိစစ်ရေးအဖွဲ့က စိစစ်ရွေးချယ်သည်။

မဲပေးနိုင်ခွင့်ရှိသော ကိုယ်စား လှယ်နှင့် အကြံဉာဏ်သာပေးနိုင်သော ဧည့်သည် ကိုယ်စားလှယ်ဟူ၍ ခွဲခြားသတ်မှတ်သည်။ ကွန်ဂရက် သို့

တက်ရောက်ခွင့်ရသော်လည်း မဲပေးခွင့်မရှိသူများ မှာ မကျေမနပ်နှင့် ဖြစ်လာကြသည်။ ကိုယ်စားလှယ် နှင့် ဧည့်သည် ၂ဝဝ ခန့်ရှိရာ စည်းကမ်းပျက်သူများ လည်း

ပါလာသည်။ အရက်မူးပြီး ဆူပူသောင်းကျန်းသူ များရှိသကဲ့သို့ အမျိုးသမီးရဲမေများအား ထိကပါး ရိကပါးလုပ်သူများ၊ ရဲမေများ အဝတ်အစားလဲနေသည် ကို

ချောင်းမြောင်းကြည့်ရှုသူများလည်း ပါလာသည်။ အရက်မူးနေသောကိုယ်စားလှယ်တစ်ဦးမှာ သခင် သန်းထွန်းကိုပင် သတ်မည်ဟု ခြောက်လုံးပြူးကိုင်ပြီး

ကြုံးဝါးခဲ့သည်။

ပါတီကွန်ဂရက်ကျင်းပရန် နှစ်ရက်အလိုတွင် ပဲခူးခရိုင်မှ ကိုကြီးမြင့်၊ ကိုတင်မြင့်နှင့် ရဲဘော်သုံးဦး အား ပါတီကိုယ်စားလှယ်များစာရင်းမှ ပယ်ဖျက်ရန်၊ ကွန်ဂရက်သို့

တက်ရောက်ခွင့်မပြုရန် သခင်စိုးက ဗဟိုကော်မတီသို့ တင်ပြသည်။ ထိုရဲဘော်များသည် ဗဟိုဦးစီးစနစ်ကို မနာခံဟူ၍လည်းဆိုသည်။ စင်စစ် အဆိုပါပုဂ္ဂိုလ်များသည်

အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ကို ငြိမ်းချမ်းစွာမရနိုင်၊ လက်နက်ကိုင်တိုက်မှ ရနိုင်မည် ဟု ယူဆထားသူများဖြစ်သည်။ ယင်းတို့၏အယူအဆ ကို ကိုကြီးမြင့်က ပါတီသို့

တင်ပြထားသည်။ သခင်စိုး က ကိုကြီးမြင့်တို့လူစုအား ပါတီဆိုင်းဘုတ်များ အမြန် တင်ကြရန် ညွန်ကြားချက်ကို မလိုက်နာခြင်း၊ လက်နက် များဝှက်ထားခြင်းတို့အတွက်

ပါတီကိုယ်စားလှယ်များ အဖြစ်မှ ပယ်ဖျက်လိုက်သည်။

ပဲခူးတောင်ပိုင်း စည်းရုံးရေး အဖွဲ့ဝင်များ ကိုယ်စားလှယ်စာရင်းမှ ပယ်ဖျက်ခံရသော်လည်း ပဲခူး မြောက်ပိုင်းမှ သခင်ဇင်(ဗကပ ဗဟိုကော်မတီ ဥက္ကဌ၊ အသေမိ)နှင့်

ရဲဘော်များမှာမူ ကွန်ဂရက်သို့ တက်ခွင့် ရကြသည်။ သခင်ဇင်တို့လူစုက ကိုကြီးမြင့်တို့ကို ကွန်ဂရက်တက်ခွင့်မပေးလျှင် ယင်းတို့လည်း ကွန်ဂရက် သို့

မတက်ဟုဆိုကာ အရေးဆိုလာသောကြောင့် အတော်ပင် ဆွေးနွေးကြရသေးသည်။ အချို့ကိုယ်စား လှယ်များမှာ မဲပေးခွင့်မရဘဲ အကြံဉာဏ်သာ ပေးခွင့် ရသဖြင့်

ကွန်ဂရက်ကို မတက်တော့ဘဲ နေရပ်သို့ ပြန် သွားကြသည်။ အချို့မှာမူ ပါတီကချမှတ်ထားသည့် ငြိမ်းချမ်းစွာဖြစ်ပေါ်ရေးသဘောတရား(ဘရောက်ဒါ ဝါဒ)ကို

လက်မခံနိုင်သဖြင့် ပြည်သူ့အရေးတော်ပုံပါတီ သို့ ကူးပြောင်းသွားသည်။ ထိုသူများမှာ ရခိုင်ခေါင်း ဆောင် ဗုံပေါက်သာကျော်နှင့် မောင်လှကျော်၊ ရေနံမြေ မှ

သခင်လွင်(ပမညတ ခေါင်းဆောင်)၊ မြန်အောင်မှ သခင်ချစ်မောင်(ဖဆပလ ဝန်ကြီးဟောင်း)၊ ဟင်္သာတမှ ကိုတင်ထွန်း(ဒုတိယဗိုလ်မှူးကြီးဟောင်း)တို့ဖြစ်ကြ သည်။

ပြည်သူ့အရေးတော်ပုံပါတီမှ လေ့လာသူအဖြစ် တက်ရောက်လာကြသူများမှာလည်း ဘရောက်ဒါဝါဒ ကို လက်မခံနိုင်သဖြင့် ပြန်သွားကြသည်။

ထိုအချိန်တွင် စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ရာ တပ်မတော်မှ ကွန်မြူနစ်ပါတီဝင် တပ်မှူးများနှင့် တောင်ငူခရိုင်မှ ပြောက်ကျားခေါင်း

ဆောင်များမှာ ပါတီကွန်ဂရက်သို့ ရောက်မလာနိုင်ကြ ပေ။ သို့နှင့် ပါတီကွန်ဂရက်ကို ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက် နံနက်၌ ပါတီဌာနချုပ်အပေါ်ထပ်တွင် စတင်

ကျင်းပသည်။ ကွန်ဂရက်၏ သဘာပတိအဖြစ် သခင် သန်းထွန်းကဆောင်ရွက်ပြီး အတွင်းရေးမှူးအဖြစ် သခင်မြသွင် (ဗဟိုကုန်သွယ်ရေးလုပ်ငန်းစိစစ်ရေး အဖွဲ့ဝင်)

က ဆောင်ရွက်သည်။ သခင်မြသွင်သည် အခမ်းအနားမှူးအဖြစ် အစည်းအဝေးအစီအစဉ်များ ကို ကြေညာသွားသည်။

သခင်သန်းထွန်းက သဘာပတိမိန့်ခွန်းကို ပြော ကြားရာ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ မဟာမိတ်နိုင်ငံ များက ဖက်ဆစ်ဝါဒအပေါ် အောင်ပွဲဆင်နေချိန်၊ မြန်မာနိုင်ငံတွင်

ကွန်မြူနစ်ပါတီပါဝင်သော ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီးက စစ်ရေးအရ အောင်ပွဲဆင်နေချိန်တွင် ကွန်ဂရက်ကို ကျင်းပရခြင်းကြောင့်

ဤကွန်ဂရက်အား စစ်နိုင် ကွန်ဂရက်ဟု ကင်ပွန်းတပ်လိုက်သည်။ သဘာပတိ မိန့်ခွန်းအပြီးတွင် သခင်စိုးက အထွေထွေအတွင်းရေး မှူး၏ အစီရင်ခံစာကို

တင်သွင်းသည်။ သခင်စိုး၏ အစီရင်ခံစာတွင် အပိုင်း ၅ ပိုင်း ပါဝင်သည်။ ပထမ ပိုင်းမှာ နိဒါန်းပိုင်းဖြစ်ပြီး ဒုတိယပိုင်းမှာ ကမ္ဘာ့အခြေ အနေ၊ တတိယပိုင်းမှာ

ဗမာ့အခြေအနေ၊ စတုတ္ထပိုင်း မှာ ဒီမိုကရေစီသမ္မတနိုင်ငံထူထောင်ရေး၊ ပဉ္စမပိုင်းမှာ လူနည်းစုပြဿနာတို့ကို ဖော်ပြထားသည်။

သခင်စိုးက ကွန်မြူနစ်ပါတီသည် ၁၉၄၁ ခုနှစ်မှ စ၍ ဖက်ဆစ်ဆန့်ကျင်ရေးကို ချမှတ်လုပ်ဆောင်လာပုံ၊ ဖက်ဆစ်ဂျပန်တို့လက်အောက်တွင် မြေအောက် လုပ်ငန်းကို

သက်စွန့်ဆံဖျားလုပ်ခဲ့ကြပုံ၊ ပါတီဝင်များ တိုးပွားလာပုံတို့ကို နိဒါန်းပိုင်းမှာ တင်ပြထားသည်။

ကမ္ဘာ့အခြေအနေနှင့် ပတ်သက်၍ ကွန်မြူနစ် များ ကြိုတင်နိမိတ်ဖတ်ခဲ့သည့်အတိုင်း ပြည်သူတို့ လက်တွင်းသို့ အာဏာသက်ဆင်းနေပုံကို ဖော်ပြထား သည်။

ဆိုဗီယက်ယူနီယံနှင့် မဟာမိတ်များ၏ ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲကြီးအောင်မြင်ပုံ၊ ဥရောပတွင် ကွန်မြူနစ်နှင့် ဆိုရှယ်လစ်များ လွှမ်းမိုးလာပုံတို့ကို တင်ပြပြီးနောက်

ဖက်ဆစ်ဝါဒကို ဆက်လက်၍ အကြမ်းဖက်ချေမှုန်းရမည်ဖြစ်သော်လည်း မဟာမိတ် များနှင့် ပတ်သက်၍မူ နိုင်ငံရေးအရသာ ဖြေရှင်းရ မည်ဟု ဆို၏။

သခင်စိုး၏အစီရင်ခံစာမှာ ဘရောက်ဒါ ဝါဒကို အမွှမ်းတင်လိုက်ခြင်းပင် ဖြစ်သည်။

ဗမာ့အခြေအနေကို တင်ပြရာတွင် ဖက်ဆစ်လက် အောက်မှ လွတ်မြောက်သွားသည်မှန်သော်လည်း လက်ဝဲသွေဖည်ရေးကြောင့် တိုးတက်သင့်သလောက်

မတိုးတက်ဟု ဝေဖန်ထားသည်။ မျက်မမြင်လူမျိုးရေး ဝါဒ(ရံဖန်ရံခါ မျက်ကန်းမျိုးချစ်များ၏ဝါဒ)နှင့် လက်ဝဲ သွေဖည်ရေးအမှားကို အမြန်ပြင်ဖို့ လိုသည်ဟုလည်း

ဆိုသည်။ ဖတပလ အဖွဲ့ချုပ်နှင့် ပတ်သက်၍ လွတ်လပ် ရေးရရှိရန် ဓနရှင်များနှင့် ပူးပေါင်းတိုက်ပွဲဝင်သော် လည်း လွတ်လပ်ပြီးပါက ဓနရှင်လွှမ်းမိုးမှုကို တိုက်ဖျက်

ရမည်ဟု ဆိုသည်။

ကိုလိုနီလွတ်မြောက်ရေးလုပ်ငန်းစဉ်သည် ဓနရှင် လွတ်မြောက်ရေးလုပ်ငန်းပင်ဖြစ်သည့်အလျောက် အလုပ်သမားလူတန်းစားသည် လယ်သမားများနှင့်

မဟာမိတ်ဖွဲ့၍ မြန်မာ့ဒီမိုကရေစီသမ္မတနိုင်ငံ ထူထောင် ရမည်ဟုလည်း ဆိုသည်။

လူနည်းစုပြဿနာအရ ရှမ်း၊ ကရင်၊ ရခိုင်၊ မွန်၊ တောင်သူ၊ ပလောင် စသော တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လုံးဝခွင့်ပြုရမည်ဟု ဆို၏။ သခင်စိုးသည်

အစီရင်ခံစာအပေါ် အခြေပြု၍ အသေးစိတ်သဘောထားများကို ပထမနေ့ တစ်နေ့လုံး ရှင်းလင်းတင်ပြခဲ့သည်။ သခင်စိုး၏အစီရင်ခံစာကို ကန့်ကွက်မည့်သူမရှိဘဲ

ထောက်ခံဆွေးနွေးပြီးနောက် အတည်ပြုလိုက်ကြသည်။ သို့နှင့် သခင်စိုး တင်ပြသော ဘရောက်ဒါဝါဒလမ်းစဉ်သည် ကွန်မြူနစ်ပါတီ၏ တရားဝင်

နိုင်ငံရေးလမ်းစဉ်အဖြစ် သတ်မှတ်ပြီးသား ဖြစ်သွားသည်။ မစောမြ၏ အမျိုးသမီးဌာန အစီရင်ခံ စာကိုလည်း ကွန်ဂရက်က အတည်ပြုလိုက်သည်။ သခင် မြသွင်က

ပါတီဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေအသစ်ကို တင်သွင်းသည်။ ယင်းစည်းမျဉ်းဥပဒေသစ်မှာ အိန္ဒိယ ကွန်မြူနစ်၏ ဖွဲ့စည်းပုံကို အခြေခံ၍ သခင်သန်းထွန်း က

ရေးဆွဲတင်ပြခြင်းဖြစ်သည်။ အစည်းအဝေးက ဝေဖန်ဆွေးနွေးပြီး စည်းမျဉ်းဥပဒေအသစ်ကို အတည် ပြုလိုက်သည်။

ထို့နောက် ပါတီကွန်ဂရက်သည် အောက်ပါအဆို များကို ဗဟိုကော်မတီက ဦးစီးတင်သွင်းပြီးနောက် ဆုံးဖြတ်ချက်ချသည်။

(၁) ဗမာနိုင်ငံ အုပ်ချုပ်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်။

(၂) လက်ဝဲသွေဖည်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်။(ပြည်သူ့အရေးတော်ပုံပါတီ နှင့် သဘောတူခဲ့ဖူးသော တော်လှန်ရေး တပ်ဦးသဘောတူညီချက်ကို

ပယ်ဖျက် ခြင်း။)

(၃) အလုပ်သမားသမဂ္ဂနှင့် ပတ်သက်သော ဆုံးဖြတ်ချက်။

(၄) လူမျိုးစုများနှင့်ပတ်သက်သောဆုံးဖြတ်ချက်။

(၅) ပါတီစည်းရုံးရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်။

သခင်စိုးအား ပါတီဝင်အဖြစ်မှ ရပ်စဲခြင်း[ပြင်​ဆင်​ရန်​]

ထို့နောက်တွင် ကွန်မြူနစ်ပါတီ ကွန်ဂရက် ကိုယ်စားလှယ်များသည် သခင်စိုး၏ အိမ်ထောင်ရေး စည်းမျဉ်းဖောက်ဖျက်မှုအား အကြိတ်အနယ် ဆွေးနွေး

ကြရတော့သည်။ သခင်စိုး၏ကိစ္စကို အစည်းအဝေး ဆဌမမြောက်နေ့တွင် ဆွေးနွေးကြခြင်းဖြစ်ရာ သခင် စိုးသည် ကွန်ဂရက်သို့မတက်ရောက်ဘဲ နေသည်။

သခင်စိုးသည် အိမ်ထောင်ရေးစည်းမျဉ်းဖောက်ဖျက် သည်။ အိမ်ထောင်ဟောင်းနှင့် မပြတ်စဲမီ အိမ်ထောင် သစ်ထူသည်။ ပါတီခေါင်းဆောင်မှု ထိခိုက်စေသည်

ဟူသော စွပ်စွဲချက်များဖြင့် သခင်စိုးအား အပြစ်ပေး ထိုက်ကြောင်း တင်ပြလာသူများမှာ အိန္ဒိယပြည် အထူး ကလာပ်စည်းအဖွဲ့ဝင်များဖြစ်သော ကိုကျော်ရင်

(ကွယ်လွန်သူ ပါမောက္ခဟောင်း)နှင့် ကိုစိုးမောင် (တောခို၊ သေဆုံး ဗိုလ်မှူးချစ်ကောင်း)တို့ ဖြစ်သည်။ သခင်သန်းထွန်းနှင့် သခင်တင်မြက သခင်စိုးအား

အပြစ်ပေးပြီးဖြစ်သဖြင့် မပေးထိုက်ကြောင်း ချေပသည်။

အကြိတ်အနယ်ဆွေးနွေးကြရာမှ သခင်စိုးအား အပြစ်ပေးရေး၊ မပေးရေးကို မဲခွဲဆုံးဖြတ်ရတော့သည်။ အပြစ်ပေးရေးအဆိုဘက်မှ အနိုင်ရရှိရာ သခင်စိုး သည်

ပါတီဝင်အဖြစ်မှ (၂)နှစ်ကြာ ရပ်စဲခံရတော့ သည်။ ယခုကဲ့သို့ သခင်စိုး အရေးယူခံရခြင်းမှာ သခင် သန်းထွန်း၏ခေါင်းဆောင်မှုကို တက်လာစေသကဲ့သို့

ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲရန် အခြေခံအချက်များပင် ဖြစ်သည်။

ဗဟိုကော်မတီအသစ်[ပြင်​ဆင်​ရန်​]

၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်တွင် ပါတီ ကွန်ဂရက်ကို နောက်ဆုံးနေ့အဖြစ် ဆက်လက်ကျင်းပ သည်။ ယင်းအစည်းအဝေးတွင် အင်္ဂလန်ရွေးကောက် ပွဲတွင်

အနိုင်ရရှိသွားသော မစ္စတာအက်တလီ၏ လေဘာပါတီကို ချီးကျူးဂုဏ်ပြုကြောင်း ကြေးနန်းပို့ရန် သဘောတူလိုက်ကြပြီးမှ ဗဟိုကော်မတီရွေးကောက်ပွဲ ကို

ပြုလုပ်ကြသည်။ ဗဟိုကော်မတီကို ဦးဆောင်ရန် အတွက် ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် အိန္ဒိယတွင်ရှိသော ကိုသိန်းဖေကို သခင်သန်းထွန်းက

အဆိုတင်သွင်းရာ အားလုံးက ထောက်ခံကြသည်။ ထို့နောက် ဗဟိုကော်မတီဝင်လောင်းများ၏ အမည် စာရင်း(လူ ၄ဝ ခန့်)ကို တင်သွင်းကြသည်။ ထို့နောက်

ကိုယ်စားလှယ်များက မဲပေးဆုံးဖြတ်ပြီးနောက် အရွေး ချယ်ခံရသော ဗဟိုကော်မတီဝင်များကို ကြေညာသည်။

ဒုတိယအကြိမ် ပါတီကွန်ဂရက်မှ ရွေးချယ်တင်မြှောက်သည့်ဗဟိုကော်မတီဝင်များ

(၁) ကိုသိန်းဖေ (သိန်းဖေမြင့်၊ ကွယ်လွန်) အထွေထွေအတွင်းရေးမှူး

(၂) ကိုကျော်ရင် (ကွယ်လွန်သူ ပါမောက္ခ ဦးကျော်ရင်)

(၃) ဗိုလ်မှူးကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်း၊ တောခို)

(၄) ဗိုလ်မှူးသိန်းတန်(လမ်းစဉ်ပါတီဌာနချုပ် မှ ဦးသိန်းတန်)

(၅) ကိုဗဟိန်း(ကွယ်လွန်)

(၆) သခင်မြသွင် (ဗဟိုကုန်သွယ်ရေးလုပ်ငန်း စိစစ်ရေး)

(၇) သခင်သန်းဖေ(တောင်ငူ သခင်သန်းဖေ၊ တောခို၊ သေဆုံး)

(၈) သခင်သန်းထွန်း (တောခို ဗကပ ဥက္ကဌ၊ အသေမိ)

(၉) သခင်သန်းမြိုင် (တောခို၊ ဗကပ)

(၁ဝ) ကိုအုန်းမောင် (ဗကပ ခေါင်းဆောင်ဟောင်း)

(၁၁) ကိုလှသောင်း (လမ်းစဉ်ပါတီဌာနချုပ်)

(၁၂) သခင်ဇင်(တောခို၊ သေဆုံး)

(၁၃) ကိုလှိုင် (တောခို၊ သေဆုံး)

(၁၄) ရဲဘော်ဌေး (တောခို၊ အချင်းချင်း လုပ်ကြံ သတ်ဖြတ်ခံရ)

(၁၅) သခင်တင်ထွန်း (ဗကပ ဗဟိုကော်မတီ၊ အသေမိ)

(၁၆) ကိုအောင်သူ

(၁၇) ကိုထွန်းရင် (အလံနီ ဗဟိုကော်မတီဟောင်း)

(၁၈) ကိုထွန်းသန်း(တောခို၊ ဗကပ သတ်၍သေ)

(၁၉) ကိုတင်ရွှေ (တောခို၊ သေဆုံး)

(၂ဝ) ခင်ကြည်ကြည်(သိန်းဖေမြင့်၏ဇနီး)

(၂၁) မစောချစ် (ဒေးဒရဲ)

ဗဟိုကော်မတီ စည်းရုံးရေးမှူးများ

(၁) ကိုထွန်းစိန် (ရေနံမြေ)

(၂) ကိုသက်တင် (ပီကင်းပြန်)

(၃) ကိုမြ(ရဲဘော်မြ၊ တောခို၊ လက်နက်ချ၊ ကွယ်လွန်)

(၄) ကိုထွန်း (တောခို၊ သေဆုံး)

(၅) ကိုထွန်းလှ(ဗန်းမော်၊ တောခို၊ သေဆုံး)

(၆) ကိုမြင့်ဆွေ(ကုန်သွယ်ရေး)

(၇) ကိုမောင်မောင်စိန်(ဗကပ)

(၈) သခင်တင်မြ

(၉) မစောမြ

သခင်သန်းထွန်းက တနင်္သာရီတိုင်း နိုင်ငံရေးမှူး တာဝန်ထမ်းဆောင်နေသူတစ်ဦးအား ဗဟိုကော်မတီ ဝင်အဖြစ် အမည်မဖော်ဘဲ တင်သွင်းရာ ကွန်ဂရက် က

အတည်ပြုသည်။ ထိုသူမှာ သခင်ဗသိန်းတင် ဖြစ်သည်။

သခင်တင်မြနှင့် မစောမြမှာ မဲအရနည်းသဖြင့် ဗဟိုကော်မတီမဖြစ်ခဲ့ပေ။ သို့သော် သခင်သန်းထွန်းက ဗဟိုကော်မတီ စည်းရုံးရေးမှူးအဆင့်မှ ဗဟိုကော်မတီ

ဝင်အဖြစ်ကို တိုးမြှင့်ပေးရန်တောင်းဆိုရာ ကွန်ဂရက်က သဘောတူသဖြင့် သခင်တင်မြနှင့် မစောမြမှာ ဗဟို ကော်မတီဝင်များ ဖြစ်သွားကြသည်။

ထို့အပြင် အထွေထွေအတွင်းရေးမှူးလုပ်သူ ကိုသိန်းဖေမှာ အိန္ဒိယတွင်ရှိနေသေးသဖြင့် ခေတ္တ အထွေထွေအတွင်းရေးမှူးအဖြစ် သခင်မြသွင်အား ဆောင်ရွက်ရန်

သခင်သန်းထွန်းက အဆိုတင်သွင်း ပြန်သည်။ ကွန်ဂရက်က သဘောတူလိုက်သည်။ ထို့နောက် သခင်သန်းထွန်းက သဘာပတိမိန့်ခွန်း ပြောကြားပြီး

ကွန်ဂရက်ကို ရုပ်သိမ်းလိုက်သည်။ နောက်တစ်နေ့တွင် ဗဟိုကော်မတီအစည်းအဝေးထိုင် ပြီး နိုင်ငံရေးဦးဆောင်အဖွဲ့၊ စည်းရုံးရေးဌာန၊ ဝါဒ ဖြန့်ချိရေးနှင့်

လှုံ့ဆော်ရေးဌာန၊ လူထုစည်းရုံးရေးနှင့် အမျိုးသမီးဌာနတို့တွင် တာဝန်ထမ်းဆောင်မည့်သူ များကို ရွေးချယ်သည်။ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်များ မှာ ကိုသိန်းဖေ၊

သခင်သန်းထွန်း၊ ကိုသန်းဖေ၊ သခင် မြသွင်၊ ကိုဗဟိန်းတို့ဖြစ်သည်။ စည်းရုံးရေးဌာနမှူးမှာ သခင်တင်မြ၊ ဝါဒဖြန့်ချိရေးနှင့် လှုံ့ဆော်ရေးဌာနမှူး အဖြစ် သခင်သန်းမြိုင်၊

လူထုစည်းရုံးရေးမှူး သခင် တင်ထွန်းနှင့် အမျိုးသမီးဌာနမှူးမှာ မစောမြဖြစ်သည်။

ဒုတိယအကြိမ် ကွန်မြူနစ်ပါတီကွန်ဂရက်သည် ဘရောက်ဒါဝါဒကို အတိအလင်း လက်ခံလိုက်ခြင်း၊ ဆိုရှယ်လစ်များနှင့် လုံးဝလမ်းခွဲခြင်း၊ သခင်စိုးအား

အရေးယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြေပေါ်ပါတီကို လည်း တတ်နိုင်သမျှ စနစ်တကျဖြစ်အောင် ကြိုးစား ဖွဲ့စည်းခဲ့သော ကွန်ဂရက်ဖြစ်သည်။

[၄]

ဖဆပလ အဖွဲ့ချုပ်[ပြင်​ဆင်​ရန်​]

နေသူရိန်ညီလာခံ[ပြင်​ဆင်​ရန်​]

၁၉၄၅ ခုနှစ်၊ နောက်ဆုံးပတ်တွင် ဗိုလ်ချုပ် အောင်ဆန်းသည် အာလံမြို့ (ယခု မြေထဲမြို့)မှ ရန်ကုန်မြို့သို့ ဆိုက်ရောက်လာသည်။ ထိုအချိန်တွင် ကွန်မြူနစ်ပါတီသည် အင်္ဂလိပ်ပြန်အဝင်၌ တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ရရှိရေးအတွက် ဆိုင်းဘုတ် များထောင်၍၊ ပါတီရုံးများ ဖွင့်လှစ်၍ ပြီးလေပြီ။ ဖတပလအဖွဲ့ကြီးမှာမူ ဖက်ဆစ်ဂျပန်ကို တော်လှန်ရန် လျှို့ဝှက်ဖွဲ့စည်းခဲ့ရသည့်အလျောက် တရားဝင်ရပ်တည် ခွင့် မရသေးပေ။ မဟာမိတ်တပ်များက အသိအမှတ် ပြုရန်ပင် ခဲယဉ်းစွာ ကြိုးစားနေရချိန်ဖြစ်သည်။ မဟာမိတ် တို့သည် ဖတပလကိုအသိအမှတ်ပြုရန် လွယ်ကူစွာ ဆုံးဖြတ်ခြင်း မရှိခဲ့ကြပေ။ မြန်မာပြည်အတွင်းရှိ ဂျပန် တပ်များကို တိုက်ထုတ်အကူအညီပေးမည့် ပဉ္စမံ တပ်သားများအဖြစ်သာ သဘောထားခဲ့သည်။ ဖတပလ နှင့် တပ်မတော်၏တော်လှန်ရေးကို မျက်ဝါးထင်ထင် မြင်ရပြီးသောအခါ မတတ်သာ၍ ဆက်ဆံရသော်လည်း စစ်ကြီးအပြီးတွင် ဖျက်သိမ်းပစ်လိုသောသဘောထား များရှိနေသည်။

ဖတပလ အတွင်းတွင် တပ်မတော်၊ ကွန်မြူနစ် ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့သည် အတူတကွ ပါဝင်ဆောင်ရွက်နေကြသည်။ သို့သော်လည်း အယူ အဆမှာကွဲပြားလျက်ရှိသည်။ တပ်မတော်နှင့် ပြည်သူ့ အရေးတော်ပုံပါတီသည် လိုအပ်ပါက နယ်ချဲ့တော်လှန် ရေးကို ထပ်မံဆင်နွှဲရန် အသင့်ပြင်ထားကြသော်လည်း ကွန်မြူနစ်ပါတီက လက်နက်စွန့်ရန်သာ တွန်းအားပေး နေသည်။ နိုင်ငံရေးအရ ဆောင်ရွက်ရာတွင်လည်း နယ်ချဲ့ကို အလျှော့ပေးဆက်ဆံရေးကိုသာ ကျင့်သုံး ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖတပလ ခေါင်းဆောင်များနှင့် တိုင်ပင်၍ နိုင်ငံ့လွတ်လပ်ရေး အတွက် ဖတပလ အဖွဲ့ကြီးကို အတိအလင်းထူထောင် ပြီး နိုင်ငံရေးအရ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ရသည်။ ထို့ကြောင့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ် ရေးအဖွဲ့ချုပ်ကို အမှတ်(၈) ချာချီလမ်း(ယခု ကိုယ့်မင်း ကိုယ့်ချင်းလမ်း)တွင် ဌာနချုပ်ဖွင့်လှစ်၍ အတိအလင်း ထူထောင်လိုက်ကြသည်။ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် အမေရိကန် လေတပ်သည် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်သို့ အဏုမြူဗုံးတစ်လုံးကြဲချလိုက်ရာ လူသူမြောက်မြားစွာ သေကျေပျက်စီးပြီး တစ်မြို့လုံးလည်း ပြာပုံဘဝသို့ ရောက်သွားရသည်။ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက် တွင် အမေရိကန်တို့က နောက်ထပ် အဏုမြူဗုံးတစ်လုံး ကို နာဂါဆာကီမြို့ပေါ်သို့ ထပ်မံကြဲချလိုက်ပြန်သည်။ ထိုနေ့မှာပင် ဆိုဗီယက်ယူနီယံကလည်း ဂျပန်နိုင်ငံကို စစ်ကြေညာပြီး ဂျပန်တပ်များသိမ်းပိုက်ထားသည့် မန်ချူးရီးယားနှင့် ကိုရီးယားကျွန်းဆွယ်ကို စစ်ဆင် တိုက်ခိုက်တော့သည်။ ဂျပန်တပ်များသည် မိမိသိမ်း ပိုက်ခဲ့သော အာရှနှင့် ပစိဖိတ်နယ်မြေများမှ ဆုတ်ခွာ ပေးခဲ့ရပြီးဖြစ်သည့်အပြင် မဟာမိတ်များက ဂျပန် ကျွန်းကြီးကိုပင် ကမ်းတက်တိုက်ခိုက်နေပြီ ဖြစ်သည်။ စစ်ရေးအခြေအနေမလှတော့သော ဂျပန်နိုင်ငံသည် ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် မဟာမိတ်တပ် များအား လက်နက်ချလိုက်ရတော့သည်။ မြန်မာနိုင်ငံ တွင်လည်း ဂျပန်တပ်များလက်နက်ချပြီးနောက် မြန်မာ နိုင်ငံသည် အင်္ဂလိပ်အစိုးရ၏လက်အောက်သို့ ပြန်လည် ရောက်ရှိသွားရတော့၏။ ဖတပလအဖွဲ့ချုပ်သည် နိုင်ငံ၏အနာဂတ်အရေး အတွက် အစည်းအဝေးတစ်ရပ်ကို ၁၉၄၅ ခုနှစ်၊ ဩဂုတ် လ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။ အစည်း အဝေးသို့ ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်များ တက်ရောက် ခဲ့ပြီး ဖတပလကိုယ်စားလှယ်များပါဝင်သည့် လူထု အစည်းအဝေးကြီးတစ်ရပ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြ သည်။ တစ်ပြည်လုံးရှိ ဖတပလ ကိုယ်စားလှယ်များ သည် ရန်ကုန်မြို့သို့ စုဝေးရောက်ရှိလာကြသည်။ ထို့နောက် ဩဂုတ်လ ၁၉ ရက်တွင် ကန်တော်ကြီး စောင်း၌တည်ရှိသော နေသူရိန်ဇာတ်ရုံကြီးသို့ ဖတပလ ကိုယ်စားလှယ်များနှင့် ပြည်သူအများရောက်ရှိလာပြီး ညီလာခံကျင်းပကြသည်။ ယင်းညီလာခံကို နေသူရိန် ညီလာခံဟုခေါ်တွင်ပြီး ပြည်သူလူထုတစ်သိန်းကျော် တက်ရောက်ခဲ့သည်။ နေသူရိန်ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး မိန့်ခွန်းပြောရာ 'မျိုးချစ်ပုဂ္ဂိုလ်အားလုံး၊ အမျိုးသားစိတ်ရှိသည့် နိုင်ငံရေးပါတီအားလုံးတို့အား ဖဆပလနှင့် ပူးပေါင်း ပြီး နိုင်ငံလွတ်လပ်ရေးဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ သည်။' နေသူရိန်ညီလာခံတွင် ဖတပလကို 'ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်' (ဖဆပလ) ဟု အမည်ပြောင်းလိုက်ကြသည်။ မြန်မာ နိုင်ငံ လွတ်လပ်ရေးအတွက်လည်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ရာကွန်မြူနစ်များအပါအဝင် ကိုယ်စားလှယ် အားလုံးက တညီတညွတ်တည်း ထောက်ခံအတည်ပြု ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် နေသူရိန်ညီလာခံတွင် ဖက်ဆစ်ဂျပန်အား ဖတပလအဖွဲ့နှင့် တပ်မတော်တို့ တော်လှန်တိုက်ခိုက်ခဲ့ကြပုံကို အသေးစိတ် ရှင်းပြသွား သည်။

အထွေထွေအတွင်းရေးမှူး သခင်သန်းထွန်းက 'ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လွတ်လပ်သောဗမာပြည်' အမည်ရှိ စာတမ်းကို ဆက်လက်ဖတ်ကြားသည်။ ထို စာတမ်းမှာ ဖဆပလ၏ သဘောထားကြေညာချက် ဖြစ်သည်။ အဆို အမှတ်(၁)အဖြစ် ဗမာ့တပ်မတော် အဆိုကို ဒီးဒုတ်ဦးဘချိုက တင်သွင်းပြီး ဦးအေး (ဝန်ကြီးဟောင်း ဦးအေး)က ထောက်ခံသည်။ ကရင် ခေါင်းဆောင် မန်းဘခိုင်ကလည်း တပ်မတော်ကို ကျေးဇူးရှင်အဖြစ် ထောက်ခံခဲ့သည်။ ထို့နောက် အဆို အမှတ်(၂)အဖြစ် ဦးဘဖေက တိုင်းပြုပြည်ပြု လွှတ်တော်အဆိုကို တင်သွင်းသည်။ ဦးကျော်ငြိမ်းက ထောက်ခံသည်။ ထို့နောက် ဗမာ့တပ်မတော် တိုင်း အမှတ်(၄)၏ တိုင်းမှူးဖြစ်သူ ဗိုလ်မှူးကျော်ဇောက အဆိုအမှတ်(၃)ဖြစ်သော တစ်နိုင်ငံလုံးညီညွတ်ရေးကို တင်သွင်းရာ ပျော်ဘွယ်ဦးမြက ထောက်ခံသည်။ တိုင်းအမှတ်(၆) တိုင်းမှူးဖြစ်သူ ဗိုလ်မှူးရဲထွဋ်ကလည်း ထောက်ခံသည်။ အဆိုသုံးရပ်စလုံးကို တက်ရောက်လာသူ လူထု ကြီးက ကန့်ကွက်သူမရှိဘဲ တစ်ခဲနက် ထောက်ခံခဲ့ကြ သည်။ ထို့နောက် သခင်သန်းထွန်းက အဖွဲ့ချုပ် စည်းမျဉ်းယာယီဥပဒေကို ဖတ်ကြားကြေညာသည်။ ဗဟိုဦးစီးအဖွဲ့ကိုလည်း ထပ်မံဖြည့်စွက်၍ ဖွဲ့စည်း လိုက်သည်။

လက်ရှိဦးစီးအဖွဲ့ဝင်များ[ပြင်​ဆင်​ရန်​]

(၁) ဗိုလ်ချုပ်အောင်ဆန်း

(၂) ဗိုလ်မှူးကြီးလကျာ်

(၃) ဗိုလ်မှူးကြီးနေဝင်း

(၄) သခင်သန်းထွန်း

(၅) သခင်မြသွင်

(၆) သခင်ဗဟိန်း

(၇) ဦးသိန်းဖေ

(၈) ဦးဘဆွေ

(၉) ဦးကျော်ငြိမ်း

(၁ဝ) သခင်ချစ်

(၁၁) သခင်ဝတင်

(၁၂) ဦးဘချို

(၁၃) ဦးချစ်မောင်

(၁၄) ဦးမြ

(၁၅) ဦးဘအုန်း

(၁၆) ဦးအေး

(၁၇) ဦးအောင်ဇံဝေ

(၁၈) ဦးဘိုးမြ (ကဿက)

(၁၉) ဦးကျော်ရင်

(၂ဝ) ဦးဘဂျမ်း

(၂၁) စောဘဦးကြီး

ထပ်မံဖြည့်စွက်သည့် ဦးစီးအဖွဲ့ဝင်များ[ပြင်​ဆင်​ရန်​]

(၁) ဦးဘဖေ

(၂) ဦးသိမ်းမောင်

(၃) ဦးပု

(၄) ဦးဆက်

(၅) ဦးမြ (ပျော်ဘွယ်)

(၆) ဦးဘဝင်း

(၇) ဦးတင်

(၈) သရာသာထို

(၉) ဦးဘခိုင်

(၁ဝ) သခင်လေးမောင်

(၁၁) သခင်ညီ

(၁၂) မစ္စတာရာမန်

(၁၃) မစ္စတာရာရှစ် (ဦးဘတင်)

(၁၄) ဦးကြင်မှိန်

(၁၅) ဦးမျိုးရှု

ဖဆပလ အဖွဲ့ကြီးသည် နိုင်ငံရေးဂိုဏ်းပေါင်းစုံ စုဝေးပါဝင်သော အဖွဲ့ချုပ်ကြီးဖြစ်လာသည်။ ဖဆပလ ၏ နေသူရိန်ညီလာခံကြီးသည် ဗြိတိသျှနယ်ချဲ့များ အား များစွာ

တုန်လှုပ်ချောက်ချားစေခဲ့သော ညီလာခံ တစ်ရပ် ဖြစ်ခဲ့လေသည်။

ပြည်သူ့လွတ်လပ်ရေး(ဆိုရှယ်လစ်)ပါတီ[ပြင်​ဆင်​ရန်​]

ဖဆပလ အဖွဲ့ကြီးတွင် တပ်မတော်၊ ကွန်မြူနစ် ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့သာမကဘဲ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းအချို့သည်လည်း

ဗိုလ်ချုပ်အောင်ဆန်း၏ ဖိတ်ခေါ်ချက်အရ ပါဝင် ဆောင်ရွက်ကြလေသည်။ ပြည်သူ့အရေးတော်ပုံပါတီ မှာ ကွန်မြူနစ်များနှင့် ပူးပေါင်း၍ တစ်ပါတီတည်း ဖြစ်ရန်

ကြိုးစားခဲ့သေးသော်လည်း မအောင်မြင်နိုင် တော့ပေ။ ထို့ကြောင့် ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ အတွင်းတွင် သခင်မြ၊ ဦးဘဆွေနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်၍

ကွန်မြူနစ်ပါတီနှင့် စင်ပြိုင်ပါတီ တစ်ရပ်ကို ထူထောင်လိုက်ကြသည်။ ပြည်သူ့အရေး တော်ပုံပါတီဝင်များက ယင်းတို့၏ပါတီကို ပြည်သူ့ လွတ်လပ်ရေး(ဆိုရှယ်လစ်)

ပါတီဟု အမည်ပေးကြ သည်။ နယ်များတွင်လည်း ပါတီခွဲများထူထောင်ရန် ညွန်ကြားချက်ထုတ်ပြန်လိုက်သည်။ ဖျာပုံမြို့နယ်လုံး ဆိုင်ရာ ပြည်သူ့လွတ်လပ်ရေး

(ဆိုရှယ်လစ်)ပါတီကို ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်တွင် တည် ထောင်ဖွဲ့စည်းရာ ပါတီဌာနချုပ်၏ ထုတ်ပြန်ချက် စာတမ်းကို အောက်ပါအတိုင်း

ဖော်ပြထားသည်။

ပြည်သူ့လွတ်လပ်ရေး(ဆိုရှယ်လစ်)ပါတီ၏ထုတ်ပြန်ချက်စာတမ်း[ပြင်​ဆင်​ရန်​]

ဗမာ့တော်လှန်ရေးပါတီ ဟူ၍လည်းကောင်း၊ ပြည်သူ့အရေးတော်ပုံပါတီဟူ၍လည်းကောင်း နယ်ချဲ့ စနစ်နှင့် ဖက်ဆစ်ဝါဒကို လျှို့ဝှက်ရေးပါတီအဖြစ်ဖြင့်

တော်လှန်ခဲ့သော ငါတို့၏ ပါတီကို ယခုအခါ တိတ်တိတ်ပုန်းလုပ်ငန်းများ တစ်စခန်းရပ်၍ အတိ အလင်းလုပ်ငန်းများဖြင့် ပြည်သူတို့အကျိုးကို မားမား မတ်မတ်

ရှေ့ဆောင်ရန် အချိန်ရောက်ပြီဟု ယုံကြည် သည့်အတိုင်း ပြည်သူ့လွတ်လပ်ရေး ဆိုရှယ်လစ်ပါတီ ဟူ၍ အမည်ပြောင်းပြီး ဗြောင်ထူထောင်သော ပါတီ အသွင်သို့

ပြောင်းလိုက်လေပြီ။

ငါတို့ ဗမာတိုင်းရင်းသားတို့၏ ဘိုးဘပိုင်ပစ္စည်း ဖြစ်သော ဗမာပြည်ကြီးကို ပြန်ပိုင်ရေးနှင့် ဗမာ တိုင်းရင်းသားတိုင်း မိမိတို့ ကောင်းကျိုးဆိုးကျိုးကို မိမိဘာသာ

ဖန်တီးနိုင်ခွင့်ရရေးတို့အတွက် ကျောင်း သားခေါင်းဆောင်များ၊ သခင်များ၊ ကျောင်းဆရာများ၊ မျိုးချစ်ပုဂ္ဂိုလ်များထဲမှ လက်ရွေးစင်များကို ရွေးချယ် ၍ ၁၉၃၉

ခုနှစ်ကပင် စတင်၍ လျှို့ဝှက်ရေးပါတီ တစ်ခုအဖြစ်ဖြင့် တည်ထောင်ခဲ့သည်။ အဂင်္လိပ်နယ်ချဲ့ စနစ်ကိုလည်း ငါတို့ တော်လှန်ခဲ့သည်။ ဖက်ဆစ်ဂျပန် များ

ဗမာပြည်တွင် အခြေစိုက် အမြစ်မတွယ်နိုင် အောင် လျှို့ဝှက်ရေးလုပ်ငန်းများဖြင့် ငါတို့ပင် တိုက်ခဲ့ကြသည်။ နောက်ဆုံး ကွန်မြူနစ်ပါတီ၊ ဗမာ့ တပ်မတော်နှင့် ငါတို့

ပါတီစုံဖွဲ့ပေါင်းပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကိုဖွဲ့စည်း ၍ ဂျပန်ကို အတိအလင်း ပုန်ကန်သောအခါ ငါတို့ ပါတီဝင်များသည်

စစ်တပ်အတွင်းမှ တိုက်သူတိုက်၊ စစ်တပ်အပြင်မှ ပြောက်ကျားရဲခေါင်များအဖြစ်ဖြင့် တိုက်သူတိုက်ခဲ့ကြသည်။ ငါတို့ရဲဘော်များသည် စစ်မြေပြင်၌လည်းကောင်း၊

ဂျပန်ကင်ပေတိုင်လက်ချက် ဖြင့်လည်းကောင်း အမြောက်အမြား သေကျေခဲ့ကြရ ပေသည်။

သို့သော် ယခုအခါ ကမ္ဘာ့အခြေအနေ ပြောင်းလဲ ခဲ့လေသည်။ ကမ္ဘာတစ်ခုလုံး လူထုအာဏာ လွှမ်းမိုးစ ပြုလာလေပြီ။ ထာဝစဉ်ငြိမ်းချမ်းရေးအတွက် ရှာကြံ

လျက်ရှိလေပြီ။ ၁၉၃၉ ခုနှစ် အင်္ဂလိပ်သည် ၁၉၄၅ ခုနှစ် အင်္ဂလိပ် မဟုတ်တော့။ လောလောဆယ် ဗမာ ပြည် နိုင်ငံရေးထူထောင်ရေးတို့အတွက် အရေးတကြီး

အလိုရှိအပ်သော ပါတီပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ၊ ခေါင်းဆောင်ပေါင်းစုံတို့ပါဝင်သော ညီညွတ်ရေး တပ်ဦးဂ ကိုလည်း ငါတို့လိုလားသည့်အတိုင်း လုံးပန်း၍

အောင်မြင်ခဲ့လေပြီ။ ထို့ကြောင့် အခြေအနေပြောင်းလဲ သည့်အလျောက် ငါတို့၏နည်းနှင့် ပရိယာယ်ကို အပြန် အလှန် အကျိုးနှင့်အကြောင်းဝေဖန်သောနည်းအရ

ထိုးထွင်းဖန်တီးရမည်။ လျှို့ဝှက်လုပ်ကြံရေး၊ လက်နက် ကိုင်အန်တုရေး၊ အကြမ်းဖက်ပုန်ကန်ရေးတို့ကို လုံးဝ စွန့်ပယ်ရမည်။

ငြိမ်းချမ်းရေးကို ရှာနေသော ကမ္ဘာကြီးတွင် အကြမ်းမဖက်သော နိုင်ငံရေးနည်းများဖြင့် ငါတို့၏ လွတ်လပ်ရေးကို ရှာကြံရမည်။ လူထုအာဏာ လွှမ်းမိုး သော

ကမ္ဘာကြီးတွင် လူထုတိုက်ပွဲဖြင့် အောင်ပွဲယူကြ ရမည်။ လျှို့ဝှက်သောလုပ်ငန်းများမှ အတိအလင်း လုပ်ငန်းများသို့ ပြောင်း၍ ဗြောင်လုပ်ရမည်။

ထို့ကြောင့် ငါတို့ပါတီကို လျှို့ဝှက်ရေးပါတီအဖြစ် မှ အတိအလင်းလုပ်ငန်းများကို လုပ်ဆောင်ရန် ဗြောင် ထူထောင်သောပါတီအဖြစ်သို့ ပြောင်းလိုက်ခြင်းဖြစ် သည်။

ငါတို့၏ရည်ရွယ်ချက်

ငါတို့၏ ရည်ရွယ်ချက်မှာ -

(၁) ထာဝရငြိမ်းချမ်းရေး။ ။ ဗမာပြည်နှင့်တကွ ကမ္ဘာကြီးမှ အဓမ္မစနစ်၊ နိုင်ရာစားဝါဒကြီး ကွယ်ပျောက်၍ သာတူညီမျှ ကမ္ဘာ့ဒီမို ကရေစီ ညွန့်ပေါင်း

အိမ်ထောင်ကြီး တည်ထောင်ရေး။

(၂) တိုင်းပြည်လွတ်လပ်ရေး။ ။ ဗမာပြည်သည် ဗမာ့တိုင်းရင်းသားတို့၏ ဘိုးဘပိုင်ပစ္စည်း ဖြစ်သည့်အတိုင်း ဗမာတိုင်းရင်းသားများ ပြန်ပိုင်ရေး။

(၃) လူမျိုးလွတ်လပ်ရေး။ ။ ဗမာတိုင်းရင်းသား တို့သည် မိမိတို့၏ကောင်းကျိုးဆိုးကျိုးကို မိမိ တို့ကိုယ်တိုင် ဖန်တီးနိုင်ခွင့်ရရှိရေး။

(၄) ပြည်သူ့လွတ်လပ်ရေး။ ။ ပြည်သူတိုင်း မိမိ တို့ရသင့်ရထိုက်သော ပြည်သူ့အာဏာရရှိ၍ အခွင့်အရေးကျပ်ပြည့်ခံစားခွင့် ရရှိရေး။

ငါတို့၏ဝါဒ

ငါတို့၏ဝါဒမှာ လောကဓာတ်ပညာဖြင့် ခိုင်လုံ၍ သဘာဝကျသော (ဆိုရှယ်လစ်ဝါဒ) (Socialism) ဖြစ်သည်။ ထိုဝါဒကို ငါတို့သည် ကမ္ဘာ့အခြေအနေ၊ ဗမာ့အခြေအနေနှင့် လျော်ညီအောင် ကျင့်သုံးသွား မည်။ ငါတို့သည် အပြန်အလှန် အကျိုးနှင့် အကြောင်း ဝေဖန်သော နည်းအရ အချိန်အခါနှင့် ဒေသ အလျောက် နည်းနှင့် ပရိယာယ်ကို ထိုးထွင်းဖန်တီး သွားမည့် ထိုးထွင်းဖန်တီးရေးသမားများ ဖြစ်ကြသည်။ငါတို့သည် တိုးတက်ရေးအစဉ်နှင့် ပြုပြင်ပြောင်းလဲမှု ကို ယုံကြည်သူများ ဖြစ်ကြသည်။ ငါတို့ ပါတီဝင်များ ၏ လက်သုံးစကားများမှာ ငါမှန်လျှင် လိုက်လော့၊ ငါ မှားလျှင် ကြိုပြင်လော့ဆိုသောစကားပင် ဖြစ်သည်။ ဤစကားအတိုင်း ငါတို့ကျင့်သုံးမည်ဖြစ်၍ ငါတို့အား စေတနာဖြင့် ဝေဖန်ခြင်း၊ ပြင်ဆင်ခြင်းကို ငါတို့သည် အမြဲလက်ခံသည်။

ငါတို့ကား အသက်နှင့် စည်းစိမ်ကို စွန့်လှူ၍ တို့တိုင်းပြည်အား ပူဇော်ခဲ့သူများဖြစ်သည်။ နယ်ချဲ့ စနစ် ညှဉ်းပန်းမှု၊ ဖက်ဆစ်ဓားပြတို့၏ ရက်စက် ကြမ်းကြုတ်မှုတို့ဖြင့် နပန်းလုံးခဲ့သူများ ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေး၊ လူမျိုးလွတ်လပ်ရေးတို့ အတွက် ငါတို့၏ အသက်ပေါင်းများစွာ ကျဆုံးခဲ့၏။ သို့သော် ငါတို့ကား မတုန်လှုပ်၊ လျှို့ဝှက်လုပ်ကိုင်ရ မည့်အချိန်တွင် လျှို့ဝှက်ပါတီအဖြစ်ဖြင့် ဘယ်လောက် ကြီးလေးသော အန္တရာယ်ပင်ဖြစ်စေ ငါတို့ မတွန့် မဆုတ်ခဲ့လေပြီ။ ငါတို့သည် မိမိတို့အလုပ်နှင့်ပတ်သက် ၍ တစ်ဆိတ်ကို တစ်အိတ်လုပ်သူများမဟုတ်။ ငါတို့၏ စေတနာ၊ ငါတို့၏သဘောထားကို အလုပ်ဖြင့် ပြသူ တို့သာဖြစ်သည်။ ထို့ကြောင့် ဗမာပြည်အနှံ့အပြား ဖွဲ့စည်းပြီး ရှိနေကြသော ငါတို့ပါတီဝင်များကို အတိအလင်း လုပ်ငန်းများဖြင့် ပြည်သူတို့အကျိုးကို မားမားမတ်မတ် ရှေ့ဆောင်၍ တိုးတက်ရေး အစဉ်အတိုင်း ချီတက် ကြရန် ငါတို့ ဆင့်ဆိုသည်။ အယူသီးမှုကို စွန့်ပယ်ရန် ဆိုရှယ်လစ်ဝါဒကို ကာလဒေသနှင့်လျော်ညီအောင် ထိုးထွင်းဖန်တီးလိုသော လက်ဝဲဂိုဏ်းသားများအား ငါတို့ ဖိတ်ခေါ်သည်။ ငါတို့နှင့် စုရုံးကြလော့။ ငါတို့ သည် တိုးတက်ရေး အစဉ်အတိုင်း ထိုးထွင်းဖန်တီး၍ ချီတက်ကုန်အံ့။ လောလောဆယ် ဗမာပြည် နိုင်ငံရေး ထူထောင်ရေးတွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖြင့် အဖွဲ့ချုပ်၏ ရှေ့ဆောင်ချက်အတိုင်း တစ်သဝေ မတိမ်း ကြိုးပမ်းကြကုန်အံ့။

ပြည်သူ့လွတ်လပ်ရေး (ဆိုရှယ်လစ်) ပါတီ၏ ထုတ်ပြန်ချက်စာတမ်းမှာ ယင်းပါတီ၏ မူဝါဒသဘော တရားနှင့် ရှေ့လုပ်ငန်းစဉ်များပင် ဖြစ်သည်။ ယင်း ပါတီဝင်တို့သည် လောကဓာတ်ပညာဖြင့် ခိုင်လုံ၍ သဘာဝကျသော ဆိုရှယ်လစ်ဝါဒကို လက်ခံသည်။ အဆိုပါ ဝါဒမှာ သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒ (Scientific Socialism ) (ခေါ်) မာ့ခ်စ်ဝါဒ(Marxism) ပင် ဖြစ်သည်။ သို့သော် ဆိုရှယ်လစ်များသည် ကွန်မြူနစ် တို့ကဲ့သို့ ပုံတူကူးခြင်းကို ရှောင်ရှားထားပြီး မြန်မာ နိုင်ငံ၏ လက်ရှိအခြေအနေနှင့် လျော်ညီအောင် ကျင့်သုံးမည်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုစေ ဖဆပလ အဖွဲ့ထဲတွင် တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ဆိုရှယ်လစ်ပါတီတို့ မှာ အင်အားအကောင်းဆုံးအဖွဲ့ကြီးများ ဖြစ်သည်။ တပ်မတော်ခေါင်းဆောင်များအတွင်းတွင်လည်း ဆိုရှယ် လစ်ပါတီဝင်များရော ကွန်မြူနစ်ပါတီဝင်များပါရှိနေကြ သည်။ ဖဆပလအဖွဲ့ကြီး၌ ဆိုရှယ်လစ်၊ ကွန်မြူနစ်တို့ ကဲ့သို့ လက်ဝဲဝါဒီ(Liftist)များ ပါဝင်သကဲ့သို့ (၁) မျိုးချစ် အဖွဲ့၊ (၂) ရခိုင်အမျိုးသမီး၊ အမျိုးသား အစည်းအရုံး၊ (၃) ဗဟိုကရင်အဖွဲ့ချုပ် စသောအဖွဲ့များလည်းပါဝင်၍ လွတ်လပ်ရေးကိုကြိုးပမ်းခဲ့ကြသည်။

ကန္ဒီစာချုပ်[ပြင်​ဆင်​ရန်​]

ဖဆပလအဖွဲ့ကြီးသည် နေသူရိန်ညီလာခံကြီး၌ ဗမာ့တပ်မတော်အဆိုကို တညီတညွတ်တည်း ဆုံးဖြတ် ခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုလမ်းကြောင်းတွင် တပ်မတော်၏အရေးမှာ အရေးတကြီးဖြစ်၍လာသည်။ ဖက်ဆစ်တော်လှန်ရေးကို အဓိကအခန်းမှ ပါဝင်ဆင်နွှဲ ခဲ့သော ဗမာ့တပ်မတော်၊ ပြောက်ကျားတပ်များ၊ အခြားလက်နက်ကိုင်တပ်များမှာ အင်္ဂလိပ်ပြန်ဝင်လာ သောအခါတွင် ဖျက်သိမ်းခံရမည့်ကိန်းနှင့် ကြုံကြိုက် နေသည်။ ထို့ကြောင့် နေသူရိန်ညီလာခံသည် ဗမာ့ တပ်မတော်အဆိုကို အတည်ပြု ဆုံးဖြတ်ရခြင်း ဖြစ်သည်။ ယင်းအဆိုမှာ မျိုးချစ်ဗမာ့တပ်မတော်နှင့် ပြောက်ကျားတပ်များအား အမြဲတမ်း စစ်တပ်အဖြစ် ထားရန် ဆုံးဖြတ်ခြင်းပင် ဖြစ်သည်။

နေသူရိန်ညီလာခံဆုံးဖြတ်ချက်အား ဆွေးနွေးရန် မဟာမိတ်စစ်ဌာနချုပ်မှ လော့လူဝီ မောင့်ဘက်တန် သည် ဖဆပလကိုယ်စားလှယ်များအား ဖိတ်ကြားလိုက် သည်။ ဖဆပလအဖွဲ့ကြီးက သီဟိုဠ်နိုင်ငံ၊ ကန္ဒီမြို့ရှိ မဟာမိတ်စစ်ဌာနချုပ်သို့ သွားရောက်ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်သည်။ ယင်းကိုယ်စားလှယ်အဖွဲ့မှာ အောက်ပါအတိုင်းဖြစ်သည် -

(၁) ဗိုလ်ချုပ်အောင်ဆန်း

(၂) ဦးဘဖေ (ဘကြီးဘဘေ၊ ကွယ်လွန်)

(၃) စောဘဦးကြီး(တောခို၊ ကေအင်(န်)ယူ၊ အသေမိ)

(၄) ဦးညိုထွန်း (အငြိမ်းစား သံအမတ်ကြီး)

(၅) ဗိုလ်လကျာ် (တောခို၊ ပြည်ပြေး၊ သေဆုံး)

(၆) ဗိုလ်နေဝင်း(လမ်းစဉ်ပါတီ ဥက္ကဌဟောင်း)

(၇) ဗိုလ်ဇေယျ (တောခို၊ ဗကပ၊ အသေမိ)

(၈) ဗိုလ်ဇော်မင်း(ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်ကျော်ဝင်း)

(၉) ဗိုလ်ကျော်ဇော (ဗိုလ်မှူးချုပ်ဟောင်း၊ တောခို)

(၁ဝ) ဗိုလ်မောင်မောင် (ဗိုလ်မှူးချုပ်ဟောင်း)

(၁၁) သခင်သန်းထွန်း(ဗကပ ဥက္ကဌ သေဆုံး) တို့ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာကြသည်။ ထိုအချိန် က

ကိုသိန်းဖေသည် အိန္ဒိယပြည်တွင်ရှိနေသေးရာ ကိုယ်စားလှယ်အဖွဲ့သည် ကိုသိန်းဖေနှင့်လည်း ဝင် ရောက်ဆွေးနွေးခဲ့ကြသည်။ ကိုသိန်းဖေက စစ်အတွင်း ခရီးသည်

စာအုပ်တွင် အောက်ပါအတိုင်း ရေးသား ထားသည် -

ဗိုလ်ချုပ်အောင်ဆန်း စစ်ထဲမှာ ဆက်လက် အမှုထမ်းရေးနှင့် နိုင်ငံရေးဝင်ရေးပြဿနာကို ကျွန်တော်တို့သည် အမြင်နှစ်မျိုးဖြင့် ဆွေးနွေး ကြသည်။

တစ်မျိုးမှာ ရှေ့အဖို့ နိုင်ငံရေးတိုက်ပွဲ က ပိုအရေးကြီးတော့မည်။ နိုင်ငံရေးအင်အားစု အမျိုးမျိုးကို စုစည်းနိုင်သောခေါင်းဆောင် လိုနေ သည်။ ထိုနေရာနှင့်

ဗိုလ်အောင်ဆန်း သင့်လျော် သည်။ အခြားတစ်မျိုးမှာ နိုင်ငံရေးတိုက်ပွဲက ပို အရေးကြီးသည်ဆိုသောအချက်ကိုမငြင်း။ သို့သော် စစ်ရေးအခန်းမှာလည်း

မသေးဟုဆိုသည်။ ဗိုလ်အောင်ဆန်းမှာ နိုင်ငံရေးခေါင်းဆောင်အနေ နှင့် အရည်အချင်းမပြည့်၊ ဆက်ဆံမှုညံ့သည်။ ပရိယာယ်မတတ်။ ဗိုလ်အောင်ဆန်းသည် စစ်

ဗိုလ်ချုပ်အဖြစ်ဖြင့် ပို၍အသုံးဝင်မည်။ ပထမ အမြင်နှင့်ဆိုက စစ်ဘက်တွင် အခြား ထမ်းရွက် သူများရှိသည်။ နိုင်ငံရေးဘက်တွင် အင်အားစု အမျိုးမျိုး စုစည်းရန်နှင့်

အမျိုးသားညီညွတ်ရေး တည်ဆောက်ရန်တာဝန်ကို ဗိုလ်အောင်ဆန်း သာလျှင် အကျေပွန်ဆုံးထမ်းရွက်နိုင်မည်ဟု ဖြေရှင်းကြလေသည်။

ကွန်မြူနစ်များသည် နိုင်ငံရေးဘက်တွင် ခေါင်း ဆောင်မှုကို များစွာတပ်မက်နေကြပြီးဖြစ်သည်။ သခင် သန်းထွန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ခေါင်းဆောင်မှု နှင့်

ပတ်သက်ပြီး မြုံနေသော်လည်း ဂိုရှယ် က ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးသို့ မဝင်ထိုက်။ စစ်ဘက် မှာသာ ခေါင်းဆောင်ထိုက်သည်ဟု ဆိုသည်။ ဗိုလ် လကျာ်က

ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးတိုက်ပွဲ၊ အမျိုးသားစည်းရုံးရေးတိုက်ပွဲအတွက် နိုင်ငံရေးသို့ မဝင်၍ မဖြစ်ဟု ဆိုသည်။ တပ်မတော်တွင် အခြားသူ များရှိကြောင်း

ဆိုသည်။ ကိုသိန်းဖေက ဗိုလ်လကျာ် ကို ထောက်ခံလိုက်သည်။ ထို့နောက် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်ကလည်း စစ်တပ်မှထွက်ပြီး နိုင်ငံရေးဘက်တွင်

ဦးဆောင်မှုပေးမည်ဟု ပြောလာ သည်။

၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နှင့် ၇ ရက် များတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်ပါ အချက်များကို မောင့်ဘက်တန်နှင့် ဆွေးနွေးသဘော တူပြီး

ကန္ဒီစာချုပ်၃ ကို ချုပ်ဆိုကြသည်။

(၁) ဗမာ့တပ်မတော်ကို တကွဲတပြားစီ ဖျက် သိမ်း၍ တစ်ဦးစီ စစ်တပ်အတွင်းသို့ သိမ်း သွင်းမည့် မူလစနစ်ကို ဆိုင်းခဲ့ရသည်။

(၂) ဗမာ့တပ်မတော်အား မြန်မာပြည် စစ်တပ် အတွင်းသို့ ပူးပေါင်းလိုက်သည်။

(၃) ဗမာ့တပ်မတော်အတွင်း၌ ဆက်လက်နေ လိုသူ ကျန်းမာရေးနှင့် ပြည့်စုံသည့် တပ်သား ၅၂ဝဝ နှင့် အရန် ၃ဝဝဝ ကို လက်ခံသည်။

(၄) တပ်မတော် ဗိုလ် ၂ဝဝ နှင့် အရန်ဗိုလ် ၂ဝဝ ကို လက်ခံသည်။

(၅) တပ်မတော်သားများစုံစမ်းရေးကို မဟာမိတ် ကိုယ်စားလှယ်၊ တပ်မတော်ကိုယ်စားလှယ် တို့ ပူးတွဲအဖွဲ့ဖွဲ့ကာ ဆောင်ရွက်စေခဲ့သည်။

(၆) တပ်မတော်သားများသည် လစာ၊ ခွင့်ရက်၊ ဆေးဝါးကုသခြင်းစသော ရသင့်ရထိုက် သည့် အခွင့်အရေးများကို ရခဲ့သည်။

မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ်ရာထူးဖြင့် တပ်မတော်တွင် ဆက်လက် လုပ်ကိုင်ရန် ကမ်းလှမ်းလိုက်သည်။ သို့သော် ဗိုလ်ချုပ် အောင်ဆန်းက

ငြင်းပယ်လိုက်သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးဘက်တွင် လုံးဝ ဦးဆောင်မှုပေးရန်အတွက် တပ်မတော်မှ နုတ်ထွက် လိုက်ရသည်။

တပ်မတော်တစ်ရပ်လုံးမှာလည်း နိုင်ငံရေး နှင့် မပတ်သက်စေရန်အတွက် ဖဆပလအဖွဲ့ကြီးမှ နုတ်ထွက်လိုက်ရသည်။ ကန္ဒီစာချုပ်ကို လက်မှတ်ရေး ထိုးသူများတွင်

ကရင်ခေါင်းဆောင် စောဘဦးကြီး လည်း ပါသည်။ စောဘဦးကြီး၏ဆန္ဒနှင့် ပတ်သက်၍ ဒေါက်တာမောင်မောင်က မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်းစာအုပ်

စာမျက်နှာ ၂၅၆ တွင် အောက်ပါအတိုင်း ရေးသားထားသည် -

'ဦးဘဘေက သတင်းစာဆရာများအား မပြောခဲ့သည့်အချက် ရှိလေသည်။ ထိုအချက် သည် နိုင်ငံ၏အနာဂတ်အတွက် ကောင်းသော နိမိတ်မဟုတ်၊

ရင်လေးဖွယ်ရာသာ ဖြစ်၏။ အချင်းချင်း ရင်းရင်းနှီးနှီး ပြောဆိုကြရာများတွင် ဦးဘဘေက စောဘဦးကြီးအား ကရင်အမျိုးသား များ၏ လိုလားချက်ကို မေး၏။

ကရင်ပြည်နယ် ရရင် ကျေနပ်မှာလားမေးရာ စောဘဦးကြီးက ပြုံး၍ ဦးဘဘေ ကျွန်တော်တို့က ဒါလောက်နဲ့ မရဘူး၊ ဒီထက်ပိုပြီး လိုချင်တယ်ဟု ပြောလေ သည်။'

စာမျက်နှာ ၂၅၇ တွင်လည်း.....

'ဗိုလ်ချုပ်ကြီးနေဝင်းက ကန္ဒီဆွေးနွေးပွဲတွင် စောဘဦးကြီး မျက်စိလည်သွားခဲ့ရခြင်းကို ဤသို့ ပြောဖူးသည်။

ကွန်ဖရင့်စားပွဲတွင် တောင်ပေါ်လူထုသည် စစ်အတွင်းတစ်လျှောက်လုံး အဂင်္လိပ်ဘက်မှ တိုက်ခိုက်ခဲ့၍ ၎င်းတို့အား ကာကွယ်ရန် အင်္ဂလိပ် တွင်

တာဝန်ရှိသည်ဟူ၍ ပြောခဲ့သည်။ ထိုအခါ တွင် စောဘဦးကြီး မျက်စိလည်ပြီး ဟိုဘက် ပါ သွားခဲ့သည်။ ရန်ကုန်မှမထွက်ခွာမီ ကျွန်တော်တို့ ဆွေးနွေးကြသောအခါတွင်

အခြေအနေမှာ သိပ် ကောင်းပါသည်။ ဟိုရောက်၍ နှစ်ရက်၊ သုံးရက် ရှိမှ ဤသို့ဖြစ်ခြင်းဖြစ်ပါသည်ဟုဖော်ပြခဲ့သည်။'

ကန္ဒီစာချုပ်အရ တပ်မတော်ကို အသစ်ပြန်လည် ဖွဲ့စည်းသောအခါ တော်လှန်ရေးဆင်နွှဲခဲ့ကြသည့် ရဲဘော်အပေါင်းမှာ တပ်မတော်သို့ အားလုံးဝင်ခွင့်မရ ကြပေ။

ထို့ကြောင့် ဖဆပလအဖွဲ့ချုပ်၏ အစီအမံဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်း၍ တော်လှန်ရေးဆင်နွှဲခဲ့ကြသည့် လူငယ်၊ လူ ရွယ်များအား

နိုင်ငံရေးအရစုစည်းထားရလေသည်။'

ဆာပေါ်ထွန်းအစိုးရ[ပြင်​ဆင်​ရန်​]

၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် မြန်မာပြည်ရှိ ကက်(စ်)ဘီစစ်အုပ်ချုပ်ရေးကို တရားဝင် ရုပ်သိမ်းလိုက်သည်။ထိုနေ့တွင်ပင် ကလီယိုပတ်ထရား

သင်္ဘောဖြင့် ရန်ကုန်သို့ရောက်လာသော ဘုရင်ခံဆာ ဒေါ်မန်စမစ်က အုပ်ချုပ်ရေးကို လက်ခံလိုက်သည်။ ထို့နောက် မြန်မာနိုင်ငံစစ်အုပ်ချုပ်ရေးနှင့် ပတ်သက်၍

စက္ကူဖြူစာတမ်း ထွက်လာသည်။ သခင်စိုးက စက္ကူနီ စာတမ်းကို ရေးသားပြီး ပြက်ရယ်ပြု၍ ချေပသည်။ စက္ကူဖြူစာတမ်းမှာ မြန်မာနိုင်ငံအား အဆင့်ဆင့်

လွတ်လပ်ရေးပေးရေးသာ ဖြစ်သည်။ လွတ်လပ်ရေး ရလျှင်လည်း ဗြိတိသျှ ဓနသဟာယ နိုင်ငံရေးအဆင့် သာ ရရှိမည်ဖြစ်သည်။ ဖဆပလ အဖွဲ့သည် ဗိုလ်ချုပ်

အောင်ဆန်း၏ဦးဆောင်မှုဖြင့် လွတ်လပ်ရေးရရှိ အောင် နိုင်ငံရေးတိုက်ပွဲ ဝင်ရတော့သည်။

ဖဆပလ ခေါင်းဆောင်များသည် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလ ပထမပတ်ထဲတွင် ဘုရင်ခံ နှင့် ဆွေးနွေး၍ တောင်းဆိုချက်များကို တင်ပြကြသည်။

ဖဆပလ၏ တောင်းဆိုချက်မှာ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးဖြစ်သည်။ ဘုရင်ခံက မြန်မာများပါဝင်သည့် ကြားဖြတ်အစိုးရကို လက်ခံသော်လည်း ကောင်စီ ၁၄

နေရာရှိသည့်အနက် ၁၁ နေရာကို ဖဆပလအား ပေးရန် တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။ ခုနစ် နေရာသာ ပေးမည်ဟု သဘောတူသည်။ ပြည်ထဲရေး ဌာနကို

ဖဆပလ လက်ထဲ မအပ်နိုင်ဟုလည်း ဆိုသည်။ ကောင်စီလူကြီး အမည်စာရင်းတွင် ကိုသိန်းဖေ ပါဝင်နေရာ ကိုသိန်းဖေသည် အိန္ဒိယကွန်မြူနစ်များ နှင့်

အဆက်အသွယ်ရှိသူဖြစ်သဖြင့် ဘုရင်ခံက လက်မခံ။ ဖဆပလ၏တောင်းဆိုချက်ကို ဂရုမစိုက်ဘဲ အလိုတော်ရိများသာပါဝင်သည့် ဆာပေါ်ထွန်းအစိုးရ ကို

ဖွဲ့စည်းလိုက်သည်။ ထို့ကြောင့် ဖဆပလသည် နိုင်ငံရေးတိုက်ပွဲကို ဆက်လက် ဆင်နွှဲရပြန်သည်။

[၅]

ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲခြင်း[ပြင်​ဆင်​ရန်​]

သခင်စိုး၏ အစီရင်ခံစာ[ပြင်​ဆင်​ရန်​]

တစ်ပြည်လုံး ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဦးဆောင် စည်းရုံးမှုဖြင့် လွတ်လပ်ရေးအတွက် အုံကြွလှုပ်ရှားနေ ကြချိန်တွင် ကွန်မြူနစ်ပါတီမှာမူ ဂိုဏ်းဂဏပြဿနာ

များ ပေါ်ပေါက်နေသည်။ ဒုတိယအကြိမ် ပါတီကွန်ဂရက်တွင် ပါတီဝင်အဖြစ်မှ နှစ်နှစ်ရပ်စဲခြင်းခံရ သော သခင်စိုးသည် ပထမပိုင်းတွင် နိုင်ငံရေးမလုပ်

တော့ပါ ဟူ၍ ကြွေးကြော်ခဲ့သည်။ သို့သော် သခင်စိုး သည် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုပြဿနာတွင် ကိုသိန်းဖေနှင့် သခင်သန်းထွန်းက ဂိုဏ်းဖွဲ့၍

တိုက်ခိုက်သည်ဟု ယူဆထားသည်။ အိန္ဒိယရောက် ကိုသိန်းဖေ နှင့် မြန်မာပြည်မှ သခင်သန်းထွန်းတို့ ပူးပေါင်းပြီး သခင်စိုးကို ဖယ်ရှားသည်။ ခေါင်းဆောင်

နေရာ လုသည်ဟု သခင်စိုးကိုယ်တိုင်က ထင်မြင်ယူဆ နေသည်။ ကိုသိန်းဖေနှင့် သခင်သန်းထွန်း ကိုယ်တိုင် မှာမူ သခင်စိုးကို လုံးဝ ပစ်ပစ်ခါခါ

မလုပ်ဝံ့ကြပေ။

မြေအောက်လှုပ်ရှားမှုတွင် သခင်စိုးသည် ပါတီဝင် အများအပြားအား ခေါင်းဆောင်မှုပေးနိုင်ခဲ့သူဖြစ် သည်။ ထို့ကြောင့် သခင်စိုးကို ပါတီအား လုံးဝ

ကျောခိုင်းမသွားပါရန် ပြန်လည်ချော့မော့စည်းရုံးခဲ့ ကြရသည်။

ဒုတိယအကြိမ် ပါတီကွန်ဂရက်မှ ရွေးချယ်တင် မြှောက်လိုက်သော ဗဟိုကော်မတီသည် နောက်ထပ် အစည်းအဝေးက တစ်စုံတစ်ရာ ကျင်းပနိုင်ခြင်းမရှိဘဲ

မညီမညွတ်ဖြစ်နေသည်။ ပြည်သူ့အရေးတော်ပုံပါတီ နှင့် လမ်းခွဲခဲ့ခြင်း၊ သခင်စိုးအား အရေးယူခဲ့ခြင်း ဂယက်များမှာ ပြင်းထန်စွာ ရိုက်ခတ်နေဆဲပင်

ဖြစ် သည်။ ပြည်သူ့အရေးတော်ပုံပါတီနှင့် ပူးပေါင်းလိုသူ များ၊ မပူးပေါင်းလိုသူများ၊ သခင်စိုးကို ထောက်ခံသူ များ၊ မထောက်ခံသူများမှာ နီးစပ်ရာအုပ်စုလိုက်

ဂိုဏ်း ဖွဲ့ပြီး လှုပ်ရှားနေကြသည်။ ကွန်မြူနစ်ပါတီသည် သခင်စိုးကို ပြန်လည်၍ နေရာပေးလာရတော့သည်။

သခင်စိုးသည်လည်း ယင်း၏ခေါင်းဆောင်မှုကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းမှုတွေ ပြုလုပ်လာသည်။ အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး

အိန္ဒိယကွန်မြူနစ်ခေါင်းဆောင် ဂျိုရှီနှင့် တွေ့ဆုံခဲ့ သည်။ ထိုအချိန်တွင် အိန္ဒိယကွန်မြူနစ်ပါတီသည် ဘရောက်ဒါဝါဒအမှားကို သိမြင်လာပြီ ဖြစ်သည်။

အိန္ဒိယကွန်မြူနစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီများ သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်တို့ကို အတော်အသင့် ကူညီခဲ့သည်။ အိန္ဒိယတပ်သား

အများ အပြားသည် မဟာမိတ်တပ်များတွင် ပါဝင်၍ အမှု ထမ်းခဲ့ကြသည်။ အိန္ဒိယကွန်မြူနစ်ပါတီသည် စစ်ကြီး ပြီးဆုံးပါက မဟာမိတ်များက အိန္ဒိယနိုင်ငံကို

အလို အလျောက်လွတ်လပ်ရေးပေးလိမ့်မည်ဟု ထင်မြင် ယူဆကာ ဘရောက်ဒါဝါဒကို ကြွေးကြော်ခဲ့ကြသည်။ သို့သော် မဟာမိတ်တို့သည်

အိန္ဒိယနိုင်ငံကိုလည်း လွယ်လွယ်ကူကူ လွတ်လပ်ရေးပေးလိုဟန်မပြခဲ့ပေ။

အိန္ဒိယကွန်မြူနစ်ပါတီသည် ဘရောက်ဒါဝါဒကို လက်မခံနိုင်တော့ပေ။ အမေရိကန်နိုင်ငံတွင်ပင် ဘရောက်ဒါဝါဒသည် အမေရိကန်ကွန်မြူနစ်ပါတီကို

ဖျက်သိမ်းစေခဲ့ပြီးဖြစ်သည်။သခင်စိုးသည် ဂျိုရှီနှင့် တွေ့သောအခါ ဘရောက်ဒါဝါဒကို ဂျိုရှီနည်းတူပင် လက်မခံနိုင်တော့ပေ။ ထိုအချိန်တွင် မြန်မာပြည်တွင်

ပြန်လည်ရောက်ရှိနေသော ကိုသိန်းဖေနှင့် သခင် သန်းထွန်းမှာ ဘရောက်ဒါဝါဒကို လက်ခံနေကြဆဲပင် ဖြစ်သည်။

သခင်စိုးသည် ဂျိုရှီ၏လမ်းစဉ်ကို လက်ခံပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည်။ ကိုသိန်းဖေနှင့် သခင်သန်းထွန်းကလည်း ဂျိုရှီထံမှ လမ်းညွန်ချက်ရယူ

ခဲ့သည့် သခင်စိုးကို အရေးတယူနေရာပေး၍ ကြိုဆို ကြရသည်။ သခင်စိုးသည် နိုင်ငံရေးအစီရင်ခံစာ တစ်စောင်ကို ရေးသား၍ ဗဟိုကော်မတီသို့ တင်သွင်း

လိုက်သည်။

ဗဟိုကော်မတီသည် သခင်စိုး၏ အစီရင်ခံ စာကို ဆွေးနွေးရန် အစည်းအဝေးတစ်ရပ် ကျင်းပရ တော့၏။

၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး စတင် ကျင်းပသည်။ အစည်းအဝေး၏ရည်ရွယ်ချက်မှာ သခင် စိုး၏

ဝေဖန်ရေးအစီရင်ခံစာကို ဆွေးနွေး၍ အတည် ပြုရန်ဖြစ်သည်။ တစ်ချိန်က မဟာမိတ်နှင့် ပေါင်းစည်း ရေးကို ပြင်းပြင်းထန်ထန်ကျင့်သုံးခဲ့သော သခင်စိုး

သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဘရောက်ဒါဝါဒ၊ အချောင်သမားဝါဒကို စိတ်အားထက်သန်စွာ ဝေဖန် ခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေးအပြီးတွင် အင်္ဂလိပ်

အား ဆက်လက်တိုက်ထုတ်ခြင်းမပြုဘဲ ပြန်လည်လက်ခံခြင်း မှာ လုံးဝမှားသည်ဟူ၍လည်း အောက်ပါအတိုင်း ထောက်ပြခဲ့သည်။

'ဗမာပြည်သို့ ပြန်ရောက်လာသော ဗြိတိသျှ နယ်ချဲ့စနစ်ကို ဖိနှိပ်ညှဉ်းဆဲသူများအဖြစ်ဖြင့် ယူဆရမည့်အစား လွတ်လပ်ရေးတိုက်ပွဲသမား များဟု ယူဆခဲ့လေပြီ။

ဗြိတိသျှနယ်ချဲ့စနစ်နှင့် ဖက်ဆစ်တို့၏ အလိုတော်ရိများဖြစ်သည့် ဦးဘဖေ၊ ဦးပု၊ ဦးအေး၊ ဆာဂျေအေမောင်ကြီး၊ ဦးဖိုးဗျော့ စသော သူများကိုတိုင်းပြည်၏

နံပါတ်တစ်ရန်သူများ အဖြစ်ဖြင့် သဘောထားရမည့်အစား မဟာမိတ် များအဖြစ်ဖြင့် ဆက်ဆံခဲ့လေပြီ'

'ဗြိတိသျှနယ်ချဲ့စနစ်မှ လုံးဝ လွတ်မြောက် အောင် တိုက်ခိုက်ရမည့်အစား ကျွန်သက်ရှည်စေ သော ဒိုမီနီယံအုပ်ချုပ်ရေးကို တောင်းခဲ့လေပြီ'

'ဂျိုရှီဟု ကြွေးကြော်ရမည့်အစား ဒေါ်မန် စမစ်ဟု ကြွေးကြော်ခဲ့လေပြီ'

သခင်စိုး၏ ဝေဖန်ရေးအစီရင်ခံစာ[ပြင်​ဆင်​ရန်​]

သခင်စိုးသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဘရောက်ဒါဝါဒအမှားကို သခင်သန်းထွန်းနှင့် ကိုသိန်းဖေအပေါ်သို့ လုံးလုံးလျားလျား ပုံချလိုက်သည်။ ကိုသိန်းဖေသည်

ဘရောက်ဒါဝါဒကို အိန္ဒိယနိုင်ငံမှ တင်ပို့ပေးသူဖြစ်ပြီး သခင်သန်းထွန်းသည် မြန်မာနိုင်ငံ မှ လက်ခံကျင့်သုံးသူဖြစ်သည်ဟု အပြစ်ဖို့သည်။ ကို သိန်းဖေက

'ငါတို့အမှားများမှတစ်ဆင့်' ဟူသော စာတမ်းတစ်စောင်ကို ရေးသားတင်သွင်း၍ ချေပ သည်။ သို့သော် သခင်စိုးသည် ကိုသိန်းဖေ၏ချေပချက် ကို လက်မခံဘဲ

စာအုပ်ကြီးများကို ကိုးကား၍ အပြင်း အထန် ဖိနှိပ်ဝေဖန်တော့သည်။ သခင်စိုးသည် ယင်း အားဖြုတ်ချခဲ့သော ဒုတိယအကြိမ် ပါတီကွန်ဂရက်ကို လည်း

အောက်ပါအတိုင်း ပြစ်တင်ရှုတ်ချလိုက်သည်။

'ဤမျှ အဘက်ဘက်တွင် တာဝန်ချို့ယွင်းခဲ့သော ငါတို့ပါတီသည် ပါတီအဖြစ်ဖြင့် ဆက်လက် တည်နိုင်သေး၏လော။ ဗမာပြည်ကွန်မြူနစ်ပါတီ မရှိတော့ဘူးဟူသော

ရဲဘော်ဂျိုရှီက ပြောစကား ကို ငါတို့ ပြန်လှန်ချေပနိုင်၏လော။ ထို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ် မြောက် ကွန်ဂရက်သည် အချောင်သမားဝါဒ

အောင်ပွဲဆင်သော ကွန်ဂရက်ဟုလည်းကောင်း၊ ပါတီဖျက်သိမ်းရေးကွန်ဂရက်ဟုလည်းကောင်း ဗမာ့ရာဇဝင်တွင် မှတ်တမ်းတင်ရတော့မည်'

သခင်စိုးသည် တစ်ချိန်က ဗြိတိသျှနယ်ချဲ့များကို ဒီမိုကရေစီ မဟာမိတ်များအဖြစ် ကြိုဆိုထောက်ခံခဲ့ သော်လည်း ဝေဖန်ရေးအစီရင်ခံစာတွင်မူ ဖက်ဆစ် ဝါဒီအဖြစ်

ထိုးနှက်တိုက်ခိုက်လိုက်သည်။ လွတ်လပ်ရေး နှင့် ပတ်သက်၍ ဗြိတိသျှအစိုးရအပေါ် မကျေမနပ် ဖြစ်နေသော ကွန်မြူနစ်ပါတီဝင်အချို့သည် သခင်စိုး ကို

ထောက်ခံကြတော့သည်။

'အရင် တစ်ခါမျှ ဤသို့ မကြုံဖူးအောင် အကျပ် အတည်းဆိုက်နေသည့် ဗြိတိသျှနယ်ချဲ့စနစ် သည် ယုတ်ကြမ်းသော ဖက်ဆစ်ဝါဒ ဖြစ်နေပြီ ဟု အကဲဖြတ်ရမည့်အစား

ဗြိတိသျှနယ်ချဲ့စနစ် ကို တိုးတက်နေသော အင်အားစုအဖြစ် အကဲဖြတ် ခဲ့လေပြီ' (သခင်စိုး၏ ဝေဖန်ရေးအစီရင်ခံစာ၊ စာမျက်နှာ ၄)

သခင်စိုးသည် ကွန်မြူနစ်ပါတီတစ်ခုတည်းကို သာ ဝေဖန်ခြင်းမဟုတ်ဘဲ ကွန်မြူနစ်ပါတီ ပါဝင် ဆောင်ရွက်နေသော ဖဆပလ အဖွဲ့ကြီးကိုပါ ဝေဖန် ခဲ့သည်။

လွတ်လပ်ရေးရရှိရန် အမျိုးသားရေးကို ရှေ့တန်းတင်၍ ကြိုးစားနေသော ဖဆပလကိုမှားသည် ဟု ဆိုသည်။ လူတန်းစားပဋိပက္ခကို ရှေ့တန်းတင်ရန် သာ

အလေးပေးဝေဖန်ခဲ့သည်။

'ရန်သူအကြီးဆုံးဖြစ်သည့် ဗြိတိသျှနယ်ချဲ့ စနစ်ကို တိုက်ဖျက်ရန် ဖွဲ့စည်းထားသော လူတန်းစားမျိုးစုံ ပါဝင်သည့်အဖွဲ့ချုပ်ဂ အတွင်း ၌ပင် လူတန်းစားတိုက်ပွဲကို

ဆင်နွှဲရမည့်အစား လူတန်းစားချင်း ငြိမ်းချမ်းရေးကို လုပ်ခဲ့လေပြီ။ လူတန်းစားတိုက်ပွဲကို ဖြစ်ပေါ်အောင်လုပ်ရမည့် အစား လူတန်းစားစေ့စပ်ရေးနှင့် လူတန်းစား

အတိုက်အခံဖြစ်မှုကို ချောမွေ့အောင် လုပ်ပေး ရေးကို ရှေ့နေလုပ်ပေးခဲ့သည်။'

(သခင်စိုး၏ ဝေဖန်ရေးအစီရင်ခံစာ၊ စာမျက်နှာ ၅၊ ၆)

ကွန်မြူနစ်ပါတီသည် လူတန်းစားပဋိပက္ခကို မျက်ကွယ်ပြုသော ဖဆပလတွင် ပါဝင်ဆောင်ရွက်ခြင်း ဖြင့် ဖောက်ပြန်သော ပါတီတစ်ရပ် ဖြစ်သွားသည်ဟု သခင်စိုးက

ဆိုသည်။ ထိုသို့ ဖြစ်သွားရခြင်းမှာလည်း ကိုသိန်းဖေနှင့် သခင်သန်းထွန်းတို့ကြောင့်ဟု စွပ်စွဲ လိုက်သည်။ သခင်စိုး၏ ဝေဖန်ရေးအစီရင်ခံစာမှ

ကောက်နုတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

'ထို့ကြောင့် ဂျပန်ခေတ်တွင် ပါတီ၌ စုပေါင်း ခေါင်းဆောင်မှုမရှိဟု ဆိုခြင်းသည် ဂျပန်အား ခုခံတိုက်ခိုက်ရာတွင် ပြည်သူတို့၏အကူအညီ မပါဟူသော အင်္ဂလိပ်

ဝါဒဖြန့်ချိချက်နှင့် တစ်သံ တည်းဖြစ်နေသောကြောင့် အလိုတော်ရိစကား မျှသာ ဖြစ်ချေသည်။ ပါတီတွင် စုပေါင်းခေါင်း ဆောင်မှုမရှိ ဟူသော စွပ်စွဲချက်နှင့်

ပတ်သက်၍ ဝန်ခံရပေမည်။ လက်ယာ အချောင်သမားများ နှင့်မူ ပါတီသည် စုပေါင်းခေါင်းဆောင်မှု မရှိချေ။ အဘယ့်ကြောင့်ဆိုသော် အဆွေတို့ သိကြသည့် အတိုင်း

ပုန်ကန်ထကြွရေး လုပ်ပြီးသောအခါ လက်ယာအချောင်သမားများကို စုပေါင်းခေါင်း ဆောင်ခွင့် ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ပါတီ သည်

မုဒိမ်းအကျင့်ခံရပေသည်။'

'အဆွေသည် လူထုနှင့် ကင်းကွာနေသော ဂိုဏ်းလေးတစ်ရပ်မျှသာ ဖြစ်ချေသည်။ အဘယ့် ကြောင့်ဆိုသော် အဆွေသည် အချောင်သမား ဝါဒနှင့်

ကင်းကွာနေသောကြောင့် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆွေသည် အချောင် သမားများအား ပါတီကို ဦးဆောင်ခွင့်မပေး သောကြောင့် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် အဆွေသည် အချောင်သမားများပါတီကို ဖဆပလအဖွဲ့ချုပ်၏ နောက်မြီးဆွဲဖြစ်သွားအောင် လုပ်ခွင့်မပေးသောကြောင့်ဖြစ်သည်။ အဘယ့်

ကြောင့်ဆိုသော် အဆွေသည် အချောင်သမားများ အား ပါတီကိုဖျက်သိမ်းခွင့် မပေးသောကြောင့် ဖြစ်သည်။'

(သခင်စိုး၏ ဝေဖန်ရေးအစီရင်ခံစာ၊ စာမျက်နှာ ၁၃၊ ၁၄၊ ၁၅)

သခင်စိုး ခွဲထွက်ခြင်း[ပြင်​ဆင်​ရန်​]

သခင်စိုးသည် ဘရောက်ဒါဝါဒ အမှားကို ကို သိန်းဖေနှင့် သခင်သန်းထွန်းအပေါ်သို့ ပုံချသည်သာ မက ဖဆပလ အဖွဲ့ချုပ်ကိုလည်း ဝေဖန်တိုက်ခိုက်ခဲ့ သည်။

ကွန်မြူနစ်ပါတီသည် ဖဆပလ၏ နောက်မြီးဆွဲ ပါတီသာ ဖြစ်သည်ဟု ဆိုသည်။ နောက်ဆုံးတွင် ဂျိုရှီ ၏စကားအတိုင်း မြန်မာပြည်တွင် ကွန်မြူနစ်ပါတီ မရှိတော့ဟူ၍

ပြောတော့သည်။ သခင်စိုး၏ ဝေဖန်ရေး အစီရင်ခံစာ စာမျက်နှာ ၂ဝ တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

'အမှန်အားဖြင့် ရာဇဝင် အပြောင်းအလဲ ကြောင့် အခြေအနေ ရှုပ်ထွေးလာသည့်အချိန် မျိုးတွင် အင်အားတောင့်တင်းပြီး အတွေ့အကြုံ အားကြီးသော ပါတီသည်

မိမိဣန္ဒြေ ကို စောင့် ထိန်းနိုင်သော အမျိုးသမီးကောင်းတစ်ယောက် နှင့် တူပေသည်။ အတွေ့အကြုံနည်းသောပါတီ သည် လျှပ်ပေါ်လော်လည်သော မိန်းကလေးနှင့်

တူသည်။ ထိုမိန်းကလေးသည် ယောကျာ်းကောင်း တစ်ယောက်နှင့်တွေ့ပါက ထိုယောကျာ်း၏ သွန်သင်ချက်ဖြင့် မိန်းမကောင်းတစ်ယောက် ဖြစ်နိုင်စရာအကြောင်း

ရှိပေသည်။ သို့မဟုတ် လက်ယာအချောင်သမား မုဒိမ်းကျင့်သူနှင့်တွေ့ လျှင် ပျက်စီးတတ်သည်။'

'ထို့ကြောင့် စက္ခုရူပေနသံဝါသာ စာဂ ပုတ္တံ ဝိဇာယတိ ဆိုဘိသကဲ့သို့ လျှပ်ပေါ်လော်လည်ပြီး လင်သားကိုလည်း မျှော်နေသည့်မိန်းမနှင့်တူသော သခင်စိုးသည်

ဗြိတိသျှနယ်ချဲ့စနစ်၏ဩဇာကို ပါတီတွင်းသို့ တပွေ့တပိုက်ကြီး ယူလာသည့် လက်ယာအချောင်သမား သိန်းဖေနှင့် တွေ့သော အခါ

ပါတီကြေညာစာတမ်းအမှတ်(၄)တွင် အောက်ပါအချောင်သမား သားကောင်းရတနာ များကို နောက်ထပ်မွေးထုတ်လာပြန်သည်။'

သခင်စိုးသည် မိမိကိုယ်မိမိ မသိနားမလည်သူ အမျိုးသမီးလေးနှင့် ခိုင်းနှိုင်းပြီး သခင်သန်းထွန်းနှင့် ကိုသိန်းဖေကိုမူ မုဒိမ်းသမားနှင့် နှိုင်းလိုက်သည်။ သခင်

သန်းထွန်းနှင့် ကိုသိန်းဖေသည် သခင်စိုးအား မည်ကဲ့ သို့မျှ ပြန်လည်ချေပနိုင်ခြင်း မရှိပေ။ သခင်စိုး၏ ဝေဖန်ရေးအစီရင်ခံစာကိုလည်း ကောင်းစွာ သဘော ပေါက်

နားလည်ခြင်းမရှိပေ။ သို့သော် သခင်စိုး၏ ပုတ်ခတ်ဝေဖန်မှုများကို မချေပနိုင်တော့သောကြောင့် လက်မြှောက်အရှုံးပေးရတော့သည်။ ဝေဖန်စာကို

လက်ခံလိုက်ရသည်။ ထို့နောက် ဗဟိုကော်မတီသည် ပေါ်လစ်ဗျူရိုဖွဲ့စည်းရေး၊ ဗဟိုကော်မတီဝင်များအား ပြန်လည် တာဝန်ခွဲဝေရေးတို့ကို ဆောင်ရွက်သည်။

သခင်စိုးကမူ ဗဟိုကော်မတီ၏ ဆောင်ရွက်ချက် ဟူသမျှတို့ကို လက်မခံတော့ပေ။ မြန်မာပြည်တွင် ကွန်မြူနစ်ပါတီ မရှိတော့ဟူသော အဆိုကိုသာ ဖိ၍ ဆွေးနွေးသည်။

တက်ရောက်သူ ၂၈ ဦးအနက် ခုနစ်ဦး က သခင်စိုးကို ထောက်ခံသည်။ ကျန်ဗဟိုကော်မတီ ဝင် ၂ဝ ၏ ဆုံးဖြတ်ချက်ကို သခင်စိုးနှင့် ခုနစ်ဦးက မနာခံတော့ပေ။

အချောင်သမားတို့နှင့် ကင်းရှင်းခြင်း သည်သာ ဘော်ရှီဗစ်ပီသသည်။ လီနင်၏ဩဝါဒနှင့် ကိုက်ညီသည်ဟုဆိုကာ သခင်စိုးတို့လူစုသည် ကွန်မြူ နစ်ပါတီမှ

ခွဲထွက်လိုက်တော့သည်။

သခင်စိုးသည် ကွန်မြူနစ်ပါတီမှ ခွဲထွက်လိုက်ပြီး နောက်တွင် ကွန်မြူနစ်ပါတီတစ်ရပ်ကို သီးခြား ထူထောင်သည်။ သခင်စိုး၏ပါတီကို ကွန်မြူနစ်ပါတီ ဗမာပြည်ဟု

ခေါ်သည်။ ကိုသိန်းဖေနှင့် သခင်သန်းထွန်း တို့၏ပါတီကို ဗမာပြည် ကွန်မြူနစ်ပါတီဟု ခေါ်သည်။ သခင်စိုး၏ပါတီကို အလံနီပါတီဟုလည်း ခေါ်သေး သည်။

သခင်စိုးသည် တိုက်ရဲတာ အလံနီ၊ သေရဲတာ အလံနီ ဟူသော ကြွေးကြော်သံဖြင့် လှုပ်ရှားစည်းရုံး လာသည်။ လွတ်လပ်ရေးတိုက်ပွဲနှင့် ပတ်သက်၍ သွေးဆူနေသူများ၊

တိုက်ချင်ခိုက်ချင်စိတ် ပြင်းပြနေသူ များ၊ စိတ်မရှည်နိုင်သူများမှာ သခင်စိုး၏ စည်းရုံးမှု နောက်ကို အတော်များများ ပါသွားကြလေသည်။

အလံနီပါတီသည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး နောက် အခြေခံစခန်းများတွင် လူထုတိုက်ပွဲများ ဆင်နွှဲမည်ဟုဆိုကာ ဆူပူအုံကြွမှုများ ပြုလုပ်ခဲ့သည်။

ဟံသာဝတီခရိုင်တွင် တောင်သူလယ်သမားများကို အခွန်တော်မပေးရန် လှုံ့ဆော်သည်။ အစိုးရက အခွန် တော်မပေးသော အလံနီလယ်သမားများ၏ ကျွဲ၊ နွား များကို

သိမ်းယူသောအခါ အလံနီများက ပြန်လုသည်။ ရန်ကုန်မြို့ မင်းမနိုင်ကွက်သစ်တွင် အာဏာဖီဆန်ရေး လုပ်ငန်းကို သခင်စိုးကိုယ်တိုင်ခေါင်းဆောင်၍ တဲအိမ်

များဝင်ဆောက်ကာ ဆောင်ရွက်သည်။ တရားရုံးကို သခင်စိုးခေါင်းဆောင်သော အလံနီများက ဝိုင်းကြ သည်။ သို့နှင့် အလံနီပါတီနှင့် အလံနီလယ်သမား သမဂ္ဂများကို

အစိုးရက မတရားသင်း ကြေညာတော့ သည်။ သခင်စိုးသည် အလံနီမှလွဲ၍ ရှိသမျှနိုင်ငံရေး အင်အားစုများကို ပုတ်ခတ်တိုက်ခိုက်လာသည်။

'ဗြိတိသျှနယ်ချဲ့သမားများကို တိုက်နိုင်ရန် ထိုသို့မတိုက်ခင် သိန်းသန်းကွန်မြူနစ်အချောင် သမားများကို ပြုတ်အောင် တိုက်ရမည်။ အကြောင်းမူကား

အချောင်သမားဝါဒသည် နယ်ချဲ့သမား၏ အကြီးဆုံးသော နိုင်ငံရေးအကာ အကွယ်တည်း။ ၎င်းနောက် အချောင်သမား အောင်ဆန်းကို တိုက်ရမည်။ အကြောင်းမူကား

လူထုနောက်လိုက်များသော အောင်ဆန်းသည် အချောင်သမားဝါဒဖြင့် လူထုအား အများဆုံး ဖျက်ဆီးနိုင်သောကြောင့်တည်း။ အောင်ဆန်း သည် အလိုတော်ရိ

မောင်စောထက်၊ သို့မဟုတ် ဆာပေါ်ထွန်းထက်ပင် အန္တရာယ်ကြီးသည်။ အလိုတော်ရိများသည် လူထုနောက်လိုက်မရှိ သဖြင့် ကြောက်စရာမကောင်းလှချေ'ဟု သခင်စိုး

က ဆိုသည်။

၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်တွင် သခင် သန်းထွန်းသည် အလံနီများ၏ သွေးထိုးပေးမှုကို နားယောင်ကာ ဖဆပလ အထွေထွေအတွင်းရေးမှူး နေရာမှနုတ်ထွက်ပြီး

ဗမာပြည်ကွန်မြူနစ်ပါတီအထွေ ထွေအတွင်းရေးမှူးနေရာကိုယူသည်။ ကိုသိန်းဖေသည် ညီညွတ်ရေးတပ်ပေါင်းစု တာဝန်ခံပေါ်လစ်ဗျူရိုလူကြီး ဖြစ်လာသည်။

နေရာအပြောင်း အလဲကို ဇူလိုင်လ ၆ ရက် ပါတီဗဟိုကော်မတီအစည်းအဝေးက အတည်ပြု သည်။

[၆]

နိုင်ငံရေးအင်အားစုများ ကွဲပြားလာခြင်း[ပြင်​ဆင်​ရန်​]

ဖဆပလ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ ပြန်လည် အုပ်ချုပ်သောအခါ ဖဆပလသည် လွတ်လပ်ရေး ရရှိရန် အစွမ်းကုန် ကြိုးစားလေသည်။ ဖဆပလ အဖွဲ့ သည်

နိုင်ငံရေးပါတီပေါင်းစုံပါဝင်သော အဖွဲ့ကြီးဖြစ် ပြီး လွတ်လပ်ရေးကြိုးပမ်းရာတွင် အင်အားအကောင်း ဆုံး ဖြစ်ခဲ့သည်။ ဖဆပလ၏ ပွဲဦးထွက်တိုက်ပွဲမှာ

စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းရန်ဖြစ်သည်။ ဖဆပလ၏ အပြင်းအထန် အရေးယူ ဆောင်ရွက်ချက်ကြောင့် ဗြိတိသျှနယ်ချဲ့တို့သည် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာ လ ၁၅

ရက်တွင် စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးခဲ့ ရသည်။ ဖဆပလ၏ တပ်မတော် ရပ်တည်ပိုင်ခွင့် တိုက်ပွဲမှာလည်း အတန်အသင့် အောင်မြင်သည်ဟု ဆိုနိုင်သည်။

ဗြိတိသျှတို့သည် မြန်မာတို့၏ လက်နက် ကိုင်တပ်များက ပြန်လည်တော်လှန်မည်ကို များစွာ စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ဖျက်သိမ်းနိုင်ရန် အမျိုးမျိုး ကြိုးပမ်းခဲ့သည်။

နေသူရိန်ညီလာခံမှ တပ်မတော်အဆို ဆုံးဖြတ်ချက်အရ ဗြိတိသျှတို့သည် ကန္ဒီစာချုပ်ကိုချုပ် ဆို၍ တပ်မတော်ရပ်တည်ပိုင်ခွင့်ကို ပေးခဲ့ရသည်။ ကန္ဒီစာချုပ်အရ

တပ်မတော်သည် သီးခြားရပ်တည်ပိုင် ခွင့်၊ လွတ်လပ်ခွင့်များမရှိဘဲ အကန့်အသတ်များဖြင့် ရပ်တည်ခဲ့ရသော်လည်း လုံးဝဖျက်သိမ်းခြင်းခံရမည့် ဘေးအန္တရာယ်မှမူ

ကင်းဝေးခဲ့ရလေသည်။

ဗြိတိသျှ စစ်အုပ်ချုပ်ရေးစနစ်သည် မြန်မာ့နိုင်ငံ ရေးခေါင်းဆောင် အမြောက်အမြားအား ရာဇဝတ်မှု များဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့ရာ ဖဆပလက ဆိုင်ရာ

အာဏာပိုင်တို့အား ပြင်းထန်စွာ ကန့်ကွက်အရေးဆို သဖြင့် နိုင်ငံရေးသမားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိ ခဲ့သည်။ ဖဆပလအဖွဲ့ကြီးသည် စစ်ဘေးဒုက္ခသည်

ထောက်ပံ့ရေးအဖွဲ့ကို ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက် တွင် စတင်ဖွဲ့စည်း၍ လှုပ်ရှားခဲ့ရာ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် စစ်တောင်းကမ်းခြေ အတွက်

ငွေ ၄ဝဝဝ ကျပ်၊ သံဖြူဇရပ်အလုပ်သမား များအတွက် ငွေ ၄ဝဝဝ ကျပ်၊ တော်လှန်ရေးတွင် ကျဆုံးဒဏ်ရာရသော ရဲဘော်များအတွက် ငွေ ၂၇ဝဝ ကျပ်

လှူဒါန်းနိုင်ခဲ့သည်။

သို့သော် ကြားဖြတ်အစိုးရ ဖွဲ့စည်းရန်၊ အစိုးရအာဏာ အများအပြားကို ဖဆပလ က ရရှိရန် ကြိုးပမ်းမှုကိုမူ နယ်ချဲ့အစိုးရက ခွင့်မပြု သဖြင့် အောင်မြင်မှု မရရှိခဲ့ပေ။

နယ်ချဲ့အစိုးရသည် အလိုတော်ရိများသာပါဝင်သော ဆာပေါ်ထွန်းအစိုးရ ကိုသာ အာဏာအချို့အဝက် လွှဲပေးခဲ့သည်။

ဖဆပလ အဖွဲ့ချုပ်၏ ပထမဆုံး ပြည်လုံးကျွတ် ညီလာခံသဘင်ကြီးကို ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်တွင် ရွှေတိဂုံစေတီတော်၌ ကျင်းပခဲ့သည်။

ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံရေး

(ခ) နိုင်ငံပြန်ထူထောင်ရေးနှင့် နိုင်ငံသစ်ဖန်တီးရေး

(ဂ) ပြည်သူ့ဝန်ထမ်းလုပ်ငန်း

(ဃ) စီးပွားရေးလုပ်ငန်း

(င) စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားကိစ္စ

(စ) စက်မှုလက်မှုနှင့် အလုပ်သမားကိစ္စ

ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်ရေး အတွက် တိုက်ပွဲနည်းပရိယာယ်နှစ်သွယ်ကို ချမှတ်ခဲ့ ရာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ဒီမိုကရေစီအခွင့်အရေးတိုက်ပွဲ

(၂) လက်နက်ကိုင်တိုက်ပွဲ

ဒီမိုကရေစီအခွင့်အရေးတိုက်ပွဲမှာ အနုနည်းနှင့် ဆင်နွှဲရန်ဖြစ်သည်။ လူထု၏အင်အားနှင့် တောင်းဆို ချက်များကို တင်ပြရန်၊ အကြမ်းမဖက်သောနည်းဖြင့်

တိုက်ပွဲဝင်ရန်ဖြစ်သည်။ ဖဆပလအဖွဲ့ကြီးသည် အနု နည်းနှင့်မရပါက လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲရန် ပြင်ဆင်ထားခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲအတ