ရန်ကုန် လေကြောင်းလိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရန်ကုန် လေကြောင်းလိုင်း
Yangon Airways
အိုင်အေတီအေ
YH
အိုင်စီအေအို
ခေါ်ဆို
HOTEL KILO
ဆောင်ပုဒ် You're safe with us
တည်ထောင် ၁၉၉၆
အခြေစိုက် ဌာန ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
မိခင်ဌာန ရန်ကုန်, မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
ပြေးဆွဲသည့် မြို့ပေါင်း ၁၁
ဖောက်သည်အစီအစဉ် Elite Club
လေယာဉ်ပေါင်း ၂စီ:
ဌာနချုပ် ရန်ကုန်, မြန်မာနိုင်ငံ၏ အလံတော် မြန်မာ
အရေးပါသူများ Tin Soe ( Managing Director)

ရန်ကုန် လေကြောင်းလိုင်းသည် ရန်ကုန်၊ မြန်မာနိုင်ငံကို အခြေခံထားသောလေကြောင်းဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် မန္တလေးမြို့ ချမ်းမြသာစည်လေဆိပ်ကိုအခြေခံ၍ ပြည်တွင်းပျံသန်းမှုများ ပျံသန်းခဲ့သည်။၎င်းလေကြောင်းလိုင်းကို ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ မှစ၍ ပျံသန်းမှုများ ရပ်တန့်ခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ၊ ၁၆ နေ့မှ စတင်၍ ပြန်လည် ပျံသန်းလျက်ရှိသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

၁၉၉၆ ခုနှစ်တွင် မြန်မာ့လေကြောင်းနှင့် ထိုင်းနိုင်ငံမှ Krong – Sombat Company တို့ ပူးပေါင်း၍ ရန်ကုန်လေကြောင်းလိုင်းအား စတင် ထူထောင်ခဲ့သည်။ ၁၉၉၇ ခုနှစ် အောက်တိုဘာမှ စတင်၍ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း အဖြစ် ပြောင်းလဲခဲ့ပြီး ခရီးသည် ( ၇၀ ) ဆံ့ ATR 72 လေယာဉ် (၂) စီးဖြင့် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး (၁၃) မြို့သို့ ပျံသန်း ပို့ဆောင်ပေး နိုင်ခဲ့ပါသည်။

ယနေ့ခေတ် မြန်မာနိုင်ငံတွင် ပြောင်းလဲဖော်ဆောင်လာသော တံခါးဖွင့် မူဝါဒအရ နိုင်ငံခြားသား ဧည့်သည်များ နှစ်စဉ် တိုးတက် ဝင်ရောက်လာသည့် အတွက် လေကြောင်းလိုင်းများ၏ အနာဂတ်ပုံရိပ်သည်လည်း ပိုမို ခိုင်မာထင်ရှားလျက် ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်တာ ကာလအတွင်း ရန်ကုန်လေကြောင်းလိုင်း၏ ဈေးကွက်ဝေစုသည် ၂၀ဝ၇ ခုနှစ်တွင် ၃၇% မှ ၂၀ဝ၈ ခုနှစ်တွင် ၄၁% ထိ သိသာထင်ရှားစွာ တိုးတက် ခဲ့ပါသည်။

ပုံမှန် ပြည်တွင်းခရီးစဉ်များ အနေဖြင့် ရန်ကုန်မြို့မှ နေပြည်တော် ( မြန်မာပြည်၏ မြို ့တော်)၊ ပုဂံ၊ မန္ထလေး၊ ဟဲဟိုး ( အင်းလေးကန် )၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြစ်ကြီးနား၊ သံတွဲ ( ငပလီ ကမ်းခြေ )၊ စစ်တွေ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ လားရှိုးမြို့များသို့ ပျံသန်းပြေးဆွဲသည့် အပြင် စင်းလုံးငှား ခရီးစဉ်များ အနေဖြင့်လည်း ဗန်းမော်၊ ပူတာအို နှင့် ကလေးမြို့များသို့ ပြေးဆွဲပေးလျုက် ရှိပါသည်။

ရန်ကုန်လေကြောင်းလိုင်းကို အတွေ့အကြုံ ရင့်ကျက်သော လေယာဉ်မှူးများ၊ အင်ဂျင်နီယာများ၊ ပြည်တွင်း ပြည်ပ များတွင် လေ့လာသင်ယူထားသော ဝေဟင်မြေပြင် ဝန်ထမ်းများဖြင့် ဖွဲ ့စည်းထားပါသည်။ ခရီးသည်များ လိုရာခရီးကို လုံခြုံစိတ်ချ အန္တရာယ်ကင်းစွာဖြင့် စရိတ်သက်သာ စိတ်ချမ်းသာစွာဖြင့် ခရီးသွားလာနိုင်ရေး သည် ရန်ကုန်လေကြောင်းလိုင်း၏ ရည်မှန်းချက် ဖြစ်ပါသည်။ ခေတ်နှင့် လျော်ညီစွာ တိုးတက်ပြောင်းလဲလာသော သတင်းအချက်အလက်နည်းပညာ များနည်းတူ ပို့ဆောင်ဆက်သွယ်ရေး သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။

ပျံသန်းမူများ[ပြင်​ဆင်​ရန်​]

Inflight cabin view aboard a Yangon Airways flight

ရန်ကုန် လေကြောင်းလိုင်းဟာ အောက်ပါမြို့များသို့ ပျံသန်းလျက်ပါရှိတယ်။

Fleet[ပြင်​ဆင်​ရန်​]

ရန်ကုန် လေကြောင်းလိုင်း ATR 72 parked at ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (2009)
ရန်ကုန် လေကြောင်းလိုင်း
လေယာဉ်အမျိုးအစား အရည်အတွက် မှာယူတင်သွင်းမှု မှတ်ချက်များ
Yangon Airways ATR 72-212 MRD-1.jpg ATR 72-212 ၂စီ:
Total ၂စီ:

References[ပြင်​ဆင်​ရန်​]

Commons-logo.svg
Wikimedia Commons has media related to: