ဆူရ်ဘုန်လေဆိပ်

ဝီကီပီးဒီးယား မှ
ဆူရ်ဘုန်လေဆိပ်
အချက်အလက်များ
ဝန်ဆောင်မှု ဧရိယာဖလမ်းမြို့
တည်နေရာဖလမ်းမြို့နယ်မြန်မာနိုင်ငံ
ပင်လယ်မျက်နှာပြင် အထက်၆၀၀၀ ပေ / ၁၈၃၀ မီတာ
ကိုဩဒိနိတ်22°56.35′N 093°36.92′E / 22.93917°N 93.61533°E / 22.93917; 93.61533
မြေပုံ
SRU သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
SRU
SRU
မြန်မာနိုင်ငံတွင်း တည်နေရာ
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
ပေ မီတာ
၆၀၀၀ ၁၈၃၀ နိုင်လွန်ကတ္တရာ
ရင်းမြစ်: skyvector.com[၁]

ဆူရ်ဘုန်လေဆိပ် (IATA: SRUICAO: VYFS) သည် မြန်မာနိုင်ငံချင်းပြည်နယ်ဖလမ်းမြို့နယ်ရှိ လေဆိပ်တစ်ခု ဖြစ်သည်။ ဆူရ်ဘုန်လေဆိပ်သည် ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ၆၉ ခုမြောက် လေဆိပ် ဖြစ်သည်။[၂] ဖလမ်းမြို့၏ အနောက်ဘက် ၁၃ ကီလိုမီတာအကွာတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁,၈၃၀ မီတာ (၆,၀၀၀ ပေ) တွင် တည်ရှိသည်။

လေဆိပ် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး ဘတ်ဂျက် ကျပ်ငွေ ၃၇ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ ၂၆ သန်း) ဖြင့် ၂၀၁၅ ခုနှစ် ဧပြီလတွင် စတင်ဆောက်လုပ်ခဲ့သည်။[၂] ပြေးလမ်းအလျား ၁,၈၃၀ မီတာ (၆,၀၀၀ ပေ) နှင့် အကျယ် ၃၀ မီတာ (၉၈ ပေ) ရှိပြီး ATR-72 အမျိုးအစား လေယာဉ်များ ဆင်းသက်နိုင်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. VYFS Surbung Airport။ Skyvector.com။ ၂၇ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Zarni Mann (၂ ဇွန် ၂၀၂၀)။ Opening of the First Airport in Myanmar’s Chin State Delayed Amid COVID-19။ ၂၇ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. John Liu (၅ ဇန်နဝါရီ ၂၀၂၀)။ First Airport in Chin State to open in May။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။