အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ
အတိုကောက် | APG |
---|---|
ပထမအကြိမ် | ၂၀၁၀ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ |
Occur every | ၄နှစ် |
နောက်ဆုံးတစ်ခေါက် ကျင်းပခဲ့သည့် ပြိုင်ပွဲ | ၂၀၁၈ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ |
ရည်မှန်းချက် | အာရှတိုက်ရှိ မသန်စွမ်းသူများအတွက် ကျင်းပသော အားကစားပွဲ |
အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ (အင်္ဂလိပ်: Asian Para Games)သည် အာရှပါရာလမ်းပစ်ကော်မတီမှ ဦးစီးကျင်းပသည့် မသန်စွမ်းသူများဆိုင်ရာ အားကစားပွဲတော်ဖြစ်သည်။ ပြိုင်ပွဲဝင် မသန်စွမ်းသူများတွင် သွက်ချာပါဒ၊ လေဖြန်း၊ခြေ၊ လက်မသန်စွမ်း၊ အမြင်၊ အကြားချို့တဲ့ခြင်း စသည့် မသန်စွမ်းမှုအမျိုးမျိုး ခံစားနေရသူများ ပါဝင်သည်။ အိုလံပစ်နှင့် ပါရာလမ်းပစ်ကဲ့သို့ပင် အာရှအားကစားပြိုင်ပွဲအပြီးတွင် ထိုပွဲ၏ အိမ်ရှင်မြို့ကပင် ဆက်လက် ကျင်းပသည်။ဤပွဲတော်သည် မသန်စွမ်းအားကစားပြိုင်ပွဲ (ပါရာလမ်းပစ်)ပြီးလျှင် ဒုတိယမြောက် အကြီးကျယ်ဆုံးပွဲတော်ဖြစ်သည်။ လက်ရှိအချိန်အထိ နိုင်ငံ (၃)နိုင်ငံမှ လက်ခံကျင်းပခဲ့ပြီး နိုင်ငံပေါင်း (၄၄)နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ယခင်က အရှေ့ဖျားနှင့် တောင်ပစိဖိတ် မသန်စွမ်းအားကစားပြိုင်ပွဲ (FESPIC)အဖြစ် ကျင်းပခဲ့ပြီး အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံများ ယှဉ်ပြိုင်ခဲ့ကြသည်။၁၉၇၅ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး ၂၀၀၆ခုနှစ်တွင် မလေးရှားနိုင်ငံ၌ နောက်ဆုံးကျင်းပခဲ့သည်။
FESPICကို ကြီးကြပ်ကျင်းပသည့် FESPIC အားကစားအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီး အာရှမသန်စွမ်းသူများအားကစားကောင်စီနှင့် ပေါင်းစည်းခဲ့သည်။FESPICအားကစားပွဲကိုလည်း ဖျက်သိမ်းခဲ့သည်။ နောက်ဆုံးပွဲတော်ဖြစ်သော ၂၀၀၆ ကွာလာလမ်ပူပွဲတော်ပိတ်ပွဲတွင် အာရှမသန်စွမ်းသူများအားကစားကောင်စီကို အာရှမသန်စွမ်းသူများအားကစားကော်မတီအဖြစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
အာရှနိုင်ငံများပါဝင်သည့် ပထမဆုံး မသန်စွမ်းအားကစားပွဲကို ၂၀၁၀ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ စတင်ကျင်းပခဲ့သည်။
ပွဲတော်များ
[ပြင်ဆင်ရန်]ပွဲ | နှစ် | အိမ်ရှင်မြို့ | အိမ်ရှင်နိုင်ငံ | ဖွင့်လှစ်ပေးသူ | စတင်ရက် | ပြီးဆုံးရက် | ပါဝင်သည့်နိုင်ငံပေါင်း | ပါဝင်ယှဉ်ပြိုင်သူပေါင်း | အားကစားနည်းပေါင်း | ပွဲစဉ်ပေါင်း | နိုင်ငံအလိုက် အဆင့် (၁) ရရှိသူ | Ref. |
---|---|---|---|---|---|---|---|---|---|---|---|---|
I | ၂၀၁၀ | ကွမ်ကျိုးမြို့ | တရုတ် | ဒုတိယဝန်ကြီးချုပ် လီခကျန်း | ၁၂ ဒီဇင်ဘာ | ၁၉ ဒီဇင်ဘာ | ၄၁ | ၂၄၀၅ | ၁၉ | ၃၄၁ | တရုတ် | [၁] |
II | ၂၀၁၄ | အင်ချွန်းမြို့ | တောင်ကိုရီးယား | ဝန်ကြီးချုပ် Chung Hong-won | ၁၈ အောက်တိုဘာ | ၂၄ အောက်တိုဘာ | ၄၁ | ၂၄၉၇ | ၂၃ | ၄၄၃ | တရုတ် | [၂] |
III | ၂၀၁၈ | ဂျာကာတာမြို့ | အင်ဒိုနီးရှား | သမ္မတ ဂျိုကို ဝီဒိုဒို | ၆ အောက်တိုဘာ | ၁၃ အောက်တိုဘာ | ၄၃ | ၂၇၅၇ | ၁၈ | ၅၀၆ | တရုတ် | [၃] |
IV | ၂၀၂၂ | ဟန်ကျိုးမြို့ | တရုတ် | ၉ အောက်တိုဘာ | ၁၅ အောက်တိုဘာ | ၂၂[၄] | ||||||
V | ၂၀၂၆ | နာဂိုယာမြို့ | ဂျပန် | ကျင်းပရန်ရှိသည့်ပွဲများ | ||||||||
VI | ၂၀၃၀ | ဒိုဟာမြို့ | ကာတာ | ကျင်းပရန်ရှိသည့်ပွဲများ | ||||||||
VII | ၂၀၃၄ | ရီဟာ့ဒ်မြို့ | ဆော်ဒီအာရေးဘီးယား | ကျင်းပရန်ရှိသည့်ပွဲများ |
အားကစားနည်းများ
[ပြင်ဆင်ရန်]၂၀၁၀ပွဲတော်မှစ၍ ယခုအချိန်အထိ မငန်စွမ်းသူများအတွက် အားကစားနည်းများအပါအဝင် အားကစားနည်းပေါင်း ၂၄မျိုးကို ကျင်းပနိုင်ခဲ့သည်။
|
|
ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]အဖွဲ့ဝင် ၄၄နိုင်ငံတွင် ၃၇နိုင်ငံမှ အနည်းဆုံး ဆုတံဆိပ် တစ်ခုရယူနိုင်ခဲ့သည်။၇နိုင်ငံမှာမူ ဆုတံဆိပ် ဆွတ်ခူးထားခြင်းမရှိပေ။ရွှေတံဆိပ် အနည်းဆုံးတစ်ခု ရယူထားသောနိုင်ငံ ၃၁နိုင်ငံရှိသည်။၂၀၁၈ ဂျာကာတာပွဲတော်အထိ ဆုတံဆိပ်ပေါင်း ၃၉၁၀ကို ချီးမြှင့်နိုင်ခဲ့သည်။
အဆင့် | NPC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | တရုတ် | ၅၃၁ | ၃၀၁ | ၁၉၅ | ၁၀၂၇ |
၂ | တောင်ကိုရီးယား | ၁၅၂ | ၁၅၀ | ၁၅၇ | ၄၅၉ |
၃ | ဂျပန် | ၁၁၅ | ၁၅၃ | ၁၇၁ | ၄၄၄ |
၄ | အီရန် | ၁၁၅ | ၁၁၈ | ၁၀၃ | ၃၃၆ |
၅ | ထိုင်း | ၆၄ | ၁၀၆ | ၁၃၆ | ၃၀၆ |
၆ | ဥဇဘက်ကစ္စတန် | ၅၆ | ၃၁ | ၂၅ | ၁၁၂ |
၇ | အင်ဒိုနီးရှား | ၄၇ | ၆၃ | ၇၄ | ၁၈၄ |
၈ | မလေးရှား | ၄၁ | ၅၉ | ၇၅ | ၁၇၅ |
၉ | ဟောင်ကောင် | ၂၆ | ၄၀ | ၅၄ | ၁၂၀ |
၁၀ | ဗီယက်နမ် | ၂၀ | ၁၈ | ၄၇ | ၈၅ |
၁၁ | အိန္ဒိယ | ၁၉ | ၄၂ | ၅၈ | ၁၁၉ |
၁၂ | အီရတ် | ၁၈ | ၁၇ | ၃၆ | ၇၁ |
၁၃ | တရုတ် တိုင်ပေ | ၁၄ | ၂၆ | ၄၉ | ၈၉ |
၁၄ | ကာဇက်စတန် | ၁၂ | ၂၃ | ၂၉ | ၆၄ |
၁၅ | အာရပ်စော်ဘွားများပြည်ထောင်စု | ၁၀ | ၂၄ | ၁၃ | ၄၇ |
၁၆ | ဖိလစ်ပိုင် | ၁၀ | ၁၇ | ၁၉ | ၄၆ |
၁၇ | သီရိလင်္ကာ | ၇ | ၁၃ | ၁၈ | ၃၈ |
၁၈ | ဆော်ဒီအာရေးဘီးယား | ၅ | ၈ | ၅ | ၁၈ |
၁၉ | ဂျော်ဒန် | ၅ | ၆ | ၆ | ၁၇ |
၂၀ | စင်ကာပူ | ၄ | ၃ | ၁၃ | ၂၀ |
၂၁ | ပါကစ္စတန် | ၄ | ၁ | ၃ | ၈ |
၂၂ | မွန်ဂိုးလီးယား | ၃ | ၄ | ၁၄ | ၂၁ |
၂၃ | ကာတာ | ၃ | ၁ | ၂ | ၆ |
၂၄ | အိုမန် | ၂ | ၆ | ၂ | ၁၀ |
၂၅ | အရှေ့တီမော | ၂ | ၀ | ၁ | ၃ |
၂၆ | ကူဝိတ် | ၁ | ၈ | ၈ | ၁၇ |
၂၇ | ဆီးရီးယား | ၁ | ၇ | ၉ | ၁၇ |
၂၈ | မြန်မာ | ၁ | ၅ | ၈ | ၁၄ |
၂၉ | ဘာရိန်း | ၁ | ၅ | ၃ | ၉ |
၃၀ | ပါလက်စတိုင်း | ၁ | ၀ | ၁ | ၂ |
၃၁ | လာအို | ၁ | ၀ | ၀ | ၁ |
၃၂ | လက်ဘနွန် | ၀ | ၃ | ၁ | ၄ |
၃၃ | ဘရူနိုင်း | ၀ | ၂ | ၄ | ၆ |
တာ့ခ်မင်နစ္စတန် | ၀ | ၂ | ၄ | ၆ | |
၃၅ | မကာအို | ၀ | ၂ | ၃ | ၅ |
၃၆ | တစ်ခုတည်းသော ကိုရီးယား | ၀ | ၁ | ၁ | ၂ |
၃၇ | မြောက်ကိုရီးယား | ၀ | ၀ | ၂ | ၂ |
Total (37 NPCs) | ၁၂၉၁ | ၁၂၇၀ | ၁၃၄၉ | ၃၉၁၀ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ 1st APG Guangzhou 2010။ APC။ 4 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2021 တွင် ပြန်စစ်ပြီး။
- ↑ 2nd APG Incheon 2014။ APC။ 15 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2021 တွင် ပြန်စစ်ပြီး။
- ↑ 3rd APG Jakarta 2018။ APC။[လင့်ခ်သေ]
- ↑ Para-taekwondo and Para-canoe to make Asian Para Games debut in Hangzhou။ Inside the Games။