ပသီ (အနောက်)
ပုံပန်းသွင်ပြင်
| ပသီ (အနောက်) | |
|---|---|
| ပသီ (အနောက်) တည်နေရာ၊ မြန်မာ။ | |
| ကိုဩဒိနိတ်: 16°40′40″N 95°52′27″E / 16.67784°N 95.87414°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | |
| ခရိုင် | ရန်ကုန်တောင်ပိုင်းခရိုင် |
| မြို့နယ် | တွံတေးမြို့နယ် |
| ကျေးရွာအုပ်စု | တွံတေးမြို့နယ် Wa[၁] |
ပသီအနောက်ကျေးရွာသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးဝအုပ်စု အရှေ့ဘက်တွင် တည်ရှိသည်။ ကရင်လူမျိုး အများဆုံးနေထိုင်ပြီး အခြားသောတိုင်းရင်းသားများလည်းရှိသည်။ ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာ ကိုးကွယ်ယုံကြည်ကြသည်။ စီးပွားရေးမှာ လက်လုပ်လက်စားများပြီး ငါးလုပ်ငန်း၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းလုပ်ကိုင်ကြသည်။
ပသီအနောက်ကျေးရွာအရှေ့ဘက်တွင် ပသီအရှေ့ရွာရှိပြီး ရွာနှစ်ရွာကြားတွင် ပသီချောင်းဖြစ်သည်။ ပသီချောင်းသည် ပသီအနောက်ကျေးရွာအတွက်အဓိက အသက်သွေးကြောဖြစ်သည်။ ပသီချောင်းမှ ရေကို သွယ်ယူကာ သုံးကြပြီး ငါးမွေးမြူရေးလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်း အတွက်အသုံးပြုကြသည်။ ပသီချောင်းသည် တွံတေးတူးမြောင်းမှ စတင်စီးဆင်းလာရာ ချောင်းမကြီးရွာအရောက်တွင် ချောင်းမကြီးချောင်းနှင့် ပေါက်လေးပင်ချောင်းအဖြစ်ခွဲထွက်သွားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ GAD, Feb 2011.
| ဤ ရန်ကုန်တိုင်းဒေသကြီး ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |