မာတိကာသို့ ခုန်သွားရန်

၁၉၅၈ အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၁၉၅၈ အာရှ အားကစားပြိုင်ပွဲ
III Asian Games
ကျင်းပရာမြို့ဂျပန်နိုင်ငံတိုကျိုမြို့
ဆောင်ပုဒ်Ever Onward
ပါဝင်သော နိုင်ငံများ၂၀
ပါဝင်ဆင်နွဲသော အားကစားသမားများ၁,၈၂၀
ကစားပွဲအမျိုးအစား၁၁၂ (၁၃နည်း)
ဖွင့်ပွဲအခမ်းအနား၂၄ မေ
ပိတ်ပွဲအခမ်းအနား၁ ဇွန်
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဟီရိုဟီတို
(ဧကရာဇ်)
Torch LighterMikio Oda
အဓိကအားကစားကွင်းအမျိုးသားအားကစားကွင်း
<  ၁၉၅၄ ၁၉၆၂  >

၁၉၅၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1958 Asian Games) သည် ဂျပန်နိုင်ငံတိုကျိုမြို့ ၌ ၁၉၅၈ခုနှစ် မေလ ၂၄ရက်နေ့မှ ဇွန်လ ၁ရက်နေ့အထိ ကျင်းပခဲ့သော တတိယအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဧကရာဇ် ဟီရိုဟီတို မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံ (၂၀)နိုင်ငံမှ အားကစားသမား (၁,၈၂၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံဖိလစ်ပိုင်နိုင်ငံကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[]

ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ထိုင်းနိုင်ငံသည် မြန်မာမလာယာနှင့် လာအိုနိုင်ငံမှ ကိုယ်စားလှယ်များကို ဖိတ်ကြားကာ မိမိတို့နိုင်ငံများ၏ ဒေသတွင်း အားကစားပြိုင်ပွဲတစ်ခုကို ပုံမှန်ကျင်းပနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြသည်။ ထိုမှနေ၍ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (နောင်တွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ) ကို ၁၉၅၉ခုနှစ်မှစ၍ (၂) နှစ်လျှင် တစ်ကြိမ် ကျင်းပလာခဲ့ကြသည်။

လက်ခံကျင်းပခြင်း

[ပြင်ဆင်ရန်]

မီးထွန်းညှိတိုင်လက်ဆင့်ကမ်းသယ်ဆောင်ခြင်း

[ပြင်ဆင်ရန်]

အိုလံပစ်အားကစားပြိုင်ပွဲများမှ စတင်ခဲ့သော မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်းကို တတိယအကြိမ် အာရှအားကစားပြိုင်ပွဲ၌ စတင်ပြုလုပ်ခဲ့သည်။ မီးထွန်းညှိတိုင်ကို ၁၉၅၄ပွဲတော်၏ အဓိကအားကစားကွင်းဖြစ်သော ဖိလစ်ပိုင်နိုင်ငံ ရီဇယ်အထိမ်းအမှတ်အားကစားကွင်းရှေ့တွင် စတင်ထွန်းညှိခဲ့သည်။ ဂျပန်နိုင်ငံတွင်မူ အိုကီနာဝါကျွန်းမှ ကျူရှူးကျွန်းသို့ သယ်ဆောင်ခဲ့သည်။ အိုကီနာဝါမှာ ထိုစဉ်က အမေရိကန်တို့လက်အောက်တွင်ရှိသည်။ ဂျပန်နိုင်ငံ၏ ပထမဆုံးအိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် Mikio Oda က ဖွင့်ပွဲအခမ်းအနားတွင် ပင်မမီးရှူးတိုင်အား ထွန်းညှိပေးခဲ့သည်။

ပွဲများနှင့်အားကစား

[ပြင်ဆင်ရန်]

ဖွင့်ပွဲအခမ်းအနား

[ပြင်ဆင်ရန်]
ဖွင့်ပွဲအခမ်းအနား

၁၉၅၈ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၁၉၅၈ခုနှစ် မေလ ၂၄ရက်နေ့တွင် တိုကျိုမြို့ အမျိုးသားအိုလံပစ်အားကစားကွင်း ၌ ကျင်းပခဲ့သည်။ ဂျပန် ဧကရာဇ် ဟီရိုဟီတို က အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားသို့ ဂျပန်နိုင်ငံ အိမ်ရှေ့စံမင်းသား အာကီဟီတိုအီရန်အင်ပါယာ ဘုရင် မိုဟာမက် ရယ်ဇာ ပယ်လယ်ဗီ အပါအဝင် ပရိသတ် (၇၀,၀၀၀) တက်ရောက်ခဲ့ကြသည်။

ပါဝင်​သော အားကစားနည်းများ

[ပြင်ဆင်ရန်]

အားကစားနည်းများအနက် ဂျူဒို၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘောအားကစားနည်းများသည် ထိုစဉ်က အိုလံပစ်အားကစားနည်းများ မဟုတ်ပေ။ ကြက်တောင်ရိုက်အားကစားနည်းကို သရုပ်ပြအားကစားနည်းအဖြစ် ထည့်သွင်းခဲ့ကာ ၁၉၆၂ပွဲတော် မှစ၍ ပုံမှန် ထည့်သွင်းကျင်းပခဲ့သည်။ ဂျူဒိုအားကစားနည်းကိုလည်း သရုပ်ပြခဲ့ကြသည်။

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • ဝါတာပိုလို
  • ​ပြေးခုန်ပစ်
  • ဘတ်စကက်​ဘော
  • လက်​ဝှေ့
  • စက်ဘီးစီး
  • ​ဟော်ကီ
  • ​ဘောလုံး
  • ​သေနတ်ပစ်
  • စားပွဲတင်တင်းနစ်
  • တင်းနစ်
  • ဘော်လီ​ဘော
  • အ​လေးမ
  • နပန်း

သရုပ်ပြအားကစားနည်း

  • ကြက်​တောင်ရိုက်
  • ဂျူဒို

ပါဝင်သည့်နိုင်ငံများ

[ပြင်ဆင်ရန်]
ပါဝင်သည့်နိုင်ငံများ (အပြာ)

ဆုတံဆိပ်ဇယား

[ပြင်ဆင်ရန်]
Key

  *   အိမ်ရှင်

၁၉၅၈ အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
 ဂျပန်*၆၇၄၁၃၀၁၃၈
 ဖိလစ်ပိုင်၁၉၂၁၄၈
 တောင်ကိုရီးယား၁၂၂၇
* အီရန်၁၄၁၁၃၂
တရုတ်သမ္မတနိုင်ငံ တရုတ်သမ္မတနိုင်ငံ၁၁၁၇၃၄
 ပါကစ္စတန်၁၁၂၆
 အိန္ဒိယ၁၃
​တောင်ဗီယက်နမ်
 မြန်မာ
၁၀ စင်ကာပူ
၁၁သီရိလင်္ကာနိုင်ငံဆီလွန်
၁၂ ထိုင်း
၁၃ ဟောင်ကောင်
၁၄ အင်ဒိုနီးရှား
၁၅မလေးရှားနိုင်ငံ
၁၆ အစ္စရေး
စုစုပေါင်း (16 NOCs)၁၁၂၁၁၂၁၂၆၃၅၀

ကိုးကား

[ပြင်ဆင်ရန်]
  1. Tokyo 1958 Asian Games အာရှ အိုလံပစ်ကောင်စီ 20 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ 16 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2022 တွင် ပြန်စစ်ပြီး။