ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်
Wikipedia မှ
ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်(ဒီကေဘီအေ) Democratic Karen Buddhist Army (DKBA)သည် ကရင် အမျိုးသား အစည်းအရုံး(ကေအင်ယူ)Karen National Union (KNU)မှခွဲထွက်သွားသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ (ဒီကေဘီအေ)သည် ခရစ်ယာန်ဘာသာဝင်များ ကြီးစိုးသည့် (ကေအင်ယူ)မှ ၁၉၉၅ တွင် ခွဲထွက်ခဲ့ပြီး အစိုးရတပ်များနှင့် ပူပေါင်းခဲ့ခြင်းဖြစ်သည်။ကရင်အမျိုးသားများ၏ တော်လှန်ရေးတွင် ဗုဒ္ဓဘာသာဝင် ကရင်များ၏ ခွဲထွက်မှုမှာ အကြီးမားဆုံးထိခိုက်မှုပင် ဖြစ်သည်။
[ပြင်ဆင်ရန်] လက်အောက်ခံတပ်ဖွဲ များ
ဒီကေဘီအေတပ် ၏ လက်အောက်ခံတပ်မဟာများမှာ-
- တပ်မဟာ၃၃၃,
- တပ်မဟာ၅၅၅
- တပ်မဟာ၉၉၉
- တပ်မဟာ၅နှင့်
- ဗဟိုလုံခြုံရေးတပ်ဖွဲ့တို့ုဖြစ်သည်။