၂၀၃၄ အာရှ အားကစားပြိုင်ပွဲ
ပုံပန်းသွင်ပြင်
အာရှအားကစားပြိုင်ပွဲ အမှတ်တံဆိပ် | |||
| ကျင်းပရာမြို့ | |||
|---|---|---|---|
| ဆောင်ပုဒ် | Transforming the Future (အာရပ်: تحويل المستقبل) | ||
| ပါဝင်သော နိုင်ငံများ | ၄၅ (ခန့်မှန်း) | ||
| ဝက်ဘ်ဆိုဒ် | riyadh2030.sa | ||
| |||
၂၀၃၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2034 Asian Games) သည် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီဟာ့ဒ်မြို့တွင် ကျင်းပမည့် (၂၂)ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဆော်ဒီအာရေဗျနိုင်ငံသည် အာရှအားကစားပြိုင်ပွဲအား ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။[၁]
လက်ခံကျင်းပခြင်း
[ပြင်ဆင်ရန်]အိမ်ရှင်ရွေးချယ်ခြင်း
[ပြင်ဆင်ရန်]အိမ်ရှင်လျှောက်ထားသည့် နိုင်ငံနှစ်နိုင်ငံအား ၂၀၃၀နှင့် ၂၀၃၄ပွဲတော်များကို လက်ခံကျင်းပခွင့်ပေးရန် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၆ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးမတိုင်မီက ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် အိုမန်နိုင်ငံတွင် ကျင်းပသည့် အစည်းအဝေး၌ မဲပေးကြရာ ဒိုဟာမြို့က မဲအများဆုံးရကာ ရီယာ့ဒ်မြို့က ဒုတိယ ရရှိခဲ့သည်။ ထို့ကြောင့် ၂၀၃၄ပွဲတော်များကို ရီယာ့ဒ်မြို့က ကျင်းပခွင့် ရရှိခဲ့သည်။[၂]
| ၂၀၃၀ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ် | ||||||
|---|---|---|---|---|---|---|
| မြို့ | အမျိုးသားအိုလံပစ်ကော်မတီ | ပထမအကျော့ | ||||
| ဒိုဟာမြို့ | ၂၇ | |||||
| ရီယာ့ဒ်မြို့ | ၁၀ | |||||
| ကြားနေ | ၈ | |||||
ကိုးကား
[ပြင်ဆင်ရန်]- ↑ Doha to host 2030 Asian Games, Riyadh 2034 edition (in en)။ 2020-12-16 တွင် ပြန်စစ်ပြီး။
- ↑ "Saudi asks OCA to halt electronic vote on 2030 Asian Games bid - state TV"၊ Reuters၊ 16 December 2020။[လင့်ခ်သေ]