စိုး၊ သခင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၁၉၆၃ ခုနှစ် တွင် အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မြို့ပေါ် တက်လာသော အလံနီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် သခင်စိုး က သခင်ကိုယ်တော်မှိုင်း အား လာရောက် ဂါရဝ ပြုစဉ်

စိုး(ဦး) (သခင်စိုး) (ကွယ်လွန်)[ပြင်​ဆင်​ရန်​]

နိုင်ငံ့​ဂုဏ်ရည် (ပထမဆင့်​ ) ရ သခင်စိုး​သည် မွန်အမျိုး​သား​ တစ်ဦး​ဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင် မွန်ပြည်နယ် ကျိုက်ခမီခရိုင်၊​ မုပွန်ကျောက်တန်းရပ်တွင် အဘ ဦးစံဒွန်း၊ အမိဒေါ်နှင်းအောင်တို့မှ မွေးဖွားခဲ့သည်။ ညီအစ်ကို ​မောင်နှမများ​ထဲတွင် အငယ်ဆုံး​သား​ ဖြစ်သည်။ ​ကျောက်တန်း​ရွာ ဘုန်း​တော်ကြီး​ကျောင်း​၌ စတင်ပညာသင်ကြား​သည်။ ထို့​နောက် ​မော်လမြိုင်မြို့​ ​မောင်ငံရပ် အမျိုး​သား​ကျောင်း​၌ ဆက်လက် ပညာသင်ကြား​ခဲ့​သည်။ တစ်ဖန် ရှင်မဟာဗုဒ္ဓ​ဃောသ အထက်တန်း​ကျောင်း​သို့​ ​ပြောင်း​ရွှေ့​ပညာသင်ကြား​သည်။ အင်္ဂလိပ်-မြန်မာ ခုနစ်တန်းထိ ပညာသင်ကြားခဲ့သည်။


ထို့​နောက် ၁၉၂၃ ခု၊​ မတ်လ၌ အစ်ကိုကြီး​ ဦး​ကျေး​ရင်ရှိရာ သန်လျင် (ဘီအိုစီ) ကုမ်ပဏီတွင် အလုပ်လုပ်ရန် ​မော်လမြိုင်မြို့​မှ ထွက်ခဲ့​သည်။ သန်လျင်ဘီအိုစီတွင် လက်​ထောက်ဓာတ်ခွဲစမ်း​သပ်သူ အဖြစ် လုပ်ကိုင်သည်။ သခင်စိုး​သည် ကျန်း​မာ​ရေး​ လိုက်စား​သူတစ်ဦး​ ဖြစ်ရာ သန်လျင်တွင် အလုပ်လုပ်​နေစဉ် ​ရေကူး​ခြင်း​၊​ သန်လျင်မှ ၁၅ မိုင်အကွာ သ​ပြေကန်ရွာသို့​ အသွား​အပြန် လမ်း​လျောက်ခြင်း​များ​ ပြုလုပ်ခဲ့​သည်။ ထို့​ပြင် ဂီတအနုပညာ ဝါသနာပါသူတစ်ဦး​ဖြစ်​လေရာ စန်ဒရား​ဆရာ ဦး​ဘလှ၊​ ဆရာနွဲ့​ကြီး​၊​ ဘာဂျာဆွဲ အငြိမ့်​ဆရာ စိုး​ကြီး​ စသူတို့​ထံတွင် တ​ယောထိုး​ခြင်း​ စ​သော ဂီတသုခုမကို ​လေ့​လာသင်ကြား​ခဲ့​သည်။ တစ်ချိန်တည်း​မှာပင် ဘီအိုစီတွင် အလုပ်လုပ်​နေစဉ်ကာလတစ်​လျောက် ကား​လ်မတ်စ်၏ နိုင်ငံ​ရေး​ကျမ်း​ကြီး​များ​ကို စူး​စူး​စိုက်စိုက်​လေ့​လာဖတ်ရှုခဲ့​သည်။ ထိုစဉ် နယ်ချဲ့​အဂင်လိပ်အစိုး​ရကို ​တော်လှန်ပုန်ကန်​နေ​သော လယ်သမား​ခေါင်း​ဆောင်ကြီး​ ဆရာစံအား​ ၁၉၃၁ ခုနှစ်တွင် အဂင်လိပ်အစိုး​ရက ရုံး​တင်ကြိုး​ပေး​ကွပ်မျက်လိုက်သည်ကို ကြား​သိရ​သောအခါ အဂင်လိပ်နယ်ချဲ့​အစိုး​ရကို ​တော်လှန်လို​သော စိတ်ဓာတ်များ​ ပြင်း​ထန်လာခဲ့​သည်။ ထို့​ကြောင့်​ ဝါသနာထုံလှ​သော ဂီတကို စွန့်​ကာ နိုင်ငံ​ရေး​လောကသို့​ ​ခြေစုံပစ်ခဲ့​သည်။


အင်္ဂလိပ်နယ်ချဲ့​အစိုး​ရ၏ ဖိနှိပ်ချုပ်ချယ်မှုများ​ကို ​ပြော​ဟောလှုံ့​ဆော်​နေ​သော တို့​ဗမာအစည်း​အရုံး​သို့​ သခင်တစ်ဦး​အဖြစ် စတင်ဝင်​ရောက်ခဲ့​ပြီး​ သခင်သိန်း​မောင်ကြီး​၊​ သခင်ဘ​သောင်း​ စ​သော တို့​ဗမာအစည်း​အရုံး​ ​ခေါင်း​ဆောင်များ​၏ လမ်း​ညွှန်မှုများ​ဖြင့်​ အင်္ဂလိပ်ဆန့်​ကျင်​ရေး​ လှုပ်ရှား​မှုများ​ကို ​ဆောင်ရွက်ခဲ့​သည်။ ၁၃၀ဝ ပြည့်​ အ​ရေး​တော်ပုံကြီး​ ဖြစ်​သော ​ရေနံ​မြေအလုပ်သမား​များ​၏ သပိတ်တိုက်ပွဲ ဆင်နွဲရန်အတွက် သခင်စိုး​သည် ​ရေနံ​မြေသပိတ်​ခေါင်း​ဆောင်များ​နှင့်​ ပူး​ပေါင်း​ဆောင်ရွက်လှုပ်ရှား​ခဲ့​သည်။ ​ရေနံ​မြေသပိတ်တပ်ကြီး​ ​ရေနံ​မြေမှ ရန်ကုန်သို့​ ချီတက်စဉ် မ​ကွေး​တွင် နယ်ချဲ့​ဆန့်​ကျင်​ရေး​ တရား​ ​ဟော​ပြောသဖြင့်​ သခင်စိုး​သည် အခြား​သခင်များ​နှင့်​အတူ ​ထောင်ချခံရသည်။ ထိုအချိန်တွင် ​ဒေါက်တာဘ​မော်အစိုး​ရ ပြုတ်ကျပြီး​ ဦး​ပုအစိုး​ရတက်လာခဲ့​ရာ သခင်စိုး​ကို ​ထောင်ဒဏ် သုံး​လအစား​ နှစ်လနှင့်​လွှတ်လိုက်သည်။ တို့ဗမာအစည်းအရုံးဝင်နှင့် ကွန်မြူနစ်ပါတီ ဗမာပြည် အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ကွန်မြူနစ်ပါတီဗမာပြည်ကို ဗြိတိသျှဆန့်ကျင်လှုပ်ရှားမှုအဖွဲ့ဟုလည်း ခေါ်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်ဆန့်ကျင်ရေး ပြောက်ကျားအဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် နယ်ချဲ့တို့၏ ဖိနှိပ်မှုအမျိုးမျိုးကြားမှ ထောင်အကြိမ်ကြိမ်ကျခံကာ စွန့်စွန့်စားစား လုပ်ကိုင်ခဲ့သူဖြစ်သည်။


သခင်စိုး​သည် ဂျပန်​ခေတ်တွင် ဖက်ဆစ်ရန်ကို တွန်း​လှန်တိုက်ဖျက်ရန်အတွက် သ​ဘောတရား​ရေး​၊​ လက်နက်ကိုင်တိုက်ဖျက်​ရေး​တို့​ဖြင့်​ စည်း​ရုံး​လှုံ့​ဆော်ခဲ့​သူ တစ်ဦး​ ဖြစ်သည်။ထို့​နောက် ၁၉၄၄ ခုနှစ်အတွင်း​တွင် ဖက်ဆစ်တိုက်ဖျက်​ရေး​ ပြည်သူ့​လွတ်​မြောက်​ရေး​ (ဖဆပလ) ကြီး​ကို ဖွဲ့​စည်း​ရာ ဗိုလ်ချုပ်​အောင်ဆန်း​က စစ်​ရေး​ခေါင်း​ဆောင် ဖြစ်ခဲ့​ပြီး​ သခင်စိုး​သည် နိုင်ငံ​ရေး​ခေါင်း​ဆောင်တစ်ဦး​အဖြစ် ပါဝင်ခဲ့​သည်။

၁၉၄၆ ခုနှစ် ၊​ ​ဖေ​ဖော်ဝါရီလတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟို​ကော်မတီအစည်း​အ​ဝေး​ကို ကျင်း​ပရာတွင် သခင်စိုး​က သခင်သန်း​ထွန်း​နှင့်​ သခင်သိန်း​ဖေ (ဦး​သိန်း​ဖေ)တို့​ နှုတ်ထွက်​ပေး​ပြီး​နောက် သခင်စိုး​နှင့်​ ကျန်လူများ​ ဆက်လက် သ​ဘောထား​ကွဲလွဲကြပြီး​ သခင်စိုး​သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထုတ်၍ ကွန်မြူနစ်ပါတီ တစ်ရပ်ကို သီး​ခြား​ထူ​ထောင်ခဲ့​ရာ ‘ကွန်မြူနစ်ပါတီ ဗမာပြည်’ (C.P.B ) ဟု လည်း​ကောင်း​၊​ ‘အလံနီပါတီ’ ဟုလည်း​ကောင်း​ ​ခေါ်သည်။ သခင်စိုး​၏ ကွန်မြူနစ်ပါတီဗမာပြည်​ခေါ် အလံနီပါတီကို ၁၉၄၆ ခုနှစ်၊​ ဇူလိုင်လတွင် အစိုး​ရက မတရား​အသင်း​ အဖြစ် ​ကြေညာခဲ့​သည်။ မြန်မာနိုင်ငံ လွတ်လပ်​ရေး​မရမီတွင် သခင်စိုး​၏ အလံနီ ကွန်မြူနစ်ပါတီသည် ​တော ခိုခဲ့​သည်။ ၁၉၆၃ ခုနှစ်တွင် ​တော်လှန်​ရေး​ အစိုး​ရက ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ ပြုလုပ်ရန် ဖိတ်​ခေါ်​သောအခါ သခင်စိုး​သည် အလံနီကွန်မြူနစ်ပါတီ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ အဖြစ် ​တော်လှန်​ရေး​ အစိုး​ရနှင့်​ လာ​ရောက်​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​သော်လည်း​ ​ဆွေး​နွေး​ပွဲမှာ မ​အောင်မြင်ခဲ့​ချေ။


၁၉၇၀ ပြည့်​နှစ်တွင် ​တော်လှန်​ရေး​ အစိုး​ရ၏ ထိန်း​သိမ်း​ခြင်း​ ခံခဲ့​ရပြီး​ နိုင်ငံ​တော် ​တော်လှန်ပုန်ကန်မှုဖြင့်​ သခင်စိုး​အား​ နိုင်ငံ​တော် အစိုး​ရက တရား​စွဲဆိုခဲ့​သည်။ သို့​သော် ၁၉၇၄ ခုနှစ်တွင် နိုင်ငံ​တော် ဖွဲ့​စည်း​ပုံအ​ခြေခံ ဥပ​ဒေ ပြဋ်ဌာန်း​အတည်ပြုခြင်း​ အထိမ်း​အမှတ် အဖြစ် ​သေဒဏ်မှ တစ်သက်တစ်ကျွန်း​ဒဏ်သို့​ ​ပြောင်း​လဲကျခံခဲ့​ရသည်။ ထို့​နောက် ၁၉၈၀ ပြည့်​နှစ်တွင် တစ်ကြိမ်၊​ ဂိုဏ်း​ပေါင်း​စုံ သံဃာ့​အစည်း​အ​ဝေး​ပွဲကြီး​ ​အောင်မြင်စွာ ကျင်း​ပနိုင်ခဲ့​သော​ကြောင့်​ ၁၉၈၀ ပြည့်​နှစ် ​မေလ ၂၈ ရက်​နေ့​တွင် နိုင်ငံ​တော် ​ကောင်စီက လွတ်ငြိမ်း​ချမ်း​သာခွင့်​အမိန့်​ အမှတ် ၂/၈၀ ကို ထုတ်ပြန်လိုက်သဖြင့်​ သခင်စိုး​သည် တစ်သက်တစ်ကျွန်း​ အပြစ်ဒဏ်မှ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ရရှိခဲ့​လေသည်။ သခင်စိုး​သည် နိုင်ငံ့​ဂုဏ်ရည်ဘွဲ့​ (ပထမဆင့်​) ကို ၁၉၈၁ ခုနှစ်တွင် ရရှိခဲ့​သည်။ ၁၉၈၈ ခုနှစ် ​အောက်တိုဘာ ၆ ရက်​နေ့​တွင် မှတ်ပုံတင်ခဲ့​သော ‘ညီညွတ်​ရေး​နှင့်​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ပါတီ ’ ၏ နာယက အဖြစ် ​ဆောင်ရွက်ခဲ့​သည်။


သခင်စိုး​သည် အင်္ဂလိပ်​ခေတ်ကတည်း​က စီး​ပွား​ရေး​၊​ လူမှု​ရေး​၊​ နိုင်ငံ​ရေး​ ဆိုင်ရာ စာအုပ်စာ​ပေများ​ကို ​ရေး​သား​ခဲ့​သူ ဖြစ်သည်။ ကျွန်မချစ်လင်၊ အလုပ်သမားလောက၊ ဗမာတော်လှန်မှု၊ အလုပ်သမားလူတန်းစား ၊ ဖက်ဆစ်ဝါဒဆန့်ကျင်ရေး၊ အကျပ်အတည်းမှ လွတ်မြောက်ရာ တစ်ခုတည်းသောလမ်းသို့၊ ကမ္ဘာ့စီးပွားရေး ပြဿနာများကို ဖြေရှင်းပြခြင်း။ အမိနိုင်ငံတော်အတွက် တိုးတက်မှန်ကန်သော လမ်းများကို ရှာဖွေခြင်း စသည့် စာအုပ်များကို ရေးသားခဲ့သည်။


ထို့​ပြင် ဘူ​ဂေး​ရီး​ယား​ပြည်သား​ ​ဂျော့​ဒီမစ်ထ​ရော့​စ်၏ အလုပ်သမား​ လူတန်း​စား​၏ ဖက်ဆစ်ဆန့်​ကျင်​ရေး​ စာအုပ်ကို လည်း​ ဘာသာပြန်ခဲ့​သည်။ ထို့​ကြောင့်​ ၁၉၇၀ ပြည့်​နှစ် ဝန်း​ကျင်က ​ထောင်ထဲတွင် ရှိ​နေစဉ်အတွင်း​ အကျပ်အတည်း​မှ လွတ်​မြောက်ရာတစ်ခုတည်း​သော လမ်း​သို့​ ကမ်ဘာ့​စီး​ပွား​ရေး​ပြဿနာများ​ကို ​ဖြေရှင်း​ပြခြင်း​၊​ အမိနိုင်ငံ​တော်အတွက် တိုး​တက်မှန်ကန်​သော လမ်း​များ​ကို ရှာ​ဖွေခြင်း​ စသည့်​ စာအုပ်များ​ကို ​ရေး​သား​ခဲ့​သည်။



သခင်စိုး ပထမဇနီးမှာ လှလေးစိန်ဖြစ်ပြီး ၄င်း၏ညီမ မြလေးစိန်ကိုလည်း ယူထားသည်။ ထို့နောက် ဒေါ်ခင်စီနှင့် အိမ်ထောင်ပြုခဲ့သည်၊ ဒေါ်နှင်းမေနှင့် လက်ထပ်ခဲ့ရာတွင် သမီး ရီရီစိုး(ရဲနီမွန်လေး၏ ဇနီး)၊ နီနီစိုး (သမီး)တို့ ထွန်းကားခဲ့သည်။ ဂန့်ဂေါသူ ဒေါ်ခင်စုနှင့် ထပ်မံလက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦး ထွန်းကားခဲ့သည်။ ၄င်းတို့မှာ ဦးခင်မောင်စိုး(၃၄)နှစ် (အမှတ် (၁၄/၁၆) (၅၃)လမ်း၊ ပုဇွန်တောင်မြို့နယ်တွင် နေထိုင် လျက်ရှိသည်။ ဒေါ်နွယ်နီစိုး(၃၂)နှစ်(သမီး)၊ အမှတ် (၂၉)၊ အခန်း(၈)၊ ဦးဝိစာရအိမ်ရာ၊ ဒဂုံမြို့နယ်တွင် နေသည်၊ ဒုတိယဇနီး ဒေါ်ခင်စုမှာ သမီးနှင့်အတူ တိုက် (၂၉)၊ အခန်း (၈)၊ ဦးဝိစာရအိမ်ရာ၊ ဒဂုံမြို့နယ်တွင် နေသည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

သခင်စိုး​သည် ၁၉၈၉ ခုနှစ်၊​ ​မေလ ၄ ရက်​နေ့​တွင် ရန်ကုန်မြို့​၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီး​ဒေါ်ခင်စုနှင့်​ သား​သမီး​များ​ ကျန်ရစ်ခဲ့​သည်။ ကြွင်း​ကျန်​သော ရုပ်ကလာပ်ကို ကြံ​တောသုသာန်၌ ဂူသွင်း​သင်္ဂြုလ်ခဲ့​သည်။ ကွယ်လွန်ချိန်တွင် သားသမီး ခြောက်ယောက် ကျန်ရစ်ခဲ့သည်။

သခင်စိုးကွယ်လွန်ပြီးနောက်ပိုင်း ၄င်းကို ထောက်ခံသူများက အနည်းဆုံး ပါတီ အစုအဖွဲ့ (၃) ဖွဲ့ခန့် တည်ထောင်ပြီး နိုင်ငံရေး လှုပ်ရှားလျက်ရှိသည်။ အဆိုပါ အဖွဲ့များထဲမှာ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစု ဆိုသော အဖွဲ့လည်း ပါသည်။ အဆိုပါ အဖွဲ့များမှာ အတိုက်အခံ အင်အားစုများကို ဆန့်ကျင်သော အစိုးရကို ထောက်ခံသော အရေးအသားများကို အစိုးရချုပ်ကိုင်ထားသော သတင်းစာများတွင် ဆောင်းပါးများ ရေးသားခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားများ ပြည်ထောင်စုမြန်မာနိုင်ငံ အမည်ခံ ဦးအေးလွင် အဖွဲ့နှင့်ပူးပေါင်းကာ စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး အမျိုးသားရေး လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားလျက်ရှိသည်။

ဝဲမှယာ − ပြည်သူ့ရဲဘော် ဥက္ကဋ္ဌ ဗိုလ်ထွန်းလွင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်း၊ ကွန်မြူနစ်ပါတီ (ဗမာပြည်) အထွေထွေအတွင်းရေးမှူး သခင်စိုး

ကိုးကား[ပြင်​ဆင်​ရန်​]

(၁)သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ