အာရှ အားကစားပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲ (Asian Games) | |
---|---|
![]() အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ် | |
နှစ်အလိုက် အားကစားပွဲများ | |
ပါဝင်သည့် အားကစားများ (အသေးစိတ်) | |
|
အတိုကောက် | Asiad |
---|---|
ဆောင်ပုဒ် | အမြဲတမ်း ရှေ့သို့ (Ever Onward) |
ပထမအကြိမ် | ၁၉၅၁ အာရှ အားကစားပြိုင်ပွဲ |
Occur every | လေးနှစ်တစ်ကြိမ် |
နောက်ဆုံးတစ်ခေါက် ကျင်းပခဲ့သည့် ပြိုင်ပွဲ | ၂၀၁၈ အာရှ အားကစားပြိုင်ပွဲ |
ရည်မှန်းချက် | အာရှတိုက်ရှိ နိုင်ငံများပါဝင်သော ပြိုင်ပွဲမျိုးစုံပါဝင်သည့် အားကစားပွဲ |
အာရှ အားကစားပြိုင်ပွဲ (အင်္ဂလိပ်: Asian Games သည် အာရှတိုက်ရှိ နိုင်ငံများအကြား လေးနှစ်လျှင် တစ်ကြိမ် ကျင်းပသော အားကစားပြိုင်ပွဲဖြစ်သည်။ အားကစားပြိုင်ပွဲကို အာရှ အိုလံပစ်ကောင်စီ မှ ကြီးကြပ်သည်။ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲကို ၁၉၅၁ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပခဲ့သည်။ ၁၉၅၁ နယူးဒေလီပွဲတော် မှ ၁၉၇၈ ဘန်ကောက်ပွဲတော် အထိ အာရှ အားကစားအဖွဲ့ချုပ် မှ ကြီးကြပ်ကာ ၁၉၈၂ ဒေလီပွဲတော်မှစ၍ အာရှ အိုလံပစ်ကောင်စီမှ ကြီးကြပ်သည်။ အာရှ အားကစားပြိုင်ပွဲသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ အသိအမှတ်ပြုခြင်းကို ရရှိထားပြီး အာရှတိုက်တွင် အကြီးဆုံး အားကစားပြိုင်ပွဲဖြစ်ကာ အိုလံပစ်ပြိုင်ပွဲများပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး အားကစားပြိုင်ပွဲအဖြစ်လည်း သတ်မှတ်ကြသည်။ ဤအားကစားပြိုင်ပွဲကို Asiad ဟုလည်း သုံးစွဲကြသည်။[၁]
၁၉၅၁ခုနှစ်မှစ၍ ၂၀၁၈ခုနှစ်အထိ နိုင်ငံ (၉) နိုင်ငံမှ မြို့ပေါင်း (၁၅)မြို့မှ လက်ခံကျင်းပထားသည်။ နောက်ဆုံးကျင်းပထားသောပွဲမှာ ၂၀၁၈ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ - ဖလန်းပင်တွင် ကျင်းပသော အားကစားပြိုင်ပွဲဖြစ်သည်။ လာမည့်ပြိုင်ပွဲမှာ ၂၀၂၂ခုနှစ်တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် ပြိုင်ပွဲဖြစ်သည်။
၂၀၁၀ပြည့်နှစ်မှစတင်ကာ အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့်မြို့သည် အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ ကိုပါ တစ်ဆက်တည်း လက်ခံကျင်းပရသည်။
သမိုင်းကြောင်း[ပြင်ဆင်ရန်]
ယခင်ပွဲတော်[ပြင်ဆင်ရန်]
အာရှ အားကစားပြိုင်ပွဲကာလ မတိုင်မီက အရှေ့ဖျား ချန်ပီယံရှစ် အားကစားပြိုင်ပွဲ ဟူ၍ တည်ရှိခဲ့သည်။ ထိုအားကစားပြိုင်ပွဲသည် ၁၉၁၃ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ၁၉၃၄ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ၁၉၃၈ပွဲတော်ကို ဖျက်သိမ်းခဲ့သည်။
အားကစားအဖွဲ့ချုပ်ဖွဲ့စည်းခြင်း[ပြင်ဆင်ရန်]
ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် အာရှတိုက်ရှိ နိုင်ငံတော်တော်များများသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများ ဖြစ်လာကြသည်။ ထိုနိုင်ငံများသည် အကြမ်းဖက်မှုလျှော့ချကာ အာရှ၏စွမ်းပကားကို ပြသရန် ကြိုးပမ်းခဲ့ကြသည်။ ၁၉၄၈ခုနှစ်တွင် လန်ဒန်မြို့၌ကျင်းပသော ၁၉၄၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ၌ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် အရှေ့ဖျား ချန်ပီယံရှစ်ပြိုင်ပွဲကို ပြန်လည်အသက်သွင်းရန် စကားစမိခဲ့ကြသည်။ အိုလံပစ်ပြိုင်ပွဲသို့ အိန္ဒိယ အိုလံပစ် ကော်မတီ၏ ကိုယ်စားလှယ်အဖြစ် လာရောက်သော Guru Dutt Sondhi သည် အားကစားပွဲ ပြန်လည်ကျင်းပပါက အာရှ၏ ညီညွတ်မှုစိတ်ဓာတ်ကို မြှင့်တင်နိုင်ကာ အားကစားစွမ်းရည်နှင့် အဆင့်အတန်းလည်း မြင့်မားလာနိုင်မည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် အာရှအားကစားပြိုင်ပွဲ ဖြစ်လာမည့် အစီအစဉ်တစ်ခုကို တင်ပြခဲ့သည်။ ထို့ကြောင့် အာရှတိုက်မှ အမျိုးသားအိုလံပစ်ကော်မတီများ၏ ကိုယ်စားလှယ်များကို ဖိတ်ကြားကာ အာရှ ပြေးခုန်ပစ် အဖွဲ့ချုပ် တည်ထောင်နိုင်ရေး မူကြမ်းကို လန်ဒန်မြို့တွင် ဆွေးနွေးခဲ့ကြသည်။ ၁၉၄၉ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ ၁၃ရက်နေ့များတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဖွဲ့စည်းခဲ့ကြသည်။ အားကစားပြိုင်ပွဲ၏ ပဋိဉာဉ် ကို အတည်ပြုခဲ့သော တိုင်းပြည်များမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်တို့ ဖြစ်ကြသည်။ ထို့နောက် ပထမဆုံးသော အားကစားပြိုင်ပွဲကို ၁၉၅၀ပြည့်နှစ်၌ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပရန် စီစဉ်ခဲ့ကြသည်။ သို့သော် ပြင်ဆင်မှုများ ကြန့်ကြာနေ၍ ၁၉၅၁ခုနှစ်တွင်မှ စတင်ကျင်းပခဲ့သည်။
ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]
အာရှအားကစားပြိုင်ပွဲပဋိဉာဉ်အရ အားကစားပြိုင်ပွဲ အထိမ်းအမှတ် အမှတ်အသားများကို အသုံးပြုခဲ့သည်။
အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]
အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ရောင်ခြည် (၁၆)ခုဖြင့် နေဝန်းနီကြီးဖြစ်သည်။ ၎င်း၏အလယ်တွင် အဖြူရောင်ကွင်းပါဝင်သည်။ ၎င်းသည် အာရှလူမျိူးများ၏ တောက်ပြောင်ပြီး နွေးထွေးသော စိတ်ဓာတ်ကို ရည်ညွှန်းသည်။
လာဘ်ကောင်[ပြင်ဆင်ရန်]
၁၉၈၂ နယူးဒေလီပွဲတော် မှစ၍ အထိမ်းအမှတ်လာဘ်ကောင်များကို ထည့်သွင်း အသုံးပြုခဲ့သည်။ ထိုလာဘ်ကောင်များသည် ပြိုင်ပွဲကို လက်ခံကျင်းပရာ မြို့၊ နိုင်ငံတို့၏ ယဉ်ကျေးမှု၊ လူမှုပတ်ဝန်းကျင် တို့ကို ထင်ဟပ်စေကာ အားကစားရည်ရွယ်ချက်များလည်း ပါဝင်ကြသည်။
ဆောင်ပုဒ်[ပြင်ဆင်ရန်]
အာရှအားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ Ever Onward ဖြစ်ကာ Guru Dutt Sondhi မှ ၁၉၄၉ခုနှစ်တွင် အာရှအားကစားအဖွဲ့ချုပ် တည်ထောင်ခြင်းနှင့်အတူ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ပါဝင်သောနိုင်ငံများ[ပြင်ဆင်ရန်]
အာရှ အိုလံပစ်ကောင်စီ လက်အောက်ရှိ အဖွဲ့ဝင် (၄၅)နိုင်ငံသည် အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ ထိုင်ဝမ်၊ ပါလက်စတိုင်း၊ ဟောင်ကောင်နှင့် မကာအိုတို့သည်လည်း ကိုယ်ပိုင် အမျိုးသားအိုလံပစ်ကော်မတီ များ ဖွဲ့စည်းထားပြီး အာရှအိုလံပစ်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် သီးခြား ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ မရေရာသော နိုင်ငံရေးအခြေအနေများကြောင့် ၁၉၉၀ပြည့်နှစ်မှစ၍ တရုတ်သမ္မတနိုင်ငံ အား တရုတ်တိုင်ပေအမည်ဖြင့် ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးဒေသဖြစ်သော မကာအိုအားလည်း အမျိုးသားအိုလံပစ်ကော်မတီတစ်ခုအနေဖြင့် အသိအမှတ်ပြုထားပြီး အာရှအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့် ပြုထားသည်။ သို့သော် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက အသိအမှတ်မပြုထား၍ အိုလံပစ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့် မရှိပေ။
၂၀၀၇ခုနှစ်တွင် ဩစတျေးလျနိုင်ငံသည် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် တင်သွင်းခဲ့သော်လည်း အာရှအိုလံပစ်ကောင်စီက ငြင်းပယ်ခဲ့သည်။ အကြောင်းမှာ ဩစတျေးလျသည် အိုရှန်းနီးယား အမျိုးသားအိုလံပစ်ကော်မတီများကို မတရားရာကျသဖြင့်ဖြစ်သည်။ အိုရှန်းနီးယားဇုန်မှ ဩစတျေးလျနှင့် နယူးဇီလန်တို့သည် ပစိဖိတ်အားကစားပြိုင်ပွဲတွင်သာ ပါဝင်ရသည်။ သို့သော် ၂၀၁၇ အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲတွင် ဩစတျေးလျမှာ ပါဝင်ခဲ့သည်။ ၎င်းတို့အနေဖြင့် အာရှအိုလံပစ်ကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ဖြစ်ခွင့်ရရန်အတွက် ကြိုးပမ်းနေသည်။
ပွဲတော်များ[ပြင်ဆင်ရန်]
ပြိုင်ပွဲ | ခုနှစ် | ကျင်းပရာမြို့ | ကျင်းပရာနိုင်ငံ | ဖွင့်လှစ်ပေးသူ | စတင်ရက် | ပြီးဆုံးရက် | ယှဉ်ပြိုင်သည့်နိုင်ငံပေါင်း | အားကစားသမားအရေအတွက် | အားကစားနည်းအရေအတွက် | ပွဲစဉ်အရေအတွက် | ပထမရသည့်နိုင်ငံ | Ref. |
---|---|---|---|---|---|---|---|---|---|---|---|---|
I | ၁၉၅၁ | နယူးဒေလီမြို့ | ![]() |
ရန်ဂျန်ဒြာ ပရာဆတ် (သမ္မတ) | ၄ မတ် | ၁၁ မတ် | ၁၁ | ၄၈၉ | ၆ | ၅၇ | ![]() |
[၂] |
II | ၁၉၅၄ | မနီလာမြို့ | ![]() |
ရာမွန် မက်ဆေးဆေး (သမ္မတ) | ၁ မေ | ၉ မေ | ၁၈ | ၉၇၀ | ၈ | ၇၆ | ![]() |
[၃] |
III | ၁၉၅၈ | တိုကျိုမြို့ | ![]() |
ဟီရိုဟီတို (ဧကရာဇ်) | ၂၄ မေ | ၁ ဇွန် | ၁၆ | ၁,၈၂၀ | ၁၃ | ၉၇ | ![]() |
[၄] |
IV | ၁၉၆၂ | ဂျကာတာမြို့ | ![]() |
ဆူကာနို (သမ္မတ) | ၂၄ ဩဂုတ် | ၄ စက်တင်ဘာ | ၁၂ | ၁,၄၆၀ | ၁၃ | ၈၈ | ![]() |
[၅] |
V | ၁၉၆၆ | ဘန်ကောက်မြို့ | ![]() |
ဘူမိဘော အဒူလျာဒက် (ဘုရင်) | ၉ ဒီဇင်ဘာ | ၂၀ ဒီဇင်ဘာ | ၁၆ | ၁,၉၄၅ | ၁၄ | ၁၄၃ | ![]() |
[၆] |
VI | ၁၉၇၀ | ၂,၄၀၀ | ၁၃ | ၁၃၅ | ![]() |
[၇] | ||||||
VII | ၁၉၇၄ | တီဟီရန်မြို့ | ![]() |
မိုဟာမက် ရီဇယ် (ဘုရင်) | ၁ စက်တင်ဘာ | ၁၆ စက်တင်ဘာ | ၁၉ | ၃,၀၁၀ | ၁၆ | ၂၀၂ | ![]() |
[၈] |
VIII | ၁၉၇၈ | ဘန်ကောက်မြို့ | ![]() |
ဘူမိဘော အဒူလျာဒက် (ဘုရင်) | ၉ ဒီဇင်ဘာ | ၂၀ ဒီဇင်ဘာ | ၃,၈၄၂ | ၁၉ | ၂၀၁ | ![]() |
[၉] | |
IX | ၁၉၈၂ | နယူးဒေလီမြို့ | ![]() |
ဇေးလ်ဆင်း (သမ္မတ) | ၁၉ နိုဝင်ဘာ | ၄ ဒီဇင်ဘာ | ၂၃ | ၃,၄၁၁ | ၂၁ | ၁၄၇ | ![]() |
[၁၀] |
X | ၁၉၈၆ | ဆိုးလ်မြို့ | ![]() |
ချန်ဒူးဝမ် (သမ္မတ) | ၂၀ စက်တင်ဘာ | 5 October | ၂၂ | ၄,၈၃၉ | ၂၅ | ၂၇၀ | ![]() |
[၁၁] |
XI | ၁၉၉၀ | ပေကျင်းမြို့ | ![]() |
ယန်ရှန်ကွန်း (သမ္မတ) | ၂၂ စက်တင်ဘာ | ၇ အောက်တိုဘာ | ၃၆ | ၆,၁၂၂ | ၂၇ | ၃၁၀ | ![]() |
[၁၂] |
XII | ၁၉၉၄ | ဟီရိုရှီးမားမြို့ | ![]() |
အာကီဟီတို (ဧကရာဇ်) | ၂ အောက်တိုဘာ | ၁၆ အောက်တိုဘာ | ၄၂ | ၆,၈၂၈ | ၃၄ | ၃၃၈ | ![]() |
[၁၃] |
XIII | ၁၉၉၈ | ဘန်ကောက်မြို့ | ![]() |
ဘူမိဘော အဒူလျာဒက် (ဘုရင်) | ၆ ဒီဇင်ဘာ | ၂၀ ဒီဇင်ဘာ | ၄၁ | ၆,၅၅၄ | ၃၆ | ၃၇၇ | ![]() |
[၁၄] |
XIV | ၂၀၀၂ | ဘူဆန်မြို့ | ![]() |
ကင်ဒေးဂျုံ (သမ္မတ) | ၂၉ စက်တင်ဘာ | ၁၄ အောက်တိုဘာ | ၄၄ | ၇,၇၁၁ | ၃၈ | ၄၁၉ | ![]() |
[၁၅] |
XV | ၂၀၀၆ | ဒိုဟာမြို့ | ![]() |
ဟာမက် ဘင် ခါလီဖာ အယ်သနီ (ဘုရင်) | ၁ ဒီဇင်ဘာ | ၁၅ ဒီဇင်ဘာ | ၄၅ | ၉,၅၂၀ | ၃၉ | ၄၂၄ | ![]() |
[၁၆] |
XVI | ၂၀၁၀ | ကွမ်ကျိုးမြို့ | ![]() |
ဝမ်ကြားပေါင် (ဝန်ကြီးချုပ်) | ၁၂ နိုဝင်ဘာ | ၂၇ နိုဝင်ဘာ | ၉,၇၀၄ | ၄၂ | ၄၇၆ | ![]() |
[၁၇] | |
XVII | ၂၀၁၄ | အင်ချွန်းမြို့ | ![]() |
ပတ်ဂွန်ဟေး (သမ္မတ) | ၁၉ စက်တင်ဘာ | ၄ အောက်တိုဘာ | ၉,၅၀၁ | ၃၆ | ၄၃၉ | ![]() |
[၁၈] | |
XVIII | ၂၀၁၈ | ဂျကာတာမြို့ - ဖလန်းပင်မြို့ | ![]() |
ဂျိုကို ဝီဒိုဒို (သမ္မတ) | ၁၈ ဩဂုတ် | ၂ စက်တင်ဘာ | ၁၁,၃၀၀ | ၄၀ | ၄၆၅ | ![]() |
[၁၉] | |
XIX | ၂၀၂၂ | ဟန်ကျိုးမြို့ | ![]() |
၁၀ စက်တင်ဘာ | ၂၅ စက်တင်ဘာ | ကျင်းပရန်ရှိသည့်ပွဲများ | [၂၀] | |||||
XX | ၂၀၂၆ | အိုက်ချီ - နာဂိုယာမြို့ | ![]() |
၁၉ စက်တင်ဘာ | ၄ အောက်တိုဘာ | ကျင်းပရန်ရှိသည့်ပွဲများ | ||||||
XXI | 2030 | ဒိုဟာမြို့ | ![]() |
ကျင်းပရန်ရှိသည့်ပွဲများ | ||||||||
XXII | ၂၀၃၄ | ရီယာ့ဒ်မြို့ | ![]() |
ကျင်းပရန်ရှိသည့်ပွဲများ |
ပြဿနာများ[ပြင်ဆင်ရန်]
၁၉၆၂ ဂျာကာတာပွဲတော်တွင် အားကစားပွဲသည် ဝေဖန်မှုများ၊ ပြဿနာကြီးများနှင့် ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံရေးအရ အသိအမှတ်ပြုရေး ကိစ္စရပ်များကြောင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) နှင့် အစ္စရေးနိုင်ငံ တို့အား ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးဘဲ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးခဲ့ပေ။ ဤသည်မှာ အိမ်ရှင် အင်ဒိုနီးရှားအနေဖြင့် ပေးအပ်ထားသော ကတိကဝတ်များကို ချိုးဖောက်ခြင်းဖြစ်သည်။ ဤကိစ္စကြောင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသည် အင်ဒိုနီးရှားနိုင်ငံအား ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ အာရှ ဘောလုံးအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ ပြေးခုန်ပစ်အသင်းချုပ်၊ အပြည်ပြည်ဆိုင်ရာ အလေးမအသင်းချုပ်များက ပြိုင်ပွဲကို အသိအမှတ်မပြုခဲ့ပေ။
၁၉၇၀ပွဲတော် ကိုလည်း မူလက ကိုရီးယားသမ္မတနိုင်ငံ က ကျင်းပရန်စီစဉ်ခဲ့သည်။ သို့သော် အမျိုးသားလုံခြုံရေးပြဿနာများကြောင့် ပြိုင်ပွဲကျင်းပခွင့်ကို လက်လွှတ်ခဲ့သည်။ သို့ရာတွင် အမှတ်တကယ်အကြောင်းအရာမှာ ဘဏ္ဍာငွေကိစ္စကြောင့်ဖြစ်သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ China's Great Leap: The Beijing Games and Olympian Human Rights Challenges။ Seven Stories။ 2011-01-04။ p. 51။ ISBN 9781583228432။
asian games also known as asiad.
- ↑ 1st AG New Delhi 1951။ OCA။
- ↑ 2nd AG Manila 1954။ OCA။
- ↑ 3rd AG Tokyo 1958။ OCA။
- ↑ 4th AG Jakarta 1962။ OCA။
- ↑ 5th AG Bangkok 1966။ OCA။
- ↑ 6th AG Bangkok 1970။ OCA။
- ↑ 7th AG Tehran 1974။ OCA။
- ↑ 8th AG Bangkok 1978။ OCA။
- ↑ 9th AG New Delhi 1982။ OCA။
- ↑ 10th AG Seoul 1986။ OCA။
- ↑ 11th AG Beijing 1990။ OCA။
- ↑ 12th AG Hiroshima 1994။ OCA။
- ↑ 13th AG Bangkok 1998။ OCA။
- ↑ 14th AG Busan 2002။ OCA။
- ↑ 15th AG Doha 2006။ OCA။
- ↑ 16th AG Guangzhou 2010။ OCA။
- ↑ 17th AG Incheon 2014။ OCA။
- ↑ 18th AG Jakarta-Palembang 2018။ OCA။
- ↑ 19th AG Hangzhou 2022။ OCA။