ထိုင်းစမိုင်း လေကြောင်းလိုင်း

ဝီကီပီးဒီးယား မှ
ထိုင်းစမိုင်း လေကြောင်းလိုင်း
ไทยสมายล์แอร์เวย์
IATA ICAO Callsign
WE THD THAI SMILE
တည်ထောင်မေ ၂၀၁၁
စတင်ပျံသန်း၇ ဇူလိုင် ၂၀၁၂
မိခင်ဌာနသုဝဏ္ဏဘူမိလေဆိပ်
ဒုတိယဌာနဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်
ပြေးဆွဲသည့် မြို့များချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ဖောက်သည်အစီအစဉ်Royal Orchid Plus
လေယာဉ်ပေါင်း၁၅
ပျံသန်းဌာနေပေါင်း၁၂
ဆောင်ပုဒ်Trendy, Friendly, Worthy
မိခင်ကုမ္ပဏီထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း
ဌာနချုပ်1704,1705-1708A AIA Captial Center, 17th Floor, 89 Ratchadapisek Road, Khaeng Din Daeng၊ Khet Din Daeng၊ ဘန်ကောက်ထိုင်းနိုင်ငံ 10400
အရေးပါသူများWoranet Laprabang
ဝက်ဘ်ဆိုဒ်thaismileair.com

ထိုင်းစမိုင်း လေကြောင်းလိုင်းသည် ထိုင်းလေကြောင်းလိုင်း၏ လေကြောင်းလိုင်းခွဲ တစ်ခုဖြစ်ပြီး ဒေသတွင်း ပျံသန်းနေသည့် လေကြောင်းလိုင်း တစ်ခုဖြစ်သည်။[၁] ၂၀၁၂ ခုနှစ် ဇွန်လိုင်လတွင် စတင်ပျံသန်းပြီး ထိုင်းနိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။

သမိုင်း[ပြင်ဆင်ရန်]

၂၀၁၁ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ထိုင်းလေကြောင်းလိုင်း ၏ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့က တန်ဖိုးနည်း လေကြောင်းလိုင်းတစ်ခု ဖွင့်လှစ်ရန် ကြော်ငြာခဲ့သည်။[၂] ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ပျံသန်းရန် စီစဉ်ခဲ့သည်။[၃] ထိုင်းလေကြောင်းလိုင်း၏ ဥက္ကဋ္ဌ အမ်ပွန် ၏ ကြော်ငြာချက်အရ ထိုင်းစမိုင်း လေကြောင်းလိုင်းသည် တန်ဖိုးနည်း လေကြောင်းလိုင်း နှင့် ပုံမှန်လေကြောင်းလိုင်း နှစ်ခုကြားတွင် တည်ရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နာမည်ရွေးချယ်မှုကို ပြိုင်ပွဲပြုလုပ်ပြီး နာမည်ပေါင်း ၂၂၂၉ ခုထဲမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။[၃]

စတင်ပျံသန်းပြီး ၂ နှစ်အတွင်း အမြတ်ငွေ ဘတ် ၅ သန်းခန့် ရရှိခဲ့သည်။[၃]

ပျံသန်းရာ မြို့များ[ပြင်ဆင်ရန်]

ထိုင်းစမိုင်း လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ မြို့များသို့ ပျံသန်းလျက်ရှိသည်။[၄][၅]

ကမ္ဘောဒီးယား
တရုတ်
  • ချန်ရှ - ရှန်ရှ ဟွန်ဟွ အပြည်ပြည်ဆိုင်ရာ လေဆိပ်
  • ချုံကျွင်း - ချုံကျွင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်
သီရိလင်္ကာ
  • ကိုလံဘို - ကိုလံဘို အပြည်ပြည်ဆိုင်ရာ လေဆိပ်
မကာအို
မြန်မာ
ထိုင်း

လေယာဉ်[ပြင်ဆင်ရန်]

ထိုင်းစမိုင်း အဲဘတ်စ် အေ၃၂၀-၂၀၀

ထိုင်းစမိုင်း လေကြောင်းလိုင်းသည် အဲဘတ်စ် အေ၃၂၀-၂၀၀ လေယာဉ် (၁၄) စီးဖြင့် ပျံသန်းလျက်ရှိသည်။ လေယာဉ်တစ်စီးတွင် ထိုင်ခုံ ၁၇၄ ခုံ နှင့် အထူး ထိုင်းပလပ်စ် ထိုင်ခုံ ၃၀ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ၂၀၁၂ ခုနှစ် ဇွန်လ တွင် လေယာဉ် (၄) စီး ပထမဆုံး ရောက်ရှိခဲ့သည်။ ၃ နှစ်အတွင်း လေယာဉ် အစီး (၂၀) အထိ တိုးချဲ့ခဲ့ပြီး အိမ်နီးခြင်းနိုင်ငံများနှင့် တရုတ်နိုင်ငံ တောင်ပိုင်းသို့ တိုးချဲ့ပျံသန်းခဲ့သည်။

လေယာဉ်အရည်အတွက်
အမျိုးအစား ပျံသန်းဆဲ အမှာစာ ခရီးသည်အရေအတွက် မှတ်ချက်
အဲဘတ်စ် အေ၃၂၀-၂၀၀
၁၅
၁၆၂
Total ၁၅

ကိုးကား[ပြင်ဆင်ရန်]

  1. "Thai Smile focuses on turning around unprofitable Thai Airways routes as new AOC is secured"၊ Centre for Aviation (CAPA)၊ 3 April 2014။ 
  2. THAI to launch new budget airline။ Bangkok Post (20 May 2011)။ 22 August 2011 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ THAI sister airline launch set for 2012။ Bangkok Post (20 August 2011)။ 22 August 2011 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 17 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 March 2016 တွင် ပြန်စစ်ပြီး။
  5. THAI Smile W13 Operation Changes as of 21AUG13 :: Routesonline