ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်
ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ် 昆明长水国际机场 "Kumming Changshui International Airport" | |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
View from roof of the airport terminal. | |||||||||||||||
အချက်အလက်များ | |||||||||||||||
အမျိုးအစား | ပြည်သူပိုင် | ||||||||||||||
စီမံကွပ်ကဲသူ | ယူနန်လေဆိပ်အဖွဲ့ | ||||||||||||||
ဝန်ဆောင်မှု ဧရိယာ | ကူမင်း၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ | ||||||||||||||
တည်နေရာ | ချန်ဆွေရွာ၊ ကွမ်တု၊ ကူမင်း | ||||||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
| ||||||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၂၀၁၃ မီတာ / ၆,၆၀၄ ပေ | ||||||||||||||
ဝက်ဘ်ဆိုဒ် | kmgairport.com | ||||||||||||||
မြေပုံ | |||||||||||||||
တည်နေရာပြမြေပုံ | |||||||||||||||
ပြေးလမ်း | |||||||||||||||
| |||||||||||||||
ကိန်းဂဏန်း အချက်အလက်များ (၂၀၁၄) | |||||||||||||||
|
ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့တွင် တည်ရှိသည်။ ကူမင်းမြို့မှ ၂၄.၅ကီလိုမီတာ (၁၅.၂ မိုင်) အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ပြင်မျက်နှာပြင်အထက် ၂၁၀၀ မီတာ (၆၉၀၀ ပေ) တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ မနက် ၈ နာရီတွင် ဖွင့်လှစ်ခဲ့သည်။[၁] ကူမင်းမို့ လေဆိပ်ဟောင်း မှာ ကူမင်း ဝူကြားဘ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သည်။ တရုတ်အိစ်စတန်း လေကြောင်းလိုင်း၊ ကူမင်း လေကြောင်းလိုင်း၊ လက်ကီး လေကြောင်းလိုင်း နှင့် စီချွန် လေကြောင်းလိုင်း တို့၏ အခြေစိုက်ရာအဖြစ် အသုံးပြုသည်။
လေယာဉ်ပြေးလမ်း ၂ ခု တည်ဆောက်ထားပြီး ၂၀၁၄ ခုနှစ်တွင် ခရီးသည် ၃၃သန်း ကျော်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ခရီးသည် ၄၃ သန်း ကျော် ဝန်ဆောင်မှု ပေးနိုင်ရန် မျှော်မှန်းထားသည်။
ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရုတ်နိုင်ငံ၏ အဓိကလေဆိပ်များထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။
လေဆိပ် အဆောက်အဦး
[ပြင်ဆင်ရန်]လေဆိပ် အဆောက်အဦးမှာ ၅၄၈၃၀၀ စတုရန်းမီတာ (၅၉၀၂၀၀၀ စတုရန်းပေ) ကျယ်ဝန်းသည်။ တရုတ်နိုင်ငံရှိ လေဆိပ်အဆောက်အဦးများတွင် ဒုတိယ အကြီးဆုံးဖြစ်သည်။[၂] လေယာဉ်ဆိုက်ကပ်နိုင်သော ဂိတ် ၆၆ ဂိတ် ရှိပြီး ဂိတ်ပေါင်း ၈၈ ဂိတ် ရှိသည်။
တည်ဆောက်ခြင်း
[ပြင်ဆင်ရန်]လေဆိပ် တည်ဆောက်ခြင်းကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည်။ တည်ဆောက်ရေး ကာလအတွင်း မတော်တဆ ဖြစ်ပွားမှု ၂ ခု ဖြစ်ပွားခဲ့သည်။ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပထမ မတော်တဆ ဖြစ်ပွားခဲ့သည်။ အလုပ်သမား ၇ ဦး သေဆုံးခဲ့သည်။[၃] နောက်ထပ် မတော်တဆမှုမှာ ၂၀၁၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ တွင် ဖြစ်ခဲ့သည်။ အလုပ်သမား ၁၁ ဦး လှိုင်ခေါင်းထဲတွင် ထိခိုက်ဒဏ်ရာ ရခဲ့သည်။[၄] လေဆိပ်အဆောက်အဦးကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ပြီးဆုံးခဲ့သည်။[၅]
သယ်ယူပို့ဆောင်ရေး
[ပြင်ဆင်ရန်]လေဆိပ်သည် ကူမင်းမြို့ပတ်ရထား လိုင်းအမှတ် (၆)၏ ခရီးဆုံးဘူတာ ဖြစ်သည်။ လေဆိပ်ဖွင့်ရက်နှင့်အတူ လေဆိပ်ဘူတာ ကိုပါ ဖွင့်ခဲ့သည်။ ကူမင်း ၁၃ကီလိုမီတာ အဝေးပြေးလမ်းမကြီးနှင့်လည်း ချိတ်ဆက်နေသလို ပြည်နယ်လမ်းမကြီး အက်စ်၁၀၁ နှင့်လည်း ချိတ်ဆက်နေသည်။
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
[ပြင်ဆင်ရန်]ခရီးသည်
[ပြင်ဆင်ရန်]၇၂ နာရီ ကူးပြောင်းဗီဇာ
[ပြင်ဆင်ရန်]ကူးမင်းလေဆိပ်တွင် ကူးပြောင်းခရီးစဉ်များအတွက် ၇၂ နာရီ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ခွင့်ပြုထားသည်။ အဆိုပါ အစီအစဉ်မှာနိုင်ငံပေါင်း ၅၁ နိုင်ငံအတွက် အကျုံးဝင်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Newly-built Kunming Changshui Int'l Airport to be put into operation (2012-06-08)။
- ↑ 昆明新机场规划设计创新 (in Chinese) (2010-05-08)။ 13 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 March 2016 တွင် ပြန်စစ်ပြီး။
- ↑ 7 dead, 34 injured in SW China overpass collapse
- ↑ 马玉佳။ Kunming airport collapse injures 11။ 1 June 2015 တွင် ပြန်စစ်ပြီး။
- ↑ Main work of terminal project of new Kunming airport to be completed။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 June 2015 တွင် ပြန်စစ်ပြီး။