၁၉၇၈ အာရှ အားကစားပြိုင်ပွဲ
| ကျင်းပရာမြို့ | |||
|---|---|---|---|
| ပါဝင်သော နိုင်ငံများ | ၂၅ | ||
| ပါဝင်ဆင်နွဲသော အားကစားသမားများ | ၃,၈၄၂ | ||
| ကစားပွဲအမျိုးအစား | ၁၉၉ (၁၉နည်း) | ||
| ဖွင့်ပွဲအခမ်းအနား | ၉ ဒီဇင်ဘာ | ||
| ပိတ်ပွဲအခမ်းအနား | ၂၀ ဒီဇင်ဘာ | ||
| တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဘူမိဘော အဒူလျာဒက် (ဘုရင်) | ||
| အဓိကအားကစားကွင်း | စူပါချာလာဆိုင် အားကစားကွင်း | ||
| |||
၁၉၇၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1978 Asian Games) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ၁၉၇၈ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော အဋ္ဌမအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆၊ ၁၉၇၀ ပွဲတော်များ ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၇၈ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဘုရင် ဘူမိဘော အဒူလျာဒက်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ (၂၅)နိုင်ငံမှ အားကစားသမား (၃,၈၄၂)ဦးတို့သည် အားကစားနည်း (၁၉)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို စူပါချာလာဆိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
လက်ခံကျင်းပခြင်း
[ပြင်ဆင်ရန်]မူလက ၁၉၇၈ပွဲတော်ကို စင်ကာပူက လက်ခံကျင်းပရန် စီစဉ်ခဲ့သည်။ ထို့နောက် ငွေကြေးပြဿနာကြောင့် အစီအစဉ် ပျက်သွားခဲ့သည်။ ထို့နောက် ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့ က လက်ခံကျင်းပရန် စီစဉ်ခဲ့သည်။ သို့သော် ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပဋိပက္ခများကြောင့် အစီအစဉ် ပျက်သွားပြန်သည်။ ထို့ကြောင့် ယခင်က အာရှအားကစားပြိုင်ပွဲများကို ၂ကြိမ်တိုင် လက်ခံကျင်းပဖူးသည့် ဘန်ကောက်မြို့က အိမ်ရှင်အဖြစ် ကျင်းပရန် ကမ်းလှမ်းခဲ့ပြီး လက်ခံကျင်းပခဲ့သည်။
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ပါဝင်သော အားကစားနည်းများ
[ပြင်ဆင်ရန်]မြားပစ်နှင့် ဘိုလင်းအားကစားနည်းများကို စတင် ထည့်သွင်းကျင်းပခဲ့ကြသည်။
- ရေပိုင်းဆိုင်ရာအားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
ဘိုလင်း
လက်ဝှေ့
စက်ဘီးစီး
ဓားသိုင်း
ဟော်ကီ
ဘောလုံး
ကျွမ်းဘား
ရွက်လှေ
သေနတ်ပစ်
စားပွဲတင်တင်းနစ်
တင်းနစ်-
ဘော်လီဘော
အလေးမ
နပန်း
ပါဝင်သည့်နိုင်ငံများ
[ပြင်ဆင်ရန်]နိုင်ငံရေးအကြောင်းအရာများကြောင့် အစ္စရေးနိုင်ငံအား ပြိုင်ပွဲဝင်ခွင့် ပိတ်ခဲ့သည်။
| IOC | နိုင်ငံ | အားကစားသမားဦးရေ |
|---|---|---|
| BRN | ||
| BAN | ||
| BIR | ||
| CHN | ၄၀၈ | |
| HKG | ||
| IND | ||
| INA | ||
| IRQ | ||
| JPN | ၄၆၀ | |
| KUW | ||
| LBN | ||
| MAS | ||
| MGL | ||
| NEP | ||
| PRK | ||
| PAK | ||
| PHP | ||
| QAT | ||
| KST | ||
| SGP | ||
| KOR | ||
| SRI | ||
| SYR | ||
| THA | ||
| UAE |
ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]- Key
* အိမ်ရှင်
| အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|---|
| ၁ | ၇၀ | ၅၉ | ၄၉ | ၁၇၈ | |
| ၂ | ၅၁ | ၅၄ | ၄၆ | ၁၅၁ | |
| ၃ | ၁၈ | ၂၀ | ၃၁ | ၆၉ | |
| ၄ | ၁၅ | ၁၃ | ၁၅ | ၄၃ | |
| ၅ | ၁၁ | ၁၂ | ၁၉ | ၄၂ | |
| ၆ | ၁၁ | ၁၁ | ၆ | ၂၁ | |
| ၇ | ၈ | ၇ | ၁၈ | ၃၃ | |
| ၈ | ၄ | ၄ | ၉ | ၁၇ | |
| ၉ | ၄ | ၄ | ၆ | ၁၄ | |
| ၁၀ | ၂ | ၄ | ၆ | ၁၂ | |
| ၁၁ | ၂ | ၁ | ၄ | ၇ | |
| ၁၂ | ၂ | ၁ | ၃ | ၆ | |
| ၁၃ | ၁ | ၃ | ၅ | ၉ | |
| ၁၄ | ၁ | ၁ | ၀ | ၂ | |
| ၁၅ | ၁ | ၀ | ၀ | ၁ | |
| ၁၆ | ၀ | ၃ | ၃ | ၆ | |
| ၁၇ | ၀ | ၂ | ၃ | ၅ | |
| ၁၈ | ၀ | ၀ | ၂ | ၂ | |
| ၁၉ | ၀ | ၀ | ၁ | ၁ | |
| စုစုပေါင်း (19 NOCs) | ၂၀၁ | ၁၉၉ | ၂၂၆ | ၆၂၆ | |
ကိုးကား
[ပြင်ဆင်ရန်]- ↑ အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ။ 16 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2022 တွင် ပြန်စစ်ပြီး။