မာတိကာသို့ ခုန်သွားရန်

၁၉၉၄ အာရှ အားကစားပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
၁၉၉၄ အာရှ အားကစားပြိုင်ပွဲ
XII Asian Games
ကျင်းပရာမြို့ဂျပန်နိုင်ငံဟီရိုရှီးမားမြို့
ပါဝင်သော နိုင်ငံများ၄၂
ပါဝင်ဆင်နွဲသော အားကစားသမားများ၆,၈၂၈
ကစားပွဲအမျိုးအစား၃၃၇ (၃၄နည်း)
ဖွင့်ပွဲအခမ်းအနား၂ အောက်တိုဘာ
ပိတ်ပွဲအခမ်းအနား၁၆ အောက်တိုဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူအာကီဟီတို
(ဧကရာဇ်)
တရားဝင်ပိတ်သိမ်းပေးခဲ့သူAhmad Al-Fahad Al-Sabah
အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ
Athlete's OathRyohei Koba
Torch LighterAki Ichijo
Yasunori Uchitomi
အဓိကအားကစားကွင်းဟီရိုရှီးမားဥယျာဉ် ပင်မအားကစားကွင်း]]
<  ၁၉၉၀ ၁၉၉၈  >

၁၉၉၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1994 Asian Games) သည် ဂျပန်နိုင်ငံဟီရိုရှီးမားမြို့ ၌ ၁၉၉၄ခုနှစ် အောက်တိုဘာ ၂ရက်နေ့မှ အောက်တိုဘာ ၁၆ရက်နေ့အထိ ကျင်းပခဲ့သော ၁၂ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဂျပန်နိုင်ငံသည် ၁၉၅၈ နှင့် ၁၉၈၆ ပွဲတော်များကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၉၄ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဧကရာဇ် အာကီဟီတိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံ (၄၂)နိုင်ငံမှ အားကစားသမား (၆,၈၂၈)ဦးတို့သည် အားကစားနည်း (၃၄)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဟီရိုရှီးမားဥယျာဉ် ပင်မအားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံဂျပန်နိုင်ငံကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

ယခုပွဲတော်၏ အဓိက ရည်ရွယ်ချက်မှာ အာရှနိုင်ငံများအကြား ငြိမ်းချမ်းမှုနှင့် သဟဇာတရှိမှုကို ဖော်ညွှန်းသည်။[] ၁၉၄၅ခုနှစ်တွင် ဟီရိုရှီးမားမြို့ ဗုံးကြဲခံခဲ့ရပြီး ယခုပွဲ​တော်ကျင်းပသည့် ၁၉၉၄ခုနှစ်သည် (၄၉)နှစ်ပြည့်သည့် ခုနှစ်လည်းဖြစ်သည်။ ဆိုဗီယက်ပြည်​ထောင်စု ပြိုကွဲပြီး​နောက် ကာဇက်စတန်နိုင်ငံကာဂျစ္စတန်နိုင်ငံတာဂျစ်ကစ္စတန်နိုင်ငံတာ့ခ်မင်နစ္စတန်နိုင်ငံဥဇဘက်ကစ္စတန်နိုင်ငံ တို့၏ အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်​ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။[]

လက်ခံကျင်းပခြင်း

[ပြင်ဆင်ရန်]

အိမ်ရှင်ရွေးချယ်ခြင်း

[ပြင်ဆင်ရန်]

၁၉၈၃ခုနှစ်တွင် အာရှရှိ မြို့နှစ်မြို့ဖြစ်သော ပေကျင်းမြို့နှင့် ဟီရိုရှီးမားမြို့တို့သည် ၁၉၉၀ပွဲတော်ကို လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ ထို့နောက် မဲပေးရွေးချယ်ခဲ့ကြရာ ပေကျင်းမြို့က အနိုင်ရခဲ့သည်။[] သို့သော် ဟီရိုရှီးမားသည် မြင့်မားသော နည်းပညာပိုင်းဆိုင်ရာများ ပါဝင်သည့် အိမ်ရှင်လျှောက်လွှာကို တင်သွင်းခဲ့သဖြင့် ၁၉၉၄ပွဲတော်ကို ကျင်းပခွင့် ရခဲ့သည်။

၁၉၉၀ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ်
မြို့ အမျိုးသားအိုလံပစ်ကော်မတီ မဲရလဒ်
ပေကျင်းမြို့ တရုတ် ၄၄
ဟီရိုရှီးမားမြို့ ဂျပန် ၂၃

ပြိုင်ပွဲအထိမ်းအမှတ်များ

[ပြင်ဆင်ရန်]

အထိမ်းအမှတ်တံဆိပ်

[ပြင်ဆင်ရန်]

၁၉၉၄ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အင်္ဂလိပ်အက္ခရာ H ကို ငြိမ်းချမ်းရေးသင်္ကေတဖြစ်သော ချိုးငှက်ပုံစံ ပုံဖော်ထားခြင်းဖြစ်သည်။ ထို H မှာ ပြိုင်ပွဲကျင်းပရာ ဟီရိုရှီးမားမြို့ကို ကိုယ်စားပြုကာ ဟီရိုရှီးမားမြို့၏ ငြိမ်ချမ်းရေးအတွက် ဆန္ဒကို ဆိုလိုသည်။ အပေါ်တွင် အာရှအိုလံပစ်ကောင်စီ၏ အမှတ်တံဆိပ်ဖြစ်သော နေဝန်းနီကြီးရှိပြီး အမှတ်တံဆိပ်ကို ခြုံ၍ကြည့်ပါက လှုပ်ရှားနေသော အားကစားသမားတစ်ဦးနှင့် ဆင်တူသည်။[]

လာဘ်ကောင်

[ပြင်ဆင်ရန်]

၁၉၉၄ အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ Poppu နှင့် Cuccu ဟု အမည်ရသော ချိုးငှက်တစ်စုံဖြစ်သည်။ ယခုနှစ် အားကစားပွဲတော်၏ အဓိကရည်ရွယ်ချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ရည်ညွှန်းသည်။[]

ပွဲများနှင့်အားကစား

[ပြင်ဆင်ရန်]

ပါဝင်​သော အားကစားနည်းများ

[ပြင်ဆင်ရန်]
  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • ​ကိုယ်ရည်​သွေးပြ ​ရေကူး
    • ဝါတာပိုလို
  • မြားပစ်
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • ​​​​ဘေ့စ်ဘော
  • ဘတ်စကက်ဘော
  • ဘိုလင်း
  • လက်​ဝှေ့
  • ကနူး​လှေ
  • ဘိလိယက်
  • စက်ဘီးစီး
    • Road
    • Track
  • မြင်းစီး
  • ဓားသိုင်းအတတ်
  • ​ဟော်ကီ
  • ​ဘောလုံး
  • ​ဂေါက်သီးရိုက်
  • ကျွမ်းဘား
  • Handball
  • ဂျူဒို
  • Kabaddi
  • ကရာ​တေး
  • ​ခေတ်သစ် အားကစားနည်း၅မျိုးလက်ဆင့်ကမ်း
  • ​လှေ​လှော်
  • ရွက်​လှေ
  • ပိုက်​ကျော်ခြင်း
  • ​သေနတ်ပစ်
  • Softball
  • Soft tennis
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ​ဘော်လီ​ဘော
    • ​ကမ်း​ခြေ ဘော်လီ​ဘော
    • ရုံတွင်း ​ဘော်လီ​ဘော
  • အ​လေးမ
  • နပန်း
  • ဝူရှူး

ပါဝင်သည့်နိုင်ငံများ

[ပြင်ဆင်ရန်]

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် သီးခြား ရပ်တည်လာကြသည့် ကာဇက်စတန်နိုင်ငံကာဂျစ္စတန်နိုင်ငံတာဂျစ်ကစ္စတန်နိုင်ငံတာ့ခ်မင်နစ္စတန်နိုင်ငံဥဇဘက်ကစ္စတန်နိုင်ငံ တို့သည် အာရှအားကစားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆုတံဆိပ်ဇယား

[ပြင်ဆင်ရန်]
Key

  *   အိမ်ရှင်

၁၉၉၄ အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
 တရုတ်၁၂၆၈၃၅၇၂၆၆
 ဂျပန်*၆၄၇၅၇၉၂၁၈
 တောင်ကိုရီးယား၆၃၅၆၆၄၁၈၃
 ကာဇက်စတန်၂၇၂၅၂၇၇၉
 ဥဇဘက်ကစ္စတန်၁၁၁၂၁၉၄၂
 အီရန်၂၆
 တရုတ် တိုင်ပေ၁၃၂၄၄၄
 အိန္ဒိယ၁၆၂၃
 မလေးရှား၁၃၁၉
၁၀ ကာတာ၁၀
၁၁ အင်ဒိုနီးရှား၁၂၁၁၂၆
၁၂ ထိုင်း၁၄၂၆
၁၃ ဆီးရီးယား
၁၄ ဖိလစ်ပိုင်၁၃
၁၅ ကူဝိတ်
၁၆ ဆော်ဒီအာရေးဘီးယား
၁၇ တာ့ခ်မင်နစ္စတန်
၁၈ မွန်ဂိုးလီးယား
၁၉ ဗီယက်နမ်
၂၀ စင်ကာပူ
၂၁ ဟောင်ကောင်၁၃
၂၂ ပါကစ္စတန်၁၀
၂၃ ကာဂျစ္စတန်
၂၄ ဂျော်ဒန်
၂၅ အာရပ်စော်ဘွားများပြည်ထောင်စု
၂၆မကာအို
 သီရိလင်္ကာ
၂၈ ဘင်္ဂလားဒေ့ရှ်
၂၉ ဘရူနိုင်း
 မြန်မာ[]
 နီပေါ
 တာဂျစ်ကစ္စတန်
စုစုပေါင်း (32 NOCs)၃၃၉၃၃၇၄၀၃၁၀၇၉

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 12th Asian Games Hiroshima 1994 - Poppo & CuCCu GAGOC gz2010.cn (official website of 2010 Asian Games) (April 27, 2008)။ 7 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
  2. Past Asian Games Hiroshima 1994 Asian Games beijing2008.cn (official website of 2008 Beijing Olympics) (November 22, 2006)။ 17 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
  3. The 11th Asian Games : Beijing, China Hangzhou 2022 Official Website (4 September 2018)။ 28 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
  4. Outline 5 February 1998 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။
  5. နှစ် ၂၀အတွင်း အဆိုးဆုံးရပ်တည်မှုနဲ့ အာရှအားကစားပြိုင်ပွဲဝင် မြန်မာ 9 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2022 တွင် ပြန်စစ်ပြီး။