၁၉၅၄ အာရှ အားကစားပြိုင်ပွဲ
| ကျင်းပရာမြို့ | |||
|---|---|---|---|
| ဆောင်ပုဒ် | Ever Onward | ||
| ပါဝင်သော နိုင်ငံများ | ၁၈ | ||
| ပါဝင်ဆင်နွဲသော အားကစားသမားများ | ၉၇၀ | ||
| ကစားပွဲအမျိုးအစား | ၇၇ (၈နည်း) | ||
| ဖွင့်ပွဲအခမ်းအနား | ၁ မေ | ||
| ပိတ်ပွဲအခမ်းအနား | ၉ မေ | ||
| တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ရာမွန် မက်ဆေးဆေး (သမ္မတ) | ||
| Athlete's Oath | Martin Gison | ||
| Torch Lighter | Enriquito Beech | ||
| အဓိကအားကစားကွင်း | ရီဇယ် အထိမ်းအမှတ် အားကစားကွင်း | ||
| |||
၁၉၅၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1954 Asian Games) သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ ၌ ၁၉၅၄ခုနှစ် မေလ ၁ရက်နေ့မှ ၉ရက်နေ့အထိ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ ရာမွန် မက်ဆေးဆေး မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ (၁၈)နိုင်ငံမှ အားကစားသမား (၉၇၀)ဦးတို့သည် အားကစားနည်း (၈)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ရီဇယ်အထိမ်းအမှတ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[၁]
ပွဲများနှင့်အားကစား
[ပြင်ဆင်ရန်]ဖွင့်ပွဲအခမ်းအနား
[ပြင်ဆင်ရန်]၁၉၅၄ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၁၉၅၄ခုနှစ် မေလ ၁ရက်နေ့တွင် မနီလာမြို့ရှိ ရီဇယ်အထိမ်းအမှတ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပရိသတ် (၂၀,၀၀၀) တက်ရောက်ခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ မက်ဆေးဆေးက အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ပါဝင်သော အားကစားနည်းများ
[ပြင်ဆင်ရန်]- ရေပိုင်းဆိုင်ရာအားကစားနည်းများ
ပြေးခုန်ပစ်
ဘတ်စကက်ဘော
လက်ဝှေ့
ဘောလုံး
သေနတ်ပစ်
အလေးမ
နပန်း
ပါဝင်သည့်နိုင်ငံများ
[ပြင်ဆင်ရန်]
| IOC | နိုင်ငံ | အားကစားသမားဦးရေ |
|---|---|---|
| AFG | ၁၇ | |
| BIR | ၃၄ | |
| CAM | ၁၂ | |
| CEY | ၆ | |
| HKG | ၄၇ | |
| IND | ၆၉ | |
| INA | ၈၅ | |
| ISR | ၄ | |
| JPN | ၁၆၀ | |
| MAL | ၉ | |
| ၃ | ||
| PAK | ၄၆ | |
| PHI | ၁၆၆ | |
| ROC | ၁၄၀ | |
| ၅၄ | ||
| KOR | ၅၂ | |
| THA | ၁၉ | |
| ၁၆၅ |
ဧည့်သည်တော်များသာ စေလွှတ်ခဲ့သည့် နိုင်ငံများ
[ပြင်ဆင်ရန်]ဆုတံဆိပ်ဇယား
[ပြင်ဆင်ရန်]- Key
* အိမ်ရှင်
| အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
|---|---|---|---|---|---|
| ၁ | ၃၈ | ၃၆ | ၂၄ | ၉၈ | |
| ၂ | ၁၄ | ၁၄ | ၁၇ | ၄၅ | |
| ၃ | ၈ | ၆ | ၅ | ၁၉ | |
| ၄ | ၅ | ၆ | ၁ | ၁၃ | |
| ၅ | ၅ | ၄ | ၈ | ၁၇ | |
| ၆ | ၂ | ၄ | ၇ | ၁၃ | |
| ၇ | ၂ | ၁ | ၁ | ၄ | |
| ၈ | ၂ | ၀ | ၂ | ၄ | |
| ၉ | ၁ | ၄ | ၄ | ၉ | |
| ၁၀ | ၀ | ၁ | ၁ | ၂ | |
| ၁၁ | ၀ | ၁ | ၀ | ၁ | |
| ၁၂ | ၀ | ၀ | ၃ | ၃ | |
| ၁၃ | ၀ | ၀ | ၁ | ၁ | |
| စုစုပေါင်း (13 NOCs) | ၇၇ | ၇၇ | ၇၅ | ၂၂၉ | |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Manila 1954 Asian Games။ အာရှ အိုလံပစ်ကောင်စီ။ 14 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ။ 16 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 January 2022 တွင် ပြန်စစ်ပြီး။