သိန်းဖေမြင့်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ကိုယ်ရေး အချက်အလက်
အမည်​ရင်း သိန်းဖေ
လူမျိုး ဗမာ
နိုင်ငံသား Flag of Myanmar.svg မြန်မာ
အလုပ်အကိုင် စာရေးဆရာ၊ ထုတ်ဝေသူ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား
Thein Pe Myint.jpg

သိန်းဖေမြင့် (ငယ်အမည် သိန်းဖေ) ကို အထက်မြန်မာနိုင်ငံ၊စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်တွင် မွေးဖွားခဲ့သည်။ စာပေစတင် ရေးသား သည့် အချိန်မှစ၍ ငယ်အမည် သိန်းဖေတွင် မိခင်၏အမည် ဒေါ်မြင့်မှ မြင့်ကိုယူကာ ပေါင်းထည့်ခဲ့ သည်။ ၁၉၃၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မှ BA (ဘီအေ) ဘွဲ့ ရရှိခဲ့ သည်။ သိန်းဖေမြင့်သည် ခင်ကြည်ကြည်နှင့် ၁၉၄၆ ခုနှစ်တွင် အိမ်ထောင် ကျ ကာ သားသမီး လေးယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၈ ခုနှစ် အသက် ၆၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ သည်။ သိန်းဖေမြင့် (သခင် သိန်းဖေ) ၁၀ ဇူလိုင် ၁၉၁၄ - ၁၅ ဇန်နဝါရီ ၁၉၇၈) သည် ဩဇာညောင်းသော မြန်မာ့ နိုင်ငံရေးသမား၊ စာရေးဆရာနှင့် သတင်း စာဆရာတစ်ဦးဖြစ်သည်။ ထင်ရှားလှသည့် မြောက်မြားစွာသော နိုင်ငံရေးနှင့် လူမှုရေး စာအုပ်များကို ရေးသားခဲ့သူတစ်ဦးဖြစ်ပြီး ဩဇာလွှမ်းမိုးသော ဗိုလ်တထောင် သတင်းစာကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ သိန်းဖေမြင့်သည် မာက်(စ်) ဝါဒ) အသိပညာဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုနှင့် စစ်ပြီး ခေတ် နိုင်ငံရေးတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ [၁]

နိုင်ငံရေးလှုပ်ရှားမှု သက်တမ်း[ပြင်​ဆင်​ရန်​]

၁၉၃၀ ခုနှစ် အလယ်ပိုင်း နှစ်များတွင် သိန်းဖေမြင့်သည် ရန်ကုန် တက္ကသိုလ် ကျောင်းသားတစ်ဦးအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၂ - ၃၃ တွင် မန္တလေးဥပစာကောလိပ်၌ ပညာသင်ကြားရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်ကောင်း၍ ဥပစာတန်းကို တနှစ်တည်း တက်ခွင့်ရခဲ့သည်။ ဥပစာတန်းတွင် ပညာသင်ကြားစဉ် အစိုးရက မန္တလေးကောလိပ်ကိုပိတ်ရန် စီစဉ်သည်ကို ကိုကျော်ငြိမ်း (နောင် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း)၊ ကိုခင်မောင်လေး (နောင် ဝန်ကြီး ဗိုလ်ခင်မောင်လေး)၊ ကိုသီဟန်(နောင် ဝန်ကြီးဦးသီဟန်) တို့နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သည်။ ဥပစာတန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ယူသည်။

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၃၄ - ၃၅ တွင် ကိုကျော်ငြိမ်းနှင့်အတူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ထိုနှစ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌမှာ ကိုဖိုးအေး (နောင် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးဝန် ဒေါက်တာဖိုးအေး) ဖြစ်သည်။ ဥက္ကဋ္ဌကိုဆန့်ကျင်ကာ တက္ကသိုလ်အာဏာပိုင်များကို အတိုက်အခံပြုခဲ့သည်။ တက္ကသိုလ်တွင် သခင်ဗစိန်နှင့်ပေါင်း၍ ဒိုင်အာခီအုပ်ချုပ်ရေး ကို ဆန့်ကျင်ခဲ့သည်။ သိန်းဖေမြင့်သည် ၁၉၃၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။[၂]

ထို့နောက် တွင် သူ့အား အမည်ရင်းသိန်းဖေ အဖြစ်လူသိများနေဆဲဖြစ်ပြီး ဩဇာလွှမ်းမိုးမှုရှိသော ဗြိတိသျှ ကိုလိုနီ ဆန့်ကျင်ရေးအသင်းကြီးဖြစ်သည့် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှုးဖြစ်လာခဲ့သည်။ ထိုအသင်းကြီးတွင် သခင်အောင်ဆန်းသခင်နုသခင်သန်းထွန်း၊ သခင်ရှုမောင် (နောင်တွင် ဦးနေဝင်း) ကဲ့သို့ မြန်မာ့နိုင်ငံရေးလွတ်လပ်ရေး ကြိုးပမ်းမှု တွင် အသင်းဝင်အဖြစ် ပါဝင်ခဲ့သည်။ [၃]

သူ၏ နိုင်ငံရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက “ထိန်းမရ သိမ်းမရ သိန်းဖေ” ဟု ကင်ပွန်းတပ်ခဲ့သလို၊ ဦးနုကမူ “သိန်းဖေမြင့်သည် မြန်မာစာပေလောက တွင်သာမက ကမ္ဘာလောကတွင်ပါ ထိပ်ဆုံးသို့ရောက်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံသည့် စာရေးဆရာတဦးဖြစ်သည်။ သို့သော်၎င်းကို အကြိမ်ကြိမ်အဖန်ဖန် ငြင်းဆန်ပယ်ထုတ်ခဲ့သော နိုင်ငံရေးလောကကိုသာ အာသာငမ်းငမ်းတက် စွဲလန်းကာ၊ နိုင်ငံရေးလောကသို့ ဝင်နိုင်ရန် မလျော့တမ်း ကြိုးစားလျက်ရှိသူ” ဟူ၍ မှတ်ချက်ချခဲ့သည်။ [၂]

သူ၌ ကိုယ်ပိုင်ထင်မြင်ယူဆချက် ရှိသည်။ သူသည် သူ၏ကိုယ်တိုင်ယုံကြည်ချက်ကို တင်ပြလေ့ရှိသည်။ သို့သော် ပါတီတရပ်လုံး လိုက်နာအောင် မစည်းရုံးနိုင်၊ မလှုံ့ဆော်နိုင်ခဲ့။

ပါတီနိုင်ငံရေးသဘောကား မိမိယုံကြည်ချက်ကို ပါတီတရပ်လုံး ယုံကြည်ချက်နှင့် ညှိရေး ဖြစ်၏။ ပါတီက ယုံကြည်လာအောင် လုပ်ရသော အတတ်ပညာဖြစ်၏။ မိမိကြိုးက သိပ်တင်းနေလျှင် သော်လည်းကောင်း၊ လျော့နေလျှင် သော်လည်းကောင်း၊ တေးသံမထွက်လာပေ။ ကြိုးညီမှတီး၍ရကာ ဂီတသံထွက်လာပေမည်။

သူသည် သူ့ကြိုးကိုသူ ညှိသဖြင့် အခြားအသံများနှင့် ပဋိပက္ခဖြစ်ကာ ကင်းကွာလာခဲ့ရ၏။ သိန်းဖေမြင့်၏လမ်းစဉ်သည် ပါတီ၏လမ်းစဉ်ဖြစ်လာအောင် တိုက်နိုင်မည်ဆိုလျှင် ယနေ့တိုင် ကွန်မြူနစ်ပါတီနှင့် သူသည် တသားတည်းနေမည်ဖြစ်သည်။ သူသည် မတိုက်မဟုတ်။ တိုက်၏။ အနုပညာသည်လည်း သူ၏လက်နက်ကောင်းတခု ဖြစ်၏။ သို့သော် အတိုက်သမားအဖြစ်ကား လန်၍လန်၍ကျခဲ့သည်။ အရေးနိမ့်ခဲ့ရသည်။[၄]

အကယ်၍ အငြင်းပွားဖွယ်ဖြစ်ကောင်းဖြစ်မည်၊ လူသိများသော စာရေးဆရာတစ်ဦး ဖြစ် သည့် သခင်သိန်းဖေသည် မြန်မာနိုင်ငံတွင် လက်ဝဲလှုပ်ရှားမှု၏ ဦးဆောင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ် လျင်မြန်စွာရောက်ရှိခဲ့သည်။ ၁၉၃၆ ခုနှစ် Aအတွင်း ဖြစ်ပွားခဲ့သော တက္ကသိုလ် ကျောင်းသားများ ဦးဆောင်သည့် ဗြိတိသျှ ကိုလိုနီအစိုးရ ကို သပိတ်မှောက် ဆန့်ကျင်ဆန္ဒပြ ပွဲများနှင့် ၁၉၃၈ ခုနှစ်Bက ဖြစ်ပွားခဲ့သော "၁၃၀၀ ပြည့်အရေးတော်ပုံ"Cတွင် ထင်ရှားသော ကျောင်းသား ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ [၃]

နိုင်ငံရေးသမားအဖြစ်မှ ထောက်ခံအားပေး သော စာနယ်ဇင်းသမားအဖြစ်[ပြင်​ဆင်​ရန်​]

ဒုတိယ ကမ္ဘာစစ် စတင်ဖြစ်ပွားချိန်တွင် ဖက်ဆစ်ဂျပန်တို့ နှင့် မဟာ မိတ်ပြုမည်ဆိုခြင်းကို ငြင်းဆန်သော မြန်မာ့လွတ်လပ်ရေးဦးဆောင် လှုပ်ရှားသူ လူနည်းစုဝင် တစ်ဦးဖြစ်သည်။ အခြား အောင်ဆန်းကဲ့သို့ ထင်ရှားသော ကျောင်းသားခေါင်း ဆောင်အများစုနှင့် သဘောထားကွဲလွဲပြီး ဗြိတိသျှတို့ကို မနှစ်မြို့သော်လည်း မဟာမိတ်ဖွဲ့ခဲ့ သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန် အင်ပါယာ မှ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက် သောအခါတွင် မြေအောက်တော်လှန်ရေး လှုပ်ရှားမှုများကို စတင်လုပ်ကိုင်ခဲ့သည်။

ဂျပန်တို့၏ အုပ်ချုပ်မှုသည် ရက်စက်ကြမ်းကြုတ်ကြောင်းကို သိလာရသောအခါတွင် ဂျပန်တို့ နှင့် မဟာ မိတ်ပြုမည်ကို ငြင်းဆန်ခဲ့သော သိန်းဖေမြင့်၏ အယူအဆများ မှန်ကန်ကြောင်း သိသာထင်ရှား လာခဲ့သည်။ ဂျပန်တို့ နှင့်ထိုအချိန်ထိ မဟာမိတ်ဖွဲ့ထားသော ဗိုလ်ချုပ်အောင်ဆန်း သည် ဂျပန်တို့ကို တိုက်ထုတ်ရန်အတွက် မဟာမိတ်များထံမှ အကူ အညီ ရယူရန် သိန်းဖေမြင့် ကို အိန္ဒိယနိုင်ငံ သို့ သံတမန်အဖြစ် စေလွှတ်ခဲ့သည်။ စစ်ပွဲ ကာလအတွင်း ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ မြန်မာခေါင်းဆောင်အချို့နှင့် ဗြိတိသျှတပ်မဟာ ၁၃၆ ၊ အထူးစစ်ဆင်ရေးနှင့် ထောက်လှမ်းရေးယူနစ် တို့အကြားတွင် ဝါဒဖြန့်ချီရေး လုပ်ငန်း များနှင့် ဆက်ဆံရေးလုပ်ငန်း ဆောင်တာများကို အဓိကအခန်းကဏ္ဍမှ သူသည် ဆောင်ရွက်ခဲ့ သည်။ စစ်ပြီးခေတ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီတရုတ်ဗမာ ချစ်ကြည်ရေးအသင်း ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ ဗမာပြည်စာရေးဆရာများအဖွဲ့အစည်း များ အပါအဝင် အသင်းအဖွဲ့များနှင့် ပါတီများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပွဲ ကာလ အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်း အစိုးရလက်အောက်ရှိ စိုက်ပျိုးရေး နှင့် သစ်တော ဝန်ကြီးဋ္ဌာန၏ ပထမဆုံး ဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် ထောင်ချခံရပြီး ၁၉၄၉ ခုနှစ် တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်တွင် သိန်းဖေမြင့်သည် နိုင်ငံရေးသမားအဖြစ်မှ ထောက်ခံအားပေး သော စာနယ်ဇင်းသမားအဖြစ်သို့ ပြောင်းလဲခဲ့သည်။

စာရေးဆရာနှင့် သတင်းစာဆရာ အသက်မွေးမှု လုပ်ငန်း[ပြင်​ဆင်​ရန်​]

သိန်းဖေမြင့် ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကပင် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် အတွင်း စာပေစတင်ရေးသားခဲ့သည်။D E ၁၉၃၇တွင် ထုတ်ဝေသော သူ၏ လက်ရာဖြစ်သည့် တက်ဘုန်းကြီးF မှာ အချို့သော ဗုဒ္ဓဘာသာဘုန်းကြီးများ၏ လူမှုရေးဖောက်ပြန်မှုနှင့် အဂတိလိုက်စားမှုတို့၏ အရှက်ရဖွယ်ရာကောင်းပုံကို ပွင့်ပွင့်လင်း လင်း ဖော်ပြထားသောစာပေဖြစ်သည်။ သူ၏ မိတ်ဆွေဖြစ်သော တို့ဗမာ အစည်းအရုံးဝင် သခင်နု က ထိုစာအုပ်တွင် အမှာစာရေးသားခဲ့သည်။ ယင်း ကြိုတင်တုံ့ပြန်သည့် စာအုပ်ကြောင့် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော ဗမာပြည် အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပညာတတ်လက်ဝဲဂိုဏ်းဝင် ကောလိပ်ကျောင်းသားတို့က ဗမာ လူထု၏ ရှေးထုံးတမ်းအစဉ်အလာနှင့် ပတ်သက်ပြီး ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှု ကြီး တစ်ရပ်အဖြစ် ဖြစ်စေခဲ့သည်။ ထိုစာအုပ်သည် ရဟန်းပျိုများအသင်း၏ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းကိုလည်း ခံခဲ့ရပြီး စာရေးသူနှင့် ထုတ်ဝေသော စာအုပ်တိုက်ပါမကျန် ခြိမ်းခြောက် မှုများခံခဲ့ရသည်။ သို့သော်လည်း ခေတ်စမ်းစာပေ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ဇော်ဂျီသည် အားပေးလက်ခံခဲ့သည်။ ထို့နောက် သိန်းဖေမြင့်အား တက်ဘုန်းကြီး သိန်းဖေ ဟူ၍ လူသိလာခဲ့သည်။ သူ၏ ထင်ရှားသော စာပေလက်ရာများမှာ-

  • တက်ဘုန်းကြီး (ခေတ်သစ် ဘုန်းကြီး)
  • တက်ခေတ် နတ်ဆိုး (ခေတ်သစ်အတွင်းမှ နတ်ဆိုး)
  • သပိတ်မှောက် ကျောင်းသား
  • သခင် ကိုယ်တော်မှိုင်း (သခင်ကိုယ်တော်မှိုင်း ၏ အတ္ထုပ္ပတ္တိ )
  • အရှေ့က နေဝန်းထွက်သည့်ပမာ -- မြန်မာစာပေဆုရ
  • ချင်းပြည် သမိုင်း-- မြန်မာစာပေဆုရ

What Happened in Burma (မြန်မာပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အ ပျက်များ) နှင့် Over the Ashes ( ပြာပုံပေါ်တွင်) တို့အပါအဝင် စာအုပ်များစွာကို သူသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ သူ၏ လက်ရာများစွာမှာ ယနေ့ခေတ်တိုင်အောင် ပြန်လည်၍ ထုတ်ဝေနေရဆဲဖြစ်ပြီး ၎င်းတို့အနက်မှ စစ်အတွင်းခရီးသည် သည် အရောင်းရဆုံး စာအုပ်အဖြစ် ဆက်လက်တည်ရှိနေသည်။ ဤစာအုပ်ကို ဒေါက်တာ ရောဘတ် အိပ်(ချ်) တေလာ မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။သူသည် ယောက်ျား ဂုဏ်ရည် ရုပ်ရှင်ကို ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ သူသည် နဂါးနီစာအုပ်တိုက်တွင် အလုပ်လုပ်ခဲ့ပြီး ပြဇာတ်များစွာကို ရေးသားခဲ့သည်။

၁၉၅၈ ခုနှစ်တွင် သိန်းဖေမြင့်သည် ဗိုလ်တထောင် သတင်းစာကို တည် ထောင်ခဲ့သည်။ (သူသည် ၁၉၃၀ နှောင်းပိုင်းနှစ်များတွင် မြန်မာ့အလင်း သတင်းစာ၏ သတင်းထောက်ဟောင်း တစ်ဦးလည်းဖြစ်သည်။) ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော ဆိုရှယ်လစ်အစိုးရသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ၏ တစ်စိတ်တစ်ဒေသ အဖြစ် သူ၏ သတင်းစာကို ပြည်သူပိုင်သိမ်းခဲ့သော ၁၉၆၄ အထိ သူသည် လက်ဝဲဝါဒ လွှမ်းမိုးသော သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ [၃] ထို့နောက် ၁၉၇၅ ထိ ဗိုလ်တထောင် သတင်းစာ (ပွင့်ပွင့်လင်းလင်း ပြောပါရစေ) ကဏ္ဍ၏ပင်တိုင်ဆောင်းပါးရှင် အဖြစ်လုပ်ကိုင်ရင်း ထိုနှစ် မေလတွင် သမ္မတကြီး ဦးနေဝင်း၏ လစာကိစ္စကို (လမ်းစဉ် ပါတီခေတ်တွင် အကြံပေး အဖွဲ့ဝင်ဖြစ်ပါလျက်) ပွင့်ပွင့်လင်းလင်း ကဏ္ဍမှ ရေးသားခဲ့ရာ ထိုစဉ်က ပြန်ကြားရေး ဝန်ကြီး ဦးလွင်က သူ့ကလောင်အားပိတ်၍ စာပေစိစစ်ရေးဌာန သည် ထုတ်ဝေမည့် စာမူများ အားလုံးကို ထုတ်တင် စနစ်မှ တင်ထုတ် စနစ်သို့ပြောင်းလဲကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။ [၂]

မှတ်စု[ပြင်​ဆင်​ရန်​]

A.^ ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံး ဝါဒဖြန့်ဌာန တွဲဖက် အတွင်းရေးမှူး
B.^ နဂါးနီ စာအုပ်သင်း ပညာရေးအဖွဲ့ဝင် အမှုဆောင်
C.^ ၁၉၃၉ ဇန်နဝါရီ တွင် ထောင်နှစ်ပတ် ကျခဲ့
D.^ တက္ကသိုလ်​ကျောင်းသားဘဝကပင် ဦးသိန်းဖေမြင့်သည် စာပေဝါသနာထုံ၍ စာရေးဆရာအဖြစ် ပထမဆုံး ပုံနှိပ်ခံရသည့် ဆောင်းပါးမှာ ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သူရိယ သတင်းစာပါ “မန္တလေး အင်တာမီဒီးယိတ်ကောလိပ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာ သင်ပြပို့ချသင့်ကြောင်း” ဆောင်းပါးဖြစ်သည်။ ကလောင်အမည်ကို ‘ဝနေငဖေ (ဘုတလင်)’ ဟူ၍ ယူခဲ့သည်။ [၂]
E.^ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်ဝတ္ထုတိုမှာ ၁၉၃၃ ခုနှစ် စက်တင်ဘာလထုတ် ဒဂုန် မဂ္ဂဇင်းပါ ‘ခင်မျိုးချစ်’ ဝတ္ထုဖြစ်သည်။ ကလောင်အမည်ကိုလည်း ဝနေငဖေ (ဘုတလင်)ဟူ၍ပင် ပေးခဲ့သည်။[၂]
F.^ နဂါးနီ စာအုပ်တိုက် ဟူ၍ တိုးတက်သော စာပေများ၊ မာ့က်စ်ဝါဒဘာသာပြန်များ ဖြန့်ချိရန် လူငယ်တစု စတင်ကြံစည်စက ‘သိန်းဖေ’ ဟူသော နာမည်ရင်းဖြင့် ‘တက်ဘုန်းကြီး’ ဝတ္ထု ထွက်လာလေ၏။ ထိုအခါက ကိုသိန်းဖေမှာ ကာလကတ္တားတွင် အမ်အေတက်နေသည်ဟု သိရ၏။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. | မိုးမခဘလော့ခ် - ဇန်နဝါရီ ၁၁၊ ၂၀၀၈ , ( ဆရာ သိန်းဖေမြင့်၏ စာပေအရှိန်အဝါ - ထိန်လင်း)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ | မိုးမခဘလော့ခ် - ဇူလိုင် ၂၁၊ ၂၀၁၁ , ( သမိုင်းတကွေ့မှ သိန်းဖေမြင့်-သန်းဝင်းလှိုင်)
  3. ၃.၀ ၃.၁ ၃.၂ Thein Pe Myint,From en.wiki
  4. ဒဂုံတာရာ-ရုပ်ပုံလွှာ

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]