မာတိကာသို့ ခုန်သွားရန်

ဆူရ်ဘုန်လေဆိပ်

ဝီကီပီးဒီးယား မှ
ဆူရ်ဘုန်လေဆိပ်
အချက်အလက်များ
ဝန်ဆောင်မှု ဧရိယာဖလမ်းမြို့
တည်နေရာဖလမ်းမြို့နယ်မြန်မာနိုင်ငံ
ပင်လယ်မျက်နှာပြင် အထက်၆၀၀၀ ပေ / ၁၈၃၀ မီတာ
ကိုဩဒိနိတ်22°56.35′N 093°36.92′E / 22.93917°N 93.61533°E / 22.93917; 93.61533
မြေပုံ
SRU သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
SRU
SRU
မြန်မာနိုင်ငံတွင်း တည်နေရာ
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
ပေ မီတာ
၆၀၀၀ ၁၈၃၀ နိုင်လွန်ကတ္တရာ
ရင်းမြစ်: skyvector.com[]

ဆူရ်ဘုန်လေဆိပ် (IATA: SRU, ICAO: VYFS) သည် မြန်မာနိုင်ငံချင်းပြည်နယ်ဖလမ်းမြို့နယ်ရှိ လေဆိပ်တစ်ခု ဖြစ်သည်။ ဆူရ်ဘုန်လေဆိပ်သည် ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ၆၉ ခုမြောက် လေဆိပ် ဖြစ်သည်။[] ဖလမ်းမြို့၏ အနောက်ဘက် ၁၃ ကီလိုမီတာအကွာတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁,၈၃၀ မီတာ (၆,၀၀၀ ပေ) တွင် တည်ရှိသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

လေဆိပ် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး ဘတ်ဂျက် ကျပ်ငွေ ၃၇ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ ၂၆ သန်း) ဖြင့် ၂၀၁၅ ခုနှစ် ဧပြီလတွင် စတင်ဆောက်လုပ်ခဲ့သည်။[] ပြေးလမ်းအလျား ၁,၈၃၀ မီတာ (၆,၀၀၀ ပေ) နှင့် အကျယ် ၃၀ မီတာ (၉၈ ပေ) ရှိပြီး ATR-72 အမျိုးအစား လေယာဉ်များ ဆင်းသက်နိုင်သည်။[]

ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်ရာ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ATR 72-600 လေယာဉ်ဖြင့် စမ်းသပ်ဆင်းသက်စစ်ဆေးမှုကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. VYFS Surbung Airport Skyvector.com။ ၂၇ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. 1 2 Zarni Mann (၂ ဇွန် ၂၀၂၀)။ Opening of the First Airport in Myanmar’s Chin State Delayed Amid COVID-19 ၂၇ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. John Liu (၅ ဇန်နဝါရီ ၂၀၂၀)။ First Airport in Chin State to open in May 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. ချင်းပြည်နယ်၌ အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ဖွင့်လှစ်ပြီးပါက နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ဖလမ်း (ဆူရ်ဘုန်) မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ကလေးမြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းမည် Eleven Media။ ၂၀၂၅-၇-၁၁ တွင် ပြန်စစ်ပြီး။