၁၉၈၆ အာရှ အားကစားပြိုင်ပွဲ
| ကျင်းပရာမြို့ | |||
|---|---|---|---|
| ပါဝင်သော နိုင်ငံများ | ၂၇ | ||
| ပါဝင်ဆင်နွဲသော အားကစားသမားများ | ၄,၈၃၉ | ||
| ကစားပွဲအမျိုးအစား | ၂၉၆ (၂၅နည်း) | ||
| ဖွင့်ပွဲအခမ်းအနား | ၂၀ စက်တင်ဘာ | ||
| ပိတ်ပွဲအခမ်းအနား | ၅ အောက်တိုဘာ | ||
| တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ချန်ဒူးဝမ် (သမ္မတ) | ||
| တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Fahad Al-Ahmed Al-Jaber Al-Sabah အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ | ||
| Torch Lighter | Jang Jae-keun Park Mi-sun | ||
| အဓိကအားကစားကွင်း | အိုလံပစ် အားကစားကွင်း | ||
| |||
၁၉၈၆ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1986 Asian Games) သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ ၌ ၁၉၈၆ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့မှ အောက်တိုဘာ ၅ရက်နေ့အထိ ကျင်းပခဲ့သော ၁၀ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ကိုရီးယားသမ္မတနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ချန်ဒူးဝမ် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ (၂၇)နိုင်ငံမှ အားကစားသမား (၄,၈၃၉)ဦးတို့သည် အားကစားနည်း (၂၅)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အိုလံပစ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
နိုင်ငံရေး အကြောင်းအရာများကြောင့် မြန်မာနိုင်ငံအပါအဝင် ဆိုရှယ်လစ် ၊ ကွန်မြူနစ် တိုင်းပြည်များ၏ သပိတ်မှောက်ခြင်း ခံခဲ့ရသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၁၉၇၀ ပွဲတော် ကို လက်ခံကျင်းပရန် ဖြစ်သော်လည်း အိမ်နီးချင်း ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ၏ ခြိမ်းခြောက်မှုကြောင့် ၁၉၆၆ ပွဲတော် ကို လက်ခံကျင်းပခဲ့သည့် ဘန်ကောက်မြို့အား လွှဲပြောင်းပေးခဲ့ရသည်။ ဆိုးလ်မြို့သည် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပရန် ရှိသည်ဖြစ်ရာ ဤ အာရှအားကစားပြိုင်ပွဲသည် အိုလံပစ်ပြိုင်ပွဲအကြို စမ်းသပ်ကျင်းပသည့် သဘောအနေဖြင့် သက်ရောက်သည်။
လက်ခံကျင်းပခြင်း
[ပြင်ဆင်ရန်]အိမ်ရှင်ရွေးချယ်ခြင်း
[ပြင်ဆင်ရန်]ဘဂ္ဂဒတ်မြို့၊ ပြုံယမ်းမြို့နှင့် ဆိုးလ်မြို့တို့သည် အိမ်ရှင်ဖြစ်ခွင့် လျှောက်ထားခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ကျန်မြို့များ နုတ်ထွက်သွားသဖြင့် ဆိုးလ်မြို့သာ ကျန်ရှိခဲ့သည်။ ထို့ကြောင့် ၁၉၈၆ ပွဲတော်အား ဆိုးလ်မြို့မှ ကျင်းပခွင့် ရရှိခဲ့သည်။
သပိတ်မှောက်ခြင်း
[ပြင်ဆင်ရန်]
နိုင်ငံရေး အခြေအနေများနှင့် အကြောင်းတရားများကြောင့် ကွန်မြူနစ်နှင့် ဆိုရှယ်လစ်နိုင်ငံများ ဖြစ်ကြသည့် မြန်မာ၊ မြောက်ကိုရီးယား၊ မွန်ဂိုလီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ တောင်ယီမင်၊ ဆီးရီးယား နှင့် ဘရူနိုင်းတို့က ပြိုင်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။ သို့သော် ၁၉၉၀ ပေကျင်းပွဲတော် ကို လက်ခံကျင်းပမည့် ကွန်မြူနစ်တိုင်းပြည်ဖြစ်သည့် တရုတ်နိုင်ငံမှာ သပိတ်မှောက်မှုတွင် မပါဝင်ခဲ့ပေ။ သို့သော် နောင်နှစ်နှစ်အကြာ ၁၉၈၈ခုနှစ်တွင် ကျင်းပသည့် ဆိုးလ်အိုလံပစ်ပွဲတော်ကိုမူ မြောက်ကိုရီးယားမှလွဲ၍ ကျန်သပိတ်မှောက်သည့် နိုင်ငံအားလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပေါက်ကွဲမှု
[ပြင်ဆင်ရန်]အားကစားပြိုင်ပွဲ စတင်ရန် ၆ရက်အလိုတွင် ထိုစဉ်က ဆိုးလ်မြို့၏ အဓိကလေဆိပ်ဖြစ်သော ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ (၅)ဦးသေဆုံးပြီး လူ (၃၀)ကျော် ဒဏ်ရာရခဲ့သည်။ ဤပေါက်ကွဲမှုသည် ၁၉၈၃ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်ပေါက်ကွဲမှုနှင့် ဆင်တူကာ မြောက်ကိုရီးယားမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။[၁]
အားကစားကွင်းများ
[ပြင်ဆင်ရန်]၁၉၈၆ အာရှအားကစားပြိုင်ပွဲတွင် အသုံးပြုသည့် အားကစားကွင်းများသည် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲ တွင် အသုံးပြုမည့် အားကစားကွင်းများ ဖြစ်သည်။
- အိုလံပစ် အားကစားကွင်း (ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်၊ ဘောလုံး)
- ဘူဆန် ဂူဒေါ့ အားကစားကွင်း (ဘောလုံး)
- ဘူဆန် ရွက်လှေစင်တာ (ရွက်လှေ)
- ဒယ်ဂူ အားကစားကွင်း (ဘောလုံး)
- ဒယ်ဂျွန် အားကစားကွင်း (ဘောလုံး)
- ဒုန်ဒယ်မွန် အားကစားကွင်း (ဘောလုံး)
- ဆိုးလ်အရှေ့ပိုင်း ဘိုလင်းစင်တာ (ဘိုလင်း)
- ဂွမ်ချွန်း မြင်းစီးကွင်း (မြင်းစီး)
- ဂွမ်ဂျူး အားကစားကွင်း (ဘောလုံး)
- ယန်ယမ် ကလပ် (ဂေါက်သီးရိုက်)
- ယန်ယမ်တက္ကသိုလ် အားကစားရုံ (ဘော်လီဘော)
- ဟွာယမ်းမြားပစ်ကွင်း (မြားပစ်)
- ဂျမ်စီပွဲခန်းမ (ဘတ်စကက်ဘော)
- ဂျမ်စီ မိုးလုံလေလုံအားကစားရုံ (ရေပိုင်းဆိုင်ရာအားကစားနည်းများ)
- ဂျမ်စီ ကျောင်းသားအားကစားရုံ (လက်ဝှေ့)
- Misari Regatta (လှေလှော်)
- ဆိုးလ်အိုလံပစ် ကျွမ်းဘား ပွဲခန်းမ (ကျွမ်းဘား၊ ကြက်တောင်ရိုက်)
- အိုလံပစ် ဓားသိုင်း အားကစားရုံ (ဓားသိုင်း)
- ဆမ်မူအားကစားရုံ (နပန်း)
- အိုလံပစ် တင်းနစ်စင်တာ (တင်းနစ်)
- အိုလံပစ် အလေးမအားကစားရုံ (အလေးမ)
- Saemaul အားကစားခန်းမ (ဂျူဒို)
- ဆောင်နမ်ဟော်ကီ အားကစားကွင်း (ဟော်ကီ)
- ဆိုးလ် အိုလံပစ် စက်ဘီးစီးအားကစားရုံ (စက်ဘီးစီး - track)
- ဆိုးလ်အမျိုးသားတက္ကသိုလ် အားကစားရုံ (စားပွဲတင်တင်းနစ်)
- ဆူဝန်အားကစားရုံ (Handball)
- ဆူဝန် တက္ကသိုလ် အားကစားရုံ (တိုက်ကွမ်ဒို)
- Taenung နိုက်ငံတကာ သေနတ်ပစ်ကွင်း (သေနတ်ပစ်)
- Tongillo လမ်းမ (စက်ဘီးစီး - road)
ပြိုင်ပွဲအထိမ်းအမှတ်များ
[ပြင်ဆင်ရန်]လာဘ်ကောင်
[ပြင်ဆင်ရန်]၁၉၈၆ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ် လာဘ်ကောင်မှာ ဟိုဒိုရီဟု အမည်ရသော ကျားဖြစ်သည်။ ဤလာဘ်ကောင်ကိုပင် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် အသုံးပြုခဲ့သည်။
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ပါဝင်သော အားကစားနည်းများ
[ပြင်ဆင်ရန်]- ရေပိုင်းဆိုင်ရာအားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘတ်စကက်ဘော
ဘိုလင်း
လက်ဝှေ့
စက်ဘီးစီး
မြင်းစီး
ဓားသိုင်းအတတ်
ဟော်ကီ
ဘောလုံး
ဂေါက်သီးရိုက်
ကျွမ်းဘား
Handball
ဂျူဒို
လှေလှော်
ရွက်လှေ
သေနတ်ပစ်
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်-
ဘော်လီဘော
အလေးမ
နပန်း
ပါဝင်သည့်နိုင်ငံများ
[ပြင်ဆင်ရန်]| IOC | နိုင်ငံ | အားကစားသမားဦးရေ |
|---|---|---|
| BRN | ၆၃ | |
| BAN | ၅၁ | |
| BHU | ၈ | |
| CHN | ၃၈၈ | |
| HKG | ၁၈၄ | |
| IND | ၃၀၀ | |
| INA | ၂၀၅ | |
| IRI | ၉၄ | |
| IRQ | ၅၂ | |
| JPN | ၄၄၀ | |
| JOR | ၃၀ | |
| KUW | ၁၉၁ | |
| LBN | ၁၀ | |
| MAL | ၁၂၅ | |
| MDV | ၅ | |
| NEP | ၁၀၅ | |
| ၁၀ | ||
| OMA | ၅၄ | |
| PAK | ၉၈ | |
| PHP | ၉၃ | |
| QAT | ၆၂ | |
| SAU | ၇၃ | |
| SGP | ၃၃ | |
| KOR | ၄၉၄ | |
| SRI | ၂၀ | |
| THA | ၂၀၄ | |
| UAE | ၃၀ |
ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]- Key
* အိမ်ရှင်
| အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|---|
| ၁ | ၉၄ | ၈၂ | ၄၆ | ၂၂၂ | |
| ၂ | ၉၃ | ၅၅ | ၇၆ | ၂၂၄ | |
| ၃ | ၅၈ | ၇၆ | ၇၇ | ၂၁၁ | |
| ၄ | ၆ | ၆ | ၁၀ | ၂၂ | |
| ၅ | ၅ | ၉ | ၂၃ | ၃၇ | |
| ၆ | ၄ | ၅ | ၉ | ၁၈ | |
| ၇ | ၃ | ၁၀ | ၁၃ | ၂၆ | |
| ၈ | ၂ | ၃ | ၄ | ၉ | |
| ၉ | ၁ | ၅ | ၁၄ | ၂၀ | |
| ၁၀ | ၁ | ၁ | ၃ | ၅ | |
| ၁၁ | ၁ | ၀ | ၃ | ၄ | |
| ၁၂ | ၁ | ၀ | ၁ | ၂ | |
| ၁ | ၀ | ၁ | ၂ | ||
| ၁၄ | ၀ | ၅ | ၅ | ၁၀ | |
| ၁၅ | ၀ | ၅ | ၂ | ၇ | |
| ၁၆ | ၀ | ၃ | ၁ | ၄ | |
| ၁၇ | ၀ | ၁ | ၈ | ၉ | |
| ၁၈ | ၀ | ၁ | ၄ | ၅ | |
| ၁၉ | ၀ | ၁ | ၀ | ၁ | |
| ၂၀ | ၀ | ၀ | ၈ | ၈ | |
| ၂၁ | ၀ | ၀ | ၁ | ၁ | |
| ၀ | ၀ | ၁ | ၁ | ||
| စုစုပေါင်း (22 NOCs) | ၂၇၀ | ၃၆၈ | ၃၁၀ | ၈၄၈ | |
ကိုးကား
[ပြင်ဆင်ရန်]- ↑ JAMESON၊ SAM (15 September 1986)။ Bomb Kills 5 in Seoul; North Koreans Blamed။