စဝ်ရွှေသိုက်

From Wikipedia

စဝ်ရွှေသိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။

၁၈၉၆ ခုနှစ်တွင် ညောင်ရွှေမြိ့၌ ညောင်ရွှေစော်ဘွား အဖ ဆာစဝ်မောင်၊ အမိ မဟာ‌ဒေဝီတို့မှ မွေးဖွားခဲ့သည်။ ရှမ်းအကြီးအကဲများ၏သားများအတွက် တောင်ကြီးတွင် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းက ဗမာ့သေနတ်ကိုင်တပ်ရင်း၊ ၁၉၂၀-၂၃ ခုနှစ်တွင် အရှေ့မြောက်နယ်စပ်ဒေသ ဗမာ့တပ်ဖွဲ့များတွင် တာ၀န်ထမ်းဆောင်ခဲ့သည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွားအဖြစ် ရွေးချယ်ခံရပြီး မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌတာ၀န်ထမ်းဆောင်ခဲ့သည်။

၁၉၄၈-၅၂ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဦးဆုံး သမ္မတအဖြစ် ရွေးချယ်ခြင်းခံရသည်။ မတ်လ ၁၂ ရက် ၁၉၅၂ ခုနှစ်တွင် လူမျိုးစုလွှတ်တော်နာယက၊ ၁၉၄၇-၆၀ ပြည့်နှစ်များတွင် လူမျိုးစုလွှတ်တော်အမတ်အဖြစ်ရွေးချယ်ခြင်းခံရသည်။ မြောက်သိန္နီစော်ဘွား၏ နှမတော် စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့ပြီး ဦးယူဂျင်းသိုက် (ခ) စဝ်ဆေးဝိုင် (ခ) စဝ်ဆိုလန်ဖ အပါအဝင် သားသမီးရှစ်ယောက်ထွန်းကားခဲ့သည်။ အမှတ် (၇၄)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တွင် နေထိုင်စဥ် နိုဝင်ဘာလ ၂၁ ရက် ၁၉၆၂ ခုနှစ်တွင် ကွန်လွန်ခဲ့သည်။

အ​ခြား​ဘာ​သာ​ဖြင့်​