ပန်းစွာရွာ၊ မြိုင်မြို့နယ်

ဝီကီပီးဒီးယား မှ
ပန်းစွာ
ရွာ
ပန်းစွာရွာ
ပန်းစွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ပန်းစွာ
ပန်းစွာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 21°48′53″N 95°00′06″E / 21.8147201538086°N 95.0017700195313°E / 21.8147201538086; 95.0017700195313ကိုဩဒိနိတ်: 21°48′53″N 95°00′06″E / 21.8147201538086°N 95.0017700195313°E / 21.8147201538086; 95.0017700195313
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မကွေး
ခရိုင်ပခုက္ကူခရိုင်
မြို့နယ်မြိုင်မြို့နယ်
ကျေးရွာအုပ်စုပန်းစွာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ပန်းစွာရွာ (အင်္ဂလိပ်: Panswar)သည် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်မြိုင်မြို့နယ်ပန်းစွာကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၈၅၄၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပန်းစွာကျေးရွာအုပ်စုတွင် ကျား ၁၀၀၄ ဦး၊ မ ၁၂၇၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၂၇၅ ဦးနေထိုင်သည်။ [၁]

ရွာ၏မြောက်ဘက် တစ်မိုင်အကွာတွင် တောင်ယမာချောင်းရှိသည်။ မြောက်ဘက်တွင် ရှမ်းကိုင်း၊ အုန်းတော ကျေးရွာ အရှေမြောက်ဘက်တွင် သံဘိုတောင်၊ အရှေ့ဘက်တွင် လှည်းခုတ်၊ တောင်ဘက်တွင် ကုက္ကိုစု၊ အနောက်တောင်ဘက်တွင် ကမ္ဘာနီ၊ အနောက်ဘက်တွင် အရှေ့ထူမ ကျေးရွာတို့နှင့် နီးစပ်သည်။ ရှမ်းကိုင်း၊ အုန်းတော၊ သံဘိုတောင် ကျေးရွာတို့သည် စစ်ကိုင်းတိုင်းအတွင်းတွင် ပါဝင်သည်။ ပခုက္ကူ မုံရွာ ကားလမ်းဘေးတွင် ဖြစ်၍ လင်းကတောရွာနှင့် ကျားတက်ရွာ အကြား အလယ်တည့်တည့်ခန့်တွင် တည်ရှိသည်။

အကျယ်အဝန်း[ပြင်ဆင်ရန်]

အရှေ့နှင့်အနောက် အရှည်မှာ ၃၁၀၀ ပေဝန်းကျင် ရှိပြီး တောင်နှင့်မြောက် အရှည်မှာ ၂၃၀၀ ပေခန့်ရှိသည်။ အိမ်ခြေ ၄၃၉ အိမ်၊ အိမ်ထောင်စု ၄၇၅ စုရှိ၍ လူဦးရေ ၂၃၀၀ ကျော်ရှိသည်။

ကိုးကွယ်မှု[ပြင်ဆင်ရန်]

ကျေးရွာတစ်ရွာလုံးမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ထင်ရှားသော စေတီပုထိုးများမှာ သုံးပန်လှ ဘုရား၊ လေးမျက်နာ ဘုရား၊ ရှစ်မျက်နာ ဘုရား၊ ကိုးနဝန်းဘုရား၊ သိမ်ဘုရား၊ ပြသိုလ်လ ဘုရာ၊ ထုံးကြီးဘုရား တို့ဖြစ်ပြီး ရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်တွင် တန်ခိုးကြီး ရွှေမုဓော ဘုရားရှိသည်။

ရွှေမုဓော ဘုရားပွဲကို နှစ်စဉ် ဝါဆိုလပြည့်နေ့တွင် ကျင်းပကြသည်။ ဝါထပ်သောနှစ်ဆိုပါက ပထမဝါဆိုလပြည့်တွင် ကျင်းပသည်။

ပညာရေး[ပြင်ဆင်ရန်]

၂၀၁၈/၁၉ ကျောင်းဖွင့်ရာသီမှစ၍ အခြေခံပညာအထက်တန်းကျောင်းအဖြစ် တိုးချဲ့ဖွင့်ခွင့်ရခဲ့သည်။ ကျေးရွာတွင် ဗုဒ္ဓစာပေကို သင်ကြားသော ဘုန်းကြီးကျောင်း ၄ ကျောင်းရှိပြီး ယင်းတို့မှာ ကကုဓာရာမကျောင်း၊ အောင်မြေဘုံသာကျောင်း၊ ဘုရားကြီးကျောင်း၊ သီရိမင်္ဂလာယွန်းကျောင်းတို့ ဖြစ်ကြသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ကျေးလက်ကျန်းမာရေးဆေးပေးခန်းတစ်ခုရှိသည်။ ထိုဆေးခန်းကို သားဖွားဆရာမက အမြဲတာဝန်ယူထားသည်။ ၅ မိုင် ၆ ခန်အကွာ (ကျားတတ် နှင့် လက်ယက်မ) တို့တွင် တိုက်နယ်ဆေးရုံများလည်းရှိသည်။

စီးပွားရေး[ပြင်ဆင်ရန်]

အဓိက စီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်ပြီး ဆန်စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ကြက်သွန် တို့ကို စိုက်ပျိုးကြသည်။ အရှေ့ဘက်တွင် ရေလျှံတွင်းများရှိသည်။ ဆန်စပါးကို ထိုရေတွင်းများတူး၍ သုံးသီးစားအဖြစ်စိုက်ပျိုးကြသည်။ ဒုတိယမှာ ထန်းလုပ်သားများနှင့် အိုးလုပ်ခြင်း၊ ဖုတ်ခြင်း တို့ဖြစ်သည်။ အိုးလုပ်ခြင်းသည် ရွာ၏ ပတ်ပတ်လည် မိုင် ၄၀ တွင် ထင်ရှားသည်။ ပြုလုပ်သောအိုးများမှာ ထန်းရေအိုး၊ သောက်ရေ သုံးရေအိုး၊ အင်တုံ တို့ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။