ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
| ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Yangon International Airport | |||||||||||
|---|---|---|---|---|---|---|---|---|---|---|---|
| အချက်အလက်များ | |||||||||||
| အမျိုးအစား | ပြည်သူပိုင် | ||||||||||
| ပိုင်ဆိုင်သူ | ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ | ||||||||||
| စီမံကွပ်ကဲသူ | ရန်ကုန် အေရိုဒရုန်း ကုမ္ပဏီလီမိတက် | ||||||||||
| ဝန်ဆောင်မှု ဧရိယာ | ရန်ကုန် | ||||||||||
| တည်နေရာ | မင်္ဂလာဒုံ ၁၁၀၂၁၊ ရန်ကုန် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ | ||||||||||
| ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း | |||||||||||
| ပင်လယ်မျက်နှာပြင် အထက် | ၁၀၉ ပေ / ၃၃ မီတာ | ||||||||||
| ကိုဩဒိနိတ် | 16°54′26″N 96°07′59″E / 16.90722°N 96.13306°E | ||||||||||
| ဝက်ဘ်ဆိုဒ် | yangonairport.aero | ||||||||||
| ပြေးလမ်း | |||||||||||
| |||||||||||
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (IATA: RGN, ICAO: VYYY) သည် ရန်ကုန်မြို့လယ်မှ မြောက်ဘက် ၁၅ ကီလိုမီတာအကွာ၊ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အလုပ်အများဆုံးသော လေဆိပ်ဖြစ်သည်။ အဆိုပါလေဆိပ်တွင် လေဆိပ်အဆောက်အအုံ (၃) ခုဖြင့် ဝန်ဆောင်မှုပေးနေပြီး (၁) နှင့် (၂) တို့ကို ပြည်ပခရီးစဉ်များအတွက်လည်းကောင်း၊ (၃) ကို ပြည်တွင်းခရီးစဉ်များအတွက်လည်းကောင်း အသီးသီး ခွဲခြားအသုံးပြုလျက်ရှိသည်။
၂၀၁၅ ခုနှစ်စာရင်းအရ ခရီးသည် ၄.၆၈ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည့်အပြင် လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်း ၁၀ လိုင်းနှင့် ပြည်ပလေကြောင်းလိုင်း ၃၀ လိုင်းတို့က ပြည်တွင်းမြို့ကြီး ၂၆ မြို့နှင့် ပြည်ပမြို့ကြီး ၂၂ မြို့သို့ ပုံမှန်ချိတ်ဆက် ပျံသန်းလျက်ရှိပါသည်။
သမိုင်း
[ပြင်ဆင်ရန်]
Calcutta Metropolitan Airports Authority မှ ၁၉၄၇ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် တည်ဆောက်ခဲ့ကြသည်။ တစ်ချိန်က အရှေ့တောင်အာရှ၏ အကောင်းဆုံးလေဆိပ်တစ်ခုအဖြစ် လေးစားခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်းမှု နည်းပါးခြင်း၊ ခေတ်နောက်ကျခြင်းတို့ကြောင့် ၎င်း၏အရှိန်အဝါကျဆင်းခဲ့ရသည်။
ရန်ကုန် လေဆိပ် အဆင့်မြှင့်တင်ရေး အစီအစဉ်ကို ၂၀၀၃ ခုနှစ် တွင် စတင်ခဲ့ပြီး အဆုံးတွင် တာမီနယ် အသစ်တစ်ခုနှင့် တိုးချဲ့ထားသော ၁၁၂၀၀ ပေ (၃၄၁၄ မီတာ) ရှည်သော လေယာဉ်ပြေးလမ်းတစ်ခု တို့ ပေါ်ပေါက်လာခဲ့သည်။
လေဆိပ်အဆောက်အအုံ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်တွင် ရန်ကုန်လေဆိပ်၌ အများပြည်သူအသုံးပြုသော လေဆိပ်အဆောက်အအုံ (Terminal) (၃)ခုရှိသည်။ ယခင်လေဆိပ်အဟောင်းရှိ အဆောက်အအုံများမှ လက်ရှိ အဆောက်အအုံ (၂)ကို ပထမဆုံးအဆင့်မြှင့်တင်ခဲ့သည်။ ထိုအဆောက်အအုံအသစ်တွင် နိုင်ငံတကာ ခရီးစဉ်များ အသုံးပြုခဲ့သည်။ ထို့နောက် အရေးကြီးပုဂ္ဂိုလ်အဆောက်အအုံအပါအဝင် လေဆိပ်အဆောက်အအုံဟောင်းကို ဖျက်သိမ်းကာ ၆ထပ် အဆောက်အအုံအသစ်ကို တည်ဆောက်ခဲ့သည်။ ထို့နောက် အဆောက်အအုံ (၁)ဟု သတ်မှတ်ကာ နိုင်ငံတကာခရီးစဉ်များ အသုံးပြုခဲ့သည်။ အဆောက်အအုံ (၁)ဖွင့်လှစ်ပြီး မကြာမီတွင် အဆောက်အအုံ (၃)ကို တည်ဆောက်ဖွင့်လှစ်ကာ အဆောက်အအုံ (၃)အဖြစ် သတ်မှတ်ပြီး ပြည်တွင်းခရီးစဉ်များ သုံးစွဲလျက်ရှိသည်။ ထို့နောက် ယခင်လေဆိပ်အဆောက်အအုံများမှ နောက်ဆုံးကျန်ရှိသော အဆောက်အအုံ (၁)နှင့် (၂)ကြားရှိ အဆောက်အအုံကို ဖျက်သိမ်းကာ အဆောက်အအုံ (၁)နှင့် (၂) အကြား ဆက်သွယ်တည်ဆောက်ခဲ့သည်။ နောက်ပိုင်းတွင် အဆောက်အအုံ (၂)အား ထပ်မံအဆင့်မြှင့်တင်လျက်ရှိသည်။

လေဆိပ်အဆောက်အအုံ (၁)
[ပြင်ဆင်ရန်]၂၀၁၄ခုနှစ်တွင် လေဆိပ်အဆောက်အအုံဟောင်းကို ဖြိုချကာ ၆ထပ်ရှိ လေဆိပ်အဆောက်အအုံအသစ်ကို တည်ဆောက်ခဲ့သည်။၂၀၁၄ ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၆၀ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့သည်။၂၀၁၆ခုနှစ်တွင် တည်ဆောက်ပြီးစီးကာ နိုင်ငံတကာခရီးစဉ်များကို အသုံးပြုလျက်ရှိသည်။ လေဆိပ်အဆောက်အအုံနှင့် ကားပါကင်ကို ခေတ်မီပေါင်းကူးတံတားဖြင့် ဆက်သွယ်ထားရှိသည်။[၁] ဤအဆောက်အအုံသည် အလျား ၂၄၀ မီတာ၊ အကျယ် ၉၄.၇ မီတာ ရှိ မြေအောက်ထပ် အပါအဝင် ၆ ထပ် ပါဝင်သည်။
မြေအောက်ထပ်တွင် ထွက်ခွာ၊ ဆိုက်ရောက် ခရီးသည်အိတ်များ ကိုင်တွယ်မှု ဧရိယာ၊ Check-In ခန်းမ၊ ဆိုက်ရောက်ခရီးသည်များအတွက် လူဝင်မှုကြီးကြပ်ရေး ကောင်တာများ၊ အကောက်ခွန် နှင့် ဈေးဆိုင်ခန်းများ ပါဝင်သည်။ ပထမထပ်တွင် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးကောင်တာ၊ လုံခြုံရေး စစ်ဆေးရေးဂိတ်၊ ထွက်ခွာဂိတ်များနှင့် ဈေးဆိုင်များ ပါဝင်သည်။ ဒုတိယထပ်တွင် ဈေးဆိုင်များနှင့် တတိယထပ်တွင် အပန်းဖြေရန် နေရာများ ပါဝင်တည်ဆောက်ထားသည်။[၂]

လေဆိပ်အဆောက်အအုံ (၁) ဟု ခေါ်ဆိုပြီး ပြည်ပ ဝင်/ထွက် အဖြစ် အသုံးပြုမည်ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၁၂) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပိုင်အိုးနီးယား အေရိုဒရုန်း ကုမ္ပဏီက တည်ဆောက်ပေးထားပြီး ယခင်က တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း ဝန်ဆောင်မှု ပေးနိုင်ရာမှ ယခုအခါ ခရီးသည် သန်း ၂၀ ခန့် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။
လေဆိပ်အဆောက်အအုံ (၁) ကို ပထမဦးဆုံး စတင်အသုံးပြုသော လေကြောင်းလိုင်းမှာ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြစ်လာခဲ့သည်။ ထို့နောက် ထိုင်းအဲအေးရှား လေကြောင်းလိုင်းသည် ဒုတိယ လေကြောင်းလိုင်းအဖြစ် လေဆိပ် အဆောက်အအုံ (၁) ကို အသုံးပြုခဲ့သည်။
လေဆိပ်အဆောက်အအုံ (၂)
[ပြင်ဆင်ရန်]
စင်ကာပူအခြေစိုက် CPG Corporation ၏ လေဆိပ်အဆင့်မြှင့်တင်ရေးဌာနမှ ဒီဇိုင်း ရေးဆွဲကာ မြန်မာနိုင်ငံ၏ ရှေ့ပြေး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Asia World မှ အမေရိကန်ဒေါ်လာ ၁၃.၃သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။[၃] အဆောက်အဦး အသစ်သည် ဆိုက်ရောက်ခရီးသည် ၉၀၀၊ထွက်ခွာခရီးသည် ၉၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်သည်။ လေဆိပ်ကြီးတစ်ခုလုံး၏ ဒီဇိုင်းနှင့် အသေးစိပ်ကို အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) ၏ သတ်မှတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာ ပြည်သူပြည်သားနှင့် ဆိုင်သောလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (ICAO) ၏ လုံခြုံရေးသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် စင်ကာပူဒေါ်လာ သန်း ၃၀ အသုံးပြုထားသည်။ အခြားမှတ်သားစရာအချက်အလက်များမှာ
- ပြွတ်ကြပ်ခြင်းလျော့နည်းစေရန်ဆိုက်ရောက်နှင့်ထွက်ခွာ ကို တစ်ထပ်စီ ထား ထားသည်။
- အလိုအလျှောက်လက်ဆွဲအိတ်ကိုင်တွယ်မှု၊ပေါင်းစပ်ထားသော check-in system
- ဘိုးရင်း၇၄၇လေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့်ခရီးသည်ပို့ဆောင်သောရွေ့လျားတံတား ၄ ခု
- အစိုးရ အရာရှိများ နှင့် စီးပွားရေးသမားများ အတွက် နားနေခန်းများ
- မော်တော်ယာဉ် အစီးရေ ၃၄၀ ဆံ့သော နှစ်ထပ်ကားပါကင်တစ်ခုပါဝင်သည်။
လေဆိပ်အဆောက်အအုံ (၃)
[ပြင်ဆင်ရန်]
လေဆိပ်အဆောက်အအုံ (၂) တည်ဆောက်ပြီးစီးပြီးနောက် ပြည်ပခရီးစဉ်များ အားလုံးကို လေဆိပ်အဆောက်အအုံ (၂) သို့ ပြောင်းရွေ့လိုက်သည်။ လေဆိပ်အဆောက်အအုံ အဟောင်းမှာ ပြည်တွင်းခရီးစဉ်များသာ ကျန်ရှိခဲ့သည်။ ထို့နောက် လေဆိပ်အဆောက်အအုံအဟောင်း နေရာတွင် အဆောက်အအုံထပ်မံတည်ဆောက်ရန်အတွက် ပြည်တွင်းခရီးစဉ်များအားလုံးကို အရေးကြီးပုဂ္ဂိုလ်များ အဆောင်သို့ ရွေ့ပြောင်းလိုက်သည်။ လေဆိပ်အဆောက်အအုံကို ဖျက်၍ အသစ်တည်ဆောက်သော အဆောက်အအုံ (၁) မှာလည်း ပြည်ပ ခရီးစဉ်များအတွက်သာ အသုံးပြုခဲ့သည်။
လေဆိပ်အဆောက်အအုံ (၂) အနီးတွင် လေဆိပ်အဆောက်အအုံ (၃) ကို တည်ဆောက်ကာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ပြည်တွင်းခရီးစဉ်များအားလုံးအတွက် အသုံးပြုခဲ့သည်။[၄] ယခင် ယာယီအသုံးပြုခဲ့သော အရေးကြီးပုဂ္ဂိုလ်များအဆောင်ကို ဖျက်သိမ်းခဲ့ပြီး လေဆိပ်အဆောက်အအုံ (၁) နှင့် (၂) တို့ကို ချိတ်ဆက်ထားသည်။

ပြေးဆွဲသည့် လေကြောင်းလိုင်းများ နှင့် မြို့များ
[ပြင်ဆင်ရန်]မတော်တဆဖြစ်စဉ်များ
[ပြင်ဆင်ရန်]- ၁၉၇၈ခုနှစ် မတ် ၂၅တွင် မင်္ဂလာဒုံလေဆိပ်မှ ထွက်ခွါလာသော Fokker F-27 Friendship 200အမျိုးအစား လေယာဉ် XY-ADKသည် ထွက်ခွာပြီးမကြာမီ လယ်ကွင်းထဲပျက်ကျခဲ့ကာ လေယာဉ်ပေါ်ပါ ခရီးသည် ၄၈ဦးလုံး သေဆုံးခဲ့သည်။[၄၂]
- ၁၉၉၈ခုနှစ် ဇန်နဝါရီ ၂၇တွင် မြန်မာ့လေကြောင်းလိုင်းပိုင် Fokker F27လေယာဉ်သည် ရန်ကုန်မှ ထွက်ခွာနေစဉ် တိမ်းမှောက်ကာ လေယာဉ်ပေါ်ပါ ခရီးသည် ၄၈ဦးအနက် ၁၆ဦး သေဆုံးခဲ့သည်။
- ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၉တွင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှေ့နေ ဦးကိုနီသည် လေဆိပ်ဂိတ်နံပါတ် ၆ အပြင်၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
- ၂၀၁၉ခုနှစ် မေ ၈တွင် Biman ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၆၀သည် ဒါကာမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာရာ အဆင်းတွင် ပြေးလမ်းချော်ခဲ့သည်။ လေယာဉ်မှူး၊လက်ထောက်လေယာဉ်မှူး နှင့် ခရီးသည်များအပါအဝင် ၃၃ဦး အသေးစားထိခိုက်ဒဏ်ရာများရရှိခဲ့သည်။[၄၃]
- ၂၀၁၉ခုနှစ် ဩဂုတ် ၂တွင် မန္တလေးမှ ရန်ကုန်သို့ထွက်ခွာလာသော ရွှေမြန်မာလေကြောင်းလိုင်းပိုင် လေယာဉ် Y5-506 ATR-72-600လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြေးလမ်းသို့ ဆင်းသက်စဉ် ရှေ့ဘီးအဆင်းဂီယာကျိုးမှုဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါ။[၄၄]
- ၂၀၂၆ ဧပြီ ၂၀ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်တစ်စင်း ATR-72 ပြေးလမ်းပေါ်ထွက်ခွာနေချိန် ဘရိတ်စနစ်ချို့ယွင်းမှု ဖြစ်ပွားခဲ့းပြီး ရပ်နားထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) ၏ Airbus A319 လေယာဉ် အမြီးပိုင်းကို ဝင်တိုက်မိခဲ့သည်။[၄၅]
ကုန်စည်ပို့ဆောင်
[ပြင်ဆင်ရန်]| လေကြောင်းလိုင်း | မြို့အမည် |
|---|---|
| အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း | သုဝဏ္ဏဘူမိလေဆိပ် |
လူသွားအများဆုံး နေရာများ
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အချက်အလက်များအရ ရန်ကုန်မြို့မှတစ်ဆင့် အပတ်စဉ် ပျံသန်းမှုအများဆုံးဖြစ်သော နိုင်ငံတကာ ခရီးသည်တင် လေကြောင်းခရီးစဉ်များ[၄၆]
| အဆင့် | နေရာ/လေဆိပ် | အကြိမ်ရေ (အပတ်စဉ်) |
|---|---|---|
| 1 | 82 | |
| 2 | 32 | |
| 3 | 28 | |
| 4 | 18 | |
| 5 | 17 | |
| 6 | 11 | |
| 7 | 11 | |
| 8 | 7 | |
| 9 | 7 | |
| 10 | 5 |
သယ်ယူပို့ဆောင်ရေး
[ပြင်ဆင်ရန်]ရန်ကုန်လေဆိပ်နှင့် မြို့တွင်းသို့ အငှားယာဉ်များဖြင့် သွားလာနိုင်သည်။၂၀၁၈ခုနှစ် ဇွန်လမှစတင်ကာ နံနက်၄နာရီမှ ၁၀နာရီအတွင်း YBS Shuttle Busအမည်ဖြင့် ရန်ကုန်လေဆိပ်မှ လေဆိပ်အဝင်အလမ်း၊ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်လမ်း၊ အလံပြဘုရားလမ်းနှင့် ဆူးလေဘုရားလမ်းအတိုင်း ဆူးလေအထိ ပြေးဆွဲလျက်ရှိသည်။[၄၇]မှတ်တိုင်များသည် လေဆိပ်အဆောက်အအုံ (၁)နှင့် (၃) အနီးတွင် တည်ရှိသည်။

ကိုးကား
[ပြင်ဆင်ရန်]- ↑ တိုးချဲ့တည်ဆောက်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းများ ပြီးဆုံးခြင်းမရှိသေးချိန်တွင် အကြိုဖွင့်ပွဲပြုလုပ်။ Eleven media group (၁၁ မတ် ၂၀၁၆)။ ၁၈ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ တစ်နှစ်လျှင် ခရီးသည် သန်း ၂ဝ ဝန်ဆောင်မှုပေးနိုင်မည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှုစီမံကိန်း အဆင့်သုံးဆင့်အနက် ပထမအဆင့် ပြည်ပခရီးသည် လေဆိပ်အဆောက်အအုံသစ် ဖွင့်လှစ် (၁၃ မတ် ၂၀၁၆)။ ၁၈ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ "Yangon International Airport opens new terminal"၊ 2007-07-25။ 2 November 2009 တွင် ပြန်စစ်ပြီး။ Archived from the original on 17 April 2009။
- ↑ လေဆိပ်။
- ↑ International Flight Schedule။
- ↑ International Flight Schedule။
- ↑ News for Airlines, Airports and the Aviation Industry | CAPA။
- ↑ International Flight Schedule။
- ↑ International Flight Schedule။
- ↑ International Flight Schedule။
- 1 2 International Flight Schedule။
- ↑ MAI to expand Chiang Mai, Vientiane, Dhaka flights in April - Global New Light Of Myanmar (10 March 2024)။
- ↑ International Flight Schedule။
- ↑ International Flight Schedule။
- 1 2 Hãng hàng không tư nhân lớn nhất Myanmar sắp có mặt tại Việt Nam (in Vietnamese) (19 August 2022)။
- ↑ Myanmar Airways Route Map။ 7 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 November 2022 တွင် ပြန်စစ်ပြီး။
- ↑ International Flight Schedule။
- ↑ MAI flies to Nanning in China။ 23 February 2026 တွင် ပြန်စစ်ပြီး။
- ↑ MAI moves Phnom Penh flights to Techo Airport from 9 Sept (6 July 2025)။
- ↑ International Flight Schedule။
- ↑ You must specify title = and url = when using {{cite web}}. (in ko)။
- ↑ MAI to shift Singapore flights to Terminal 2 - Global New Light Of Myanmar (2 July 2025)။
- ↑ International Flight Schedule။
- ↑ Myanmar Airways International to commence Yangon-Gaya service။ Aeroroutes။ 8 July 2023 တွင် ပြန်စစ်ပြီး။
- ↑ Myanmar National Airlines to launch Yangon-Bangkok Don Mueang service from Feb-2025။ 2 June 2023 တွင် ပြန်စစ်ပြီး။
- ↑ International Flight Schedule။
- ↑ International Flight Schedule။
- ↑ International Flight Schedule။
- ↑ MNA plans to expand its flight to Singapore from Apr 23။
- ↑ International Flight Schedule။ February 16, 2025 တွင် ပြန်စစ်ပြီး။
- ↑ International Flight Schedule။ February 16, 2025 တွင် ပြန်စစ်ပြီး။
- ↑ Cambodia Airways to fly Phnom Penh-Yangon route။
- ↑ တမ်းပလိတ်:OAGWorldAug2025Ref
- ↑ International Flight Schedule။ February 16, 2025 တွင် ပြန်စစ်ပြီး။
- ↑ International Flight Schedule။ February 16, 2025 တွင် ပြန်စစ်ပြီး။
- ↑ International Flight Schedule။ February 22, 2026 တွင် ပြန်စစ်ပြီး။
- ↑ International Flight Schedule။ February 22, 2026 တွင် ပြန်စစ်ပြီး။
- ↑ International Flight Schedule။ February 16, 2025 တွင် ပြန်စစ်ပြီး။
- 1 2 တမ်းပလိတ်:OAGWorldAug2025Ref
- ↑ Airline Information။ February 23, 2026 တွင် ပြန်စစ်ပြီး။
- ↑ West-air-to-commence-chongqing-yangon-service-in-dec-2025။ February 23, 2026 တွင် ပြန်စစ်ပြီး။
- ↑ "Accident description". Aviation Safety Network. Retrieved 13 March 2016.
- ↑ "Biman Airlines Plane Skids Off Runway in Yangon, Myanmar". The New York Times. 8 May 2019. Retrieved 8 May 2019.
- ↑ "Yangon airport runway closed temporarily after a plane nose wheel breaks". Mizzima News. 9 August 2019. Retrieved 11 August 2019.
- ↑ ရန်ကုန်လေဆိပ်မှာ MNA ATR-72 ဘရိတ်ချို့ယွင်းပြီး MAI Airbus A319 ကို ဝင်တိုက်မှုဖြစ် - New Day Myanmar (in en-US) (2026-04-20)။ 2026-04-20 တွင် ပြန်စစ်ပြီး။
- ↑ https://yangonairport.aero/index.php/en/flight-information/international-flight-schedule
- ↑ YBS-Airport Shuttle Bus အမည်ဖြင့် လေဆိပ်-ဆူးလေ ယာဉ်လိုင်းအသစ်ပြေးဆွဲ။