၁၉၇၀ အာရှ အားကစားပြိုင်ပွဲ
| ကျင်းပရာမြို့ | |||
|---|---|---|---|
| ပါဝင်သော နိုင်ငံများ | ၁၈ | ||
| ပါဝင်ဆင်နွဲသော အားကစားသမားများ | ၂,၄၀၀ | ||
| ကစားပွဲအမျိုးအစား | ၁၃၅ (၁၃နည်း) | ||
| ဖွင့်ပွဲအခမ်းအနား | ၉ ဒီဇင်ဘာ | ||
| ပိတ်ပွဲအခမ်းအနား | ၂၀ ဒီဇင်ဘာ | ||
| တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဘူမိဘော အဒူလျာဒက် (ဘုရင်) | ||
| အဓိကအားကစားကွင်း | စူပါချာလာဆိုင် အားကစားကွင်း | ||
| |||
၁၉၇၀ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1970 Asian Games) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ၁၉၇၀ပြည့်နှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၆ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၇၀ပြည့်နှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ (၁၈)နိုင်ငံမှ အားကစားသမား (၂,၄၀၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို စူပါချာလာဆိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
၁၉၇၀ပြည့်နှစ်အတွက် မူလအိမ်ရှင်မှာ ကိုရီးယားသမ္မတနိုင်ငံဖြစ်သည်။ သို့သော် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ မှ ခြိမ်းခြောက်မှုများနှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များကြောင့် ပြိုင်ပွဲကျင်းပခွင့်ကို ဆုံးရှုံးခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံမှ လက်ခံကျင်းပခဲ့သည်။
လက်ခံကျင်းပခြင်း
[ပြင်ဆင်ရန်]အိမ်ရှင်ရွေးချယ်ခြင်း
[ပြင်ဆင်ရန်]မူလက ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့မှ လက်ခံကျင်းပရန် အစီအစဉ်ရှိခဲ့သည်။ သို့သော် တိုင်းပြည်၏ လုံခြုံရေးနှင့် ဘဏ္ဍာရေး ပြဿနာများကြောင့် ကျင်းပနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် ၁၉၆၆ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ထိုင်းနိုင်ငံကပင် လက်ခံကျင်းပခဲ့သည်။ ထို့ကြောင့် ဘန်ကောက်မြို့သည် အာရှအားကစားပြိုင်ပွဲ သမိုင်းကြောင်းတွင် (၂)ကြိမ်ဆက်တိုက် အိမ်ရှင်ဖြစ်ခွင့်ရသည့် ပထမဆုံးနှင့် တစ်ခုတည်းသော မြို့ဖြစ်လာခဲ့သည်။
အားကစားကွင်းများ
[ပြင်ဆင်ရန်]အမျိုးသားအားကစားပြိုင်ဝင်း
[ပြင်ဆင်ရန်]- စူပါချာလာဆိုင် အားကစားကွင်း (ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်၊ ဘောလုံး)
- Chantanayingyong အားကစားရုံ (ဘော်လီဘော)
- Dhephatsadin အားကစားကွင်း (ဟော်ကီ)
- Nimibutr မိုးလုံလေလုံအားကစားရုံ (ဘတ်စကက်ဘော)
- Wisutarom ရေကူးကန် (ဒိုင်ဗင်၊ ရေကူး)
ဟွာမက် အားကစားပြိုင်ဝင်း
[ပြင်ဆင်ရန်]- ဟွာမက် မိုးလုံလေလုံအားကစားရုံ (ကြက်တောင်ရိုက်၊ လက်ဝှေ့)
- သေနတ်ပစ်ကွင်း (သေနတ်ပစ်)
- စက်ဘီးစီးအားကစားရုံ (စက်ဘီးစီး)
ချူလာလောင်ကွန်းတက္ကသိုလ် အားကစားပြိုင်ဝင်း
[ပြင်ဆင်ရန်]- ချူလာ ဘောလုံးအားကစားကွင်း (ဘောလုံး)
- ချူလာ ရေကူးကန် (ဝါတာပိုလို)
ဓမ္မသတ်တက္ကသိုလ်
[ပြင်ဆင်ရန်]- အားကစားရုံ (ဘော်လီဘော)
အခြား (ဘန်ကောက်)
[ပြင်ဆင်ရန်]- ယဉ်ကျေးမှုခန်းမ (အလေးမ)
- Amporn Garden ခန်းမ (နပန်း)
ပတ္တရား
[ပြင်ဆင်ရန်]- ပတ္တရား ကမ်းခြေ (ရွက်လှေ)
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ပါဝင်သည့်နိုင်ငံများ
[ပြင်ဆင်ရန်]| IOC | နိုင်ငံ | အားကစားသမားဦးရေ |
|---|---|---|
| BIR | ||
| CEY | ||
| HKG | ||
| IND | ||
| INA | ||
| IRI | ||
| ISR | ||
| JPN | ||
| KHM | ||
| MAS | ||
| NEP | ||
| PAK | ||
| PHP | ||
| ROC | ||
| SGP | ||
| KOR | ||
| VNM | ||
| THA |
ဧည့်သည်တော်များသာ စေလွှတ်ခဲ့သည့် နိုင်ငံများ
[ပြင်ဆင်ရန်]ပါဝင်သော အားကစားနည်းများ
[ပြင်ဆင်ရန်]- ရေပိုင်းဆိုင်ရာအားကစားနည်းများ
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
လက်ဝှေ့
စက်ဘီးစီး
ဟော်ကီ
ဘောလုံး
ရွက်လှေ
သေနတ်ပစ်-
ဘော်လီဘော
အလေးမ
နပန်း
ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]- Key
* အိမ်ရှင်
| အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|---|
| ၁ | ၇၄ | ၄၇ | ၂၃ | ၁၄၄ | |
| ၂ | ၁၈ | ၁၃ | ၂၃ | ၅၄ | |
| ၃ | ၉ | ၁၇ | ၁၃ | ၃၉ | |
| ၄ | ၉ | ၇ | ၇ | ၂၃ | |
| ၅ | ၆ | ၉ | ၁၀ | ၂၅ | |
| ၆ | ၆ | ၆ | ၅ | ၁၇ | |
| ၇ | ၅ | ၁ | ၇ | ၁၃ | |
| ၈ | ၃ | ၂ | ၇ | ၁၂ | |
| ၉ | ၂ | ၅ | ၁၃ | ၂၀ | |
| ၁၀ | ၂ | ၂ | ၀ | ၄ | |
| ၁၁ | ၁ | ၉ | ၁၂ | ၂၂ | |
| ၁၂ | ၁ | ၅ | ၁၂ | ၁၈ | |
| ၁၃ | ၁ | ၂ | ၇ | ၁၀ | |
| ၁၄ | ၀ | ၆ | ၉ | ၁၅ | |
| ၁၅ | ၀ | ၂ | ၃ | ၅ | |
| ၁၆ | ၀ | ၀ | ၂ | ၂ | |
| စုစုပေါင်း (16 NOCs) | ၁၃၇ | ၁၃၃ | ၁၅၃ | ၄၂၃ | |
ကိုးကား
[ပြင်ဆင်ရန်]- ↑ အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ။ 16 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 January 2022 တွင် ပြန်စစ်ပြီး။