၁၉၈၂ အာရှ အားကစားပြိုင်ပွဲ
| ကျင်းပရာမြို့ | |||
|---|---|---|---|
| ပါဝင်သော နိုင်ငံများ | ၃၃ | ||
| ပါဝင်ဆင်နွဲသော အားကစားသမားများ | ၄,၅၉၅ | ||
| ကစားပွဲအမျိုးအစား | ၁၉၆ (၂၁နည်း) | ||
| ဖွင့်ပွဲအခမ်းအနား | ၁၉ နိုဝင်ဘာ | ||
| ပိတ်ပွဲအခမ်းအနား | ၄ ဒီဇင်ဘာ | ||
| တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဇဲလ်ဆင်း (သမ္မတ) | ||
| တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Fahad Al-Ahmed Al-Jaber Al-Sabah အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ | ||
| Athlete's Oath | P.T. Usha | ||
| Torch Lighter | Deanna Syme Tewari Balbir Singh Sr. | ||
| အဓိကအားကစားကွင်း | ဂျဝါဟာလာ နေရူး အားကစားကွင်း | ||
| |||
၁၉၈၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1982 Asian Games) သည် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ၌ ၁၉၈၂ခုနှစ် နိုဝင်ဘာ ၁၉ရက်နေ့မှ ဒီဇင်ဘာ ၄ရက်နေ့အထိ ကျင်းပခဲ့သော ၉ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ၁၉၅၁ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၈၂ခုနှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဇဲလ်ဆင်း မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ (၃၃)နိုင်ငံမှ အားကစားသမား (၄,၅၉၅)ဦးတို့သည် အားကစားနည်း (၂၁)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဂျဝါဟာလာ နေရူး အားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
အာရှအိုလံပစ်ကောင်စီ၏ ကြီးကြပ်မှုအောက်တွင် ပထမဆုံး ကျင်းပခဲ့သော အာရှအားကစားပြိုင်ပွဲဖြစ်သည်။ ဒေလီမြို့သည် ဘန်ကောက်မြို့နှင့် ဂျာကာတာမြို့တို့ကဲ့သိုပင် အာရှအားကစားပြိုင်ပွဲကို တစ်ကြိမ်ထက်ပို၍ ကျင်းပသည့် မြို့ဖြစ်လာခဲ့သည်။ ဤအားကစားပြိုင်ပွဲမှာ အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ဇယားများတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် နေရာယူခြင်း၏ အစလည်းဖြစ်သည်။ အားကစားပြိုင်ပွဲ၏ ပွဲစဉ်များကို ရောင်စုံဖြင့် ထုတ်လွှင့်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံတွင် အဖြူအမဲရုပ်မြင်သံကြားမှ ရောင်စုံရုပ်မြင်သံကြားကို စတင်ထုတ်လွှင့်ခဲ့သည်။
လက်ခံကျင်းပခြင်း
[ပြင်ဆင်ရန်]ပရိသတ် (၇၀,၀၀၀) ကျော် ဝင်ဆံ့သော ဂျဝါဟာလာ နေရူး အားကစားကွင်းကို တည်ဆောက်ခဲ့ကြသည်။ ထိုအားကစားကွင်းတွင် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ပြေးခုန်ပစ် အားကစားနည်းများကို လက်ခံကျင်းပခဲ့သည်။ ၁၉၈၆ အာရှ အားကစားပြိုင်ပွဲနှင့် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲများကိုလက်ခံကျင်းပမည့် ကိုရီးယားသမ္မတနိုင်ငံ မှ လေ့လာရေးအဖွဲပါ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲကျင်းပပုံများကို လေ့လာခဲ့ကြသည်။[၁]
ပြိုင်ပွဲအထိမ်းအမှတ်များ
[ပြင်ဆင်ရန်]အထိမ်းအမှတ်တံဆိပ်
[ပြင်ဆင်ရန်]၁၉၈၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ Mishra Yantra ဖြစ်သည်။ အပေါ်တွင် အာရှအိုလံပစ်ကောင်စီ၏ အထိမ်းအမှတ်တံဆိပ်ဖြစ်သော နေဝန်းနီကြီးရှိသည်။
လာဘ်ကောင်
[ပြင်ဆင်ရန်]၁၉၈၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ Appu ဟု အမည်ရသော ဆင်ပေါက်လေးဖြစ်သည်။
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ပါဝင်သော အားကစားနည်းများ
[ပြင်ဆင်ရန်]- ရေပိုင်းဆိုင်ရာအားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
လက်ဝှေ့
စက်ဘီးစီး
မြင်းစီး
ဟော်ကီ
ဘောလုံး
ဂေါက်သီးရိုက်
ကျွမ်းဘား
Handball
လှေလှော်
ရွက်လှေ
သေနတ်ပစ်
စားပွဲတင်တင်းနစ်
တင်းနစ်-
ဘော်လီဘော
အလေးမ
နပန်း- သရုပ်ပြအားကစားနည်းများ
Kabaddi
ပိုက်ကျော်ခြင်း
ပါဝင်သည့်နိုင်ငံများ
[ပြင်ဆင်ရန်]| IOC | နိုင်ငံ | အားကစားသမားဦးရေ |
|---|---|---|
| AFG | ||
| BRN | ||
| BAN | ||
| BIR | ||
| CHN | ||
| HKG | ||
| IND | ||
| INA | ||
| IRI | ||
| IRQ | ||
| JPN | ||
| KUW | ||
| LAO | ||
| LBN | ||
| MAS | ||
| MDV | ||
| MGL | ||
| NEP | ||
| PRK | ||
| OMA | ||
| PAK | ||
| PHP | ||
| QAT | ||
| KST | ||
| SGP | ||
| KOR | ||
| SRI | ||
| SYR | ||
| THA | ||
| UAE | ||
| VIE | ||
ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]- Key
* အိမ်ရှင်
| အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|---|
| ၁ | ၆၁ | ၅၁ | ၄၁ | ၁၅၃ | |
| ၂ | ၅၇ | ၅၂ | ၄၄ | ၁၅၃ | |
| ၃ | ၂၈ | ၂၈ | ၃၇ | ၉၃ | |
| ၄ | ၁၇ | ၁၉ | ၂၀ | ၅၆ | |
| ၅ | ၁၃ | ၁၉ | ၂၅ | ၅၇ | |
| ၆ | ၄ | ၄ | ၇ | ၁၅ | |
| ၇ | ၄ | ၄ | ၄ | ၁၂ | |
| ၈ | ၃ | ၃ | ၅ | ၁၁ | |
| ၉ | ၃ | ၃ | ၁ | ၇ | |
| ၁၀ | ၂ | ၃ | ၉ | ၁၄ | |
| ၁၁ | ၂ | ၃ | ၄ | ၉ | |
| ၁၂ | ၁ | ၅ | ၄ | ၁၀ | |
| ၁၃ | ၁ | ၃ | ၃ | ၇ | |
| ၁၄ | ၁ | ၁ | ၁ | ၃ | |
| ၁၅ | ၁ | ၀ | ၃ | ၄ | |
| ၁၆ | ၁ | ၀ | ၂ | ၃ | |
| ၁၇ | ၀ | ၁ | ၀ | ၁ | |
| ၀ | ၁ | ၀ | ၁ | ||
| ၁၉ | ၀ | ၀ | ၁ | ၁ | |
| ၀ | ၀ | ၁ | ၁ | ||
| ၀ | ၀ | ၁ | ၁ | ||
| ၀ | ၀ | ၁ | ၁ | ||
| ၀ | ၀ | ၁ | ၁ | ||
| စုစုပေါင်း (23 NOCs) | ၁၉၉ | ၂၀၀ | ၂၁၅ | ၆၁၄ | |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Olympic Council of Asia : 1982 Asian Games, New Delhi။ 6 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-09-15 တွင် ပြန်စစ်ပြီး။
- ↑ အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ။ 16 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2022 တွင် ပြန်စစ်ပြီး။