၂၀၁၈ အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၂၀၁၈ အာရှအားကစားပြိုင်ပွဲ
XVIII Asian Games
ကျင်းပရာမြို့အင်ဒိုနီးရှားနိုင်ငံဂျကာတာ
ဖလမ်းပင်[၁]
ဆောင်ပုဒ်"Energy of Asia"[၂]
(အင်ဒိုနီးရှား: Energi Asia)
ပါဝင်သော နိုင်ငံများ၄၅
ကစားပွဲအမျိုးအစားအားကစားနည်း ၄၀တွင် ၄၆၂ပွဲ
ဖွင့်ပွဲအခမ်းအနား၁၈ ဩဂုတ်[၃]
ပိတ်ပွဲအခမ်းအနား၂ စက်တင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဂျိုကို ဝီဒိုဒို(သမ္မတ)
အဓိကအားကစားကွင်းဂျီလိုရာ ဘန်ကာနို အားကစားကွင်း[၄]
ဝက်ဘ်ဆိုဒ်Official website
၂၀၁၄ ၂၀၂၂  >

၂၀၁၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2018 Asian Games)သည် အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့နှင့် ဖလန်းပင်မြို့တွင် ၂၀၁၈ခုနှစ် ဩဂုတ်လ ၁၈ရက်မှ စက်တင်ဘာလ ၂ရက်​နေ့အထိကျင်းပခဲ့သည့် ၁၈ကြိမ်​မြောက် အာရှ ​အားကစားပြိုင်ပွဲဖြစ်သည်။ အာရှအားကစားပြိုင်ပွဲကို မြို့၂မြို့တွင်ခွဲ၍ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာရှအားကစားပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ကာ ၁၉၆၂ခုနှစ်၌ ဂျာကာတာမြို့တွင် ကျင်းပခဲ့ဖူးသည်။

လက်ခံကျင်းပခြင်း[ပြင်ဆင်ရန်]

အိမ်ရှင်အဖြစ်ယှဉ်ပြိုင်ခြင်း[ပြင်ဆင်ရန်]

ဟနွိုင်း[ပြင်ဆင်ရန်]

ဗီယက်နမ်၊ဟနွိုင်းမြို့မှာ ဆာရာဘာရာမြို့(အင်ဒိုနီးရှား)၊ဒူဘိုင်းမြို့များကို​ကျော်၍ကျင်းပခွင့်ရခဲ့သည်။၂၀၁၂ နိုဝင်ဘာ၈ရက်​နေ့တွင် ဟနွိုင်းက ၂၉မဲ၊ဆာရာဘာရာက ၁၄မဲဖြင့် ဟနွိုင်းကအနိုင်ရခဲ့သည်။ ဒူဘိုင်းမှာမူ နုတ်ထွက်ခဲ့သည်။

သို့​သော် ၂၀၁၄ခုနှစ် မတ်လတွင် ဗီယက်နမ်၏လက်ခံကျင်းပနိုင်မှုကို စိုးရိမ်လာကြသည်။ ထိုအထဲတွင် ဘတ်ဂျက်$၁၅၀ မီလီယံသာသုံးစွဲခြင်းလည်းပါသည်။ အစိုးရအ​နေဖြင့် $၃၀၀ မီလီယံသုံးစွဲရန် တိုက်တွန်းမှုများရှိခဲ့သည်။ ဗီယက်နမ်အိုလံပစ်​ကော်မတီ ဥက္ကဋ္ဌ​ဟောင်းကလည်း အာရှအားကစားပွဲကိုကျင်းပခြင်းမှာ ဗီယက်နမ်၏ ခရီးသွားကဏ္ဍကို မမြှင့်တင်နိုင်​ကြောင်း​ပြောခဲ့သည်။

၂၀၁၄ခုနှစ် ဧပြီ၁၇ရက်​နေ့တွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ထန်းက အိမ်ရှင်အဖြစ်မှနုတ်ထွက်​ကြောင်း ​ကြေညာခဲ့သည်။

ဂျာကာတာနှင့် ဖလမ်းပင်[ပြင်ဆင်ရန်]

ဟနွိုင်းနုတ်ထွက်သွားပြီး​နောက် အာရှအိုလံပစ်​ကောင်စီမှ အင်ဒိုနီးရှား၊တရုတ်နှင့် ယူ​အေအီးနိုင်ငံများမှာ အဓိကစဉ်းစားစရာဖြစ်​ကြောင်း​ပြောခဲ့သည်။ ထိုအထဲမှ ယခင်​ရွေးချယ်စဉ်က ဒုတိယရ​သော ဆာရာဘာရာမြို့ကို လူကြိုက်များခဲ့သည်။

၂၀၁၄ခုနှစ် ​မေလ၅ရက်တွင် အာရှအိုလံပစ်​ကောင်စီမှ အင်ဒိုနီးရှားနိုင်ငံရှိ ဂျာကာတာ၊ဖလမ်းပင်၊ဆာရာဘာရာ၊ဘန်​ဒေါင်းမြို့များသို့ သွား​ရောက်ခဲ့သည်။ ဆာရာဘာရာအ​နေဖြင့် အာရှအားကစားပြိုင်ပွဲအစား ၂၀၂၁ အာရှလူငယ်အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်စီစဉ်ပြီးဖြစ်၍ အိမ်ရှင်ဖြစ်ရန်မကြိုးစား​တော့​ပေ။ ဇူလိုင်၂၅တွင် ကူဝိတ်စီးတီးတွင် ကျင်းပ​သော အစည်းအ​ဝေးတွင် အာရှအိုလံပစ်​ကောင်စီက ဂျာကာတာကိုအိမ်ရှင်အဖြစ်​ပေးအပ်ခဲ့ပြီး ဖလမ်းပင်ကို ပူးဆွဲအိမ်ရှင်အဖြစ်​ပေးခဲ့သည်။ စက်တင်ဘာ ၂၀ရက်​နေ့တွင် အင်ဒိုနီးရှားသည် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် စာချုပ်တွင်လက်မှတ်ထိုးခဲ့သည်။ 

ကုန်ကျစရိတ်[ပြင်ဆင်ရန်]

၂၀၁၅ခုနှစ်က ဗဟိုအစိုးရအ​နေဖြင့် $၂၂၄မီလီယံကို ဘတ်ဂျက်ခွဲ​ဝေခဲ့ပြီး ​ဒေသတွင်းအစိုးရများက အချို့ကုန်ကျစရိတ်များသုံးစွဲခဲ့သည်။၂၀၁၈၊ဇူလိုင်လတွင် အားကစားပွဲအတွက် ဘတ်ဂျက်ခွဲ​ဝေမှုမှာ အလှူရှင်များထံမှ ​ထောက်ပံ့​ငွေ အ​မေရိကန်​ဒေါ်လာ ၅၉မီလီယံအပါအဝင် စုစု​ပေါင်းကုန်ကျစရိတ် အ​မေရိကန်​ဒေါ်လာ ၄၅၀မီလီယံရှိခဲ့သည်။

အားကစားကွင်းများ[ပြင်ဆင်ရန်]

ဖိုင်:GBK Main Stadium West Plaza.png
ဂျာကာတာမြိ့ရှိ ဘန်ကာနိုအားကစားကွင်း

ဂျာကာတာမြို့ ဘန်ကာနိုအားကစားနယ်​​မြေ[ပြင်ဆင်ရန်]

Venue Events Capacity
Gelora Bung Karno Stadium Opening and Closing Ceremonies 76,127
Athletics
Istora Badminton 7,110
Basketball
Aquatic Center Aquatics (Diving, Swimming, Synchronized swimming, Water polo) 8,630
Tennis (Indoor) Volleyball 3,300
Tennis (Outdoor) 3 on 3 Basketball 5,000
Basketball Hall Basketball 2,920
Hockey Field Field hockey 350
Baseball Field Baseball 2,500
Softball Field Softball 503
Archery Field Archery 256
Rugby Field Rugby sevens
Training Facility Squash
Jakarta Convention Center Fencing temporary venue
Karate
Martial Arts (Kurash and Sambo)
Volleyball

အခြား​နေရာများ[ပြင်ဆင်ရန်]

Venue Events Capacity Location
Jakarta International Velodrome Cycling (Track) 4,000 Rawamangun, East Jakarta
Jakarta International Equestrian Park Equestrian 920 Pulomas
Ancol Beach Marina Sailing Ancol, North Jakarta
Jet ski
Pulomas International BMX Center Cycling (BMX) Pulomas, East Jakarta
Padepokan Silat TMII Martial arts (Pencak Silat) Taman Mini Indonesia Indah, East Jakarta
Jakarta International Expo Boxing temporary venue Kemayoran, Central Jakarta
Contract Bridge
Gymnastics
Judo
Kabaddi
Martial arts (Jujitsu and Wushu)
Table tennis
Taekwondo
Weightlifting
Wrestling
Pertamina Simprug Stadium Volleyball Simprug, South Jakarta
Pondok Indah Golf Course Golf Pondok Indah, South Jakarta
ဖလမ်းပင်မြိ့ရှိ ဂျီလိုရာဆရီဝီဂျေယာ အားကစားကွင်း

ဖလမ်းပင်မြို့[ပြင်ဆင်ရန်]

Venue Events Capacity Location
Gelora Sriwijaya Stadium Women's Football 23,000 Jakabaring Sports City
Tennis Court Tennis, Softtennis
Jakabaring Lake Canoeing (Sprint and Traditional Boat Race)
Rowing
Ranau Sport Hall Sepak takraw 2,000
Bowling Center Bowling 300
Sport Climbing Arena Sports climbing
Beach Volley Arena Volleyball (Beach)
Shooting Range Shooting
Roller Sports Arena Roller sports
Bumi Sriwijaya Stadium Women's Football 7,000 Palembang

အ​နောက်ဂျာဗား[ပြင်ဆင်ရန်]

Venue Events Capacity Location
Jalak Harupat Stadium Men's Football 27,000 Bandung Regency
Pakansari Stadium 30,000 Bogor
Patriot Chandrabhaga Stadium 30,000 Bekasi
Wibawa Mukti Stadium 28,778 Cikarang, Bekasi Regency
Gelora Bandung Lautan Api Stadium 38,000 Bandung
Gunung Mas Paragliding - Puncak, Bogor Regency
Arthayasa Stables Modern pentathlon - Depok
Streets of Subang Cycling (MTB and Road race) - Subang Regency
Bendung Rentang Canoeing (Slalom) - Majalengka Regency

ပြိုင်ပွဲအထိမ်းအမှတ်များ[ပြင်ဆင်ရန်]

၂၀၁၅ခုနှစ် စက်တင်ဘာလ၉ရက်​နေ့တွင်ကျင်းပ​​သော အင်ဒိုနီးရှားနိုင်ငံအားကစား​နေ့တွင် အထိမ်းအမှတ်တံဆိပ်ကိုပြသခဲ့သည်။ အင်ဒိုနီးရှား၏ ရှားပါးလှ​သော Paradisaeaငှက်ကို ပုံ​ဖော်ထားသည်။

၂၀၁၆ ဇန်နဝါရီတွင် စီစဉ်သူများက ထိုတံဆိပ်ကိုရုပ်သိမ်းခဲ့သည်။​ပြည်သူပြည်သားများက ထိုတံဆိပ်မှာ Paradisaeaငှက်အစား ကြက်​ပေါက်​လေးတစ်​ကောင်နှင့်တူ​နေသည်ဟု ​နောက်​ပြောင်​ဝေဖန်ခဲ့ကြသည်။ သူနှင့်အတူ လာဘ်​ကောင်"ဒရာဝါ"မှာလည်း ​ဝေဖန်ခံခဲ့ရသည်။ အစိုးရက ဒီဇိုင်းအသစ်အတွက် ​ဖိတ်​ခေါ်ခဲ့သည်။ ဇူလိုင် ၂၈ရက်တွင် ဒီဇိုင်းအသစ်ကို ပြသခဲ့သည်။"အာရှ၏ စွမ်းအားများ(Energy kf Adia)"ဟု ​ခေါင်းစဉ်တပ်ကာ ဘန်ကာနိုအားကစားကွင်းကိုပုံ​ထော်ထား​သော ဒီဇိုင်းအသစ်မှာ အာရှနိုင်ငံများ၏စည်းလုံးမှုကို​ဖော်ပြရန်ရည်ရွယ်သည်။

ထို​နေ့တွင်ပင် လာဘ်​ကောင်အသစ်များကိုလည်း ပြသခဲ့သည်။ ယခင် Paradisaeaငှက်အစား ဘင်ဘင်-Paradisaeaငှက်၊အက်တင်-ဘာဝီသမင်၊ကာကာ-ဂျာဗန်ကြံ့ တို့ဖြစ်သည်။ သူတို့သည် အင်ဒိုနီးရှား၏ အ​ရှေ့ပိုင်း၊အလယ်ပိုင်းနှင့် အ​နောက်ပိုင်းတို့နှင့် မဟာဗျူဟာ၊အရှိန်နှင့် ခွန်အားတို့ကို ကိုယ်စားပြုသည်။

အမှတ်စဉ်​​ရေတွက်ရာ နာရီ

မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်​ဆောင်ခြင်း[ပြင်ဆင်ရန်]

မီးရှုးတိုင်မှာ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲအိမ်ရှင် နယူး​ဒေလီမြို့ရှိ Dhyan Chand National Stadiumတွင် နေ​ရောင်ခြည်မှတိုက်ရိုက်ဖြင့် ပရာဗလာပုံစံ​ကြေးမုံမှ၂၀၁၈ခုနှစ် ဇူလိုင်၁၅ရက်​နေ့ကစတင်မီးထွန်းညှိခဲ့သည်။​ ဇူလိုင် ၁၈ရက်​နေ့တွင် Prambananရှိ ဗြဟ္မာကွင်းတွင် အလယ်ဂျာဗားမှမီးနှင့် အိန္ဒိယမှယူလာ​​သော မီးတို့ကို ပူး​ပေါင်းထွန်းညှိခဲ့သည်။ ထို့​နောက် နိုင်ငံအနှံ့မီးရှုးတိုင် လက်ဆင့်ကမ်းသယ်​ဆောင်ခြင်းအစီအစဉ်စတင်ခဲ့သည်။

အိမ်ရှင်မြို့များအပါအဝင် နိုင်ငံအနှံ့ မြို့​ပေါင်း၅၄မြို့ကိုဖြတ်၍ မီးရှုးတိုင်လက်ဆင့်ကမ်းသယ်​ဆောင်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဘန်ကာနိုအားကစားကွင်းရှိ ပင်မမီးရှုးတိုင်ကို မီးမထွန်းညှိမီ ဩဂုတ်လ ၁၇ရက်​နေ့၊ (၇၃)ကြိမ်​မြောက် အင်ဒိုနီးရှားလွတ်လပ်​ရေး​ကြေညာခြင်း​နေ့တွင် သယ်​ဆောင်ခြင်းပြီးဆုံးခဲ့သည်။

ပွဲများနှင့်အားကစား[ပြင်ဆင်ရန်]

ဖွင့်ပွဲအခမ်းအနား[ပြင်ဆင်ရန်]

ဖွင့်ပွဲအခမ်းအနား
​နောက်ခံစင်မြင့်

၂၀၁၈ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ် ဩဂုတ်လ၁၈ရက်​နေ့ ည၇နာရီတွင် ဂျကာတာမြို့ရှိ ဘန်ကာနိုအားကစားကွင်းတွင်ကျင်းပခဲ့သည်။ [၅] ၂၆မီတာရှိ​သော ​​တောင်နှင့်​ရေတံခွန်ပုံစံ ​နောက်ခံစတိတ်စင်မှာ အင်ဒိုနီးရှားရှိအပင်နှင့်ပန်းများဖြင့် တန်ဆာဆင်ထားသည်။[၆] ​​တောင်နှင့်​မြောက်ကိုရီးယားတို့မှာ ​ပေါင်းစည်း​ရေးအလံ​အောက်တွင် တစ်ဖွဲ့တည်းချီတက်ခဲ့သည်။ အားကစားပွဲ​တော်ကို သမ္မတဂျိုကိုဝီဒိုဒိုက ဖွင့်လှစ်​ပေးခဲ့သည်။[၆]

ပိတ်ပွဲအခမ်းအနား[ပြင်ဆင်ရန်]

ပိတ်ပွဲကို စက်တင်ဘာ၂ရက်​နေ့ည၇နာရီက ဂျကာတာမြို့ရှိ ဘန်ကာနိုအားကစားကွင်းတွင် ကျင်းပခဲ့သည်။ [၇]၂၀၂၂ဟန်ကျိုးအားကစားပွဲ​တော်ကို လက်ခံကျင်းပမည့် တရုတ်နိုင်ငံ၊ဟန်ကျိုးမြို့မှ မြို့​တော်ဝန်မှ အားကစားပြိုငပွဲအလံကို လွှဲ​ပြောင်းလက်ခံခဲ့သည်။[၈]

ပါဝင်​သော အားကစားနည်းများ[ပြင်ဆင်ရန်]

၂၀၁၈ အာရှအားကစားပြိုင်ပွဲတွင် ကနူးပိုလိုနှင့် eSportsတို့ကို မိတ်ဆက်ကျင်းပခဲ့သည်။[၉][၁၀]

သရုပ်ပြ အားကစားနည်းများ

ဆုတံဆိပ်ဇယား[ပြင်ဆင်ရန်]

  *   အိမ်ရှင်[၁၁]

၂၀၁၈ အာရှအားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
 တရုတ် ၁၃၂ ၉၂ ၆၅ ၂၈၉
 ဂျပန် ၇၅ ၅၆ ၇၄ ၂၀၅
 တောင်ကိုရီးယား ၄၉ ၅၈ ၇၀ ၁၇၇
 အင်ဒိုနီးရှား* ၃၁ ၂၄ ၄၃ ၉၈
 ဥဇဘက်ကစ္စတန် ၂၁ ၂၄ ၂၅ ၇၀
 အီရန် ၂၀ ၂၀ ၂၂ ၆၂
 တရုတ် တိုင်ပေ ၁၇ ၁၉ ၃၁ ၆၇
 အိန္ဒိယ ၁၅ ၂၄ ၃၀ ၆၉
 ကာဇက်စတန် ၁၅ ၁၇ ၄၄ ၇၆
၁၀  မြောက်ကိုရီးယား ၁၂ ၁၂ ၁၃ ၃၇
၁၁  ဘရူနိုင်း ၁၂ ၂၆
၁၂  ထိုင်း ၁၁ ၁၆ ၄၆ ၇၃
၁၃  ဟောင်ကောင် ၁၈ ၂၀ ၄၆
၁၄  မလေးရှား ၁၃ ၁၆ ၃၆
၁၅  ကာတာ ၁၃
၁၆  မွန်ဂိုးလီးယား ၁၁ ၂၅
၁၇  ဗီယက်နမ် ၁၆ ၁၈ ၃၈
၁၈  စင်ကာပူ ၁၄ ၂၂
၁၉  ဖိလစ်ပိုင် ၁၅ ၂၁
၂၀  အာရပ်စော်ဘွားများပြည်ထောင်စု ၁၄
၂၁  ကူဝိတ်
၂၂  ကာဂျစ္စတန် ၁၂ ၂၀
၂၃  ဂျော်ဒန် ၁၂
၂၄  ကမ္ဘောဒီးယား
၂၅  ဆော်ဒီအာရေဗျ
၂၆  မကာအို
၂၇  အီရတ်
၂၈ ကိုရီးယား
 လက်ဘနွန်
၃၀  တာဂျစ်ကစ္စတန်
၃၁  လာအို
၃၂  တာ့ခ်မင်နစ္စတန်
၃၃  နီပေါ
၃၄  ပါကစ္စတန်
၃၅  အာဖဂန်နစ္စတန်
မြန်မာနိုင်ငံမြန်မာ
၃၇  ဆီးရီးယား
စုစု​ပေါင်း (၃၇နိုင်ငံ) ၄၆၅ ၄၆၅ ၆၂၂ ၁၅၅၂


ပါဝင်​သောနိုင်ငံများ[ပြင်ဆင်ရန်]

အာရှအိုလံပစ်​ကောင်စီအဖွဲ့ဝင် ၄၅နိုင်ငံလုံးပါဝင်ယှဉ်ပြိုင်ကြသည်။​တောင်နှင့် ​မြောက်ကိုရီးယားမှာ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတစ်နိုင်ငံအ​နေဖြင့်ဝင်​ရောက်ခဲ့ပြီး အချို့​သောအားကစားနည်းများတွင် တစ်နိုင်ငံအ​နေဖြင့်​ပေါင်း၍ယှဉ်ပြိုင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Odi Aria Saputra။ "Keppres Asian Games Turun Pertengahan April" (in Indonesian)၊ Sriwijaya Post၊ 10 April 2015။ 
  2. "Tema Asian Games 2018, The Energy of Asia, Ini Artinya"၊ Superball.id၊ 12 February 2016။ Archived from the original on 11 October 2016။ 
  3. "18-8-18 start planned for 18th Asian Games"၊ Olympic Council of Asia၊ 27 January 2015။ Archived from the original on 5 March 2016။ 
  4. Ade Irma Junida။ "GBK akan direnovasi demi Asian Games 2018" (in Indonesian)၊ Antara၊ 2 October 2014။ 
  5. "Di Balik Pembukaan Asian Games 2018: Eko Supriyanto & Denny Malik – Tirto.ID" (in id-ID)၊ tirto.id 
  6. ၆.၀ ၆.၁ NDTVSports.com။ "Asian Games 2018 Opening Ceremony Highlights: Grand Opening Ceremony Draws To A Close – NDTV Sports" (in en)၊ NDTVSports.com 
  7. Closing Ceremony Asian Games 2018။ 30 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2018 တွင် ပြန်စစ်ပြီး။
  8. "China's Hangzhou takes over flag of 2022 Asian Games"၊ ECNS၊ 3 September 2018။ 
  9. Dewi၊ Arum Kusuma။ "Esports Akan Dipertandingkan di Asian Games" (in Indonesia)၊ INDOSPORT.com၊ 18 April 2017။ 
  10. "Canoe Polo Demonstration Event"၊ Asian Canoe Federation 
  11. Medals။ 27 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2018 တွင် ပြန်စစ်ပြီး။