၂၀၂၆ အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၂၀၂၆ အာရှ အားကစားပြိုင်ပွဲ
XX Asian Games
ကျင်းပရာမြို့ဂျပန်နိုင်ငံနာဂိုယာမြို့
ဆောင်ပုဒ်Imagine One Asia (ဂျပန်: ここで、ひとつに, ရောမအက္ခရာ: Koko de, hitotsu ni) [၁]
ပါဝင်သော နိုင်ငံများ၄၅ (ခန့်မှန်း)
ဖွင့်ပွဲအခမ်းအနား၁၉ စက်တင်ဘာ
ပိတ်ပွဲအခမ်းအနား၄ အောက်တိုဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဂျပန်နိုင်ငံဧကရာဇ်
သမ္မတ (ခန့်မှန်း)
အဓိကအားကစားကွင်းမိဇုဟို အားကစားကွင်း
ဝက်ဘ်ဆိုဒ်aichi-nagoya2026.org
၂၀၂၂ ၂၀၃၀  >

၂၀၂၆ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2026 Asian Games) သည် ဂျပန်နိုင်ငံနာဂိုယာမြို့တွင် ကျင်းပမည့် အကြိမ် (၂၀)မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ၂၀၂၆ခုနှစ် စက်တင်ဘာ ၁၉ရက်နေ့မှ အောက်တိုဘာ ၄ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ နာဂိုယာမြို့သည် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ဂျပန်နိုင်ငံ၏ တတိယမြောက်မြို့ ဖြစ်လာသည်။ ၁၉၅၈ခုနှစ်တွင် တိုကျိုမြို့၊ ၁၉၉၄ခုနှစ်တွင် ဟီရိုရှီးမားမြို့ တို့၌ လက်ခံကျင်းပခဲ့ဖူးသည်။

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

အိမ်ရှင်​ရွေးချယ်ခြင်း[ပြင်ဆင်ရန်]

၂၀၁၆ခုနှစ် စက်တင်ဘာ ၂၅ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ကျင်းပသော အစည်းအဝေး၌ နာဂိုယာမြို့အား ၂၀၂၆ပွဲတော်အတွက် ကျင်းပခွင့် ပေးခဲ့သည်။ မူလက အိုက်ချီစီရင်စုနှင့် ထိုစီရင်စု၏မြို့တော် နာဂိုယာတို့အကြား ဘဏ္ဍာရေးပိုင်း မပြေမလည်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြေလည်သွား၍ အိမ်ရှင်ဖြစ်ခွင့် လျှောက်လွှာအား တင်နိုင်ခဲ့သည်။

၂၀၂၆ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ်
မြို့ အမျိုးသားအိုလံပစ်ကော်မတီ ပထမအကျော့
နာဂိုယာမြို့  ဂျပန် ပြိုင်ဘက်ကင်း

ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]

၂၀၂၆အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်တွင်ပါဝင်သော မျဉ်းကွေးများသည် အားကစား၏ အသက်ဝင်မှုကို ပြသည်။ ခရမ်းရောင်၊ ရွှေရောင်နှင့် အစိမ်းရောင်တို့ ပါဝင်သော အလယ်မှမျဉ်းဖြောင့်မှာ အာရှအိုလံပစ်ကောင်စီ၏ အမှတ်အသား နေဝန်းနီဆီသို့ ဦးတည်ထားသည်။ ဤသည်မှာ လူများအတူတကွပေါင်းစည်းပြီး အနာဂတ်သို့ ရှေ့ဆက်သွားခြင်းဖြစ်သည်။ အထိမ်းအမှတ်တံဆိပ်အတွက် ယှဉ်ပြိုင်နိုင်ရန် ၂၀၁၉ဆောင်းဦးတွင် ကြေညာခဲ့ပြီး နိုင်ငံအနှံ့မှ ယှဉ်ပြိုင်သော တံဆိပ်ပေါင်း ၈၈၄ ခုရှိခဲ့သည်။ထိုအနက်မှ ဤအမှတ်တံဆိပ်ကို ရွေးချယ်ခဲ့ကြသည်။[၂]

ပွဲများနှင့် အားကစား[ပြင်ဆင်ရန်]

ပါဝင်သည့်နိုင်ငံများ[ပြင်ဆင်ရန်]

အာရှအိုလံပစ်ကောင်စီ အဖွဲ့ဝင်(၄၅)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမည်ဟု ခန့်မှန်းရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Aichi-Nagoya announces 'Imagine One Asia' as slogan for 2026 Asian Games"၊ Olympic Council of Asia၊ 18 October 2019။ 31 December 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 24 December 2021။ 
  2. Official Release of Games Emblem for Aichi-Nagoya 2026။ 31 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 December 2021 တွင် ပြန်စစ်ပြီး။