မာတိကာသို့ ခုန်သွားရန်

အနီးစခန်းလေဆိပ်

ဝီကီပီးဒီးယား မှ
အနီးစခန်းလေဆိပ်
လေဆိပ်ဝင်ပေါက်
အချက်အလက်များ
တည်နေရာအနီးစခန်း၊ ပြင်ဦးလွင်မြို့၊ မန္တလေးတိုင်းဒေသကြီး
အချိန်ဇုန်မြန်မာစံတော်ချိန် (+6:30)
ပင်လယ်မျက်နှာပြင် အထက်၃၀၀၀ ပေ / ၉၁၄ မီတာ
ကိုဩဒိနိတ်21°57′19″N 096°24′21″E / 21.95528°N 96.40583°E / 21.95528; 96.40583ကိုဩဒိနိတ်: 21°57′19″N 096°24′21″E / 21.95528°N 96.40583°E / 21.95528; 96.40583
မြေပုံ
အနီးစခန်းလေဆိပ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အနီးစခန်းလေဆိပ်
အနီးစခန်းလေဆိပ်
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
ပေ မီတာ
03/21 ၁၀၀၂၀ ၃၀၅၄ ကွန်ကရစ်
ရင်းမြစ်:[၁][၂]

အနီးစခန်းလေဆိပ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းတွင် တည်ရှိသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

အဆင့်မြှင့်တင်တိုးချဲ့ခြင်း

[ပြင်ဆင်ရန်]

အနီးစခန်းလေဆိပ်ကို လေဆိပ်တစ်ခု၏အင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိစေရန် အဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၂၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး တစ်နှစ်လျှင် ခရီးသည် ၁၀၀,၀၀၀ ဦး ဝင်ထွက်အသုံးပြုနိုင်သည့် အလျား ၁၂၀ ပေ၊ အနံ ၈၀ ပေရှိ သံမဏိအဆောက်အအုံဖြင့် နှစ်ထပ်လေဆိပ် အဆောက်အဦသစ်ကို တည်ဆောက်ခဲ့ပြီး၊ Boeing 737-800 စသည့် လေယာဉ်အမျိုးအစား သုံးစီးကို တစ်ပြိုင်နက်တည်း ရပ်နားအသုံးပြုနိုင်စေရန် အလျား ၆၀၀ ပေ၊ အနံ ၅၅၀ ပေအထိ တိုးချဲ့ထားသည့် လေယာဉ်ရပ်နားနေရာနှင့် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၅၆ ပေရှိ လေကြောင်းထိန်းမျှော်စင်သစ်တို့ကိုလည်း ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် အသစ်ဖွင့်လှစ်ခဲ့သည်။[၃][၄]

လေဆိပ်သစ်ကို အခြေပြု၍ ပြည်တွင်းလေကြောင်းလိုင်းများဖြစ်ကြသော မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းတို့သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဟဲဟိုးနှင့် တာချီလိတ်မြို့များနှင့် လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိသည်။ အထူးသဖြင့် ရန်ကုန်–ဟဲဟိုး–အနီးစခန်း၊ ရန်ကုန်–တာချီလိတ်–အနီးစခန်း–ရန်ကုန်၊ အနီးစခန်း–နေပြည်တော်–ရန်ကုန် စသည့်လမ်းကြောင်းများတွင် ပုံမှန်ပျံသန်းမှုများ ဆောင်ရွက်သွားရန် စီစဉ်ထားသည်။ ခရီးစဉ်များကို အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့၊ သောကြာနေ့နှင့် စနေနေ့တို့တွင် ပျံသန်းပြေးဆွဲလျက်ရှိသည်။[၅]

လေကြောင်းလိုင်းများနှင့် ခရီးစဉ်များ

[ပြင်ဆင်ရန်]
လေကြောင်းလိုင်းများပျံသန်းရာနေရာ
သံလွင် လေကြောင်းလိုင်း ရန်ကုန်၊ တာချီလိတ်
မန်းရတနာပုံ လေကြောင်းလိုင်း ရန်ကုန်၊ ဟဲဟိုး
မင်္ဂလာ လေကြောင်းပို့ဆောင်ရေးလုပ်ငန်း ရန်ကုန်၊ မြစ်ကြီးနား
မြန်မာအမျိုးသား လေကြောင်းလိုင်း ရန်ကုန်၊ ကလေး

ကိုးကား

[ပြင်ဆင်ရန်]