လော်စစ်ဟန်

ဝီကီပီးဒီးယား မှ

လော်စစ်ဟန် ခေါ် လိုစင်းဟန် ကို ၁၉၃၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၂ဝ၁၃တွင် ကွယ်လွန်သည်။ ဘိန်းကုန်သည် စစ်ဘုရင်ဟောင်း ဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံတွင် ချမ်းသာသော စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်သည်။ ကိုးကန့်လူမျိုးဖြစ်သည်။ [၁]

ဘဝဖြဖစ်စဉ်[ပြင်ဆင်ရန်]

ဗမာပြည် ကွန်မြူနစ် တို့ကို တိုက်ရန် ဗိုလ်ချုပ်နေဝင်း ၏ ထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့သော [၂] ကကွယ်ရဲ စစ်အုပ်စု၏ ခေါင်းဆောင်အဖြစ်နှင့် ဘိန်းကုန်ကူးမှု လုပ်ငန်းကို စတင်ခဲ့ခြင်း ဖြစ်သည်။ [၃] သူသည် ၁၉၇၀ ပြည့်လွန် များတွင် အာရှမူးယစ်ဈေးကွက် ၌ နာမည်ကြီးသူ တစ်ယောက်ဖြစ်သည်။ ၁၉၇၃ ဩဂုတ် တွင် ထိုင်းတွင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု နှင့် သေဒဏ်ပေးခံရသည်။ သို့သော် ၁၉၈၀ တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြန်လွတ်လာခဲ့သည်။ [၂]

ပြန်လည်ထူထောင်ခြင်း[ပြင်ဆင်ရန်]

ကိုးကန့်နှင့် စစ်သားများ ဗမာပြည် ကွန်မြူနစ်ပါတီ မှ ၁၉၈၉ တွင် ခွဲထွက်လာသော အခါ၊ ဗိုလ်ချုပ်ခင်ညွန့် က လော်စစ်ဟန် ကို အပစ်အခတ် ရပ်စဲရေး လက်နက်ချရေး တို့တွင် အသုံးချခဲ့သည်။ အပြန်အလှန်အားဖြင့် အထူးစီးပွားရေး အခွင့်အရေးများ နှင့် ဘိန်းစိုက်ခွင့် ကိုလည်း တရားမဝင် ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ကိုးကန့်နှင့် စပ်ဆက်ဒေသများတွင် တစ်နှစ်အတွင်း ဘိန်းချက်စက်ရုံ ၁၇ ထက်မနည်းပေါ်ပေါက်လာခဲ့သည်။ [၂]

စီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

၁၉၉၂-ခုနှစ်၊ ဇွန်လတွင် အာရှဓန ကုမ္ပဏီကို ထူထောင်ကာ ငွေကြေးခဝါချခဲ့သည်။ ၎င်း၏သား စတီဗင်လော (ခေါ်) ထွန်းမြင့်နိုင်သည် စင်ကာပူမှ စီစီလီယာ အန်း နှင့် ၁၉၉၆-ခုနှစ်တွင် လက်ထပ်ခဲ့ကာ ဆောက်လုပ်ရေးနှင့် စွမ်းအင်ဆိုင်ရာ အခန်းကဏ္ဍများတွင် အမြတ်အစွန်း အများအပြားရရှိသော ကုမ္ပဏီကို ထူထောင်ခဲ့သည်။ [၂][၄] လော်စစ်ဟန်ကလည်း ရန်ကုန်ရှိ ထရိတ်ဒါးဟော်တယ်၏ ရှယ်ယာ ၁၀%ကို ပိုင်ဆိုင်သည်။ [၁] လော်စစ်ဟန် သည် ၂၀၀၆-ခုနှစ်တွင် ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး မင်္ဂလာဆောင်ကိုလည်း ကူညီခဲ့သေးသည်ဟု အော့ဇာဗာ သတင်းတစ်ပုဒ်တွင် ပါဝင်ခဲ့သည်။ [၅] ၂၀၀၈-ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန် အစိုးရက လော်စစ်ဟန်၊ သူ၏သား၊ ချွေးမတို့နှင့်တကွ ၎င်းတို့ပိုင်ဆိုင်သော ကုမ္ပဏီများကိုပါ ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။ [၆] နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး တရုတ်ပြည် ခရီးစဉ်တွင်လည်း လိုက်ပါခဲ့သည်။ [၇]

အာရှဓနကုမ္ပဏီသည် တရုတ် မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြစ်ဆုံဆည်၊ တာဆန်းဆည်နှင့် ရေအားလျှပ်စစ်စသည့် စီမံကိန်းအကြီးကြီးများကို ဆောက်လုပ်ရာတွင် ပါဝင်သည်။ တရုတ်အစိုးရ ကုမ္ပဏီများကလည်း ထိုစီမံကိန်းများတွင် ရင်းနှီးမြုပ်နှံထားကြသည်။ လော်စစ်ဟန်၏ အခြားသားတစ်ဦးသည်လည်း စင်ကာပူ၊ ထိုင်း၊ ထိုင်ဝမ်တို့တွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်သေးသည်။

စစ်အစိုးရလွန်၂ဝ၁၁ နောက်ပိုင်း[ပြင်ဆင်ရန်]

စစ်အစိုးရခေတ်တွင် စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးခင်မင်သော လောစစ်ဟန်သည် သူ၏သားသမီး၊ ဆွေမျိုးများဖြင့် အေရှားဝေါ ကုမ္ပဏီကြီးကို အောင်မြင်စွာ တည်ထောင်ခဲ့သည်။ မြစ်ဆုံစီမံကိန်းတွင်လည်း ပါဝင်ခဲ့သည်။ သူတို့နောက်ကွယ်မှ ပါဝင်လုပ်ဆောင်ခဲ့သည် ဧရာဝတီမြစ်ဆုံစီမံကိန်းသည် သမ္မတသစ် ဦးသိန်းစိန်လက်ထက် ၂ဝ၁၁-ခုနှစ်တွင် ရပ်နားခြင်းခံရသည်။ ဘိန်းဘုရင် လော်စစ်ဟန်ကို အမေရိကန်အစိုးရက သေဒဏ်ပေးထားသော်လည်း သူသည် မြန်မာပြည်တွင် အဓိက စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေသည်။ ၂ဝ၁၃-ခုနှစ်၊ ဇွန်လတွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Anthony Davis and Bruce Hawke။ Business is BloomingAsiaweek, January 23, 1997 Vol.24 No.3။ 18 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-11 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Bertil Lintner။ The Golden Triangle Opium Trade: An Overview။ Asia Pacific Media Services, March 2000။ 2009-01-06 တွင် ပြန်စစ်ပြီး။
  3. Ka Kwe Ye means "defence" in Burmese, and is used as the name for regional defence forces. Smith, Martin (1991) Burma - Insurgency and the Politics of Ethnicity Zed Books, London, p. 221
  4. Tracking the TycoonsThe Irrawaddy, September, 2008 - Vol.16 No.9။ 20 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-01-10 တွင် ပြန်စစ်ပြီး။
  5. Peter Beaumont and Alex Duval Smith။ "Drugs and astrology: how 'Bulldog' wields power"၊ London: Guardian.co.uk, October 11, 2007၊ 2007-10-07။ 2007-10-11 တွင် ပြန်စစ်ပြီး 
  6. Wai Moe။ "More Junta Cronies Hit By US Sanctions"၊ The Irrawaddy, February 26, 2008။ 2009-01-10 တွင် ပြန်စစ်ပြီး။ Archived from the original on 27 February 2008။ 
  7. မော်ကွန်းတင်ပြီးမိတ္တူ။ 19 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 October 2014 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]